အေဝးသင္ေက်ာင္းတက္ရက္ ဆယ္ရက္တာကာလၿပီးဆံုး၍ ယေန႔ပင္လွ်င္စာေမးပြဲ ေနာက္ဆံုးရက္ျဖစ္ေလသည္။ ေစ်းထဲကေနပစၥည္းေတြ အဝယ္မ်ားသြားၿပီး မႏိုင္မနင္းသယ္ကာ အိမ္ျပန္လူသူတစ္ဦးအဖို႔ အိမ္ေရာက္လို႔ ထိုအထုပ္မ်ားကို လက္ထဲကခ်လိုက္ခ်ိန္ စိတ္႐ႈပ္ေထြးမႈ၊ လက္က နာက်င္မႈတို႔ သက္သာသြားသလိုပင္ ေက်ာင္းမတက္ခင္ထဲက စာေတြႏွင့္နပန္းလံုးရ၍ စိတ္ပင္ပန္းခဲ႔သမွ် ခုေတာ့ထိုပင္ပန္းမႈတို႔ကေန ကင္းလႊတ္ခြင့္ရေလၿပီ။
ေက်ာင္းေလးဆယ္ရက္တက္ၿပီး စာေမးပြဲေလးေျဖရတာကို မင္းတို႔က ေရးႀကီးခြင္က်ယ္လုပ္ေနတယ္၊ ေျခာက္ပုဒ္ေလာက္ေလး ေျဖၿပီး ေအာင္ေနက်တာကိုမ်ား ဆိုေသာ စကားမ်ားကိုၾကားလွ်င္ ဟန္စစ္ၿပံဳး႐ံုသာ ၿပံဳးမိသည္။ တကယ့္လက္ေတြ႕တြင္မူ ထိုသူေတြေျပာသေလာက္ မလြယ္တာကိုေတာ့ အေဝးသင္ပညာေရးတြင္ တက္ေရာက္ပညာသင္ၾကားေနေသာ မိမိတို႔ကိုယ္တိုင္သာ သိသည္။
Day တက္ေသာသူမ်ားလည္း သူတို႔အထိုက္အေလ်ာက္ ႀကိဳးစားရသလို မိမိတို႔လို႔ အေဝးသင္တက္သူမ်ားလည္း မိမိတို႔ အထိုက္အေလ်ာက္ ႀကိဳးစားရေပသည္။ ေလာကတြင္ မည္သည့္အရာကမွ် မႀကိဳးစားဘဲ အလကားရလာမည္ မဟုတ္ေပ။
အေျဖလႊာကိုျပန္စစ္ၿပီး စိတ္ေက်နပ္ေတာ့မွ အခန္းေစာင့္ဆရာမအား အေျဖလႊာအပ္ကာ အတန္းေ႐ွ႕က စတိတ္စင္တြင္ ထား,ထားေသာ ေက်ာပိုးအိတ္ကိုယူ၍ အျပင္သို႔ထြက္လာလိုက္သည္။
ခန္႔ေက်ာ္အေျဖလႊာအပ္ၿပီးေနာက္ အျပင္သို႔ထြက္လာလိုက္ေတာ့ မိမိတို႔တစ္ခန္းေက်ာ္က အခန္းေ႐ွ႕ကခံုတြင္ နားၾကပ္ေလးတပ္ကာ မ်က္လံုးမွိတ္၍ စည္းစိမ္ခံစားေနေသာ သေကာင့္သားဟန္စစ္ဆီသို႔ ေလွ်ာက္လာလိုက္သည္။
" ဟန္စစ္ "
ေခၚသံႏွင့္အတူ နားထဲက နားၾကပ္ကိုဆြဲျဖဳတ္၍ ပခံုးကိုပုတ္လိုက္တာေၾကာင့္ မေက်မနပ္ၾကည့္လိုက္ေတာ့ ခန္႔ေက်ာ္က ေဘးနားတြင္ဝင္ထိုင္ေလသည္။
" ေျဖႏိုင္လား ခန္႔ေက်ာ္ "
" အင္း ေျဖႏိုင္တယ္ မင္းေရာ "
" မဆိုးပါဘူး "
ဘယ္ေတာ့မဆို ဘာေမးေမး မဆိုးပါဘူးပဲ ေျဖတတ္ေသာ သူငယ္ခ်င္းအား ဂ်ိဳၾကည့္ၾကည့္ကာ
" မင္း အစ္ကိုလင္းခန္႔ကိုလည္း ဒီလိုပဲေျဖတာလား "
ဖုန္းနဲ႔နားၾကပ္ကို အိတ္ထဲထည့္ေနရင္းမွ မိမိအေမးေၾကာင့္ လွည့္ၾကည့္လာကာ
" ဘာကိုလဲ "
" မင္း ဘယ္ေတာ့မဆို ငါေမးတိုင္း မဆိုးပါဘူးပဲေျဖေနတာေလ။ အစ္ကိုလင္းခန္႔ေမးရင္ေရာ အဲ႔လိုပဲေျဖလား "
