သူမ လက်ဆွဲခေါ်ရာ နောက်ကို မီးငယ်ပါသွားလေရဲ။ရုပ်ရှင်ရုံထဲဝင်တော့ စပြနေပြီမို့ မီးမှိတ်ထားပြီ။မီးငယ်ခါးလေးကို နွေးလက်သွယ်သွယ်လေးက ဖွဖွလေးဖက်ထားသည်။ဘာရယ် မသိဝမ်းနည်းမှုကြောင့် မျက်ရည်က အိုင်ထွန်းလာတယ်။အတူကြည့်နေသောရုပ်ရှင်ကိုလည်း စိတ်မဝင်စားတော့တာ သူသိလာသည်။
"မီးငယ် ဘာဖြစ်လို့လဲဟင်"
"ငိုချင်လို့"
"အို.."
မီးငယ်ကို ငုံကြည့်နေရာက မျက်ရည်တွေသုတ်မယ် မီးငယ်ရဲ့
လက်ကို နွေးကဆုတ်ကိုင်လိုက်ပြီး နမ်းရိုက်တယ်။
"ငယ် သိပ်လှတယ်သိလား"
"မေဂျာqueenကိုတော့ ဘယ်မှီပါမလဲ.."
"မိန်းကလေးချင်းဒါမျိုးတွေလုပ်တာဘာ
မှမဖြစ်ဘူးမဟုတ်လား ငယ်"
ပြောပြီး နွေးရဲ့အနမ်းတွေမီးငယ်မျက်နာပေါ်ကြရောက်လာ
တယ် ပြီးတော့မီးငယ်ရဲ့ နှုတ်ခမ်းပေါ်သူ့ နှုတ်ခမ်းနီနီထွေးထွေးလေးကြရောက်ပြန်တော့ ခန္စာကိုယ်ကဆန့်ခနဲတွန့်သွားမိတယ်။မီးငယ် သူမရဲအနမ်းတွေကို တုံ့ပြန်မှုမရှိဘဲ အေးစက်နေခဲ့ပါတယ်။ခနကြာနမ်းပြီးတော့ ဖက်ထားတဲ့သူမလက်လေးများဟာလည်း ပြေလျော့သွားခဲ့တယ်။
အချစ်ဆိုတာ ဖွင့်ဟပြောပြီး တစ်ယောက်နဲ့တစ်ယောက် နား
လည်တာကိုပြောတာလား။ချစ်သူတွေမဟုတ်ဘဲ မိန်းခလေးချင်ခေါင်းစဉ်တက်ပြီး ဘာလို့အကြင်နာလက်ဆောင်တွေအရင်ပေးတာလည်း။ချစ်တယ်လို့ ဖွင့်ပြောရမှာ မီးငယ်ကမထိုက်တန်တဲ့သူလား။နားမလည်ခြင်းများစွာနဲ့ အတွေးတွေချာချာလည်နေဆဲ။
"မီးငယ်...နွေးတို့ပြန်ရအောင်" တဲ့။
မိုးခြိမ်သံတမျှ ကျယ်လောင်မြည်ဟည်းတွားခဲ့သလိုပါပဲ။ဘယ်
အင်အားနဲ့များ ငြင်းဆန်နိုင်ခွင့်ရှိရမှာလဲနွေးရယ်။
သိလိုက်ပါပြီ။
ဒါဟာ မီးငယ်တို့နှစ်ယောက်အတွက် နောက်ဆုံးဆိုတာ
ကိုပေါ့။
မပြည့်စုံခြင်းအိမ်မက်တွေ လိင်တူခေါင်းစဉ်တွေနဲ့ ငယ်စဉ်မှာ
အချစ်က ငြင်းပယ်တာကို ခံခဲ့ရပြီပြီ။အမြင့်ဆုံးတစ်နေရာမှာ
ပြည့်စုံပြီဆိုတော့ အချစ်ကို ရွေးချယ်ခွင့်မရခဲ့ပြန်ဘူး။
ဒီမနက်ပေါ့။ကုမ္ပဏီအသွားမှာ မီးပ္ပိုင့်တစ်ခုမိတဲ့အချိန်
မင်္ဂလာ ကားတန်းတစ်ခုနဲ့စုံနေမိတယ်။
အမှတ်မထင် အရမ်းရင်းနှီးတဲ့ မျက်ဝန်းလေးတစ်စုံကို
မင်္ဂလာ ကားပေါ်မှာတွေ့လိုက်ရတဲ့အခါ.......
အပြုံးအရယ်မရှိ...လှပကျက်သရေရှိလွန်းတဲ့ သတိုးသမီး
လေးမျက်နာပေါ့။
မီးငယ်ကသာ ကျော်လွန်သွားတာကို ငဲ့စောင့်ကြည့်မိပေ
မယ် သူမကတော့ ဧကရီက္ကနြေ္ဒလုံးဝမချသွားခဲ့ပါ။
သူမ မှန်ပါတယ်
နွေးထွေးသူဆိုတာ ဒါပါပဲ။
အိပ်မက်တို့ကို ကိုယ်က ရွေးချယ်ခွင့် မရှိပါဘူး။
အိပ်မက်တို့ကသာ ကိုယ့်ကိုရွေးချယ်တာပါ။
ပြီးပါပြီ။
________________Mee_____________________