သို့ထွက်ရတော့တယ်
တာလား "
Xiao Zhan...
အရှက်လဲမရှိဖူး
မင်းကိုအင်္ကျီ ဝတ်ပီးမှ အပြင်ထွက်ခဲ့လို့ပြောတာ
"အရှက်မရှိတဲ့ကောင် "
နေသေးတယ် "
လိုက်သလိုပဲ ~
လို့ဖစ်ရတာ "
"ချီး ~ ခင်ဗျားဟာလေ "
******
Xiao Zhan အလုပ်ထဲမှာသူငယ်ချင်3းယောက်
******
ဘယ်မလဲ ဟိုကောင်တွေ "
"မင်းအခုဘယ်မှာနေ နေလဲ "
လုပ်လိုက်အုံး "
ရတယ် ~ ~
ရတော့မယ်ထင်တယ် "
လည်ပင်းကအင်္ကျီစကိုဆွဲဆောင့်ရင်း သူတို့ဘက်က
"ငါဘက်ကစတာ မင်းမြင်လို့လား ဒါမဲ့ ငါ့အင်္ကျီကို
ချည်းပဲ...
TBC ~ ~ ~
Uni Code
အခန်းအပြင်ဘက်မှ ကာယလေ့ကျင့်တဲ့သီချင်းသံ
လျှံကျ လာတာနဲ့ Yibo ခေါင်းအုံးအောက်တိုးဝင်ကာ
ကြိတ်မှိတ်ဆက်အိပ်တာပဲ...မနက်မိုးလင်းတိုင်း
ကြားနေကျ မို့ ဒါ သူ့အတွက်မထူးဆန်းတော့
အဲ့ယုန်ပူးကအရမ်း အဘိုးကြီးဆန်လွန်းတယ် သူများတွေလိုမနက်ပိုင်းအပြင်မှာထပြေးပီး ကျန်းမာရေး လိုက်စားတာမျိုးလဲမဟုတ်...အိမ်ထဲမှာဘာမဟုတ်တဲ့
လေ့ကျင့်ခန်းလေးလုပ်ပီးသူ့ကိုယ်သူအရမ်းသန်မာတယ်ထင်နေတာခက်တာပဲ သူများလဲအိပ်ကောင်း
ခြင်းမအိပ်ရ ယုန်ပူးတော့အရေခွံစုတ်ခံရတော့မယ်
သီချင်းသံဆုံးသွားတော့ မရိုးရအောင်TV ကမနက်
ခင်း သတင်းကိုအသံမိုင်ကုန်ချဲ့ပီးဖွင့်နေပြန်ဘီ
Yibo အိပ်ပျော်တစ်ဝက်နိုးတစ်ဝက်ကနေ ဆက်အိပ်
လို့ပင်မရတော့...တံခါးကိုစောင့်ဖွင့်ရင်းအခန်းအပြင်
သို့ထွက်ရတော့တယ်
"အိုက်ယား ခင်ဗျားTVသံကိုလျှော့စမ်းပါ တကယ်ပဲ
တောဆန်လိုက်တာ နားလေးလို့အဲ့လောက်ဖွင့်ထား
တာလား "
"ငါ့အိမ်ပဲ ငါဖွင့်ချင်သလိုဖွင့်မှာပေါ့ မင်းကဘာဖစ် "
မနက်စာပြင်ဆင်နေတုန်း ရေလာသောက်ရင်းသူ့ကို
လာဟောက်နေတဲ့စွာတေးစိန်ကိုကြည့်မိတော့
ချက်ချင်းမျက်လွှာချကာအကြည့်လွှဲရသူက
Xiao Zhan...
