နောက်တကြိမ် သေသွားပြန်တဲ့ တပည...

By JohnTargreyan

1M 127K 12.1K

ကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည... More

အခန်း(၁)လယ်ကွင်းဘေးက တောသူမလေး
အခန်း(၂)ကျင့်ကြံသူတို့ရဲ့ တပည့် ရွေးပွဲ
အခန်း(၃)စပ်စုတတ်ရင်ဒုက္ခရောက်တတ်တယ်
အခန်း(၄)ဂိုဏ်းထဲသို့ ဝင်ရောက်ခြင်း
အခန်း(၅)တစ်ဆိတ်လောက်လူကြီး ရှင်ကဘယ်သူလဲ!
အခန်း(၆)ကျောက်စိမ်းသစ်တောတောင်သို့
အခန်း(၇)ဒုက္ခရှာဖို့ဝါသနာပါသူ
အခန်း(၈)ကျောက်စိမ်းသစ်တောတောင် ထိပ်ဝယ်
အခန်း(၉)သစ်ခုတ်သမားပုံပြင်လို ကျင့်ကြံမိသူ
အခန်း(၁၀)ကောင်စုတ်လေးနဲ့ ပြန်တွေ့ခြင်း
အခန်း(၁၁)ဆရာ့ ရဲစွမ်းရည်သစ်
အခန်း(၁၂)​နောက်ကျနေတဲ့အန်တီ
အခန်း(၁၃)စွယ်စုံထူးချွန်
အခန်း(၁၄)ဂိုဏ်းချုပ် ခေါင်းကိုက်ရခြင်း
အခန်း(၁၅)ကောင်စုတ်လေးနဲ့ ပြန်ဆုံခြင်း
အခန်း(၁၆)အရေးပေါ်
အခန်း(၁၇)ပြုတ်ကျလာတဲ့ဖက်တီးလေး
အခန်း(၁၈)သုံးဖက်မြင်
အခန်း(၁၉)သူငယ်ချင်းကောင်းလး
အခန်း(၂၀)ဆရာက ညစာစားဖို့ပြန်လာခဲ့ပါတဲ့
Sry to Next up!
အခန်း(၂၁)ငှက်နဲ့ ဝင်တိုက်မိတဲ့သူ
အခန်း(၂၂)​တောင်ပေါ် ကမုန်တိုင်း
အခန်း(၂၃)ဝမ်းနှုတ်ဆေး
!!😑😓
အခန်း(၂၄)မပျံနိုင်တဲ့ ကျင့်ကြံသူ
အခန်း(၂၅)အနိုင်မကျင့်တတ်ဘူးထင်နေလား
အခန်း(၂၆)​ကောင်စုတ်လေးတတိယအစ်ကို
အခန်း(၂၇)လူတစ်ယောက်ရဲ့အပြောင်းလဲ
အခန်း(၂၈)ဝမ်ရှုဟိုင်နဲ့ ရှောင်ရီ
အခန်း(၂၉)ဒေါ် လာတစ်ရာမပေးချင်တဲ့ဆရာ
Noti plz!😁
အခန်း(၃၀)သန်သန်မာမာမှ ယောကျာ်း
အခန်း(၃၁)အန်ချင်စရာဆင်ဆာအခန်း
အခန်း(၃၂)​ကောင်းတာတွေကအတွဲလိုက်လာတယ်
အခန်း(၃၃)အနုပညာကျောင်းဆင်း
အခန်း(၃၄)စောက်သုံးမကျတဲ့ အဖွဲ့ဝင်
အခန်း(၃၅)ကလေးပြန်ပေးသမား
အခန်း(၃၆)ကလေးတစ်ယောက်ရဲ့အစားစာ
အခန်း(၃၇)ပွတ်ပေတ်ိုက်ပေးတပည့်လေး
အခန်း(၃၈)တပည့်ကို ပျိုးထောင်ပေးတာနဲ့ ပက်သက်၍..၁
အခန်​pး(၃၈)....အပိုင်း..၂..
အခန်း(၃၉)ဆရာတပည့်ကြား ယုံကြည်မှု ၁
အခန်း (၃၉)..အပိုင်း..၂...
အခန်း(၄၀)သမိုင်းဦးမတိုင်​ခင်​​ခေတ်​က ဘီလူး​​လေး
အခန်း(၄၁)တပည်နဲ့မကစားပေးရင်သေတတယ် ၁
ကြော်​ငြာ😁
အခန်း(၄၁)...၂
အခန်း(၄၂) လံကြုတ်ဇာတ်လမ်း
အခန်း(၄၃)နှလုံးသားအစိုင်ခဲကိုခြေဖျက်ခြင်း
အခန်း(၄၄)ဇာတ်ဆောင်အရှိန်ဝါကမင်းက်ိုညာနေတယ်
အခန်း(၄၅)သူ့ရဲ့မမြင်ရတဲ့အခွင့်ရေး
အခန်း(၄၆)ရသင့်တဲ့ဇာတ်ဆောင်အခွင့်ရေး
လာၿပီ...😁😁
အခန်း(၄၇)လုံးဝန်းသော အမြူ တေ
အခန်း(၄၈)ဝင်ခွင့်စာမေးပွဲတော့လ်ိုတယ်
အခန်း(၄၉)တာရို့လူသို့ ထွက်ခွာခြင်း
အခန်း(၅၀)ဘေးလူအနေနဲ့ ပွဲကြည့်
အခန်း(၅၁)ဒါက ဘာပင်လဲ
အခန်း(၅၂)ဆေးပင်စောင့်မှော်သတ္တဝါ
အခန်း(၅၃)ဒုတိယမ္မိ စောက်သုံးမကျတဲ့ အဖွဲ့ဝင်
အခန်း(၅၄)ပွင့်လန်းလာတဲ့ ပန်းဂန္ဓာမာ(သေပန်းပွင့်)
အခန်း(၅၅)သယ်ရလွယ်ကျစ်လစ်သေသပ်တယ်
အခန်း(၅၆)အိမ်ကထွက်လာရင် ဆရာ့ကိုတပါတည်းခေါ်ဖို့ မမေ့နဲ့
အခန်း(၅၇)ပထမဆုံးလက်ထပ်ခွင့်
အခန်း(၅၈)ဖွင့်လော့နှမ်း
အခန်း(၅၉)အရှက်မရှိတဲ့ နတ်ဘုရား
အခန်း(၆၀) ဆရာ မင်းကို ကျောက်စိမ်းသစ်တောတောင်မှာ စောင့်နေမယ်
အခန်း(၆၁)ကျူ.းယောင်ဗားရှင်း ၃.ဝ
အခန်း(၆၂)တပည့်ဖြစ်ကြောင်းအထောက်ထား
အခန်း(၆၃)မှော်သတ္တဝါကောင်ကိုအရူးလုပ်ခြင်း
