ကိုကိုလူဆိုး ( Z + U ) 🍀 Com...

By HaSoonnie

979K 102K 12.2K

Chanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမှ... More

1 🌱
2 🌵
3 🌿
4 🌳
5 🌲
6 🌴
7 🍀
8 🍃
9 🍁
10 🍂
11 🌾
12 😔
13 😙
14 💥
15 🌼
16 🙈
17 😒
19 😠
Please Read ✋
20 😏
21 😋
22 💫
23 😒
24 😡
25 😤
26 😭
27 😊
28 😁
29 😵
30 😪
31 😕
32 😚
33 😭
34 🐕
35 😚
36 😁
37 😚
38 😚
39 😏
40 🥃🍸
41 💋
42 😔
43 😘
44 😝
45 🤗
46 🤓
47 😖
48 😢
49 ⚡🌧
50 🤗
51 😔
52 😂
53 😡
54 😆
55 😟
56 😠
57 😢
58 😁
59 😚
60 😠
61😢
62 💞
63 😁
64 🤣
65 😔
66 😢
67 😔
68 😆
69 😊
70 🎁
71
72 😔
73 😔
74 😭
75 😊
76 😊
77 😿
78 👨‍❤️‍💋‍👨
79 🌙
80 😙
81 ❤
82 😕
83 😞
84 🎂
85 🤗
86 🤒
87 😒
88 😚
89 🤕
90 🌹
🤗 Hello
Order စကောက်ပါပြီ😁

18 😭

11.5K 1.2K 96
By HaSoonnie

[ Zawgyi ]

  " ဟိတ်...တစ်ယောက်တည်း

ကြည့်လိုက်တော့

သတိရသွားသည်ကြောင့်

" ဟုတ်...ကိုကိုက
အိပ်ချင်သေးလို့တဲ့..."

" ဟ...Chanyeol ကတော့
စံပဲဟေ့...လာလေ...တက်
ကိုယ် လိုက်ပို့မယ်...."

အရင်တစ်ခါကလည်း

" ရတယ်... Baek ဘာသာ
သွားလိုက်မယ်..."

သိလို့လား..."

ဟုမေးလိုက်တော့...
ခေါင်းလေး ခါပြပြီး

ဘာကားစီးရမလဲဆိုတာ
ကျေးဇူးတင်ပါတယ်..."

အရိုအသေပေးလိုက်တော့

" ဟုတ်ပြီဗျာ....

ဟုခပ်အေးအေးပဲ ပြောကာ

ကန်ပစ်လိုက်ပြီး...

"ဟွန်း...ငါကသာ
လိုက်မပို့ဘူး...."

" တီ...တီ..."



" ဟင်...ကိုကို..."

မှန်တံခါးက ကျလာပြီး...

" တက်..."

ထွက်လာသည်....

" ဗျာ..."

ပြန်မေးလိုက်တော့

မတက်ဘူးလား..."

စိတ်မရှည်ဘူး...


ပထမတော့ ကိုကို့ကို
သတိရနေရာကနေ
ဖြစ်လာသည်...


ဟုပြောလိုက်တော့


မေးလာသည်ကြောင့်...

" သွားရဲတယ်..."



လုပ်နေသည်ကို...

" ခုနက ဟိုကိုကြီးက

ကျွန်တော့လက်ဖျားတွေ
ကိုယ့်ဘာ့သာပြောပြီး

" ခုနက ဘာပြောလိုက်တယ်..."

" ဘာကိုလဲ..."

" မင်းအခုလေးတင်
ပြောလိုက်တယ်လေ...
မေးနေတာ..."

" ဘာမှမဟုတ်ပါဘူး....
လမ်းလျှောက်လာတုန်း
အရင်တစ်ခါ Baek ကို

" ဘာ!!!!!...."


" ဘာပြောလိုက်တယ်...
အဲ့ကောင်ဘယ်မှာလဲအခု..."


" မသိဘူးလေ..."

" ဘာလို့မသိရတာလဲ..."

" Baek က သူ့ကို
နောက်ပြီး သူဘယ်ကိုပဲ
ရောက်ရောက်ပေါ့...
မဟုတ်ဘူးလား..."

ဟု ပြန်ပြောလာသည်....

" မင်းအခု င့ါကို
ပြန်ပြောနေတာလား..."

" ကိုကိုက Baekကို
Baek တစ်ယောက်တည်း
ထွက်လာတယ်...