" ခီြ ဟားးး "
သူ႔အေျပာကို အားရပါးရရယ္ေနေသာ ဟန္စစ္အား မ်က္ေမွာင္က်ံဳ႕၍ ၾကည့္လိုက္ၿပီး
" ငါေမးတဲ႔ထဲ ရယ္စရာပါလို႔လား "
" ခီြး ခန္႔ေက်ာ္ရာ ဘာမ်ားလဲလို႔။ မင္းကလည္း ရစ္စရာမ႐ွိ ႀကံဖန္ရစ္ေနတယ္… မိန္းမႀကီးက်ေနတာပဲ… ထ သြားမယ္။ ၿမိဳ႕ထဲေရာက္မွပဲ မုန္႔စားၾကမယ္ "
" ဘာ မိန္းမႀကီးေပါ့ေလ ဟုတ္လား။ ရားးးး မင္းေသဖို႔ျပင္ထား ဟန္စစ္မင္း "
ေျပာၿပီးထထြက္သြားေသာ ဟန္စစ္ကို ေနာက္ကေန လက္ေမာင္းတစ္ဖက္ကို ဆြဲ၍ဖိခ်လိုက္ၿပီး လက္တစ္ဖက္ျဖင့္ လည္ပင္းကိုသိုင္းခ်ဳပ္လိုက္ၿပီး ခါးနားတြင္ကပ္ထားကာ က်န္လက္တစ္ဖက္က ထိုခ်ဳပ္ထားေသာလက္၏ လက္ေကာက္ဝတ္ကို ကိုင္ထားလိုက္သည္။
" အားးး နာတယ္ နာတယ္ ခန္႔ေက်ာ္ရ "
မိမိလက္ေမာင္းကို ႐ိုက္ကာေျပာလာေသာ ဟန္စစ္ကို တမင္အားထည့္ကာ လည္ပင္းကိုဆြဲညွစ္လိုက္ၿပီး
" အ႐ႈံးေပးၿပီလား ေဟ်ာင့္ "
" ေပးတယ္ ေပးတယ္ အ႐ံႈးေပးတယ္ "
" ဖုန္း "
ခန္႔ေက်ာ္လက္ကလြတ္သည္ႏွင့္ တစ္ၿပိဳင္နက္ ဟန္စစ္ရဲ႕လက္ဝါးက ခန္႔ေက်ာ္ေက်ာကုန္းနဲ႔ မိတ္ဆက္သံက ထြက္ေပၚလာေလသည္။ ခန္႔ေက်ာ္ မ်က္ႏွာႀကီး ႐ႈံမဲ႔သြားကာ
" ငါ အဆုတ္ကြဲလို႔ ေသရင္ မင္းလက္ခ်က္ေနာ္ ဟန္စစ္ "
" ေသေလ မသာ "
ဟန္စစ္ လည္ပင္းကိုပြတ္ေနရင္း ခန္႔ေက်ာ္ရဲ႕စကားကို ထိုကဲ႔သို႔ ယဥ္ယဥ္ေက်းေက်းေလး တံု႔ျပန္လိုက္ေလသည္။
" ေအးပါ မင္းလက္ခ်က္နဲ႔ ငါအရင္မေသဘဲ မင္းခ်စ္ခ်စ္ႀကီးပဲ အရင္ေသလိမ့္မယ္ "
" ငါ့ခ်စ္ခ်စ္ႀကီးကို လက္ဝါးစာ ေပးစရာလားကြ။ ငါ့ခ်စ္ခ်စ္ႀကီးကို အနမ္းေလးေတြပဲ ေပးမွာေပါ့ မြ မြ ဆိုၿပီးေတာ့ေလ "
ေျပာေနရင္း ဟန္ပါလာကာ ႏႈတ္ခမ္းေလးဆူ၍ နမ္းသည့္ပံုစံႏွင့္ တမြမြ အသံထြက္ကာ ေျပာလာေသာ ဟန္စစ္ကိုၾကည့္၍ ရင္ဘတ္ကို လက္ျဖင့္ဖိ၍ အန္သည့္ဟန္လုပ္ကာ
" ေအာ့ ေအာ့ "
တေအာ့ေအာ့နဲ႔ ဟန္လုပ္ကာ အန္ျပေနေသာ ခန္႔ေက်ာ္ကို အျမင္ကပ္လာကာ ေက်ာကုန္းေလးကို အသာပြတ္ေပးလိုက္ၿပီး စိတ္မေကာင္းဟန္ျဖင့္
" ေဟ်ာင့္ မင္းဒီအေျခအေနႀကီးေတာင္ ေရာက္သြားၿပီလားကြာ။ ငါ ထင္ေတာင္မထင္ထားဘူး "
အိစ္ ဘယ္လိုႀကီးလား
႐ုတ္တရက္ ဟန္စစ္ေျပာခ်လိုက္ေသာ စကားကိုနားမလည္ကာ
" ဘာႀကီးလား မင္းစကားက "
" မင္းက အန္ေတာင္အန္ေနၿပီကိုး။ ငါ့ သူငယ္ခ်င္းႀကီးကို ႏွေျမာလိုက္တာကြာ "
" ႏွေျမာရေအာင္ ငါက ဘာျဖစ္ေနလို႔လဲ "
