ရင္ခုန္သံ
'ဦးေနာင္ေနာင္....မနက္ျဖန္ဂဏန္းဆန္ျပဳတ္ခ်က္ပါလား....
ေရႊ႐ုပ္တို႔မိယုတို႔ဂဏန္းေတြရထားတယ္ေျပာတယ္....'
အျပင္ကျပန္ဝင္လာတာနဲ႔ ဦးေနာင္ေနာင္မအိပ္ေသးတာကိုေတြ႕ေတာ့ ပင္လယ္ကခပ္ခြ်ဲခြ်ဲေလးေျပာသည္။
ၿပီးမွ ေရႊ႐ုပ္ေလးဆီလက္ညိဳးေသနတ္ေလးနဲ႔လွမ္းပစ္သည့္ဟန္ေလးလုပ္၏။
'နင္...အဘိုးဆီကေသခ်ာသင္ထား...
ဒါ ဒီေဒသရဲ႕နာမည္ႀကီးတဲ့မနက္စာမလား...
မီးဖိုေခ်ာင္ႏိုင္နင္းတယ္ဆိုတာ မိန္းကေလးေတြရဲ႕ဆြဲေဆာင္မႈပဲ..'
'ဟုတ္တယ္မလား...စည္း...'
တကယ္ဆိုစကားကဘာမွေတာ့မဆိုင္ေပမယ့္...
သူ႔စကားကိုစည္းကလဲဒါကိုအူေၾကာင္ေၾကာင္နဲ႔ အင္း'လိုက္သည္။
'အင္း...'
'ဘာလား...သူတို႔ႏွစ္ေယာက္က...'
ေရႊ႐ုပ္ကသူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီးပုခံုးေလးကိုတြန္႔ပစ္သည္။
သူမဘာလုပ္လုပ္ ဘာဆိုင္သလဲ။
'ကြ်န္ေတာ္အေပၚတက္ေတာ့မယ္....ေကာင္းေကာင္းနားၾကပါ'
အခ်ိန္ကအနည္းငယ္ေစာေနေသးေပမယ့္...
အနားယူဖို႔အေပၚထပ္ကိုပင္လယ္တက္သြားေတာ့မွ
ေရႊ႐ုပ္ကစည္းကိုေရခဲေသတၱာဆီမ်က္စိပစ္ျပသည္။
ဘီယာဘူးေလးေတြအျပည့္စီထားတဲ့ ေရခဲေသတၱာႀကီးကိုျမင္ေတာ့မွ စည္းကျပံဳး၏။
ထပ္ၿပီးေရႊ႐ုပ္ကလက္ႏွစ္ေခ်ာင္းေထာင္ျပေတာ့...
စည္းကေခါင္းကိုခပ္သြက္သြက္ေလးညိတ္သည္။
အိုေက...
ေရခဲေသတၱာထဲမွဘီယာႏွစ္ဗူးကိုယူၿပီး....စည္းက ပင္လယ့္ေနာက္လိုက္သြားေတာ့မွ ေရႊ႐ုပ္ေလးကခပ္ျပံဳးျပံဳးေလးနဲ႔က်န္ခဲ့၏။
ဘာရယ္မဟုတ္ဘဲ သူမလဲ ဒီလူေခ်ာႏွစ္ေယာက္ကိုအစ္ကိုေတြလိုတြယ္တာေနမိပါၿပီ။
ဘဝဆုေတာင္းေတြေကာင္းၿပီးႏွစ္ေယာက္စလံုးတမ်ိဳးစီေခ်ာေမာၾကေပမယ့္
ကြဲျပားေနတာကကိုပင္လယ္ကအၿမဲေပ်ာ္ရႊင္ေပါ့ပါးေနတတ္ၿပီး......ကိုစည္းကေတာ့ခပ္တည္တည္။
စ႐ိုက္ခ်င္းကြာျခားၾကလို႔ အဆင္မေျပေလာက္ဘူးလို႔ထင္ရေပမယ့္...
ႏွစ္ေယာက္အတူတကြရွိေနၾကတဲ့အခ်ိန္ေတြကေတာ့အေတာက္ပဆံုးျဖစ္ေနခဲ့ၾကတာ...
သူတို႔ႏွစ္ေယာက္ရဲ႕ဘဝကံၾကမၼာ။
'ေရာ့...မင္းအတြက္ေရႊ႐ုပ္ေပးလိုက္တဲ့ဘီယာ'
'Thank you'
ယူလာတဲ့သူ႔ကိုေက်းဇူးတင္တာလား၊ ေရႊ႐ုပ္ကိုေက်းဇူးတင္တာလားမသိေပမယ့္ စည္းကေတာ့ေခါင္းညိတ္ၿပီးအသိမွတ္ျပဳေပးလိုက္သည္။
'ခ်ီးယားစ္...'
ဘီယာေသာက္တာမ်ား ဘာကဝမ္းေျမႇာက္စရာျဖစ္ေနလို႔ ခ်ီးယားစ္ဆိုတဲ့စကားကိုေျပာၾကသလဲ စည္းကသိပ္နားလည္ေပမယ့္....
