အခ်စ္​ဦး / အချစ်ဦး S 1

Kattamkaung द्वारा

51.8K 7.7K 551

Completed !! သူသည္ အခ်စ္ဦးျဖစ္သည္ သူသည် အချစ်ဦးဖြစ်သည် अधिक

အခ်စ္​ဦးအ​ေၾကာင္​း(Zawgyi & Unicode)
Part-1(Zawgyi & unicode)
Part-2(Zawgyi & Unicode)
Part-3(Zawgyi & Unicode)
Part-4(Zawgyi &Unicode)
Part-5(Zawgyi & Unicode)
Part-6(Zawgyi & Unicode)
Part-7(Zawgyi &Unicode)
Part-9 (Zawgyi & Unicode)
Part-10(zawgyi &Unicode)
Part -11( Z and U)
Part-12(Zawgyi & Unicode)
Part-13(Z and U)
Part-14(Z and U)
Part-15(Z and U)
Part-16(Z and U)
Request To Dears
Part-17(Z and U)
Part-18(Z and U)
Part-19(Z and U)
Part-20 (Z and U)
Final ( Z and U)
ေက်းဇူးတင္လႊာ/ကျေးဇူးတင်လွှာ

Part-8(Zawgyi & Unicode)

1.8K 372 31
Kattamkaung द्वारा

(Zawgyi)

သင္တန္းကာလဟာ တျဖည္းျဖည္း နဲ႔ကုန္ဆံုးလို႔ လာေနပါၿပီ။
မၾကာခင္ Jun Myeonတို႔ တကၠသိုလ္ေတြျပန္ဖြင့္တဲ့အခါ 5ၿပီးဆံုးရန္အတြက္ ခုေနာက္ပိုင္း Japanese Classကို မပ်က္မကြက္တက္ေနရသည္။

ဒါ့အျပင္ skillsေလ့က်င့္မႈေတြလည္းမျပတ္လပ္ေစရ။ ဆရာရဲ႕ သင္ၾကားမႈေၾကာင့္ Levelနဲ႔ ညီတဲ့တတ္ေျမာက္မႈေလးေတာ့႐ွိလာၿပီျဖစ္ပါသည္။
အတန္းေ႐ွ႕ထြက္ကာ စာပိုဒ္ဖတ္ရတာမ်ိဳး၊ Kanjiအလြတ္ေရးရတာမ်ိဳး႐ွိသလို တစ္ခါတေလ လည္းသီခ်င္းတို႔ ကဗ်ာတို႔ထြက္ဆုိရတာမ်ိဳး႐ွိသည္။ ထိုအခ်ိန္မ်ိဳးဆို Jun Myeonေတာ္ေတာ္ေလးသေဘာက်သည္။ Zhang Yixingသီခ်င္းဆိုတာကိုနားေထာင္ႏိုင္သည္ေလ။

မလိမ္ေၾကးေျပာရရင္ သူဆိုတာ တစက္မွ နားေထာင္မေကာင္းပါ။Japan အသံကမပီမသနဲ႔ အေတာ္ေလးဗ႐ုတ္သုတ္ခႏိုင္ေပမဲ့ Jun Myeonနဲ႔ယွဥ္ရင္လည္းသူမသာကိုယ္မသာမို႔ ေပ်ာ္စရာေတာ့ေကာင္းသည္ကအမွန္။

Zhang Yixingက အရင္နဲ႔ကြာျခားသြားတာေတာ့ေျပာဖို႔ေတာင္မလို။ လူမႈေရးေကာင္းလာၿပီး ေပ်ာ္ေပ်ာ္ေနတတ္သည္။ မေျပာင္းလဲတာကေတာ့ နည္းနည္းအေနေအးၿပီး ေခတ္ေနာက္က်တာပင္။သူကပဲအေနစိမ့္တာလား ဒါမွမဟုတ္ Social Mediaကိုသိပ္မသံုးတာလားမသိ သူက ပံုမွန္သတင္းေလာက္ကလြဲရင္ဘာမွမသိ။ Jun Myeonတို႔လူငယ္ေတြဆို အႏုပညာသတင္း ေတြကိုအရမ္းစိတ္ဝင္စားတတ္ေပမဲ့ Zhang Yixingက လားလားမွစိတ္မဝင္စားပံုပင္။

ဒါကလည္းေကာင္းေတာ့ေကာင္းပါသည္ေလ။
အာ Jun Myeon ႂကြားဖို႔က်န္ေနေသးသည္။ Jun Myeonအခုတေလာ စစ္တုရင္ေဆာ့ျဖစ္ေနသည္။
ဟုတ္ကဲ့ အေၾကာင္းျပခ်က္ကေတာ့ Zhang Yixingပါ။
ညဘက္ဆို Jun Myeonတို႔ Messenger မွာအလုပ္႐ႈပ္ၾကပါၿပီ။Chess gameေဆာ့တယ္ေလ။ ေစာင့္ရဆိုင္းရ ၾကာတဲ့အလုပ္ေတြကိုမုန္းေပမဲ့ ဒီGameမွာေတာ့ ေစာင့္ရတာကိုေပ်ာ္ေနတတ္ပါၿပီ။

အကြက္ေလးေရြ႔သြားတိုင္း ရင္ခုန္ၿပီး တဟီးဟီးထရယ္မိတာကိုဝန္ခံရမည္။Jun Myeonကသာ အင့္ဟာ အင့္ဟာနဲ႔ ေတြ႔သလိုေရြ႔တတ္ေပမဲ့ Zhang Yixingတစ္ကြက္ေရြ႔တာကို ၾကည့္ရဖို႔အေတာ္ၾကာသည္။ Gameေပမဲ့ သူက တကယ္ အာရံုစိုက္တာပင္။ အေတာ္ေလးၾကာမွ သူ႔ဘက္က ေရြ႔တာျဖစ္ၿပီး ခုထိလည္း Jun Myeonကို တစ္ပြဲမွေပးမႏိုင္ေသးပါေလ။

တစ္ခါတစ္ေလ Jun Myeonတို႔ သြားဖူးေနက် စာအုပ္ဆိုင္ကိုဝင္ေလ့႐ွိၿပီး အဲ့လိုေန႔ေတြဆို Jun Myeonကို Zhang Yixingက အိမ္ထိလိုက္ပို႔ေပးတတ္ပါသည္။
တစ္ခါတစ္ေလမွ အိမ္ျပန္လာတတ္တဲ့ေဖေဖ ပင္ Yixingကိုမ်က္မွန္းတမ္းမိပါသည္။ ေမေမကေတာ့ သူ႔ဆိုင္ပဲသြားေလ့႐ွိတာမို႔ သိပံုမေပၚပါ။ေနာက္ေတာ့ မိတ္ဆက္ေပးရအုန္းမည္။

