🖤သူ႔ရဲ႕အၿငိဳးအတိုးခ်ေပးမည့္အ...

By suluck8213

35.4K 2.6K 234

အတၱအၿငိဳးႏွင့္ဖ်က္စီးျခင္းကို တုန္႔ျပန္ရန္မစြမ္းသာခဲ့၍ ခ်စ္တဲ့သူ၏ မ်က္ရည္ကိုေျခေဆးျခင္းျဖင့္ မခ်စ္မႏွစ္သက္သူရ... More

chapter 2
Chapter 3
အၿငိဳးေျပေစ Chapter 4
အၿငိဳးေျပေစ Chapter 5
အၿငိဳးေျပေစ Chapter 6
🖤အၿငိဳးေျပေစ Chapter 7❤
🖤အၿငိဳးေျပေစ Chapter 8❤
🖤အၿငိဳးေျပေစ Chapter 9❤
🖤အၿငိဳးေျပေစ Chapter 10 ❤
အၿငိဳးေျပေစ Chapter 11
အၿငိဳးေျပေစ Chapter 12
အၿငိဳးေျပေစ Chapter 13
အၿငိဳးေျပေစ chapter 14
အၿငိဳးေျပေစ Chapter 15
အၿငိဳးေျပေစ Chapter 16
အၿငိဳးေျပေစ Chapter 17
အၿငိဳးေျပေစ Chapter 18
အၿငိဳးေျပေစ Chapter 19
အၿငိဳးေျပေစ Chapter 20
အၿငိဳးေျပေစ Chapter 21
အၿငိဳးေျပေစ Chapter 22
အၿငိဳးေျပေစ Chapter 23
အၿငိဳးေျပေစ Chapter 24
အၿငိဳးေျပေစ Chapter 25
အၿငိဳးေျပေစ Exter part

သူ႔ရဲ႕အၿငိဳးအတိုးခ်ေပးမည့္ အခ်စ္တစ္ခု

3.1K 115 2
By suluck8213

🖤မမPai ေနေကာင္းရဲ႕လား
့ူကြၽန္ေတာ္အရမ္းလြမ္းတယ္မမေရ
ခုဆိုကြၽန္ေတာ္တို႔ခြဲေနရတာ ႏွစ္၂၀ရိွၿပီေနာ္... ကြၽန္ေတာ္ေက်ာင္းၿပီးရင္မမရိွတဲ့ဆီကိုလာခဲ့မယ္ အရမ္းလြမ္းတယ္ မမေရ......

ကြၽန္ေတာ္ႏွင့္မမPaiက အမႊာေမာင္ႏွစ္မေတြပါ။ကြၽန္ေတာ္တို႔အသက္၅ႏွစ္အရြယ္မွာဒယ္ဒီႏွင့္မာမီကြာ႐ွင္းခဲ့ျခင္းေၾကာင့္ ကြၽန္ေတာ္ကမာမီႏွင့္အတုတ႐ုတ္ကိုပါသြားခဲ့ၿပီး မမကေတာ့ ဒယ္ဒီနဲ႔ျမန္မာျပည္မွာ က်န္ခဲ့ျခင္းျဖစ္သည္။ေနာက္အိမ္ေထာင္ျပဳခဲ့သည့္ ဒယ္ဒီ့ကိုမေက်နပ္သည့္စိတ္နဲ႔
ျမန္မာႏိုင္္ငံကိုမျပန္ခဲ့သည္မွာ ခုဆို
ကြၽန္ေတာ္အသက္ ၂၅ႏွစ္ပင္ျပည့္ခဲ့ၿပီ ျဖစ္သည္။အမွတ္ရစရာ ဆိုခဲ့လ်ွင္မမႏွင့္ေပ်ာ္ရႊင္ကစားခဲ့ျခင္းသာ တမ္းတစရာရိွခဲ့သည္ပင္....

"Pin ငါေလ လူတစ္ေယာက္ေၾကာင့္ရင္ခုန္တတ္ခဲ့ၿပီသိလား...သူကဒယ္ဒီအလုပ္ပါတနာရဲ႕သားတဲ့ ငါအရမ္းစိတ္ဝင္စားေနတယ္..."