ပင္လယ္ကခ်ီးယားစ္အၿမဲလုပ္ေတာ့သူလဲအက်င့္ပါေနၿပီ။
'ခ်ီးယားစ္..'
အျမႇုပ္ေတြပလံုစီရင္းတိုးထြက္လာတဲ့ဘီယာဗူးဝေလးကိုတခ်က္စုပ္ယူၿပီးပင္လယ္က ေခါင္းေလးကိုေမာ့ၿပီး ဘီယာကိုေသာက္သည္။
ၿပီးမွ လွ်ာဖ်ားေလးနဲ႔နႈတ္ခမ္းေပၚကအျမႇုပ္ေလးေတြကိုျပန္သပ္၏။
တစ္ခါလဲမဟုတ္၊ ႏွစ္ခါလဲမဟုတ္ဘဲ သူအဲဒီလိုလုပ္တာကိုျမင္လိုက္တိုင္း ဖိုးသိုးဖတ္သတ္ျဖစ္ခ်င္တဲ့ရင္ခုန္သံေတြကိုစည္းသိပ္ၿပီးေတာ့ဘဝင္မက်ခ်င္ဘူး။
ဒိန္းခနဲေဆာင့္ခုန္ခ်င္တဲ့ရင္ဘတ္ကိုဖိႏွိပ္ၿပီး ပင္လယ့္နႈတ္ခမ္းသားေလးေတြဆီမွအၾကည့္ကိုလြဲပစ္ရသည္။
ဒါေပမယ့္လည္း အာရံုထဲမွာကပ္ၿငိလာတဲ့ပံုရိပ္တို႔ေၾကာင့္ သူ႔ႏွလံုးသားေလးကလႈပ္ရွားေနတာရပ္မသြား။
ေရာ္...ခက္ၿပီ...။
ျပတင္းေပါက္ေဘာင္ကိုမွီၿပီးမထိုင္ခ်ဘဲ ဘီယာဗူးႀကီးကိုင္လို႔သူ႔ကိုေငးေနခဲ့တဲ့စည္းကိုပင္လယ္ကသတိထားမိေနေတာ့လွမ္းစ,သည္။
'ဘာလဲ...ငါေခ်ာလို႔လား...'
'အင္း...'
ေယာင္ေတာင္ေပါင္ေတာင္နဲ႔ ျပန္ေျဖၿပီးမွ စည္းကဟက္ခန႔ဲရယ္သည္။
ဒီေကာင္ေလးနဲ႔ေတာ့ သူခံစားခ်က္ေတြထူးေနၿပီ။
'မေသာက္ရေသးဘဲနဲ႔မူးေနတာလား...ဘာလား...
ဒါမွမဟုတ္...ဘီယာဗူးကိုင္ၿပီးတရားေပါက္သြားတာလား...စည္း...'
လက္ထဲကကုန္လို႔သြားၿပီျဖစ္တဲ့ဘီယာဗူးခြံေလးကိုဆုပ္ေခ်ပစ္လိုက္ၿပီး စည္းရပ္ေနတဲ့ျပတင္းေပါက္ဆီကိုပင္လယ္ကသြားရပ္ရင္းေမးသည္။
အနီးကပ္ႀကီးေရာက္လာေတာ့မွသူ႔ရင္ဘတ္ကပိုလို႔အျဖစ္ဆိုးလာၿပီးလက္ေတြကပါတုန္ရီခ်င္လာကာ ဘီယာဗူးကိုေယာင္လို႔လႊတ္ခ်ပစ္လိုက္သည္။
'ဒုန္း...ဂလံုး...'
ဟာ...သြားၿပီ...။
လက္ထဲကဘီယာဗူးေလးကၾကမ္းျပင္ေပၚမွာလွပစြာလဲေလ်ာင္းလ်က္အထဲကဘီယာေတြတေဝါေဝါထြက္က်ေနတာ လွ်ာထုတ္ၿပီး ေျပာင္ျပေနတဲ့အတိုင္း။
'စည္းရာ...မေသာက္ခ်င္လဲအစကတည္းကငါ့ကိုေပးေပါ့...'
ၾကမ္းျပင္ေပၚဖိတ္စင္ကုန္တဲ့ဘီယာေတြကိုေျခသုတ္ဝတ္ေလးနဲ႔ပင္လယ္ကသုတ္ပစ္ရင္း နႈတ္ခမ္းေလးကိုပါတြန္႔ပစ္သည္။
'ဟြန္႔ ဘီယာေတြႏွေမ်ာစရာႀကီး...'
သူကဘီယာေတြဆီစိတ္ေရာက္ေနသေလာက္ စည္းကေတာ့သူ႔ဆီကေနစိတ္ကိုဖယ္ခြာလို႔မရဘဲ ဒုကၡေတြျဖစ္လို႔။
တြန္႔လိုက္ ကုပ္လိုက္နဲ႔မ်က္ခံုးေတြလႈပ္ရွားေနတာလဲ ကဗ်ာ...