သူလဲအိပ်ရင်အဝတ်တွေချွတ်အိပ်တတ်ပေမဲ့
ဒီကလေးရောက်လာတော့ သူအနေအထိုင်ဆင်ခြင်
ခဲ့သည် Wang Yiboတို့ကတော့ နိုးနိုးချင်း
ဆံပင်စုတ်ဖွားနဲ့ boxerအတိုလေးသာကပ်တဲ့
ခန္ဓာကိုယ်နဲ့ တစ်အိမ်လုံးကိုပတ်ပီးသွားနေတာ
အရှက်လဲမရှိဖူး
"မင်း ဘယ်လိုဖစ်နေတာလဲ Wang Yibo
မင်းကိုအကျႌ ဝတ်ပီးမှ အပြင်ထွက်ခဲ့လို့ပြောတာ
အခါဆယ့်ရှစ်သိန်းရှိနေဘီ "
"ဝတ်ချင်မှဝတ်မှာပေါ့ ခင်ဗျားအပူပါလား "
"အရှက်မရှိတဲ့ကောင် "
"သိ ပြီးတာပဲ ပါတာချင်းအတူတူကို လာရှက်ပြ
နေသေးတယ် "
Xiao Zhan ဘာမှပြန်မပြောနိုင်သေးခင်မှာYibo
ကရေချိုးခန်းထဲပင်ရောက်သွားလေဘီ ကြော်နေတဲ့
ကြက်ဥလေးကိုသာအတိုးနဲ့ဒေါသတွေပုံချရတော့တယ်...
Wang Yibo တို့ကျောင်းသွားရင်မနက်စာဆိုတာ
အပြင်ကဆိုင်တွေမှာလန်ပြန်နေအောင်စားတတ်
တာမျိုး အခုတော့ Jie ပေးသွားတဲ့ငွေကို သူက
အိမ်ထောင်ရှင်မကြီးပုံစံနဲ့ စီမံခန့်ခွဲနေတာကိုသူ
အောင့်သက်သက်နဲ့ငြိမ်ခံနေရတာ ...
အိမ်မှာမနက်စာမစားပဲကျောင်းမသွားရဖူး အပြင်မှာမအိပ်ရဖူး ညနေစာစားချိန်အမှီ ပြန်လာရမယ်
ဒီလူကြီးကလေ အရင်ကလဲတစ်ယောက်ထဲနေလာတာပဲကို လူစုံမှညနေစာစားတတ်ဆိုတာကပါသေး..
သူ့ထက်6နှစ်တောင်ကြီးတဲ့အနှီးယုန်နဲ့အဆင်ပြေအောင်ဘယ်လိုနေရမလဲသူမသိဖူး သူကလွယ်လွယ်နဲ့
ရင်းနှီးတတ်တဲ့လူမဟုတ်တော့အေးစက်စက်နိုင်နေ
မိတာလဲ သူ့ကိုယ်သူသိတယ် ~
ဒါမဲ့Xiao Zhan ကတော့အမြဲအဖိုးကြီးပေါက်စလို
စကားတွေပေါက်ပေါက်ဖောက်ရင်း သူ့ကိုအပြစ်ရှာ
နေတတ်တယ် မထင်ရင်မထင်သလိုလက်ပါတတ်
တာကြောင့်လဲ Yibo ခပ်လန့်လန့် ~ ~ဒါမဲ့ သူကလဲ
ငြိမ်ခံနေတတ်တဲ့အထဲမပါတော့ နှစ်ချက်ရိုက်ရင်
လေးငါးချက်လောက်ပြန်ထုရိုက်လိုက်ရမှ ကျေနပ်တဲ့
လူမျိုး ရှေ့လျှောက်ရန်ပွဲကတော့လှဘီ...အပြင်ထွက် ပီးပြသနာရှာရန်ဖြစ်စရာမလိုပဲ ရန်ဖြစ်ဖို့လူအပိုင်ရ
လိုက်သလိုပဲ ~
တူးနေတဲ့ကြက်ဥကြော်လေးကိုကြည့်ကာ သက်ပြင်းကိုလက်ချိုးမတွက်နိုင်အောင်ချ ပီးမှ စားပွဲမှာဝင်ထိုင် လိုက်ရင်း...