အမႊာေမာင္ႏွစ္မမို႔ မမကသူ႔ခံစားခ်က္တိုင္းကို ကြၽန္ေတာ္ကိုေျပာျပတတ္စျမဲ။ေက်ာင္းကျပန္လာတိုင္းမမႏွင့္စကားေျပာရင္း ကြၽန္ေတာ့္ဘဝႀကီးကျပည့္စံုေနခဲ့သည္။

စည္းကမ္းႀကီးသည့္ မာမီ့ထိမ္းခ်ဳပ္မႈေအာက္မွာႀကီးျပင္းခဲ့သည့္အတြက္မိန္းခေလးအ႐ႈပ္အ႐ွင္းကင္းခဲ့သည့္ကြၽန္ေတာ္သည္ စီးပြားေရးႏွင့္ေက်ာင္းၿပီးခဲ့သလို မာမီ့အလုပ္ေတြကိုပင္တစ္ဖက္တစ္လမ္းက ကူညီႏိုင္ခဲ့ၿပီျဖစ္သည္။

"Pin ငါအရမ္းေပ်ာ္တာပဲ ဒယ္ဒီက
Meanနဲ႔လူႀကီးခ်င္းသေဘာတူၿပီး
ေစ့စပ္ေပးမယ္တဲ့ ငါေလအရမ္းစိတ္လႈပ္႐ွားေနတယ္ဟယ္ ငါခ်စ္တဲ့သူကိုပိုင္တိုင္ရေတာ့မယ္ သိလား..."

လူျကီးခ်င္းႏွစ္ဖက္သေဘာတူေစ့စပ္ေၾကာင္းလမ္းခဲ့သည္လို႔မမေျပာတဲ့အထိ ကြၽန္ေတာ္ျပန္ဖို႔စိတ္ကူးမရိွခဲ့ပါ။မမပို႔ေပးသည့္ ထမုလူရဲ႕ပံုတစ္ခ်ိဳ႕ကိုျမင္ရတာေတာ့ အရပ္႐ွည္႐ွည္လူသန္႔တစ္ေယာက္ပင္ျဖစ္သည္။
ပို႔သမ်ွပံုတိုင္းတြင္ အသားျဖဴျဖဴ
လူေကာင္ေသးေသးေလးႏွင့္ ဆံပင္ေတြ နဖူးေပၚအုပ္ကာျပံဳးေနတဲ့ေကာင္ေလးတစ္ေယာက္အျမဲပါခဲ့သည္။မမေျပာတာေတာ့ သူတို႔အိမ္ကအိမ္ေတာ္ထိမ္းႀကီးရဲ႕သားတဲ့...အရမ္းခေလးဆန္ၿပီး ခ်စ္ဖို႔ေကာင္းသည္တဲ့ေလ။

"လူတစ္ေယာက္ကို ခ်စ္ရတာပင္ပန္းတယ္Pin အထူးသျဖင့္ ကိုယ့္ကိုမခ်စ္တဲ့သူတစ္ေယာက္ရဲ႕အခ်စ္ကိုေမ်ွာ္လင့္ရတာပိုပင္ပန္းတယ္ဟယ္"

မမခံစားခ်က္တစ္ခ်ိဳ႕ကို ဖြင့္ဟေျပာလာခဲ့ေတာ့ ကြၽန္ေတာ္မမပတြက္ စိတ္မေကာင္းျဖစ္ရသည္ပင္။
လူႀကီးခ်င္းအက်ိဳးတူပူးေပါင္းဖို႔ ေစ့
စပ္ခဲ့ျခင္းမို႔ မမရဲ႕အိမ္မက္ေတြကလက္ေတြ႔ႏွင့္ျခားနားေနခဲ့ေလသည္။

ေမြးရာပါႏွလံုးေရာဂါသည္မမက
ခံစားခ်က္ေပါင္းမ်ားစြာကို ရင္မွာပိုက္ရင္း Pinထံ ငိုယိုရင္ဖြင့္ခဲ့သမ်ွက
ကြၽန္ေတာ့္အတြက္ေတာ့ သနားသည့္စိတ္နဲ႔ မမအေပၚအၾကင္နာပိုခဲ့ရသလို ဟိုလူကိုလည္းေဒါသထြက္မိသည္။

ကြၽန္ေတာ္မမကိုသိပ္ခ်စ္ခဲ့သည္ပဲ...မမကိုနာက်င္ေစသူက ကြၽန္ေတာ့ရန္သူပဲျဖစ္သည္။

မမဆံုးၿပီတဲ့....
ဒယ္ဒီနဲ႔စကားေျပာေနသည့္ မာမီ့ရဲ႕တုန္ရင္အက္ကြဲေနသညိ့စကားသံေအာက္မွာ ကြၽန္ေတာ္ႏွလံုးသားစုတ္ျဖဲခံလိုက္ရသလိုျဖစ္ခဲ့သည္။