တလက္လက္ေတာက္ပေနတဲ့ မ်က္ဝန္းေသးေသးေလးေတြကလဲ ကဗ်ာ...
ႏွာတံခပ္စင္းစင္းေအာက္က နႈတ္ခမ္းျပည့္ျပည့္ေလးေတြကလဲ ကဗ်ာ...
ဘာလို႔မ်ား ေယာက်ာ္းေလးတစ္ေယာက္ကဒီအထိအႏုစိတ္ေငးေနခ်င္စရာေကာင္းေနသလဲ...
ေတြးရင္းေတာရင္း...သူ႔ရင္ထဲမွာပင္လယ့္တကိုယ္လံုးက...ကဗ်ာ...
ေပပြကုန္တဲ့ဘီယာေတြကိုသုတ္ၿပီးမွ ပင္လယ္ကသူ႔တီရွပ္ေလးကိုခြ်တ္ပစ္ၿပီး အိပ္ယာခင္းေပၚဆန္႔ဆန္႔ႀကီးလွဲအိပ္လိုက္ေတာ့...ပိုဆိုးသြားခဲ့ကာ...
ဗလာက်င္းေနတဲ့ရင္ဘတ္ေတြဆီမွအၾကည့္တို႔မခြာႏိုင္ေတာ့ပါ။
ျဖဴေဖြး ႏုအုေနတဲ့ရင္ဘတ္ေတြနဲ႔ ဝမ္းဗိုက္သားေတြဆီစုန္လိုက္ဆန္လိုက္နဲ႔...
အၾကည့္တို႔ကအေပၚတက္လိုက္၊ ေအာက္ကိုဆင္းလိုက္နဲ႔ ပင္လယ့္လည္တိုင္မွပန္းသီးစိတ္ေလးကိုမ်က္လံုးကအေရာက္မွာေတာ့ တံေတြးေတာင္မ်ိဳခ်သြားမိခဲ့၏။
ဂလု....
ပင္လယ္ကၾကားမယ္မထင္ေပမယ့္ ကိုယ့္ဂလုသံကိုကိုယ္ျပန္ၾကားမိၿပီး လူတကိုယ္လံုးထူပူရွက္ရြံ့လို႔...
'ငါ...ငါ...အိပ္ေတာ့မယ္...'
ဘာမွလဲမေမးရေသး၊ မေျပာရေသးဘဲ အိပ္ေတာ့မယ္ဆိုၿပီး သူ႔အိပ္ယာေပၚကိုျမန္ဆန္စြာေက်ာ္ခြသြားခဲ့တဲ့စည္းကိုၾကည့္ၿပီး ပင္လယ္ကေတာ့ေၾကာင္,အေနခဲ့သည္။
ဒီလူ...ေတာ္ေတာ္ထူးဆန္းေနၿပီ။
တကယ္က အိပ္ခ်ိန္မေရာက္ေသးေတာ့ အိပ္လို႔လဲမေပ်ာ္ဘဲ စည္းကအိပ္ခ်င္ေယာင္ေဆာင္ေနခဲ့၏။
အေတာ္ၾကာေအာင္တံုးတံုးလွဲေနၿပီးမွပင္လယ့္ဆီကိုတိတ္တဆိတ္ခိုးၾကည့္ေလသည္။
သူ...အိပ္သြားခဲ့ၿပီထင္၏။
ၿငိမ္သက္ေနတဲ့ပင္လယ့္ဆီမွ အသက္ရွဴသံခပ္ၿငိမ့္ၿငိမ့္ေလးၾကားေနရေတာ့..အိပ္ၿပီဆိုတာေသခ်ာသြားခဲ့၏။
ဒီေတာ့မွ...စည္းကအိပ္ယာေပၚမွလူးလဲထ,ကာ စီးကရက္ဖြာဖို႔ မီးျခစ္ထ,ရွာမိေလသည္။
မီးၫွိေတာ့မွဂက္စ္မရွိေတာ့တဲ့သူ႔မီးျခစ္ေလးကိုၾကည့္ၿပီး စီးကရက္ကိုဗူးထဲျပန္ထည့္ရႏိုးႏိုး...။
ပင္လယ့္မွာမီးျခစ္ရွိမွာပဲလို႔ေတြးမိေတာ့မွသူ႔ဆီကမီးျခစ္ထားေနရာကိုရွာပံုေတာ္လုပ္ရသည္။
ပံုမွန္ဆို ေဘာင္းဘီအိပ္ကပ္ထဲမွာရွိတတ္ေပမယ့္...
အခုဝတ္ထားတဲ့ေဘာင္းဘီမွာအိပ္ကပ္ကမပါ။
ပက္လက္ႀကီးအိပ္ၿပီး လက္တဖက္ကဗိုက္ေပၚေရာက္လို႔...က်န္တစ္ဖက္ကေကြးၿပီးေျမႇာက္တင္ထားကာ ကေလးေလးေတြအိပ္ေနသလိုေလးနဲ႔တူေနတာ ပင္လယ္ကခ်စ္စရာ။
ရွာေနတာကမီးျခစ္ေပမယ့္ အမွတ္တမဲ့နဲ႔သူ႔မ်က္ႏွာေလးကိုထပ္ၾကည့္မိျပန္ၿပီး...
