" အစ္မ … နင္ ေရသြားခ်ိဳးေတာ့ေလ။ ငါဆက္ျပင္ထားေပမယ့္ "
" ျပင္တာကၿပီးၿပီး … ေရာ့ … ဒီခ်ိဳင့္သာ အိမ္ေ႐ွ႕ယူထုတ္သြား "
သားငယ္အႀကိဳက္ႏို႔ဆန္ျပဳတ္ကိုျပဳတ္ၿပီး ထမင္းခ်ိဳင့္ထဲသို႔ထည့္ေနစဥ္ ေသာင္းထြန္းကသားငယ္ဆီသြားရန္ ျပင္ဆင္ဖို႔ေျပာလာေသာေၾကာင့္ သားငယ္တြက္ထည့္ထားေသာခ်ိဳင့္ကို ကမ္းေပးရင္ ေဒၚသီရိစကားဆိုလိုက္ေလသည္။ ေဒၚသီရိကမ္းေပးလာေသာခ်ိဳင့္ကိုယူ၍ ေသာင္းထြန္းထြက္သြားေသာအခါမွ သိမ္းစရာ႐ွိတာသိမ္းဆည္းၿပီး ေရမိုးခ်ိဳးကာ သားငယ္ဆီသို႔ ေသာင္းထြန္းႏွင့္အတူ ထြက္လာခဲ႔လိုက္သည္။
ေဆး႐ံုေရာက္ေတာ့ ……
ကုတင္ေပၚတြင္ေဆးအပ္ပိုက္ထိုးထားကာ လွဲေလ်ာင္းေနေသာသားျဖစ္သူကိုၾကည့္၍ ေဒၚသီရိစိတ္မေကာင္းေပ။ သာမာန္အခ်ိန္တြင္ေတာင္ ေဆးထိုးရမည္ကိုေၾကာက္ေနေသာ မိမိသားက ယခုေတာ့တံေကာက္နားတြင္ အပ္ထိုးကာေဆးသြင္းျခင္းကိုခံေနရသည္။
သားရယ္ ……
သားရဲ႕လက္ကို သူမ ကိုင္လိုက္ေတာ့ လူးလြန္႔ကာႏိုးလာေသာေၾကာင့္ စိတ္မေကာင္းျဖစ္ေနေသာမ်က္ႏွာကို ဖံုးကြယ္ထားလိုက္ရင္း ၿပံဳးလိုက္ကာ
" သား … ႏိုးလာၿပီလား။ ေနရတာသက္သာလား … သား။ ေမေမ … သားႀကိဳက္တဲ႔ ႏို႔ဆန္ျပဳတ္ျပဳတ္လာေပးတယ္။ ခုစားမလား၊ ေတာ္ၾကာမွစားမလား "
" ေမ ေမ "
" ေဟ … ေျပာေလ … သား ဘာေျပာမို႔ "
စကားတစ္ခြန္းေျပာကာ အေမာေျဖေနရေသာသားေၾကာင့္ သူမ စိတ္မေကာင္းမိေပ။
" ဘယ္တုန္းကေရာက္ေနတာလဲ။ သားေၾကာင့္ ေမေမပါ ပင္ပန္းရၿပီ "
တိုးညင္းစြာထြက္ေပၚလာေသာ သားရဲ႕စကားေၾကာင့္ သူမ ၿပံဳးလိုက္ၿပီး
" မေန႔ထဲက ေရာက္လာတာ။ ေမေမေရာက္ေတာ့ ဧည့္ေတြ႕ခ်ိန္ကုန္သြားတာေၾကာင့္ သားနဲ႔လာမေတြ႕ျဖစ္ဘဲ ခုမွလာေတြ႕ျဖစ္တာ "
" သား ေတာင္းပန္ပါတယ္။ သားေၾကာင့္ ေမေမ စိတ္ပင္ပန္းရသလို၊ လူလည္းပင္ပန္းရၿပီ "
" မဟုတ္တာ … သားရယ္။ စိတ္ညစ္စရာေတြ ေတြးမေနနဲ႔။ ျပန္က်န္းမာေအာင္သာ ဂ႐ုစိုက္။ ထ … ထ ဆန္ျပဳတ္ေသာက္ၿပီးရင္ ေဆးေသာက္ရေအာင္ "
ေခါင္းေလးညိတ္ကာ အိပ္ေနရာမွထဟန္ျပင္ေလေသာ သားကို ထႏိုင္ေစရန္အသာကူေပးရသည္။ ထို႔ေနာက္ သားအတြက္ထည့္လာေသာခ်ိဳင့္ကိုဖြင့္ကာ တစ္ဇြန္းခ်င္းစီခပ္၍ အပူသက္သာေအာင္မႈတ္ေပး၍ သားကိုခြံေကြၽးလိုက္သည္။ တစ္ဇြန္း၊ ႏွစ္ဇြန္းခန္႔ စားၿပီးေနာက္တြင္ေတာ့
