ဒီလောက်ထိ အလျင်လိုနေကြသလား အဖျက်ကောင်တို့ရယ်။ စောစောကမှ မုန်လာဥလေးကို
ကယ်တင်စောင်မပြီးတယ် ။ ခု အဖျက်ကောင်က
မျက်စိရှေ့ပြန်ရောက်လာပြီ။ အဖျက်ကောင်တွေက
သည်ကမ္ဘာမှာ တွေ့ကရာ ကြုံရာနေရာမှာ
မွေးကြဖွားကြ ပွားကြများကြနဲ့ ပဲလားဟင်။
ဇီမိုက သူ့ဒေါ်လေးကို မကြည်ကြည့်တစ်ချက်
လှမ်းပြတယ်။ သူ့ဒေါ်လေး ပေါက်ပန်းဈေး
စကားကို ဘယ်အရူးက ယုံမှာလဲ။
'' နတ်ဝိဇ္ဇာသခင်...တစ်ကယ်ပဲလား..ဟင်''
ချီ ဟန်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး
ဘလင်းလင်း တွေထ လို့။
လခွမ်း!! ယုံတဲ့သူ တစ်ကယ်ကြီးရှိတယ်ဟ။
'' ကြားဖူးတဲ့အတိုင်းပဲ နတ်ဝိဇ္ဇာသခင်က
ထက်မြက်လှပါတယ်''
ချီဟန်က ကျူ းယောင်ကို သိသိသာသာကြီးကို
မြှောက်တော့တယ်။
'' အမှန်ပြောရရင်တော့...သည် တပည့်လေးက
ကျတော်တို့ ဂိုဏ်းချုပ်ရဲ့ သမီးပါ...ရှုလု လို့ခေါ်ပါ
တယ်...နတ်ဝိဇ္ဇာ ရဲ့တပည့်လိုပဲ ရေအာကာသ
ဝိဉာဉ်ကြော ပိုင်ရှင်ပါ...''
ဘာ ဘယ်လို! ရေအာသဝိဉာဉ်ကြောတွေက
လည်း ပေါများလှချည်လားကွယ်။
ကျူ းယောင်ရော ဇီမိုပါ ရှုလုကို မျက်လုံး
အပြူ းသားကြည့်မိကြတယ်။
သူတို့စိုက်ကြည့်နေလို့ ထိတ်လန့်သွားတာမျိုး
အနေရခက်နေတာမျိုး ကောင်မလေးက လုံးဝ
မဖြစ်ဘူး။ အေးဆေးစွာ စိုက်ကြည့်ခံနေတယ်။
အင်း ....သူ့မျက်နှာပေါ်မှာ ရှိနေသေးတဲ့
လက်ဖက်ခြောက်ဖတ်တွေ ဖယ်လိုက်ရင်တော့
ပိုကောင်းတာပေါ့လေ။
အနည်းငယ်ထူးဆန်းတယ်လို့ ကျူ းယောင်လည်း
ခံစားမိတယ်။ ပုံမှန်ဆိုရင် ကောင်မလေးတစ်ယောက်က အကြီးကဲတွေရဲ့ သည်လောက်စိုက်ကြည့်ခံရရင်
အနည်းငယ်တော့ စိုးရိမ်ကြောင့်ကြပုံပြကြတာ
ချည်းပဲ။သို့ပေမဲ့ ရှုလုကတော့ အနည်းငယ်မျှ
သိမ်ငယ်ပုံမပြဘဲ တည်ငြိမ်လွန်းတယ်။သူ့
မျက်နှာပေါ်က အဖျက်ကောင်ဆိုတဲ့ စကားလုံး
ကြောင့်သာ မဟုတ်ရင် သည်ေကောင်မလေးက
တစ်ကယ့်ကို သတ္တိရှိတဲ့ ကလေးလို့ ကျူ းယောင်
ထင်မိမှာ။
နေပါဦး ။ နောက်ထပ်သင်္ကေတ တစ်ခုရှိသေးတယ်ဟ။ အဖျက်ကောင် စကားလုံးနောက်မှာ
ဘယ်နှယ့် ကွင်းစကွင်းပိတ်ကြီးနဲ့ ။ ပြီးတော့
' ဝင်စားခြင်း' ဆိုတဲ့ စကားလုံးကလည်းပါသေးတယ်။
ကျူ းယောင်လည်း မုန်လာဥလေး စိတ်အာရုံ
