Spring Day || KV [Completed]

By __Yolanda__

124K 11.1K 1.1K

Inspire to "Midnight Sun" movie My dreams come true at midnight. Song recommend - Spring Day ©Yolanda More

< 1 >
< 2 >
< 3 >
< 4 >
< 5 >
< 7 >
< 8 >
< 9 >
< 10 >
< 11 >
< 12 >
< 13 - Final >
announcement

< 6 >

6.4K 738 99
By __Yolanda__

( Zawgyi )

" Wow ~ ၾကည္​့ပါဦး ! ၾကည္​့႐ႈသူႏႈန္​း​ေတြ​ေတာ္​​ေတာ္​တက္​လာပါလား Tae Tae ! "

မ​ေန႕က ကစားကြင္​းတြင္​ ခ်စ္​ရသူ​ေၾကာင္​့ လူအမ်ား​ေ႐ွ႕တြင္​​ေၾကာက္​စိတ္​ကိုခ်ိဳးႏွိမ္​ကာ သီဆိုခဲ့ရ​ေသာ ကိုယ္​ပိုင္​သီခ်င္​း​ေလးကို ဘယ္​သူကဘယ္​လို You Tube ​ေပၚတင္​လိုက္​သလဲမသိ​ေပမယ္​့ ​Jimin က​ေတာ့​ေတာ္​​ေတာ္​သ​ေဘာက်​ေန​ေလသည္​။ ၾကည္​့႐ႈသူႏႈန္​း​ေတြလည္​း​ေတာ္​​ေတာ္​တက္​လာသည္​​ေျပာသည္​။ ​ေသခ်ာတာတစ္​ခုက​ေတာ့ feedback ​ေတြက​ေတာ္​​ေတာ္​​ေကာင္​းသည္​လို႕​ေျပာသည္​။ မိမိကိုယ္​ပိုင္​သီခ်င္​း​ေလးျဖစ္​တာ​ေၾကာင္​့ အကုန္​လံုးကအခုမွၾကားဖူး​ေပမယ္​့ စာသား​ေတြက​ေတာ္​​ေတာ္​​ေကာင္​းသည္​ဟု​ေျပာၾက​ေတာ့အတိုင္​းမသိဝမ္​းသာမိသည္​။

Tee.....Tee.....Tee.....Tee......

" ​ေယာင္​းငယ္​ ! ၾကည္​့ၿပီးသြားၿပီလား !! အရမ္​း​ေကာင္​းတယ္​ ​ေယာင္​းငယ္​ ~ ကိုယ္​ သီခ်င္​းကို​ေရာ​ေယာင္​းငယ္​ကို​ေရာအရမ္​းႀကိဳက္​တယ္​ "

ဖုန္​းလာလို႕​အ​ေျပး​ေလးသြားကိုင္​လိုက္​​ေတာ့ထင္​တဲ့အတိုင္​းခ်စ္​ရသူဆီကျဖစ္​​ေနတာ​ေၾကာင္​့ လက္​​ေႏွးမ​ေနပဲ ျမန္​ျမန္​စကား​ေျပာရန္​ျပင္​​ေပမယ္​့ အ​ေပ်ာ္​လံုးဆို႕​ေန​ေသာဒင္​းက စကား​ေျပာခ်ိန္​မရ​ေအာင္​ပင္​ Rapping ​ေတြဆက္​တိုက္​ရြတ္​သြားတာ​ေၾကာင္​့မိမိမွာရယ္​ၿပီးရပ္​နား​ေထာင္​​ေနရံုသာတက္​ႏိုင္​သည္​။

" ကိုကိုလည္​း အျပင္​မွာၾကည္​့ၿပီးသားပဲ "

" မတူဘူး​ေယာင္​းငယ္​ ! အခု​ေယာင္​းငယ္​က တကယ္​့ အဆို႐ွင္​တစ္​​ေယာက္​လိုပဲ ! ကို​ေတာ့​ေယာင္​းငယ္​ကိုစင္​​ေပၚမွာျမင္​ႏိုင္​ရမည္​့​ေန႕မ​ေစာင္​့ႏိုင္​​ေတာ့ဘူးကြာ ~ "

"......"

Taehyung မ်က္​ႏွာက​ေလးညႇိဳးသြားသည္​။ ဖုန္​း​ေျပာ​ေနၾကတာမို႕ ဒီပံုစံကို Jungkook က​ေတာ့မျမင္​မိလိုက္​​ေခ်။ သို႕​ေပမယ္​့လည္​းဖုန္​းစစ​ေျပာကတည္​းကခိုးနား​ေထာင္​​ေနသည္​့ Jimin မွာ​ေတာ့အစအဆံုးအတိုင္​းသားၾကား​ေနရသည္​့အတြက္​ Jimin လည္​းရိပ္​မိသည္​။
Taehyung ကစင္​​ေပၚမွာသီခ်င္​းဆိုလို႕မွမရပဲ။

" ဟယ္​လို ! ​ေယာင္​းငယ္​ ~ ဘာျဖစ္​သြားတာလဲ ဟင္​ ! "

" အာ.....ဘာမွမျဖစ္​ပါဘူးကိုကိုရယ္​ ! ႐ုတ္​တရက္​ဆို​ေတာ့ ​ေပ်ာ္​သြားလို႕ပါ "

ကိုကိုမျမင္​ႏိုင္​​ေပမယ္​့ ​Tae မ်က္​ရည္​​ေတြက်​ေနတယ္​ကိုကို။ Tae အသံ​ေတြတုန္​​ေန​ေပမယ္​့ ကိုကို မၾကားန္ိုင္​​ေအာင္​ Tae ထိန္​း​ေျပာ​ေနရတယ္​ကိုကို။ ၿပီး​ေတာ့လည္​း Tae ငိုခ်မိမွာစိုးလို႕​ေဘးနားက Jimin Tae ကိုႏွစ္​သိမ္​့​ေပး​ေနတာကိုလည္​း ကိုကို မျမင္​ဘူး ကိုကို။

ကိုကို သာျမင္​ရင္​ Tae ကိုဘယ္​​ေလာက္​​ေတာင္​ရြံလိုက္​လိမ္​့မလဲ !?

" ဒါဆို...​ေယာင္​းငယ္​ ! ဒီည​ေတြ႕ၾကဦးမလား "

" ဟို​ေလ....Tae ​ဒီ​ေန႕ ​ေနလို႕သိပ္​မ​ေကာင္​းလို႕ကိုကို ! "

Taehyung ကိုယ္​့စိတ္​ကိုကိုယ္​သာသိသည္​။ ဒီလိုအ​ေျခအ​ေနမ်ိဳးမွာ ကိုကို႕ ကိုရင္​မဆိုင္​ရဲ​ေပ။ ထို႕​ေၾကာင္​့ဒီ​ေန႕တစ္​ရက္​​ေလာက္​ပဲျဖစ္​ျဖစ္​အဆက္​အသြယ္​ျဖတ္​ခ်င္​မိသည္​။ အင္​း ~ တစ္​ရက္​ပါပဲ။ ဒါ​ေပမယ္​့ ကိုကို က​ေတာ့႐ုတ္​တရက္​အသံတိတ္​သြားသျဖင္​့ Taehyung စိတ္​ပူမိသြားသည္​။ သူလြန္​မ်ားလြန္​သြားလား။

" အင္​းပါ ​ေယာင္​းငယ္​ ​ေလးမ​ေတြ႕ခ်င္​ဘူးဆိုလည္​း ကိုယ္​ ဒ​ီ​ေန႕ဆိုင္​ကိုမလာ​ေတာ့ဘူး​ေနာ္​ ​ေယာင္​းငယ္​ .... အခု ကိုယ္​ သြားစရာ​ေနရာတစ္​ခု႐ွိလို႕ ဖုန္​းခ်လိုက္​​ေတာ့မယ္​​ေနာ္​ "

"......"

ကိုကိုအသံ​ေတြသိပ္​မ​ေကာင္​း​ေပ။
ကိုကိုမ်ားစိတ္​ဆိုးသြားၿပီလား။
ကိုကို သူ႕ကိုမ်ားစိတ္​ကုန္​သြားရင္​...........

