ပင္လယ္ႏွစ္စင္းရဲ႕ဆံုမွတ္ရာဇဝင...

By doubleuwxyz

42.5K 1.8K 272

Unicode avaliable at the end. YiZhan Fanfic Bromance ထက္ေတာ့နဲနဲပိုမယ္...သိပ္ေတာ့ မ ro ဘူး... Boys Love ေပမယ္... More

(1)
(2)
(3)
(4)
(5)
(7)
(8)
(9)
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(18)
(19)
(20)
(21)
(22)
(23)
(24)
(25)
(26)
(27)
(28)
(29)
(30)
(31)
(32)
(33)
(34)
(35)
(36)
(37)
(38)
(39)
(40)
(41)
(42)
(43)
(44)
(45)
(46)
(47)
(48)
(49)
(50)
(51)
(52)
(53)
(54)
(55)
(56)
(57)
(58)
(59)
(60)
(61)
(62)
(63)
(64)
(65)
(66)
(67)
(68)
(69)
(70)
(71)
(72)
(73)
(74)
(75)
(76)
(77)
(78)
(79)
(80)
(81)
(82)
(83)
(84)
(85)
(86)
(87)
(88 a)
(88 b)
(89)
(90)
(91)
(92)
(93)
(94)
(95)
(96)
(97)
(98)
(99)
(100)
(101)
(102)
(103)
(104)
(105)
(106)
(107)
(108)
(109)
(110)
(111)Ending
ေက်းဇူးတင္ပါေၾကာင္း
bl

(6)

438 27 0
By doubleuwxyz

ဧည့္သည္

မိုနာဆီမွအျမန္ေခ်ာျဖင့္ေငြလြဲေရာက္လာသည္ႏွင့္ခ်က္ခ်င္းတည္းခိုစရိတ္သံုးေသာင္းကိုေပးေခ်လိုက္သည္။
ေငြေခ်ေတာ့မွေရႊ႐ုပ္ေလးကတည္းခိုခန္းေသာ့ေလးကိုလွမ္းေပး၏။

'ေရာ့...ကိုႀကီးရဲ႕အခန္းေသာ့...
ဒုတ္ယထပ္ကအခန္းနံပတ္ငါးပါ'

ေရႊ႐ုပ္လွမ္းေပးတဲ့ေကာင္တာေပၚမွေသာ့ကိုယူၿပီးေခါင္မိုးထပ္ကအဝတ္ထုတ္ကိုအခန္းနံပတ္ (5) ကိုေျပာင္းထားဖို႔ျပင္ရသည္။
ထပ္ခိုးခန္းဆီအရင္သြားၿပီးအဝတ္ထုပ္ယူရမည္။
ေသာ့ေလးယူၿပီးေတာ့ေလွကားေပၚတက္သြားတဲ့စည္းရဲ႕ေနာက္ကေနပင္လယ္ကကပ္လိုက္၏။

'စည္း...အခန္းတကယ္ေျပာင္းမွာလား...
ပ်င္းဖို႔ေကာင္းတာကြာ
ဒီညေတာ့ေျခာက္ကပ္ေနေတာ့မွာပဲ...မေျပာင္းလို႔မရဘူးလား...
ငါစကားေျပာေဖာ္မရွိရင္မေနတတ္လို႔...
အား...ဒုကၡပဲ၊ တေယာက္ထဲလဲအိပ္ရေတာ့မွာပဲ၊
မေျပာင္းလို႔မရဘူးလားကြာ....ဟင္း.....'

ပင္လယ္က ကေလးေလးလိုႏြဲ႕တဲ့တဲ့ေလးနဲ႔ခြ်ဲပစ္ၿပီးေျပာ စကားေတြကအဆက္မျပတ္ေျပာရင္းကပ္လိုက္လာတာကိုသိေပမယ့္
သူ႔စကားေတြကိုမျကားခ်င္ေယာင္ေဆာင္ၿပီး
စည္းကတံုဏွိဘာေဝေလးလုပ္၏။

တမင္ကိုမၾကားခ်င္ေယာင္ေဆာင္တယ္ဆိုတာသိေပမယ့္...ပင္လယ္ကလက္မေလ်ာ့ဘူး။

'ဟင္...စည္း၊ ဟင္လို႔၊
မေျပာင္းပါနဲ႔လား..."