" မင်းကတိနဲ့မင်းလေ...


ကိုကိုကသာ Baekကို
တမင်နှိပ်စက်တာ...
Baek ကိုဆိုစကားလည်း
စိတ်လည်းမရှည်ဘူး...

Baek လည်း သွားတော့မယ်..."

လှည့်ထွက်သွားလေသည်...

အဲ့ဒါ ကျွန်တော့ကို
စိတ်ကောက်သွားတာလား

" မလိုက်ဘူးလား..."

ဟင်းနော်...ဟင်း...

အတင်းကို ခါချနေသည်...



လွှတ်ပေးလိုက်မိသည်...

ပြန်ဆွဲထားလိုက်ကာ


~~~~~~~~~~to be continued 💛💚💙

မချဘူး....😏

နည်းတဲ့စကေးလား 😂

စမ်းနေတာမှန်းမသိ 😂

စမ်းနေတာလား? 😔
ဘာလားပဲ 😙

တစ်ခုတော့ရှိတယ်

လူတွေသာ မရှိရင် 😱😱😱

💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐
💐

[ UniCode ]

 " ဟိတ်...တစ်ယောက်တည်း
ဘယ်သွားမလို့လဲ...သင်တန်းလား... Chanyeolက လိုက်မပို့ဘူးလား... "

တစ်ယောက်တည်း လမ်းလျှောက်လာစဉ်
ဘေးနားလေးကို ကားထိုးရပ်လိုက်ကာ
စကားလှမ်းပြောသည်ကြောင့်
ကြည့်လိုက်တော့

အာ...ဟိုနေ့က အိမ်ပြန်လိုက်ပို့တဲ့
ကိုကြီးပဲ...စကားပြောမလို့
အရှိန်ယူလိုက်သော်လည်း
ခေါင်းထဲတွင် ကိုကို့ကို ဖြတ်ခနဲ
သတိရသွားသည်ကြောင့်
လိုရင်းတိုရှင်းသာ ပြန်ဖြေလိုက်သည်...

" ဟုတ်...ကိုကိုက
အိပ်ချင်သေးလို့တဲ့..."

" ဟ...Chanyeol ကတော့
စံပဲဟေ့...လာလေ...တက်
ကိုယ် လိုက်ပို့မယ်...."

အရင်တစ်ခါကလည်း
ဒီကိုကြီးကားနဲ့ လိုက်သွားလို့
ကိုကိုက င့ါကို စိတ်ဆိုးတာ...
ဒီတစ်ခါပါ ထပ်လိုက်သွားရင်
ကိုကို ငါ့ကိုသတ်လိမ့်မယ်...

" ရတယ်... Baek ဘာသာ
သွားလိုက်မယ်..."

" သင်တန်းအထိ တစ်ယောက်တည်း
သွားမလို့လား...ဘယ်လိုသွားရတာလဲ
သိလို့လား...ဘာကားစီးရမလဲရော
သိလို့လား..."

ဟုမေးလိုက်တော့...
ခေါင်းလေး ခါပြပြီး

" ရတယ်...Baek မှတ်တိုင်မှာ
ဘာကားစီးရမလဲဆိုတာ
ကြည့်လိုက်မယ်...ခေါ်ပေးလို့
ကျေးဇူးတင်ပါတယ်..."

ဆိုပြီး ခေါင်းငုံ့ပြပြီး
အရိုအသေပေးလိုက်တော့
ထို ကိုကြီးက ရယ်ပြပြီး...

" ဟုတ်ပြီဗျာ....
အဲ့ဒါဆိုလည်း ဂရုစိုက်ပြီး
သွားဦးနော်...ကိုယ်သွားပြီ..."

ဟုခပ်အေးအေးပဲ ပြောကာ
ထိုအစ်ကိုကြီးကားက ကျွန်တော့နားကနေ
ဖြတ်ပြီးမောင်းသွားတော့မှ
သက်ပြင်းချလိုက်မိတော့သည်...

လမ်းဆက်လျှောက်သွားလိုက်ရင်း
လမ်းပေါ်က ခဲလုံးသေးသေးလေးကို
ကန်ပစ်လိုက်ပြီး...

"ဟွန်း...ငါကသာ
ကိုကို မကြိုက်တာကို တွေးပြီး
ကိုကို့ကွယ်ရာမှာလည်းမလုပ်ပေမယ့်
ကိုကိုကတော့ သင်တန်းလေးတောင်
လိုက်မပို့ဘူး...."

" တီ...တီ..."

" အောင်မလေးဗျ...လန့်လိုက်တာ..."

ကိုယ့်အတွေးနဲ့ကိုယ် စိတ်ကလွင့်နေတုန်း
ကားဟွန်းသံ ကျယ်ကျယ်ကို
ကြားလိုက်ရတော့ လန့်သွားရသည်...
ဘယ်ကကားလဲဟု ကြည့်လိုက်တော့

