စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားသော
ပတ်ဝန်းကျင်အခြေအနေ......
ခပ်အေးအေးလေက
ခန္ဓာကိုယ်ကိုဖြတ်တိုက်သွားတိုင်း
အသွေးအသားထဲထိ အေးစိမ့်နေအောင်
ခံစားရသည်...
''ဘယ်လိုလဲ... ကျွန်တော်တို့ စီးချင်းထိုးကြမလား... ''
ဖြေးဖြေးမှန်မှန်ထွက်လာသော
Baekhyun အသံအဆုံး....
ကျယ်လောင်စွာထွက်လာသော
ဟားတိုက်ရယ်မောသံကြီးကြောင့်
Baekhyun အလိုမကျစွာ
မျက်မှောင်ကျုံ့လိုက်မိသည်...
''ဘာရယ်.... မင်းက...
ငါနဲ့.... ဟားဟား.... လက်တစ်ဆုပ်စာပဲရှိတဲ့ ကောင်ကများ.... ဟားဟား... ''
''ဟက်... ''
ခွက်ထိုးခွက်လန်နီးပါး
ရယ်မောနေသော ထိုဘီလူး၏ သဏ္ဍာန်သည်
Baekhyun ၏ ဒေါသတို့ကို တမင်ဆွနေသလိုပင်.....
တစ်ချိန်တည်းမှာပင်....
တစ်ဖက်ရန်သူကို အထင်သေးတတ်လွန်းသည့်
ဒေဝယက္ခ၏ အသိအမြင်နည်းပါးမှုကိုလည်း
လှောင်ရယ်မိသည်....
'' အပိုတွေပြောမနေဘဲ
သဘောတူလားမတူလားပဲပြောပါ.. ''
ရယ်နေသော ဘီလူး၏ မျက်နှာသည်
Baekhyun စကားအဆုံးမှာ
ရုတ်ချည်းတည်သွားသည်....
''ကောင်းပြိလေ.... စကြတာပေါ့.... ''
ဝုန်းခနဲထတောက်လာသော
မီးတောက်များသည် သူတို့နှစ်ယောက်အား
ဝန်းရံ၍ စည်းဝိုင်းသဏ္ဍာန် ခပ်ကျယ်ကျယ်ပေါ်ထွက်လာသည်......
''မဆိုင်တဲ့လူ ဝင်ရှုပ်လို့မရအောင်ပါ ''
Baekhyun ၏ စကားကို
ထောက်ခံသည့်ပုံဖြင့် ဒေဝယက္ခက ခေါင်းငြိမ့်သည်.....
Baekhyun ၏ ကျောပြင်မှ
တောင်ပံနက်တစ်စုံသည်
ဝံ့ကြွားထည်ဝါစွာ ထွက်ပေါ်လာသည်...
ထို့အတူ
ဒေသယက္ခ၏ လက်တွင်း၌်လည်း..
၎င်း၏ ခန္ဓာကိုယ်တစ်ဝက်လောက်ရှိသော
တင်းပုတ်ကြီးသည်
ကြောက်ခမန်းလိလိ .........
ငွေရောင်အငွေ့အသက်တို့သည်
Baekhyun ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံလိက်သား......
ရုတ်တရက် ပြေးဝင်လာသော
တင်းပုတ်ကြီးအား
လျှင်မြန်သော အရှိန်ဖြင့် ရှောင်လိုက်ပြီးနောက်
တစ်ပြိုင်နက်တည်းပင်
တောင်ပံနက်ကြီး၏ အကူအညီဖြင့်
အမြင့်သို့ပျံတက်လိုက်သည်......
လေအလျင်ကဲ့သို့
လျှင်မြန်လွန်းသောကြောင့် ဒေဝယက္ခသည်
Baekhyun ဘယ်မှာလဲဆိုသည်ကို
လိုက်ရှာနေစဉ်ပင်
အမြင့်ဆီမှ ဝုန်းခနဲခုန်ဆင်းလာသော Baekhyun.....
