ကို​ ​လေး .. [ Complete ]
By DaeminChennie
67.4K 7.4K 362
ငါ မင်း ကိုမုန်းလိုက်​တာ .. More
I Know Your Secret ..
Are U FUCKING Stupid !!??
I Want to FUCK U !!!
Deep inside My Heart ..
I Show U My Place ..
Only One For Me ..
If We Are Distance ..
Lonely Christmas ..
Finally I Found U ..
Love Meaning is U ..
Just Stay Beside Me ..
Past ..
I Hate U ..
Please .. Don't Leave Me ..
Love in NightDream ..
I Know Your Secret [U]
Are U FUCKING Stupid !!?? [U]
I Want to FUCK U !!!! [U]
Deep inside My Heart .. [U]
I Show U My Place .. [U]
Only One For Me .. [U]
If We Are Distance .. [U]
Lonely Christmas .. [U]
Finally I Found U .. [U]
Love Meaning is U .. [U]
All My Love is For U [U]..
Just Stay Beside Me [U]..
Past .. [U]
I Hate U [U]..
Please .. Don't Leave Me .. [U]
Love in NightDream .. [U]
All My Love is For U ..
3.5K 443 11
By DaeminChennie
" မအိပ်​​သေးဘူး ဆယ်​ ဟွန်း "
ဂျုံ အင်​ ​ခြေလက်​​ဆေးပြီး ​ရေချိုးခန်းထဲမှ ပြန်​ထွက်​လာ
သည်​အထိ စာ​ရေးစားပွဲ​ပေါ် လက်​​တော့တစ်​လုံးနှင့်
အလုပ်​ရှုပ်​​နေသည့်​ ဆယ်​ ဟွန်း ။
ဆယ်​ ဟွန်း ဆီ ​ရောက်​သည့်​အချိန်​ကပင်​ အ​တော်​​လေး
နောက်​ကျ​နေပြီကို အနှီးသ​ကောင့်​သားက အခုထက်​ထိ
စာအလုပ်​မပြတ်​ ။
" အိပ်​နှင့်​ .. ငါ လုပ်​စရာရှိ​သေးလို့ "
အ​တော်​​လေးပင်​ပန်း​နေ​ပေမဲ့ ဂျုံ အင်​ မျက်​လုံးပိတ်​၍မရ ။
တစ်​နှစ်​​ကျော်​​လောက်​ ကြီးထွားခဲ့သည့်​ အလွမ်းထုထည်​က
အခုလို တစ်​ခန်းတည်း အတူရှိ​နေပြီး မျက်​နှာ​လေး
မြင်​​နေရသည်​ဆို​တော့ ဤအချိန်​ခဏ​လေးအတွင်းကို
လက်​လွှတ်​စပယ်​ မကုန်​ဆုံး​စေချင်​ ။
အို ဆယ်​ ဟွန်း ဆီကလုံးလုံးလျားလျား လျစ်​လျူ ရှုခြင်း
ခံ​နေရ​သော်​ငြား ဂျုံ အင့်​ အတွက်​ ​အ​ထွေ​အထူးခံစား
ပြီး စိတ်​ဆိုးစရာ​တော့မရှိ ။
" မင်း ငါ့ ကို လွမ်းလား ဆယ်​ ဟွန်း ..