နယ်မြေတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ အမည်း
ရောင် ဝိဉာဉ်ကို သတိရသွားတယ်။
လွန်ခဲ့တဲ့ ရက်တုန်းက မုန်လာဥလေးကိုယ်ကို
ဝင်စီးတာမအောင်မြင်လို့ သူ သည်ကလေးမ
ကိုယ်ထဲကို ဝင်သွားတာလား။
လခွမ်း!! သည်ဝိဉာဉ်က တယ်လီဖုန်းထဲ
နေတာများလား။ တစ်ချက်ခေါ်လိုက်တာနဲ့
နောက်ထပ် ကိုယ်ခန္ဓာ တစ်ခုဆီ ကူးပြောင်း
သွားနိုင်တယ်။
မောလိုက်တာ။ ကြည့်ရတာ ဘယ်အရာကိုမှ
ူသူမ ချစ်နိုင်တော့မယ်မထင်ဘူး။
'' နတ်ဝိဇ္ဇာ သခင် ကျူ းယောင်''
ချီဟန်ကလည်း မျှော်လင့်ချက်အပြည့် မျက်ဝန်းတွေနဲ့ ပြောတယ်။
'' နတ်ဝိဇ္ဇာ ကြီးက တစ်ချက်ကြည့်တာနဲ့
ရှုလု ကိုသိတယ်ဆိုတော့လေ...ရှုလုနဲ့ နတ်ဝိဇ္ဇာ နဲ့က ရေစက်ဆုံမယ်ထင်ပါတယ်...ရှုလုကို
တပည့်အဖြစ် နတ်ဝိဇ္ဇာ ကြီး လက်ခံချင်မလား
မသိဘူး''
'' လက်မခံဘူး''
ကျူ းယောင်လည်း ယခင်ကအတိုင်း မာနကြီး
အေးစက်သောရေခဲရုပ် ပေါ်လာတယ်။
လာ နောက်နေတာလား။ ဟိုကလေးမ နဖူးက
စာသားလည်း ကြည့်အုံး။ သည်လောက်ထင်ရှားနေမှတော့ ကယ်တင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။
သူ့ကို အနားထားလိုက်ရင် ကိုယ့်သေတွင်း
ကိူယ်တူးသလိုဖြစ်မနေဘူးလား။
ချီဟန်လည်း တအံ့တသြ။ ဒီလောက်မြန်မြန်
ကြီး ကျူ းယောင်ငြင်းလိမ့်မယ်လို့ မထင်ဘူးလေ။
'' ဒါဆို စောစောက ...နတ်သခင်ပြောတော့...'''
'' ပါးစပ်က လွှတ်ခနဲ ထွက်သွားတာကို
မင်းက အတည်ယူမလို့လား''
ချီဟန်>>>''#*$....''
ဒါဆို ဘာကိစ္စ ရှုလုမျက်နှာပေါ် လက်ဖက်ခြောက်ဖတ်တွေ လွှတ်ခနဲ
ထွေးထုတ်ရတာလဲ။
ချီဟန်လည်း ဘာမှမလုပ်နိုင်တော့သလို
ခံစားလိုက်ရတယ်။
ဇီမိုလည်း ရှေ့တိုးသွားပြီး ချီဟန်ပုခုံးကို
ပုတ်လိုက်တယ်။ နားလည်ပါတယ် သားကြီးရာ
ဆိုတဲ့ အကြည့်နဲ့လည်း အားပေးလိုက်သေးတယ်။
ခုတော့ ငါ ဘယ်လ်ို ခံစားရှင်သန်နေရသလဲဆိုတာ
မင်းလည်းနားလည်ပြီပေါ့။ ဒီလိုပဲကွ..
ကျောကိစိမ်းသစ်တောတောင်ကလူ ဆိုရင်
ူသည်ပုတ်ထဲက သည်ပဲတွေပေါ့။
'' နတ်ဝိဇ္ဇာ သခင်..ခင်ဗျား...ခုထိ
ကျင့်ကြံခြင်း လောကမှာ ရေအာကသဝိဉာဉ်
ကြောကို အသုံးမကျ ဘူးလို့ တွေးကြတုန်းပါ
ဒါပေမဲ့ နတ်ဝိဇ္ဇာ သာ သင်ပေးမယ်ဆိုရင်
....''