ဒေဝယက္ခ၏ နောက်ကျောဘက်ကနေ
ထိုးဖောက်ဖြတ်ပြေးသွားသော
ငွေမှင်ရောင် ရောင်ခြည်တန်းအချို့ကြောင့်
ဟန်ချက်ပျက်သွားသော ဘီလူးကြီးသည်
လဲမကျသွားစေရန် တင်းပုတ်ကြီးအား
မြေပေါ်ထောက်ကာ အားယူလိုက်ပြိးနောက်
ခပ်ဟဟ ရယ်သည်.....
''ဟားဟား... Byun Baekhyun..
လျှော့တွက်လို့မရပါလား.... ''
ဘာမှပြန်မပြောဘဲ
နှုတ်ခမ်းတွန့်ရုံသာပြုံးသော Baekhyun....
သို့သော်လည်း ကြာကြာမပြုံးနိုင်ဘဲ
ဖြစ်ပျက်သွားသော အဖြစ်အပျက်ကို
မင်သက်စွာ ကြည့်နေမိသည်...
ရှေ့တူရူဆီမှ ဘီလူးကြီးသည်...
တစ်ကိုယ်မှ.. နှစ်ကိုယ်....
နှစ်ကိုယ်မှ သုံးကိုယ်...
သုံးကိုယ်မှ လေးကိုယ်... ငါးကိုယ်ထိ
ခွဲထွက်သွားသည်.....
ထို့နောက် ထိုကိုယ်ပွားများသည်...
တင်းပုတ်ကြိးကိုယ်စီဖြင့်
Baekhyun ဆီပြေးဝင်လာကြသည်....
ပြန်လည်ခုခံရန် မစွမ်းသာသေးဘဲ
ထိုဘီလူးကြီးများ၏ တင်းပုတ်ရန်မှလွတ်အောင်
အသည်းအသန်ရှောင်နေရသော Baekhyun...
ထို့နောက်...
ငွေရောင် ရောင်ခြည်တန်းအချို့ကို
ဘီလူးတစ်ကောင်၏ ငယ်ထိပ်ဆီသို့ ပစ်ခွင်းလိုက်သည်....
ဝုန်းခနဲ လဲကျသွားသော်လည်း
ချက်ချင်းဆိုသလိုပင်
ဝူးဝါး သံကြီးဖြင့် ပြန်ထလာသော ထိုဘီလူး...
နောက်တစ်ကောင်.........
ထိုအတိုင်းပင်... ပြန်ထလာကြပြန်သည်.....
ရှောင်ရင်းတိမ်းရင်း
Baekhyunချွေးပျံလာသည်
....
ဒီပုံတိုင်းဆို မဟန်......
ဘယ်ဟာက ဒေဝယက္ခအစစ်လဲ......
ဒေဝယက္ခအစစ်ကို မှန်အောင်တိုက်ခိုက်နိုင်မှသာ အဆင်ပြေတော့မည်.....
ဘီလူးများ မမီနိုင်သော ခပ်မြင့်မြင့်အကွာအဝေးထိ ပျံတက်လိုက်ပြီးနောက်
လက်နှစ်ဖက်ကို ဘေးဘက်သို့ဆန့်လျက်..
မျက်စိကိုမှိတ်ကာ အာရုံခံလိုက်သည်....
ငွေရောင်အငွေ့အသက်တိုပိုမိုလင်းလက်လာပြီးနောက်
အာရုံထဲမှာ ရှင်းလင်းစွာပေါ်လာသော
ဒေဝယက္ခအစစ်၏ ပုံရိပ်.....
ချက်ချင်းပင် ဝုန်းခနဲ ဆင်းချလာကာ
ထိုဘီလူးအား အသေသတ်ရန် ကြံမိသည်.....
ရောက်တော့မည်....
ရောက်အံ့ဆဲဆဲ...
ပေအကွာအဝေး အနည်းငယ်အလို.....
''အင့်....... ''
ခန္ဓာကိုယ်အား တစ်စုံတစ်ရာက ဆောင့်ဆွဲလိုက်သလို ခံစားမိပြီးနောက်
ဟန်ချက်ပျက်စွာပင် မြေပြင်ပေါ်ပြုတ်ကျလာရသည် ...