" ေတာ္ၿပီ … ေမေမ … သား မစားခ်င္ေတာ့ဘူး "
" ႏွစ္ဇြန္း၊ သံုးဇြန္းေလာက္ ထပ္ေသာက္ပါဦးလား … သားရယ္။ ေဆးေသာက္ရဦးမွာမလား။ ေဆးေတြကျပင္းကျပင္းနဲ႔။ ေတာ္ၾကာ … အစာမ႐ွိလို႔ မခံႏိုင္ဘဲေနဦးမယ္ "
သူမ စကားေၾကာင့္ ေခါင္းေလးညိတ္ကာ သံုးေလးဇြန္းမွ်သာ ထပ္စားၿပီးေနာက္တြင္ေတာ့ ထပ္မစားေတာ့ေခ်။ သားကိုေဆးတိုက္ၿပီးေနာက္ ျပန္အိပ္ခ်င္သည္ဆိုေသာ သားကိုကုတင္ထက္ျပန္လွဲေနေစလိုက္သည္။
" ေမေမ ျပန္နားေလ။ သားအတြက္ စိတ္မပူပါနဲ႔ "
" သား … ေနေကာင္းတဲ႔ထိ ေမေမေစာင့္ေပးမယ္ "
" ေမေမ "
" ေသာင္းထြန္းနဲ႔ဇင္မာ ျပန္ရင္ျပန္ေတာ့ေလ။ သားငယ္ကို အစ္မပဲ ဆက္ေစာင့္ေပးေနလိုက္မယ္။ ဇင္မာလည္း ညကေစာင့္ေပးေနတာဆိုေတာ့ ျပန္နားလိုက္ေတာ့ေလ "
" ေအး … ေအး … ငါတို႔ျပန္ေတာ့မယ္။ တူေလး ဦးငယ္ေလးျပန္ေတာ့မယ္ ဟုတ္ပလား။ ဇင္မာ ျပန္ရေအာင္ "
" ဟုတ္ကဲ႔ … ဦးေလး။ ဟန္စစ္ေလး အစ္မျပန္ၿပီေနာ္ "
အစ္မဇင္မာရဲ႕စကားကို ဟန္စစ္ေခါင္းညိတ္သာျပလိုက္ေတာ့သည္။ ဦးငယ္ေလးသူငယ္ခ်င္းရဲ႕သမီး အစ္မဇင္မာလည္း မိမိေၾကာင့္ လူနာေစာင့္ရ၊ မိမိစားဖို႔အတြက္လုပ္ေပးရႏွင့္မို႔ သူအားနာလွသည္။ ေဆး႐ံုတက္မွ အစ္မဇင္မာႏွင့္စေတြ႕သည္ဆိုေပမယ့္ ေမာင္ႏွမမ႐ွိေသာ တစ္ဦးတည္းေသာသမီး မဇင္မာက မိမိအား ေမာင္အရင္းတစ္ေယာက္လို ျပဳစုေစာင့္ေ႐ွာက္ေပးသည္မို႔ ခင္တြယ္ရသည္။
မိမိရဲ႕အေၾကာင္းတစ္စံုတစ္ရာ ေမးျမန္းစပ္စုျခင္းမ႐ွိဘဲ ငါ့ေမာင္ ေနသာသလိုသာေန။ အစ္မကို အားနာစရာမလိုဘူးသိလား။ အစ္မက ကိုယ့္ထက္ငယ္တဲ႔ေမာင္ေလးေတြ ညီမေလးေတြလိုခ်င္ေနတာ။ အေမနဲ႔အေဖက မေမြးေပးလို႔သာမရတာ။ ငါ့ေမာင္ကိုျမင္တည္းက ကိုယ့္ေမာင္အရင္းတစ္ေယာက္လို သတ္မွတ္ၿပီးတာမို႔ ဘာမွအားမနာနဲ႔။ စားခ်င္တာ႐ွိရင္လည္းေျပာ အားမနာနဲ႔အစ္မခ်က္ေကြၽးမယ္။ ငါ့ေမာင္နဲ႔ေတြ႕ရတာ ေမာင္တစ္ေယာက္ေကာက္ရလိုက္သလိုပဲဟု အနားတြင္တဖြဖြေျပာကာ စိတ္ရင္းေစတနာေကာင္းလွေသာ အစ္မဇင္မာကို အစ္မရင္းတစ္ေယာက္လို သူခင္တြယ္မိသည္။
ဒါေပမယ့္ ခုခ်ိန္မွ သူအေတြ႕ခ်င္ဆံုးႏွင့္ အေတာင့္တဆံုးက ဒီအရာေတြမွမဟုတ္တာ။ သူအေတြ႕ခ်င္ဆံုးက ……