အသည္းယားစဖြယ္ေကာင္းေအာင္ခြ်ဲပစ္ထေနတဲ့သူ႔အသံကိုလစ္လ်ဴရႈၿပီး
ေျခာက္ေအာင္လွမ္းထားတဲ့အဝတ္ေတြကိုသာစုသိမ္းလို႔ပါလာတဲ့အိတ္ထဲထိုးထည့္ၿပီး စည္းကဒုတိယထပ္သို႔ဆင္း၏။
အဲဒီအထိပင္လယ္ကသူ႔ေနာက္ကေနကပ္ၿပီးလိုက္ေနဆဲ။

'စည္း...'

အခန္းနံပတ္ (5) ကိုေသာ့ဖြင့္ဝင္ေတာ့ေနာက္ကေနကပ္ပါလာတဲ့ပင္လယ္က႐ုတ္တရက္စည္းလက္ကိုဆြဲသည္။

'ဘာလဲကြာ'

စည္းက...သူ႔လက္ကိုျပန္႐ုန္းေပမယ့္မေအာင္ျမင္။

'အဟဲ...စဥ္းစားပါဦး'

ပင္လယ္ကစည္းရဲ႕လက္ကိုဆြဲယူၿပီးကိုယ့္ရင္ဘတ္ေပၚကိုယ္ျပန္ကပ္ေစသည္။
ကိုယ့္ရင္ဘတ္ကိုယ္ျပန္ေမးဆိုတဲ့သေဘာေလးမို႔...
စည္းအနည္းငယ္ေတာ့ၿငိမ္သက္သြားမိသည္။

'ေအးေအးေဆးေဆးစဥ္းစားပါ...ခဏေလးနားလိုက္...ၿပီးရင္ကိုယ့္ရင္ဘတ္ကိုျပန္ေမးၾကည့္...
ပ်င္းဖို႔ေကာင္းတယ္မလား...ေနာ္...တေယာက္ထဲေနရမွာပ်င္းစရာႀကီး
မထားခဲ့ပါနဲ႔ကြာ...ေနာ္...စည္း...'

ရယ္က်ဲက်ဲမ်က္ႏွာေပးနဲ႔ပင္လယ္က အတည္ေပါက္နဲ႔ေနာက္ေနသလိုေလးျဖစ္ေနေတာ့...စည္းကစိတ္ရႈပ္သြားမိ၏။
သူ႔ရင္ဘတ္ေပၚကပ္ၿပီးတင္ထားတဲ့လက္ကိုျပန္႐ုပ္ခ်လိုက္ရင္း...

'မပ်င္းဘူး...ပ်င္းစရာအေၾကာင္းလဲမရွိဘူး..ငါကခဏလာတည္းတဲ့ဧည့္သည္မို႔လို႔ေလ'

'အာ...စည္းကလဲ၊ ေန...ေနဦးေလ'

'ငါ...နားေတာ့မယ္'

ေအးစက္စက္အသံနဲ႔တည္ၿငိမ္ေနတဲ့စည္းရဲ႕မ်က္ႏွာဟာလူေသေကာင္နဲ႔ေတာင္တူေသးသည္။
အခန္းထဲဝင္လိုက္မလို႔ပင္လယ္ကၾကံေနေပမယ့္...
'ဒုန္း'ခနဲေဆာင့္ပိတ္သြားတဲ့တံခါးကေလထက္ေတာင္ျမန္ေန၏။

'ဟင့္...'

ပိတ္သြားသည့္တံခါးေရွ႕မွာပင္လယ္သည္လိုတာမရသည့္ကေလးလိုမဲ့က်န္ေနခဲ့ရင္း...မ်က္ေစာင္းေတြခ်ည္းလိမ့္ထိုးမိေတာ့သည္။
ဒီညေတာ့အေဖာ္မရွိေတာ့ဘူးပဲ။

'ကြ်တ္စ္'