အခန်း(၆၄)ဇော်ကန့်လန့်
အခန်း(၆၅)နတ်ဝိညာဉ် အဆင့်သို့
ရှေးဟောင်းတောင်ဂိုဏ်းသို့ နောက်တစ်ကြိမ်
အခန်း(၆၇)ဂုဏ်ပြုပွဲအခမ်းနား
အခန်း(၆၈)အလုပ်မရှိကြောင်ရေချိုး
အခန်း(၆၉)ကယ်ဆယ်ရေးအဖွဲ့လေး
အခန်း(၇၀)အုပ်ချူပ်သူဘုရင်မ
အခန်း(၇၁)ဖော်ပြခြင်းငှါမစွမ်းသာသော
အခန်း(၇၂)​ခေါင်းလေးလုံးကပ်ိုသာတယ်
အခန်း(၇၃)ဟီ ဟီ ရှေးဟောင်းအစီရင်တဲ့
အခန်း(၇၄)ငါ.မင်းကို အရူးလုပ်မိပြီ
အခန်း(၇၅)လွှဲပြောင်းနိုင်သော ကျင့်ကြံဆင့်
အခန်း(၇၆)ဘာမှမသိ ဘေးကပွဲကြည့်သူ
အခန်း(၇၇)စိတ်မပူနဲ့ ငါ့ တာဝန်ထား
အခန်း(၇၈)ငါပြန်လာပြီ
အခန်း(၇၉)ဇီမို့ အတွေးများ
အခန်း(၈၀)အစ်မကြီးရယ် ကြောက်အောင် မခြောက်ပါနဲ့
အခန်း(၈၁)ငါကယောကျာ်းတွေပဲကြိုက်တာ
အခန်း(၈၂)တပည့်လေး လာ စမ်းသပ်စရာရှိတယ်
အခန်း(၈၃)အဖျက်ကောင်အသစ်
အခန်း (၈၄) ရှောင်ရီ့သောက်ကျိုးနည်းယူဆချက်
အခန်း (၈၅) ပြိုကွဲသွားသော ကမ္ဘာငယ်
အခန်း(၈၆)ဦးဆုံးသေတဲ့ဇတ်ရံကောင်
အခန်း(၈၇)ဟဲလို ကျူ းယောင်ဗားရှင်း ၄.ဝ
အခန်း(၈၈)ဒီ ဆရာတူညီမလေးကဘယ်သူလဲ
အခန်း(၈၉)အတင်းအဓမ္မ
အခန်း(၉၀)ဆရာသွားနှင့်တော့မယ်
အခန်း(၉၁)ကြုံသလိုမသေပါနဲ့တော့
အခန်း(၉၂)သန့်စင် ယင် ခန္ဓာကိုယ်
အခန်း(၉၄)နောက်ကျနေတဲ့ ရှေ့ဖြစ်အိပ်မက်
အခန်း(၉၅)မျှော်လင့်တာနဲ့တခြားစီ
အခန်း(၉၆)ပြိုင်ဘက်ကင်း ရေဝိဉာဉ်ကြော
အခန်း(၉၇)အရံသရုပ်ဆောင်
အခန်း(၉၈)​စောင်ကလေးယုတ်မာမှု
notice
အခန်း(၉၉)အပြန်ခရီး
အခန်း(၁၀၀)ပျက်သုဉ်သွားသောဂိုဏ်း
အခန်း(၁၀၁)လောကနံပါတ်တစ်ဂိုဏ်းဆိုတာ
အခန်း(၁၀၂)ပူး​တွဲလေ့ကျင့်ကျင့်ကြံဆင့်
အခန္​း (၁၀၃)နှစ်ယောက်နဲ့ယှဉ်၍
အခန်း(၁၀၄)မုန်လာဉလေးပြောင်းလဲပြီ
အခန်း(၁၀၅)လှည့်စားတတ်တဲ့အဖျက်ကောင်
အခန်း(၁၀၆)မျက်နှာကြည့်ဖို့လိုတဲ့သည်လောက
အခန်း(၁၀၇)အရိပ်မည်း
noti
အခန်း(၁၀၈)ရေခဲထဲက အမြွှာ
အခန်း(၁၀၉)ထူးဆန်းသောမုန်လာဉလေး
အခန်း(၁၁၀)တစ်ခါခေါ် ​မှော်သတ္တဝါ
အခန်း(၁၁၁)သခင်မရယ် တိုက်ဆိုင်ချက်များဆိုတော့
အခန်း(၁၁၂)ပိုက်ဆံရှာတော်တဲ့ချန်းနင်း
အခန်း(၁၁၃)တစ်ခုတည်းသော မှတ်တမ်း
အခန်း (၁၁၄)နေရာအပြောင်းလဲနဲ့အကောင်ဆန်းများ
အခန်း(၁၁၅)လွတ်မြောက်ရာ လမ်းစ
အခန်း(၁၁၆)ဆရာ!
အခန်း(၁၁၇)နှုတ်ဆက်ပါတယ် ဆရာ
အခန်း(၁၁၈)​ရှောင်လွှဲမရသောရှေ့ဖြစ်များ
အခန်း(၁၁၉)ဘာလို့ငါ့ကျိန်ဆဲတာလဲ
အခန်း(၁၂၀)စေ့စပ်ပွဲဖျက်သိမ်းသောဝူဆောင်း
အခန်း(၁၂၁)မရှိခဲ့သောစေ့စပ်ပွဲ
အခန်း(၁၂၂)တံခါးပိတ်ကျင့်ကြံမယ်
အခန်း(၁၂၃)မိုးပြာပျံသန်းဂိုဏ်းနောင်တ
အခန်း (၁၂၄) ကျောက်စိမ်းသစ်တောတောင်က ပန်းပဲဆရာတွေသာ အတော်ဆုံး
အခန်း (၁၂၅) သော့ချက်ကို သိရတာ တကယ်ကောင်းတယ်
အခန်း(၁၂၆)ဂိုဏ်းပေါင်းစုံကအနိုင်လာကျင့်တယ်
အခန်း(၁၂၇)မုမေ့ယန်၏စိန်ခေါ်မှု
အခန်း(၁၂၈)အဖျက်ကောင်လို့‌ခေါ်ရင် မင်းပြန်ထူးမှာလား
အခန်း(၁၂၉ ) အစွမ်းအထက်ဆုံးလက်နက်
အခန်း(၁၃၀ )မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်
အခန်း (၁၃၁)နတ်သက်ကြွေ၏ နတ်ဘုံနန်း
အခန်း(၁၃၂)ပြားကိုးဆယ်မပြည့်သော နောက်ဆုံးတိုက်ပွဲ
အခန်း(၁၃၃)နတ်ဘုရားဆိုသော ထိုပုဂ္ဂိုလ်များ
အခန်း(၁၃၄ )နင့်အစ်မကို မိစ္ဆာနေ!!