Jun Myeonတို႔ သင္တန္းရက္ေတြအတြင္း အဆက္သြယ္အျပတ္ဆံုးကေတာ့ Jong Daeပင္ျဖစ္သည္။ သူ႔အဖြားရြာက အေတာ္ေခ်ာင္က်သလား မသိ။ လို္င္းေပၚမွာပင္မေတြ႔ရ။ Baekhyunကေတာ့ သင္တန္းရက္တုိင္းလာေခၚတာမို႔ မေတြ႔ရမ႐ွိပါ။အျပန္က်ရင္ေတာ့ Zhang Yixingနဲ႔လိုက္တဲ့ေန႔မ်ားဆိုရင္ Message ပို႔ရသည္။
အဲ့လိုေန႔ဆိုရင္ Baekhyunတို႔စလို႔ေနာက္လို႔မၿပီးႏိုင္ေတာ့။

"Bingo!!"
႐ွံုးနိမ့္သြားပါသည္ ဆိုတာကို screenေပၚမွာျမင္လ်က္နဲ႔ ဝမ္းသာအားရျဖစ္ေနေသာမိမိ။
ဟုတ္ပါသည္။Jun Myeon Gameေဆာ့ေနတာပါ။
ဘယ္သူနဲ႔လည္း ဆိုေတာ့ Zhang Yixingနဲ႔ပါ။
ႏိုင္လို႔လားဆို မႏိုင္ပါဘူး။ ႏိုင္တယ္ဆိုတာက Future Impossible Tenseပါ။အရင္ကေ႐ာ အခုေရာ ေနာင္ေရာ Zhang Yixingကို ဘယ္ေတာ့မွ အႏိုင္ယူမွာ မဟုတ္ပါဘူး။
ဘာလို္႔လည္း။ Zhang Yixing ကိုႀကိဳက္လို႔ေလ။
တကယ္ေတာ့ ဒါက ဆင္ေျခလို႔ေျပာလို႔ရပါတယ္။စဥ္းစားၾကည့္ပါအုန္း ကိုယ္ဝါသနာမပါတဲ့ အရာမွာ မထူးခြၽန္တာ ဘာမွခံစားခ်က္မ႐ွိဘူးေလ။ ႐ွံုး႐ွံုး ႏိုင္ႏိုင္ ဒီရလဒ္ကို လိုခ်င္ခဲ့တာမွမဟုတ္တာပဲ။ Jun Myeon လိုခ်င္တာက Zhang Yixingရဲ႕ အခ်ိန္ေတြနဲ႔ သူ႔အခိ်န္ေတြကို ႏွစ္ေယာက္ေပါင္း ျဖဳန္းတီးႏို္င္ဖို႔ပဲ။

*ငါ႐ွံုးသြားျပန္ၿပီ*

*ေျဖးေျဖးခ်င္းေပါ့ အရင္ကထက္ တိုးတက္လာပါတယ္*

*တကယ္?*

*အင္း အဆင္ေျပာလာတယ္။ မင္းေၾကာင့္ကေန႔အေတာ္ ေခါင္းစားသြားၿပီ*

*ဟာ ႐ွိေဖာ္ ေတာင္ ေခါင္းစားတယ္ဆိုေတာ့ Jun Myeonေလး skillမေသးတာ ေသခ်ာေနၿပီ*

*ေအးပါကြာ*
*ဒါနဲ႔ မနက္ျဖန္ သင္တန္းအျပန္ စာအုပ္ဆိုင္္ဝင္ၾကမလား။ငါ မင္းနဲ႔ေဆာ့ဖို႔ အိမ္ကေန သယ္လာမယ္ေလ။ အျပင္မွာတစ္ေခါက္ေဆာ့ရေအာင္*

*တကယ္ႀကီး အျပင္မွာ။ ေဆာ့မယ္ ေဆာ့မယ္*

*မင္း အိမ္ကေရာ ေျပာခဲ့ပါအုန္း*

*ရတယ္ ေမေမက မနက္ျဖန္ဆိုင္မွာ ငါတု႔ိ ေအးေဆး*

*Ok မနက္ျဖန္ေတြ႔တာေပါ့ Bye*

*ဟုတ္ ႐ွိေဖာ္ ။ Bye Good night.Sweet Dream*

*Good Night*

"အဟီး ႐ွိေဖာ္ေၾကာင့္ ေန႔တိုင္း အူျမဴးေနရတာပဲ"

႐ွိေဖာ္?ဟုတ္သည္ ။Jun Myeon က Zhang Yixingကို႐ွိေဖာ္ဟုေခၚသည္။တ႐ုတ္လူမ်ိဳးျဖစ္တဲ့အျပင္ ေလာေလာဆယ္ စစ္တုရင္သင္ေပးေနေတာ့ ဆရာေပါ့။
ဒါနဲ႔ပက္သတ္ၿပီး Zhang Yixing က ဘာမွမေျပာပါ။ေခၚတာႀကိဳက္တယ္မႀကိဳက္ဖူးမေျပာ တာမို႔ Jun Myeonကေတာ့ သူမ်ားထက္ ထူးထူးျခားျခား ကိုေခၚတာပဲ။

ခုလည္း မနက္ျဖန္ သင္ေပးအူန္းမည္တဲ့။
စစ္တုရင္ထက္ ဘယ္လိုခ်စ္ရမယ္သင္ေပးရင္လည္းေကာင္းမည္။

..............................