မြေပြင်နှင့် ၁၀ချက်လောက် ပြင်းထန်စွာ
ရိုက်ခတ်မိပြီးနောက်
ကျလာနေရာမှာပင် လဲကျသွားရသော Baekhyun....
''ဟားဟား.... မင်းဦးဏှောက်သေးသေးလေးနဲ့
ငါ့ကိုသတ်ချင်တယ်ပေါ့ ဟုတ်လား.... ''
မသတီစရာကောင်းလှသော
သွင်ပြင်ဖြင့် ဘီလူးကြိးသည်
Baekhyunကိုငုံ့ကြည့်ကာ အားရအောင်လှောင်ရယ်နေသည်.......
သူ့လက်ထဲတွင်
ကြိုးစတစ်ခုကို ကိုင်ထားသည်ကို
တွေ့လိုက်ရ၍ မိမိအား အကွက်ဆင်ကာ
ဖမ်းပြီ ဆိုသည်ကို သိလိုက်ရသည်....
ရုန်းသည်...
မရ...
ကြိုးဖြင့်ထိထားသော နေရာတိုင်းက
ရုန်းလိုက်တိုင်း သေလောက်အောင်ပူသည်.....
''သူယောင်သွေး.....
သူယောင်မယ်တွေရဲ့ သွေးနဲု့ နှစ်တစ်ထောင်နီးပါး စီမံထားတဲကြိုး...
ဟားဟား... ရုန်းလေ.. မင်းရုန်းလေလေ...
မင်းအားအင်ဆုတ်ယုတ်လေလေပဲ.... ''
ဆိုးသွမ်း၍ တန်ခိုးကြီးသော
အောက်ထပ်နတ်ဘုံသားတို့အား
ဖမ်းဆီးနိုင်သည် တစ်ခုတည်းသောအရာသည်
ရှားပါးသော သူယောင်မယ်၏ သွေး ......
တစ်ချက်ရုန်းတိုင်း
အားအင်တို့သည် ပိုပို ဆုတ်ယုတ်လာစေမည်ဖြစ်သော ထို သူယောင်မယ့်သွေး....
ဒေါသထွက်စွာဖြင့်
တောက်ခေါက်မိသော်လည်း
အသံသည် ထင်သလောက်ထွက်မလာ....
''ကဲ... Light pearl ပေးမလား...
အသေခံမလား... ''
Baekhyun နာကျင်စွာပြုံးလိုက်မိသည်...
ဘယ်လိုပဲဖြစ်ဖြစ်
သူဟာရှုံးနေပြီးသားပဲလေ...
ရန်သူ့ထံပါး ဝပ်ဆင်းရမှာထက်စာရင်
အသေသာခံလိုက်မည်....
ရှိစုမယ့်စု အင်အားလေးနှင့်
စိတ်ကိုစုစည်းကာ အတွင်းအိတ်ထဲမှ
Light pearl ကို စိတ်ဖြင့်ထုတ်လိုက်သည်.... .
အရောင်တလက်လက်ဖြင့်
ငွေရောင်အငွေ့အသက်တွေ ရစ်သိုင်းနေသော
Light pearlသည်
ဝံ့ကြွားစွာ ထွက်ပေါ်လာသည်....
''အသေပဲခံလိုက်မယ်... ငါ့ရတနာ
မင်းကိုမပေးနိုင်ဘူး.. ''
ထို့နောက် ဝုန်းခနဲဆိုသလိုပင်
Baekhyun ခန္ဓာကိုယ်ထဲနစ်ဝင်သွားသော
Light pearl...
light pearl ခန္ဓာကိုယ်ထဲ မြုပ်သွားသည်နှင့် တစ်ပြိုင်
စူးခနဲနာကျင်မှုသည် ခက်ခက်ထန်ထန်....
''Byun Baekhyun !!!!! ''
ဒေါသတကြီးထွက်ပေါ်လာသော
ထိုဘီလူးကြီး၏ အသံသည်
ကြောက်ခမန်းလိလိပင်ဖြစ်သော်ငြား
Baekhyun မမှုတော့ ....