ချီဟန်က အရှုံးမပေးသေးဘူး။
ကျူ းယောင်လည်း ချက်ချင်း ဖြတ်ပြောလိုက်တယ်။
'' သူ က ရေအာသဝိဉာဉ်ကြောမှ မဟုတိ
တာ''
'' မဟုတ်ဘူးဆိုရင်တောင်....ဟမ်..ဘယ်လို
''
်ချီဟန်လည်း အံ့သြ သွားတယ်။ ရေဝိဉာဉ်ကြော
မဟုတ်ဘူး။ ဘာပြောချင်တာတုံး။
ဇီမိုက ပထမဆုံး လှုပ်ရှားလိုက်သူပဲ။ ချက်ချင်းပဲ
ဝိဉာဉ်ကြော စမ်းသပ်ဖန်လုံးကို ဆင့်ခေါ်ပြီး ရှုလု
ရှေ့တိုးပေးလိုက်တယ်။ ကျူ းယောင်
လည်း ရှုလုကို ကြည့်လိုက်တယ်။
ရှုလုက ကြောက်ရွ့ံ့ခြင်း အလျင်းမရှိဘူး။
ချက်ချင်းပဲ သူ့လက်ကို ဖန်လုံးပေါ်တင်လိုက်တယ်။
ခဏကြာတော့ ဖန်လုံးထဲမှာ အဖြူ ရောင်အခိုး
ငွေ့တွေ ပေါ်လာပြီး နှင်းပွင့်လေးတွေပေါ်
ကျဆင်းလာတယ်။
''ရေခဲအာကာသဝိဉာဉ်ကြော''
ဇီမိုလည်း တအံ့တသြ ရေရွတ်တယ်။
တစ်ကယ့်ကို ရှားပါးတဲ့ ဝိဉာဉ်ကြောကောင်းပဲ။
ဇီမို့အမူရာကလည်း ချက်ချင်းအေးစက်သွားတယ်
။ ချီဟန်ကိုလည်း မကျေမနပ်နဲ့ ဘူကြည့်လှမ်း
ကြည့်လိုက်တယ်။ သူ့ူသမီးလေးလိုပဲ ခွဲခြားမှုတွေ
ခံစားနေရမှာပဲဆိုပြီး ကိုယ်ချင်းစာနေတာ။သူ့
ဒေါ်လေးကိုတောင်ကူပြောပေးမလို့ဟာကို။
ခုတော့ ဘယ်မလဲ ရေအာသဝိဉာဉ်ကြော။
ငါ့ လာ ညာ နေတာလား။
ချီဟန်ရဲ့ အမူရာက. အနည်းငယ်ရှက်သွား
တယ်။ပြိးတော့ ဝမ်းသာနေပုံရတယ်။
'' ရှုလု ..မင်း...ဘာလို့''
''ဒီ မနက်ပဲ ဆရာ့ကို ဒီအကြောင်းပြောချင်
နေတာ''
ရှုလု မျက်နှာက တောင်းတောင်းပန်ပန် အမူရာနဲ့။
''တပည့်...ဝိဉာဉ်ကြော သန္ဓေ ပြောင်းသွားတယ်..(ရှေ့ဖြစ်အိပ်မက်မှာလည်းပါ)
ဒါပေမဲ့ ဆရာဦးလေးက အလောသုံးဆယ်
လာလိုက်တော့ တပည့် ပြောပြဖို့အချိန်မရလိုက်
ဘူး''
''ဟ..ဟ...သည်ကလေးကတော့...ကွာ..''