သင္တန္းမၿပီးခင္ကတည္းရ ဖင္တႂကြႂကြျဖစ္ေနတဲ့ Jun Myeon။ဆရာကလည္း ဒီေန႔မွ ပိုတက္ႂကြၿပီးသင္ေနသလိူ အခ်ိန္ေတြကလည္း ေႏွးလြန္းလိုက္တာ။

"ဆင္းပါေတာ့ ေတာ္ပါေတာ့" Jun Myeonခပ္တိုးတိုးညည္းလိုက္ရင္း ေ႐ွ႕က ေက်ာျပင္ႀကီးကိုသာ အာရံုစိုက္ၾကည့္ေတာ့ စိတ္ပါဝင္စားေန႐ွာပံုပါပဲ။ဆရာကိုလုိက္မၾကည့္ စာအုပ္ကို ငံု႕ၾကည့္ရင္း ရယ္ေနတဲ့ Zhang Yixing။

ဘာေၾကာင့္္ရယ္မသိေပမဲ့ Jun Myeonလည္း တသိမ့္သိမ့္တုန္ေနတဲ့ အဲ့ဒီေက်ာျပင္ကိုိုလိုက္ၾကည့္ရင္း လိုက္ရယ္ေနမိပါသည္။

"ေဟ့ Jun Myeon နဲ႔ Yixingဘာေတြျဖစ္နၾကတာလည္း"
ဆရာ့အသံေၾကာင့္ Jun Myeon တြန္႔ခနဲ။
ဆရာ့ဆီၾကည့္ၿပီး သြားေလးျဖဲလို႔ ေခါင္းယမ္းရသည္။ Zhang Yixingလည္းထို႔အတူပင္ ။ဆရာက ေ႐ွ႕ျပန္လွည့္သြားမွ Zhang Yixingက Jun Myeonခံုကိုေက်ာေလးနဲ႔ကပ္ၿပီး ခပ္တိုးတိုးေမးသည္ ။

"ဘာေတြရယ္ေနတာလည္း"

"ဒီတိုင္း သေဘာက်စရာေတြ႔လို႔"

Zhang Yixingက ေခါင္းကိုငဲ့လ်က္ မ်က္ခံုးတြန္႔ကာ ႏႈတ္ခမ္းမဲ့ျပ႐ွာသည္။
Jun Myeonကေတာ့ျပံဳးလိုက္ရင္ စာလုံးေတြကိုသာအာရံုစိုက္ေနလိုက္ေတာ့သည္။
ငါသေဘာက်တာ မင္းကိုေလ ငပိန္းေကာင္ Zhang Yixingရဲ႕။
ဒါလညး္ နားလည္မွာမဟုတ္ပါဘူး။ ဒီကေျပာမွ မေျပာရေသးတာ။

တစ္ခါတစ္ေလက်ေတာ့လည္း ကိုယ္ကလူတစ္ေယာက္ကိုသေဘာက်မိတာနဲ႔ အဲ့ဒီလူက အလိုလိုသိၿပီး ကိုယ့္ကိုျပန္ႀကိဳက္လာတာမိိ်ဳး႐ွိရင္ေကာင္းမည္ဟုေတြးမိသည္။

သိပၸံပညာ႐ွင္ေတြက ေပါက္ေပါက္႐ွာ႐ွာ Theoriesေတြထုတ္ၿပီး သင္ခန္းစာေတြမွာျပ႒ာန္းေနမဲ့အစား ဒါမ်ိဴး၊လက္ေတြ႔မွာ အေထာက္အကူျပဳတာမ်ိဳးကို ႐ွာေဖြသင့္တယ္။

....................................................

"အင္း......ဒါကို ဒီလို႔ေရြ ့မယ္ဆိုရင္"

"ေသခ်ာရဲ႕လား တျခားေရာ ေတြးၾကည့္ပါအုနး္"

"ဟင္....ဒါကအေကာင္းဆံုးထင္တယ္ေနာ္"

"သေဘာေနာ္ ၿပီးမွ ေစာေစာကလို အကုန္ေရာၿပီး မညစ္ပတ္ေၾကး"

"....."

"အယ္...ေစာေစာ ကိုယ္လုပ္လ္ိုက္တာ ကိုယ္သိတယ္ဟုတ္"
လက္ညႇိဳးနဲ႔ ခံုကိုေထာက္ရင္း Jun Myeonကိုေျပာေနတဲ့ Zhang Yixingေၾကာင့္ Jun Myeonမဲ့ကာေထာ္ထားတဲ့ ႏႈတ္ခမ္းကိုပိုေထာ္ပစ္လိုက္သည္။ခ်စ္စရာေကာင္းလိုက္စမ္းပါ။

"႐ွိေဖာ္က ဆရာႀကီးေလ ညႇာေပါ့"ေျပာေျပာဆိုဆိုနဲ႔ ေတြ႔တဲ့အကြက္ကို ခ်လိုက္တဲ့ Jun Myeon။
Zhang Yixingက မ်က္ခံုးပင့္ရင္း တစ္ခ်က္ျပံဳးသည္။

ေသာက္ရမ္းၾကည့္ေကာင္းတာပဲ။

လက္အေရြ႔အလ်ားကုိအသာလုပ္ရင္း Chessကိုေရႊ ့ သည္။
"Bingo!! I win again Kim Jun Myeon"

ဘာရယ္။ ျပံဳးရယ္ေနတဲ့ Zhang Yixingကိုၾကည့္ရင္း Jun Myeonမ်က္လံုးအျပဴးသားႏွင့္ ေသခ်ာ ျပန္စစ္ၾကည့္ေတာ့။
Wtf! ငါဘာလို႔ ဒီလမ္းေၾကာင္းကိူ မေတြးမိေသးတာပါလိမ့္။
ဟာ....တကယ္လို႔သာ ဟိုဘက္ေရြ ့လိုက္ရင္ ငါႏိုင္မွာေလ။

"မေျပာဖူးလား ေသခ်ာေတြးပါဆို"

"႐ွိေဖာ္က ဆရာႀကီးေလ ငါ့မွာသံုးပြဲကို ႏွစ္ပြဲ႐ွံုးေနၿပီ"

"ပထမပြဲက မႏိုင္ေတာ့လို႔ အကုန္ေရာလိုက္တာေလ"

Zhang Yixingစကားေၾကာင့္ Jun Myeonရယ္မိသည္။ဟုတ္လည္းဟုတ္၏။႐ွံုးမယ္ထင္လို႔ chessေတြအကုန္ေမႊေနာက္ပစ္လိုက္သည္ေလ။ ယုတ္မာတတ္ရတာေပါ့။

"ဒါနဲ႔ ႐ွိေဖာ္က ေက်ာင္းပြဲေတြတအားမၿပိဳင္ဖူးေနာ္ ပြဲေတြေပါသားနဲ႔"

"အင္း ေက်ာင္းစာလည္းလုပ္ရတယ္ ေနာက္ပိုင္း Juryေတြနဲ႔သိပ္မအားလို႔"

"ဒါေပမဲ့ ခ်န္ပီယံေတာင္ျဖစ္ဖူးတာပဲ ငါကေတာ့ ႐ွိေဖာ္ကိုဆုေတြအမ်ားႀကီးရေစခ်င္တာ"