စည္းကအခန္းတံခါးပိတ္ၿပီးတာႏွင့္အိပ္ယာေပၚခ်က္ခ်င္းပစ္လွဲခ်သည္။
ခဏလာတည္းတဲ့ဧည့္သည္ဆိုေတာ့သက္ေတာင့္သက္သာေလးေနခ်င္တယ္မဟုတ္ပါလား။
ရႈပ္ေထြးေနတဲ့စိတ္ေတြရွင္းလင္းသြားေအာင္လို႔တေယာက္ထဲေအးေအးေဆးေဆးကပဲေကာင္းတယ္ဆိုေပမယ့္...
မဲ့က်န္ခဲ့တဲ့ဟိုေကာင္ေလးရဲ႕မ်က္ႏွာေလးကိုျမင္ေယာင္ရင္းစိတ္ေတြကဒြိဟ။
အခန္းေ႐ွ႕ကေနျပန္ထြက္သြားတဲ့ေျခသံေလးမၾကားရေသးေတာ့ ပင္လယ္ရပ္ေနတုန္းပဲျဖစ္မည္။

တကယ္...ဘယ္လိုေလးလဲမသိဘူး။
ကေလးလိုလိုေခြးလိုလိုအေကာင္'
အိပ္ယာေပၚလွဲအိပ္ၿပီးေတြးေနရင္းနဲ႔တေယာက္ထဲတံခါးေပါက္ဆီမ်က္ေစာင္းပစ္ေလသည္။

'သူနဲ႔ငါဘာဆိုင္တာမွတ္လို႔'

xxxxx

အဝတ္ေလွ်ာ္တဲ့ေနရာနားေလးမွာပင္လယ္အလုပ္ရႈပ္ေနပါသည္။
သံုးၿပီးသားေခါင္းအံုးစြပ္ျဖဴျဖဴေတြကိုေလ်ာ္ၿပီးလွန္းရမည္။
ထပ္ၿပီးေလွ်ာ္ဖို႔မ်က္ႏွာသုတ္ပုဝါေတြလည္းက်န္ေသးတာမို႔ ဒီညေနၿပီးေအာင္ေတာ့လုပ္ဖို႔ေတြးရင္း
ျမန္ျမန္ၿပီးေအာင္လုပ္ဖို႔ျပင္သည္။

ဒီေန႔ေလတိုက္နႈန္းအနည္းငယ္ျပင္းတာမို႔ ဆံပင္ရွည္ေတြကဟိုယိမ္းဒီယိမ္းနဲ႔ မ်က္ႏွာေပၚမွာရႈပ္ေထြးလာ၏။
ေလနဲ႔လြင့္ပ်ံေနသည့္ဆံပင္မ်ားကိုအရင္စုသိမ္းၿပီးအထံုးေလးျဖစ္ေအာင္ခ်ည္သည္။
ၿပီးမွေလ်ာ္ၿပီးသားအျဖဴေရာင္အိပ္ယာခင္းကိုယူၿပီး...
အဝတ္လွမ္းႀကိဳးေပၚျပန္႔ေနေအာင္လွန္းေနတုန္းေဘးဘက္ဝါရန္တာဆီမွစာရြက္လွန္သံၾကားသည္မို႔ပင္လယ္ေခါင္းကိုငဲ့ေစာင္းၿပီးေခ်ာင္းၾကည့္ေတာ့...စာအုပ္တအုပ္နဲ႔ထိုင္ေနတဲ့စည္းကိုေတြ႕ရ၏။

'စည္းပဲ'

သူ႔ဘာသာမသိလိုက္ဘဲပင္လယ့္နႈတ္ခမ္းေလးကျပံဳးလ်က္သားေလးျဖစ္သြားကာ...ေပ်ာ္ရႊင္သြား၏။
ဒီေန႔တမနက္လံုးအခန္းထဲကထြက္မလာဘဲအခုမွစည္းကိုေတြ႕ရတာပါ။
သူကသာေခ်ာင္းၾကည့္လိုက္၊ အဝတ္ျဖဴေတြကိုလႊားတင္လိုက္လုပ္ေနေပမယ့္...
တဖက္ဝါရန္တာကစည္းကေတာ့တုတ္တုတ္မွ်မလႈပ္ေပ။
ေအးေအးလူလူနဲ႔စာအုပ္ထဲနစ္ေမ်ာေနပံုရၿပီးအနီးနားမွာလူရွိေနေၾကာင္းကိုမသိဘူးထင္ပါသည္။

