Loving Lies ( Completed )
By aseinnkyaw
333K 27.3K 2.7K
မချစ်ဖူးလို့ပြောရင် အဲတာညာနေတာပဲ ဦးဝေ! ဘဝမှာ တစ်ခါလောက်တော့ ကျွန်​တော့် အတွက် သတ္တိရှိပေးပါ More
🍀 Loving Lies 🍀
Intro
Part - 1 🍀
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8 🎋( Sweet Kiss )🎋
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part- 33
Part - 34
Part - 35
Part - 36 ( Ending)
Announcement
Season - 2
Part - 20
7.1K 726 87
By aseinnkyaw
Loving Lies
Unicode
" တီ  "
ဖုန်းတုန်ခါမှုမှတဆင့် စားပွဲခုံနဲ့ပွတ်တိုက်မိပြီး
အသံအဖြစ် ထွက်ပေါ်လာသောအခါ ရေစို
လက်စဆံပင်တို့ကို တဘက်နဲ့ခပ်ကြမ်းကြမ်း
သုတ်နေတဲ့ နိုးနိုးက တဘက်ကို လည်ပင်းမှာ
ပတ်လျက်သားဖြင့် ဖုန်းကို ယူကြည့်လိုက်သည်။
Samsaung S10 Plus
Samsaung Brand ထဲက တန်ဖိုးအမြင့်ဆုံး
နဲ့ နောက်ဆုံးထွက်ရှိထားသည့် အနက်ရောင်
ပြောင်လက်နေသည့် ကိုယ်ထည်နဲ့ဖုန်းက
သေချာပေါက် သူ့ဟာတော့ မဟုတ်။ သူရော
မြတ်သုတပါ IOS Fan တွေမို့ သေချာပေါက်
ဒီ Samsaung ဖုန်းရဲ့ပိုင်ရှင်ဟာ ခန့်ထည်မှ
လွဲ တခြားမရှိ ။
ငါကိုင်ပြီး ပြောပေးလိုက်ရင် ကောင်းမလား ။
ဖုန်း Screen မှာ ပေါ်နေတဲ့ Contact တစ်ခု
က Mommy တဲ့ ။ အနဲဆုံးတော့ အိမ်ပေါ်က
ဆင်းလာတဲ့ သားဖြစ်သူအတွက် သူ့ရဲ့မိခင်
ကတော့ သေချာပေါက်စိတ်ပူနေမှာပါပဲ ။
ငယ်ငယ်ကတည်းက မိဘမဲ့ခဲ့တဲ့ သူအတွက်
တော့ စိတ်ပူပေးမယ့် မိခင်မရှိခဲ့တာမို့ Mommy
ဆိုသည့်အမည်နာမတစ်ခုကို မြင်လိုက်ရတာနဲ့
တင် ရင်ခုန်နွေးထွေးသွားရသည်။
"ဟဲလို အန်တီ  ကျွန်တော်က ခန့်ထည်ရဲ့
သူငယ်ချင်းပါ ခန့်ထည် ကျွန်တော်တို့ အိမ်မှာ
အဆင်ပြေပြေရှိနေတာမို့ အန်တီစိတ်မပူပါနဲ့
သူ စိတ်ဆိုးပြေသွားရင် ပြန်လာပါလိမ့်မယ် "
တစ်ဖက်က ဘာမှမပြောနိုင်သေးခင်မှာပင်