သွေးဖြင့်ရောသွားသော
Pearl သည် ထိုသွေးပိုင်ရှင်အတွက်သာ
အစွမ်းရှိတော့သည်မို့
တစ်ပါးသူ ထုတ်ယူမည်ဆိုလျှင်လည်း ထိုသူအတွက် pearl၏
ဂုဏ်သတ္တိသည်... မသက်ရောက်နိုင်တော့ပေ...
တဖြည်းဖြည်းလေပေါ်မြောက်တက်လာသော
မိမိခန္ဓာကိုယ်အေုခအနေကို သတိထားမိသော်လည်း Baekhyun ဂရုမစိုက်တော့...
ဘယ်လိုပဲဖြစ်ဖြစ်...
ငရဲပြည်၏ အုပ်ချုပ်သူသည်
Light pearl ပိုင်ရှင်သာဖြစ်ရမည်ဆိုသော
အမိန့်ကြောင့်
ထိုဘီလူးသည် ငရဲပြည်ကို
ရနိုင်တော့မှာမဟုတ်...
ဒီလိုဆိုလျှင်...
သူသေရကျိုး နပ်ပေပြီ....
ပြီးတော့ Chan......
ငါမရှိတဲ့နောက်..... Chan အဆင်ပြေပါစေ....
ငါမရှိတဲ့နောက်..... Chan ပျော်နေနိုင်ပါစေ.....
ငါမရှိတဲ့နောက်မှာ.....
Chan တစ်ယောက်တည်း ရှေ့ဆက်နိုင်ပါစေ....
ချစ်တယ် Chan.....
''အင့်........ ''
ရင်ကိုခွဲ.. အသည်းကိုထုတ်ယူသလို
ခံစားလိုက်ရသော ခံစားမှုနှင့်အတူ
ခန္ဓာကိုယ်တစ်ခုလုံး နေရာအကြားအလပ်မရှိ.
နာကျင်မှုတို့်ကြီးစိုးလာသည်.....
ငါ... ထွက်သွားရတော့မယ် Chan...
မငိုရဘူးနော်.....
''Baekhyun !!!!! မဖြစ်ဘူး........ ''
ရုတ်တရက် ကျယ်လောက်စွာကြားလိုက်ရသော
အသံသြရှရှ....
ဘဝအဆက်ဆက် မေ့နိုင်မှာမဟုတ်တဲ့ ဒီအသံ...
သူ.... ဘယ်လိုလုပ်ပြီး........
ထိုစဉ် လေထဲမြောက်တက်နေသော
မိမိခန္ဓာကိုယ်သည်
အောက်ပြန်ပြုတ်ကျလာသည်ကို ခံစားလိုက်ရသည်...
မြေပြင်နှင့်မရိုက်ခတ်မိပါဘဲ
နွေးထွေးသော တစ်စုံတစ်ရာဆီ
မြုပ်ဝင်သွားသည်ကိုပါ သိလိုက်ရတော့
အားအင်ကုန်ခမ်းနေသော်လည်း
သူပြုံးမိလိုက်သေးသည်.....
''Baek... Baekhyun.. Baby
အားတင်းထားနော်.. ကိုယ်ရှိတယ်.. အားတင်းထားနော်... ခဏပဲ.. ''
အသံတွေတုန်လို့ပါလား ချစ်သူရယ်....
မျက်ခွံတို့ကို အားယူဖွင့်ကြည့်လိုက်တော့
မိမိအပေါ်အုပ်မိုးကြည့်နေသော
သူ......
ထို့အတူ.. လှပလွန်းသော ...
ကိုယ်နှစ်သက်လွန်းရသော
တောင်ပံဖြူတစ်စုံ.....
''ငါအဆင်ပြေပါတယ် Chan... ''
သူဆုပ်ကိုင်ထားပေးသော
ကိုယ့်လက်ကို အနည်းငယ် လှုပ်ယမ်းရင်း
အဆင်ပြေကြောင်းပြောမိတော့
သူက သက်ပြင်းမောအရှည်ကြီးချသည်.....
ထို့နောက် ကိုယ့်နဖူးဆီ ဆိုက်ရောက်လာသော
အနမ်းနွေးနွေးတစ်ခု......