ၿငိမ္သက္ေနတဲ့သူ႔ကိုေနာက္ဖို႔အၾကံေလးနဲ႔
ပင္လယ္ကမခ်ိဳမခ်ဥ္ျပံဳးရင္း ဝါရန္တာအစြန္းဆီနနည္းနည္းစီတိုးကပ္၏။
သရဲလို႔ထင္ၿပီးလန္႔သြားေအာင္လို႔  လက္ထဲကိုင္ထားတဲ့ေခါင္းအံုးစြပ္အျဖဴတခုကိုလွမ္းပစ္ထည့္မည္။
ေခါင္းအံုးစြပ္ကိုေလႏွင့္လြင့္ပါသေယာင္လွမ္းပစ္ထည့္ေတာ့...
ေခါင္းအံုးစြပ္ေလးကကြက္တိစည္းရဲ႕ေခါင္းေရာမ်က္ႏွာပါအုပ္မိလ်က္သားေလး။

'အဟိ'

ပင္လယ္ကေတာ့ေနာက္လိုက္ရလို႔ေပ်ာ္သြားေပမယ့္...
စည္းဆီကအလိုမက်သလို 'က်စ္ခနဲ' ညည္းသံၾကားရ၏။
စိတ္တိုသြားတာလို႔သိလိုက္တာနဲ႔...
ပင္လယ္ကအျဖဴေရာင္အဝတ္စေတြၾကားမွာကြယ္ဝွက္ၿပီးေနရင္း အလိုလိုညစ္ျပံဳးျပံဳးမိသြားတာဘာေၾကာင့္မွန္းမသိ။

'အဟိ'

အဝတ္စျဖဴျဖဴႀကီးေခါင္းေပၚေရာက္လာလို႔စိတ္တိုသြားရင္း စည္းကထိုင္ရာမွထ,လာၿပီးေဘးဘယ္ညာကိုလိုက္ၾကည့္ေတာ့သည္။
မႈန္ေတေတမ်က္ႏွာေပးေလးနဲ႔စည္းဟာ...ဘယ္လိုေလးမွန္းလဲမသိ။
စိတ္တိုေနတာသိသာေပမယ့္ အဲဒီမ်က္ႏွာကိုပဲသေဘာက်ေနမိတဲ့သူ႔ကိုယ္သူလည္း ထူးဆန္းသည္။
စည္းကိုျမင္လိုက္တာနဲ႔ စိတ္မတိုတိုေအာင္စ,ေနာက္ခ်င္တဲ့စိတ္ကိုလည္းအံ့ၾသမိသည္။

သုန္မႈန္ေနတဲ့မ်က္ႏွာနဲ႔၊ ဘာဂလန္႔ေျပာမည့္နႈတ္ခမ္းေသးေသးေလးကို သေဘာက်ေနမိတဲ့စိတ္ကလည္းနားလည္ရခက္၏။
ျပံဳးတာ၊ ရယ္တာရွားေပမယ့္ စည္းကိုသူဘာ့ေၾကာင့္သေဘာက်ေနမိသလဲဆိုတာ...
ပင္လယ္မေတြးတတ္ပါ။
မႈန္ကုပ္ကုပ္ေပမယ့္ ၾကည့္လို႔ေကာင္းတာထက္ပိုတဲ့
စည္းရဲ႕မ်က္ႏွာေလးဟက္ဟက္ပက္ပက္ျပံဳးတာေလးကိုသူျမင္ဖူးခ်င္ပါသည္။
ယုန္သြားေလးမ်ားေပၚတဲ့အထိလြတ္လြတ္လပ္လပ္ရယ္ေမာသည္အထိစည္းကိုသူရင္းႏွီးခင္မင္ခ်င္ေသးသည္။
စည္းဆိုတာဘယ္လိုလူလဲဆိုတာသူသိခ်င္ေသးသည္။
မ်က္ဝန္းေတြေအးစက္စက္ႏိုင္ေပမယ့္ ေသြးေအးလူသားလို႔ေတာ့သူမထင္မိေပ။
ဒီေနရာမွာခဏေလးလာေတြ႕ၾကတယ္ဆိုေပမယ့္ စည္းနဲ႔သူဟိုးအရင္ကတည္းကေတြ႕ဖူးခဲ့တဲ့သူငယ္ခ်င္းလို၊ မိတ္ေဆြလိုမ်ိဳးရင္းႏွီးေနမိတာ...
သူပဲစိတ္ကထင္ေနလို႔လား။
ဒီတည္းခိုခန္းေလးမွာခဏတာလာတည္းၿပီး
ေနာက္ထပ္ခုနစ္ရက္ေနၿပီးတာနဲ႔စည္းသူ႔အိမ္သူျပန္ေတာ့မည္ကိုေတြးမိေတာ့ဝမ္းနည္းသလိုမ်ိဳးခံစားလာရ၏။
အေပါင္းသင္းမ်ားၿပီးအစြဲအလမ္းနည္းတတ္ခဲ့သည့္သူသည္ ဘာတစ္ခုကိုမွအေလးမထားခဲ့ဖူးဘူးဆိုတာမွန္ေပမယ့္...
စည္းဆိုသည့္ထိုလူသားကေတာ့...ခြ်င္းခ်က္ေလးျဖစ္မလားမသိေပ။