သူ စကားကို ပိတ်ပြောလိုက်သည်။
"ကျေးဇူးပဲ သားရယ် ဒီကေလးက တဇွတ်ထိုး
သူ့အဖေကို စိတ်ဆိုးတာလေးတစ်ခုနဲ့ အိမ်
ပေါ်က ဆင်းသွားတာ ပြန်ကို မလာတော့ဖူး
အန်တီ ဖုန်းဆက်တဲ့အကြောင်းနဲ့ သူ့ကို စိတ်ပူ
နေတယ် ဆိုတဲ့အကြောင်းလေးပြောပေးပါဦး "
ခန့်ထည် အမေရဲ့အသံမှာ သားဖြစ်သူကို
စိုးရိမ်ခြင်းတွေက အပြည့်အ၀ပင် ။ ဒီနေ့နဲ့ဆို
ခန့်ထည် သူ့အဖေနဲ့ပြသနာတတ်ပြီး အိမ်
ပေါ်ကဆင်းလာကာ သုတ အိမ်မှာ သောင်တင်
နေတာ သုံးရက်မြောက်နေ့။
ခန့်ထည်ရဲ့အပြုအမူတွေ ဆက်ဆံပုံတွေကို
နဲနဲတော့ အမြင်ကပ်သလိုရှိပေမဲ့ တစ်ခါတစ်
လေ သူအပေါ်သည်းခံပေးတတ်သည့် စိတ်
ကလေးကြောင့် အိမ်ပေါ်ကတော့ မနှင်ချဖြစ်ခဲ့။
သူလည်းပဲ ဦးဝေ နဲ့ပြသနာတတ်ပြီးကတည်း
က မြတ်သုတ အိမ်မှာ တောက်တဲ့လိုကပ်နေ
တာ လနှင့် ပင်ချီနေပြီ မဟုတ်လား။ ထားပါ ။
ဘာဘဲဖြစ်ဖြစ် ခန့်ထည်နဲ့လည်း အခုတော့
အဆင်ပြေသလို ရှိနေ တာမို့ သူ ထွေထွေ
ထူးထူးတော့ အတွန့်တတ်မနေမိတော့ ။
"ဟုတ်ကဲ့ အန်တီ ကျွန်တော် ဆက်ဆက်ပြော
လိုက်ပါမယ် "
ခန့်ထည် အမေနဲ့ပြောပြီး ဖုန်းကို ချလိုက်တော့
ဖုန်း Lockscreen က လင်းခနဲပေါ်လာသည် ။
What the fuck !!! ဘာလဲဟ ???
ဖုန်း Screen မှာ မြင်နေရသည်က သူ အိပ်ပျော်
နေတဲ့ပုံ ။ သေချာပေါက် ထိုဓါတ်ပုံဟာ သေချာ
ပေါက် သူကိုယ်တိုင် အရိုက်ခံခဲ့တာမဟုတ် ။
ရုတ်တရက် သူ့ခေါင်းပေါ်က ဆံပင်မွှေးများ
ပင်ထောင်မတ်သွားသလို ခံစားလိုက်ရသည်။
ခန့်ထည်ရဲ့ဖုန်းထဲ သူ့ပုံကဘယ်ပုံ ဘယ်နည်းနဲ့
များ ။ အတွေးတစ်ချိူ့နှင့်အတူ သံသယ
တစ်ချိူ့က ခေါင်းထဲလှစ်ခနဲ၀င်လာသည်မို့
သူ့လက်တွေက ခန့်ထည် ဖုန်းရဲ့Gallery သို့
တစ်ဆက်တည်း လှုပ်ရှားမိသွားသည်။
ကံကောင်းချင်တော့ သကောင့်သားလေးက
ဘာကိုမှ Lock ချမထား ။ သူနဲ့ မြတ်သုတကို
တော်တော်လေး ယုံကြည်သည့်ပုံပေါ်သည်။
ဟင် ....