အခန်း(၉၃)နာမည်ပေးခြင်းအစဉ်လာ

7K 1K 34
By JohnTargreyan

နောက်တစ်ရက် မနက်မှာတော့.ကျူ းယောင်
လည်း ဇီမို့ကို တန်းသွားရှာပြီးနောက်မှသာ
သန့်စင်
ယင် ခန္ဓာကိုယ် ဆိုတာ ဘာလဲ သေချာသိရ
တော့တယ်။

(TN: ယင် ဆိုတာ.အမဓာတ်နော်...😁)

သန့်စင် ယင် ခန္ဓာ ကိုယ်ဆိုတာက ရေဝိဉာဉ်
ကြောတစ်ခုတည်းသာ ပါတဲ့ သူတွေကို ဆိုလို
တာဖြစ်တယ်။ ရေရဲ့သဘောသဘာဝကိုက
နူးညံ့တိမ်းညွတ်လွယ်တဲ့သဘောရှိတာမလို့
ရေဝိဉာဉ်ကြော ပိုင်ဆိုင်သူတွေဟာ ဒဏ်ရာ
အနာတရ ကုတဲ့နေရာမှာ ပိုပြီး ထူးချွန်ထက်
မြက်ကြတယ်။

အွန်လိုင်းဂိမ်းသဘောတရား အရ ပြောရရင်
သူမက ဂိမ်းအဖွဲ့မှာ
ခေါင်းဆောင်လုပ်နိုင်လောက်တဲ့
အရည်ချင်းမျိုးကို ပိုင်ဆိုင်ထားတယ်။ခက်တာ
က.ကျင့်ကြံခြင်းလောကဆိုတာက အစုဖွဲ့လိုက်
ဝင်စီးတာတွေ ရန်သူ့တပ်ကို စုပေါင်းဝင်တိုက်
ရတဲ့ ဂိမ်းကစားနည်းမှ မဟုတ်တာ။ ပြီးတော့
ရေဝိဉာဉ် ကြော ပိုင်ရှင်က ကုသပေးတယ်ဆို
တာက.သူရဲ့ ရေ ချီ ကို ဒဏ်ရာရသူထဲ သွင်း
ပေးခြင်းဖြင့် ကုသပေးတာဖြစ်တယ်။
ချီ ကို သွင်းပေးခြင်းဟာ.မြန်ဆန်ပေမဲ့လည်း
ဒီ နည်းလမ်းဟာ အန္တရာယ်အတော်လည်း.များ
တယ်။ ချီ ဓာတ်ငါးမျိုး ဟာ.တစ်ခုနဲ့တစ်ခု မျိူ းမ
တူတဲ့အတွက် မှားသွင်းမိရင် ကုသပေးခံရသူ
ကိုယ်ထဲမှာ.ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ကုန်ပြီး
ကုသခံရသူကို မပျောက်ကင်းစေဘဲ မြန်မြန်
တောင် သေသွားစေနိုင်တယ်။

ဒါကြောင့် သူတို့ရဲ့ ဖန်းရီ ကယ်ဆယ်ရေးအဖွဲ့ထဲ
ကို ဖန်းရီနဲ့ ဝိဉာဉ်ကြော တူတဲ့ ကျူ းယောင်ကို
ထည့်လိုက်တဲ့အခါ ဘယ်သူကမှ မကန့်ကွက်ခဲ့တာ
ုုဖြစ်တယ်။ နှစ်ယောက်လုံးက သစ်သားဝိဉာဉ်
ကြောမလို့ အချင်းချင်းကုသပေးလို့ ရနိုင်တယ်။

သို့ပေမဲ့ ထို မျိုးမတူ လျှင် သွင်းမရဆိုတဲ့ ဥပဒေ
သက ရေ ဝိဉာဉ်ကြောအပေါ်တော့ မသက်ရောက်
ဘူး။ရေ ရဲ့ သဘောကိုက သိမ်မွေ့တာမလို့
ချီ ငါးမျိူ းထဲ အတည်ငြိမ်ဆုံး ချီ လည်းဖြစ်တယ်။
ဒါကြောင့် ရေ ချီ ကို သွင်းပြီး ကုသပေးမယ်ဆို
ရင် ကုသခံရသူက ဒဏ်ရာပျောက်ကင်းရုံတင်
မကဘဲ သွင်းပေးလိုက်တဲ့ ရေ ချီ တွေဟာ
ဒဏ်ရာရသူရဲ့ ချီ အမျိုးစားအဖြစ် ပြောင်းလဲ
သွားပြီး ထိုသူ့အတွက် ချီ တောင် ပိုတိုးပွား
လာစေတယ်။

(TN: သွေး အုပ်စု တူရင် သွင်းလို့ ရတယ်..နဲ့
တူတယ်....A သွေး ဆို A သွေးပဲ သွင်းရမယ်..
ရေဝိဉာဉ်ကြောကတော့ O သွေးနဲ့တူတယ်
ဘယ် A ,B, AB သွေးကိုမဆို သွင်းပေးလို့ရတယ်..
)

ဒီအကြောင်းကြောင့်ပဲ လူတွေက ရေဝိဉာဉ်
ကြောကို နှစ်သက်ကြတယ်။ သို့ပေမဲ့ ဒါနဲ့
အတူ.မကောင်းတဲ့ ကျင့်ကြံခြင်းနည်းတွေ
လည်း သိလာကြတယ်။ ပြောရမယ်ဆိုရင်
ရေဝိဉာဉ်ကြော ပိုင်ရှင် ဆီက ချီ တေွံကို
ယူလိုက်ခြင်းဖြင့်.ယူသူရဲ့ ချီ တွေဟာ တိူး
ပွားလာတာဖြစ်ပြီး ရေဝိဉာဉ်ကြောကတော့
သူ့ ချီ တွေ ပေးလိုက်ရတာဖြစ်တယ်။
ဒါကြောင့်.တစ်ချို့တွေက ရေဝိဉာဉ်ကြောပိုင်
ရှင်တွေ အပေါ် မကောင်းသော အကြံစည်တွေ
ထားလာကြတယ်။ အတင်းကျပ် လိင်ဆက်ဆံခြင်းဖြင့် ရေဝိဉာဉ်ကြော ပိုင်ဆိုင်
တဲ့ သူတွေ ဆီကနေ ရေ ချီ တွေကို ယူလိုက်
ပြီး.သူတို့ရဲ့ ကျငိ့ကြံဆင့်ကိုမြှင့်တင်ကြတယ်။