Zhang Yixingက Chessေတြကိုစိုက္ၾကည့္ေနရင္းႏႈတ္ခမ္းေလးေကာ့တက္ရံုျပံဳးသည္။ေနာက္ Jun Myeonကိုၾကည့္သည္။မ်က္လံုးျခင္းဆံုေစလို႔ နည္းနည္းကပ္ကပ္ေပါ့။

"ငါစာေမးပြဲထိထားတယ္ Jun Myeon" Zhang Yixingႏႈတ္ဖ်ားကထြက္တဲ့ ကိုယ့္နာမည္ေလး ရင္ခုန္ေစသည္။သိူ႔ေသာ္ စာေမးပြဲထိထားတယ္ဆိုတာေၾကာင့္သိပ္ဘဝင္မက် ။Jun Myeonမ်က္ေမွာင္ၾကံဳ႕မိေတာ့ Zhang Yixing က ရယ္ျပန္သည္။

"ပထမႏွစ္ကျဖစ္မယ္ ကုစားတန္းသံုးလျပန္တက္ရလို႔ အိမ္မျပန္ရဘူး။
မားမား ကစိတ္ဆိုးၿပီး Chessလံုးဝမေဆာ့ရဘူးလုပ္ေနေသးတယ္"သြားကိုေစ့လို႔ ေျပာေနဟန္က သူ႔အျပစ္နဲ႔သူသိတဲ့ပံုစံနဲ႔။

"ဒီေလာက္ေတာ္တဲ့ သူက စာေမးပြဲ က်ေအာင္ေျဖရင္ေတာ့ အရမး္လြန္သြားပါၿပီ" Jun Myeonက စိတ္သက္သာလိုေစညား စကာေျပာရင္း စကားဝိုင္းကို အေပ်ာ္ဖက္ျပန္ဆြဲမိသည္။Zhang Yixingကိုစိတ္မညစ္ေစခ်င္ပါ။

"ဒါေပမဲ့ ႐ွိေဖာ္ တကယ္ေျပာတာပါ မင္းchessေဆာ့တာၾကည့္ရတာ တကယ္မိုက္တယ္။အေရာင္ေတြထြက္ေနသလိုပဲ"

"အယ္ မင္းျမင္ဖူးလိူ႔လား"

"မင္း wallထဲမွာေတြ႔တယ္ေလ"

"အာ အဲ့ဒါမႏွစ္ကေလ။ ငါ တိုင္းအဆင့္ျပဳတ္က်န္ေနခဲ့တာ"

"စာလည္းႀကိဳးစားေပါ့။မင္းဝါသနာပါတာကို ငါေတာ့လုပ္ေစခ်င္တယ္။
အိမ္ကိုလည္းအရမ္းအျပစ္မျမင္ပါနဲ႔။လူႀကီးေတြက ပူပန္တာပဲ။ကိုယ့္လမ္းကိုပံုမွန္ေလးေဖာက္ေပ့ါ" ေျပာၿပီးမွ Jun Myeonသတိထားမိသည္။ သူက ဆံုးမေနမိတာမ်ား Zhang Yixingက ကေလးက်လို႔။

Zhang Yixingက သူ႔တံေတာင္ဆစ္ႏွစ္ဖက္ကိုအားျပဳ၍ခံုေပၚတင္ေမးေထာက္ကာ Jun Myeonကိုၾကည့္သည္ ခပ္ျပံဳးျပံဳးႀကီးနဲ႔။

"ဟုတ္ကဲ့ဗ်"

"ဟာ ငါက တကယ္လုပ္ေစခ်င္တာကို"

"သိပါတယ္ ဗ်"

"႐ွိေဖာ္ေနာ္ ငါ့ကိုစမေနနဲ႔"

"မစပါဘူးကြာ တစ္ေယာက္ေယာက္ကိူ သတိရသြားလို႔"

Jun Myeonခပ္ျပံဳးျပံဳး အမူအရာတို႔ရပ္တန္႔သြားသည္။တစ္ေယာက္ေယာက္။Zhang Yixingရဲ႕တစ္ေယာက္ေယာက္က ဘယ္သူျဖစ္မလည္း။တေတာက္ေတာက္ ေပၚထြက္ေနတဲ့ အေတြးမ်ားနဲ႔အတူ ရင္ထဲပူေလာင္လာတာေနလို႔မေကာင္း။ဒါေပမဲ့ Jun Myeonကိုယ့္ကိုယ္ကိုယ္ထိန္းထားလိုက္ရင္းပဲေနလိုက္သည္။

"သူလည္း ငါ့ကိုဒီလိုေျပာဖူးတယ္။မင္းလိုပဲ။ သူက တကယ္ေႏြးေထြးတာ"

"ေအာ္"

ဒီေလာက္နဲ႔ပဲ စကားဝိုင္းက အၿပီးသတ္သည္။Jun Myeonကလည္းမသိရဲသလို။Zhang Yixingကလည္းေျပာျပခ်င္ပံုမရ။

ဒီညေနကေတာ့ Jun Myeonမွာအေတြးအစံုနဲ႔။
ဆိုင္ကယ္ အ႐ွိ္န္ေၾကာင့္ သူနဲ႔ Zhang Yixingၾကားေဝးလာလိုက္ နီးလာလိုက္ႏွင့္။

ငါ့ေၾကာင့္ပဲ မင္းကိုေႏြးေထြးေစခ်င္တာ
ငါ့ေၾကာင့္ပဲ မင္းကိုစိတ္သက္သာရာရေစခ်င္တာ
ငါ့ေၾကာင့္ပဲ ငါ့ေၾကာင့္ပဲ မင္းရဲ႕ အရာရာကို အေကာင္းဘက္ေရာက္ေစခ်င္တာ

ကိုယ္မဟုတ္တဲ့တျခား တေယာက္ရဲ႕ ဂ႐ုစိုက္မႉမွာ ေပ်ာ္ဝင္ေနတာကိုသေဘာမက်
ငါေျပာခ်င္တယ္ Zhang Yixing
မင္္းကိုဘယ္ေလာက္သေဘာက်တဲ့အေၾကာင္း
ခုကာလမွာ ဘယ္ေလာက္ေတာင္ထပ္ၿပီး ပိုသေဘာက်ေနတဲ့အေၾကာင္း
ငါစိတ္႐ႈပ္တယ္ ႐ွိေဖာ္