အာမေဍိတ်သံ တိုးတိုးနှင့်အတူ သူ့မျက်လုံးများ
ပြူးခနဲ။ခန့်ထည်ရဲ့ဖုန်းလား သူ့ဖုန်းလား ခွဲခြား
မရအောင် ဖုန်းGalleryထဲမှာ  သူ့ပုံတွေဆို
တာမြင်လို့တောင်မကောင်း။သူအိပ်နေသည့်
ပုံ၊ စားနေသည့်ပုံ ၊စာကျက်နေသည့်ပုံ ၊ယုတ်စွ
အဆုံး အ၀တ်လဲနေတဲ့ပုံတောင်ပါသေး ။
ပုံတိုင်းလိုလိုက မမြင်ကွယ်ရာရှုထောင့် တစ်
ခုခုကနေ ခိုးကြောင်ခိုး၀ှက်ရိုက်ထားရသည့်
အနေအထားတွေမို့ သူ အံံ့သြရင်းသာ ကြောင်
တောင်တောင် ငေးစိုက်ကြည့်နေမိသည်။
"အဲဆိုင်က ၀န်ထမ်းတွေက လန်းတယ်နော်
ချစ်စရာလေးတွေ "
အိတ်အမဲနှင့် သေချာထုတ်ပိုးထားတဲ့ Chang
ဘီယာ ပုလင်းတွေကို တစ်ဖက်စီကိုင်ရင်း
စကားတပြောပြောနှင့် အိမ်ထဲ ပြန်၀င်လာတဲ့
မြတ်သုတ နဲ့ခန့်ထည်တို့ အသံကြားတာမို့
နိုးနိုးက ဖုန်းကို မသိမသာချလိုက်ကာ ဘီရိုနား
သို့သွားလျက် စွပ်ကျယ်တစ်ထည်ကို ခပ်မြန်မြန်ကောက် ၀တ်နေလိုက်သည်။
"ဟရောင် နိုးပြီလား မြန်မြန်လာခဲ့ကွာ ၀ိုင်း
စရအောင် အမြည်းကို မင်းကြိုက်တဲ့ ချိစ်
တွေဝယ်လာတယ်"
မြတ်သုတက အိတ်ကိုထောင်ပြရင်း မီးဖိုချောင်
ထဲသို့ပြင်ဆင်ရန်၀င်သွားသည်။ ခန့်ထည်
ကတော့ သူ့ကိုတစ်ချက်စိုက်ကြည့်ရင်း သုတ
နောက်ကို လိုက်သွားသည်။
မနက်ဖန်ဆို သူ အောင်စာရင်း ထွက်မည့်နေ့
ဖြစ်သည်။မြတ်သုတ ဆိုတဲ့လဒက သူဘာသာ
ဘီယာသောက်ချင်တာကို နိုးနိုးစာမေးပွဲ အောင်
မှာမို့ ဂုဏ်ပြုပွဲ ဟု အကြောင်းပြကာ ခန့်ထည်
ကိုခေါ်ပြီး နီးစပ်ရာ CoCo မှာ စားစရာ သောက်
စရာတွေကို သွား၀ယ်တာဖြစ်သည်။
တကယ်တမ်း သူအောင်လား မအောင်လား
ကဖြင့် အခုထိ မသိရေသး ။
'သုတ .. ခဏလောက် "
အကျီလဲပြီးသွားတော့ နိုးနိုး က မီးဖိုခန်းထဲ
သွားကာ သုတကို မျက်နှာရိပ် မျက်နှာကဲပြရင်း
ခေါ်လိုက်သည်။ ထို့နောက် သူရော သုတပါ
ခန့်ထည် Toilet ထဲ ၀င်သွားတာကို အခွင့်
ချောင်းပြီး ဝရံတာဘက် ထွက်လာခဲ့သည်။
"ခန့်ထည် ဖုန်းထဲက ငါ့ဓါတ်ပုံတွေကို တွေ့
လိုက်တယ် အဲဒါ ဘာသဘောလဲ သုတ
အဲတာ မင်းလက်ချက်မလား "
သူခိုးလူမိသွားသလို မျက်နှာတစ်ပြင်လုံး ရဲ
သွားသော မြတ်သုတက သူ့အား အကြည့်လွှဲ
လိုက်ရင်း ခေါင်းငုံ့ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
"ဆောရီး နိုးနိုး မင်းကို ငါ တမင် လျှိူ့၀ှက်