" ကြက်ဥကြော်ကဘယ်လိုဖြစ်ရတာလဲ "
"မင်းကြောင့်လေ...မင်းငါ့ကိုတစ်ခွန်းမကျန်ပြန်ပက်
လို့ဖစ်ရတာ "
"ချီး ~ ခင်ဗျားဟာလေ "
"စားစရာရှိစား မနက်စာပြင်ဆင်ပေးတာနဲ့တင်
ကျေးဇူးတင်သင့်နေဘီ လာဆဲမနေနဲ့ "
ကျောကိုနှစ်ချက်ဆင့်ပီးရိုက်လာတဲ့xiao zhan ကို
မှီသလောက်ပြန်ရိုက်ရင်း သူ့ကိုထပ်မျက်စောင်းထိုး
ပြီး လက်သီးကာပြနေတဲ့ ယုန်ပူးကိုဆက်ကြည့်မ
နေတော့ပဲ...ကိုက်လက်စပေါင်မုန့်တစ်ခြမ်းကိုပါးစပ် ထဲထိုးထည့်ပီး နွားနို့ကိုအတင်းမြိုချ ကာ ကျောင်းကိုသာဦးတည်လိုက်သည်။
******
Xiao Zhan အပြင်မထွက်ခင် မှန်ကိုတစ်ပတ်ပတ်
ကြည့်ရင်း အူမြူ းနေမိတာ Zhou Cheng မိတ်ဆက်
ပေးတဲ့ အလုပ်အသစ်မှာ ဒီနေ့ပထမဆုံးအလုပ်ဆင်း
ရမည့်နေ့...Company အကြီးစားထဲမှာမပါပေမဲ့
သူ့ customer နဲ့သူလည်ပတ်နေတဲ့လုပ်ငန်းမျိုး
Designer တွေလဲများများစားစားရှိမဲ့ပုံမပေါ်တဲ့
လုပ်ငန်းလေးဟာ Xiao Zhan အပါအဝင် Boss နဲ့ဆိုမှဘုရားစူး 5ယောက်ပဲရှိတယ် လုပ်ငန်းစုလေး
နာမည်ကလဲထူးဆန်းတယ် 'လန်ဟွမ့်' တဲ့ Zhou Cheng နဲ့ Boss Hai Kuan ကလဲအတော်ရင်းနှီးပုံ
ရတယ် Xiao Zhan ကို interview ပင်မလုပ်ပဲ
ဒီအတိုင်းအလုပ်ခန့်တာသာကြည့်တော့...
သူဝင်လာကတည်းကBoss မိတ်ဆက်ပေးတာနဲ့
XuanLuနဲ့ Song Jiyang နဲ့ကအပြေးအလွှားနှုတ်
ဆက်သလို စကားနဲပုံရတဲ့ Wang Hao Xuan ကလဲ
တည်ငြိမ်တဲ့အပြုံးလေးနဲ့အသိအမှတ်ပြု ပေးတယ်
Xiao Zhan အလုပ်ထဲမှာသူငယ်ချင်း3ယောက်
တောင်ရလိုက်လို့် ပျော်နေမိတာတော့ အမှန်ပဲ
အကုန်လုံးကလဲ ခင်ဖို့ကောင်းမဲ့ပုံ ကြည့်လိုက်တာ
နဲ့ အရင်အလုပ်ကလူတေလိုအပြိုင်အဆိုင် ထိုးနှက်
ရိုက်ချ ချင်တဲ့အရိပ်အယောင်တွေကိုမတွေ့ရဖူး
Xiao Zhan ဒီတခါအလုပ်ကိုတော့ တည်တည်ငြိမ်
ငြိမ်နဲ့ ကြိုးစားဖို့စိတ်အားထက်သန်နေတော့တယ်
******
Yibo Beijing ကိုပြန်ရောက်ပီဆိုတဲ့သတင်းက
Wang အိမ်တော်ကိုရောက်မရောက်တော့မသိဖူး
Yibo ပြိုင်ဖက်တွေ သူ့Squad ထဲကလူငယ်တွေ
ကြားထဲမှာတော့ ဟိုးလေးတကြော်ပဲ...ချိန်းပွဲတွေက
ဆက်နေမှာ ကျိန်းသေနေဘီ
YuBin လဲပြန်ရောက်နေဘီဆိုတော့ချိန်းထားတဲ့
နေရာကိုသာထွက်ခဲ့လိုက်သည်။ဖစ်နိုင်ရင်အိပ်ရာထဲ
တောင်ဆိုင်ကယ်ယူအိပ်ချင်ပီး ဆိုင်ကယ်မပါရင်
ဘယ်မှမသွားတတ်တဲ့Lao Wang ကိုBeijingမှာ
ပြန်တွေ့ရတဲ့ပုံကြည့်ပီး yubin အံကြိတ်ရီမိသည်
သူတို့squad ထဲကအငယ်တွေကလဲLao Wangကို
အံသြသလိုအကြည့်တွေနဲ့ကြည့်လို့..