Unicode

ဧည့်သည်

မိုနာဆီမှအမြန်ချောဖြင့်ငွေလွဲရောက်လာသည်နှင့်ချက်ချင်းတည်းခိုစရိတ်သုံးသောင်းကိုပေးချေလိုက်သည်။
ငွေချေတော့မှရွှေရုပ်လေးကတည်းခိုခန်းသော့လေးကိုလှမ်းပေး၏။

'ရော့...ကိုကြီးရဲ့အခန်းသော့...
ဒုတ်ယထပ်ကအခန်းနံပတ်ငါးပါ'

ရွှေရုပ်လှမ်းပေးတဲ့ကောင်တာပေါ်မှသော့ကိုယူပြီးခေါင်မိုးထပ်ကအဝတ်ထုတ်ကိုအခန်းနံပတ် (5) ကိုပြောင်းထားဖို့ပြင်ရသည်။
ထပ်ခိုးခန်းဆီအရင်သွားပြီးအဝတ်ထုပ်ယူရမည်။
သော့လေးယူပြီးတော့လှေကားပေါ်တက်သွားတဲ့စည်းရဲ့နောက်ကနေပင်လယ်ကကပ်လိုက်၏။

'စည်း...အခန်းတကယ်ပြောင်းမှာလား...
ပျင်းဖို့ကောင်းတာကွာ
ဒီညတော့ခြောက်ကပ်နေတော့မှာပဲ...မပြောင်းလို့မရဘူးလား...
ငါစကားပြောဖော်မရှိရင်မနေတတ်လို့...
အား...ဒုက္ခပဲ၊ တယောက်ထဲလဲအိပ်ရတော့မှာပဲ၊
မပြောင်းလို့မရဘူးလားကွာ....ဟင်း.....'

ပင်လယ်က ကလေးလေးလိုနွဲ့တဲ့တဲ့လေးနဲ့ချွဲပစ်ပြီးပြော စကားတွေကအဆက်မပြတ်ပြောရင်းကပ်လိုက်လာတာကိုသိပေမယ့်
သူ့စကားတွေကိုမကြားချင်ယောင်ဆောင်ပြီး
စည်းကတုံဏှိဘာဝေလေးလုပ်၏။

တမင်ကိုမကြားချင်ယောင်ဆောင်တယ်ဆိုတာသိပေမယ့်...ပင်လယ်ကလက်မလျော့ဘူး။

'ဟင်...စည်း၊ ဟင်လို့၊
မပြောင်းပါနဲ့လား..."

အသည်းယားစဖွယ်ကောင်းအောင်ချွဲပစ်ထနေတဲ့သူ့အသံကိုလစ်လျူရှုပြီး
ခြောက်အောင်လှမ်းထားတဲ့အဝတ်တွေကိုသာစုသိမ်းလို့ပါလာတဲ့အိတ်ထဲထိုးထည့်ပြီး စည်းကဒုတိယထပ်သို့ဆင်း၏။
အဲဒီအထိပင်လယ်ကသူ့နောက်ကနေကပ်ပြီးလိုက်နေဆဲ။

'စည်း...'