...................
#Kattamkaung

အမွားပါရင္ေသြ႔ပုက်ိပါ 😁
လက္တေလာေတာ့ အခ်စ္ဦးပဲဆက္တိုက္လာႏိုင္ေခ်႐ွိ

အရင္အပိုင္းကို သိပ္မဖတ္ၾကဘူးေနာ္
Youေလးတို႔ိသိပ္မႀကိဳက္ၾကဖူးထင္တယ္
ခင္ေကာင္းကupdateၾကာတာသိပါတယ္
ဒါေပမဲ့ ေန႔တိုင္းေရးဖို႔ ႀကိဳးစားပါတယ္
စာေမးပြဲေတြက တကယ္အတိက်မ႐ွိဘူး
လာခ်င္သလိုလာတာမို႔ပါ
ဆင္ေျခေပးတယ္ထင္ရင္လည္းေတာင္းပန္ပါတယ္
ဒီအပိုင္းေလးေတာင္ သံုးရက္ေလာက္ေရးထားရတယ္
Sundayတုန္းက examတစ္ခုေျဖေနရလို႔
အခ်စ္ဦးပံုစံကိုသေဘာမက်ရင္ေျပာေနာ္
ခင္ေကာင္းတျခားဟာပဲေရးလို႔ရပါတယ္
ႀကိဳးစားေရးၿပီး သေဘာမက်ရင္က် ဒီပုထုဇဥ္ေကာင္မေလးက
Updateဖို႔ဝင္ၾကည့္တိုင္းအားမ႐ွိလို႔မေရးႏိုင္ေတာ့ဘူးTT

အားလံုးကိုဝါးစားမတတ္ခ်စ္ပါတယ္❤

(Unicode)

သင်တန်းကာလဟာ တဖြည်းဖြည်း နဲ့ကုန်ဆုံးလို့ လာနေပါပြီ။
မကြာခင် Jun Myeonတို့ တက္ကသိုလ်တွေပြန်ဖွင့်တဲ့အခါ 5ပြီးဆုံးရန်အတွက် ခုနောက်ပိုင်း Japanese Classကို မပျက်မကွက်တက်နေရသည်။

ဒါ့အပြင် skillsလေ့ကျင့်မှုတွေလည်းမပြတ်လပ်စေရ။ ဆရာရဲ့ သင်ကြားမှုကြောင့် Levelနဲ့ ညီတဲ့တတ်မြောက်မှုလေးတော့ရှိလာပြီဖြစ်ပါသည်။
အတန်းရှေ့ထွက်ကာ စာပိုဒ်ဖတ်ရတာမျိုး၊ Kanjiအလွတ်ရေးရတာမျိုးရှိသလို တစ်ခါတလေ လည်းသီချင်းတို့ ကဗျာတို့ထွက်ဆိုရတာမျိုးရှိသည်။ ထိုအချိန်မျိုးဆို Jun Myeonတော်တော်လေးသဘောကျသည်။ Zhang Yixingသီချင်းဆိုတာကိုနားထောင်နိုင်သည်လေ။

မလိမ်ကြေးပြောရရင် သူဆိုတာ တစက်မှ နားထောင်မကောင်းပါ။Japan အသံကမပီမသနဲ့ အတော်လေးဗရုတ်သုတ်ခနိုင်ပေမဲ့ Jun Myeonနဲ့ယှဉ်ရင်လည်းသူမသာကိုယ်မသာမို့ ပျော်စရာတော့ကောင်းသည်ကအမှန်။

Zhang Yixingက အရင်နဲ့ကွာခြားသွားတာတော့ပြောဖို့တောင်မလို။ လူမှုရေးကောင်းလာပြီး ပျော်ပျော်နေတတ်သည်။ မပြောင်းလဲတာကတော့ နည်းနည်းအနေအေးပြီး ခေတ်နောက်ကျတာပင်။သူကပဲအနေစိမ့်တာလား ဒါမှမဟုတ် Social Mediaကိုသိပ်မသုံးတာလားမသိ သူက ပုံမှန်သတင်းလောက်ကလွဲရင်ဘာမှမသိ။ Jun Myeonတို့လူငယ်တွေဆို အနုပညာသတင်း တွေကိုအရမ်းစိတ်ဝင်စားတတ်ပေမဲ့ Zhang Yixingက လားလားမှစိတ်မဝင်စားပုံပင်။

ဒါကလည်းကောင်းတော့ကောင်းပါသည်လေ။
အာ Jun Myeon ကြွားဖို့ကျန်နေသေးသည်။ Jun Myeonအခုတလော စစ်တုရင်ဆော့ဖြစ်နေသည်။
ဟုတ်ကဲ့ အကြောင်းပြချက်ကတော့ Zhang Yixingပါ။
ညဘက်ဆို Jun Myeonတို့ Messenger မှာအလုပ်ရှုပ်ကြပါပြီ။Chess gameဆော့တယ်လေ။ စောင့်ရဆိုင်းရ ကြာတဲ့အလုပ်တွေကိုမုန်းပေမဲ့ ဒီGameမှာတော့ စောင့်ရတာကိုပျော်နေတတ်ပါပြီ။

အကွက်လေးရွေ့သွားတိုင်း ရင်ခုန်ပြီး တဟီးဟီးထရယ်မိတာကိုဝန်ခံရမည်။Jun Myeonကသာ အင့်ဟာ အင့်ဟာနဲ့ တွေ့သလိုရွေ့တတ်ပေမဲ့ Zhang Yixingတစ်ကွက်ရွေ့တာကို ကြည့်ရဖို့အတော်ကြာသည်။ Gameပေမဲ့ သူက တကယ် အာရုံစိုက်တာပင်။ အတော်လေးကြာမှ သူ့ဘက်က ရွေ့တာဖြစ်ပြီး ခုထိလည်း Jun Myeonကို တစ်ပွဲမှပေးမနိုင်သေးပါလေ။

တစ်ခါတစ်လေ Jun Myeonတို့ သွားဖူးနေကျ စာအုပ်ဆိုင်ကိုဝင်လေ့ရှိပြီး အဲ့လိုနေ့တွေဆို Jun Myeonကို Zhang Yixingက အိမ်ထိလိုက်ပို့ပေးတတ်ပါသည်။
တစ်ခါတစ်လေမှ အိမ်ပြန်လာတတ်တဲ့ဖေဖေ ပင် Yixingကိုမျက်မှန်းတမ်းမိပါသည်။ မေမေကတော့ သူ့ဆိုင်ပဲသွားလေ့ရှိတာမို့ သိပုံမပေါ်ပါ။နောက်တော့ မိတ်ဆက်ပေးရအုန်းမည်။