" သား … ဘာေတြစဥ္းစားေနတာလဲ "
မ်က္ရည္တို႔ေဝ႔သီေနေသာ သားငယ္ရဲ႕မ်က္ဝန္းတို႔ေၾကာင့္ သားငယ္ရဲ႕နဖူးေပၚကဆံပင္တို႔ကို သပ္တင္ေပးရင္း ေဒၚသီရိေမးလိုက္ျခင္းျဖစ္သည္။ သူမရဲ႕အေမးကိုၿပံဳးကာ ေခါင္းသာခါျပေသာ သားငယ္ေၾကာင့္ ေဒၚသီရိစိတ္မေကာင္းျဖစ္ေပမယ့္ ၿပံဳးလိုက္ကာ သားငယ္ရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး
" သား … သူ႕ကို သားအရမ္းသေဘာက်တာပဲလား "
သူမရဲ႕အေမးကို အံ႔ၾသကာၾကည့္လာေသာ သားငယ္ေၾကာင့္ သားငယ္နဖူးေပၚလက္ကို ဖြဖြေလးတင္ထားလိုက္ကာ
" ေမေမ … ေမးတာေျဖေလ သား။ တစ္ျခားတစ္ေယာက္ကို သေဘာမက်ေလာက္တဲ႔ထိ သူ႕ကို သေဘာက်တာလဲ "
သူမရဲ႕အေမးကို မ်က္ရည္ဝဲကာ ေခါင္းေလးတဆတ္ဆတ္ညိတ္ျပရင္း
" သူက … သူကလြဲၿပီး တစ္ျခားဘယ္သူ႕ကိုမွ သားသေဘာမက်ဘူး … ေမ ေမ … သား … သား … ေမေမ့ကို … ေတာင္းပန္ … ပါတယ္ … ေမ ေမ … သေဘာမတူ … ရင္ … သား … သူ႕ကို … မဆက္ … မဆက္သြယ္ပါဘူး … သူ႕ကို … သူ႕ကို သေဘာက်ေပမယ့္ … ေမ ေမ … ေမေမ … မႀကိဳက္ရင္ … မဆက္သြယ္ေပမယ့္ … သူ႕ကို လမ္းခြဲဖို႔ေတာ့ … သား … မေျပာထြက္ဘူး … ေမ ေမ … သား ေမေမကို … ေတာင္းပန္ပါတယ္ … သားကို … ခြင့္လႊတ္ပါေနာ္ "
အထစ္ထစ္ႏွင့္တိုးတိတ္ညင္သာစြာ ေျပာလာေသာ သားျဖစ္သူရဲ႕စကားမ်ားေၾကာင့္ ေဒၚသီရိ သားရဲ႕နဖူးကိုနမ္းလိုက္ရင္း မ်က္ဝန္းေထာင့္ကစီးက်ေနေသာ မ်က္ရည္တို႔ကို သုတ္ေပးလိုက္မိသည္။
သားရယ္ … သားရဲ႕ခ်စ္သူက ေယာက္်ားေလးတစ္ေယာက္မဟုတ္ဘဲ မိန္းကေလးတစ္ေယာက္သာ ျဖစ္ေနခဲ႔ရင္ ဘယ္ေလာက္ေတာင္ေကာင္းလိုက္မလဲ။ ခုလိုေတြျဖစ္လာစရာအေၾကာင္းလဲ ႐ွိမွာမဟုတ္ဘူး။ ခုေတာ့ … ခုေတာ့ ……
သူမဆက္ၿပီး ေတာင့္ခံမထားႏိုင္ေတာ့ပါ။ သားငယ္ရဲ႕အျဖစ္ကို ဆက္မၾကည့္ႏိုင္ေတာ့သလို သားငယ္ကိုလည္း သနားလွၿပီ။ ၿပီးေတာ့ ေသာင္းထြန္းေျပာသလို ကိုယ္တိုင္ပ်ိဳးေထာင္ထားေသာ ပန္းတစ္ပြင့္ကို ကိုယ္လက္နဲ႔ဖ်က္ဆီးသူမျဖစ္ေခ်ေပ။
သူမရဲ႕အတၱႀကီးခဲ႔သမွ်ကို သားငယ္အေနနဲ႔ နားလည္ႏိုင္ေစဖို႔ ဆုေတာင္းပါရေစေတာ့ ……
~~~~~~~~~~~~~~~~~~~~~~~~~~