ခဲ့တာ မဟုတ်ဖူး  "
မြတ်သုတ အသံက တိုးတိုးလေး ။ နိုးနိုးက
မြတ်သုတ ကို စူးစိုက်ကြည့်ရင်း ပုခုံးတွေကို
ခပ်နာနာ လှုပ်ရမ်းပစ်လိုက်သည်။
"ဟက် .. ဘာလဲ သုတ ခန့်ထည်က ငါ့ကို
ကြိုက်နေတာလို့တော့ မင်းမပြောဖူးမလား "
"မင်း ရိပ်မိနေသလိုပဲ ခန့်ထည်က မင်းကို
ကြိုက်နေတာ လွန်ခဲ့တဲ့ ခြောက်လကတည်း
ကပဲ မင်းငါတို့ကျောင်းကို လိုက်လာတဲ့နေ့
မှတ်မိတယ်မလား အဲနေ့ကတည်းက ခန့်ထည်
မင်းကိုတွေ့သွားတာ သူက ချီလီနဲ့လည်း သိ
တယ်ကွာ မင်း ဓါတ်ပုံတွေ သူ့ကို ရိုက်မပို့ပေး
ရင် ငါ ကျောင်းမှာ နောက်စော်နဲ့တွဲနေတာ
ချီလီ့ကိုသွားပြောမယ်လို့ ချိန်းခြောက်တယ်
ငါ ချီလီ အထင်လွဲမှာမခံနိုင်ဖူး သူ့ဆီက
အဖြေမရသေးခင် နောက်စော်နဲ့ တွဲနေတာ
မသိစေချင်လို့ အဲတာကြောင့် ငါခန့်ထည်ကို
ကူညီလိုက်မိတာ ငါ့ကိုခွင့်လွှတ်ပါ "
"ကျစ်. "
မြတ်သုတက မျက်နှာငယ်လေးနဲ့တောင်းပန်
တိုးသျိူး နေသည်မို့ နိုးနိုးက စိတ်ပျက် လက်
ပျက် နှင့် ဝရံတာဘက် လက်ထောက်ရင်း
အကြည့်လွှဲလိုက်သည်။ သုတရာ မင်း ငါ့ကို
အထင်သေးလှ ချည်လားကွာ ။ ငါယောကျာ်း
ချင်း ပြန်ချစ်မိတယ် ဆိုတာ ဦးဝေ ဖြစ်နေလို့ကွ။ဆောင်းဦးဝေ ဆိုတဲ့ လူမို့လို့ကို ငါချစ်ခဲ့တာကွ။
"နိးနိုး ငါအခုလို လုပ်ခဲ့တာ မင်းအတွက်လည်း
အကျိူးမယုတ်ပါဖူး ဦးဝေ မင်းဘက်ကို စိတ်
လည်လာဖို့အတွက် ခန့်ထည်ကို မင်းအသုံးချ
လို့ရနေတာပဲ "
မြတ်သုတရဲ့နောက်ဆက်တွဲစကား ။ ခုနက
မျက်နှာကလေး ဇီးရွက်လောက်သာဖြစ်နေ
သော မြတ်သုတဟာ အခုကျတော့ ကောက်
ကျစ်စဉ်းလဲသည့် မြေခွေးတစ်လောက်လို ပြုံး
နေပေ၏။
လူတိုင်းကို လှည့်စားပြီး အေးအေးလူလူ နေနိုင်
တာဟာ တော်ရုံစကေးတော့မဟုတ်။ သို့သော်
မြတ်သုတ ပေးတဲ့အကြံဉာဏ်က ဆိုးတော့မဆိုး
လှ။သူ့အတွက် အသုံး၀င်နိုင်ချေ ရာခိုင်နှုန်းများ
နေသည်မို့ နိုးနိုး က စိတ်ကိုလျော့ချလိုက်ကာ
မြတ်သုတကို တစ်ခါပြန် ခြိမ်းခြောက်လိုက်သည်။
"အေး မင်းပေးတဲ့ အကြံက ကောင်းသွားလို့
မင်းကို ဒီတစ်ခါ အသက်ချမ်းသာပေးလိုက်မယ်
ခွေးကောင် မင်းပြောသလို ခန့်ထည် ကျေနပ်
အောင် ပြီးတော့ ဦးဝေ နဲ့ကိစ္စမှာ အသုံးချလို့
ရအောင် ငါရေလိုက် ငါးလိုက် အလိုက်သင့်
ဆက်ဆံလိုက်မယ် အေး အဲတာကို မင်းထပ်ပြီး
ခန့်ထည် ရှေ့ဖော်ကောင်လုပ်ရင်တော့ မင်းနဲ့