ပခံုးကိုဖက္ကာ ႏွေျမာတသျဖစ္ေနသည့္ပံုစံႏွင့္ ေျပာေနေသာဟန္စစ္အား ေမးလိုက္ေတာ့ ျပန္ေျဖလိုက္သည့္စကားေၾကာင့္ ေဒါသတို႔က အလံုးအရင္းလိုက္ကို ထြက္လာရသည္။
" ငါၾကားဖူးတာ မူး သံုးလ အန္ ေျခာက္လ ဆိုလားပဲ "
" ဟန္ စစ္ မင္း "
အံ့ႀကိတ္ကာ သြားၾကားထဲက ေလးတိုးသံျဖင့္ တစ္လံုးခ်င္းစီ နာမည္ေခၚသံအဆံုး လွ်ာထုတ္ျပကာ လွစ္ခနဲေျပးသြားေသာ သေကာင့္သားအား
" ရားးး ဟန္စစ္ မင္းအဲ႔ဒီမွာရပ္ မိလို႔ကေတာ့ ေသၿပီသာမွတ္ "
ေျပးေနရင္းမွ အေနာက္ကေန လွမ္းေအာ္လိုက္ေသာ အေမာင္ခန္႔ေက်ာ္ စကားေၾကာင့္ ဟန္စစ္ ရယ္လိုက္ရင္း
" ဟားး မင္းေျပာသလိုရပ္လိုက္ရင္ ငါ အတီးခံရမွာေပါ့ကြ "
ေျပးေနရင္းမွ ေနာက္ကိုလွမ္းေအာ္ကာ ဟန္စစ္ ေ႐ွ႕သို႔သာ ဆက္ေျပးသြားေလသည္။ ေက်ာင္းေပါက္ဝနားေရာက္ေတာ့ ကယ္တင္႐ွင္ႀကီးကို ေတြ႔တာမို႔ ဝမ္းသာအားရႏွင့္ ေျပးသြားကာ ေနာက္ေက်ာတြင္ ကပ္ရပ္လိုက္ၿပီး
" အစ္ကိုအံ႔မင္း ကယ္ပါဦး။ ခီြ ဟီးး ခန္႔ေက်ာ္ ကြၽန္ေတာ္ကို လိုက္႐ိုက္ေနတယ္ဗ် "
" ေဟ်ာင့္ ဟန္စစ္ မင္းအေနာက္မွာ ပုန္းမေနနဲ႔ ထြက္ခဲ႔ "
လူယုတ္မာႀကီးေနာက္ကေန မိမိကို လွ်ာထုတ္ျပေနေသာ ဟန္စစ္အား ေဒါသထြက္လာကာ
" ေအး မင္းေသဖို႔သာ ျပင္ေတာ့ ဟန္ စစ္ မင္း "
မိမိကိုအလည္တြင္ထားကာ ဘယ္ယိမ္းလိုက္ ညာယိမ္းလိုက္ႏွင့္ လုပ္ခ်င္သလို လုပ္ေနၾကေသာ ဟန္စစ္နဲ႔ ခန္႔ေက်ာ္ေၾကာင့္ အံ႔မင္းေခါင္းေတြပါမူးလာသည္။ ေျပာလိုက္ရင္ေတာ့ ကေလးမဟုတ္ဘူးေလ ဘာေလးနဲ႔ ေ႐ွ႕ကအခ်စ္ေတာ္ပီကာက်ဴးေလးက ခုက်ေတာ့လည္း တိရစာၦန္႐ံုက ေမ်ာက္လႊဲေက်ာ္က လူအသြင္ေျပာင္းလာသလားပဲ။ ေနာက္ဆံုး ေ႐ွ႕က အခ်စ္ေတာ္ေလးရဲ႕ လက္ႏွစ္ဖက္ကို ဖမ္းခ်ဳပ္လိုက္သည္။ မဟုတ္လွ်င္ ထိုေက်းဇူး႐ွင္ေလးႏွစ္ေယာက္ရဲ႕ ေကာင္းမႈနဲ႔ အံ႔မင္း ေဆး႐ံုေရာက္ႏိုင္သည့္ အေျခအေန႐ွိသည္။
" ကဲ ႏွစ္ေယာက္လံုး ေတာ္ေတာ့။ ကေလးမဟုတ္ဘဲ ကေလးကလားနဲ႔ ေဆာ့ေနၾကတယ္ "
" ဘယ္သူက ေဆာ့ေနလို႔လဲ။ အဲ႔ေကာင္ ကြၽန္ေတာ့္ကို မဟုတ္တာေျပာသြားလို႔ ေဒါသထြက္ေနတာ "