မိမိေ႐ွ႕တြင္ထိုင္ေနေသာ လူကိုၾကည့္ၿပီး ေႏြယြန္းယြန္းအကဲခတ္ေနမိသည္။ မ်က္ခံုးထူထူ၊ ေမး႐ိုးသြယ္သြယ္ႏွင့္ ထိုသူ၏ပံုစံမွာ ၾကည့္ေကာင္းေနေလသည္။ အသားျဖဴသည္မဟုတ္ေသာ္လည္း အနည္းငယ္အဝါဘက္သန္းေနကာ အရပ္ခပ္ျမင့္ျမင့္ႏွင့္ ထိုသူသည္ မိန္းကေလးမ်ားၾကားတြင္ တစ္မ်ိဳးတစ္မည္ၾကည့္ေကာင္းေနမည္မွာ မလြဲဧကန္ပင္။
ထိုသို႔ေသာသူက မိမိရဲ႕ေမာင္ကို ခ်စ္ခင္သည္တဲ႔လား။ ေႏြယြန္းယြန္းအသာၿပံဳးလိုက္ကာ ေကာ္ဖီခြက္ကိုယူ၍ တစ္ငံု႔မွ်ေသာက္လိုက္သည္။ မိမိကသာ စိတ္ေအးလက္ေအးျဖစ္ေနေပမယ့္ မိမိေ႐ွ႕တြင္႐ွိေသာသူကေတာ့ မေအးေဆးႏိုင္သည္ကို ၾကည့္႐ံုႏွင့္ သိႏိုင္သည္။ ေႏြယြန္းယြန္းအသာၿပံဳးလိုက္ကာ
" ႐ွင့္ … နာမည္က "
" လင္းခန္႔ႏိုင္ ပါ "
" ေၾသာ္ … လင္း ခန္႔ ႏိုင္ … လင္းခန္႔လို႔ပဲ ေခၚမယ္ေနာ္။ ကြၽန္မတို႔ႏွစ္ေယာက္က ႐ြယ္တူပဲ႐ွိမယ္ထင္လို႔ "
" ဟုတ္ … ရပါတယ္ "
" ဟန္စစ္ကို လာ႐ွာတာလား "
" ဗ်ာ ! "
မနက္ထဲကအိမ္ေ႐ွ႕တြင္ ေဝ႔လည္ေၾကာင္ပတ္ ေခါက္တု႔ံေခါက္ျပန္ေလွ်ာက္ေနသည္မို႔ သူမကိုယ္တိုင္ပဲ ေအးေဆးစကားေျပာရန္ လက္ဘက္ရည္ဆိုင္သို႔ ေခၚခဲ႔လိုက္သည္။ ထိုလင္းခန္႔ဆိုသူေရာက္လာျခင္းကို မိမိထင္သည့္အတိုင္းေမးမိေတာ့ အံ႔ၾသေနေလရဲ႕။
" ေမာင္ေလး ေျပာျပထားလို႔ ေႏြအကုန္သိၿပီးပါၿပီ "
" ေၾသာ္ …ဟုတ္ကဲ႔၊ ဟန္ … ဟန္စစ္ ဘယ္သြားလဲဆိုတာ ကြၽန္ေတာ္ကို ေျပာျပႏိုင္မလား "
" ေမာင္ေလးက ဦးေလးငယ္ဆီကို သြားတာ။ က်န္တာေတာ့ ေမာင္ေလးနဲ႔ေတြ႕မွပဲ ဆက္ေမးေပါ့ "
" ဟုတ္ကဲ႔ "
" ဒါဆို … အလုပ္သြားရမွာမို႔ ေႏြ႕ကိုသြားခြင့္ျပဳပါဦး "
သူမရဲ႕စကားကို ေခါင္းညိတ္၍သာတုန္႔ုျပန္လာတာေၾကာင့္ သူမ ၿပံဳးကာ ေခါင္းညိတ္လိုက္ရင္း
" ဒီဝိုင္းတြက္ ေႏြပဲ … "
"ကြၽန္ေတာ္ပဲ ႐ွင္းလိုက္ပါ့မယ္ "
သူမစကားမဆံုးခင္ ျဖတ္ေျပာလာေသာလင္းခန္႔ေၾကာင့္ ျငင္းမည္ဟုေတြးဆမိေသာ္လည္း
အင္း … ေမာင္တစ္ေယာက္လံုးေတာင္ ေပးထားတာပဲ။ ဒီေလာက္ေတာ့ ႐ွင္းသင့္ပါတယ္ေလ။
ကိုယ့္အေတြး ကိုယ္သေဘာက်ကာ ၿပံဳးလိုက္ရင္း လင္းခန္႔ကိုႏႈတ္ဆက္၍ ထြက္လာလိုက္ေတာ့သည္။
ခ်စ္ေသာ💕💕
Coral
-----------------------------------------