" ဟင်...ကိုကို..."

ကားက ကျွန်တော့ဘေးတွင် ရပ်လိုက်ကာ
မှန်တံခါးက ကျလာပြီး...

" တက်..."

ဆိုသည့် အမိန့်ဆန်ဆန် စကားလုံးက
ထွက်လာသည်....

" ဗျာ..."

ဟု ကားတံခါးနားကိုကပ်ကာ
ပြန်မေးလိုက်တော့

" ကားပေါ်ကို တက်လို့ပြောတာ...
မတက်ဘူးလား..."

ကြည့်...ကိုကိုက အမြဲတမ်းအဲ့လိုပဲ
ကျွန်တော့ကိုဆိုရင် ဘယ်တော့မှ
စိတ်မရှည်ဘူး...

ဒီလိုလိုက်ပို့မှာပဲဟာကို မနက်က
ကျွန်တော်နှိုးကတည်းက ထပါတော့လား...
ကျွန်တော့ကို တမင်အနိုင်ကျင့်တာ...

ပထမတော့ ကိုကို့ကို
သတိရနေရာကနေ
တကယ်လည်း တွေ့လိုက်ရော
စိတ်က ဘယ်လိုဖြစ်သွားမှန်းကို မသိဘူး...
ကိုကို့ကို စိတ်ကောက်ချင်စိတ်တွေ
ဖြစ်လာသည်...

" ရတယ်...Baekဘာ့သာ သွားမယ်..."

ဟုပြောလိုက်တော့

" တကယ်လား...သွားရဲလို့လား..."

ဟု ကျွန်တော့ကို သွေးတိုးစမ်းသလို
မေးလာသည်ကြောင့်...

" သွားရဲတယ်..."

ဟု ပြန်ပြောလိုက်လေသည်...

" အိုကေလေ...အဲ့ဒါဆို ငါသွားပြီနော်..."

ဆိုကာ ကားမောင်းထွက်ရန်
လုပ်နေသည်ကို...

" ခုနက ဟိုကိုကြီးက
လိုက်ပို့ပေးရမလားလို့ မေးနေတာကို...
လိုက်ပို့ပေးလို့ ပြောလိုက်ရမှာ..."

ဆိုပြီး ကိုကိုကြားလောက်မည့်အသံဖြင့်
ကိုယ့်ဘာ့သာကိုယ် ရေရွတ်သလို
ပြောလိုက်တော့ ကိုကို့အကြည့်က
ကျွန်တော့ဆီကို ဒိုင်းခနဲဆို
ရောက်လာသည်...ဘာကြောင့်မှန်းမသိ
ကျွန်တော့လက်ဖျားတွေ
အေးစက်သွားသလို ခံစားလိုက်ရသည်...
ကိုယ့်ဘာ့သာပြောပြီး
ကိုယ့်ဘာ့သာပြန်ကြောက်နေရသည်...

" ခုနက ဘာပြောလိုက်တယ်..."

" ဘာကိုလဲ..."

" မင်းအခုလေးတင်
ပြောလိုက်တယ်လေ...
အဲ့ဒါ ဘာပြောလိုက်တာလဲလို့
မေးနေတာ..."

" ဘာမှမဟုတ်ပါဘူး....
ခုနက Baek တစ်ယောက်တည်း
လမ်းလျှောက်လာတုန်း
အရင်တစ်ခါ Baek ကို
ကားနဲ့လိုက်ပို့တဲ့ ကိုကိုနဲ့မတည့်တဲ့
ဟိုကိုကြီးက Baek ကို သူ့ကားနဲ့
လိုက်ပို့ပေးမယ်ပြောတာလို့ ပြောတာ..."

" ဘာ!!!!!...."

အမလေး...လန့်လိုက်တာ ကိုကိုရယ်...

" ဘာပြောလိုက်တယ်...
အဲ့ကောင်ဘယ်မှာလဲအခု..."

မသိရင် ချက်ချင်းပဲ ဆွဲထိုးတော့မယ့်
ဒီဇိုင်းနှင့်ကားပေါ်ကနေ
ရှူးရှူးဒိုင်းဒိုင်းလုပ်ကာ
ကျွန်တော့နားကို ဆင်းလာသည်...

" မသိဘူးလေ..."

" ဘာလို့မသိရတာလဲ..."

" Baek က သူ့ကို
လိုက်ကြည့်နေတာမှ မဟုတ်တာ...
နောက်ပြီး သူဘယ်ကိုပဲ
ရောက်ရောက်ပေါ့...
Baekမလိုက်သွားရင်ပြီးတာပဲ
မဟုတ်ဘူးလား..."

ဟု ပြန်ပြောလာသည်....

" မင်းအခု င့ါကို
ပြန်ပြောနေတာလား..."

" ကိုကိုက Baekကို
ကိုယ့်ဘာ့သာသွားဆိုလို့လည်း
Baek တစ်ယောက်တည်း
ရအောင်သွားမယ် ဆိုပြီး
ထွက်လာတယ်...