ကြၽန္ေတာ္ႏွင့္မာမီ ျမန္မာျပည္ကိုေျခခ်မိသည္ႏွင့္ ႏွစ္၂၀ေက်ာ္ေဝးကြာခဲ့သည့္ ဒီႏိုင္ငံက ေအးစက္စြာႀကိဳဆိုေနခဲ့သည္။

3.5.2016
အမွန္ဆိုဒီေန႔မွာ အျဖဴေရာင္သတို႔သမီးေလးအျဖစ္ အလွပဆံုး
ရိွေနရမယ္ဆိုေပမယ့္ မမကေတာ့
အျဖဴေရာင္နတ္သမီးတပါးအသြင္
လဲေလ်ာင္းေနခဲ့သည္....

🖤နင္အရမ္းနာက်င္ခဲ့ရမွာပဲေနာ္
စိတ္ခ်ပါ... နင့္ကိုနာက်င္ေစခဲ့သူကိုနင့္ထက္အစတစ္ရာ နာက်င္ေအာင္ငါလုပ္ေပးမယ္မမ..နင္စိတ္ခ်လက္ခ်အနားယူပါ....

မမစ်ာပနာၿပီးစီးလို႔ လုပ္စရာရိွတာေတြျပင္ဆင္ၿပီးေနာက္ မမႏွင့္လူႀကီးခ်င္းေစ့စပ္ခဲ့သည္ဆိုတဲ့လူရဲ႕အေၾကာင္းကိုလူလႊတ္စံုစမ္းခိုင္းၿပီး မာမီနဲ႔တ႐ုတ္ကိုျပန္လာခဲ့ျခင္းက ေႏြးေထြးမႈမဲ့သည့္မိသားစုႏွင့္ ဒယ္ဒီ့ေနာက္အိမ္ေထာင္မွပါသည့္ ကလက္တက္တက္ မယားပါသမီးကိုမျမင္ခ်င္လို႔ပဲျဖစ္သည္။

3.5.2018

ႏွစ္ေတြေျပာင္းလဲခဲ့ေပမယ့္ မမကို
လြမ္းသည့္စိတ္ကတားစီးမရႏိုင္ခဲ့ပါ။
အသဲကင္ဆာႏွင့္ မာမီဆံုးၿပီးေနာက္မာမီ့ရဲ႕ေနာက္ဆံုးဆနၷအရ တစ္ဦးတည္းေသာ ေသြးသားရင္းျခာျဖစ္သည့္ဒယ္ဒီႏွင့္အတူျပန္ေနဖို႔ျမန္မာျပည္ကိုျပန္ေျပာင္းရေတာ့မည္....။

"သား Pinဒယ္ဒီဆီျပန္လာတာေက်းဇူးတင္ပါတယ္ သားရယ္ သားအိမ္မွာလြတ္လြတ္လပ္လပ္ေနပါ သားစိတ္ခ်မ္းသာသလို ေနပါ"

ဖက္လဲတလင္းဖိတ္ေခၚေနသည့္
ဒယ္ဒီကိုတစ္စိမ္းတစ္ေယာက္လိုပင္ျကည့္ေနမိသည္။

🖤ကြၽန္ေတာ္မမအခန္းမွာပဲအိပ္မယ္ဒယ္ဒီ အဆင္ေျပပါ့မလား
"ေျပပါတယ္ သားသေဘာပါ"

အကုန္လံုးကို ႏႈတ္ဆက္ၿပီး မမအိပ္ခန္းဆီေရာေတာ့ မမရဲ႕အေငြ႔အသက္ေတြနဲ႔ဒီအခန္းေလးမွာ ေပ်ာ္ရႊင္စရာေတြနဲ႔ သူမရယ္ေမာေနခဲ့လိမ့္မည္။နာက်င္စရာေတြနဲ႔သူမ ငိုေႂကြးခဲ့လိမ့္မည္။

ေနရာတကာမမပံုရိပ္ေတြႀကီးပဲမို႔
အံဆြဲထဲကဓာတ္ပံုအထပ္လိုက္ကို
ဆြဲယူရင္းေဒါသေတြေၾကာင့္ တင္းတင္းစုပ္ထားသည့္လက္ထဲကပံုအခ်ိဳ႕က်ိဳးေက်ခဲ့ေလသည္။