ငါက​တော့ မင်းကို ​သေ​အောင်​ လွမ်းတယ်​ ။
မြင်​​နေရတာ​တောင်​ လွမ်း​နေတုန်းဘဲကွာ "
အစက​တော့ ကုတင်​​ပေါ် တ​စောင်းအိပ်​၍
ဆယ်​ ဟွန်း ၏ ပါးပြင်​တစ်​ခြမ်းအား ​တစ်​စိမ့်​စိမ့်​​ငေး​ကြည့်
နေရင်းမှ အားမလိုအားမရဖြစ်​လာသဖြင့်​ ချက်​ချင်းထပြီး
ဆယ်​ ဟွန်း ​အနားဆီ​လျှောက်​သွားကာ ခါးအနည်းငယ်
ချိုး၍ ဆယ်​ ဟွန်း ပခုံး​ပေါ်​ ​ခေါင်း ​မှီချလိုက်​သည်​ ။
" ကို ​လေး .. "
ဂျုံ အင့်​ ကို ​ခေါင်း​စောင်းကြည့်​လာသည့်​ ဆယ်​ ဟွန်း
ပါးပြင်​နှင့်​ လည်​ပင်းသား​ဖွေး​ဖွေးက အစိုးမရချင်​​သော
စိတ်​အဖုံဖုံကို ရုန်းထ​စေ​နေ​​သော်​လည်း ​တည်​ငြိမ်​မှု
အပြည့်​အဝရှိ​​နေသည့်​ သ​ကောင့်​သား​၏ အသက်​ရှူ သံ
သဲ့သဲ့​ကြောင့်​ ဂျုံ အင့်​ မှာ အကြမ်းအရမ်း ထင်​တိုင်း
မကြဲရဲ ။
ဆပ်​ပြာနံ့သင်းသင်းနှင့်​ ကိုယ်​ရနံ့ ကိုသာ အကြိမ်​ကြိမ်
ရှူ ရှိုက်​ရင်း အလွမ်းထုထည်​အား တစ်​လွှာချင်း
ဖဲ့ချရ၏ ။
" ချစ်​တယ်​ ​ဆယ်​ ဟွန်း ။ မင်း ပြန်​ချစ်​ဖို့ စိတ်​ကူးမရှိရင်
ငါ့ဘက်​ကဘဲ ချစ်​မယ်​ ။ ဒါ​ပေမဲ့ အနားမှာ​တော့
နေ​ပေး​လေကွာ ။ ငါ့အတွက်​ မင်းကိုကြည့်​​နေရရင်
ကျေနပ်​တယ်​ "
" ​လောကြီးလိုက်​တာ ကို ​လေး ရာ ..
မင်း ငါ့ကိုဘဲ ​ခေါင်းထဲမထည့်​ဘဲ မိန်းက​လေး​တွေနဲ့
တွဲကြည့်​ပါဦး "
စက္ကန့်​စာမျှ မျက်​နှာလွှဲထားခဲ့​သော ကွန်​ပျူ တာထံ
ပြန်​အကြည့်​​ရောက်​သွားပြီး ဂျုံ အင်​ ၏ ဖွင့်​​ပြောချက်​အား
သူနှင့်​မဆိုင်​သလို ရည်းစားထားရန်​​တောင်
ပြန်​အကြံပြုလာ​သေး ။
" တကယ်​ မင်း ငါ့ ကို မချစ်​ ဘူးလား "
" အင်း "
" အို ဆယ်​ ဟွန်း .. မင်း .. "
စို့တက်​လာ​သောဝမ်းနည်းစိတ်​က ဘာစကားမှ
ပြန်​​ပြောမထွက်​နိုင်​​အောင်​ ရင်​နာ​စေ၏ ။
လွယ်​လွယ်​ကူကူ ချစ်​ခဲ့တာမဟုတ်​သလို
ကာလတို ကြိုက်​ခဲ့တာမျိုးလည်း မဟုတ်​​သော​ကြောင့်
ဂျုံ အင်​ ၏ အချစ်​ပမာဏက ဆယ်​ ဟွန်း ထင်​ထားသလို
ရည်းစားထည်​လဲတွဲပြီး ​မေ့ပစ်​နိုင်​မည့်​အ​ပေါ်ယံမျိုး
မဟုတ်​ပါ ။
ထိုအ​ကြောင်းကို ..
ဂဂဏဏ ရှင်းပြချင်​​သော်​လည်း အချစ်​နှင့်​မသက်​ဆိုင်
သည့်​ ​စောက်​မြင်​ကပ်​မှု​ကြောင့်​ မာန အထိခံပြီးလည်း
ထပ်​​အောက်​ကျမခံချင်​​တော့ ။
" ငါလည်း မင်းကို လွမ်းခဲ့ပါတယ်
ကို​လေး ရာ .. "
နှစ်​ကိုယ်​ကြား , ကြားရုံမျှသာ ဆယ်​ဟွန်းဆီက
ထွက်​လာသည့်​ထိုစကားက ​လော​လောလတ်​လတ်
အသည်းကွဲမှုအား ချက်​ချင်း အ​ငွေ့ပြန်​​ပျောက်​သွား​အောင်
ကုစား​ပေးပြန်​​ရော ။
အမျိုးမျိုး တက်​နိုင်​လွန်းတဲ့ အို ဆယ်​ ဟွန်း ..