သူက ကိုကို လိုက်မပို့ဘူးလားလို့
မေးတယ်...ကိုကိုက အိပ်ချင်လို့
လိုက်မပို့ဘူးလို့ ပြောလိုက်လို့...
သူက လိုက်ပို့ပေးမယ်ပြောတာ...

Baek က ကိုကိုမကြိုက်ဘူးဆိုတာ
သိလို့ သူနဲ့စကားတောင်
သေချာမပြောလိုက်ပဲနဲ့ မလိုက်တော့ဘူး...
ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တာ...
ကိုကို့စကားကို ကိုကို့ကွယ်ရာမှာတောင်
Baek ကနားထောင်တယ် သိရဲ့လား..."

" မင်းကတိနဲ့မင်းလေ...
ငါ့စကားကို နားထောင်ပါ့မယ်ဆို..."

"ကိုကို့စကားကို နားမထောင်ရင်
ကိုကို စိတ်တိုရမှာစိုးလို့
စိတ်ညစ်မှာစိုးလို့ ကိုကို့အတွက်
တွေးပြီး ကိုကို့စကားကိုနားထောင်တာ...

ကိုကိုကသာ Baekကို
တမင်နှိပ်စက်တာ...
Baek ကိုဆိုစကားလည်း
ဘယ်တော့မှကောင်းကောင်းမပြောဘူး...
အမြဲတမ်းဒေါသထွက်နေတာချည်းပဲ...
စိတ်လည်းမရှည်ဘူး...
ဆူမယ် ငေါက်မယ် အော်မယ်
ဒေါသထွက်မယ် ဆိုတာချည်းပဲ...

ကိုကိုမုန်းတဲ့ အဲ့ကိုကြီးလည်း
အခုမရှိတော့ဘူး...နောက်ပြီး
ကိုကို့ကြောင့် အဲ့ကိုကြီးနဲ့လည်း
လိုက်မသွားဘူး...ရပြီမလား...
Baek လည်း သွားတော့မယ်..."

ဆိုပြီး ကျွန်တော့အရှေ့ကနေ
ကျောပိုးအိတ်လေးလွယ်ကာ
မျက်မှန်အဝိုင်းအကြည်လေးကို
တပ်ထားသည့် လုံးတစ်ပုစိလေးက
လှည့်ထွက်သွားလေသည်...

အဲ့ဒါ ကျွန်တော့ကို
စိတ်ကောက်သွားတာလား

" မလိုက်ဘူးလား..."

ဟု အော်မေးလိုက်သော်လည်း
ပြန်မဖြေဘဲ တောက်တိတောက်တိနှင့် လမ်းလျှောက်သွားသည့် ထိုကလေးအား
စိတ်ရှိတိုင်းသာ ကိုင်စောင့်ရရင်
ဟင်းနော်...ဟင်း...

စိတ်ကို အတတ်နိုင်ဆုံးလျှော့လိုက်ပြီး
သူ့နောက်ကို ပြေးလိုက်ကာ
လက်ကလေးကိုစောင့်ဆွဲလိုက်တော့
ခန္ဓာကိုယ်လေးကတော့လှည့်လာကာ
ခေါင်းက ငုံ့ထားလျက်နှင့်
ကျွန်တော်ကိုင်ထားသည့်သူ့လက်ကို
အတင်းကို ခါချနေသည်...

သူ့လက်ကလေးကို မလွှတ်ပေးဘဲ
ကိုင်ကာအပေါ်ကို မြှောက်လိုက်တော့မှ
မမှီမကမ်းဖြစ်သွားပြီး
ခေါင်းလေးပါမော့လာသည်...

ဟမ်...ငိုနေတယ်...ဘာလို့ငိုတာလဲ...
ဘာ့ကြောင့်ငိုမှန်းတော့ မသိပေမယ့်
သူငိုတာမြင်တော့လည်း ရင်ထဲမကောင်း...

မျက်ရည်လေးတွေ ဝိုင်းနေသည့်
သူ့မျက်ဝန်း နီနီလေးတွေကို တွေ့တော့
အယောင်ယောင်အမှားမှားနဲ့
ကျွန်တော် ဆုပ်ကိုင်ထားသည့်
သူ့လက်ကောက်ဝတ်လေးကို
လွှတ်ပေးလိုက်မိသည်...

လွှတ်ပေးလိုက်မိသည့် တစ်ခဏ
ကျွန်တော့ရှေ့ကနေ လှည့်ပြေးမလို့
လုပ်နေသည်ကြောင့် လက်ကလေးကို
ပြန်ဆွဲထားလိုက်ကာ
ကားဆီသို့ အတင်းဆွဲခေါ်လာပြီး
ကားထဲကို ထည့်လိုက်သည်...

ကျွန်တော်လည်း ကားပေါ်ကို
တက်ထိုင်ကာ သူ့ဘက်ကိုစောင်းပြီး
ငဲ့ကြည့်မိတော့ အသံလေးတွေပါ
ထွက်အောင် အော်ငိုတော့သည်...