အတင်းကျပ်.ရေ ချီ တွေ အယူခံလိုက်ရတဲ့သူ
တွေကို မီးပြင်းဖို သက်သက် ပဲလို့ ပြောကြ
တယ်။ ရေဝိဉာဥိကြော ပါတဲ့သူအများစုက
တစ်ခြား ဝိဉာဉ်ကြောတွေရော ပါကြတာမလို့
ရယူသူက ရေချီကို အတင်းကျပ်ရယူခဲ့မိမယ်
ဆိုရင် ဟိုဘက်နေ ရေ ချီ သာမကဘဲ.တစ်
ခြား ချီ အမျိူ းစားတွေပါ ပါလာပြီး ကမောက်
ကမ ဖြစ်စေနိုငိတယ်။ဒါကြောင့် ရေဝိဉာဉ်
ကြော ချည်းသီးသန့်ဖြစ်လေ ကောင်းလေ
ဖြစ်တယ်။

ရေဝိဉာဉ်ကြော သီးသန့်သာ ပါလာသူ
ရေ အာကသ ဝိဉာဉ်ကြောတွေဆိုရင်တော့
သူတို့တွေ ရယူခံရစဉ်အတွင်းဆို တစ်ခြား
ချီ အမျိုးစားတွေ ပါလာမှာ.စိုးရိမ်စရာမလိူလို့
ရယူသူဟာ ပိုအကျိုး ရှိကြတယ်။

သို့ပေမဲ့ အာကသ ဝိဉာဉ်ကြောအမျိုးစားတွေ
ဟာ ရှားပါးပြီး ရေအာကသ ဆို ပိုတောင်ရှား
ပါးတယ်။ရှေးယခင်ထဲက နေစတွက်ရင်
တောင် ရေအာကသ ဝိဉာဉ်ကြော ပိုင်ရှင်ဆိူတာ
အယောက်တစ်ရာမပြည့်ဘူး။ ထိုသူတွေဟာ
လည်း အတင်းကျပ် ရယူခံရလို့ သေရင် သေ
မဟုတ်ရင် ရယူခံ ရပြီးနောက်တော့ ထပ်ကြိမ်
ကြိမ် ရယူခံရတာကြောင့် သေကြရတယ်။

ဒါကြောင့်ပဲ သူ့သမီးက ရေအာကသ ဝိဉာဉ်
ကြော ပိုင်တယ်ဆိုတာသိတော့.ဇီမိုတစ်ယောက်
အထိတ်တလန့်ဖြစ်လာရတာ ဖြစ်တယ်။

ပုံမှန်အားဖြင့် မီးပြင်းဖိုလို ဖြစ်သွားရတဲ့ ရေအာကာသ ဝိဉာဥိကြောတွေဟာ ဖြူ စင်တဲ့
ဂုဏ်သိက္ခာ ကျန်လေ့မရှိတော့ဘူး။ ခင်ပွန်း
နဲ့ ဇနီး ဖြစ်နေတယ်ဆိုရင်တော့ သိက္ခာမကျ
ပေမဲ့ တစိချို့သော ဒိဌိ ကျင့်ကြံသူတွေကတော့
သူတို့ ကျင့်ကြံဆင့်.မြှင့်ဖို့ လူသား မီးပြင်းဖိုတွေ
ကို သုံးကြတယ်။ သို့ပေမဲ့ ဘယ်သူမဆို
ကျင့်ကြံဆင့် အလွယ်တကူ မြှင့်နိုင်တာကို
စိတ်မဝင်စားဘဲ နေမှာလဲ။ ပေါ်ပေါ်တင်တင်
လူသား မီးပြင်းဖို သုံးတာကို ကန့်ကွက်ကြပေမဲ့
လည်း ဇနီးအဖြစ် လက်ထပ်ယူမယ်ဆိုရင်ကျ
တစ်မျိူ းဖြစ်သွားပြီ မဟုတ်လား။

မြင်နေရတဲ့ သေနတ်တွေကို သတိထားလို့
ရပေမဲ့လည်း မမြင်ရတဲ့ နောက်ကွယ်က အန္တရာယ်
တွေကကျတော့ သတိထားဖို့ခက်တယ်လေ။
မီးပြင်းဖိုလို သုံးဖို့ လှုပ်ရှားနေတဲ့ နောက်ကွယ်
က ဒိဌိကျင့်ကြံသူတွေ မရှိဘူးလို့ ဘယ်သူပြော
နိုင်မလဲ။

ဇိမိုဟာ ကြင်နာတတ်ပြီး နှလုံးသား.နူးညံ့သူ
ုဖြစ်တယ်။ လွန်ခဲ့ဲ့တဲ့ ငါးနှစ်ထဲက သေ သွားတဲ့
သူ့တပည့်ကို ခုထိ တွေးနေသေးတာကိုက
သက်သေပဲ။

ဒါကြောင့် ဇီမိုဟာ လောလောဆယ်မှာ သူ့
သမီး.ရုတ်တရက်ကြီး.ကျင့်ကြံဆင့်တွေ မြင့်
လာဖို့ မမျှော်လင့်သလို ရုတ်တရက်ကြီး
အထက်ဘုံ တက်လှမ်းနိုင်ဖို့လည်း မမျှော်လင့်
ဘူး။သူ့ သမီးလေးကို တည်ငြိမ် အေးဆေးတဲ့
ဘဝလေးမှာပဲ နေစေချင်တယ်။ ကျင့်ကြံဆင်
လမ်းကို မလျှောက်စေချင်ဘူး။ ကျင့်ကြံဆင့်
မအောင်မြင်တာက မီးပြင်းဖို လို အသုံးခံရတာ
ထက်တော့ တော်သေးတယ်။ဒါကြောင့် ဇီမို
က ဘာ မှော်ဂါထာမှ မသင်ပေးဖို့ သူ့ဒေါ်လေးကို
တောင်းဆိုတယ်။

''ရေ ကို သုံးပြီး ခုခံကာကွယ်လို့ ရတဲ့ ဂါထာ
တွေ မရှိဘူးလား´´

ကျူ းယောင်က မေးတယ်။

ဇီမိုလည်း.သက်ပြင်းချတယ်။

'' မရှိတာတော့.မဟုတ်ဘူး....သို့ပေသိ.
ရေ...ရဲ့သဘောကိုက သိမ်မွေ့လေတော့...
ခုခံကာကွယ်တဲ့ ဘက်မှာ စွမ်းအားသိပ်ကြီးလေ့
မရှိဘူးလေ.....ရေကို ထိန်းချုပ်နိုင်တယ်ဆိုရင်
တောင်...တစ်ခြား...မှော်ဂါထာတွေသုံးတဲ့သူ
နဲ့စာရင် အားနည်းနေသေးတယ်...´´