ဘယ်လိုပဲ ဖြစ်ဖြစ် သည်ကလေးမလေးက
သူ့ဂိုဏ်းတူအစ်ကိုကြီး သမီးမဟုတ်လား။
ဘယ်နှယ့်လို့ သူ့မှာ ပြောရက်ပါ့မလဲ။
'' ဆရာဦးလေး ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်''
ရှုလုက ထပ်ကာ တောင်းပန်တယ်။
သို့ပေမဲ့ သူတောင်းပန်တာက စိတ်ထဲက
မပါဘူးဆိုတာသိသာတယ်။ ဆာလောင်နေတဲ့
အကြည့်တစ်ခု ဖျတ်ခနဲ လက်သွားတာကို
ဘေးကကြည့်နေတဲ့.ကျူ းယောင် အသေချာ
မြင်လိုက်တယ်။
ခု ရှုလုဆိုတာက ဟို ဇတ်ရံမမ မုမေ့ယန်ပဲ
ဖြစ်ရမယ်။ဟုတ်တယ်မလား။
ချီဟန်လည်း ကျူ းယောင်တို့ကို ထပ်ကာတောင်း
ပန်တယ်။ ရှုလုကို တပည့်အဖြစ် လက်ခံဖို့
ကိစ္စ ထပ်မပြောတော့ဘူး။ ပြောရအောင်
သူ က အရူးမှ မဟုတ်တာ။ ရေခဲအာကသာ
ဝိဉာဉ်ကြောဆိုတာ နှစ်ထောင်ချီမှ တစ်ယောက်
ပေါ်တာ။ ဘာကိစ္စ သည်လို တပည့်ကို သူများဆီ
ပေးရတော့မှာလဲ။ ယုလော်တစ်ယောက်
ပြိုင်ပွဲမှာနိုင်သွားကတည်းက ကျောက်စိမ်းသစ်တောတောင်မှာ ရေအာကာသဝိဉာဉ်ကြောကို
ပဲ လေ့ကျင့်ပေးတဲ့ အထူးနည်းနာနိသယတွေ
ရှိမယ်ထင်လို့ ရှုလုကို သူ လာပို့တာ ။ ခုလို
ရေခဲအာကာသ ဝိဉာဉ်ကြော
ဆိုတော့လည်း ဘယ်သူ့
ကြောက်စရာလိုတော့မှာလဲ။
ဇီမိုကလည်း သည်ကိစ္စကို ထပ်ပြီးအကျယ်ချဲ့
မနေပါဘူး။ သူ့မှာလည်း ဒီလိုသမီးတစ်ယောက်
ရှိတာမလို့ နားလည်ပေးနိုင်တယ်။
''ဒါနဲ့...သည်ကို အကြီးကဲ လာရတဲ့အကြောင်း
ရင်းက ဘာများလဲမသိဘူး''
နောက်ဆုံးတော့ ဇီမိုလည်း လိုရင်းကို မေးလိုက်တယ်။
ချီဟန်လည်း ရုတ်တရက်ပြောမထွက်ဘူး
ဖြစ်နေတယ်။ ပြီးမှ ကျူ းယောင်ကိုကြည့်ရင်း
ဖွင့်ဟတယ်။
''ဒီလိုပါ...ကျတော့်...မိတ်ဆွေရဲ့ သမီးက
သူများမကောင်းကြံခံရလို့ ဒဏ်ရာရပြီး
စိတ်အာရုံနယ်မြေ
ထိခိုက်ခံထားရပုံပေါ်ပါတယ်...ကျတော်လည်း
သူ့ကို ရေခဲထဲထည့်ပြီးချီစွမ်းအင် နဲ့ ကုသ
ပေးထားတယ်...ဒါပေမဲ့ ခုလောလောဆယ်တော့
သူ့ အသက်ဓာတ်က တဖြည်းဖြည်းဆုတ်ယုတ်
လာနေတယ်.
