ဆေးရုံရဲ့ Emergency အခန်းထဲမှာ အမြန်နှုန်းနဲ့
သွားနေသော ဘီးတပ်ယာဉ်တစ်ခု~~~~
ဘေးကနေ ပြာယာခတ်နေကြတဲ့ ဆရာဝန်နဲ့ nurse မများ~~~
"ဆရာမ လူနာက သွေးထွက်လွန်နေတာမို့
သွေးသွင်းဖို့ အဆင်သင့်လုပ်ထားပါ"
"ဟုတ်"
"ဆရာမက နှလုံးခုန်စက်အဆင်သင့်ပြင်ထားပါ"
"ဟုတ်"
"သားလေး! သားလေး! သတိထားဦးလေ
အားတင်းထားနော် သားလေး!
ဟင့်~~သားလေးရယ်"
သားဖြစ်သူကိုတင်သွားတဲ့ ဘီးတပ်ကုတင်နောက်က
လိုက်ရင်း မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့ ဒေါ်ရွက်ဝါ
"စိတ်မပူနဲ့ အန်တီရယ် လင်းလေးဘာမှဖြစ်မှာ
မဟုတ်ပါဘူး~~နော်~~ဟင့်~~"
ဒေါ်ရွက်ဝါကို ဘေးကနေတွဲထားပြီး အားပေးနေ
ရသော်လည်း ကိုယ်တိုင်က ရှိုက်သံပါနေတဲ့
ဖြူ စင်လွန်း~~
"လူနာရှင်တွေ အခန်းထဲလိုက်ဝင်လို့မရပါဘူး
အပြင်မှာပဲ နေခဲ့ပေးပါ"
nurse မလေးကပြောပြီး အခန်းတံခါးပိတ်သွားသည်
ဖြူ စင်လွန်းရင်ထဲ မီးစနဲ့ထိုးသလိုပူလောင်လျက်~~
အန်တီရွက်ဝါဆိုရင်တော့ ပြောဖို့တောင်လိုတော့
မယ်မထင်~~~
~~အရှင်ဘုရား ကလေးတစ်ယောက်လိုဖြူ စင်ပြီး
စိတ်ကောင်းရှိတဲ့ တပည့်တော်မောင်လေး
ဘာမှမဖြစ်ပါစေနဲ့ဘုရား~~
~~နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်
ကူညီပေးကြပါ~~
ပါးစပ်မှလည်း ရသမျှဘုရားစာတွေကို ရွတ်နေ
လိုက်သည်
အန်တီရွက်ဝါကတော့ ခုံလေးပေါ်မှာ တွေတွေ
လေးထိုင်ကာ ပါးစပ်ကလှုပ်နေသည်မို့ ဘုရားစာ
ရွတ်နေသည်ထင်သည်
သူလဲ တကိုယ်လုံးထူပူနေပြီး အခန်းရှေ့တွင်သာ
ခေါက်တုန့်ခေါက်ပြန် လျှောက်နေမိသည်
တအောင့်လောက်ကြာတော့ အခန်းတံခါးပွင့်လာ
သည်
ပြီးတော့ သူတို့ရှေ့ကို ထွက်လာတဲ့ဆရာဝန်တစ်
ယောက်~~~
"ဆရာ ကျမသားလေး~သက်သာတယ်မလားဟင်"
မျှော်လင့်တကြီး မေးနေတဲ့ အန်တီရွက်ဝါ~~
"လူနာသေဆုံးချိန် ၁၀နာရီ ၄၅မိနစ်"
"ရှင်"
"ကျမ~~ကျမ~သား~သားလေး"
ပြောပြီး မေ့လဲကျသွားတဲ့ အန်တီရွက်ဝါ~~
"အန်တီ အန်တီ သတိထားဦးလေ"
သူပြေးကာ ထူလိုက်သည်
သူ့ရင်ထဲလဲ ဟာခနဲ~~
သူ့ဘ၀ထဲကနေ တစ်စုံတစ်ခုကို ဆွဲထုတ်သွားသလို
ခံစားချက်မျိုး~~
သူဘယ်တော့မှ လင်းလေးက သူတို့ထက်အရင်
ထွက်သွားမယ်လို့ မမျှော်လင့်ခဲ့~~~
ဆန်းကြယ်ပြီး ကြောက်ဖို့ကောင်းတဲ့ သေခြင်းတရား
~~~
*********
"လင်းလေး!
လင်းလေး!"