ဒီတစ္ခါေတာ့ ၾကည့္ရင္းနဲ႔အသည္းယားစြာ စည္းရဲ႕လက္တစ္ဖက္ကကသူ႔နႈတ္ခမ္းေလးေတြကိုတို႔ထိမိလ်က္သား....။
ၾကည္လင္စြာ၊ မယံုႏိုင္စြာ က,ခုန္ေျပးလႊားေနသည့္ႏွလံုးသားက တိတ္ဆိတ္သည့္ညလယ္ေခါင္မွာခပ္လွမ္းလွမ္းကလိႈင္းသံ၊ ေလသံတို႔နဲ႔ေရာေထြးယွက္တင္ေနေပမယ့္...
ရင္ခုန္ေနေၾကာင္းကိုအထူးတလည္အတည္ျပဳလိုက္စရာမလိုေအာင္ သိသာၾကမ္းတမ္းလြန္းေနသည္။
ပင္လယ္နဲ႔ေတြ႕ခဲ့ျပီးေနာက္ပိုင္းမွာ...ရင္ခုန္သံမ်ားပံုမွန္မဟုတ္ျခင္းကိုသူသတိထားမိတာၾကာပါၿပီ.......။
သူ႔ရင္ခုန္သံေတြကိုျမန္ဆန္ေစသည့္...ပင္လယ္သည္ဆန္႔က်င္ဘက္ဣတၳိယလဲမဟုတ္ေတာ့...
ႏွလံုးသားကအဲေလာက္ေတာင္လႈပ္ရွားဖို႔မလိုအပ္ဟုစည္းကထင္မိသည္။
တဒိတ္ဒိတ္နဲ႔အသံေတြကိုၾကားရတိုင္း ရင္ဘတ္ေပၚလက္တင္၍စမ္းၿပီးလည္းစမ္းရင္း၊ သိေနလည္းဆက္ျငင္းေနမိကာ....
တိတ္ဆိတ္ေသာညမွာစည္းတေယာက္ထဲကုလားဘုရားပြဲထဲမွာ....
ေအာ္...ဂက္စ္မရွိတဲ့မီးျခစ္ကေပးတဲ့ဒုကၡကေမွာင္မိုက္လိုက္တာ....။
ယူထုတ္ထားတဲ့စီးကရက္ကိုလည္းေသာက္ခ်င္စိတ္မရွိေတာ့ဘူးမို႔ ဒီအတိုင္း...စည္းကနံရံမွီၿပီးအိပ္ယာေပၚမွာငုတ္တုတ္ထိုင္ေနလ်က္....
သူ...ရင္ခုန္သံေတြကိုဆန္းစစ္မိသည္။
ခ်စ္ျခင္းနဲ႔ရင္ခုန္သံသည္ဆက္စပ္မႈရွိသည္ဟုဆိုလွ်င္...မခုန္ဖူးတဲ့သူ႔ရင္ဘတ္ကမခ်စ္ခဲ့ဖူးတာေသခ်ာေနသည္။
ပင္လယ့္လိုေယာက်ာ္းေလးတစ္ေယာက္ႏွင့္လက္ပြန္းတတီးေနရတာကထူးဆန္းသည့္အရာမဟုတ္ေပမယ့္...ေယာက်ာ္းေလးတစ္ေယာက္ကိုမ႐ိုးမသားျဖစ္ခ်င္သည့္စိတ္ကထူးဆန္းေနသည္။
ရင္ခုန္သံေတြကိုျပန္ဆန္းစစ္ၾကည့္ေတာ့မွ..
မိန္းကေလးတစ္ေယာက္နဲ႔အတူတူရွိေနခ်ိန္ေလးေတြမွာေတာင္ သူရင္မခုန္ဖူးခဲ့။
ငယ္သူငယ္ခ်င္းမေလးမိုနာနဲ႔သူအတူတူရင္းႏွီးစြာေနခဲ့ဖူးသည္။
အလုပ္ခ်ိန္တူတူ၊ စားခ်ိန္၊ သြားခ်ိန္အတူတူ။
သူငယ္ခ်င္းအျဖစ္မွေစ့စပ္လိုက္ၿပီးေနာက္မွာမိုနာကတေယာက္ထဲေနသည့္သူ႔အခန္းထဲထိဝင္ထြက္ၿပီးေဝယ်ာဝစၥလုပ္ေပးတာမ်ိဳး....