အခန်းနံပတ် (5) ကိုသော့ဖွင့်ဝင်တော့နောက်ကနေကပ်ပါလာတဲ့ပင်လယ်ကရုတ်တရက်စည်းလက်ကိုဆွဲသည်။

'ဘာလဲကွာ'

စည်းက...သူ့လက်ကိုပြန်ရုန်းပေမယ့်မအောင်မြင်။

'အဟဲ...စဉ်းစားပါဦး'

ပင်လယ်ကစည်းရဲ့လက်ကိုဆွဲယူပြီးကိုယ့်ရင်ဘတ်ပေါ်ကိုယ်ပြန်ကပ်စေသည်။
ကိုယ့်ရင်ဘတ်ကိုယ်ပြန်မေးဆိုတဲ့သဘောလေးမို့...
စည်းအနည်းငယ်တော့ငြိမ်သက်သွားမိသည်။

'အေးအေးဆေးဆေးစဉ်းစားပါ...ခဏလေးနားလိုက်...ပြီးရင်ကိုယ့်ရင်ဘတ်ကိုပြန်မေးကြည့်...
ပျင်းဖို့ကောင်းတယ်မလား...နော်...တယောက်ထဲနေရမှာပျင်းစရာကြီး
မထားခဲ့ပါနဲ့ကွာ...နော်...စည်း...'

ရယ်ကျဲကျဲမျက်နှာပေးနဲ့ပင်လယ်က အတည်ပေါက်နဲ့နောက်နေသလိုလေးဖြစ်နေတော့...စည်းကစိတ်ရှုပ်သွားမိ၏။
သူ့ရင်ဘတ်ပေါ်ကပ်ပြီးတင်ထားတဲ့လက်ကိုပြန်ရုပ်ချလိုက်ရင်း...

'မပျင်းဘူး...ပျင်းစရာအကြောင်းလဲမရှိဘူး..ငါကခဏလာတည်းတဲ့ဧည့်သည်မို့လို့လေ'

'အာ...စည်းကလဲ၊ နေ...နေဦးလေ'

'ငါ...နားတော့မယ်'

အေးစက်စက်အသံနဲ့တည်ငြိမ်နေတဲ့စည်းရဲ့မျက်နှာဟာလူသေကောင်နဲ့တောင်တူသေးသည်။
အခန်းထဲဝင်လိုက်မလို့ပင်လယ်ကကြံနေပေမယ့်...
'ဒုန်း'ခနဲဆောင့်ပိတ်သွားတဲ့တံခါးကလေထက်တောင်မြန်နေ၏။

'ဟင့်...'

ပိတ်သွားသည့်တံခါးရှေ့မှာပင်လယ်သည်လိုတာမရသည့်ကလေးလိုမဲ့ကျန်နေခဲ့ရင်း...မျက်စောင်းတွေချည်းလိမ့်ထိုးမိတော့သည်။
ဒီညတော့အဖော်မရှိတော့ဘူးပဲ။

'ကျွတ်စ်'

စည်းကအခန်းတံခါးပိတ်ပြီးတာနှင့်အိပ်ယာပေါ်ချက်ချင်းပစ်လှဲချသည်။
ခဏလာတည်းတဲ့ဧည့်သည်ဆိုတော့သက်တောင့်သက်သာလေးနေချင်တယ်မဟုတ်ပါလား။
ရှုပ်ထွေးနေတဲ့စိတ်တွေရှင်းလင်းသွားအောင်လို့တယောက်ထဲအေးအေးဆေးဆေးကပဲကောင်းတယ်ဆိုပေမယ့်...
မဲ့ကျန်ခဲ့တဲ့ဟိုကောင်လေးရဲ့မျက်နှာလေးကိုမြင်ယောင်ရင်းစိတ်တွေကဒွိဟ။
အခန်းရှေ့ကနေပြန်ထွက်သွားတဲ့ခြေသံလေးမကြားရသေးတော့ ပင်လယ်ရပ်နေတုန်းပဲဖြစ်မည်။

တကယ်...ဘယ်လိုလေးလဲမသိဘူး။
ကလေးလိုလိုခွေးလိုလိုအကောင်'
အိပ်ယာပေါ်လှဲအိပ်ပြီးတွေးနေရင်းနဲ့တယောက်ထဲတံခါးပေါက်ဆီမျက်စောင်းပစ်လေသည်။

'သူနဲ့ငါဘာဆိုင်တာမှတ်လို့'

xxxxx

အဝတ်လျှော်တဲ့နေရာနားလေးမှာပင်လယ်အလုပ်ရှုပ်နေပါသည်။
သုံးပြီးသားခေါင်းအုံးစွပ်ဖြူဖြူတွေကိုလျော်ပြီးလှန်းရမည်။
ထပ်ပြီးလျှော်ဖို့မျက်နှာသုတ်ပုဝါတွေလည်းကျန်သေးတာမို့ ဒီညနေပြီးအောင်တော့လုပ်ဖို့တွေးရင်း
မြန်မြန်ပြီးအောင်လုပ်ဖို့ပြင်သည်။