ဘာမဟုတ္​တာ​ေလး​ေၾကာင္​့ကိုကိုႏွင္​့သူတို႕ရဲ႕ဆက္​ဆံ​ေရးကိုမပ်က္​​ေစခ်င္​မ္ိ​ေပ။

အနည္​းဆံုး​ေတာ့ ​ေမွာင္​မိႈက္​​ေနတဲ့  သဲရဲတိုက္​ထဲ အထီးက်န္​ေနတဲ႔သူ႕ကို ​​ေသဆံုးမယ္​ဆိုတာကိုသိလ်ွက္​နဲ႕ ဝင္​လာၿပီးအလင္​း​ေပးတဲ့မီး​ေတာက္​ငယ္​​ေလးက သူ႕ကိုကိုျဖစ္​​ေနသည္​မဟုတ္​ပါလား။

Taehyung ခ်သြား​ေသာ ဖုန္​း​ေလးကိုၾကည္​့ကာမ်က္​ရည္​မ်ားဝဲလာသည္​။ အကယ္​၍မ်ားစိတ္​မဆိုးပဲနဲ႕သြားစရာတစ္​ခု႐ွိသည္​ပဲထား တစ္​​ေန႕​ေန႕တစ္​ခ်ိန္​ခ်ိန္​မွာ​ေတာ့ ထိုလို အျဖစ္​ဆိုးႀကီးကဝင္​​ေရာက္​မလာႏိုင္​ဘုူးလို႕​ေျပာလို႕ရ႐ိုးလား။ ကံၾကမၼာကိုႀကိဳသိ​ေနတဲ့ Taehyung ကသက္​ျပင္​းတစ္​႐ိႈက္​႐ိႈက္​ခ်မိ​ေန​ေပမယ္​့ အခ်စ္​ႏြံကြၽံၿပီးအမွားအမွန္​ဆံုးမျဖတ္​ႏိုင္​တဲ့ Jungkook က​ေရာအျဖစ္​မွန္​ကိုမ်ားသိသြားခဲ့ရင္​ Taehyung အ​ေပၚဘယ္လိုတံု႔ျပန္​သြားမိမလဲဆိုတာကို​ေရာ Jungkook ထည္​့တြက္​မိမွာတဲ့လား။

" စိတ္​မညစ္​ပါနဲ႕ Tae Tae ရယ္​ ~ အခု ငါမင္​း​ေဘးမွာ႐ွိ​ေနတာပဲ ! တစ္​ခုခုကစားၾကရ​ေအာင္​​ေလ မင္​းပ်င္​း​ေနရင္​ "

" အာ....ကစားရ​ေအာင္​ငါက​ေလးမွမဟုတ္​​ေတာ့တာ ! "

" ...... "

က​ေလးမက်လူႀကီးမက်သည္​့သူငယ္​ခ်င္​းျဖစ္​သူထံမွထြက္​လာသည္​့စကား​ေၾကာင္​့ Jimin အသံတိတ္​​ေလးရယ္​မိလိုက္​ပါသည္​။ တကယ္​လည္​း က​ေလးလိုမ်ိဳးဂ်စ္​တိုက္​မႈ​ေလးက႐ွိ​ေန​ေသးတုန္​းပင္​။ မရင္​့က်က္​​ေသး​ေပမယ္​့အမွားအမွန္​ကို​ေဝဖန္​ႏိုင္​စြမ္​း႐ွိ​ေနၿပီျဖစ္​သည္​့ Taehyung သည္​ ​ေနာင္​တစ္​ခ်ိန္​တြင္​ ထိုလိုသူငယ္​ခ်င္​း​ေကာင္​းမ်ိဳးကသူ႕​ေဘးမွာ ထာဝရ႐ွိႏိုင္​သြားမည္​လား။ Jimin လည္​းထိုအ​ေၾကာင္​းကိုမစဥ္​းစားခ်င္​​ေပ။ လက္​႐ွိပစၥဳပၸန္​အခ်ိန္​မွာပဲ​ေပ်ာ္​​ေအာင္​​ေနခ်င္​သည္​။ သူငယ္​ခ်င္​းျဖစ္​သူအားမ်က္​ႏွာတစ္​ခ်က္​မညႇိဳး​ေစရ​ေအာင္​​ေပ်ာ္​​ေအာင္​ထားခ်င္​သည္​။

အနာဂတ္​တြင္​​ေပါက္​ဖြားလာမည္​့ကိစၥရပ္​မ်ားသည္​ ဘယ္​လိုဘယ္​ပံု႐ွိသည္​ဆိုတာကိုယခုထက္​ထိသူတို႕ပံု​ေဖာ္​၍မရႏိုင္​​ေသးတာပါ​ေလ ~~

**********

​ေဆာင္​းတြင္​းပိုင္​းသို႕​ေရာက္​လာ​ေသာအခါ​ေန႕လည္​​ေန႕ခင္​းျဖစ္​သျဖင္​့ ျပတင္​း​ေပါက္​မွ ျဖာက်လာ​ေသာ​ေန​ေရာင္​ျခည္​မ်ားကိုအတတ္​ႏိုင္​ဆံုးမထိရ​ေလ​ေအာင္​ Taehyung ဟိုတစ္​ကြက္​ဒီတစ္​ကြက္​နင္​းကာ​ေ႐ွာင္​​ေနရသည္​။ ၿပီး​ေတာ့လည္​း အခု​ေလးတင္​​ေရခ်ိဳးထားသည္​့ Taehyung သည္​ ​ေန​ေရာင္​ထိမည္​ကိုစိတ္​ပူသျဖင္​့ အဝတ္​အစားထူထူထဲထဲဝတ္​ဆင္​​ေပးထားသည္​့ Jimin စနက္​​ေၾကာင္​့​ေခြၽးဒိီးဒီးက်လို႕​ေနသည္​။

" Jiminie ! ငါခြၽတ္​လိုက္​လို႕မရဘူးလား "

" မရဘူး ! "

အဲ့အ​ေၾကာင္​းႏွင္​့ပက္​သက္​၍​ေယာင္​လို႕​ေတာင္​ Jimin ကိုသြားမဟမိပါ​ေစနဲ႕။ စည္​းကမ္​းႀကီးသည္​့​ၾကက္​​ေပါက္​စကယခုလိုမ်ိဳး​ေအာ္​လႊတ္​လိုက္​သျဖင္​့ Taehyung ကိုယ္​​ေလးတုန္​တက္​သြားရသည္​။
​ေန႕လည္​​ေန႕ခင္​းပိုင္​းအမ်ားစုသည္​ Taehyung အတြက္​​ေတာ့ဘာမွလုပ္​စရာမ႐ွိပဲ အထီးက်န္​​ေနသည္​့အခ်ိန္​မ်ားပင္​ျဖစ္​သျဖင္​့ ယခု လူစံုတက္​စံု Taehyung အိမ္​သို႕​ေရာက္​႐ွိ​ေနၾကသည္​။

" အစ္​ကို joon ! တစ္​ခုခုစားမလား "

" အင္​း......စားခ်င္​တာ​ေပါ့ ! "

" ဘယ္​သူ႕ကိုလဲ ?! "

Jin ႏွင္​့ Namjoon တို႕အခ်င္​းခ်င္​းစကား​ေျပာ​ေနၾကရာမွ ​​ေအာက္​ထပ္​သို႕ဆင္​းလာသည္​့ သားငယ္​​စကား​ေၾကာင္​့ Namjoon ​ေကာ္​ဖီ​ေတာင္​သီးခ်င္​သလိုလို။ အျမင္​မမွားဘူးဆိုရင္​ သားငယ္​ ကသူတို႕ႏွစ္​​ေယာက္​လွည္​့ၾကည္​့လိုက္​မွ အိတ္​ကပ္​ထဲကဖုန္​းကိုထုတ္​ၿပီး စကား​ေျပာခ်င္​ဟန္​​ေဆာင္​​ေနသည္​။

" ဟယ္​လို ! ဟာ....ဘယ္​သူ႕ကိုလဲလို႕​ေမး​ေနတယ္​​ေလ ~ ဘယ္​သူ႕ကို​ေတြ႕ခ်င္​တာလဲ !? ဟယ္​လို.....ဟယ္​လို႕ !! "

"....."

သားငယ္​သည္​ သူတို႕ႏွစ္​​ေယာက္​လွည္​့ၾကည္​့မႈ​ေၾကာင္​့ အဝင္​​ေကာလ္​မရွိသည္​့ဖုန္​းကိုအတင္​း​ေတြစကားစြတ္​ရြတ္​​ေျပာကာ အိ္မ္​အ​ေပၚထပ္​သို႕​ေျပးတက္​သြားျပန္​သည္​။

" အဟမ္​း ! ဟို...အဲ့တာဆို Jin အဆင္​​ေျပတာပဲ တစ္​ခုခုလုပ္​လိုက္​​ေတာ့မယ္​​ေနာ္​ အစ္​ကို joon ! "

" အင္​....အဟမ္​း ! အင္​း...အင္​း..."