ပံုမွန္ဆိုအနားေတာင္ ကပ္ခြင့္မေပးသည့္ ပီကာက်ဴးေလးက ယခုမိမိ သူ႔လက္ကို ကိုင္ထားသည္ကို သတိျပဳမိပံုမရေလာက္ေအာင္ လင္းခန္႔ရဲ႕ဟာေလးက ဘာမ်ားေျပာလိုက္လို႔လဲ မသိေခ်။ မိမိေျပာေသာစကားကိုသာ ေဒါသတစ္ႀကီးနဲ႔ ခြန္းတံု႔ျပန္ေနသည့္ ပံုစံေလးကလည္း တစ္မ်ိဳးေလးေတာ့ ခ်စ္ဖို႔ေကာင္းသား။ လက္ေကာက္ဝတ္ကို ဖမ္းကိုင္ထားရာကေန အသာေလးလက္ဖ်ားကို ဆုပ္ကိုင္လိုက္ၿပီး ကြာဟေနေသာ အရပ္အနည္းငယ္ေၾကာင့္ ခါးကိုေ႐ွ႕သို႔ကိုင္းလိုက္ၿပီး
" ဟန္စစ္က မင္းကို ဘာေျပာလို႔လဲ "
" ကြၽန္ေတာ့္ကို မူး သံုးလ အန္ ေျခာက္လတဲ႔ "
စူပုတ္ပုတ္မ်က္ႏွာေပးနဲ႔ ေျပာလာေသာစကားေၾကာင့္ ရယ္ခ်င္မိေပမယ့္ ပီကာက်ဴးေလးရဲ႕ ေဒါသက မိမိဘက္ကို ျမွားဦးလွည့္လာႏိုင္တာေၾကာင့္ ရယ္ခ်င္စိတ္ကို မ်ိဳသိပ္ကာ ၿပံဳး႐ံုသာၿပံဳးလိုက္သည္။ ထို႔ေနာက္ အနည္းငယ္႐ႈပ္ပြေနေသာ ဆံပင္ေလးတို႔ကို ေသေသခ်ာခ်ာျပန္ျပင္ေပး၍
" ဟုတ္သားပဲ ဟန္စစ္ကလည္း ဘာလို႔အဲ႔လို႔ေျပာတာလဲ "
" ဟုတ္တယ္ သူ ကြၽန္ေတာ္ကို အဲ႔လိုေျပာတယ္ "
မိမိအေျပာကို ေခါင္းေလးၿငိမ့္ကာ ဟန္စစ္ကိုလက္ညိႈးထိုး၍ အတိုင္အေျပာထူေနေသာ လူႀကီးျဖစ္ခ်င္လြန္းသည့္ ကေလးေလးအားၾကည့္၍ အသည္းယားလာကာ ရင္ခြင္ထဲ ေပြ႕ဖက္လိုက္ခ်င္သည္။ ႀကံဳေတာင့္ႀကံဳခဲ အခြင့္အေရးေလးကိုအသံုးခ်ကာ ရင္ခြင္ထဲသိမ္းသြင္းမည္အျပဳ
" အဟမ္း အဟမ္း ေက်ာင္းပရဝုဏ္ႀကီးထဲေနာ္။ ေတာ္ၾကာ အျမင္မေတာ္လို႔ဆိုၿပီး ႐ံုးခန္းထဲေရာက္ေနဦးမယ္ "
ၿပံဳးစိစိနဲ႔လုပ္ေနေသာ ဟန္စစ္ကိုၾကည့္ကာ စိတ္တိုေနရာမွ ႐ုတ္တရက္ထေျပာလိုက္ေသာ ဟန္စစ္စကားေၾကာင့္ မိမိကိုဖက္ရန္ျပင္ေနသည့္ လူယုတ္မာႀကီးကို ထိုအခါမွ သတိထားမိသြားကာ
" ခင္ဗ်ားႀကီး ဘာလုပ္တာလဲဗ် "
အိစ္ အဲ႔ဟာေလး သူဘဲနာႀကီးနဲ႔ တစ္ပံုစံထဲ။ အဲ႔တာေၾကာင့္ ဒင္းတို႔လင္လင္ႏွစ္ေကာင္ တည့္တာ။ ဇာတ္လမ္းေကာင္းမွ မီးပ်က္သြားသည့္အျဖစ္ေၾကာင့္ စိတ္ညစ္ညစ္နဲ႔ ေခါင္းကုတ္ကာ မိမိကိုတြန္းထုတ္သြားၿပီး ေဘာက္ဆတ္ေဘာက္ဆတ္နဲ႔ ထြက္သြားေသာ ေ႐ွ႕ကေကာင္ေလးေနာက္ အေျပးေလးလိုက္သြားရသည္။
႐ွက္ရမ္းရမ္းကာ ေဘာက္ဆတ္ေဘာက္ဆတ္နဲ႔ ထြက္သြားေသာ သူငယ္ခ်င္းျဖစ္သူနဲ႔ အေနာက္ကေန အေျပးကေလးလိုက္သြားေသာ အစ္ကိုအံ႔မင္းကိုၾကည့္၍ ဟန္စစ္သေဘာက်ကာ ရယ္မိသည္။
အင္း အစ္ကိုအံ႔မင္းနဲ႔ သူငယ္ခ်င္းျဖစ္သူကို ေအာင္သြယ္ဖို႔ အစ္ကို႔ကိုေတာ့ အကူအညီေတာင္းဦးမွပါေလ……
ခ်စ္ေသာ💕💕
Coral
-
------------- -------------------------
Part(15)