''Baby... ဒီမှာ ခဏစောင့်နော်.. ခဏလေးပဲ... ''
ကိုယ့်အား မြေပြင်ထက် အသာချကာ
သူမတ်တပ်ပြန်ရပ်သည်.....
ထို့နောက် ခပ်ဝေးဝေးမှာ လဲကျနေသော
ဒေဝယက္ခထံ တစ်လှမ်းချင်းလျှောက်သွားသည်...
သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း
ဟုန်း ခနဲ ထတောက်သော မီးတောက်များက
ကြက်သီးထစဖွယ်..
ထို့နောက်..
ဘယ်အချိန်ကတည်းက လက်ထဲရောက်နှင့်နေပြီမှန်းမသိသော
နဂါးစွယ်ကြာပွတ်ရှည်.....
''မင်းကဘာမို့လို့....
Byun Baekhyun ကိုထိရဲရတာလဲ ..! ''
ဝုန်း.. ခနဲ မြည်ဟီးသံကြိးနဲ့ အတူ...
ကြာပွတ်၏ ရိုက်ချက်သည်
ဒေဝယက္ခ၏ အသားထဲ နစ်ဝင်သွားသည်.....
''ပြောစမ်း....
မင်းက ဘာကောင်မို့လို့... ငါ့ရဲ့ Byun ကို ထိရဲရတာလဲ....!! ''
ပြန်ထရန် ကြိုးစားနေသော ဒေဝယက္ခ၏ ကျောပြင်ထက် ဆိုက်ရောက်လာသော
နဂါးစွယ်တို့ကြောင့်
ဘီလူးကြီးသည် မြေပြင်ထက် ပြန်လဲကျသွားသည်.....
''ဟား.... ငါတောင်မထိရက်မတို့ရက် တယုတယထားထားတဲ့ သူကို.. မင်းကများ... မင်းက ....... !!! ''
အဆက်မပြတ်ရောက်ချလာသော
ကြာပွတ်ဒဏ်များကြောင့်
ဘီဘူးကြီးသည် နာလန်မထူနိုင်ဘဲ မြေပြင်ထက်ပြားပြားဝပ်လျက်......
Chanyeol ဒေါသထွက်လွန်း၍
ပတ်ဝန်းကျင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်နေသည်.....
ကြာပွတ်သံများသည်
ကြားရသူကိုပင် အသည်းထဲထိစိမ့်သွားလောက်အောင်
ကြောက်မက်ဖွယ်အတိ.....
ဒေဝယက္ခအား အဆက်မပြတ်ရိုက်နေသော
Chanyeol ကို ကြည့်နေရင်း
မျက်လုံးထောင့်က မြင်ရသော အရိပ်ကြောင့်
Baekhyun ရင်ထိတ်သွားသည်...
Water pearl.........
''Chan သတိထား.... ''
''အား.!!! ''
သတိပေးပေမယ့် မမီလိုက်.....
ခပ်လှမ်းလှမ်းက ပစ်ခွင်းလိုက်သော
Water pearl သည်
Chanyeol၏ ကျောပြင်ထဲထိ နစ်မြုပ်ဝင်သွားသည်....
တစ်ပြိုင်နက်ပင်
ကိုင်ထားသော နဂါးစွယ်ကြာပွတ်ကြီးသည်
Chan လက်ထဲမှ ပြုတ်ကျပြီး
Chanyeol သည် မြေပြင်ထက်
ဒူးထောက်လဲကျသည်.....
''ဟက်... အဟက်ဟက်.... ''
အက်ကွဲကွဲရယ်သံအချို့နဲ့အတူ
ဘီလူးကြီးသည်
သူ၏ တင်းပုတ်ကြီးဖြင့် မြေပြင်အားထောက်ကာ
ပြန်ထလာသည်....
''ဘယ်လိုလဲ Park Chanyeol...
အရသာရှိရဲ့လား.... ''
''မင်း.... မင်း..... ''
Chanyeol စကားတောင် မပြောနိုင်တော့ဘဲ
ရင်ဘတ်ကိုသာ ဖိထားမိသည်....
အား.....
နာကျင်လိုက်တာ.....
''Water pearlလေ...