Jun Myeonတို့ သင်တန်းရက်တွေအတွင်း အဆက်သွယ်အပြတ်ဆုံးကတော့ Jong Daeပင်ဖြစ်သည်။ သူ့အဖွားရွာက အတော်ချောင်ကျသလား မသိ။ လို်င်းပေါ်မှာပင်မတွေ့ရ။ Baekhyunကတော့ သင်တန်းရက်တိုင်းလာခေါ်တာမို့ မတွေ့ရမရှိပါ။အပြန်ကျရင်တော့ Zhang Yixingနဲ့လိုက်တဲ့နေ့များဆိုရင် Message ပို့ရသည်။
အဲ့လိုနေ့ဆိုရင် Baekhyunတို့စလို့နောက်လို့မပြီးနိုင်တော့။

"Bingo!!"
ရှုံးနိမ့်သွားပါသည် ဆိုတာကို screenပေါ်မှာမြင်လျက်နဲ့ ဝမ်းသာအားရဖြစ်နေသောမိမိ။
ဟုတ်ပါသည်။Jun Myeon Gameဆော့နေတာပါ။
ဘယ်သူနဲ့လည်း ဆိုတော့ Zhang Yixingနဲ့ပါ။
နိုင်လို့လားဆို မနိုင်ပါဘူး။ နိုင်တယ်ဆိုတာက Future Impossible Tenseပါ။အရင်ကရော အခုရော နောင်ရော Zhang Yixingကို ဘယ်တော့မှ အနိုင်ယူမှာ မဟုတ်ပါဘူး။
ဘာလို့်လည်း။ Zhang Yixing ကိုကြိုက်လို့လေ။
တကယ်တော့ ဒါက ဆင်ခြေလို့ပြောလို့ရပါတယ်။စဉ်းစားကြည့်ပါအုန်း ကိုယ်ဝါသနာမပါတဲ့ အရာမှာ မထူးချွန်တာ ဘာမှခံစားချက်မရှိဘူးလေ။ ရှုံးရှုံး နိုင်နိုင် ဒီရလဒ်ကို လိုချင်ခဲ့တာမှမဟုတ်တာပဲ။ Jun Myeon လိုချင်တာက Zhang Yixingရဲ့ အချိန်တွေနဲ့ သူ့အခိျန်တွေကို နှစ်ယောက်ပေါင်း ဖြုန်းတီးနို်င်ဖို့ပဲ။

*ငါရှုံးသွားပြန်ပြီ*

*ဖြေးဖြေးချင်းပေါ့ အရင်ကထက် တိုးတက်လာပါတယ်*

*တကယ်?*

*အင်း အဆင်ပြောလာတယ်။ မင်းကြောင့်ကနေ့အတော် ခေါင်းစားသွားပြီ*

*ဟာ ရှိဖော် တောင် ခေါင်းစားတယ်ဆိုတော့ Jun Myeonလေး skillမသေးတာ သေချာနေပြီ*

*အေးပါကွာ*
*ဒါနဲ့ မနက်ဖြန် သင်တန်းအပြန် စာအုပ်ဆိုင််ဝင်ကြမလား။ငါ မင်းနဲ့ဆော့ဖို့ အိမ်ကနေ သယ်လာမယ်လေ။ အပြင်မှာတစ်ခေါက်ဆော့ရအောင်*

*တကယ်ကြီး အပြင်မှာ။ ဆော့မယ် ဆော့မယ်*

*မင်း အိမ်ကရော ပြောခဲ့ပါအုန်း*

*ရတယ် မေမေက မနက်ဖြန်ဆိုင်မှာ ငါတု့ိ အေးဆေး*

*Ok မနက်ဖြန်တွေ့တာပေါ့ Bye*

*ဟုတ် ရှိဖော် ။ Bye Good night.Sweet Dream*

*Good Night*

"အဟီး ရှိဖော်ကြောင့် နေ့တိုင်း အူမြူးနေရတာပဲ"

ရှိဖော်?ဟုတ်သည် ။Jun Myeon က Zhang Yixingကိုရှိဖော်ဟုခေါ်သည်။တရုတ်လူမျိုးဖြစ်တဲ့အပြင် လောလောဆယ် စစ်တုရင်သင်ပေးနေတော့ ဆရာပေါ့။
ဒါနဲ့ပက်သတ်ပြီး Zhang Yixing က ဘာမှမပြောပါ။ခေါ်တာကြိုက်တယ်မကြိုက်ဖူးမပြော တာမို့ Jun Myeonကတော့ သူများထက် ထူးထူးခြားခြား ကိုခေါ်တာပဲ။

ခုလည်း မနက်ဖြန် သင်ပေးအူန်းမည်တဲ့။
စစ်တုရင်ထက် ဘယ်လိုချစ်ရမယ်သင်ပေးရင်လည်းကောင်းမည်။

..............................

သင်တန်းမပြီးခင်ကတည်းရ ဖင်တကြွကြွဖြစ်နေတဲ့ Jun Myeon။ဆရာကလည်း ဒီနေ့မှ ပိုတက်ကြွပြီးသင်နေသလိူ အချိန်တွေကလည်း နှေးလွန်းလိုက်တာ။

"ဆင်းပါတော့ တော်ပါတော့" Jun Myeonခပ်တိုးတိုးညည်းလိုက်ရင်း ရှေ့က ကျောပြင်ကြီးကိုသာ အာရုံစိုက်ကြည့်တော့ စိတ်ပါဝင်စားနေရှာပုံပါပဲ။ဆရာကိုလိုက်မကြည့် စာအုပ်ကို ငုံ့ကြည့်ရင်း ရယ်နေတဲ့ Zhang Yixing။

ဘာကြောင့််ရယ်မသိပေမဲ့ Jun Myeonလည်း တသိမ့်သိမ့်တုန်နေတဲ့ အဲ့ဒီကျောပြင်ကိိုလိုက်ကြည့်ရင်း လိုက်ရယ်နေမိပါသည်။

"ဟေ့ Jun Myeon နဲ့ Yixingဘာတွေဖြစ်နကြတာလည်း"
ဆရာ့အသံကြောင့် Jun Myeon တွန့်ခနဲ။
ဆရာ့ဆီကြည့်ပြီး သွားလေးဖြဲလို့ ခေါင်းယမ်းရသည်။ Zhang Yixingလည်းထို့အတူပင် ။ဆရာက ရှေ့ပြန်လှည့်သွားမှ Zhang Yixingက Jun Myeonခုံကိုကျောလေးနဲ့ကပ်ပြီး ခပ်တိုးတိုးမေးသည် ။