စက်ဘီးကိုဒေါက်ထောက်လိုက်ရင်းခပ်တည်တည်နဲ့
တစ်ချက်ကြည့်ပေးလိုက်တော့ အငယ်တွေကဖက်ပီး
ဝိုင်းနှုတ်ဆက်ကြတယ် မင်းတို့Lao Wang က
စက်ဘီးစီးလဲခန့်ညားနေတုန်းပါပဲ ~ ~ Yubinက
ခေါင်းခါရင်းမနိုင်ဖူးဆိုတဲ့အကြည့်နဲ့
"အဖြစ်ကJapan တုန်းကနဲ့မတူပါ့လား "
"မင်းပါးစပ်ပေါက်ကြီးကိုပိတ်ထားလိုက်တော့
ဘယ်မလဲ ဟိုကောင်တွေ "
"လာမှာပေါ့ ခဏပဲစောင့် ဒါနဲ့တကယ်ရီး
မင်းဆိုင်ကယ်ကိုအိမ်ပြန်ပြီးမယူရသေးတာလား"
"အိမ်သာပြန်ရင် ဒီနေ့မင်းငါ့ကိုဒီနေရာမှာ တွေ့ရ
မယ်ထင်နေလား အလိုလိုမှငါ့သားကြီး(ဆိုင်ကယ်) ကို လွမ်းရတဲ့အထဲ အာရုံပဲ လာမစားစမ်း "
"မင်းအခုဘယ်မှာနေ နေလဲ "
"Jie သူငယ်ချင်းအဖိုးကြီးတယောက်အိမ်မှာ"
"ဘာဇယားတွေထပ်ရွှေ့နေလဲ နောက်တော့
ငါ့ကိုအပြည့်အစုံပြောပြစမ်းပါကွာ အခုတော့
ဟိုကောင်တွေစီကလောင်းကြေးအကုန်ရအောင်
လုပ်လိုက်အုံး "
Yubin ကမျက်စိတစ်ဖက်မှိတ်ကာပြောတော့Yibo
ကခနဲ့သလိုပြုံးပြကာလျှာသပ်ပြလာတယ် ဘယ်ကမနူးမနပ်တွေသူ့ကိုလာစိန်ခေါ်တယ်မသိ ဒီနေ့တော့သူနဲ့သူ့squadထောမှာတော့ ကြိမ်းသေနေဘီ ~
ပြေးလမ်းမှာတရားမဝင်ခိုးပြိုင်တဲ့ပြိုင်ပွဲတွေကအန္တာရယ်ရှိစမြဲ ဘာလို့ဆိုဝတ်စုံအပြည့်အစုံမဝတ်သလို
ထိခိုက်မိရင်လဲပရုတ်စီလိမ်းတာနဲ့ပြီးသွားမှာမဟုတ်
တာကြိမ်းသေပါတယ် ဒါလဲ Yibo ကတော့မမှုပါဖူး
ဒါမျိုးသူပြိုင်ခဲ့တာအကြိမ်ရေမှမနည်းတော့ပဲ...