Hak.... ငရဲပြည်ရဲ့ စစ်မက်ရေးရာကိစ္စမှာ
ဝင်ပါဖို့အတွက်ဆိုရင်
Fire pearlရဲ့ အစွမ်းတစ်ဝက်ကို ရင်းနှီးရမယ်ဆိုတာ ငါမသိဘူးထင်နေလား...
ပြီးတော့ ... ဒီ watet pearl.... ငရဲပြည်ကို တိုက်မယ်ဆိုမှတော့ ငရဲမင်းနဲ့ သိကြားမင်းရဲ့ဆက်ဆံရေးကို သိပြီးသားပေါ့ကွာ.. ဒါကြောင့် ဒီကိုမလာခင် သမုဒ္ဒရာကို အရင်သိမ်းခဲ့တာ ဟားဟား..''
အောင်နိုင်သူသဖွယ်.. ကျယ်လောင်စွာ ဟားတိုက်ရယ်မောနေသော
ထိုဘီလူးကြီး.....
ရှိသမျှ အား အကုန်စုကာ chanyeolဆီ တွားသွားမိသည်.....
တစ်ချက်လှုပ်ရှားလိုက်တိုင်း
အသည်းခိုက်အောင်နာကျင်ပေမယ့်လည်း
နောက်ဆုံးထွက်သက်မှာ ချစ်ရသူနဲ့
အတူရှိချင်နေတာမို့
မရရအောင် ကြိုးစားကာ သွားနေမိသည်.....
''Chan... ''
''Baby... ''
ဒူးထောက်နေရင်းမှ လဲကျလာသော
Chanyeol.....
''စိတ်မပူနဲ့ Baby.. ကိုယ်တို့နိုင်မှာပါ..... ''
''ဟင်..... ''
''အား !!!! ''
Chanyeol စကားကို အဓိပ္ပါယ်ဖော်လို့မပြီးသေးမှာပင် ကြားလိုက်ရသော
ဒေဝယက္ခ၏ အော်သံနက်ကြိးနှင့်အတူ
မြင်လိုက်ရသော
ကောင်းကင်စစ်သူကြီး Yifan....
''ဒါ.... ဒါက.... ''
''ဝရဇိန်လက်နက်လေ.... အဟက်ဟက်... ''
ခြောက်ကပ်ကပ်ရယ်သံပေမယ့်
အားရကျေနပ်ခြင်းတွေအပြည့်ပါနေတဲ့
Chanyeolရဲ့ရယ်သံကြောင့်
ကျွန်တော်ပါလိုက်ပြုံးမိသည်...
ရင်ဘတ်တည့်တည့်စိုက်နေတဲ့
ဝရဇိန်လက်နက်ကြောင့်ဘီလူကြိးသည်မြေပြင်ပေါ် ဒူးထောက်လျက် ပြိုလဲကျလာသည်.....
''ဒေဝယက္ခ.. အသင်သည်...
အခွင့်မရှိဘဲ.... ငရဲပြည်နှင့် သမုဒ္ဒရာအား
ကျူးကျော်စစ်ပြုခဲ့သည်.....
ထို့ကြောင့် အသင့်ကို အသက်သေဆုံးသည်အထိ အကျဉ်းချနှိပ်စက်ရန် အမိန့်ထုတ်ပြန်လိုက်သည်.........မိုးနတ်မင်းကြီး အမိန့်တော်...''
Yifan ဖတ်ကြားသော အမိန့်ပြန်စာ
ပြီးသွားသည်နှင့်တစ်ပြိုင်နက်
ဒေဝယက္ခ၏ ခန္ဓာကိုယ်ကို
ရွှေရောင်ကြိုးတို့က ရစ်ပတ်လျက်သားဖြစ်နေပြီး တဖြည်းဖြည်းလေပေါ်ပျံဝဲလာသည်....
''မဖြစ်ဘူး.. မဖြစ်ဘူး.......!!!! အား....!!! ''
လေထဲတင် တဖြည်းဖြည်းပျောက်ကွယ်သွားသော ဒေဝယက္ခကို မင်သက်စွာ ငေးနေမိပြီးမှ
နှစ်ယောက်သား တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်မိကြသည်.....