နီရဲ​ေနသည္​့ Jin မ်က္​ႏွာ​ေလးသည္​ ခုနက သားငယ္​​ေလး​ေ​ျပာသြား​ေသာစကားမ်ား​ေၾကာင္​့မ်ားလား ~ ဒါမွမဟုတ္​ ​ေန​ေရာင္​ထိုးလို႕ပဲလား ဆိုတာ Namjoon ​ေသ​ေသခ်ာခ်ာခြဲခြဲျခားျခားမသိႏိုင္​​ေခ်။ ​ေသခ်ာတာတစ္​ခုက​ေတာ့ Jin ႐ွက္​​ေနသည္​့အမူအရာသည္​အ​ေတာ္​​ေလးကိုခ်စ္​ဖို႕​ေကာင္​း​ေနသည္​ဆိုတာ​ေတာ့ဝန္​ခံပါသည္​။ Jin မီးဖိုခန္​းထဲဝင္​သြားသည္​့အထိတိုင္​​ေအာင္​ Nmajoon မ်က္​​ေတာင္​မခတ္​ပဲ ငါးခူျပံဳးႀကီးျပံဳးကာ လိုက္​ၾကည္​့​ေနမိသည္​။

" ဂုဏ္​ဆာ​ေနတဲ့အျပံဳးႀကီးနဲ႕ !! "

ဒီတစ္​ခါ​ေတာ့သားငယ္​မဟုတ္​ !
ၾကက္​​ေပါက္​စ​ေလးျဖစ္​သည္​။
​ေရဆင္​း​ေသာက္​ရင္​း​ေျပာသည္​ျဖစ္​တာ​ေၾကာင္​့ တစ္​မ်ိဳးတြက္​ၾကည္​့ျပန္​ရင္​လည္​းကိုယ္​့ကို​ေစာင္​း​ေျပာ​ေနသလိုထင္​ရသည္​။ လွည္​့ၾကည္​့ျပန္​​ေတာ့လည္​း ​ေရခြက္​ကိုကိုင္​ကာအိမ္​အ​ေပၚထပ္​သို႕​ေျပးတက္​သြားျပန္​သည္​။

မင္​းတို႕ႏွစ္​​ေကာင္​​ေပါင္​းကိုငါ့ကို Jinnie နဲ႕​ေပးစားမယ္​ဆိုလည္​းတစ္​ဆံုးပို႕​ေပးလိုက္​မယ္​ဆ္​ုိရင္​​ေက်းဇူးတင္​မိမွာ။ အခုလုိ စကားနဲ႕ပ်က္​တိပ်က္​​ေတာင္​းလာ​ေျပာ​ေနတာၾက​ေတာ့ ငါ့မွာ ႏြားမႀကီးဖင္​ကိုမီး႐ႈးမီးပန္​းႏွင္​့ဆို႕ထားသလို ဆန္​႕ငင္​ဆန္​႕ငင္​နဲ႕ဖုတ္​လိုက္​ဖုတ္​လိုက္​ကိုျဖစ္​လို႕။

" ငါ​ေျပာပါတယ္​မ႐ိုးပါဘူးဆို ! "

" ..... "


​ေရခြက္​ကိုင္​ရင္​းအခန္​းထဲသို႕ဝင္​လာသည္​့ Jimin သည္​ အိပ္​ယာ​ေပၚတြင္​ဖုန္​း​ေဆာ့​ေနသည္​့ Taehyung ကို မာန္​တက္​​ေနသည္​့​ေလသံျဖင္​့လွမ္​း​ေျပာ​ေတာ့ Taehyung လည္​း​ေထာက္​ခံသည္​ဟုဆိုကာ ​ေခါင္​းၿငိမ္​့ျပသည္​။

" ​ေသခ်ာ​ေပါက္​ငါတစ္​ခုခုလုပ္​မွရမယ္​ ! ႏို႕မို႕သာဆိုရင္​ မင္​းနဲ႕ငါနဲ႕မိသားစုဝင္​ျဖစ္​ႏိုင္​​ေခ်႐ွိလာမွမဟုတ္​ဘူး Tae Tae ! "

" မပူပါနဲ႕ ! အဲ့တာငါ့တာဝန္​ထားလိုက္​ "

" အင္​း ~ ငါ့ဦးေလးကိုစိတ္​ခ်လိုက္​မယ္​​ေနာ္​ Tae Tae "

" Yes Sir ! "

အသံတိတ္​သြားသည္​့အခ်ိန္​မွာ​ေတာ့ ဦး​ေလးျဖစ္​သူႏွင္​့အ​ေဖျဖစ္​သူတို႕ မိမိတို႕ႏွစ္​​ေယာက္​၏အ​ေမႊဇယား​ေတြကိုခံရ​ေတာ့မည္​ျဖစ္​သျဖင္​့ အ​ေပ်ာ္​လံုးဆို႕ကာ ရယ္​မိၾကသည္​။

လွတယ္​ Tae Tae။
မင္​းမ်က္​ဝန္​း​ေတြ မင္​းအျပံဳး​ေတြ သိပ္​ကိုလွလြန္​းတယ္​။ ​ေန​ေရာင္​မက်တဲ့အခန္​းမွာ​ေတာင္​ ​ေတာက္​ပ​ေနႏိုင္​တာ ​ေန​ေရာင္​ထဲမွာသာဆိုရင္​ မင္​းဟာအ​ေတာက္​ပဆံုးျဖစ္​​ေနမယ္​ဆိုတာငါယံုၾကည္​မိ​ေနတယ္​ Tae Tae !

အင္​း....မင္​း​ေန​ေရာင္​ထဲမွာျပံဳးရယ္​​ေနတဲ့အခိုက္​အတန္​႕​ေလးကို ငါအိပ္​မက္​​ထဲမွာပဲထည္​့မက္​ပါရ​ေစ သူငယ္​ခ်င္​း ~~

**********

" မုန္​႕လုပ္​တယ္​ Jiminie ! ​ေဘးအိမ္​ကဆရာမ ကိုသြား​ေဝလိုက္​ပါဦး "

ဆရာမဆိုတာ​ေၾကာင္​့ Tae ကအျပင္​ထြက္​ခ်င္​​ေသာ္​လည္​း အျပင္​ကအ​ေျခအ​ေနမွာ ​ေန​ေတာင္​မ​ေစာင္​း​ေသးပင္​။ ထို႕​ေၾကာင္​့ Jimin ငည္​ဟိုက္​ဘက္​အိမ္​သြားရမည္​မဟုတ္​ပါလား။ ဦး​ေလး ကို​ေၾကာက္​သည္​့ Jimin သည္​ဘာတစ္​ခြန္​းမွျပန္​မ​ေျပာပဲအလိုက္​သင္​့​ေပ ​ေခါင္​းၿငိမ္​့​ေပးလိုက္​သည္​။ သို႕​ေသာ္​ သူ႕စိတ္​ထဲတြင္​လံုးလံုးလ်ားလ်ားႀကီးကိုမသြားခ်င္​တာ​ေတာ့သူကိုယ္​တိုင္​သာသိမည္​ထင္​သည္​။

အဘယ္​့​ေၾကာင္​့ဆို​ေသာ္​ ငယ္​ရြယ္​စဥ္​ကတည္​းက အတူတူခင္​လာခဲ့သည္​့မိန္​းက​ေလးသူငယ္​ခ်င္​းဆိုလို႕ ထိုဆရာမ ႏွင္​့သမီးလည္​းျဖစ္​သည္​့အျပင္​အတူတူစာသင္​ခဲ့သည္​့ သူငယ္​ခ်င္​း​ျဖစ္​သည္​့ Lee Yura တစ္​​ေယာက္​ထဲသာ႐ွိ​ေပမယ္​့ အခု​ေတာ့ သူမ သည္​ Jimin ႏွင္​့ Taehyung တို႕ကိုမတူသလိုဆက္​ဆံ​ေနသည္​့အ​ေျခအ​ေနမဟုတ္​ပါလား။ Jimin က uni တက္​ခဲ့ရလို႕ မိန္​းက​ေလး​ေတာ္​​ေတာ္​မ်ားမ်ားရဲ႕အ​ေၾကာင္​းကိုသိ​ေပမယ္​့ အိမ္​တြန္​းပုန္​း​ေလးအ​ေဝးသင္​ Taehyung က​ေတာ့ သူ႕ဘဝတြင္​ Yura တစ္​​ေယာက္​သာမိန္​းက​ေလးသူငယ္​ခ်င္​းျဖစ္​ဖူးတာ​ေၾကာင္​့ Lee Yura ကိုသာအစ္​မအရင္​းတစ္​​ေယာက္​လို​ေတာ္​​ေတာ္​ခ်စ္​႐ွာသည္​။

" ​ေန ! Omma ! သမီးသြားၾကည္​့လိုက္​မယ္​ "

အိမ္​တံခါး​ေခါက္​သံၾကားတာ​ေၾကာင္​့ Yura အိမ္​​ေနာက္​က​ေနထြက္​လာရင္​းနဲ႕မွ ညစာခ်က္​​ေနသည္​့သူမ ၏အ​ေမ အခက္​အခဲမျဖစ္​​ေစရန္​ အိမ္​တံခါးသြားဖြင္​့​ေပးမိသည္​။

" Park Jimin !? "

" အင္​း.....မုန္​႕လာပို႕တာ ~ "

"...."