ချစ်ရသည်​နှင့်​မကာမိ​အောင်​ မုန်းစရာ​ကောင်းလွန်းတဲ့
အို ဆယ်​ ဟွန်း ..
နောက်​ဆုံး​တော့လည်း ပိုချစ်​ရသူ ဂင်​ ဂျုံ အင်​ ကဘဲ
အ​လျှော့​ပေးကာ ဆယ်​ ဟွန်း လည်​ပင်းကို သိုင်းဖက်​ပြီး
လည်​ပင်း , ပါးပြင်​​ နှင့်​ ပါးရိုးတစ်​​လျှောက်​ နမ်းရုံနှင့်​တင်
မ​ကျေနပ်​နိုင်​ဘဲ အနီကွက်​များကျန်​​အောင်​အထိ
ခပ်​ပြင်းပြင်းစုတ်​နမ်းပစ်​လိုက်​သည်​ ။
" ချစ်​တယ်​ ဆယ်​ ဟွန်း "
" ကို​လေး .. မလုပ်​နဲ့ .. "
ဂျုံ အင့်​ ​ခေါင်းအား အတင်းတွန်းထုတ်​​နေသည့်
ဆယ်​ ဟွန်း လက်​များကိုပါ ဖမ်းဆုတ်​ကာ လက်​တစ်​​ချောင်း
ချင်းစီ နှုတ်​ခမ်းဖြင့်​ ဖိနမ်းမိပြန်​၏ ။
" ဂင်​ ဂျုံ အင်​ .. ​တော်​​တော့ "
" စိတ်​ချပါ ။ မင်း မကြိုက်​ရင်​ ငါ ​ရှေ့ဆက်​မတိုးပါဘူး "
စိတ်​မ​ကျေနပ်​​သေး​ပေမဲ့ ဆယ်​ ဟွန်း မျက်​နှာ​ပေါ် က
ထထိုး​တော့မည့်​အရိပ်​အ​ယောင်​များကို မြင်​လိုက်​ရသဖြင့်
အောင့်​သက်​သက်​နှင့်​ပင်​ လူလိမ္မာရုပ်​ဖမ်းပြီး
ဒီ ဂင်​ ဂျုံ အင်​ က အို ဆယ်​ ဟွန်း ​လေးအား
မဟားတရားကိုမြတ်​နိုးလွန်း၍ အဓမ္မလုပ်​မည်
်​မဟုတ်​​ကြောင်း နုရွပြရ​တော့သည်​ ။
" ​အိပ်​​တော့ ။ ငါ့ကိုမ​နှောက်​ယှက်​နဲ့ "
" အတူ တူ အိပ်​ရ​အောင်​​လေ ။ ဒီတစ်​ရက်​​လေးဘဲ
လုပ်​စမ်းပါ "
ဂျုံ အင်​ မရမကအတင်းဆွဲ​တော့ မနိုင်​​တော့လို့
လွှတ်ထား​​​လိုက်​ပုံဖြင့်​​ခေါင်းတစ်​ယမ်းယမ်းခါကာ
ကုတင်​​ပေါ်အရင်​တက်​သွားသည်​ ။
စကားနား​ထောင်​သည်​ဘဲဖြစ်​ဖြစ်​ ဂျုံအင်​၏နားပူနားဆာ
မခံနိုင်​လို့ဘဲဖြစ်​ဖြစ်​ ​လော​လောဆယ်​ ကုတင်​​ပေါ်
ရောက်​သွားပြီဆို​တော့ သူထုတ်​​ပေးသည့်​ ညအိပ်​ဝတ်​စုံကို လဲမဝတ်​အားဘဲ နဂိုဝတ်​ထားသည့်​ အဝတ်​အစားနှင့်​ပင်
ဆယ်​ဟွန်း​ဘေးနားဝင်​လှဲပြီး အသားယူသည့်​အ​နေနှင့်
ခါးက​နေတင်း​နေ​အောင်​ဖက်​ထားလိုက်​သည်​ ။
" အဝတ်​အစားလဲ​လေ "
" မလဲချင်​​တော့ဘူး ။ ပြီး​တော့ .. ထားလိုက်​ပါ