တခါတေလ....မျပတ္တဲ့အလုပ္ေတြအလ်င္လိုသည့္အခါသူ႔အခန္းမွာညဘက္ေတြအထိလာလုပ္တာမ်ိဳး...ရွိခဲ့ေသာ္လည္း....မိုနာႏွင့္အတူရွိေနရသည့္အေပၚသူအထူးတလည္စိတ္မလႈပ္ရွားခဲ့ဖူးေပ။
ခ်စ္ျခင္းအေၾကာင္းကိုအေရးတယူမေတြးေတာခဲ့ဖူးသလို....မိုနာနဲ႔လက္တြဲဖို႔ကိုလည္းစိစစ္ေရြးခ်ယ္ခဲ့ျခင္းမဟုတ္ေပ။
ျဖစ္လာသည့္အေၾကာင္းအရာအတိုင္းလက္သင့္ခံခဲ့ျခင္းကိုယခုမွသူသတိထားမိ၏။
သူ.....ခံစားခ်က္မ်ားကိုအေရးတယူဂ႐ုျပဳဖို႔လိုၿပီဟုေတြးကာသက္ျပင္းေတြခ်လ်က္.....
စည္းအိပ္မေပ်ာ္ခဲ့ေသာထိုညသည္....အင္မတန္ရွည္လ်ားခဲ့၏။
Unicode
ရင်ခုန်သံ
'ဦးနောင်နောင်....မနက်ဖြန်ဂဏန်းဆန်ပြုတ်ချက်ပါလား....
ရွှေရုပ်တို့မိယုတို့ဂဏန်းတွေရထားတယ်ပြောတယ်....'
အပြင်ကပြန်ဝင်လာတာနဲ့ ဦးနောင်နောင်မအိပ်သေးတာကိုတွေ့တော့ ပင်လယ်ကခပ်ချွဲချွဲလေးပြောသည်။
ပြီးမှ ရွှေရုပ်လေးဆီလက်ညိုးသေနတ်လေးနဲ့လှမ်းပစ်သည့်ဟန်လေးလုပ်၏။
'နင်...အဘိုးဆီကသေချာသင်ထား...
ဒါ ဒီဒေသရဲ့နာမည်ကြီးတဲ့မနက်စာမလား...
မီးဖိုချောင်နိုင်နင်းတယ်ဆိုတာ မိန်းကလေးတွေရဲ့ဆွဲဆောင်မှုပဲ..'
'ဟုတ်တယ်မလား...စည်း...'
တကယ်ဆိုစကားကဘာမှတော့မဆိုင်ပေမယ့်...
သူ့စကားကိုစည်းကလဲဒါကိုအူကြောင်ကြောင်နဲ့ အင်း'လိုက်သည်။
'အင်း...'
'ဘာလား...သူတို့နှစ်ယောက်က...'
ရွှေရုပ်ကသူတို့နှစ်ယောက်ကိုကြည့်ပြီးပုခုံးလေးကိုတွန့်ပစ်သည်။
သူမဘာလုပ်လုပ် ဘာဆိုင်သလဲ။
'ကျွန်တော်အပေါ်တက်တော့မယ်....ကောင်းကောင်းနားကြပါ'
အချိန်ကအနည်းငယ်စောနေသေးပေမယ့်...
အနားယူဖို့အပေါ်ထပ်ကိုပင်လယ်တက်သွားတော့မှ
ရွှေရုပ်ကစည်းကိုရေခဲသေတ္တာဆီမျက်စိပစ်ပြသည်။
ဘီယာဘူးလေးတွေအပြည့်စီထားတဲ့ ရေခဲသေတ္တာကြီးကိုမြင်တော့မှ စည်းကပြုံး၏။
ထပ်ပြီးရွှေရုပ်ကလက်နှစ်ချောင်းထောင်ပြတော့...
စည်းကခေါင်းကိုခပ်သွက်သွက်လေးညိတ်သည်။
အိုကေ...
ရေခဲသေတ္တာထဲမှဘီယာနှစ်ဗူးကိုယူပြီး....စည်းက ပင်လယ့်နောက်လိုက်သွားတော့မှ ရွှေရုပ်လေးကခပ်ပြုံးပြုံးလေးနဲ့ကျန်ခဲ့၏။
ဘာရယ်မဟုတ်ဘဲ သူမလဲ ဒီလူချောနှစ်ယောက်ကိုအစ်ကိုတွေလိုတွယ်တာနေမိပါပြီ။
ဘဝဆုတောင်းတွေကောင်းပြီးနှစ်ယောက်စလုံးတမျိုးစီချောမောကြပေမယ့်
ကွဲပြားနေတာကကိုပင်လယ်ကအမြဲပျော်ရွှင်ပေါ့ပါးနေတတ်ပြီး......ကိုစည်းကတော့ခပ်တည်တည်။
စရိုက်ချင်းကွာခြားကြလို့ အဆင်မပြေလောက်ဘူးလို့ထင်ရပေမယ့်...
နှစ်ယောက်အတူတကွရှိနေကြတဲ့အချိန်တွေကတော့အတောက်ပဆုံးဖြစ်နေခဲ့ကြတာ...
သူတို့နှစ်ယောက်ရဲ့ဘဝကံကြမ္မာ။
'ရော့...မင်းအတွက်ရွှေရုပ်ပေးလိုက်တဲ့ဘီယာ'
'Thank you'
ယူလာတဲ့သူ့ကိုကျေးဇူးတင်တာလား၊ ရွှေရုပ်ကိုကျေးဇူးတင်တာလားမသိပေမယ့် စည်းကတော့ခေါင်းညိတ်ပြီးအသိမှတ်ပြုပေးလိုက်သည်။
'ချီးယားစ်...'