"ဘာတွေရယ်နေတာလည်း"

"ဒီတိုင်း သဘောကျစရာတွေ့လို့"

Zhang Yixingက ခေါင်းကိုငဲ့လျက် မျက်ခုံးတွန့်ကာ နှုတ်ခမ်းမဲ့ပြရှာသည်။
Jun Myeonကတော့ပြုံးလိုက်ရင် စာလုံးတွေကိုသာအာရုံစိုက်နေလိုက်တော့သည်။
ငါသဘောကျတာ မင်းကိုလေ ငပိန်းကောင် Zhang Yixingရဲ့။
ဒါလညး် နားလည်မှာမဟုတ်ပါဘူး။ ဒီကပြောမှ မပြောရသေးတာ။

တစ်ခါတစ်လေကျတော့လည်း ကိုယ်ကလူတစ်ယောက်ကိုသဘောကျမိတာနဲ့ အဲ့ဒီလူက အလိုလိုသိပြီး ကိုယ့်ကိုပြန်ကြိုက်လာတာမိိျုးရှိရင်ကောင်းမည်ဟုတွေးမိသည်။

သိပ္ပံပညာရှင်တွေက ပေါက်ပေါက်ရှာရှာ Theoriesတွေထုတ်ပြီး သင်ခန်းစာတွေမှာပြဋ္ဌာန်းနေမဲ့အစား ဒါမျိူး၊လက်တွေ့မှာ အထောက်အကူပြုတာမျိုးကို ရှာဖွေသင့်တယ်။

....................................................

"အင်း......ဒါကို ဒီလို့ရွေ ့မယ်ဆိုရင်"

"သေချာရဲ့လား တခြားရော တွေးကြည့်ပါအုနး်"

"ဟင်....ဒါကအကောင်းဆုံးထင်တယ်နော်"

"သဘောနော် ပြီးမှ စောစောကလို အကုန်ရောပြီး မညစ်ပတ်ကြေး"

"....."

"အယ်...စောစော ကိုယ်လုပ်လ်ိုက်တာ ကိုယ်သိတယ်ဟုတ်"
လက်ညှိုးနဲ့ ခုံကိုထောက်ရင်း Jun Myeonကိုပြောနေတဲ့ Zhang Yixingကြောင့် Jun Myeonမဲ့ကာထော်ထားတဲ့ နှုတ်ခမ်းကိုပိုထော်ပစ်လိုက်သည်။ချစ်စရာကောင်းလိုက်စမ်းပါ။

"ရှိဖော်က ဆရာကြီးလေ ညှာပေါ့"ပြောပြောဆိုဆိုနဲ့ တွေ့တဲ့အကွက်ကို ချလိုက်တဲ့ Jun Myeon။
Zhang Yixingက မျက်ခုံးပင့်ရင်း တစ်ချက်ပြုံးသည်။

သောက်ရမ်းကြည့်ကောင်းတာပဲ။

လက်အရွေ့အလျားကိုအသာလုပ်ရင်း Chessကိုရွှေ ့ သည်။
"Bingo!! I win again Kim Jun Myeon"

ဘာရယ်။ ပြုံးရယ်နေတဲ့ Zhang Yixingကိုကြည့်ရင်း Jun Myeonမျက်လုံးအပြူးသားနှင့် သေချာ ပြန်စစ်ကြည့်တော့။
Wtf! ငါဘာလို့ ဒီလမ်းကြောင်းကိူ မတွေးမိသေးတာပါလိမ့်။
ဟာ....တကယ်လို့သာ ဟိုဘက်ရွေ ့လိုက်ရင် ငါနိုင်မှာလေ။

"မပြောဖူးလား သေချာတွေးပါဆို"

"ရှိဖော်က ဆရာကြီးလေ ငါ့မှာသုံးပွဲကို နှစ်ပွဲရှုံးနေပြီ"

"ပထမပွဲက မနိုင်တော့လို့ အကုန်ရောလိုက်တာလေ"

Zhang Yixingစကားကြောင့် Jun Myeonရယ်မိသည်။ဟုတ်လည်းဟုတ်၏။ရှုံးမယ်ထင်လို့ chessတွေအကုန်မွှေနောက်ပစ်လိုက်သည်လေ။ ယုတ်မာတတ်ရတာပေါ့။

"ဒါနဲ့ ရှိဖော်က ကျောင်းပွဲတွေတအားမပြိုင်ဖူးနော် ပွဲတွေပေါသားနဲ့"

"အင်း ကျောင်းစာလည်းလုပ်ရတယ် နောက်ပိုင်း Juryတွေနဲ့သိပ်မအားလို့"

"ဒါပေမဲ့ ချန်ပီယံတောင်ဖြစ်ဖူးတာပဲ ငါကတော့ ရှိဖော်ကိုဆုတွေအများကြီးရစေချင်တာ"

Zhang Yixingက Chessတွေကိုစိုက်ကြည့်နေရင်းနှုတ်ခမ်းလေးကော့တက်ရုံပြုံးသည်။နောက် Jun Myeonကိုကြည့်သည်။မျက်လုံးခြင်းဆုံစေလို့ နည်းနည်းကပ်ကပ်ပေါ့။

"ငါစာမေးပွဲထိထားတယ် Jun Myeon" Zhang Yixingနှုတ်ဖျားကထွက်တဲ့ ကိုယ့်နာမည်လေး ရင်ခုန်စေသည်။သိူ့သော် စာမေးပွဲထိထားတယ်ဆိုတာကြောင့်သိပ်ဘဝင်မကျ ။Jun Myeonမျက်မှောင်ကြုံ့မိတော့ Zhang Yixing က ရယ်ပြန်သည်။

"ပထမနှစ်ကဖြစ်မယ် ကုစားတန်းသုံးလပြန်တက်ရလို့ အိမ်မပြန်ရဘူး။
မားမား ကစိတ်ဆိုးပြီး Chessလုံးဝမဆော့ရဘူးလုပ်နေသေးတယ်"သွားကိုစေ့လို့ ပြောနေဟန်က သူ့အပြစ်နဲ့သူသိတဲ့ပုံစံနဲ့။