ရင်ခုန်သံတို့
တဖြည်းဖြည်းနှေးလာသည်ကို ခံစားမိသည်.....
အသက်ရှူသွင်းရသည်မှာ ခက်ခဲလာသည်......
အားအင်တို့ တဖြည်းဖြည်းဆုတ်ယုတ်လာသည်......
''Baek.... ''
''Chan..... ငါ... ငါ.... ''
ထွက်သက်သည်တဖြည်းဖြည်းနီးကပ်လာပြီမှန်း
သိနေတာမို့ မျက်ရည်တို့သည် အတားအဆီးမဲ့စွာ ပါးပြင်ထက်စီးကျလာသည်....
''အ.... Baek.... ကိုယ်... ကိုယ်မင်းကို... အင်း... အရမ်း....ချစ်တယ်.... ''
''Chan... Chan... မဖြစ်ဘူးလေ..Chan....''
ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးပြင်ကျယ်သည်
ရုတ်ချည်းအားဖျော့သွားသည်...
ခုနကလေးပင်
လှိုက်ဖိုနေသော ရင်ခွင်ကျယ်သည်
ခုတော့ ငြိမ်သက်လျက်သား.....
သိနေပေမယ့်လည်း....
သူအရင်ထွက်သွားတော့ ......
ရင်ထဲက မခံမရပ်နိုင်အောင်နာကျင်လာရသည်....
ဘာလို့...ငါတို့မှ ...
ဒီလိုအဖြစ်မျိုးဖြစ်ရတာလဲ....
မျက်ရည်တို့ စီးကျနေရင်းပင်
ကိုယ့်အသက်ရှူနှုန်းသည် ပိုမိုနှေးကွေးလာသည်....
မျက်ခွံတို့ ပိတ်ကျမသွားအောင်
သေလုအောင်တောင့်ခံထားရသည်....
အသက်မဲ့သွားပြီဖြစ်သော မျက်စိရှေ့က
မျက်နှာချောချောကို
နောက်ဆုံးအနေနှင့် ထိကိုင်နိုင်အောင်
ကြိုးစားသည်....
ကိုယ့်လက်ချောင်းထိပ်ကလေး
သူ့မျက်နှာနားရောက်လုရောက်ခင်လေး....
စင်တီမီတာ အနည်းငယ်လောက်သာ
လိုတော့သည့်အချိန်လေး......
နောက်ဆုံးထွက်သက်ဟူသော
အသိသည် ကိုယ့်ဦးဏှောက်ကို
လာအသိပေးပြီးနောက်
တောင့်ခံထားသော
မျက်ခွံတို့သည် ပိတ်ကျသွားရသည်....
လှမ်းနေဆဲ လက်ချောင်းငယ်တို့သည်
အရုပ်ကြိုးပြတ် ပြန်ကျသည်.....
နောက်ဆုံးသော မျက်ရည်.....
နောက်ဆုံးသော အသက်ရှူသံ...
နောက်ဆုံးသော နှလုံးခုန်သံနှင့်အတူ....
နောက်ဆုံးမြင်ရသော
စိတ်ကူးထဲက သူ့အပြုံး.....
ထို့နောက်....
နောက်ဆုံးသော
ကိုယ့်ရဲ့တောင်းဆု.......
နောင်ဘဝဆိုတာရှိခဲ့ရင်....
မင်းနဲ့သာ... မင်းတစ်ယောက်နဲ့သာ...
ပြန်ဆုံချင်ပါတယ် Chan......
ငါလည်း မင်းကို သိပ်ချစ်တယ်.....
''Chanyeol!!! Baekhyun !!!! ''
ကျယ်လောင်စွာညအော်ခေါ်နေကြသော
သူငယ်ချင်းတို့၏ အသံကို
မကြားနိုင်တော့သော
ချစ်သူနှစ်ဦး၏ အသက်မဲ့ခန္ဓာကိုယ်တို့သည်
မြေပြင်ထက် လဲလျောင်းလျက်.....
၎င်းတို့၏
လက်ဖဝါးနှစ်ဖက်သည်....
မလွှတ်တမ်း တွဲထားလျက်................
*************End*************
10.10.2018
Wednesday
11:21AM