ဒီနေ့လေတိုက်နှုန်းအနည်းငယ်ပြင်းတာမို့ ဆံပင်ရှည်တွေကဟိုယိမ်းဒီယိမ်းနဲ့ မျက်နှာပေါ်မှာရှုပ်ထွေးလာ၏။
လေနဲ့လွင့်ပျံနေသည့်ဆံပင်များကိုအရင်စုသိမ်းပြီးအထုံးလေးဖြစ်အောင်ချည်သည်။
ပြီးမှလျော်ပြီးသားအဖြူရောင်အိပ်ယာခင်းကိုယူပြီး...
အဝတ်လှမ်းကြိုးပေါ်ပြန့်နေအောင်လှန်းနေတုန်းဘေးဘက်ဝါရန်တာဆီမှစာရွက်လှန်သံကြားသည်မို့ပင်လယ်ခေါင်းကိုငဲ့စောင်းပြီးချောင်းကြည့်တော့...စာအုပ်တအုပ်နဲ့ထိုင်နေတဲ့စည်းကိုတွေ့ရ၏။

'စည်းပဲ'

သူ့ဘာသာမသိလိုက်ဘဲပင်လယ့်နှုတ်ခမ်းလေးကပြုံးလျက်သားလေးဖြစ်သွားကာ...ပျော်ရွှင်သွား၏။
ဒီနေ့တမနက်လုံးအခန်းထဲကထွက်မလာဘဲအခုမှစည်းကိုတွေ့ရတာပါ။
သူကသာချောင်းကြည့်လိုက်၊ အဝတ်ဖြူတွေကိုလွှားတင်လိုက်လုပ်နေပေမယ့်...
တဖက်ဝါရန်တာကစည်းကတော့တုတ်တုတ်မျှမလှုပ်ပေ။
အေးအေးလူလူနဲ့စာအုပ်ထဲနစ်မျောနေပုံရပြီးအနီးနားမှာလူရှိနေကြောင်းကိုမသိဘူးထင်ပါသည်။

ငြိမ်သက်နေတဲ့သူ့ကိုနောက်ဖို့အကြံလေးနဲ့
ပင်လယ်ကမချိုမချဉ်ပြုံးရင်း ဝါရန်တာအစွန်းဆီနနည်းနည်းစီတိုးကပ်၏။
သရဲလို့ထင်ပြီးလန့်သွားအောင်လို့  လက်ထဲကိုင်ထားတဲ့ခေါင်းအုံးစွပ်အဖြူတခုကိုလှမ်းပစ်ထည့်မည်။
ခေါင်းအုံးစွပ်ကိုလေနှင့်လွင့်ပါသယောင်လှမ်းပစ်ထည့်တော့...
ခေါင်းအုံးစွပ်လေးကကွက်တိစည်းရဲ့ခေါင်းရောမျက်နှာပါအုပ်မိလျက်သားလေး။

'အဟိ'

ပင်လယ်ကတော့နောက်လိုက်ရလို့ပျော်သွားပေမယ့်...
စည်းဆီကအလိုမကျသလို 'ကျစ်ခနဲ' ညည်းသံကြားရ၏။
စိတ်တိုသွားတာလို့သိလိုက်တာနဲ့...
ပင်လယ်ကအဖြူရောင်အဝတ်စတွေကြားမှာကွယ်ဝှက်ပြီးနေရင်း အလိုလိုညစ်ပြုံးပြုံးမိသွားတာဘာကြောင့်မှန်းမသိ။

'အဟိ'

အဝတ်စဖြူဖြူကြီးခေါင်းပေါ်ရောက်လာလို့စိတ်တိုသွားရင်း စည်းကထိုင်ရာမှထ,လာပြီးဘေးဘယ်ညာကိုလိုက်ကြည့်တော့သည်။
မှုန်တေတေမျက်နှာပေးလေးနဲ့စည်းဟာ...ဘယ်လိုလေးမှန်းလဲမသိ။
စိတ်တိုနေတာသိသာပေမယ့် အဲဒီမျက်နှာကိုပဲသဘောကျနေမိတဲ့သူ့ကိုယ်သူလည်း ထူးဆန်းသည်။
စည်းကိုမြင်လိုက်တာနဲ့ စိတ်မတိုတိုအောင်စ,နောက်ချင်တဲ့စိတ်ကိုလည်းအံ့သြမိသည်။

