မင်းဖြစ်နေလို့ ( complete)

By kayhsoo

730K 41.9K 328

Bl story မင်းဖြစ်နေလို့ ( complete) More

Part1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part - 23
Part-24
Part 25
Part-26
Part-27
Part-28
Part-29
Part-30
Part -31
Part-32
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part- 40
Part-41
Part- 42
Part-43
Part- 44
Part-45
Part-46
Ending
Extra
ကြော်ငြာ

Part-33

11.6K 814 5
By kayhsoo

သူငယ်ချင်းလေးတွေ....



နှင့်ပင်ငွေချရသည်.....

ခြိုးခံ ခြွေတာပီး စီစစ်နေရသည်မှာလဲ ခက်ခဲလှသည်

လေသည်......

ကြီးတာမို့........

Grace ကတော့ စလေသည်..,..




ကြောင့်ဖြစ်သည်....


လိုအပ်သည့်အကြံအဥာဏ်များတောင်းလေသည်.....
နားချရသေးသည်:.....


Decoration ပြင်ဖို့အတွက် လိုအပ်တဲ့အကြံအဥာဏ်

ကလေးကကျွန်တော့အား...

..........

ကျွန်တော်တို့နှစ်ယောက်စပီးခွဲခွာရကတဲက
ကလေးသည် သူ့အိပ်မက်အတိုင်း ကော်ဖီဆိုင်လေး
ဖွင့်ဖို့အရေး ဘန်ကောက် မှာ သင်တန်းတွေလိုက်တက်ပါတော့သည်..... ပိုးဥက Hotel မှအလုပ်ထွက်
လိုက်ပီး ကလေးနှင့်အတူ မုန့်လုပ်သင်တန်းမျိုးစုံ
လိုက်တက်ပေးပါတော့သည်.... သိပ်ချစ်ကြတဲ့
သူငယ်ချင်းလေးတွေ....

ကျွန်တော်ကလား.... အရင်က Part Time ပဲလုပ်
သော ကျွန်တော်သည် အခုဆို Hilton Hotel
တစ်ခုမှာ Management အပိုင်းတွင် အလုပ်ဝင်လုပ်
နေပီဖြစ်သည်..... အရင်က Hotel သင်တန်းတွေ
တက်ထားဖူးတဲ့အပြင်... Hotel တွေမှာလုပ်တဲ့
Event ပွဲလေးတွေမှာ Part Time အနေ နှင့်လိုက်
လုပ်ဖူးထားမို့  ကိုယ့်ကို သူတို့ကသိနေကြပီလေ...
ဒါကြောင့်မို့လဲ အလုပ်ကို သိပ်ရှာစရာမလိုဘဲ.....
တစ်လအတွင်းအလုပ်ရလေသည်........

တဖက်ကလဲပြင်ဦးလွင်မှ မြေအား အမေ့ဆီက ဝယ်ဖြစ်လိုက်သည်...... ငွေကတော့ တစ်ဝက်ပဲအရင်ပေးထားလိုက်သည်.... အပြည့်ပေးနိုင်ပေမယ့် ပေးလိုက်ရင် နောက်ထပ်လုပ်မည့်အရာတွေ ဆက်မလုပ်နိုင်ဘဲရပ်
ထားရလိမ့်မည်..... အဆောက်အဦးတစ်ခုဆောက်လျှင် Under Construction  အဆင့်မှာတောင် တစ်နှစ်လောက် အချိန်ယူရသည်မို့.... ပိုက်ဆံရှိမှ ထလုပ်လို့မရပေ...ထိုကြောင့် လက်ရှိ ရှိနေသော အိမ်နှင့်မြေအား...... မြန်မာနိုင်ငံမှ နာမည်
ရ နိုင်ငံခြား construction တစ်ခုနှင့် ချိတ်ဆက်ကာ
ဖြိုဖျက်စေပီး...... Basement အပိုင်းကိုစပီး
Run ရပါတော့သည်....Hotel တစ်ခုဆောင်ဖို့
အချိန် အနည်းဆုံး ၂ နှစ် လောက်အချိန်ယူရသည်...
အဲဒါတောင် လူအားငွေအား ရင်းနှီးနိုင်မှ.... Decision မြန်မှဖြစ်လေသည်........