နောက်စော်ကိစ္စ ချီလီကို ငါကိုယ်တိုင်သွားပြော
မယ် "
သူကျိန်းလိုက်တော့ မြတ်သုတက မျက်နှာကြီး
အီးမှန်ထားသလို ရှုံ့တွပြ၏။နိုးနိုးက မြတ်သုတ
ကို ကြည့်ကာ တစ်ချက်ခေါင်းခါရင်း ဟက်ခနဲ
ရယ်လိုက်သည်။ ပြီးတော့ ဦးဝေ နှလုံးသားကို
သ၀န်တိုစိတ်ကလေး နဲနဲ ဖြစ်ဖြစ်၀င်လာအောင်
လုပ်ရမည့်အရေးအတွက်လည်း သူ စိတ်တွေ
အစွမ်းကုန် လှုပ်ရှားနေပေသည်။
---------------------------------------------------
"ကျော်နောင် အောင်စာရင်း တတ်လာပြီလား "
ဆောင်းဦးဝေ က ဘယ်နှစ်ကြိမ် မြောက်မှန်း
မသိသော မေးခွန်းကို ကျော်နောင့်ကို မေးလိုက်
ပြန်သည်။
"ည ၁၂ နာရီ တိတိမှာ တင်မယ်ပြောတယ်
စိတ်မပူပါနဲ ဘော့စ် ရယ် ကျွန်တော် သေချာ
စောင့်ကြည့်နေပါတယ် "
ကွန်ပျူတာရှေ့မှာထိုင်လျက် အောင်စာရင်း
တင်မည့် Pageကို See First လုပ်ထားတဲ့
ကျော်နောင် က မျက်တောင်မခတ်စတမ်း
စောင့်ကြည့်နေပေသည်။
မနက်ဖန် အောင်စာရင်းထွက်မယ်ဆိုတာ သိပြီး
ကတည်းက ဘော့စ်တစ်ယောက်တစ်ညနေလုံး
ထိုင်လိုက်ထလိုက်ဖြင့် ဂဏှာမငြိမ်တော့။
သူ့ကိုပါ အိမ်အထိ ညအိပ်ခေါ်ထားကာ
အောင်စာရင်း update ထွက်လာတာကို
စောင့်ပြီး ကြည့်ခိုင်းထားသည် အထိ ။
ကာယကံရှင် အကိုလေး နိုးနိုးတော့ ဘယ်လို
နေမလဲ မသိ ။ ဘော့စ်တစ်ယောက်ကတော့
စာမေးပွဲကို သူ ကိုယ်တိုင် ၀င်ဖြေထားသလို
ပျာယာတွေ ခတ်လို့နေပေသည်။
"ဘော့စ် တင်ပြီ.. တင်ပြီ .. အောင်စာရင်းတွေ
တတ်လာပြီ ကျွန်တော်ရှာလိုက်မယ် "
အောင်စာရင်းတင်တည့် Page က တစ်နိုင်ငံ
လုံးရှိ အောင်စာရင်းများကို Update လုပ်လိုက်
သည်နှင့် ကျော်နောင်က ထအော်သည်။
ကျော်နောင့် အသံကြားသည်နှင့်တစ်ပြိုင်နက်
ထိုင်နေရာမှ ၀ုန်းခနဲထလာသော ဆောင်းဦးဝေ
သည် ကျော်နောင်နှင့် အတူ ခေါင်းချင်းဆိုင်ကာ ကွန်ပျူတာ Screen ပေါ် စူးစိုက်ကြည့်နေပေသည်။
"တွေ့ပြီ ဆရာ အကိုလေးက D နှစ်ခုတောင်
ပါတယ် "
ကျော်နောင် လက်ညှိုးထောက်ပြတဲ့ နေရာကို
ဆောင်းဦးဝေ က ပြူးပြဲလိုက်ကြည့်သည်။
"စစ်မြတ်နိုး မနတ ၆၅၇ သင်္ချာ ၊ ရူပေဗဒ "
"ယေး .. "
လက်သီးလက်မောင်း တန်းကာ ခုန်ပေါက်
အော်လိုက်သော ဆောင်းဦးဝေ ကို ကျော်နောင်
က ကြောင်စီစီလေး ငေးနေပေသည်။
ဘော့စ်ဆီမှာ အလုပ်လုပ်လာတာ သူ့တစ်သက်