သုန်မှုန်နေတဲ့မျက်နှာနဲ့၊ ဘာဂလန့်ပြောမည့်နှုတ်ခမ်းသေးသေးလေးကို သဘောကျနေမိတဲ့စိတ်ကလည်းနားလည်ရခက်၏။
ပြုံးတာ၊ ရယ်တာရှားပေမယ့် စည်းကိုသူဘာ့ကြောင့်သဘောကျနေမိသလဲဆိုတာ...
ပင်လယ်မတွေးတတ်ပါ။
မှုန်ကုပ်ကုပ်ပေမယ့် ကြည့်လို့ကောင်းတာထက်ပိုတဲ့
စည်းရဲ့မျက်နှာလေးဟက်ဟက်ပက်ပက်ပြုံးတာလေးကိုသူမြင်ဖူးချင်ပါသည်။
ယုန်သွားလေးများပေါ်တဲ့အထိလွတ်လွတ်လပ်လပ်ရယ်မောသည်အထိစည်းကိုသူရင်းနှီးခင်မင်ချင်သေးသည်။
စည်းဆိုတာဘယ်လိုလူလဲဆိုတာသူသိချင်သေးသည်။
မျက်ဝန်းတွေအေးစက်စက်နိုင်ပေမယ့် သွေးအေးလူသားလို့တော့သူမထင်မိပေ။
ဒီနေရာမှာခဏလေးလာတွေ့ကြတယ်ဆိုပေမယ့် စည်းနဲ့သူဟိုးအရင်ကတည်းကတွေ့ဖူးခဲ့တဲ့သူငယ်ချင်းလို၊ မိတ်ဆွေလိုမျိုးရင်းနှီးနေမိတာ...
သူပဲစိတ်ကထင်နေလို့လား။
ဒီတည်းခိုခန်းလေးမှာခဏတာလာတည်းပြီး
နောက်ထပ်ခုနစ်ရက်နေပြီးတာနဲ့စည်းသူ့အိမ်သူပြန်တော့မည်ကိုတွေးမိတော့ဝမ်းနည်းသလိုမျိုးခံစားလာရ၏။
အပေါင်းသင်းများပြီးအစွဲအလမ်းနည်းတတ်ခဲ့သည့်သူသည် ဘာတစ်ခုကိုမှအလေးမထားခဲ့ဖူးဘူးဆိုတာမှန်ပေမယ့်...
စည်းဆိုသည့်ထိုလူသားကတော့...ချွင်းချက်လေးဖြစ်မလားမသိပေ။

Continue Reading

You'll Also Like

6.6M 180K 55
⭐️ ᴛʜᴇ ᴍᴏꜱᴛ ʀᴇᴀᴅ ꜱᴛᴀʀ ᴡᴀʀꜱ ꜰᴀɴꜰɪᴄᴛɪᴏɴ ᴏɴ ᴡᴀᴛᴛᴘᴀᴅ ⭐️ ʜɪɢʜᴇꜱᴛ ʀᴀɴᴋɪɴɢꜱ ꜱᴏ ꜰᴀʀ: #1 ɪɴ ꜱᴛᴀʀ ᴡᴀʀꜱ (2017) #1 ɪɴ ᴋʏʟᴏ (2021) #1 IN KYLOREN (2015-2022) #13...
4.1M 199K 101
✅ "We always long for the forbidden things." 𝐝𝐲𝐬𝐭𝐨𝐩𝐢𝐚𝐧 𝐧𝐨𝐯𝐞𝐥 ↯ ⚔︎ ʙᴏᴏᴋ ᴏɴᴇ ᴀɴᴅ ᴛᴡᴏ ᴄᴏᴍʙɪɴᴇᴅ ⚔︎ ...
91.9M 2.9M 134
He was so close, his breath hit my lips. His eyes darted from my eyes to my lips. I stared intently, awaiting his next move. His lips fell near my ea...
10.1M 506K 199
In the future, everyone who's bitten by a zombie turns into one... until Diane doesn't. Seven days later, she's facing consequences she never imagine...