နားထဲမှာ ကြားနေရတာက တစ်စုံတစ်ယောက်က
သူ့နာမည်ခေါ်နေတဲ့အသံ~~
~~ဒီအသံ ကြားဖူးနေသလိုပဲ~~
သူရောက်နေတာက မြက်ခင်းစိမ်းတစ်ခုပေါ်မှာ
မှောက်လျက်သားလေး~~~
သူအမြန်ထပြီး ဘေးဘီကို ကြည့်လိုက်သည်~~~
မြူလိုလိုဘာလိုလို အခိုးငွေ့တွေက ဘေးဘီမှာ
ဖုံးနေသည်မို့ သဲသဲကွဲကွဲဘာကိုမှ မမြင်ရ~~
ထိုစဉ် သူ့ဆီကို တစ်လှမ်းချင်းလျှောက်လာတဲ့
ကောင်လေးတစ်ယောက်~~
အနားနီးလာတော့မှ မျက်နှာကို သေချာမြင်လိုက်ရသည်~~
"ဟမ် ကိုကို"
သေချာပါသည် သူငယ်ငယ်က အရမ်းခင်တွယ်ခဲ့ရတဲ့ ကိုကိုလင်းလက်သူရ~~
ဟိုတစ်ခါတွေ့တုန်းကလိုပဲ ကိုကိုက ကလေးတစ်
ယောက်အရွယ်ပင်~~~
အဲ့တော့မှ သူကိုယ်တိုင်လဲပြန်ကြည့်မိသည်~~
"ဟမ်"
တကယ့်ကို လွန်ခဲ့သောဆယ်နှစ်လောက်က
အတိုင်းပင်~~
"လာလေ လင်းလေး ကိုကိုနဲ့သွားဆော့ရအောင်"
ပြောကာ သူ့ကိုလက်ကမ်းပေးလာတဲ့ကိုကို~~
********
After one month~~~~
🎼🎵🎶🎵🎼🎶
"Hello! ဖြူ စင်လွန်းပြောနေပါတယ်"
"မဖြူ စင် ကျနော်ရှင်းသန့်ကိုကိုပါ"
သူလုံးဝမကြားချင်တော့သော အမည်နာမတစ်ခု~~
"ဟုတ်ကဲ့ ပြောပါ"
ဒါပေမဲ့လဲ ကိုယ်ကသူ့ထက်အကြီးဆိုတဲ့ ဂုဏ်ပုဒ်
အတိုင်း~~~
"မဖြူ စင် အချိန်ရရင် အရင်တစ်ခါက coffee ဆိုင်ကို
လာခဲ့ပေးပါလား"
သူအမြန်ပဲ မဆိုင်းမတွ ပြန်ဖြေလိုက်သည်
"အမနဲ့ ရှင်းသန့် ကြားမှာဘာပြောစရာမှ မရှိတော့
ဘူးလို့တော့အမထင်တယ်"
"လင်းရဲမာန် ကိစ္စပြောမလို့ပါ အမ"
"Ok! ကောင်းပြီလေ အမလာခဲ့လိုက်မယ်
စောင့်နေလိုက်ပါ"
အဲ့ညက ကိစ္စဖြစ်ပြီးထဲက လင်းလေးအကြောင်း
တစ်ချက်မှတောင် မမေးခဲ့တဲ့ ရှင်းသန့်ကိုကို
အခုမှ ဘာစိတ်ကူးနဲ့~~~
~~အဟင်း! ကောင်းပြီလေ ပြောပြရသေးတာပေါ့~
************
"လင်းရဲမာန် ဘယ်ရောက်နေတာလဲအမ"
တစ်ဖက်က သူ့ကိုမေးလာတဲ့ မေးခွန်း~~
"အဟင်း! မောင်လေးက ရယ်စရာတွေသိပ်ပြော
တတ်တာပဲနော် မထင်ထားဘူး"
"ကျနော် အကောင်းမေးတာပါ
သူ့အိမ်သွားတော့လဲ ပြောင်းသွားကြပြီတဲ့"
တည်ငြိမ်လွန်းတဲ့ အမူအရာနဲ့ သူ့ကိုကြည့်ပြီးပြောလာတဲ့ ရှင်းသန့်ကိုကိုဆိုတဲ့ သူ့ထက်
လေးနှစ်လောက်ငယ်တဲ့ ကောင်လေးတစ်ယောက်~
"လင်းလေးနဲ့ပတ်သတ်ပြီး တစ်ခါမှမမေးဖူးဘဲနဲ့ဘာလို့အခုမှ လာမေးနေရတာလဲ မောင်လေးရှင်းသန့်
ပြီးတော့ လင်းလေး လောကထဲကနေ ထွက်သွားတာမနက်ဖန်ဆို တစ်လတောင်ပြည့်ပြီလေ"
သူပြောလိုက်တော့ အံသြတဲ့အမူအရာနဲ့ သူ့ကို
ကြည့်လာတဲ့ ရှင်းသန့်ကိုကို~~
"ဟုတ်တယ် အဲ့နေ့ညက ကားတိုက်ခံရတဲ့ ဒဏ်ရာနဲ့ပဲ ဆုံးသွားခဲ့တာ
အာ့ဆို မောင်လေးလဲ သိချင်တာသိပြီးပြီဆိုတော့
အမလဲ အလုပ်ကိစ္စလေး ရှိသေးလို့ သွားလိုက်ဦး
မယ်"
ပြောပြီး သူထရပ်လိုက်တော့ သူ့လက်ကို လှမ်းဆွဲလာတဲ့ လက်တစ်ဖက်~~
"မဖြူ စင် ကျနော့်ကိုချစ်သေးလားဟင်"
************