Jimin က​ေတာ့ မိန္​းက​ေလး​ေတြအ​ေၾကာင္​းသိတဲ့အတြက္ ​Yura ကိုသိပ္​ၿပီးအဖက္​လုပ္​ကာစကားမ​ေျပာခ်င္​​ေပ။ Yura ကလည္​းထိုနည္​းတူပင္​။ Jimin ကိုအိမ္​​ေပၚ​ေတာင္​အတက္​မခံ။
ထိုအျဖစ္​အပ်က္​ကို ​ေဘးခ်င္​းကပ္​​ေနသည္​့ ျပတင္​း​ေပါက္​​ေလးမွ Taehyung က ​ေဆြး​ေနသည္​့မ်က္​လံုးမ်ားႏွင္​့​ေငးၾကည္​့​ေနသည္​။

" ​ေက်းဇူးပဲ ! "

" ဟိုမွာ Taehyung ၾကည္​့​ေနတယ္​ ! နင္​့မ်က္​ႏွာကိုျပင္​လိုက္​ ! သူကနင္​့ကိုအရမ္​းခင္​တယ္​ဆိုတာနင္​အသိပဲ ! နင္​ဘာ​ေၾကာင္​့အခုလိုငါတို႕ႏွစ္​​ေယာက္​ကို ခပ္​ကင္​းကင္​းဆက္​ဆံ​ေနသလဲဆိုတာမသိ​ေပမယ္​့ ​ေသခ်ာတာတစ္​ခု နင္​့ရဲ႕အ​ေျပာအဆိုအမူအရာ​ေတြဟာ ​ေမာင္​ႏွမသားခ်ငး္​မ႐ွိတဲ့ Tae Tae အ​ေပၚလံုးလံုးလ်ားလ်ားႀကီးကိုထိခိုက္​​ေစမိ​ေနတယ္​ဆိုတာပဲ ! "

Jimin ​ေပါက္​ကြဲမိသည္​။ ဒါ​ေပမယ္​့ သူျပံဳးၿပီး​ေျပာ​ေနရသည္​။ ဘာ​ေၾကာင္​့လဲဆို​ေတာ့ Tae ​ေလးက အိမ္​ျပတင္​း​ေပါက္​မွ အ​ေျခအ​ေနကိုလွမ္​းၾကည္​့​ေနသည္​မဟုတ္​ပါလား။ Yura မ်က္​ႏွာတစ္​ခ်က္​ပ်က္​သြားသည္​။
သူမ အခုလိုခပ္​ကင္​းကင္​းဆက္​ဆံတာလြန္​မ်ားလြန္​သြားၿပီလား !? အထီးက်န္​​ေနတဲ့ Taehyung အ​ေပၚကိုအ​ေတာ္​​ေလးထိခိုက္​​ေစသြားမိၿပီလား !? သူမ ​တစ္​ခ်က္​​ေလာက္​​ေတာ့​ေတြ​ေဝသြားသည္​။

သို႕​ေသာ္​ သူမ ဆံုးျဖတ္​ခ်က္​ကိုဘယ္​​ေတာ့မွျပန္​မျပင္​ !!

" အင္​းဟင္​း ~ နင္​​ေျပာလို႕ၿပီးၿပီမလား ~ ထြက္​သြားလိုက္​​ေတာ့ ! "

"....."

အကင္​းပါးသည္​့ Yura လည္​း ျပံဳးရယ္​ကာျပန္​​ေျပာသည္​။ အနားတြင္​တစ္​​ေယာက္​​ေယာက္​႐ွိမည္​ဆိုပါက​ေျပာဆိုပံုႏွင္​့အမူအရာမ်ားသည္​လံုးဂကိုကြဲလြဲ​ေနသည္​ကိုသတိထားမိ​ေပမည္​။ ခပ္​​ေခ်​ေခ်စကားကို ျပံဳးကာျပန္​​ေျပာ​ေတာ့ Jimin ကြက္​ခနဲမ်က္​ႏွာပ်က္​သြား​ေပမယ္​့ တစ္​ခ်က္​​ေလာက္​အားရပါးရရယ္​လိုက္​သည္​။ ထို႕​ေနာက္​ Yura ကတံခါးပိတ္​သြားသျဖင္​့ Jimin လည္​းထိုအိမ္​တံခါး​ေ႐ွ႕တြက္​ၾကာၾကာဆက္​မ​ေန​ေတာ့ပဲ ျပန္​လာခဲ့လိုက္​သည္​။

" ဘယ္​သူလဲသမီး ! "

" ​ေျသာ္​...Jimin ပါ​ေမ​ေမ ! မုန္​႕လုပ္​လို႕လာပို႕တာ ! "

Yura အိမ္​အ​ေပၚထပ္​သို႕ျမန္​ျမန္​​ေျပးတက္​သြားရင္​​ေျဖမိသည္​။ သူမ အ​ေမသည္​သူမကိုတစ္​မ်ိဳးတစ္​ဖံုၾကည္​့​ေန​ေသာ္​လည္​းသူမ ဂ႐ုမစိုက္​ႏိုင္​ပါ။ သူမ အခုသိသည္​က သူမ လုပ္​ရပ္​​ေတြသည္​ Taehyung အ​ေပၚထိမ်ားထိခိုက္​သြားၿပီလားဟူ၍ပင္​။

ခပ္​ရင္​့ရင္​့စကား​ေတြ။
​ေအးစက္​သြားတဲ့သူငယ္​ခ်င္​းဆက္​ဆံ​ေရး။
Taehyung ဘက္​ကအရင္​လိုျပန္​အဆင္​​ေျပခ်င္​​ေပမယ္​့ ခြင္​့မျပဳတာက သူမ ရဲ႕ဆံုးျဖတ္​ခ်က္​ !

ဟင္​့အင္​း ...

အခုအခ်ိန္​အထိ နင္​နဲ႕ငါက သူစိမ္​း​ေတြပဲ Taehyung !

**********

" Jiminie ! အဆင္​​ေျပရဲ႕လား ~ "

ဆက္​ဆံ​ေရးကိုရိပ္​မိသည္​့ Taehyung သည္​ Jimin အိမ္​ထဲဝင္​ဝင္​လာခ်င္​းစီးႀကိဳ၍​ေမးသည္​။
Jimin ကလည္​း စိတ္​ညစ္​​ေနသူကိုဘာမွအပူမ​ေပးခ်င္​တာ​ေၾကာင္​့ ျပံဳးရယ္​လ်က္​ပင္​ျပန္​​ေျပာသည္​။

" အဆင္​​ေျပပါတယ္​ Tae Tae ရဲ႕ ! ဘာျဖစ္​လို႕လဲ !? "

" ဟင္​း ~~ Yura က ငါ့ကိုမ​ေခၚခ်င္​ဘူးနဲ႕တူပါတယ္​ ! "

"....."

ယခု Jimin လုပ္​လိုက္​သည္​ကတစ္​ဖက္​​ေစာင္​းနင္​းမ်ားျဖစ္​သြားသလားမသိ။ Yura က Taehyung ကိုဆိုအဖက္​မလုပ္​​ေပမယ္​့ Jimin ကိုက်​ေတာ့ျပံဳးရယ္​လ်က္​စကား​ေျပာ​ေနတာကို ျပတင္​း​ေပါက္​မွတစ္​ဆင္​့ Taehyung ၾကည္​့​ေနရသည္​​ေလ။

" အာ....ဟို....Yura က မင္​းကိုမမွတ္​မိ​ေသးလို႕​ေနမွာပါ ~ "

"...."