ဘီယာသောက်တာများ ဘာကဝမ်းမြှောက်စရာဖြစ်နေလို့ ချီးယားစ်ဆိုတဲ့စကားကိုပြောကြသလဲ စည်းကသိပ်နားလည်ပေမယ့်....
ပင်လယ်ကချီးယားစ်အမြဲလုပ်တော့သူလဲအကျင့်ပါနေပြီ။
'ချီးယားစ်..'
အမြှုပ်တွေပလုံစီရင်းတိုးထွက်လာတဲ့ဘီယာဗူးဝလေးကိုတချက်စုပ်ယူပြီးပင်လယ်က ခေါင်းလေးကိုမော့ပြီး ဘီယာကိုသောက်သည်။
ပြီးမှ လျှာဖျားလေးနဲ့နှုတ်ခမ်းပေါ်ကအမြှုပ်လေးတွေကိုပြန်သပ်၏။
တစ်ခါလဲမဟုတ်၊ နှစ်ခါလဲမဟုတ်ဘဲ သူအဲဒီလိုလုပ်တာကိုမြင်လိုက်တိုင်း ဖိုးသိုးဖတ်သတ်ဖြစ်ချင်တဲ့ရင်ခုန်သံတွေကိုစည်းသိပ်ပြီးတော့ဘဝင်မကျချင်ဘူး။
ဒိန်းခနဲဆောင့်ခုန်ချင်တဲ့ရင်ဘတ်ကိုဖိနှိပ်ပြီး ပင်လယ့်နှုတ်ခမ်းသားလေးတွေဆီမှအကြည့်ကိုလွဲပစ်ရသည်။
ဒါပေမယ့်လည်း အာရုံထဲမှာကပ်ငြိလာတဲ့ပုံရိပ်တို့ကြောင့် သူ့နှလုံးသားလေးကလှုပ်ရှားနေတာရပ်မသွား။
ရော်...ခက်ပြီ...။
ပြတင်းပေါက်ဘောင်ကိုမှီပြီးမထိုင်ချဘဲ ဘီယာဗူးကြီးကိုင်လို့သူ့ကိုငေးနေခဲ့တဲ့စည်းကိုပင်လယ်ကသတိထားမိနေတော့လှမ်းစ,သည်။
'ဘာလဲ...ငါချောလို့လား...'
'အင်း...'
ယောင်တောင်ပေါင်တောင်နဲ့ ပြန်ဖြေပြီးမှ စည်းကဟက်ခနဲ့ရယ်သည်။
ဒီကောင်လေးနဲ့တော့ သူခံစားချက်တွေထူးနေပြီ။
'မသောက်ရသေးဘဲနဲ့မူးနေတာလား...ဘာလား...
ဒါမှမဟုတ်...ဘီယာဗူးကိုင်ပြီးတရားပေါက်သွားတာလား...စည်း...'
လက်ထဲကကုန်လို့သွားပြီဖြစ်တဲ့ဘီယာဗူးခွံလေးကိုဆုပ်ချေပစ်လိုက်ပြီး စည်းရပ်နေတဲ့ပြတင်းပေါက်ဆီကိုပင်လယ်ကသွားရပ်ရင်းမေးသည်။
အနီးကပ်ကြီးရောက်လာတော့မှသူ့ရင်ဘတ်ကပိုလို့အဖြစ်ဆိုးလာပြီးလက်တွေကပါတုန်ရီချင်လာကာ ဘီယာဗူးကိုယောင်လို့လွှတ်ချပစ်လိုက်သည်။
'ဒုန်း...ဂလုံး...'
ဟာ...သွားပြီ...။
လက်ထဲကဘီယာဗူးလေးကကြမ်းပြင်ပေါ်မှာလှပစွာလဲလျောင်းလျက်အထဲကဘီယာတွေတဝေါဝေါထွက်ကျနေတာ လျှာထုတ်ပြီး ပြောင်ပြနေတဲ့အတိုင်း။
'စည်းရာ...မသောက်ချင်လဲအစကတည်းကငါ့ကိုပေးပေါ့...'
ကြမ်းပြင်ပေါ်ဖိတ်စင်ကုန်တဲ့ဘီယာတွေကိုခြေသုတ်ဝတ်လေးနဲ့ပင်လယ်ကသုတ်ပစ်ရင်း နှုတ်ခမ်းလေးကိုပါတွန့်ပစ်သည်။
'ဟွန့် ဘီယာတွေနှမျောစရာကြီး...'
သူကဘီယာတွေဆီစိတ်ရောက်နေသလောက် စည်းကတော့သူ့ဆီကနေစိတ်ကိုဖယ်ခွာလို့မရဘဲ ဒုက္ခတွေဖြစ်လို့။
တွန့်လိုက် ကုပ်လိုက်နဲ့မျက်ခုံးတွေလှုပ်ရှားနေတာလဲ ကဗျာ...