Part(38)
" အစ်မ … နင် ရေသွားချိုးတော့လေ။ ငါဆက်ပြင်ထားပေမယ့် "
" ပြင်တာကပြီးပြီး … ရော့ … ဒီချိုင့်သာ အိမ်ရှေ့ယူထုတ်သွား "
သားငယ်အကြိုက်နို့ဆန်ပြုတ်ကိုပြုတ်ပြီး ထမင်းချိုင့်ထဲသို့ထည့်နေစဉ် သောင်းထွန်းကသားငယ်ဆီသွားရန် ပြင်ဆင်ဖို့ပြောလာသောကြောင့် သားငယ်တွက်ထည့်ထားသောချိုင့်ကို ကမ်းပေးရင် ဒေါ်သီရိစကားဆိုလိုက်လေသည်။ ဒေါ်သီရိကမ်းပေးလာသောချိုင့်ကိုယူ၍ သောင်းထွန်းထွက်သွားသောအခါမှ သိမ်းစရာရှိတာသိမ်းဆည်းပြီး ရေမိုးချိုးကာ သားငယ်ဆီသို့ သောင်းထွန်းနှင့်အတူ ထွက်လာခဲ့လိုက်သည်။
ဆေးရုံရောက်တော့ ……
ကုတင်ပေါ်တွင်ဆေးအပ်ပိုက်ထိုးထားကာ လှဲလျောင်းနေသောသားဖြစ်သူကိုကြည့်၍ ဒေါ်သီရိစိတ်မကောင်းပေ။ သာမာန်အချိန်တွင်တောင် ဆေးထိုးရမည်ကိုကြောက်နေသော မိမိသားက ယခုတော့တံကောက်နားတွင် အပ်ထိုးကာဆေးသွင်းခြင်းကိုခံနေရသည်။
သားရယ် ……
သားရဲ့လက်ကို သူမ ကိုင်လိုက်တော့ လူးလွန့်ကာနိုးလာသောကြောင့် စိတ်မကောင်းဖြစ်နေသောမျက်နှာကို ဖုံးကွယ်ထားလိုက်ရင်း ပြုံးလိုက်ကာ
" သား … နိုးလာပြီလား။ နေရတာသက်သာလား … သား။ မေမေ … သားကြိုက်တဲ့ နို့ဆန်ပြုတ်ပြုတ်လာပေးတယ်။ ခုစားမလား၊ တော်ကြာမှစားမလား "
" မေ မေ "
" ဟေ … ပြောလေ … သား ဘာပြောမို့ "
စကားတစ်ခွန်းပြောကာ အမောဖြေနေရသောသားကြောင့် သူမ စိတ်မကောင်းမိပေ။
" ဘယ်တုန်းကရောက်နေတာလဲ။ သားကြောင့် မေမေပါ ပင်ပန်းရပြီ "
တိုးညင်းစွာထွက်ပေါ်လာသော သားရဲ့စကားကြောင့် သူမ ပြုံးလိုက်ပြီး
" မနေ့ထဲက ရောက်လာတာ။ မေမေရောက်တော့ ဧည့်တွေ့ချိန်ကုန်သွားတာကြောင့် သားနဲ့လာမတွေ့ဖြစ်ဘဲ ခုမှလာတွေ့ဖြစ်တာ "
" သား တောင်းပန်ပါတယ်။ သားကြောင့် မေမေ စိတ်ပင်ပန်းရသလို၊ လူလည်းပင်ပန်းရပြီ "
" မဟုတ်တာ … သားရယ်။ စိတ်ညစ်စရာတွေ တွေးမနေနဲ့။ ပြန်ကျန်းမာအောင်သာ ဂရုစိုက်။ ထ … ထ ဆန်ပြုတ်သောက်ပြီးရင် ဆေးသောက်ရအောင် "
ခေါင်းလေးညိတ်ကာ အိပ်နေရာမှထဟန်ပြင်လေသော သားကို ထနိုင်စေရန်အသာကူပေးရသည်။ ထို့နောက် သားအတွက်ထည့်လာသောချိုင့်ကိုဖွင့်ကာ တစ်ဇွန်းချင်းစီခပ်၍ အပူသက်သာအောင်မှုတ်ပေး၍ သားကိုခွံကျွေးလိုက်သည်။ တစ်ဇွန်း၊ နှစ်ဇွန်းခန့် စားပြီးနောက်တွင်တော့