႐ႈေထာင့္မ်ိဳးစံုႏွင့္ပံုေပါင္းမ်ားစြာမွာ
ေက်ာင္းႀကိဳေနသည့္လူငယ္တစ္ေယာက္ႏွင့္ သြားေတြေပၚေအာင္ျပံဳးရယ္ေနေသာျဖဴေဖ်ာ့ေဖ်ာ့ေကာင္ေလးတစ္ေယာက္ကေတာ့ အနာဂတ္ကိုႀကိဳမိႏိုင္စြာ ေပ်ာ္ရႊင္ေနၾကေလသည္......

နတ္ဆိုးတစ္ေကာင္ ဒီႏိုင္ငံကိုေျခ
ခ်ေနၿပီ မင္းတို႔ရဲ႕အျပံဳးေတြဘယ္ထိသက္ဆိုး႐ွည္မလဲ ေစာင့္ၾကည့္ေနရံုေပါ့ ငါတို႔နာက်င္တာထက္ ပိုနာက်င္ေစမယ့္ မနက္ျဖန္ေတြကို သယ္ေဆာင္လာေတာ့မွာမို႔ အခုကစၿပီးႏွလံုးေသြးနဲ႔ေရးတဲ့ က်ိန္စာကိုေစာင့္ေမ်ွာ္ေနၾကစမ္းပါ...

နာက်င္ပါသည္....
ထိုနာက်င္ျခင္းေတြရဲ႕တုန္႔ျပန္မႈကို
ေတာ့ အကန္႔အသတ္ မထားခဲ့
ခ်င္ပါ....

🖤❤💙

မမPai နေကောင်းရဲ့လား
့ူကျွန်တော်အရမ်းလွမ်းတယ်မမရေ
ခုဆိုကျွန်တော်တို့ခွဲနေရတာ နှစ်၂၀ရှိပြီနော်... ကျွန်တော်ကျောင်းပြီးရင်မမရှိတဲ့ဆီကိုလာခဲ့မယ် အရမ်းလွမ်းတယ် မမေရ......

ကျွန်တော်နှင့်မမPaiက အမွှာမောင်နှစ်မတွေပါ။ကျွန်တော်တို့အသက်၅နှစ်အရွယ်မှာဒယ်ဒီနှင့်မာမီကွာရှင်းခဲ့ခြင်းကြောင့် ကျွန်တော်ကမာမီနှင့်အတုတရုတ်ကိုပါသွားခဲ့ပြီး မမကေတာ့ ဒယ်ဒီနဲ့မြန်မာပြည်မှာ ကျန်ခဲ့ခြင်းဖြစ်သည်။နောက်အိမ်ထောင်ပြုခဲ့သည့် ဒယ်ဒီ့ကိုမကျေနပ်သည့်စိတ်နဲ့
မြန်မာနိုင််ငံကိုမပြန်ခဲ့သည်မှာ ခုဆို
ကျွန်တော်အသက် ၂၅နှစ်ပင်ပြည့်ခဲ့ပြီ ဖြစ်သည်။အမှတ်ရစရာ ဆိုခဲ့လျှင်မမနှင့်ပျော်ရွှင်ကစားခဲ့ခြင်းသာ တမ်းတစရာရှိခဲ့သည်ပင်....

"Pin ငါလေ လူတစ်ယောက်ကြောင့်ရင်ခုန်တတ်ခဲ့ပြီသိလား...သူကဒယ်ဒီအလုပ်ပါတနာရဲ့သားတဲ့ ငါအရမ်းစိတ်ဝင်စားနေတယ်..."

အမွှာမောင်နှစ်မမို့ မမကသူ့ခံစားချက်တိုင်းကို ကျွန်တော်ကိုပြောပြတတ်စမြဲ။ကျောင်းကပြန်လာတိုင်းမမနှင့်စကားပြောရင်း ကျွန်တော့်ဘဝကြီးကပြည့်စုံနေခဲ့သည်။

စည်းကမ်းကြီးသည့် မာမီ့ထိမ်းချုပ်မှုအောက်မှာကြီးပြင်းခဲ့သည့်အတွက်မိန်းခလေးအရှုပ်အရှင်းကင်းခဲ့သည့်ကျွန်တော်သည် စီးပွားရေးနှင့်ကျောင်းပြီးခဲ့သလို မာမီ့အလုပ်တွေကိုပင်တစ်ဖက်တစ်လမ်းက ကူညီနိုင်ခဲ့ပြီဖြစ်သည်။

"Pin ငါအရမ်းပျော်တာပဲ ဒယ္ဒီက
Meanနဲ့လူကြီးချင်းသဘောတူပြီး
စေ့စပ်ပေးမယ်တဲ့ ငါလေအရမ်းစိတ်လှုပ်ရှားနေတယ်ဟယ် ငါချစ်တဲ့သူကိုပိုင်တိုင်ရတော့မယ် သိလား..."