နောက်​လည်းမြင်​ရမှာဘဲ "
အို ဆယ်​ ဟွန်း ​ရှေ့ တစ်​ကိုယ်​လုံးချွတ်​ အဝတ်​အစား
လဲရမည်​ကိုမရှက်​​ပေမဲ့ ဂျုံ အင့်​ ကိုယ်​လုံး​ပေါ်က
ဆယ်​ ဟွန်း နာမည်​တက်​တူးများကို​တော့ လုံးဝမပြချင်​ ။
တက်​တူးအ​ကြောင်း စဉ်းစားရင်း ဆယ်​ ဟွန်း 
ခြေချင်းဝတ်​က ဂျုံ အင့်​ နာမည်​ တက်​တူးကို
သွားသတိရမိလိုက်​သည်​မို့ ချက်​ချင်းထထိုင်​ပြီး
ဆယ်​ ဟွန်း ​ခြေ​ထောက်​ကိုဆွဲယူလိုက်​သည်​ ။
"ကို​လေး .. ဘာလုပ်​တာလဲ "
" မင်း ​ခြေချင်းဝတ်​က ငါ့နာမည်​ တက်​တူး .. "
အစက ရုန်းကန်​​နေသည့်​ ဆယ်​ဟွန်းမှာ
ဂျုံ အင့်​ စကား​နောက်​တွင်​ ငြိမ်​ကျသွားသလို
မျက်​နှာပါတစ်​ဖက်​လှည့်​သွားသည်​ ။
ဂျုံ အင်​ သိသွား၍ ​နေရခက်​သွားပုံမျိုးမို့
ပိုစချင်​တာ​ကြော​င့်​​ရော အစကတည်းက
ရည်​ရွယ်​ထားသည့်​ စိတ်​ကူး​ကြောင့်​​ရော
ဆယ်​ ဟွန်း ​ခြေချင်းဝတ်​ရှိ ဂျုံ အင့်​ နာမည်​တက်​တူး
နေရာ​ပေါ် ဒုတိယအကြိမ်​အဖြစ်​ နှုတ်​ခမ်းဖြင့်
ခပ်​ဖွဖွထိကပ်​လိုက်​သည်​ ။
" ကို​လေး .. "
" ပထမတစ်​​ခေါက်​က အိပ်​ချင်​​ယောင်​​ဆောင်​လို့
မသိလိုက်​ဘူး​ဘဲထားပါ​တော့ ။ ဒုတိယတစ်​​ခေါက်​က
တော့ ငါ မင်းကိုဘယ်​​လောက်​ချစ်​​ကြောင်း သိ​စေချင်
တယ်​ ဆယ်​ ဟွန်း .. "
" ဘာလို့ ငါ့ကို အဲ့​လောက်​ထိ ချစ်​ရတာလဲ
ကို​လေး ရာ "
" အားနာစရာမလိုဘူး ။ ငါ့အချစ်​ အကုန်​လုံးက
ဆယ်​ ဟွန်း .. မင်းအတွက်​ချည်းဘဲ "
.
.
.
အခုအပိုင်း ၁၁ ​ရောက်​ပြီ
နောက်​ထပ်​​လေးပိုင်း ၁၅ ပိုင်းဆိုသိမ်းပြီ 😁
ခဏ​လောက်​ဘဲသည်းခံဖတ်​​ပေးကြပါဦး​ဗျာ 😁🙏
Continue Reading
You'll Also Like
368K 38.3K 42
လက်ထဲက ဘေ့စ်ဘောရိုက်တံကိုကျစ်ကျစ်ကိုင်လို့ ပစ်မှတ်ကိုသေချာအာရုံစိုက်တယ်..... ဒီတစ်ခေါက် ဝမ်ရိပေါ်ရဲ့ ပစ်မှတ်က ဘောလုံးမဟုတ်တဲ့ နှလုံးသားတစ်ခုဖြစ်တယ်...
66.2K 5.3K 22
26K 3.8K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️