အဝေးသင်ကျောင်းတက်ရက် ဆယ်ရက်တာကာလပြီးဆုံး၍ ယနေ့ပင်လျှင်စာမေးပွဲ နောက်ဆုံးရက်ဖြစ်လေသည်။ ဈေးထဲကနေပစ္စည်းတွေ အဝယ်များသွားပြီး မနိုင်မနင်းသယ်ကာ အိမ်ပြန်လူသူတစ်ဦးအဖို့ အိမ်ရောက်လို့ ထိုအထုပ်များကို လက်ထဲကချလိုက်ချိန် စိတ်ရှုပ်ထွေးမှု၊ လက်က နာကျင်မှုတို့ သက်သာသွားသလိုပင် ကျောင်းမတက်ခင်ထဲက စာတွေနှင့်နပန်းလုံးရ၍ စိတ်ပင်ပန်းခဲ့သမျှ ခုတော့ထိုပင်ပန်းမှုတို့ကနေ ကင်းလွှတ်ခွင့်ရလေပြီ။
ကျောင်းလေးဆယ်ရက်တက်ပြီး စာမေးပွဲလေးဖြေရတာကို မင်းတို့က ရေးကြီးခွင်ကျယ်လုပ်နေတယ်၊ ခြောက်ပုဒ်လောက်လေး ဖြေပြီး အောင်နေကျတာကိုများ ဆိုသော စကားများကိုကြားလျှင် ဟန်စစ်ပြုံးရုံသာ ပြုံးမိသည်။ တကယ့်လက်တွေ့တွင်မူ ထိုသူတွေပြောသလောက် မလွယ်တာကိုတော့ အဝေးသင်ပညာရေးတွင် တက်ရောက်ပညာသင်ကြားနေသော မိမိတို့ကိုယ်တိုင်သာ သိသည်။
Day တက်သောသူများလည်း သူတို့အထိုက်အလျောက် ကြိုးစားရသလို မိမိတို့လို့ အဝေးသင်တက်သူများလည်း မိမိတို့ အထိုက်အလျောက် ကြိုးစားရပေသည်။ လောကတွင် မည်သည့်အရာကမျှ မကြိုးစားဘဲ အလကားရလာမည် မဟုတ်ပေ။
အဖြေလွှာကိုပြန်စစ်ပြီး စိတ်ကျေနပ်တော့မှ အခန်းစောင့်ဆရာမအား အဖြေလွှာအပ်ကာ အတန်းရှေ့က စတိတ်စင်တွင် ထား,ထားသော ကျောပိုးအိတ်ကိုယူ၍ အပြင်သို့ထွက်လာလိုက်သည်။
ခန့်ကျော်အဖြေလွှာအပ်ပြီးနောက် အပြင်သို့ထွက်လာလိုက်တော့ မိမိတို့တစ်ခန်းကျော်က အခန်းရှေ့ကခုံတွင် နားကြပ်လေးတပ်ကာ မျက်လုံးမှိတ်၍ စည်းစိမ်ခံစားနေသော သကောင့်သားဟန်စစ်ဆီသို့ လျှောက်လာလိုက်သည်။
" ဟန်စစ် "
ခေါ်သံနှင့်အတူ နားထဲက နားကြပ်ကိုဆွဲဖြုတ်၍ ပခုံးကိုပုတ်လိုက်တာကြောင့် မကျေမနပ်ကြည့်လိုက်တော့ ခန့်ကျော်က ဘေးနားတွင်ဝင်ထိုင်လေသည်။
" ဖြေနိုင်လား ခန့်ကျော် "
" အင်း ဖြေနိုင်တယ် မင်းရော "
" မဆိုးပါဘူး "
ဘယ်တော့မဆို ဘာမေးမေး မဆိုးပါဘူးပဲ ဖြေတတ်သော သူငယ်ချင်းအား ဂျိုကြည့်ကြည့်ကာ
" မင်း အစ်ကိုလင်းခန့်ကိုလည်း ဒီလိုပဲဖြေတာလား "
ဖုန်းနဲ့နားကြပ်ကို အိတ်ထဲထည့်နေရင်းမှ မိမိအမေးကြောင့် လှည့်ကြည့်လာကာ
" ဘာကိုလဲ "
" မင်း ဘယ်တော့မဆို ငါမေးတိုင်း မဆိုးပါဘူးပဲဖြေနေတာလေ။ အစ်ကိုလင်းခန့်မေးရင်ရော အဲ့လိုပဲဖြေလား "
" ခွီ ဟားးး "