ကျူ းယောင်လည်း ဇီမို့ကို ကြည့်ရင်း မျက်နှာ
ပျက်သွားတယ်။ လူတစ်ယောက်က ရေကိုထိန်း
ချုပ်နိုင်တယ်ဆိုတာတောင် မင်းက အားနည်း
တယ်လို့ ပြောချင်သေးတာလား။ မင်း ငါ့ကို
လာနောက်နေတာလား။

ဘယ်သကောင့်သား ငတုံးကများ ဒီလိုအတွေး
များ စပြောခဲ့လဲ။ အဲ့ကောင်ကို ခေါ်ထုတ်ခဲ့စမ်း
ပါ။ ငါ သေအောင် မရိုက်ဘူးတော့ အာမခံ
တယ်။

ကျူ းယောင်.သိလာရတာက ရှလီဝေလေးဟာ
စိတ်ပူစရာမလိုတဲ့ မုန်လာဥလေးဆိုတာပဲ။
သူ့ ဝိဉာဉ်ကြောမကောင်းဘူးဆိုတာ သိသွား
ပြီး ရက်နည်းနည်းလောက်စိတ်ညစ်နေခဲ့ပေမဲ
နောက်ဆယ်ရယ်မှာတော့ ပုံမှန်အတိုင်း တက်
ကြွတဲ့ မုန်လာဥလေး.ပြန်ဖြစ်သွားပြန်တယ်။
ကျူ းယောင်ကတော့ အသုံးမကျတဲ့ အမှိုက်ကြီး
ပေါ့လေ။ အရင်တုန်းက ကျူ းယောင်စားဖို့
သောက်ဖို့ လိုစဉ်တုန်းကတော့ ဆရာရှိနေလို့
ဆရာက ချက်ပြုတ်ကြွေးခဲ့တယ်။ အခုခါကျတော့
သူ့မှာ တပည့်ရှိလာပြီမလို့ ကျူ းယောင်တာဝန်
ဖြစ်လာတယ်။

သို့ပေမဲ့ ကျူ းယောင်လည်း ကောင်းကောင်းချက်
ပြုတ်မကျွေးတတ်တာမလို့ မုန်လာဥလေးကို
ဇီမိုတို့ဆီ ခေါ်သွားတယ်။.ကျွေးမွေးပြီးမှ ပြန်ခေါ်
လာတော့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မုန်လာဥ
လေးက ဇီမို့ သမီးမလား။ သူ့သမီးကိုတော့
သူ ထမင်းကျွေးဖို့ တာဝန်ရှိတယ် မဟုတ်လား။

မုန်လာဥလေးကို မှော်ဂါထာတွေ မသင်ပေးသင့်
ဘူးဆိုတာနဲ့ပက်သက်ပြီးတော့ ကျူ းယောငိ
သဘောမတူသလို သဘောလည်း တူမှာမဟုတ်
ဘူး။မုန်လာဥလေးသာ ကျင့်ကြံဆင့် မပိုင်ဆိုင်ဘူး
ဆိုရင် မီးပြင်းဖိုအဖြစ် အသုံးမခံရတော့ဘူးဆိုတာ
မှန်ပေမဲ့လည်း သူ့ကိုယ်သူတော့ ဘယ်ကာကွယ်
နိုင်တော့မလဲ။ အတိုက်ခံရတာတာထက်စာရင်
လက်ဦးအောင်တိုက်ခိုက်နိုင်တာက ပိုကောင်း
တယ်မလား။

ဒီနေ့ကလည်း မုနိလာဥလေးရဲ့ အဖေ့အိမ်သွား
စားသောက်ပြီး.ပြန်လာတဲ့နေ့တစ်နေ့ပဲဖြစ်တယ်။

''ဆရာ....!..´´

မုန်လာဥလေးက အဝေးကနေ ပြေးလာတယ်။
လက်ထဲမှာလည်း တစ်ခုခုကိုင်လာပုံရတယ်။
မျှော်လင့်ချက်အပြည့်ပါတဲ့ မျက်ဝန်းတွေနဲ့ ကြည့်
ရင်း သူမကို သစ်သီးတစ်လုံးကမ်းပေးတယ်။

'' ပါးပါးပေးလိုက်တဲ့....သစ်သီးလေ..
ဆရာ့ဖို့...ဒီမှာ..´´

ကျူ းယောင်လည်း ခဏလောက်အံသြ သင့်သွား
ပြီးမှ နှလုံးသားထဲ နွေးထွေး
လာတယ်။ဒီလောက်
ချစ်ဖို့ကောင်းတဲ့ တပည့်လေးကို ဘာလို့ မကာ
ကွယ်ပဲနေရမှာလဲ။ သူ့တပည့် ပါးဖောင်းဖောင်း
လေးကို ဖိညစ်ချင်လာတယ်။ အာ...မဖြစ်သေးဘူး။သူမက မာနကြီး အေးစက်သော ရေခဲရုပ်
နတ်ဝိဇ္ဇာကြီးလေ။ တည်ငြိမ်သူ ပုံစံနဲ့ နေမှဖြစ်
မယ်။

'' အဟမ်း....ဆရာက အစားစားဖို့မှ မလို
တော့ကွယ်...´´

မုနိလာဥလေး မျက်နှာက အပြုံးပျောက်ကွယ်
သွားတယ်။ အနည်းငယ်.စိတ်ပျက်သွားပုံနဲ့
ကမ်းထားတဲ့ သူ့လက်လေးတွေကို ပြန်ရုတ်
သွားတယ်။ပြီးတော့မှ ပြန်တက်ကြွလာပြန်တယ်။

'' ဒါဆို နောက်တစ်ခါကျ ပို အရသာရှိတဲ့ဟာ
ကိုပဲ ဆရာ့ကို ကျွေးမယ်..´´

ကျူ းယောင်လည်း သူ့တပည့်ခေါင်းလေးကို
သာသာ ပုတ်ပေးတယ်။ သိပ်ကို တွေးပေးတဲ့
တပည့်လေး!! သူမ လက်ကို ဆန့်တန်းရင်း
ကျူ းယောင်လည်း ပြောတယ်။

'' ဒါဆို.ပြန်ကြစို့...´´

''ဟုတ်ကဲ့...´´

ပေါင်ပေါင် ပြောစကားကို လိမ်လိမ်မာမာ နား
ထောင်ပြီး နောက်ကို ခြေတစ်လှမ်းဆုတ်
သွားတယ်။ပြီးတော့.သူမနောက်ကနေ လိုက်
လာတယ်။

ရင်ခွင်ထဲ ပြေးလာနိုင်ဖို့ရာ လက်ဆန့်တန်းပေး
ထားသော ဆရာ ကျူ းယောင် >> ''#*$.....´´

(TN: #*$ ....က speechless လို့ပြောချင်တာပါ.
...အစထဲကတော့.ရှင်းြပြခဲ့ပါတယ်နော်...😁)

ရင်ခွင်ထဲပြေးလာပြီး တပည့်လေးက.ဖက်လေ
သတည်းဆိုတဲ့ ဇာတ်ညွှန်းက ဘယ်ရောက်
သွားတာလဲ!!