လူကြီးချင်းနှစ်ဖက်သဘောတူစေ့စပ်ကြောင်းလမ်းခဲ့သည်လို့မမပြောတဲ့အထိ ကျွန်တော်ပြန်ဖို့စိတ်ကူးမရှိခဲ့ပါ။မမပို့ပေးသည့် ထမုလူရဲ့ပုံတစ်ချို့ကိုမြင်ရတာတော့ အရပ်ရှည်ရှည်လူသန့်တစ်ယောက်ပင်ဖြစ်သည်။
ပို့သမျှပုံတိုင်းတွင် အသားဖြူဖြူ
လူကောင်သေးသေးလေးနှင့် ဆံပင်တွေ နဖူးပေါ်အုပ်ကာပြုံးနေတဲ့ကောင်လေးတစ်ယောက်အမြဲပါခဲ့သည်။မမပြောတာတော့ သူတို့အိမ်ကအိမ်တော်ထိမ်းကြီးရဲ့သားတဲ့...အရမ်းခလေးဆန်ပြီး ချစ်ဖို့ကောင်းသည်တဲ့လေ။

"လူတစ်ယောက်ကို ချစ်ရတာပင်ပန်းတယ်Pin အထူးသဖြင့် ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်ရဲ့အချစ်ကိုမျှော်လင့်ရတာပိုပင်ပန်းတယ်ဟယ်"

မမခံစားချက်တစ်ချို့ကို ဖွင့်ဟပြောလာခဲ့တော့ ကျွန်တော်မမပတွက် စိတ်မကောင်းဖြစ်ရသည်ပင်။
လူကြီးချင်းအကျိုးတူပူးပေါင်းဖို့ စေ့
စပ်ခဲ့ခြင်းမို့ မမရဲ့အိမ်မက်တွေကလက်တွေ့နှင့်ခြားနားနေခဲ့လေသည်။

မွေးရာပါနှလုံးရောဂါသည်မမက
ခံစားချက်ပေါင်းများစွာကို ရင်မှာပိုက်ရင်း Pinထံ ငိုယိုရင်ဖွင့်ခဲ့သမျှက
ကျွန်တော့်အတွက်တော့ သနားသည့်စိတ်နဲ့ မမအပေါ်အကြင်နာပိုခဲ့ရသလို ဟိုလူကိုလည်းဒေါသထွက်မိသည်။

ကျွန်တော်မမကိုသိပ်ချစ်ခဲ့သည်ပဲ...မမကိုနာကျင်စေသူက ကျွန်တော့ရန်သူပဲဖြစ်သည်။

မမဆုံးပြီတဲ့....
ဒယ်ဒီနဲ့စကားပြောနေသည့် မာမီ့ရဲ့တုန်ရင်အက်ကွဲနေသညိ့စကားသံအောက်မှာ ကျွန်တော်နှလုံးသားစုတ်ဖြဲခံလိုက်ရသလိုဖြစ်ခဲ့သည်။

ကျွန်တော်နှင့်မာမီ မြန်မာပြည်ကိုခြေချမိသည်နှင့် နှစ်၂၀ကျော်ဝေးကွာခဲ့သည့် ဒီနိုင်ငံက အေးစက်စွာကြိုဆိုနေခဲ့သည်။

3.5.2016
အမှန်ဆိုဒီနေ့မှာ အဖြူရောင်သတို့သမီးလေးအဖြစ် အလှပဆုံး
ရှိနေရမယ်ဆိုပေမယ့် မမကေတာ့
အဖြူရောင်နတ်သမီးတပါးအသွင်
လဲလျောင်းနေခဲ့သည်....

နင်အရမ်းနာကျင်ခဲ့ရမှာပဲနော်
စိတ္ခ်ပါ... နင့်ကိုနာကျင်စေခဲ့သူကိုနင့်ထက်အစတစ်ရာ နာကျင်အောင်ငါလုပ်ပေးမယ်မမ..နင်စိတ်ချလက်ချအနားယူပါ....