ကြားရတာတော့ နတ်ဝိဇ္ဇာသခင် ကျူ းယောင်က
စိတ်အာရုံနယ်မြေနဲ့ပက်သက်ပြီး ဗဟုသုတ
ုကြွယ်တယ်ဆိုလို့ပါ..ကျေးဇူးပြုပြီးကျတော့် မိတ်ဆွေသမီးလေးကို ကြည့်ပေးဖို့ လိုက်ခဲ့နိုင်မလား
နတ်ဝိဇ္ဇာ ကြီး''
(TN: မမကျူ းက စိတ်အာရုံနယ်မြေနဲ့ပက်သက်လို့
သိချက်ကတော့ ပြောမနေနဲ့ မကြာခင်ကမှကို
အိပ်ရာကထနိုင်တာ😌)
ဒီစကားကိုကြားတော့ ပထမဆုံးမျက်မှောင်ကြုတ်
သွားတာကတော့ ဇီမိုပဲ။ ကိစ္စအသေးမွှာလေး
တွေအတွက် ဂိုဏ်းအချင်းချင်းကူညီကြတာ
ထုံးစံပါပဲ။ သူတို့ကြည့်စေချင်တဲ့ ဒဏ်ရာရနေတဲ့
သူကို သည်ခေါ်လာပေးမယ်ဆိုရင် တော့
ဇီမိုဘာမှ ကန့်ကွက်မိမှာမဟုတ်ဘူး။ ခု သူတို့
ပြောပုံအရဆို ဒေါ်လေးငယ်ကပဲ အလျင်အမြန်
ထလိုက်ပြီး သူတို့လူကို လိုက်ကြည့်ပေးရမယ်တဲ့လား။ သူတို့ဒေါ်လေးကို အထင်သေးတာလား။
မလေးစားတာလား။
ဇီမို့မျက်နှာမကောင်းတာလည်းတွေ့ရော
ချီဟန် အလျင်မြန်ရှင်းပြတယ်။
'' ဒီလိုပါ..ကျတော့်တပည့်က ဒဏ်ရာပြင်းထန်
လွန်းလို့ ခုလောလောဆယ် ရေခဲထဲမှာပဲထည့်ပြီး အသက်ဆွဲဆန့်ထားရတာပါ....အလွယ်တကူ
ရွေ့လို့မရလို့ပါ...ဒါကြောင့်လည်း ကျတော်
ကိုယ်တိုင်ရှေ့မျက်နှာနောက်ထားပြီး ...
နတ်ဝိဇ္ဇာ သခင်ကို လာတောင်းဆိုရတာပါ...''
ရေခဲရိုက်မျက်နှာကိုဆင်မြန်းထားတဲ့ ကျူ းယောင်
ို ကို လှမ်းကြည့်ရင်း ချီဟန်လည်း သည်နတ်ဝိဇ္ဇ
ကြီး သူတောင်းဆိုတာကို လက်ခံပါ့မလားဆိုပြီး
ရင်တမမနဲ့။ နတ်ဝိဇ္ဇာ ကြီး အတွေးခေါ်က သိပ်ပုံမှန်ဟုတ်ပုံမရတဲ့ကြားထဲ။
'' ကောင်းပြီလေ''
ကျူ းယောင်လည်း ချက်ချင်းပဲခေါင်းညိတ်လိုက်တယ်။ အဖျက်ကောင်အသစ်ကို သေချာနား
နားမလည်လိုက်လို့.စိတ်တိုနေခဲ့တာ။ လေ့လာ
ဖို့အခွင့်ရေးပဲ။
'' ဒါပေမဲ့ ငါ့တပည့် ပြန်သတိရလာတဲ့ထိတော့
စောင့်ရလိမ့်မယ်''
ချီဟန်လည်း ချက်ချင်းပျော်ရွှင်သွားပြီး ကျူ းယောင်ကို အကြိမ်ြကိမ် ကျေးဇူးတင်တယ်။ အာလာပ
သလာပနှုတ်ခွန်းဆက်ပြီးတော့ ဇီမိုလည်း
ချီဟန်တို့ကို ပြန်လိုက်ပို့တယ်။
ပျော်ရွှင်ကျေနပ်စွာထွက်သွားတဲ့ ချီဟန်ရဲ့
ခြေသံတွေက ပေါ့ပါးသွက်လက်နေတာကို
ကျူ းယောင်တွေ့နေရတယ်။ သို့ပေမဲ့ နောက်ကနေ
လိုက်သွားတဲ့ ရှုလုက.. အင်း ခုတော့ မု့မေ့ယန်လို့
ပြောင်းခေါ်သင့်ပြီထင်တာပဲ ။သူကတော့
နောက်ကနေ ရိုရိုကျိုးကျိုးလိုက်သွားရင်း ချီဟန်
နောက်ကျောကို အသေချာစိုက်ကြည့်နေလေရဲ့။
စိုက်ကြည့်ပုံကို ကျူ းယောင်လည်း ဝေခွဲမရဘူး။
ချစ်တဲ့မျက်ဝန်းလား။ မဟုတ်ဘူး။ မုန်းတီးတဲ့
မျကိဝန်းလား။သည်လိုနဲ့လည်း မတူပြန်ဘူး။
ခံစားချက်မျိုးစုံရောပြွန်းနေသလိုပဲ။ သူမ ခန့်မှန်း
လို့တောင်မရဘူး။