ကျူ းယောင်လည်း ရှက်ကိုးရှက်ကန်းနဲ့လက်
ပြန်ရုတ်လိုက်တယ်။ ဒီလိုဆိုတော့လည်း ကောင်း
တာပါပဲ။ သူမက မာနကြီးပြီး အေးစက်တဲ့
နတ်ဝိဇ္ဇာ ကြီးမလား။ သူ့လိုမျိုး နတ်ဝိဇ္ဇာ ကြီးက
ကလေးတစ်ယောက်နဲ့ ဖက်လားရမ်းလားလုပ်
နေရင် ဘယ်လို
ဆက်ပြီး အေးစက်စက်ပုံ ဆက်
ဖမ်းလို့ရတော့မလဲနော်။

လှည့်ပြီးတော့ ကျောက်စိမ်းသစ်တောတောင်ဆီ
ကို သွားတဲ့ ခရီးသွားမှော်ပစ္စည်းဆီ လျှောကိ
လာကြတယ်။သူ့တပည့်အသေးလေးလိုက်မှီ
အောင် သူမ ဖြည်းဖြည်းချင်း လျှောက်လာခဲ့တယ်။

ုမုန်လာဥလေးဟာ.တစ်ကယ့်ကို မျိုးကောင်းမျိူ း
သန့် တပည့်လေးပဲ။ ချီ ဘယ်လိုယူရမလဲဆိုတယ
၂ ရက်ပဲ.သင်ပေးရသေးတယ်။ခုတောင် ချီ
အဆင့် ဒုတိယဆင့်ကို ရောက်နေပြီ။နည်းနည်း
ကြာမှ အလွယ်စား မှော်ဂါထာလေးတွေ
သင်ပေးမယ်လို့ တွေးထားလိုက်တယ်။

''.ဂိုဏ်းချုပ်ရဲ့.သမီးက ရေအာကသ ဝိဉာဉ်
ကြောပိုင်ဆိုင်တယ်လို့.ငါတော့.ကြားတယ်...´´

''ဒါဆို အဲ့ကလေးက မီးပြင်းဖိုဖြစ်လာမှာပေါ့..´´

''အမှန်ပဲ....ဂိုဏ်းချုပ်က ဒီလောက်နှစ်ပေါင်း
များစွာ.စောင့်ခဲ့ရတဲ့ကလေးကလည်း အလကား
ုဖြစ်သွားပြီ.....သူ့မှာ ဒီလို သမီးမျိူ း မွေးထား
မိရတယ်လို့...´´

''ငါကြားဖူးတာတော့....ရေအာကသဝိဉာဉ်
ကြော ပိုင်ဆိုင်တဲ့ မိနိးကလေးတွေဆိုရင်
အတော့်ကို......အင်း.....ဂိုဏ်းချုပ်သမီးကလည်း
ဘယ်လိုပုံစံမျိုးဖြစ်မလဲ သိချင်လာပြီ...´´

'' ပြောစရာတောင်မလိုပါဘူးပါ...သေချာ
ပေါက်.ချောမှာပေါ့.....နောင်ကျရင် သူ ဘယ်သူ့
ကို ကျငိ့ကြံဖော် မောင်နှံအဖြစ် ရွေးမလဲဆိုတာ
ပဲသိချင်တာ...´´

'' ငါရောပဲ...သူ ဘယ်သူ့ယူမလဲ သိချင်တယ်.
သူ့ ယောကျာ်းကတော့ ပွတာပဲ....ဒီကောင်
သူ့မိန်းမကို ကာကွယ်နိုင်ပါ့မလား မသိဘူး..´´

''ဟား...ဟား....အဟုတ်ပဲ ကိုယ့်လူ...
ငါတောင်မှလေ....´´

မကြားဝံ့မနာသာအပြောတွေကို ခပ်လှမ်းလှမ်း
ကနေ ကြားလိုက်ရတယ်။ကျူ းယောင်လည်း
စိတ်ထဲ အနည်းငယ် ဒေါသထွက်လာတယ်။
ရှေးဟောငိးတောင် ဂိုဏ်းသားတွေကိူယ်တိူင်
ကိုက ဒီလိုတွေ ပြောနေလိမ့်မယ်လို့.သူမ
မထင်ထားခဲ့မိဘူး။ သူမလည်း.စိတ်တိုလာပြီး
သူ့တို့ကို နည်းနည်းပညာပေးမလို့ ရှိသေး
အောက်နှုတ်ခမ်းလေးကို တင်းတင်းကျပ်ကျပ်
ကိူက်ထားတဲ့ သူ့တပည့်လေးကို တွေ့လိုက်
ရလို့ ချက်ချင်း.စိတ်ကူးပြောင်းလိုက်တယ်။

သူ့တပည့်လေးလောက်အရွယ်ဆိုရင် ပတ်ဝန်း
ကျင်က ဘာပြောလဲဆိုတာ သိတတ်နေပြီ။
ထိုလူတွေပြောတာကို အပြည့်စုံနားမလည်ရှာ
ပေမဲ့.သူမကို မကောင်းပြောနေတယ်ဆိုတာ
တော့.နားလည်ရှာပုံရတယ်။ဒါ့အပြင် သူမ
ဝိဉာဉ်ကြောက.မကောင်းတဲ့ဟာဆိုတာလည်း
အစထဲက.သိနှင့်ပြီးသားလည်း ဖြစ်နေပြန်တယ်။

'' မင်း...စိတ်ဆိုးနေလား..´´

ကျူ းယောင်လည်း ပါးစပ်နဲ့မပြောဘဲ စိတ်ကနေ
တစ်ဆင့် ဆက်သွယ်ကာ.စကားပြောလိုက်တယ်။

မုန်လာဥလေးက ခဏတော့ ကြောင်သွား
တယ်။ပြိးမှ သူမ ကို မော့ကြည့်ရင်း ခေါင်းညိတ်
ပြတယ်။သူမ မျက်လုံးမှာ မျက်ရည်စအချို့က
ဝေ့နေပြီ။ လက်သီးသေးသေးလေးကလည်း
တင်းတင်းကျပ်ကျပ် ဆုပ်ထားသေးတယ်။