တလက်လက်တောက်ပနေတဲ့ မျက်ဝန်းသေးသေးလေးတွေကလဲ ကဗျာ...
နှာတံခပ်စင်းစင်းအောက်က နှုတ်ခမ်းပြည့်ပြည့်လေးတွေကလဲ ကဗျာ...
ဘာလို့များ ယောကျာ်းလေးတစ်ယောက်ကဒီအထိအနုစိတ်ငေးနေချင်စရာကောင်းနေသလဲ...
တွေးရင်းတောရင်း...သူ့ရင်ထဲမှာပင်လယ့်တကိုယ်လုံးက...ကဗျာ...
ပေပွကုန်တဲ့ဘီယာတွေကိုသုတ်ပြီးမှ ပင်လယ်ကသူ့တီရှပ်လေးကိုချွတ်ပစ်ပြီး အိပ်ယာခင်းပေါ်ဆန့်ဆန့်ကြီးလှဲအိပ်လိုက်တော့...ပိုဆိုးသွားခဲ့ကာ...
ဗလာကျင်းနေတဲ့ရင်ဘတ်တွေဆီမှအကြည့်တို့မခွာနိုင်တော့ပါ။
ဖြူဖွေး နုအုနေတဲ့ရင်ဘတ်တွေနဲ့ ဝမ်းဗိုက်သားတွေဆီစုန်လိုက်ဆန်လိုက်နဲ့...
အကြည့်တို့ကအပေါ်တက်လိုက်၊ အောက်ကိုဆင်းလိုက်နဲ့ ပင်လယ့်လည်တိုင်မှပန်းသီးစိတ်လေးကိုမျက်လုံးကအရောက်မှာတော့ တံတွေးတောင်မျိုချသွားမိခဲ့၏။
ဂလု....
ပင်လယ်ကကြားမယ်မထင်ပေမယ့် ကိုယ့်ဂလုသံကိုကိုယ်ပြန်ကြားမိပြီး လူတကိုယ်လုံးထူပူရှက်ရွံ့လို့...
'ငါ...ငါ...အိပ်တော့မယ်...'
ဘာမှလဲမမေးရသေး၊ မပြောရသေးဘဲ အိပ်တော့မယ်ဆိုပြီး သူ့အိပ်ယာပေါ်ကိုမြန်ဆန်စွာကျော်ခွသွားခဲ့တဲ့စည်းကိုကြည့်ပြီး ပင်လယ်ကတော့ကြောင်,အနေခဲ့သည်။
ဒီလူ...တော်တော်ထူးဆန်းနေပြီ။
တကယ်က အိပ်ချိန်မရောက်သေးတော့ အိပ်လို့လဲမပျော်ဘဲ စည်းကအိပ်ချင်ယောင်ဆောင်နေခဲ့၏။
အတော်ကြာအောင်တုံးတုံးလှဲနေပြီးမှပင်လယ့်ဆီကိုတိတ်တဆိတ်ခိုးကြည့်လေသည်။
သူ...အိပ်သွားခဲ့ပြီထင်၏။
ငြိမ်သက်နေတဲ့ပင်လယ့်ဆီမှ အသက်ရှူသံခပ်ငြိမ့်ငြိမ့်လေးကြားနေရတော့..အိပ်ပြီဆိုတာသေချာသွားခဲ့၏။
ဒီတော့မှ...စည်းကအိပ်ယာပေါ်မှလူးလဲထ,ကာ စီးကရက်ဖွာဖို့ မီးခြစ်ထ,ရှာမိလေသည်။
မီးညှိတော့မှဂက်စ်မရှိတော့တဲ့သူ့မီးခြစ်လေးကိုကြည့်ပြီး စီးကရက်ကိုဗူးထဲပြန်ထည့်ရနိုးနိုး...။
ပင်လယ့်မှာမီးခြစ်ရှိမှာပဲလို့တွေးမိတော့မှသူ့ဆီကမီးခြစ်ထားနေရာကိုရှာပုံတော်လုပ်ရသည်။
ပုံမှန်ဆို ဘောင်းဘီအိပ်ကပ်ထဲမှာရှိတတ်ပေမယ့်...
အခုဝတ်ထားတဲ့ဘောင်းဘီမှာအိပ်ကပ်ကမပါ။
ပက်လက်ကြီးအိပ်ပြီး လက်တဖက်ကဗိုက်ပေါ်ရောက်လို့...ကျန်တစ်ဖက်ကကွေးပြီးမြှောက်တင်ထားကာ ကလေးလေးတွေအိပ်နေသလိုလေးနဲ့တူနေတာ ပင်လယ်ကချစ်စရာ။
ရှာနေတာကမီးခြစ်ပေမယ့် အမှတ်တမဲ့နဲ့သူ့မျက်နှာလေးကိုထပ်ကြည့်မိပြန်ပြီး...