မျဖစ္​ႏိုင္​မွန္​း Jimin သိတာ​ေပါ့ !
​ေက်ာင္​းၿပီးတာမ်ားဘယ္​​ေလာက္​ၾကာ​ေသးလို႕လဲ !? သို႕​ေပမယ္​့ Taehyung က​ ပညာတက္​တစ္​​ေယာက္​ပဲ ! သူလည္​းမျဖစ္​ႏိုင္​ဘူးဆိုတာသိ​ေပမယ္​့ ဘာမွျပန္​မ​ေျပာခ်င္​လို႕နဲ႕တူတယ္​ ​ေခါင္​း​ေလးသာၿငိမ္​့ျပလိုက္​တယ္​။

" ငါတို႕႐ုပ္​႐ွင္​တစ္​ကားကားၾကည္​့ရ​ေအာင္​ Tae Tae ! ညဘက္​က်မွ ျခံထဲမွာႏွင္​း​ေတြနဲ႕ဆင္​း​ေဆာ့ၾကတာ​ေပါ့ ! "

" အင္​း..... "

Jimin ဆြဲ​ေခါသြားရာ​ေနာက္​ကို Taehyung ​ေျခပစ္​လက္​ပစ္​ပင္​လိုက္​သြားသည္​။

" Taehyungie ​ေလးဒီ​ေန႕ညအျပင္​မသြားဘူးလားမသိဘူး​ေနာ္​ "

" အင္​း...ထူးဆန္​းလိုက္​တာ ! "

" အစ္​ကို joon ဘာမ်ား​ေျပာထား​ေသးလဲ က​ေလး ကို ! "

သားကိုဘာ​ေတြမ်ားထပ္​ႏွိပ္​စက္​ထား​ေသးလျ အ​ေဖ ႀကီး ဟူ​ေသာ အိမ္​​ေထာင္​ရွင္​မ တစ္​​ေယာက္​၏အၾကည္​့မ်ိဳးျဖင္​့ Jin ကၾကည္​့လာတာ​ေၾကာင္​့ Namjoon ​ေၾကာက္​​ေၾကာက္​လန္​႕လန္​႕ျဖင္​့​ေခါင္​းကိုတစ္​သြင္​သြင္​ခါမိသည္​။ Jin ဆိုတာ သူ႕ဘဝတြင္​ သူ႕တူ​ေလး Jimin နဲ႕ သူငယ္​​ခ်င္​း​ေလး Taehyung ၿပီးမွ Namjoon လာသည္​မဟုတ္​ပါလား။ က​ေလးႏွစ္​​ေယာက္​ထိဓားၾကည္​့ဟူ​ေသာ warning ​ေတြပါဝင္​​ေနသည္​့အၾကည္​့မ်ိဳးျဖင္​့ Namjoon အၾကည္​့ခံ​ေနရတာ​ေၾကာင္​့ တံ​ေတြးၿမိဳခ်မိသည္​။

" အဟင္​း...ဒါဆိုလည္​း ပန္​းကန္​​ေတြသြား​ေဆးလိုက္​ဦးမယ္​ ! "

တခါခါႏွင္​့ထြက္​သြား​ေသာ jin ကို Namjoon မ်က္​စိတစ္​ဆံုးလိုက္​ၾကည္​့​ေနမိသည္​။ ယခုျဖစ္​​ေနသည္​မွာ အိမ္​ႀကီးတြင္​ က​ေလးႏွစ္​​ေယာက္​ကအိမ္​အ​ေပၚထပ္​တြင္​ကစား​ေနၿပီး အ​ေဖႀကီးကအိမ္​​ေအာက္​ထပ္​တြင္​သတင္​းစာထိုင္​ဖတ္​​ေနကာ အ​ေမႀကီးက မီးဖို​ေခ်ာင္​ဝင္​​ေနသည္​့ သ​ေဘာမ်ိဳးျဖစ္​​ေနတာ​ေၾကာင္​့ Namjoon ​ေပ်ာ္​စရာ​ေကာင္​းသည္​့အနာဂတ္​ကိုပံု​ေဖာ္​ၾကည္​့ကာ ဖတ္​​ေနသည္​့သတင္​းစာႀကီးႏွင္​့ကြယ္​ရင္​းလက္​သည္​းကိုက္​​ေနမိသည္​။

သို႕​ေသာ္​ သူ​ေတြး​ေနသည္​့အနာဂတ္​တြင္​ သားႏွစ္​​ေယာက္​ထဲမွတစ္​​ေယာက္​က႐ွိ​ေနႏိုင္​ပါ​ေတာ့မလား ~~

* * * * * * * * * *
S p r i n g D a y

* * * * * * * * * *



( Unicode )

" Wow ~ ကြည့်ပါဦး ! ကြည့်ရှုသူနှုန်းတွေတော်တော်တက်လာပါလား Tae Tae ! "

မနေ့က ကစားကွင်းတွင် ချစ်ရသူကြောင့် လူအများရှေ့တွင်ကြောက်စိတ်ကိုချိုးနှိမ်ကာ သီဆိုခဲ့ရသော ကိုယ်ပိုင်သီချင်းလေးကို ဘယ်သူကဘယ်လို You Tube ပေါ်တင်လိုက်သလဲမသိပေမယ့် Jimin ကတော့တော်တော်သဘောကျနေလေသည်။ ကြည့်ရှုသူနှုန်းတွေလည်းတော်တော်တက်လာသည်ပြောသည်။ သေချာတာတစ်ခုကတော့ feedback တွေကတော်တော်ကောင်းသည်လို့ပြောသည်။ မိမိကိုယ်ပိုင်သီချင်းလေးဖြစ်တာကြောင့် အကုန်လုံးကအခုမှကြားဖူးပေမယ့် စာသားတွေကတော်တော်ကောင်းသည်ဟုပြောကြတော့အတိုင်းမသိဝမ်းသာမိသည်။

Tee.....Tee.....Tee.....Tee......

" ယောင်းငယ် ! ကြည့်ပြီးသွားပြီလား !! အရမ်းကောင်းတယ် ယောင်းငယ် ~ ကိုယ် သီချင်းကိုရောယောင်းငယ်ကိုရောအရမ်းကြိုက်တယ် "

ဖုန်းလာလို့အပြေးလေးသွားကိုင်လိုက်တော့ထင်တဲ့အတိုင်းချစ်ရသူဆီကဖြစ်နေတာကြောင့် လက်နှေးမနေပဲ မြန်မြန်စကားပြောရန်ပြင်ပေမယ့် အပျော်လုံးဆို့နေသောဒင်းက စကားပြောချိန်မရအောင်ပင် Rapping တွေဆက်တိုက်ရွတ်သွားတာကြောင့်မိမိမှာရယ်ပြီးရပ်နားထောင်နေရုံသာတက်နိုင်သည်။

" ကိုကိုလည်း အပြင်မှာကြည့်ပြီးသားပဲ "

" မတူဘူးယောင်းငယ် ! အခုယောင်းငယ်က တကယ့် အဆိုရှင်တစ်ယောက်လိုပဲ ! ကိုတော့ယောင်းငယ်ကိုစင်ပေါ်မှာမြင်နိုင်ရမည့်နေ့မစောင့်နိုင်တော့ဘူးကွာ ~ "

"......"

Taehyung မျက်နှာကလေးညှိုးသွားသည်။ ဖုန်းပြောနေကြတာမို့ ဒီပုံစံကို Jungkook ကတော့မမြင်မိလိုက်ချေ။ သို့ပေမယ့်လည်းဖုန်းစစပြောကတည်းကခိုးနားထောင်နေသည့် Jimin မှာတော့အစအဆုံးအတိုင်းသားကြားနေရသည့်အတွက် Jimin လည်းရိပ်မိသည်။
Taehyung ကစင်ပေါ်မှာသီချင်းဆိုလို့မှမရပဲ။

" ဟယ်လို ! ယောင်းငယ် ~ ဘာဖြစ်သွားတာလဲ ဟင် ! "

" အာ.....ဘာမှမဖြစ်ပါဘူးကိုကိုရယ် ! ရုတ်တရက်ဆိုတော့ ပျော်သွားလို့ပါ "

ကိုကိုမမြင်နိုင်ပေမယ့် Tae မျက်ရည်တွေကျနေတယ်ကိုကို။ Tae အသံတွေတုန်နေပေမယ့် ကိုကို မကြားနိုင်အောင် Tae ထိန်းပြောနေရတယ်ကိုကို။ ပြီးတော့လည်း Tae ငိုချမိမှာစိုးလို့ဘေးနားက Jimin Tae ကိုနှစ်သိမ့်ပေးနေတာကိုလည်း ကိုကို မမြင်ဘူး ကိုကို။

ကိုကို သာမြင်ရင် Tae ကိုဘယ်လောက်တောင်ရွံလိုက်လိမ့်မလဲ !?