သူ့အရင်ဘဝ ဆိုးဆိုးရွားရွားနိဂုံးချုပ်ခဲ့ရတာကိုတော့ ကျူ းယောင်နားလည်ပါတယ်။ သို့ပေသိ
သူ့လက်စားချေတာအောင်မြင်ဖို့အတွက်
ဘာကိစ္စ သူများကိုယ်ခန္ဓာကိုယ် သုံးပြီး တခြားလူတွေထိခိူက်အောင်လုပ်ရတာလဲ။ဒါကြောင့်လည်း ယုလော်
လေးကို မဝင်စီးနိုင်အောင် ကျူ းယောင်တား
ခဲ့ရတာ။ ဘယ်လိုလုပ်ထင်မိမှာလဲ ယုလော်
ကိုမရတော့ မျက်စိတစ်မှိတ်အတွင်း တစ်ခြား
တစ်ယောက်ကိုယ်ထဲ ဝင်ပြီးနေပြီ။
သူမရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုတွေက အလကား ဖြစ်ကုန်ပြီ။ ကွင်းတစ်ပတ်ပတ်
ပြေးမိသလိုမျိုးပဲ။ တာထွက်ရာနေရာကို ပြန်
ရောက်နေပြီ။ သူ့နဖူးက အဖျက်ကောင်စကား
လုံးကလည်း ထင်ရှားလွန်းလို့ ။ ကြည့်ရတာ
ဝူဆောင်းရဲ့ ကောင်းကင်နတ်ဆိုး ခန္ဓာကိုယ်
မရှိရင်တောင် မုမေ့ယန်က သည်လောကကို
ပျက်စီးခြင်းငါးပါးဆိုက်စေအုံးမှာပဲ။
ကျူ းယောင်လည်း ရှုလု နောက်ကျောက်ိုလှမ်း
ကြည့်မိရင်း ကြောင်သွားတယ်။
သူမ မျက်လုံးတွေများ ဝေဝါးနေရော့သလား။
ဘာလို့ မုမေ့ယန်နောက်မှာ အရိပ်မည်းကြီး
တစ်ခုက တွယ်ကပ်နေရတာလဲ။
ကျူ းးယောင် နောက်တစ်ခါလည်း သေချာ
ကြည့်ရော မရှိတော့ဘူး။
ခန်းမဆီကနေ အတော်ဝေးဝေးကို ရောက်သွား
မှပဲ မုမေ့ယန်က တစ်ချက်နောက်ပြန်လှည့်
ကြည့်တယ်။ အပြစ်ကင်းပုံရတဲ့ သူမမျက်နှာ
မှာ ကောက်ကျစ်လိုစိတ်တွေက ဖျတ်ခနဲ ထင်းသွားတယ်။
တိတ်တဆိတ်ပဲ သူမ နှလုံးသားဆီကို စိတ် အသံ
နဲ့ဆက်သွယ်လိုက်တယ်။
''စိတ်အာရုံနယ်မြေမှာ တွေ့ခဲ့တာ အဲ့ နတ်ဝိဇ္ဇာပဲ
သူမများ....''
''စိတ်မပူနဲ့..
.ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ''
အလွန် ကို ချိုသာလွန်းသော အသံတစ်ခုက သူမ နှလုံးသားဆီကနေ ပြန်လာတယ်။
'' ဘယ်လိုလုပ် နတ်ဝိဇ္ဇာ လေးကတစ်ယောက်က ငါ့ကို တစ်ချက်ကြည့်တာနဲ့သိနိုင်ရမှာလဲ
ပြီးတော့ သူ့ရှေ့မှာ ငါတို့ ပေါ်ပေါ်ထင်ထင်
ပေါ်လာရဲမယ်လို့ သူ အိပ်မက်ထဲတောင်တွေး
မိမှာမဟုတ်ဘူး''
'' ဒါပေမဲ့ ငါတို့ သူ့ကိုမရှင်းပစ်လို့ သူမ
တစ်ခုခု သတိထားမိသွားရင်ရော''
''ဟီး... သူ့မှာ လုပ်နိုင်တဲ့အစွမ်းရှိမယ်
မထင်ဘူး''
တစ်ချက်ထဲနဲ့ မြင်နိုင်စွမ်းလည်း ရှိပြီး လုပ်နိုင်စွမ်းလည်းရှိသော တစိစုံတစ်ယောက်ကတော့
သူ့တပည့်အခန်းထဲကို ကြွားကြွားဝင့်ဝင့်ကြီး
ပြန်ရောက်လို့လာတယ်။
'' မုန်လာဥလေး ရေ...ဆရာပြန်လာပြီ''
အိပ်ရာဘေးဝယ် ပူးကပ်နေသော လူနှစ်ယောက်က ချက်ချင်းခွာလိုက်ကြတယ်။ အထူးသဖြင့်
ယောကျာ်လေးဖြစ်သူက စိုးရိမ်တကြီး ထရပ်
လိုက်တယ်။ပြီးတော့ အလျင်မြန် ရှင်းပြဖို့
ကြိုးစားတော့တယ်။
'' ဂိုဏ်း.....ဂိုဏ်းသခင်...အဲ့တာ...အဲ့တာ
အကြီးကဲ နှမ်းလေးပါ...ကျတော့်ကိုခေါ်..ခေါ်လာတာ...''