တစ်ဖက်မှာလဲ.... Archi Company နှင့်ချိတ်ဆက်ကာ
Design ပိုင်းကို ကိုယ်လိုချင်တဲ့ပုံစံမျိုးရောက်အောင်
ပြောပီး design ဆွဲခိုင်းရသည်.....
ကိုယ့်ရဲ့အဓိက Target က နိုင်ငံခြားသားတွေမို့
အဆောက်အဦး Design ကို မြန်မာ့ယဉ်ကျေးမှု
တွေလွှမ်းမိုးစေချင်တာမို့.... Design team ကို
Myanmar Culture တွေထည့်ဆွဲပေးဖို့ မှာရသေး
သည်..... အခက်အခဲဖြစ်တာတစ်ခုက လိုချင်တဲ့ ပုံ
စံကို Email နဲ့ပဲချိတ်နေရတော့ နှောင့်နှေးမှုလေးတွေ
နားလည်မှုလွဲတာလေးတွေက လွဲရင်ကျန်တာအဆင်
ပြေပါသည်.....ငွေကိုလဲအလုပ်စအပ်ပီဆိုကတဲက
30% deposit ပေးရတာမို့ Online Banking system
နှင့်ပင်ငွေချရသည်.....

ကြားထဲတွင် ငွေပြတ်သွားမှာစိုးသည့်အတွက်
ခြိုးုခံ ခြွေတာပီး စီစစ်နေရသည်မှာလဲ ခက်ခဲလှသည်
အိမ်ကတော့ လိုအပ်ရင်ယူပါ ပြောပေမယ့် အတတ်
နိုင်ဆုံးတော့ မယူဖြစ်အောင်နေရမည်.... အလုပ်စ
လုပ်ကတဲကအကြွေးတွေနဲ့ဆို မဖြစ်ပေ.....

အရင်က ကလပ်တွေ Bar တွေ ကို ကောင်မလေးတွေနဲ့ သွားရတာဘောကျသော ကျွန်တော်သည် အခုဆို
အဲလိုနေရာတွေသွားရင် ကုန်မဲ့ပိုက်ဆံအား ကျစ်ကျစ်
ပါအောင်စုနေရတော့သည်..... ကလေးနဲ့နီးဖို့အရေးက
ဘယ်အရာမှ ကိုယ့်အတွက် အရေးမကြီးတာမို့
ကိုယ်ကြိုက်တဲ့အရာတွေ တောင်မှ အလုပ်ပဲနေနိုင်
လေသည်......

ကျွန်တော့ကိုလေအိမ်က ဦးကပ်စီးလိုတောင်ခေါ်နေပီ
ဗျ....အရင်ကဆို လမ်းကတစ်ခုခုမှာလိုက်ရင်ဝယ်လာ
တတ်ပေးပီး ပိုက်ဆံတစ်ခါမှပြန်မတောင်းဖူးသလို
ပေးတာလဲမယူတတ်ပေ....အခုတော့မဟုတ် တစ်ကျပ်
ကအစ ကျွန်တော်ပြန်တောင်းမိသည်......
နောက်ဆို ဒီတစ်ကျပ်ကအစ ကျွန်တော့အတွက်အရေး
ကြီးတာမို့........

Grace ကတော့ စလေသည်..,..
" မှူးလေး အစွမ်းအံ့မခန်းတဲ့......."

ကျွန်တော်က မိသားစုအပေါ်အရမ်းများမွေးရကျိုး
မနပ်တဲ့သားများဖြစ်နေပီလားမသိတော့ပါဘူး.....

ကလေးကိုဒီအကြောင်းတွေပြောပြမိတော့
အရမ်းပင်ပန်းနေပီလားတဲ့.......
အိမ်ကိုလဲကျွေးစရာရှိတာကျွေးပါတဲ့ဗျာ.....
သူကြားထဲက နေရခက်တယ်တဲ့......

ဒီလိုမအားလပ်တဲ့ကြားထဲက ကလေးနဲ့ ဖုန်းပြောဖို့အချိန်တော့ တတ်နိုင်သလောက်ဖယ်ထားရသည်......
မြန်မာပြည်မှာ နေ့ဆို US မှာ ညမို့ အချိန်ကိုလဲတတ်နိုင်သလောက်ညှိုကြရသေးသည်......

Video Call ပြောပီဆိုရင်လဲ...သူ့မျက်နှာလေးကို
မြင်ရင် ပိုပိုလွမ်းလာရတာမို့...... Computer
Screen ကြီးလဲဘယ်အချိန် အက်ကွဲမလဲမသိပေ....
Screen ပေါ်မှာပေါ်နေတဲ့သူမျက်နှာလေးအား
အချိန်တိုင်းပွတ်မိလိုက် နမ်းလိုက်လုပ်နေရသော
ကြောင့်ဖြစ်သည်....