" ဒါဆို...ယောင်းငယ် ! ဒီညတွေ့ကြဦးမလား "

" ဟိုလေ....Tae ဒီနေ့ နေလို့သိပ်မကောင်းလို့ကိုကို ! "

Taehyung ကိုယ့်စိတ်ကိုကိုယ်သာသိသည်။ ဒီလိုအခြေအနေမျိုးမှာ ကိုကို့ ကိုရင်မဆိုင်ရဲပေ။ ထို့ကြောင့်ဒီနေ့တစ်ရက်လောက်ပဲဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ချင်မိသည်။ အင်း ~ တစ်ရက်ပါပဲ။ ဒါပေမယ့် ကိုကို ကတော့ရုတ်တရက်အသံတိတ်သွားသဖြင့် Taehyung စိတ်ပူမိသွားသည်။ သူလွန်များလွန်သွားလား။

" အင်းပါ ယောင်းငယ် လေးမတွေ့ချင်ဘူးဆိုလည်း ကိုယ် ဒီနေ့ဆိုင်ကိုမလာတော့ဘူးနော် ယောင်းငယ် .... အခု ကိုယ် သွားစရာနေရာတစ်ခုရှိလို့ ဖုန်းချလိုက်တော့မယ်နော် "

"......"

ကိုကိုအသံတွေသိပ်မကောင်းပေ။
ကိုကိုများစိတ်ဆိုးသွားပြီလား။
ကိုကို သူ့ကိုများစိတ်ကုန်သွားရင်...........

ဘာမဟုတ်တာလေးကြောင့်ကိုကိုနှင့်သူတို့ရဲ့ဆက်ဆံရေးကိုမပျက်စေချင်မိပေ။

အနည်းဆုံးတော့ မှောင်မှိုက်နေတဲ့  သဲရဲတိုက်ထဲ အထီးကျန်နေတဲ့သူ့ကို သေဆုံးမယ်ဆိုတာကိုသိလျှက်နဲ့ ဝင်လာပြီးအလင်းပေးတဲ့မီးတောက်ငယ်လေးက သူ့ကိုကိုဖြစ်နေသည်မဟုတ်ပါလား။

Taehyung ချသွားသော ဖုန်းလေးကိုကြည့်ကာမျက်ရည်များဝဲလာသည်။ အကယ်၍များစိတ်မဆိုးပဲနဲ့သွားစရာတစ်ခုရှိသည်ပဲထား တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ထိုလို အဖြစ်ဆိုးကြီးကဝင်ရောက်မလာနိုင်ဘုူးလို့ပြောလို့ရရိုးလား။ ကံကြမ္မာကိုကြိုသိနေတဲ့ Taehyung ကသက်ပြင်းတစ်ရှိုက်ရှိုက်ချမိနေပေမယ့် အချစ်နွံကျွံပြီးအမှားအမှန်ဆုံးမဖြတ်နိုင်တဲ့ Jungkook ကရောအဖြစ်မှန်ကိုများသိသွားခဲ့ရင် Taehyung အပေါ်ဘယ်လိုတုံ့ပြန်သွားမိမလဲဆိုတာကိုရော Jungkook ထည့်တွက်မိမှာတဲ့လား။

" စိတ်မညစ်ပါနဲ့ Tae Tae ရယ် ~ အခု ငါမင်းဘေးမှာရှိနေတာပဲ ! တစ်ခုခုကစားကြရအောင်လေ မင်းပျင်းနေရင် "

" အာ....ကစားရအောင်ငါကလေးမှမဟုတ်တော့တာ ! "

" ...... "

ကလေးမကျလူကြီးမကျသည့်သူငယ်ချင်းဖြစ်သူထံမှထွက်လာသည့်စကားကြောင့် Jimin အသံတိတ်လေးရယ်မိလိုက်ပါသည်။ တကယ်လည်း ကလေးလိုမျိုးဂျစ်တိုက်မှုလေးကရှိနေသေးတုန်းပင်။ မရင့်ကျက်သေးပေမယ့်အမှားအမှန်ကိုဝေဖန်နိုင်စွမ်းရှိနေပြီဖြစ်သည့် Taehyung သည် နောင်တစ်ချိန်တွင် ထိုလိုသူငယ်ချင်းကောင်းမျိုးကသူ့ဘေးမှာ ထာဝရရှိနိုင်သွားမည်လား။ Jimin လည်းထိုအကြောင်းကိုမစဉ်းစားချင်ပေ။ လက်ရှိပစ္စုပ္ပန်အချိန်မှာပဲပျော်အောင်နေချင်သည်။ သူငယ်ချင်းဖြစ်သူအားမျက်နှာတစ်ချက်မညှိုးစေရအောင်ပျော်အောင်ထားချင်သည်။

အနာဂတ်တွင်ပေါက်ဖွားလာမည့်ကိစ္စရပ်များသည် ဘယ်လိုဘယ်ပုံရှိသည်ဆိုတာကိုယခုထက်ထိသူတို့ပုံဖော်၍မရနိုင်သေးတာပါလေ ~~

**********

ဆောင်းတွင်းပိုင်းသို့ရောက်လာသောအခါနေ့လည်နေ့ခင်းဖြစ်သဖြင့် ပြတင်းပေါက်မှ ဖြာကျလာသောနေရောင်ခြည်များကိုအတတ်နိုင်ဆုံးမထိရလေအောင် Taehyung ဟိုတစ်ကွက်ဒီတစ်ကွက်နင်းကာရှောင်နေရသည်။ ပြီးတော့လည်း အခုလေးတင်ရေချိုးထားသည့် Taehyung သည် နေရောင်ထိမည်ကိုစိတ်ပူသဖြင့် အဝတ်အစားထူထူထဲထဲဝတ်ဆင်ပေးထားသည့် Jimin စနက်ကြောင့်ချွေးဒီးဒီးကျလို့နေသည်။

" Jiminie ! ငါချွတ်လိုက်လို့မရဘူးလား "

" မရဘူး ! "

အဲ့အကြောင်းနှင့်ပက်သက်၍ယောင်လို့တောင် Jimin ကိုသွားမဟမိပါစေနဲ့။ စည်းကမ်းကြီးသည့်ကြက်ပေါက်စကယခုလိုမျိုးအော်လွှတ်လိုက်သဖြင့် Taehyung ကိုယ်လေးတုန်တက်သွားရသည်။
နေ့လည်နေ့ခင်းပိုင်းအများစုသည် Taehyung အတွက်တော့ဘာမှလုပ်စရာမရှိပဲ အထီးကျန်နေသည့်အချိန်များပင်ဖြစ်သဖြင့် ယခု လူစုံတက်စုံ Taehyung အိမ်သို့ရောက်ရှိနေကြသည်။

" အစ်ကို joon ! တစ်ခုခုစားမလား "

" အင်း......စားချင်တာပေါ့ ! "

" ဘယ်သူ့ကိုလဲ ?! "

Jin နှင့် Namjoon တို့အချင်းချင်းစကားပြောနေကြရာမှ အောက်ထပ်သို့ဆင်းလာသည့် သားငယ်စကားကြောင့် Namjoon ကော်ဖီတောင်သီးချင်သလိုလို။ အမြင်မမှားဘူးဆိုရင် သားငယ် ကသူတို့နှစ်ယောက်လှည့်ကြည့်လိုက်မှ အိတ်ကပ်ထဲကဖုန်းကိုထုတ်ပြီး စကားပြောချင်ဟန်ဆောင်နေသည်။

" ဟယ်လို ! ဟာ....ဘယ်သူ့ကိုလဲလို့မေးနေတယ်လေ ~ ဘယ်သူ့ကိုတွေ့ချင်တာလဲ !? ဟယ်လို.....ဟယ်လို့ !! "

"....."

သားငယ်သည် သူတို့နှစ်ယောက်လှည့်ကြည့်မှုကြောင့် အဝင်ကောလ်မရှိသည့်ဖုန်းကိုအတင်းတွေစကားစွတ်ရွတ်ပြောကာ အိမ်အပေါ်ထပ်သို့ပြေးတက်သွားပြန်သည်။

" အဟမ်း ! ဟို...အဲ့တာဆို Jin အဆင်ပြေတာပဲ တစ်ခုခုလုပ်လိုက်တော့မယ်နော် အစ်ကို joon ! "

" အင်....အဟမ်း ! အင်း...အင်း..."