သူမက ဘာပြောရမှာလဲ။ မဟုတ်တရုတ်လုပ်ထားတာမှန်ရင် ပေါ်ကြတာပဲကိုနော်။
ရေနွေးခွက်အလွတ်ကြီးကို ဆုပ်ထားတဲ့ ဝူ
ဆောင်းကို ကျူ းယောင်လည်း ဘာမှမပြောဘဲ
မျက်လုံးလေးတွေမှေးရင်း
စိုက်ကြည့်နေလိုက်တယ်။
'' တပည့်...တပည့်...''
သူမ အကြည့်စူးစူးအောက်မှာ ဝူဆောင်းခေါင်း
ငုံ့သွားရှာတယ်။ပြီးတော့ မျက်နှာကြီးရဲတွတ်လာ
တယ်။ပြီးမှ ဝရုန်းသုန်းကားပြောတယ်။
'' အကြီးကဲနှမ်းလေးကို သွားခေါ်ပါ့မယ်
''
ထွက်ပြေးသွားတဲ့အလား တဒိုင်းဒိုင်းပြေးထွက်
သွားတယ်။
သူ တောင် ဘာမှ မပြောရသေးဘူး ကောင်လေး
ရှက်သွားပြီ။
ဒါကြောင့် ကျူ းယောင်လည်း နံရံကိုမှှီနေတဲ့
သူ့တပည့်ကို စိုက်ကြည့်လိုက်ပြန်တယ်။
'' တပည့်တို့ကြား မှာ ဘာမှ မဖြစ်သွားပါဘူး''
ယုလော်က ခပ်ကျယ်ကျယ် တိုင်တည်တယ်။
ကျူ းယောင်လည်း ခေါင်းလေးအနည်းငယ်စောင်းရင်း ကြည့်လိုက်တယ်။
'' ဆရာ လည်း ဖြစ်တယ်လို့ မပြောမိပါဘူး''
ယုလော် မျက်နှာလေးကလည်း ချက်ချင်းရှက်
သွေးဖြာပြီး ရဲလို့။
'' ဘယ်လိုပဲ ဖြစ်ဖြစ် ...ဆရာ..ဆရာ..ထင်သလို မဟုတ်ပါဘူး''
''ဟင်...ဆရာက ဘာထင်မိလို့လဲ''
ကျူ းယောင်က ရယ်တယ်။
'' ဆရာ.နော်...''
ယုလော်က ကျူ းယောင်ကို စိတ်စိုးမာန်စိုး
စိုက်ကြည့်ရင်း ပြန်အော်တယ်။သူ့မျက်နှာက
လည်း ရဲတက်နေပြီ။
ကျူ းယောင်က သက်ပြင်းရှည်သာ တစ်ချက်ချ
တယ်။
'' နောက်ဆုံးတော့လည်း သမီးတစ်ယောက်
ကိုအကြာကြီး သိမ်းထားလို့မရဘူး မလား
(အချိန်တန်ရင် လင်ပေးစားရမယ်ဆိုလို)''
'' ယုလော်က ဆရာ့တပည့်ပါ...''
'' အင်းပေါ့...တပည့်တစ်ယောက်ဆိုတာ
အကြာကြီးသိမ်းထားလို့ မရဘူး မလား''
''..ဆရာ...!...''