"ဒီလောက်တော်တဲ့ သူက စာမေးပွဲ ကျအောင်ဖြေရင်တော့ အရမး်လွန်သွားပါပြီ" Jun Myeonက စိတ်သက်သာလိုစေညား စကာပြောရင်း စကားဝိုင်းကို အပျော်ဖက်ပြန်ဆွဲမိသည်။Zhang Yixingကိုစိတ်မညစ်စေချင်ပါ။

"ဒါပေမဲ့ ရှိဖော် တကယ်ပြောတာပါ မင်းchessဆော့တာကြည့်ရတာ တကယ်မိုက်တယ်။အရောင်တွေထွက်နေသလိုပဲ"

"အယ် မင်းမြင်ဖူးလိူ့လား"

"မင်း wallထဲမှာတွေ့တယ်လေ"

"အာ အဲ့ဒါမနှစ်ကလေ။ ငါ တိုင်းအဆင့်ပြုတ်ကျန်နေခဲ့တာ"

"စာလည်းကြိုးစားပေါ့။မင်းဝါသနာပါတာကို ငါတော့လုပ်စေချင်တယ်။
အိမ်ကိုလည်းအရမ်းအပြစ်မမြင်ပါနဲ့။လူကြီးတွေက ပူပန်တာပဲ။ကိုယ့်လမ်းကိုပုံမှန်လေးဖောက်ပေ့ါ" ပြောပြီးမှ Jun Myeonသတိထားမိသည်။ သူက ဆုံးမနေမိတာများ Zhang Yixingက ကလေးကျလို့။

Zhang Yixingက သူ့တံတောင်ဆစ်နှစ်ဖက်ကိုအားပြု၍ခုံပေါ်တင်မေးထောက်ကာ Jun Myeonကိုကြည့်သည် ခပ်ပြုံးပြုံးကြီးနဲ့။

"ဟုတ်ကဲ့ဗျ"

"ဟာ ငါက တကယ်လုပ်စေချင်တာကို"

"သိပါတယ် ဗျ"

"ရှိဖော်နော် ငါ့ကိုစမနေနဲ့"

"မစပါဘူးကွာ တစ်ယောက်ယောက်ကိူ သတိရသွားလို့"

Jun Myeonခပ်ပြုံးပြုံး အမူအရာတို့ရပ်တန့်သွားသည်။တစ်ယောက်ယောက်။Zhang Yixingရဲ့တစ်ယောက်ယောက်က ဘယ်သူဖြစ်မလည်း။တတောက်တောက် ပေါ်ထွက်နေတဲ့ အတွေးများနဲ့အတူ ရင်ထဲပူလောင်လာတာနေလို့မကောင်း။ဒါပေမဲ့ Jun Myeonကိုယ့်ကိုယ်ကိုယ်ထိန်းထားလိုက်ရင်းပဲနေလိုက်သည်။

"သူလည်း ငါ့ကိုဒီလိုပြောဖူးတယ်။မင်းလိုပဲ။ သူက တကယ်နွေးထွေးတာ"

"အော်"

ဒီလောက်နဲ့ပဲ စကားဝိုင်းက အပြီးသတ်သည်။Jun Myeonကလည်းမသိရဲသလို။Zhang Yixingကလည်းပြောပြချင်ပုံမရ။

ဒီညနေကတော့ Jun Myeonမှာအတွေးအစုံနဲ့။
ဆိုင်ကယ် အရှိ်န်ကြောင့် သူနဲ့ Zhang Yixingကြားဝေးလာလိုက် နီးလာလိုက်နှင့်။

ငါ့ကြောင့်ပဲ မင်းကိုနွေးထွေးစေချင်တာ
ငါ့ကြောင့်ပဲ မင်းကိုစိတ်သက်သာရာရစေချင်တာ
ငါ့ကြောင့်ပဲ ငါ့ကြောင့်ပဲ မင်းရဲ့ အရာရာကို အကောင်းဘက်ရောက်စေချင်တာ

ကိုယ်မဟုတ်တဲ့တခြား တယောက်ရဲ့ ဂရုစိုက်မှူမှာ ပျော်ဝင်နေတာကိုသဘောမကျ
ငါပြောချင်တယ် Zhang Yixing
မင််းကိုဘယ်လောက်သဘောကျတဲ့အကြောင်း
ခုကာလမှာ ဘယ်လောက်တောင်ထပ်ပြီး ပိုသဘောကျနေတဲ့အကြောင်း
ငါစိတ်ရှုပ်တယ် ရှိဖော်

...................
#Kattamkaung

အမှားပါရင်သွေ့ပုကျိပါ 😁
လက်တလောတော့ အချစ်ဦးပဲဆက်တိုက်လာနိုင်ချေရှိ

အရင်အပိုင်းကို သိပ်မဖတ်ကြဘူးနော်
Youလေးတို့ိသိပ်မကြိုက်ကြဖူးထင်တယ်
ခင်ကောင်းကupdateကြာတာသိပါတယ်
ဒါပေမဲ့ နေ့တိုင်းရေးဖို့ ကြိုးစားပါတယ်
စာမေးပွဲတွေက တကယ်အတိကျမရှိဘူး
လာချင်သလိုလာတာမို့ပါ
ဆင်ခြေပေးတယ်ထင်ရင်လည်းတောင်းပန်ပါတယ်
ဒီအပိုင်းလေးတောင် သုံးရက်လောက်ရေးထားရတယ်
Sundayတုန်းက examတစ်ခုဖြေနေရလို့
အချစ်ဦးပုံစံကိုသဘောမကျရင်ပြောနော်
ခင်ကောင်းတခြားဟာပဲရေးလို့ရပါတယ်
ကြိုးစားရေးပြီး သဘောမကျရင်ကျ ဒီပုထုဇဉ်ကောင်မလေးက
Updateဖို့ဝင်ကြည့်တိုင်းအားမရှိလို့မရေးနိုင်တော့ဘူးTT

အားလုံးကိုဝါးစားမတတ်ချစ်ပါတယ်❤

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

26.5K 3.4K 14
You Are The Apple Of My Eye The one who I love most
474K 67K 55
အသက္ ၂၂ နွစ္မွာ ရွန္ခ်န္လင္တစ္ေယာက္ အေကာင္းဆံုး အမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိခဲ့တယ္။ ဆုကိုကိုင္ မ်က္ရည္ေလး၀ဲျပီး ေက်းဇူးတင္စကားေျပာေနခ်ိန္မွာပဲ မ်က္နွ...
558K 64.2K 44
Love Story From Defulo (Series-2) Complete
576K 35.7K 71
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...