'' ဆရာ သင်ပေးထားတဲ့...ရေ ကို ထိန်းချုပ်
နည်း ဂါထာ ကို မှတ်မိသေးလား..´´

ကျူ းယောင် က မေးတယ်။

မုန်လာဥလေးက ခေါင်းညိတ်တယ်။

''ငါတို့ အခုပဲ စမ်းကြည့်ရအောင်...´´

မုန် လာဥလေး မျက်လုံးက ဝင်းလက်သွားတယ်။
စကားပြောနေဆဲ ဂိုဏ်းသား ၂ ယောက်ကို
ကြည့်လိုက်.ဘေးက ရေကန်က ရေကိုကြည့်
လိုက်နဲ့လုပိပြိးနောကိတော့ သူမ သင်ထားတဲ့
ဂါထာကို စရွတ်တော့တယ်။
၂ ကြိမ်တိုင်တိုင် ကြိုးစားပေမဲ့ မအောင်မြင်ဘူး။
အံတြိတ်ရင်း မုန်လာဥလေးဟာ သုံးခါမြောက်
ကြိုးစားတယ်။

နောက်ဆုံးတော့.ရေကန်ထဲမှာ.ရေပူဖောင်း
ပလုံစီလေးတွေပေါ်လာတယ်။နောက်တော့
ရေတွေ လေထဲကို ဝဲတက်လာပြီး ရေလုံးခပ်
ကြီးကြီးတစ်ခု ဖြစ်လာတယ်။ မုန်လာဥလေး
လည်း.အသက်အောင့်ရင်း ထိန်းထားတဲ့
ရေလုံးကြီးကို အားပါးတရ အတင်းအုပ်နေတဲ့
ဂိုဏ်းသား ၂ ယောက် ခေါင်းပေါ်ကို ရွေ့လိုက်
တယ်။ထိုအခါမှာပဲ မုန်လာဥလေး ချီ တွေက
ကုန်သွားတယ်။

'' ရှူ း....´´

ချက်ချင်းပဲ အာပေါင်အာရင်းသန်နေတဲ့ ဂိုဏ်းသား
၂ ကောင်သာ ကြက်စုတ် ၂ ကောင်.ရေမွန်း
ဖြစ်သွားရတယ်။

မုန်လာဥလေးလည်း ပျော်ပြီး ထအော်လိုက်
တော့မလို့ပဲ။

ရေစိုသွားတဲ့ ၂ ယောက်လည်း ချက်ချင်းပဲ
မတ်တပ်ထရပ်ကြတယ်။

'' ဘယ်သူလုပ်တာလဲ...ဘယ်သူ လာနောက်
ပြောင်ရဲတာလဲ´´

မုန်လာဥလေး မျက်နှာက. ဖြူ.ဖပ်ဖြူ ရော်
ုဖြစ်သွားတယ်။ ကျူ းယောင်လည်း လက်တစ်
ချက်ဝေ့ကာ သူတို့နှစ်ယောက် မမြင်နိုင်
အောင် ဖုံးကွယ်ခြင်း ဂါထာ သုံးထားလိူက်တယ်။

ိုထိုနှစ်ယောကိလည်း အကြာကြီးရှာတာတောင်
ဘယ်လူသားကိုမှ မတွေ့ကြဘူး။ ထိုအခါမှ
ပဲ သူတို့ ကံဆိုးတာကိုပဲ အပြစ်တင်ရင်း.အဝေး
ကို ထွက်သွားကြတော့တယ်။

ကျူ းယောင်လည်း မုန်လာဥလေးကိုခေါ်ကာ
သူတို့တောင်ကို ပြန်လာခဲ့တယ်။

''ဆရာ...!..´´

မုန်လာဥလေး မျက်လုံးတွေက အပျော်တွေနဲ့
ပြန်တောက်ပလာပြီး သူမကို ကြည့်တဲ့အကြည့်
ကလည်း.ရိုကျိး လေးစားခြင်းတွေပါနေတယ်။

ကျူ းယောင်လည်း သူ့ခေါင်းလေးကို ပုတ်ရင်း
တစ်ခါထဲ ကြုံခိုက်သင်ပြပေးတယ်။

''မြိုသိပ် သည်းခံတာက.ကောင်းပါတယ်..
ဒါပေမဲ့...မြိုသိပ်ထားရတာသိပ်များလာရင်
လည်း...စိတ်ဒဏ်ရာ ရတတ်တယ်...မင်း
သည်းမခံနိုင်တော့ ဘူးဆိုရင် ဆက်သည်းမခံ
နေနဲ့တော့...မင်းကို ပါးတစ်ချက်လာချရင်
ပြန်ပြီး ခပ်နာနာ တစ်ချက်ပြန်ရိုက်ဖို့ မမေ့နဲ့
နားလည်လား.´´

''အွန်း..´´

မုန်လာဥလေးက ရိုရိုကျိူ းကျိူ းခေါင်းညိတ်တယ်။

ကျူ းယောင်လည်း ရုတ်တရက် ကြီးကျယ်
ခမ်းနား စွမ်းပကားကြီးမား သွားသူကြီးလို
ခံစားလိုက်ရတယ်။

.'' ဒါပေမဲ့လေ...ဆရာ...ဘာလို့.ပေါင်ပေါင်တို့က ပုနိးနေရတာလဲဟင်...´´


အာ...မပုန်းနေရင် ဆရာတို့က အဖမ်းခံဖို့
စောင့်နေရတာနဲ့ တူနေမှာပေါ့။




''..လူမသိ သူမသိ နေချင်လို့ပါ...သူတို့က
ဆရာတို့ကို ဘယ်လိုလုပ် နိုင်မလဲ....အနည်း
ဆုံးတော့.သူတို့ မရှက်သွားအောင်လုပ်ပေး
လိုက်ရတာပါ...နားလည်ပြီလား..´´

''နားလည်ပါပြီဆရာ....´´

မုန်လာဥလေးက တော်ဝင်အမိန့်ကို နာခံလိုက်
ရသလို ခေါင်းတွင်တွင် ညိတ်တယ်။

ကျူ းယောင်လည်း ပြုံးစစ ဖြစ်သွားတယ်။
သူမ ခပ်ဆိုးဆိုး တပည့်လေးတော့.မဖြစ်လာ
လောက်ပါဘူးနော်။ အင်း...မဖြစ်လာနိုင်ပါ
ဘူးလေ။ ဒီတပည့်လေးက ဒိလောက် ကြင်နာ
တတ်တာကို။

ငါးနှစ်အကြာမှာတော့..