ယုလော်လည်း.စိတ်ဆိုးစွာနဲ့ စောင်ကိုဆွဲခြုံရင်း
တစ်ဖက်လှည့်ကာ ကျူ းယောင်ကိုအရေးမလုပ်တော့ဘဲ အိပ်သွားတယ်။
ကျူ းယောင်ကထပ်ပြီး သက်ပြင်းချတယ်။
'' ဟင်း...တပည့်တစ်ယောက်ကို ကြာကြာ
သိမ်းထားမိရင် အမုန်းပဲခံရလိမ့်မယ်''
''ဆရာလို့ဆို...''
''ဟုတ်ပါပြီ...ဆရာသွားတော့မယ်''
ကျူ းယောင်လည်း.အလျင်မြန်ထွက်လာတယ်။
သူမသာထပ်စရင် မုန်လာဥလေး တစ်ကယ်
စိတ်ဆိုးသွားတော့မယ်။ မုန်လာဥလေးဆီက
သတင်းနှိုက်မရလဲ ဘာအရေးလဲ ဝူဆောင်း
ရှိသေးတာကို။
အိုးဟိုးဟိူး....အဖြစ်ပျက် အတင်းအဖျင်းရှာဖွေရေးနဲ့ပက်သက်လို့ကတော့ သူမက ဆရာကြီး
တစ်ဆူပါနော်။.သူမ သတင်းနှိုက်လို့မရဘူးဆိုတာ
မရှိဘူး။
ချော့လိုက် ခြောက်လိုက် နဲ့ အကျပ်ကိုင်ခြင်း
မြောက်များစွာလုပ်ပြီးတဲ့နောက်တော့ ရာဇဝတ်မှု
ဖြစ်စဉ်အသေးစိတ်ကို ဝူဆောင်းလေးက
စတင်ဝန်ခံရှာတယ်။ ပြိုင်ပွဲပြီးတော့ ယုလော်ကို
ကွင်းထဲကနေ ရုတ်တရက် ခေါ်ထုတ်သွားပြီး
ဂိုဏ်းချုပ်ဇီမိုပါ သုတ်သီးသုတ်ပျာ ခေါ်သွားတာတွေ့ရလို့
တစ်ခုခုတော့ ဖြစ်ပြီလို့ သူတို့ထင်နေခဲ့တယ်။
သတင်းစောင့်နေပေမဲ့လည်း တစ်နေ့လုံး
ကျူ းယောင်ဆီက ဘာသတင်းမှမရဘူး။
ဒါကြောင့်သူလည်း စိုးရိမ်ကာ အကြီးကဲနှမ်းလေးကို အကျိုးကြောင်း ပြောပြရင်း တောင်ပေါ်
လိုက်လာတာ။ နှမ်းလေးက ကျူ းယောင်
အစေခံသတ္တဝါမလို့ ကျောက်စိမ်းသစ်တော
တောင်အကာရံက ပိတ်ပင်တားဆီးခြင်း
မပြုဘူး။ဖြတ်သွားလို့ရတယ်။
သို့ပေမဲ့ သူတို့တွေ့ရတာ ကျူ းယောင်မဟုတ်ဘဲ
အိပ်ရာပေါ် နှစ်ခြိုက်စွာအိပ်မောကျနေတဲ့
ုယုလော်ဖြစ်တယ်။ ဝူဆောင်းရဲ့ နှလုံးသား
တစ်ခဏချင်းမှာပဲ နူးညံ့သွားခဲ့ရတယ်။
သည်လိူနဲ့ပဲ နတ်ဝိဇ္ဇာ ကြီးပြန်အလာကို
စောင့်ရင်း ယုလော်ကိုစောင့်ရှောက်ပြုစုပေးဖို့ သူ
ဆုံးဖြတ်လိုက်တယ်။
အခန်း ၁၀၆ ပြီး၏ ။
နောက်အပိုင်း>>ထူးဆန်းသောအရိပ်မည်း
ပြောထားတဲ့အတိုင်း
နောက်အပိုင်းလာပြီနော့်😁
နောက်ထပ်အပိုင်းကိုတော့ ဒီအပတ် အတွင်းမှာပဲ
(Sat sun မတိုင်ခင်)ရေးပါ့မယ်
Happy reading to u all.😃
Ur cmts make me happy.😁thanks