မမဈာပနာပြီးစီးလို့ လုပ်စရာရှိတာတွေပြင်ဆင်ပြီးနောက် မမနှင့်လူကြီးချင်းစေ့စပ်ခဲ့သည်ဆိုတဲ့လူရဲ့အကြောင်းကိုလူလွှတ်စုံစမ်းခိုင်းပြီး မာမီနဲ့တရုတ်ကိုပြန်လာခဲ့ခြင်းက နွေးထွေးမှုမဲ့သည့်မိသားစုနှင့် ဒယ်ဒီ့နောက်အိမ်ထောင်မှပါသည့် ကလက်တက်တက် မယားပါသမီးကိုမမြင်ချင်လို့ပဲဖြစ်သည်။

3.5.2018

နှစ်တွေပြောင်းလဲခဲ့ပေမယ့် မမကို
လွမ်းသည့်စိတ်ကတားစီးမရနိုင်ခဲ့ပါ။
အသဲကင်ဆာနှင့် မာမီဆုံးပြီးနောက်မာမီ့ရဲ့နောက်ဆုံးဆန္နအရ တစ်ဦးတည်းသော သွေးသားရင်းခြာဖြစ်သည့်ဒယ်ဒီနှင့်အတူပြန်နေဖို့မြန်မာပြည်ကိုပြန်ပြောင်းရတော့မည်....။

"သား Pinဒယ်ဒီဆီပြန်လာတာကျေးဇူးတင်ပါတယ် သားရယ် သားအိမ်မှာလွတ်လွတ်လပ်လပ်နေပါ သားစိတ်ချမ်းသာသလို နေပါ"

ဖက်လဲတလင်းဖိတ်ခေါ်နေသည့်
ဒယ်ဒီကိုတစ်စိမ်းတစ်ယောက်လိုပင်ကြည့်နေမိသည်။

ကျွန်တော်မမအခန်းမှာပဲအိပ်မယ်ဒယ်ဒီ အဆင်ပြေပါ့မလား
"ပြေပါတယ် သားသေဘာပါ"

အကုန်လုံးကို နှုတ်ဆက်ပြီး မမအိပ်ခန်းဆီရောတော့ မမရဲ့အငွေ့အသက်တွေနဲ့ဒီအခန်းလေးမှာ ပျော်ရွှင်စရာတွေနဲ့ သူမရယ်မောနေခဲ့လိမ့်မည်။နာကျင်စရာတွေနဲ့သူမ ငိုကြွေးခဲ့လိမ့်မည်။

နေရာတကာမမပုံရိပ်တွေကြီးပဲမို့
အံဆွဲထဲကဓာတ်ပုံအထပ်လိုက်ကို
ဆွဲယူရင်းဒေါသတွေကြောင့် တင်းတင်းစုပ်ထားသည့်လက်ထဲကပုံအချို့ကျိုးကျေခဲ့လေသည်။

ရှုထောင့်မျိုးစုံနှင့်ပုံပေါင်းများစွာမှာ
ကျောင်းကြိုနေသည့်လူငယ်တစ်ယောက်နှင့် သွားတွေပေါ်အောင်ပြုံးရယ်နေသောဖြူဖျော့ဖျော့ကောင်လေးတစ်ယောက်ကတော့ အနာဂတ်ကိုကြိုမိနိုင်စွာ ပျော်ရွှင်နေကြလေသည်......

နတ်ဆိုးတစ်ကောင် ဒီနိုင်ငံကိုခြေ
ချနေပြီ မင်းတို့ရဲ့အပြုံးတွေဘယ်ထိသက်ဆိုးရှည်မလဲ စောင့်ကြည့်နေရုံပေါ့ ငါတို့နာကျင်တာထက် ပိုနာကျင်စေမယ့် မနက်ဖြန်တွေကို သယ်ဆောင်လာတော့မှာမို့ အခုကစပြီးနှလုံးသွေးနဲ့ရေးတဲ့ ကျိန်စာကိုစောင့်မျှော်နေကြစမ်းပါ...

နာကျင်ပါသည်....
ထိုနာကျင်ခြင်းတွေရဲ့တုန့်ပြန်မှုကိုတော့အကန့်
အသတ် မထားခဲ့ချင်ပါ....

🖤❤💙

Continue Reading

You'll Also Like

569K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.2M 79.4K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...
563K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...