ဟိုဘက်အုပ်စုကပါလာတဲ့ အနားကနေဆိုင်ကယ်ဦးထုပ်ဆောင်းပေးဖို့ပြင်လိုက်တဲ့ကောင်မလေးကြောင့်
ခေါင်းကိုရှောင်လိုက်ကာ ပြီတီတီအဓိပ္ပါယ်ပါပါကြည့်
ပေးလိုက်တော့ ရှက်သွေးဖြာပီးလက်ရှောင်သွား
ရတယ် ~ ~
သေချာတယ်နောက်နေ့မှာတော့ အနှီးမိန်းခလေးက
Yiboကိုတန်းတန်းစွဲဖြစ်တော့မှာပင်... လောင်းကြေး
ကိုသေချာညှိပြီးချိန်မှာတော့ ပြိုင်ပွဲကအတည်စတင်
တော့တယ် အကွေ့အကောက်ပြေးလမ်းကYiboအတွက်တော့ Xiao Zhan နဲ့စကားပြောရတာလောက်
ပင်မခက်သလိုပဲ...ပြိုင်နေရင်းယုန်ပူးအကြောင်း
တွေးမိတော့ သူမသိလိုက်ခင်ပြုံးလိုက်မိသေးတာ
အနောက်မှာပြိုင်ဖက်ပါလာလားလှည့်ကြည့်ရင်းကို
သူလှလှပပကြီးပန်းဝင်သွားခဲ့ဘီ လောင်းကြေး
အကုန်သိမ်းပြီးချိန်တွင်တော့ ရဲတွေမလာခင်လစ်ဖို့
ပြောနေတဲ့Yubin အပြင်အနားမှာယောင်ပီးလာကပ်
နေတဲ့မိန်းခလေးပါရှိနေခဲ့တယ်
"ဒီနေ့ မင်းတို့စီကလောင်ကြေးအပြင် အပိုဆုပါ
ရတော့မယ်ထင်တယ် "
လက်မောင်းကိုလာဖက်တွယ်နေတဲ့လက်တွေကို
မျက်စပစ်ပြပီးဟိုအုပ်စုကိုခနဲ့သလိုပြောမိတော့..
လည်ပင်းကအကျႌစကိုဆွဲဆောင့်ရင်း သူတို့ဘက်က
တစ်ယောက်က တရှူ းရှူ းဖစ်နေဘီ
"မင်းဘာစကားပြောတာလဲ ကြာကူလီကောင် အဲ့ဒါငါ့ကောင်မလေးကွ "
"ငါဘက်ကစတာ မင်းမြင်လို့လား ဒါမဲ့ ငါ့အကျႌကို
ထိလိုက်တဲ့အတွက်မင်းအမှားကြီးမှားသွားဘီ "
"စောက်ပိုစကားတွေလာပြောမနေနဲ့ "
"တကယ့် ကြာကူလီကောင်ကဘာလဲဆိုတာပြမယ်"
ဘေးမှာကော်နဲ့ကပ်ထားသလိုတွယ်ကပ်နေတဲ့
ကောင်မလေးမေးကိုပင့်မရင်းနမ်းပြလိုက်တော့
တစ်ဖက်ကပြန်ဆွဲတာခံရတဲ့ကောင်မလေးကထိုင်ရက်ပြုတ်ကျ သွားတယ် Yiboကိုတစ်ချက်ထိုးလိုက်မိ
သော်လဲ နောက်လက်သီးချက်တွေကYiboဘက်က
ချည်းပဲ...
တစ်ဖက်နဲ့တစ်ဖက်အသေကြုံးနေကြချိန်
ရဲကားသံကြောင့်အကုန်ငြိမ်ကျသွားပီး ဆိုင်ကယ်နဲ့
ထွက်ပြေးသူကပြေးနဲ့ လူအုပ်ကြီးမှာမီးကိုရေနဲ့ငြိမ်း
လိုက်တဲ့အတိုင်းရှဲသွားရသည်။ထွက်ပြေးလို့မမှီ
တော့လို့ ပေကပ်ပြီးရပ်နေတဲ့လူကYiboတယောက် ထဲ Yubin ကလဲအငယ်တွေကိုဆိုင်ကယ်ပေါ်တင် ပီးပြေးဘီ..လဲနေတဲ့စက်ဘီးကိုပြန်ထူရင်း ကွဲသွားတဲ့
နှုတ်ခမ်းကသွေးတွေသုတ်နေမိသည်...
Shit ~ ရဲစခန်းလိုက်ရမှာထက် ရဲစခန်းလိုက်လာမဲ့
ယုန်ပူးရဲ့ အပြောတွေမျက်စောင်းတွေကိုပိုကြောက်နေမိဘီ ~
TBC ~ ~ ~