ရှိပြီ ။ ဘော့စ် ဒီလောက်ထိပျော်နေတာမျိူး တစ်
ခါမှ မတွေ့ဖူးခဲ့ ။
"ဟကောင် ကျော်နောင် မနက်ဖန် Company
တစ်ခုလုံးကို ကြက်ဆီထမင်းကျွေးဖို့လုပ်
ပြီးတော့ မနက်ဖန် မနက်စောစော Anycall
ကိုသွား Iphoneထဲက နောက်ဆုံးထွက်တဲ့ဟာ
11 Pro လား အဲတာကိုမိုးလင်းတာနဲ့ချက်ချင်းသွား၀ယ်ခဲ့"
ပြုံးပြုံးကြီးအမိန့်ပေးလိုက်တဲ့ ဆောင်းဦးဝေ
ကိုကြည့်ကာ ကျော်နောင်က မသိမသာနှုတ်ခမ်း
ကို မဲ့လိုက်သည်။တော်တော်ကို မျက်နှာလိုက်
တယ့်ဘော့စ် ။ မနက်က ရုံးမှာ ၀န်ထမ်းတွေသုံးဖို့
ထားတဲ့ သုံးသိန်းခွဲတန် ရေခဲသေတ္တာလေး
ပျက်သွားလို့ ပြန်၀ယ်ပေးဖို့တင်ပြတာကိုကျ
အပိုတွေမလုပ်နဲ့။ Service မှာ ပြန်ပြင်သုံးတဲ့ ။
အခုကျ အကိုလေး နိုးနိုးကို ၀ယ်ပေးမဲ့ သူပြော
တဲ့ မနေ့တစ်နေ့ကမှ ထွက်ထား တဲ့ Iphone
11 Pro ကဖြင့် ၂၄ သိန်းကျော်ရှိတာကိုဘတ်ခနဲပဲ!!
"ကျော်နောင် ကိစ္စပြီးပြီဆိုတော့ မင်း ပြန်ချင်
လည်းပြန်တော့ ငါလည်း သွားအိပ်တော့မယ်
ပြီးတော့ ဒေါ်ချောကို နိုးပြီးသွားပြောလိုက်
မနက်ဖန် နိုးနိုးကို ငါကိုယ်တိုင်အိမ်ပြန်ခေါ်
လာမှာမို့ နိုးနိုး ကြိုက်တတ်တဲ့ဟင်းတွေ တစ်ခု
မကျန် အကုန်ချက်ထားလို့ "
"ဆရာ ည ၁၂ နာရီထိုးပြီလေ ကျွန်တော်
အိမ်ပြန်လို့နောက်ကျနေလို့ ဒီမှာပဲ အိပ် "
"မင်းဘာသာမင်း အိပ်ချင်တဲ့နေရာ မှာအိပ်
လှေကားရင်းမှာပဲ အိပ်အိပ် ဆိုဖာပေါ်ပဲအိပ်
အိပ် မနက်ခင်း ငါ Breakfast စားဖို့ဆင်းလာ
တာနဲ့ဖုန်းအသစ်တစ်လုံးသာ အသင့်ဖြစ်နေပါစေ "
ဆောင်းဦးဝေ က ကျော်နောင့်ကို မှာစရာရှိ
တာတွေတရစပ်မှာကြားရင်း အိပ်ပေါ်သို့
ပြုံးပြုံးကြီး တတ်လာပေသည်။
နိုးနိုး မင်း သိပ်တော်တယ် ကောင်လေး ။
စာမေးပွဲကို ကောင်းကောင်းဖြေနိုင်ဖို့ရော ငါ
နှလုံးသားကို ယိုင်လဲကျလာအောင် စွမ်းဆောင်
နိုင်ဖို့ရော မင်း သိပ်တော်လွန်းတယ် ။
မနက်ဖန်ရောက်ရင် မင်းကိုငါ့အရိပ်အောက်မှာ
နေဖို့ငါကိုယ်တိုင်ပြန်လာခေါ်မယ် မင်းနဲ့ငါ ဆုံ
တဲ့အချိန်ကိုရောက်ရင် ငါ့ဆီက မင်းလိုချင်တယ်
ဆိုတဲ့ အကြီးမားဆုံး ဆန္ဒတစ်ခုကို တောင်းဆို
လိုက်စမ်းပါ ။
မင်းဘာကိုပဲ လိုချင်လိုချင် ငါ ဘက်ကတော့
ဖြည့်ဆည်းပေးဖို့ အဆင်သင့်ပဲ ။
Zawgyi
" တီ  "
Samsaung S10 Plus
လွဲ တခြားမရှိ ။