~~~~~~~~~~to be continued 💛💚💙

Vocal classတွေလည်း အတူတူတက်ပြီး
တစ်ကယ်တည်း Chanyeollie
Chanyeollie နဲ့ ပါးစပ်ဖျားကကို
မချဘူး....😏

Comment တွေအများကြီးထဲကနေမှ
သူ့လူကြီးကို တန်းတွေ့တာ
နည်းတဲ့စကေးလား 😂

လေဆိပ်မှာလည်း ဘယ်တွေကိုစမ်းလို့
စမ်းနေတာမှန်းမသိ 😂

Chanyeol လည်ပင်း ခွဲထားတဲ့ အနာကို
စမ်းနေတာလား? 😔
မနေ့က သင်တန်းက အသံထုတ်ပုံထုတ်နည်းကို
ပြောပြလိုက်လို့ စမ်းသပ်နေကြတာလား? 😁
ဘာလားပဲ 😙

ဘာပဲဖြစ်ဖြစ် တွေးလိုက်မိတာ
တစ်ခုတော့ရှိတယ်

လူကြားထဲမှာတောင် ဒီလိုစမ်းနေတာ 😁
လူတွေသာ မရှိရင် 😱😱😱
အောင်မလေး ငါ့ရဲ့ ဒက်တီးမိုင်းကို
အရင်ပြင်မှပါပဲ မဖြစ်ဘူး မဖြစ်ဘူး 😁😁😁

Continue Reading

You'll Also Like

305K 20.6K 60
ដើម្បីកូន អូនព្រមទទួលយកគ្រប់យ៉ាង សូម្បីតែនាមជា«ប្រពន្ធចុង» Jeon Jungkook x Kim Taehyung (Top) (Btt)
1.4M 87.1K 56
အထက်​တန်းမပြီး​သေးတဲ့ ​ကောင်​​လေးတ​ယောက်​နဲ့သူ့ထက်​၅နှစ်​နီးပါးအသက်​ကြီးတဲ့​ကောင်​​လေးတ​ယောက်​တို့ရဲ့အိမ်​​ထောင်​​ရေး...ရင့်​ကျက်​မှုမရှိ​သေးဘဲအရာရာက...
17.7K 1.4K 10
မှော်ဆရာလေးရဲ့ ပူတူးတူးလေး { Unicode - Zawgyi } Krist ကျွန်တော်နာမည် krist လေးပါဗျ ဒါပေမဲ့ ကျွန်တော်မွေးကတည်းက ဒီတောအုပ်ထဲရောက်နေတာဗျ ကျွန်တော်သိတာက...
991K 61.6K 83
⚠️trigger warning ⚠️ Rape,Murder,Crime,Torture,violence ,Drugs,curse words ဤဝတ္ထုသည် လူသတ်မှု၊ မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဇာတ်ကွက်များ...