သူ့အပြောကို အားရပါးရရယ်နေသော ဟန်စစ်အား မျက်မှောင်ကျုံ့၍ ကြည့်လိုက်ပြီး
" ငါမေးတဲ့ထဲ ရယ်စရာပါလို့လား "
" ခွီး ခန့်ကျော်ရာ ဘာများလဲလို့။ မင်းကလည်း ရစ်စရာမရှိ ကြံဖန်ရစ်နေတယ်… မိန်းမကြီးကျနေတာပဲ… ထ သွားမယ်။ မြို့ထဲရောက်မှပဲ မုန့်စားကြမယ် "
" ဘာ မိန်းမကြီးပေါ့လေ ဟုတ်လား။ ရားးးး မင်းသေဖို့ပြင်ထား ဟန်စစ်မင်း "
ပြောပြီးထထွက်သွားသော ဟန်စစ်ကို နောက်ကနေ လက်မောင်းတစ်ဖက်ကို ဆွဲ၍ဖိချလိုက်ပြီး လက်တစ်ဖက်ဖြင့် လည်ပင်းကိုသိုင်းချုပ်လိုက်ပြီး ခါးနားတွင်ကပ်ထားကာ ကျန်လက်တစ်ဖက်က ထိုချုပ်ထားသောလက်၏ လက်ကောက်ဝတ်ကို ကိုင်ထားလိုက်သည်။
" အားးး နာတယ် နာတယ် ခန့်ကျော်ရ "
မိမိလက်မောင်းကို ရိုက်ကာပြောလာသော ဟန်စစ်ကို တမင်အားထည့်ကာ လည်ပင်းကိုဆွဲညှစ်လိုက်ပြီး
" အရှုံးပေးပြီလား ဟျောင့် "
" ပေးတယ် ပေးတယ် အရံှုးပေးတယ် "
" ဖုန်း "
ခန့်ကျော်လက်ကလွတ်သည်နှင့် တစ်ပြိုင်နက် ဟန်စစ်ရဲ့လက်ဝါးက ခန့်ကျော်ကျောကုန်းနဲ့ မိတ်ဆက်သံက ထွက်ပေါ်လာလေသည်။ ခန့်ကျော် မျက်နှာကြီး ရှုံမဲ့သွားကာ
" ငါ အဆုတ်ကွဲလို့ သေရင် မင်းလက်ချက်နော် ဟန်စစ် "
" သေလေ မသာ "
ဟန်စစ် လည်ပင်းကိုပွတ်နေရင်း ခန့်ကျော်ရဲ့စကားကို ထိုကဲ့သို့ ယဉ်ယဉ်ကျေးကျေးလေး တုံ့ပြန်လိုက်လေသည်။
" အေးပါ မင်းလက်ချက်နဲ့ ငါအရင်မသေဘဲ မင်းချစ်ချစ်ကြီးပဲ အရင်သေလိမ့်မယ် "
" ငါ့ချစ်ချစ်ကြီးကို လက်ဝါးစာ ပေးစရာလားကွ။ ငါ့ချစ်ချစ်ကြီးကို အနမ်းလေးတွေပဲ ပေးမှာပေါ့ မွ မွ ဆိုပြီးတော့လေ "
ပြောနေရင်း ဟန်ပါလာကာ နှုတ်ခမ်းလေးဆူ၍ နမ်းသည့်ပုံစံနှင့် တမွမွ အသံထွက်ကာ ပြောလာသော ဟန်စစ်ကိုကြည့်၍ ရင်ဘတ်ကို လက်ဖြင့်ဖိ၍ အန်သည့်ဟန်လုပ်ကာ
" အော့ အော့ "
တအော့အော့နဲ့ ဟန်လုပ်ကာ အန်ပြနေသော ခန့်ကျော်ကို အမြင်ကပ်လာကာ ကျောကုန်းလေးကို အသာပွတ်ပေးလိုက်ပြီး စိတ်မကောင်းဟန်ဖြင့်
" ဟျောင့် မင်းဒီအခြေအနေကြီးတောင် ရောက်သွားပြီလားကွာ။ ငါ ထင်တောင်မထင်ထားဘူး "
အိစ် ဘယ်လိုကြီးလား
ရုတ်တရက် ဟန်စစ်ပြောချလိုက်သော စကားကိုနားမလည်ကာ
" ဘာကြီးလား မင်းစကားက "
" မင်းက အန်တောင်အန်နေပြီကိုး။ ငါ့ သူငယ်ချင်းကြီးကို နှမြောလိုက်တာကွာ "