" တော်ပြီ … မေမေ … သား မစားချင်တော့ဘူး "
" နှစ်ဇွန်း၊ သုံးဇွန်းလောက် ထပ်သောက်ပါဦးလား … သားရယ်။ ဆေးသောက်ရဦးမှာမလား။ ဆေးတွေကပြင်းကပြင်းနဲ့။ တော်ကြာ … အစာမရှိလို့ မခံနိုင်ဘဲနေဦးမယ် "
သူမ စကားကြောင့် ခေါင်းလေးညိတ်ကာ သုံးလေးဇွန်းမျှသာ ထပ်စားပြီးနောက်တွင်တော့ ထပ်မစားတော့ချေ။ သားကိုဆေးတိုက်ပြီးနောက် ပြန်အိပ်ချင်သည်ဆိုသော သားကိုကုတင်ထက်ပြန်လှဲနေစေလိုက်သည်။
" မေမေ ပြန်နားလေ။ သားအတွက် စိတ်မပူပါနဲ့ "
" သား … နေကောင်းတဲ့ထိ မေမေစောင့်ပေးမယ် "
" မေမေ "
" သောင်းထွန်းနဲ့ဇင်မာ ပြန်ရင်ပြန်တော့လေ။ သားငယ်ကို အစ်မပဲ ဆက်စောင့်ပေးနေလိုက်မယ်။ ဇင်မာလည်း ညကစောင့်ပေးနေတာဆိုတော့ ပြန်နားလိုက်တော့လေ "
" အေး … အေး … ငါတို့ပြန်တော့မယ်။ တူလေး ဦးငယ်လေးပြန်တော့မယ် ဟုတ်ပလား။ ဇင်မာ ပြန်ရအောင် "
" ဟုတ်ကဲ့ … ဦးလေး။ ဟန်စစ်လေး အစ်မပြန်ပြီနော် "
အစ်မဇင်မာရဲ့စကားကို ဟန်စစ်ခေါင်းညိတ်သာပြလိုက်တော့သည်။ ဦးငယ်လေးသူငယ်ချင်းရဲ့သမီး အစ်မဇင်မာလည်း မိမိကြောင့် လူနာစောင့်ရ၊ မိမိစားဖို့အတွက်လုပ်ပေးရနှင့်မို့ သူအားနာလှသည်။ ဆေးရုံတက်မှ အစ်မဇင်မာနှင့်စတွေ့သည်ဆိုပေမယ့် မောင်နှမမရှိသော တစ်ဦးတည်းသောသမီး မဇင်မာက မိမိအား မောင်အရင်းတစ်ယောက်လို ပြုစုစောင့်ရှောက်ပေးသည်မို့ ခင်တွယ်ရသည်။
မိမိရဲ့အကြောင်းတစ်စုံတစ်ရာ မေးမြန်းစပ်စုခြင်းမရှိဘဲ ငါ့မောင် နေသာသလိုသာနေ။ အစ်မကို အားနာစရာမလိုဘူးသိလား။ အစ်မက ကိုယ့်ထက်ငယ်တဲ့မောင်လေးတွေ ညီမလေးတွေလိုချင်နေတာ။ အမေနဲ့အဖေက မမွေးပေးလို့သာမရတာ။ ငါ့မောင်ကိုမြင်တည်းက ကိုယ့်မောင်အရင်းတစ်ယောက်လို သတ်မှတ်ပြီးတာမို့ ဘာမှအားမနာနဲ့။ စားချင်တာရှိရင်လည်းပြော အားမနာနဲ့အစ်မချက်ကျွေးမယ်။ ငါ့မောင်နဲ့တွေ့ရတာ မောင်တစ်ယောက်ကောက်ရလိုက်သလိုပဲဟု အနားတွင်တဖွဖွပြောကာ စိတ်ရင်းစေတနာကောင်းလှသော အစ်မဇင်မာကို အစ်မရင်းတစ်ယောက်လို သူခင်တွယ်မိသည်။