ဒီတစ်ခါတော့ ကြည့်ရင်းနဲ့အသည်းယားစွာ စည်းရဲ့လက်တစ်ဖက်ကကသူ့နှုတ်ခမ်းလေးတွေကိုတို့ထိမိလျက်သား....။
ကြည်လင်စွာ၊ မယုံနိုင်စွာ က,ခုန်ပြေးလွှားနေသည့်နှလုံးသားက တိတ်ဆိတ်သည့်ညလယ်ခေါင်မှာခပ်လှမ်းလှမ်းကလှိုင်းသံ၊ လေသံတို့နဲ့ရောထွေးယှက်တင်နေပေမယ့်...
ရင်ခုန်နေကြောင်းကိုအထူးတလည်အတည်ပြုလိုက်စရာမလိုအောင် သိသာကြမ်းတမ်းလွန်းနေသည်။
ပင်လယ်နဲ့တွေ့ခဲ့ပြီးနောက်ပိုင်းမှာ...ရင်ခုန်သံများပုံမှန်မဟုတ်ခြင်းကိုသူသတိထားမိတာကြာပါပြီ.......။
သူ့ရင်ခုန်သံတွေကိုမြန်ဆန်စေသည့်...ပင်လယ်သည်ဆန့်ကျင်ဘက်ဣတ္ထိယလဲမဟုတ်တော့...
နှလုံးသားကအဲလောက်တောင်လှုပ်ရှားဖို့မလိုအပ်ဟုစည်းကထင်မိသည်။
တဒိတ်ဒိတ်နဲ့အသံတွေကိုကြားရတိုင်း ရင်ဘတ်ပေါ်လက်တင်၍စမ်းပြီးလည်းစမ်းရင်း၊ သိနေလည်းဆက်ငြင်းနေမိကာ....
တိတ်ဆိတ်သောညမှာစည်းတယောက်ထဲကုလားဘုရားပွဲထဲမှာ....
အော်...ဂက်စ်မရှိတဲ့မီးခြစ်ကပေးတဲ့ဒုက္ခကမှောင်မိုက်လိုက်တာ....။
ယူထုတ်ထားတဲ့စီးကရက်ကိုလည်းသောက်ချင်စိတ်မရှိတော့ဘူးမို့ ဒီအတိုင်း...စည်းကနံရံမှီပြီးအိပ်ယာပေါ်မှာငုတ်တုတ်ထိုင်နေလျက်....
သူ...ရင်ခုန်သံတွေကိုဆန်းစစ်မိသည်။
ချစ်ခြင်းနဲ့ရင်ခုန်သံသည်ဆက်စပ်မှုရှိသည်ဟုဆိုလျှင်...မခုန်ဖူးတဲ့သူ့ရင်ဘတ်ကမချစ်ခဲ့ဖူးတာသေချာနေသည်။
ပင်လယ့်လိုယောကျာ်းလေးတစ်ယောက်နှင့်လက်ပွန်းတတီးနေရတာကထူးဆန်းသည့်အရာမဟုတ်ပေမယ့်...ယောကျာ်းလေးတစ်ယောက်ကိုမရိုးမသားဖြစ်ချင်သည့်စိတ်ကထူးဆန်းနေသည်။
ရင်ခုန်သံတွေကိုပြန်ဆန်းစစ်ကြည့်တော့မှ..
မိန်းကလေးတစ်ယောက်နဲ့အတူတူရှိနေချိန်လေးတွေမှာတောင် သူရင်မခုန်ဖူးခဲ့။
ငယ်သူငယ်ချင်းမလေးမိုနာနဲ့သူအတူတူရင်းနှီးစွာနေခဲ့ဖူးသည်။
အလုပ်ချိန်တူတူ၊ စားချိန်၊ သွားချိန်အတူတူ။
သူငယ်ချင်းအဖြစ်မှစေ့စပ်လိုက်ပြီးနောက်မှာမိုနာကတယောက်ထဲနေသည့်သူ့အခန်းထဲထိဝင်ထွက်ပြီးဝေယျာဝစ္စလုပ်ပေးတာမျိုး....
တခါတလေ....မပြတ်တဲ့အလုပ်တွေအလျင်လိုသည့်အခါသူ့အခန်းမှာညဘက်တွေအထိလာလုပ်တာမျိုး...ရှိခဲ့သော်လည်း....မိုနာနှင့်အတူရှိနေရသည့်အပေါ်သူအထူးတလည်စိတ်မလှုပ်ရှားခဲ့ဖူးပေ။
ချစ်ခြင်းအကြောင်းကိုအရေးတယူမတွေးတောခဲ့ဖူးသလို....မိုနာနဲ့လက်တွဲဖို့ကိုလည်းစိစစ်ရွေးချယ်ခဲ့ခြင်းမဟုတ်ပေ။
ဖြစ်လာသည့်အကြောင်းအရာအတိုင်းလက်သင့်ခံခဲ့ခြင်းကိုယခုမှသူသတိထားမိ၏။
သူ.....ခံစားချက်များကိုအရေးတယူဂရုပြုဖို့လိုပြီဟုတွေးကာသက်ပြင်းတွေချလျက်.....
စည်းအိပ်မပျော်ခဲ့သောထိုညသည်....အင်မတန်ရှည်လျားခဲ့၏။