နီရဲနေသည့် Jin မျက်နှာလေးသည် ခုနက သားငယ်လေးပြောသွားသောစကားများကြောင့်များလား ~ ဒါမှမဟုတ် နေရောင်ထိုးလို့ပဲလား ဆိုတာ Namjoon သေသေချာချာခွဲခွဲခြားခြားမသိနိုင်ချေ။ သေချာတာတစ်ခုကတော့ Jin ရှက်နေသည့်အမူအရာသည်အတော်လေးကိုချစ်ဖို့ကောင်းနေသည်ဆိုတာတော့ဝန်ခံပါသည်။ Jin မီးဖိုခန်းထဲဝင်သွားသည့်အထိတိုင်အောင် Nmajoon မျက်တောင်မခတ်ပဲ ငါးခူပြုံးကြီးပြုံးကာ လိုက်ကြည့်နေမိသည်။

" ဂုဏ်ဆာနေတဲ့အပြုံးကြီးနဲ့ !! "

ဒီတစ်ခါတော့သားငယ်မဟုတ် !
ကြက်ပေါက်စလေးဖြစ်သည်။
ရေဆင်းသောက်ရင်းပြောသည်ဖြစ်တာကြောင့် တစ်မျိုးတွက်ကြည့်ပြန်ရင်လည်းကိုယ့်ကိုစောင်းပြောနေသလိုထင်ရသည်။ လှည့်ကြည့်ပြန်တော့လည်း ရေခွက်ကိုကိုင်ကာအိမ်အပေါ်ထပ်သို့ပြေးတက်သွားပြန်သည်။

မင်းတို့နှစ်ကောင်ပေါင်းကိုငါ့ကို Jinnie နဲ့ပေးစားမယ်ဆိုလည်းတစ်ဆုံးပို့ပေးလိုက်မယ်ဆိုရင်ကျေးဇူးတင်မိမှာ။ အခုလို စကားနဲ့ပျက်တိပျက်တောင်းလာပြောနေတာကြတော့ ငါ့မှာ နွားမကြီးဖင်ကိုမီးရှုးမီးပန်းနှင့်ဆို့ထားသလို ဆန့်ငင်ဆန့်ငင်နဲ့ဖုတ်လိုက်ဖုတ်လိုက်ကိုဖြစ်လို့။

" ငါပြောပါတယ်မရိုးပါဘူးဆို ! "

" ..... "

ရေခွက်ကိုင်ရင်းအခန်းထဲသို့ဝင်လာသည့် Jimin သည် အိပ်ယာပေါ်တွင်ဖုန်းဆော့နေသည့် Taehyung ကို မာန်တက်နေသည့်လေသံဖြင့်လှမ်းပြောတော့ Taehyung လည်းထောက်ခံသည်ဟုဆိုကာ ခေါင်းငြိမ့်ပြသည်။

" သေချာပေါက်ငါတစ်ခုခုလုပ်မှရမယ် ! နို့မို့သာဆိုရင် မင်းနဲ့ငါနဲ့မိသားစုဝင်ဖြစ်နိုင်ချေရှိလာမှမဟုတ်ဘူး Tae Tae ! "

" မပူပါနဲ့ ! အဲ့တာငါ့တာဝန်ထားလိုက် "

" အင်း ~ ငါ့ဦးလေးကိုစိတ်ချလိုက်မယ်နော် Tae Tae "

" Yes Sir ! "

အသံတိတ်သွားသည့်အချိန်မှာတော့ ဦးလေးဖြစ်သူနှင့်အဖေဖြစ်သူတို့ မိမိတို့နှစ်ယောက်၏အမွှေဇယားတွေကိုခံရတော့မည်ဖြစ်သဖြင့် အပျော်လုံးဆို့ကာ ရယ်မိကြသည်။

လှတယ် Tae Tae။
မင်းမျက်ဝန်းတွေ မင်းအပြုံးတွေ သိပ်ကိုလှလွန်းတယ်။ နေရောင်မကျတဲ့အခန်းမှာတောင် တောက်ပနေနိုင်တာ နေရောင်ထဲမှာသာဆိုရင် မင်းဟာအတောက်ပဆုံးဖြစ်နေမယ်ဆိုတာငါယုံကြည်မိနေတယ် Tae Tae !

အင်း....မင်းနေရောင်ထဲမှာပြုံးရယ်နေတဲ့အခိုက်အတန့်လေးကို ငါအိပ်မက်ထဲမှာပဲထည့်မက်ပါရစေ သူငယ်ချင်း ~~

**********

" မုန့်လုပ်တယ် Jiminie ! ဘေးအိမ်ကဆရာမ ကိုသွားဝေလိုက်ပါဦး "

ဆရာမဆိုတာကြောင့် Tae ကအပြင်ထွက်ချင်သော်လည်း အပြင်ကအခြေအနေမှာ နေတောင်မစောင်းသေးပင်။ ထို့ကြောင့် Jimin ငည်ဟိုက်ဘက်အိမ်သွားရမည်မဟုတ်ပါလား။ ဦးလေး ကိုကြောက်သည့် Jimin သည်ဘာတစ်ခွန်းမှပြန်မပြောပဲအလိုက်သင့်ပေ ခေါင်းငြိမ့်ပေးလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင်လုံးလုံးလျားလျားကြီးကိုမသွားချင်တာတော့သူကိုယ်တိုင်သာသိမည်ထင်သည်။

အဘယ့်ကြောင့်ဆိုသော် ငယ်ရွယ်စဉ်ကတည်းက အတူတူခင်လာခဲ့သည့်မိန်းကလေးသူငယ်ချင်းဆိုလို့ ထိုဆရာမ နှင့်သမီးလည်းဖြစ်သည့်အပြင်အတူတူစာသင်ခဲ့သည့် သူငယ်ချင်းဖြစ်သည့် Lee Yura တစ်ယောက်ထဲသာရှိပေမယ့် အခုတော့ သူမ သည် Jimin နှင့် Taehyung တို့ကိုမတူသလိုဆက်ဆံနေသည့်အခြေအနေမဟုတ်ပါလား။ Jimin က uni တက်ခဲ့ရလို့ မိန်းကလေးတော်တော်များများရဲ့အကြောင်းကိုသိပေမယ့် အိမ်တွန်းပုန်းလေးအဝေးသင် Taehyung ကတော့ သူ့ဘဝတွင် Yura တစ်ယောက်သာမိန်းကလေးသူငယ်ချင်းဖြစ်ဖူးတာကြောင့် Lee Yura ကိုသာအစ်မအရင်းတစ်ယောက်လိုတော်တော်ချစ်ရှာသည်။

" နေ ! Omma ! သမီးသွားကြည့်လိုက်မယ် "

အိမ်တံခါးခေါက်သံကြားတာကြောင့် Yura အိမ်နောက်ကနေထွက်လာရင်းနဲ့မှ ညစာချက်နေသည့်သူမ ၏အမေ အခက်အခဲမဖြစ်စေရန် အိမ်တံခါးသွားဖွင့်ပေးမိသည်။

" Park Jimin !? "

" အင်း.....မုန့်လာပို့တာ ~ "

"...."

Jimin ကတော့ မိန်းကလေးတွေအကြောင်းသိတဲ့အတွက် Yura ကိုသိပ်ပြီးအဖက်လုပ်ကာစကားမပြောချင်ပေ။ Yura ကလည်းထိုနည်းတူပင်။ Jimin ကိုအိမ်ပေါ်တောင်အတက်မခံ။
ထိုအဖြစ်အပျက်ကို ဘေးချင်းကပ်နေသည့် ပြတင်းပေါက်လေးမှ Taehyung က ဆွေးနေသည့်မျက်လုံးများနှင့်ငေးကြည့်နေသည်။

" ကျေးဇူးပဲ ! "

" ဟိုမှာ Taehyung ကြည့်နေတယ် ! နင့်မျက်နှာကိုပြင်လိုက် ! သူကနင့်ကိုအရမ်းခင်တယ်ဆိုတာနင်အသိပဲ ! နင်ဘာကြောင့်အခုလိုငါတို့နှစ်ယောက်ကို ခပ်ကင်းကင်းဆက်ဆံနေသလဲဆိုတာမသိပေမယ့် သေချာတာတစ်ခု နင့်ရဲ့အပြောအဆိုအမူအရာတွေဟာ မောင်နှမသားချင်းမရှိတဲ့ Tae Tae အပေါ်လုံးလုံးလျားလျားကြီးကိုထိခိုက်စေမိနေတယ်ဆိုတာပဲ ! "

Jimin ပေါက်ကွဲမိသည်။ ဒါပေမယ့် သူပြုံးပြီးပြောနေရသည်။ ဘာကြောင့်လဲဆိုတော့ Tae လေးက အိမ်ပြတင်းပေါက်မှ အခြေအနေကိုလှမ်းကြည့်နေသည်မဟုတ်ပါလား။ Yura မျက်နှာတစ်ချက်ပျက်သွားသည်။
သူမ အခုလိုခပ်ကင်းကင်းဆက်ဆံတာလွန်များလွန်သွားပြီလား !? အထီးကျန်နေတဲ့ Taehyung အပေါ်ကိုအတော်လေးထိခိုက်စေသွားမိပြီလား !? သူမ တစ်ချက်လောက်တော့တွေဝေသွားသည်။

သို့သော် သူမ ဆုံးဖြတ်ချက်ကိုဘယ်တော့မှပြန်မပြင် !!