ဒါပေမယ့် ခုချိန်မှ သူအတွေ့ချင်ဆုံးနှင့် အတောင့်တဆုံးက ဒီအရာတွေမှမဟုတ်တာ။ သူအတွေ့ချင်ဆုံးက ……
" သား … ဘာတွေစဉ်းစားနေတာလဲ "
မျက်ရည်တို့ဝေ့သီနေသော သားငယ်ရဲ့မျက်ဝန်းတို့ကြောင့် သားငယ်ရဲ့နဖူးပေါ်ကဆံပင်တို့ကို သပ်တင်ပေးရင်း ဒေါ်သီရိမေးလိုက်ခြင်းဖြစ်သည်။ သူမရဲ့အမေးကိုပြုံးကာ ခေါင်းသာခါပြသော သားငယ်ကြောင့် ဒေါ်သီရိစိတ်မကောင်းဖြစ်ပေမယ့် ပြုံးလိုက်ကာ သားငယ်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး
" သား … သူ့ကို သားအရမ်းသဘောကျတာပဲလား "
သူမရဲ့အမေးကို အံ့သြကာကြည့်လာသော သားငယ်ကြောင့် သားငယ်နဖူးပေါ်လက်ကို ဖွဖွလေးတင်ထားလိုက်ကာ
" မေမေ … မေးတာဖြေလေ သား။ တစ်ခြားတစ်ယောက်ကို သဘောမကျလောက်တဲ့ထိ သူ့ကို သဘောကျတာလဲ "
သူမရဲ့အမေးကို မျက်ရည်ဝဲကာ ခေါင်းလေးတဆတ်ဆတ်ညိတ်ပြရင်း
" သူက … သူကလွဲပြီး တစ်ခြားဘယ်သူ့ကိုမှ သားသဘောမကျဘူး … မေ မေ … သား … သား … မေမေ့ကို … တောင်းပန် … ပါတယ် … မေ မေ … သဘောမတူ … ရင် … သား … သူ့ကို … မဆက် … မဆက်သွယ်ပါဘူး … သူ့ကို … သူ့ကို သဘောကျပေမယ့် … မေ မေ … မေမေ … မကြိုက်ရင် … မဆက်သွယ်ပေမယ့် … သူ့ကို လမ်းခွဲဖို့တော့ … သား … မပြောထွက်ဘူး … မေ မေ … သား မေမေကို … တောင်းပန်ပါတယ် … သားကို … ခွင့်လွှတ်ပါနော် "
အထစ်ထစ်နှင့်တိုးတိတ်ညင်သာစွာ ပြောလာသော သားဖြစ်သူရဲ့စကားများကြောင့် ဒေါ်သီရိ သားရဲ့နဖူးကိုနမ်းလိုက်ရင်း မျက်ဝန်းထောင့်ကစီးကျနေသော မျက်ရည်တို့ကို သုတ်ပေးလိုက်မိသည်။
သားရယ် … သားရဲ့ချစ်သူက ယောက်ျားလေးတစ်ယောက်မဟုတ်ဘဲ မိန်းကလေးတစ်ယောက်သာ ဖြစ်နေခဲ့ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။ ခုလိုတွေဖြစ်လာစရာအကြောင်းလဲ ရှိမှာမဟုတ်ဘူး။ ခုတော့ … ခုတော့ ……
သူမဆက်ပြီး တောင့်ခံမထားနိုင်တော့ပါ။ သားငယ်ရဲ့အဖြစ်ကို ဆက်မကြည့်နိုင်တော့သလို သားငယ်ကိုလည်း သနားလှပြီ။ ပြီးတော့ သောင်းထွန်းပြောသလို ကိုယ်တိုင်ပျိုးထောင်ထားသော ပန်းတစ်ပွင့်ကို ကိုယ်လက်နဲ့ဖျက်ဆီးသူမဖြစ်ချေပေ။
သူမရဲ့အတ္တကြီးခဲ့သမျှကို သားငယ်အနေနဲ့ နားလည်နိုင်စေဖို့ ဆုတောင်းပါရစေတော့ ……