" နှမြောရအောင် ငါက ဘာဖြစ်နေလို့လဲ "
ပခုံးကိုဖက်ကာ နှမြောတသဖြစ်နေသည့်ပုံစံနှင့် ပြောနေသောဟန်စစ်အား မေးလိုက်တော့ ပြန်ဖြေလိုက်သည့်စကားကြောင့် ဒေါသတို့က အလုံးအရင်းလိုက်ကို ထွက်လာရသည်။
" ငါကြားဖူးတာ မူး သုံးလ အန် ခြောက်လ ဆိုလားပဲ "
" ဟန် စစ် မင်း "
အံ့ကြိတ်ကာ သွားကြားထဲက လေးတိုးသံဖြင့် တစ်လုံးချင်းစီ နာမည်ခေါ်သံအဆုံး လျှာထုတ်ပြကာ လှစ်ခနဲပြေးသွားသော သကောင့်သားအား
" ရားးး ဟန်စစ် မင်းအဲ့ဒီမှာရပ် မိလို့ကတော့ သေပြီသာမှတ် "
ပြေးနေရင်းမှ အနောက်ကနေ လှမ်းအော်လိုက်သော အမောင်ခန့်ကျော် စကားကြောင့် ဟန်စစ် ရယ်လိုက်ရင်း
" ဟားး မင်းပြောသလိုရပ်လိုက်ရင် ငါ အတီးခံရမှာပေါ့ကွ "
ပြေးနေရင်းမှ နောက်ကိုလှမ်းအော်ကာ ဟန်စစ် ရှေ့သို့သာ ဆက်ပြေးသွားလေသည်။ ကျောင်းပေါက်ဝနားရောက်တော့ ကယ်တင်ရှင်ကြီးကို တွေ့တာမို့ ဝမ်းသာအားရနှင့် ပြေးသွားကာ နောက်ကျောတွင် ကပ်ရပ်လိုက်ပြီး
" အစ်ကိုအံ့မင်း ကယ်ပါဦး။ ခွီ ဟီးး ခန့်ကျော် ကျွန်တော်ကို လိုက်ရိုက်နေတယ်ဗျ "
" ဟျောင့် ဟန်စစ် မင်းအနောက်မှာ ပုန်းမနေနဲ့ ထွက်ခဲ့ "
လူယုတ်မာကြီးနောက်ကနေ မိမိကို လျှာထုတ်ပြနေသော ဟန်စစ်အား ဒေါသထွက်လာကာ
" အေး မင်းသေဖို့သာ ပြင်တော့ ဟန် စစ် မင်း "
မိမိကိုအလည်တွင်ထားကာ ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နှင့် လုပ်ချင်သလို လုပ်နေကြသော ဟန်စစ်နဲ့ ခန့်ကျော်ကြောင့် အံ့မင်းခေါင်းတွေပါမူးလာသည်။ ပြောလိုက်ရင်တော့ ကလေးမဟုတ်ဘူးလေ ဘာလေးနဲ့ ရှေ့ကအချစ်တော်ပီကာကျူးလေးက ခုကျတော့လည်း တိရစာၦန်ရုံက မျောက်လွှဲကျော်က လူအသွင်ပြောင်းလာသလားပဲ။ နောက်ဆုံး ရှေ့က အချစ်တော်လေးရဲ့ လက်နှစ်ဖက်ကို ဖမ်းချုပ်လိုက်သည်။ မဟုတ်လျှင် ထိုကျေးဇူးရှင်လေးနှစ်ယောက်ရဲ့ ကောင်းမှုနဲ့ အံ့မင်း ဆေးရုံရောက်နိုင်သည့် အခြေအနေရှိသည်။
" ကဲ နှစ်ယောက်လုံး တော်တော့။ ကလေးမဟုတ်ဘဲ ကလေးကလားနဲ့ ဆော့နေကြတယ် "
" ဘယ်သူက ဆော့နေလို့လဲ။ အဲ့ကောင် ကျွန်တော့်ကို မဟုတ်တာပြောသွားလို့ ဒေါသထွက်နေတာ "