မုန်လာဥလေးဟာ ခုတော့ မုန်လာဥအကြီးကြီး
ုဖြစ်လာခဲ့ပြီ။ ကျင့်ကြံဆင့်ကလည်း ချီအဆင့်
အဌမဆင့်ကို.ရောက်နေပြီ။သူနဲ့ ရွယ်တူတွေ
ချင်း ယှဉ်မယ်ဆိုရင် အတော်ကို.တော်တယ်
လို့.ပြောလို့ရတယ်။ကျူ းယောင်က အတော်
ကို.ကျေနပ်နေပေမဲ့လည်း ဇီမိုကတော့
အတော်ကို စိုးရိမ်နေတယ်။

''ဒေါ်လေး....ကျတော့်ရဲ့....ပေါင်ပေါင်
မဟုတ်သေးပါဘူး..လီဝေ....အော်...
ယုလော်လေးလို့ ပြောရမယ်....သူလေ..
ကျင့်ကြံဆင့်....မြန်မြန်မြင့်လာတာ မကောင်း
ဘူးထင်တယ်..´´

အမှန်ပဲ။.ကျူ းယောင် မုန်လာဥလေးကို ပေးလိုက်
တဲ့ တာအိုနာမည်ကတော့ ယုလော်ဘို (မုန်လာဥလေး) ပဲ ဖြစ်တယ်။ ကျောက်စိမ်းသစ်တောတောင်
တပည့်မလို့ ယု ဆိုတဲ့ မျိုးရိုးနာမည်ကို ဆက်ခံ
ရတယ်။

နာမည်ပေးတဲ့ကိစ္စနဲ့ ပက်သက်ပြီး ပြောရမယ်ဆို
ရင်တော့ နာမည်ပေးတုန်းက ကျူ းယောင်လည်း
လက်တန်း ကြုံရာ.ကောကိပေးလိုက်တာ
ဖြစ်တယ်။ သူမ အစတုန်းက ယု ဒီ(ပန်းရိုးတံ) လို့ ပေး
မလို့ပဲ။ ပြောရရင်တော့ ဒီတောင်ထပ်မှာ
သူတို့ ၂ ယောက်သာရှိတာကိုး။ တင်စားရ
ရင်ဖြင့် ငှါးငှါးစွင့်စွင့်နဲ့ ပွင့်နေတဲ့ ပန်းလေး
၂ ပွင့်.ပေါ့။ ဘယ်လောက်တောင် ခေတ်မှီပြီး
ဆန်းသစ်လိုက်တဲ့ နာမည်လဲ။

သို့ပေမဲ့ ထိုနာမညိကို ဇီမိုက အကြောက်ကန်
ငြင်းတယ်။.ကျောကိစိမ်းတောင်ပေါ်တက်လာ
ရင်း အကျယ်ကြီး အော်ပြောတယ်။

'' ဒေါ်လေး....ကျတော့်သမီးကို....ယုဒီ(ကျောက်
စိမ်းဧကရာဇ်) လို့ နာမည်ပေးရဲ ပေးကြည့ိနော်
ကျတော်လည်း ဒိတောင်ပေါ်ကနေ.ခုန်ချ
ပစ်မယ်...´´

(TN: ယုဒီ ချင်းက အသံထွက်ဆင်နေတယ်)

ဂိုဏ်းအတွင်းသွေးစည်းညီ ညွတ်မှုတွေ
ပျက်သုဉ်းမှာစိုးတာနဲ့ပဲ ကျူ းယောင်လည်း
ထိုနာမည်ကို စွန့်လွှတ်လိုက်ရတယ်။ပြီးတော့
ုယုလော်(မုန်လာဥလေး)
လို့ ပြောင်းပေးလိုက်ရတယ်။

(TN: ခက်ခဲနေဦးမယ်...နာမည် စဉ်းစားရတာ
တွေ)

သူမ ပေးတဲ့ နာမည်တွေဟာ သူ့ဆရာထက်တော့
ပိုကောင်းပြီး လှပတာကိုတော့ ကျူ းယောင်
ဝန်ခံမိတယ်။ သူ့တပည့်အဖေက နာမည် လှလှ
ပေးတာကို
အမြင်
မရှိတာကိုပဲ အပြစ်တင်ရတော့မယ်။

''ဒေါ်လေး....ဒေါ်လေးသင်ပေးတာတွေက
ကောင်းပါတယ်...ဒေါ်လေး မမောဘူးလား
ဟင်...နညိးနညိးလောက်နားလောက်ပါလား´´

'' ဒေါ်လေး....ပထမ လရောင် ဂိုဏ်းမှာလေ
တောင်အကာရံ စည်းက ပြသနာနည်းနည်း
တက်နေသတဲ့...ဒေါ်လေးလည်း.အကာရံ
စည်းချတာတွေ.ကျွမ်းကျင်နေတာပဲ..သူတို့
ကို သွားပြီး နညိးနည်း အလင်းပြလိုက်ပါလား

´´

''ဒေါ်လေး...´´

ဘယ်လိုပဲဖြစ်ဖြစ် ဇီမိုကတော့.အကြောင်းပြ
ချက်.ဆင်ခြေမျိုးစုံပေးပြီးတော့.သူ့သမီးကို
ထင်ထင်ပေါ်ပေါ်.မဖြစ်အောင်.ကျင့်ကြံဆင့်
မမြင့်အောင်.ကြိုးစားနေရှာတယ်။သို့ပေသိ
ကျူ းယောငိကတော့ သူ့ကို လျစ်လျူ ရှူ ထား
တယ်။ သူ့ဆရာတုန်းကလည်း ဒီလို ဂရုမစိုက်
ဘဲ နေ နေကြဆိုတော့ ဇီမို ကျင့်သားရပြီး
သားလို့.သူမ ထင်တယ်လေ။

အခန်း ၉၃ ပြီး၏။

နောက်အပိုင်း>> နောက်ကျနေတဲ့ ရှေ့ဖြစ်အိပ်မက်

Continue Reading

You'll Also Like

425K 34.5K 57
About a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)
155K 7.8K 21
Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် ၃/၂၀၂၁
206K 1.5K 7
18+ Fic ဖြစ်လို့ အသက်ပြည့်သူ ဝါသနာပါသူများသာဖက်ရန်
129K 18.3K 60
ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြည့်ကြတဲ့ဇာတ်လမ်းလေးပါ :3 ကျပ်မပြည့်တဲ့အဖေနဲ့ ကျပ်မပြည့်တဲ့သမီးနဲ့ပေါင်းပြီး တူတူကျပ်မပြ...