~~~~~~~~~~~~~~~~~~~~~~~~~~
မိမိရှေ့တွင်ထိုင်နေသော လူကိုကြည့်ပြီး နွေယွန်းယွန်းအကဲခတ်နေမိသည်။ မျက်ခုံးထူထူ၊ မေးရိုးသွယ်သွယ်နှင့် ထိုသူ၏ပုံစံမှာ ကြည့်ကောင်းနေလေသည်။ အသားဖြူသည်မဟုတ်သော်လည်း အနည်းငယ်အဝါဘက်သန်းနေကာ အရပ်ခပ်မြင့်မြင့်နှင့် ထိုသူသည် မိန်းကလေးများကြားတွင် တစ်မျိုးတစ်မည်ကြည့်ကောင်းနေမည်မှာ မလွဲဧကန်ပင်။
ထိုသို့သောသူက မိမိရဲ့မောင်ကို ချစ်ခင်သည်တဲ့လား။ နွေယွန်းယွန်းအသာပြုံးလိုက်ကာ ကော်ဖီခွက်ကိုယူ၍ တစ်ငုံ့မျှသောက်လိုက်သည်။ မိမိကသာ စိတ်အေးလက်အေးဖြစ်နေပေမယ့် မိမိရှေ့တွင်ရှိသောသူကတော့ မအေးဆေးနိုင်သည်ကို ကြည့်ရုံနှင့် သိနိုင်သည်။ နွေယွန်းယွန်းအသာပြုံးလိုက်ကာ
" ရှင့် … နာမည်က "
" လင်းခန့်နိုင် ပါ "
" သြော် … လင်း ခန့် နိုင် … လင်းခန့်လို့ပဲ ခေါ်မယ်နော်။ ကျွန်မတို့နှစ်ယောက်က ရွယ်တူပဲရှိမယ်ထင်လို့ "
" ဟုတ် … ရပါတယ် "
" ဟန်စစ်ကို လာရှာတာလား "
" ဗျာ ! "
မနက်ထဲကအိမ်ရှေ့တွင် ဝေ့လည်ကြောင်ပတ် ခေါက်တု့ံခေါက်ပြန်လျှောက်နေသည်မို့ သူမကိုယ်တိုင်ပဲ အေးဆေးစကားပြောရန် လက်ဘက်ရည်ဆိုင်သို့ ခေါ်ခဲ့လိုက်သည်။ ထိုလင်းခန့်ဆိုသူရောက်လာခြင်းကို မိမိထင်သည့်အတိုင်းမေးမိတော့ အံ့သြနေလေရဲ့။
" မောင်လေး ပြောပြထားလို့ နွေအကုန်သိပြီးပါပြီ "
" သြော် …ဟုတ်ကဲ့၊ ဟန် … ဟန်စစ် ဘယ်သွားလဲဆိုတာ ကျွန်တော်ကို ပြောပြနိုင်မလား "
" မောင်လေးက ဦးလေးငယ်ဆီကို သွားတာ။ ကျန်တာတော့ မောင်လေးနဲ့တွေ့မှပဲ ဆက်မေးပေါ့ "
" ဟုတ်ကဲ့ "
" ဒါဆို … အလုပ်သွားရမှာမို့ နွေ့ကိုသွားခွင့်ပြုပါဦး "
သူမရဲ့စကားကို ခေါင်းညိတ်၍သာတုန့်ုပြန်လာတာကြောင့် သူမ ပြုံးကာ ခေါင်းညိတ်လိုက်ရင်း
" ဒီဝိုင်းတွက် နွေပဲ … "
"ကျွန်တော်ပဲ ရှင်းလိုက်ပါ့မယ် "
သူမစကားမဆုံးခင် ဖြတ်ပြောလာသောလင်းခန့်ကြောင့် ငြင်းမည်ဟုတွေးဆမိသော်လည်း
အင်း … မောင်တစ်ယောက်လုံးတောင် ပေးထားတာပဲ။ ဒီလောက်တော့ ရှင်းသင့်ပါတယ်လေ။
ကိုယ့်အတွေး ကိုယ်သဘောကျကာ ပြုံးလိုက်ရင်း လင်းခန့်ကိုနှုတ်ဆက်၍ ထွက်လာလိုက်တော့သည်။
ချစ်သော💕💕
Coral