ပုံမှန်ဆိုအနားတောင် ကပ်ခွင့်မပေးသည့် ပီကာကျူးလေးက ယခုမိမိ သူ့လက်ကို ကိုင်ထားသည်ကို သတိပြုမိပုံမရလောက်အောင် လင်းခန့်ရဲ့ဟာလေးက ဘာများပြောလိုက်လို့လဲ မသိချေ။ မိမိပြောသောစကားကိုသာ ဒေါသတစ်ကြီးနဲ့ ခွန်းတုံ့ပြန်နေသည့် ပုံစံလေးကလည်း တစ်မျိုးလေးတော့ ချစ်ဖို့ကောင်းသား။ လက်ကောက်ဝတ်ကို ဖမ်းကိုင်ထားရာကနေ အသာလေးလက်ဖျားကို ဆုပ်ကိုင်လိုက်ပြီး ကွာဟနေသော အရပ်အနည်းငယ်ကြောင့် ခါးကိုရှေ့သို့ကိုင်းလိုက်ပြီး
" ဟန်စစ်က မင်းကို ဘာပြောလို့လဲ "
" ကျွန်တော့်ကို မူး သုံးလ အန် ခြောက်လတဲ့ "
စူပုတ်ပုတ်မျက်နှာပေးနဲ့ ပြောလာသောစကားကြောင့် ရယ်ချင်မိပေမယ့် ပီကာကျူးလေးရဲ့ ဒေါသက မိမိဘက်ကို မြှားဦးလှည့်လာနိုင်တာကြောင့် ရယ်ချင်စိတ်ကို မျိုသိပ်ကာ ပြုံးရုံသာပြုံးလိုက်သည်။ ထို့နောက် အနည်းငယ်ရှုပ်ပွနေသော ဆံပင်လေးတို့ကို သေသေချာချာပြန်ပြင်ပေး၍
" ဟုတ်သားပဲ ဟန်စစ်ကလည်း ဘာလို့အဲ့လို့ပြောတာလဲ "
" ဟုတ်တယ် သူ ကျွန်တော်ကို အဲ့လိုပြောတယ် "
မိမိအပြောကို ခေါင်းလေးငြိမ့်ကာ ဟန်စစ်ကိုလက်ညှိုးထိုး၍ အတိုင်အပြောထူနေသော လူကြီးဖြစ်ချင်လွန်းသည့် ကလေးလေးအားကြည့်၍ အသည်းယားလာကာ ရင်ခွင်ထဲ ပွေ့ဖက်လိုက်ချင်သည်။ ကြုံတောင့်ကြုံခဲ အခွင့်အရေးလေးကိုအသုံးချကာ ရင်ခွင်ထဲသိမ်းသွင်းမည်အပြု
" အဟမ်း အဟမ်း ကျောင်းပရဝုဏ်ကြီးထဲနော်။ တော်ကြာ အမြင်မတော်လို့ဆိုပြီး ရုံးခန်းထဲရောက်နေဦးမယ် "
ပြုံးစိစိနဲ့လုပ်နေသော ဟန်စစ်ကိုကြည့်ကာ စိတ်တိုနေရာမှ ရုတ်တရက်ထပြောလိုက်သော ဟန်စစ်စကားကြောင့် မိမိကိုဖက်ရန်ပြင်နေသည့် လူယုတ်မာကြီးကို ထိုအခါမှ သတိထားမိသွားကာ
" ခင်ဗျားကြီး ဘာလုပ်တာလဲဗျ "
အိစ် အဲ့ဟာလေး သူဘဲနာကြီးနဲ့ တစ်ပုံစံထဲ။ အဲ့တာကြောင့် ဒင်းတို့လင်လင်နှစ်ကောင် တည့်တာ။ ဇာတ်လမ်းကောင်းမှ မီးပျက်သွားသည့်အဖြစ်ကြောင့် စိတ်ညစ်ညစ်နဲ့ ခေါင်းကုတ်ကာ မိမိကိုတွန်းထုတ်သွားပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ ထွက်သွားသော ရှေ့ကကောင်လေးနောက် အပြေးလေးလိုက်သွားရသည်။
ရှက်ရမ်းရမ်းကာ ဘောက်ဆတ်ဘောက်ဆတ်နဲ့ ထွက်သွားသော သူငယ်ချင်းဖြစ်သူနဲ့ အနောက်ကနေ အပြေးကလေးလိုက်သွားသော အစ်ကိုအံ့မင်းကိုကြည့်၍ ဟန်စစ်သဘောကျကာ ရယ်မိသည်။
အင်း အစ်ကိုအံ့မင်းနဲ့ သူငယ်ချင်းဖြစ်သူကို အောင်သွယ်ဖို့ အစ်ကို့ကိုတော့ အကူအညီတောင်းဦးမှပါလေ……
ချစ်သော💕💕
Coral