အခုဆို Hotel က လုပ်ဖော်ကိုင်ဖက်တွေတောင် ကလေးနဲ့ဖုန်းပြောချိန်ဆိုအလိုက်တသိရှောင်ပေး
ကြသည်.... တော်ယုံ မြင်ရခဲသော ကျွန်တော့မျက်
နှာပေါ်က အပြုံးသည်.... ကလေးနဲ့ဖုန်းပြောချိန်ဆို
ရက်ရက်ရောရောပြုံးဖြစ်သည်........

ကလေးဘက်ကလဲ Coffee ဆိုင်လေးဖွင့်ဖို့အတွက်
လိုအပ်သည့်အကြံအဉာဏ်များတောင်းလေသည်.....
ကလေးတို့မှာ ကိုအောင်လေးနှင့် ကလေးအား
အန်တီဖြူလေးဘက်မှ အဘိုးအဘွားများပေးခဲ့သော
ခြံ နှင့်အိမ်ရှိသည်ဟုသိရသည်..... နေရာလေးကလဲ
အချက်ချာကျသည်ဟုသိရသည့်အပြင် အိမ်အပြင်အဆင်ကလဲကောင်းနေသေးသည်မို့ နည်းနည်းလေး
Decoration ပြင်လိုက်ရင် အဆင်ပြေနေပီ.....
ခက်တာက ကလေးသည် ကိုအောင်လေးအားမပြော
ချင်ဘူးဟုပြောသည့်အခါ.... ကျွန်တော့မှာ အကြီးပီပီ
နားချရသေးသည်:.....

ကိုအောင်လေးသည် ကလေးကိုအရမ်းချစ်သူမို့
ဒီကိစ္စလောက်က ကူညီလိမ့်မည်ဟုထင်မိသည်....
ထင်သည့်အတိုင်းပင်..... ကလေးသည် ကျွန်တော်၏
နားချမှုအတိုင်း သူ့အကိုအား တောင်းဆိုတော့
လိုလိုလားပင်ခွင့်ပြုသည်ဟုသိရသည်......

Decoration ပြင်ဖို့အတွက် လိုအပ်တဲ့အကြံအဉာဏ်
များကို အများကြီးပေးဖြစ်သည်..... ခြံကြီးက ကျယ်
တာမို့.... လာရောက်စားသုံးသူတွေ ဓာတ်ပုံရိုက်ရင်း
စိတ်အပန်းဖြေနိုင်ဖို့ အလှသစ်ပင်တွေစိုက်ခိုင်းဖြစ်
သည်.... ရှားပါးလှသည့် ပန်းပင်လေးတွေလဲစိုက်
ခိုင်းဖြစ်သည်..... ရေတံခွန်ပုံစံလိုမျိုးလေးလဲ ခြံဝင်အတွင်း မှာ လုပ်ဖို့အကြံပြုဖြစ်သေးတယ်.....
အိမ်ရဲ့  ပုံစံကိုလဲ Europe စတိုင် Classic design
နှင့် တစ်အိမ်လုံးကို ခရင်ရောင်သုတ်ဖို့အကြံပြုဖြစ်
တော့..... ကျွန်တော့ကလေးသည် ကျွန်တော်အကြံ
ပြုသမျှကို အကုန်လက်ခံလေသည်.....

ကလေးကကျွန်တော့အား...
သူကဒီလိုအပိုင်းတွေနားမလည်တော့ သူ့ထက်အများ
ကြီးနာလည်တဲ့သူရဲ့အကြံပြုချက်မို့လက်ခံတာပါတဲ့
ကဲ ဘယ်လောက်ချစ်စရာကောင်းလိုက်လဲဗျာ.....

..........
ကားပေါ်မှာ တညလုံးType ရတာမို့ လူလဲအီလည်လည်ဖြစ်နေပီ..... Reader လေးတွေ Good Night နော်
ကိုယ့်ရဲ့ မကောင်းမကန်းအရေးသားလေးတွေအပေါ်
လာလာဖတ်ပေးတဲ့ Reader တစ်ယောက်ချင်းဆီကိုကျေးဇူးတင်ပါတယ်😘

Continue Reading

You'll Also Like

77.6K 9.7K 50
A story by Belle (Both Unicode & Zawgyi version) သံယောဇဉ် အမျှင်တန်းတွေက အချစ်ကို အသက်သွင်း ပေးနိုင်လား မသေချာပေမယ့် ကိုကိုက ကျွန်တော့် အတွက် ဖမ်းဆု...
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
372K 35.2K 102
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
313K 37.1K 54
First Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှား​နေတယ် မုန့်လင်လင်ကွ... ဪ​အေး ဟုတ်သား...