" အင်းဟင်း ~ နင်ပြောလို့ပြီးပြီမလား ~ ထွက်သွားလိုက်တော့ ! "

"....."

အကင်းပါးသည့် Yura လည်း ပြုံးရယ်ကာပြန်ပြောသည်။ အနားတွင်တစ်ယောက်ယောက်ရှိမည်ဆိုပါကပြောဆိုပုံနှင့်အမူအရာများသည်လုံးဂကိုကွဲလွဲနေသည်ကိုသတိထားမိပေမည်။ ခပ်ချေချေစကားကို ပြုံးကာပြန်ပြောတော့ Jimin ကွက်ခနဲမျက်နှာပျက်သွားပေမယ့် တစ်ချက်လောက်အားရပါးရရယ်လိုက်သည်။ ထို့နောက် Yura ကတံခါးပိတ်သွားသဖြင့် Jimin လည်းထိုအိမ်တံခါးရှေ့တွက်ကြာကြာဆက်မနေတော့ပဲ ပြန်လာခဲ့လိုက်သည်။

" ဘယ်သူလဲသမီး ! "

" သြော်...Jimin ပါမေမေ ! မုန့်လုပ်လို့လာပို့တာ ! "

Yura အိမ်အပေါ်ထပ်သို့မြန်မြန်ပြေးတက်သွားရင်ဖြေမိသည်။ သူမ အမေသည်သူမကိုတစ်မျိုးတစ်ဖုံကြည့်နေသော်လည်းသူမ ဂရုမစိုက်နိုင်ပါ။ သူမ အခုသိသည်က သူမ လုပ်ရပ်တွေသည် Taehyung အပေါ်ထိများထိခိုက်သွားပြီလားဟူ၍ပင်။

ခပ်ရင့်ရင့်စကားတွေ။
အေးစက်သွားတဲ့သူငယ်ချင်းဆက်ဆံရေး။
Taehyung ဘက်ကအရင်လိုပြန်အဆင်ပြေချင်ပေမယ့် ခွင့်မပြုတာက သူမ ရဲ့ဆုံးဖြတ်ချက် !

ဟင့်အင်း ...

အခုအချိန်အထိ နင်နဲ့ငါက သူစိမ်းတွေပဲ Taehyung !

**********

" Jiminie ! အဆင်ပြေရဲ့လား ~ "

ဆက်ဆံရေးကိုရိပ်မိသည့် Taehyung သည် Jimin အိမ်ထဲဝင်ဝင်လာချင်းစီးကြို၍မေးသည်။
Jimin ကလည်း စိတ်ညစ်နေသူကိုဘာမှအပူမပေးချင်တာကြောင့် ပြုံးရယ်လျက်ပင်ပြန်ပြောသည်။

" အဆင်ပြေပါတယ် Tae Tae ရဲ့ ! ဘာဖြစ်လို့လဲ !? "

" ဟင်း ~~ Yura က ငါ့ကိုမခေါ်ချင်ဘူးနဲ့တူပါတယ် ! "

"....."

ယခု Jimin လုပ်လိုက်သည်ကတစ်ဖက်စောင်းနင်းများဖြစ်သွားသလားမသိ။ Yura က Taehyung ကိုဆိုအဖက်မလုပ်ပေမယ့် Jimin ကိုကျတော့ပြုံးရယ်လျက်စကားပြောနေတာကို ပြတင်းပေါက်မှတစ်ဆင့် Taehyung ကြည့်နေရသည်လေ။

" အာ....ဟို....Yura က မင်းကိုမမှတ်မိသေးလို့နေမှာပါ ~ "

"...."

မဖြစ်နိုင်မှန်း Jimin သိတာပေါ့ !
ကျောင်းပြီးတာများဘယ်လောက်ကြာသေးလို့လဲ !? သို့ပေမယ့် Taehyung က ပညာတက်တစ်ယောက်ပဲ ! သူလည်းမဖြစ်နိုင်ဘူးဆိုတာသိပေမယ့် ဘာမှပြန်မပြောချင်လို့နဲ့တူတယ် ခေါင်းလေးသာငြိမ့်ပြလိုက်တယ်။

" ငါတို့ရုပ်ရှင်တစ်ကားကားကြည့်ရအောင် Tae Tae ! ညဘက်ကျမှ ခြံထဲမှာနှင်းတွေနဲ့ဆင်းဆော့ကြတာပေါ့ ! "

" အင်း..... "

Jimin ဆွဲခေါသွားရာနောက်ကို Taehyung ခြေပစ်လက်ပစ်ပင်လိုက်သွားသည်။

" Taehyungie လေးဒီနေ့ညအပြင်မသွားဘူးလားမသိဘူးနော် "

" အင်း...ထူးဆန်းလိုက်တာ ! "

" အစ်ကို joon ဘာများပြောထားသေးလဲ ကလေး ကို ! "

သားကိုဘာတွေများထပ်နှိပ်စက်ထားသေးလြ အဖေ ကြီး ဟူသော အိမ်ထောင်ရှင်မ တစ်ယောက်၏အကြည့်မျိုးဖြင့် Jin ကကြည့်လာတာကြောင့် Namjoon ကြောက်ကြောက်လန့်လန့်ဖြင့်ခေါင်းကိုတစ်သွင်သွင်ခါမိသည်။ Jin ဆိုတာ သူ့ဘဝတွင် သူ့တူလေး Jimin နဲ့ သူငယ်ချင်းလေး Taehyung ပြီးမှ Namjoon လာသည်မဟုတ်ပါလား။ ကလေးနှစ်ယောက်ထိဓားကြည့်ဟူသော warning တွေပါဝင်နေသည့်အကြည့်မျိုးဖြင့် Namjoon အကြည့်ခံနေရတာကြောင့် တံတွေးမြိုချမိသည်။

" အဟင်း...ဒါဆိုလည်း ပန်းကန်တွေသွားဆေးလိုက်ဦးမယ် ! "

တခါခါနှင့်ထွက်သွားသော jin ကို Namjoon မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။ ယခုဖြစ်နေသည်မှာ အိမ်ကြီးတွင် ကလေးနှစ်ယောက်ကအိမ်အပေါ်ထပ်တွင်ကစားနေပြီး အဖေကြီးကအိမ်အောက်ထပ်တွင်သတင်းစာထိုင်ဖတ်နေကာ အမေကြီးက မီးဖိုချောင်ဝင်နေသည့် သဘောမျိုးဖြစ်နေတာကြောင့် Namjoon ပျော်စရာကောင်းသည့်အနာဂတ်ကိုပုံဖော်ကြည့်ကာ ဖတ်နေသည့်သတင်းစာကြီးနှင့်ကွယ်ရင်းလက်သည်းကိုက်နေမိသည်။

သို့သော် သူတွေးနေသည့်အနာဂတ်တွင် သားနှစ်ယောက်ထဲမှတစ်ယောက်ကရှိနေနိုင်ပါတော့မလား ~~

* * * * * * * * * *
S p r i n g D a y

* * * * * * * * * *

Continue Reading

You'll Also Like

18.4M 494K 48
Warning: Feels, Violence and sexual content Advised Age: 15 + Maisie Ashford is thankful that her older brother is becoming Alpha. She'd rather not h...
227M 6.9M 92
When billionaire bad boy Eros meets shy, nerdy Jade, he doesn't recognize her from his past. Will they be able to look past their secrets and fall in...
29.1M 921K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...
4.9M 258K 34
Those who were taken... They never came back, dragged beneath the waves never to return. Their haunting screams were a symbol of their horrific death...