ဖြူစင်သောချစ်သူ

נכתב על ידי ByunKhinee614

198K 14.7K 389

ChanYeol BaekHyun Yaoi עוד

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 9
Episode 10
Episode 11
Episode 12
Episode 13 (Extra)
ဖြူစင်သောချစ်သူ
Episode 14 ( Extra )
About Fic Book

Episode 8

11.8K 1K 15
נכתב על ידי ByunKhinee614

*• ဖြူစင်သောချစ်သူ •*
ChanYeol
BaekHyun
Yaoi
••~••~••~

ဆိုင်အခန်းအတွင်းလေသန့်စက်မှ ထုတ်လွှတ်သည့် အမွှေးရနံ့နှင့်အတူ ပေါင်းစုံလှသောပန်းများ၏ ရနံ့သည် လွတ်လပ်စွာ ပျံဝဲလျက်...။ တိုးတိုးလေးသာဖွင့်ထားသော နားထောင်နေကျ အချစ်သူချင်းတစ်ပုဒ်ကြောင့် အနေအထားသည် ပိုပြီး ကဗျာဆန်သွားသလို တစ်စုံတစ်ယောက်ကို အနားမှာရှိစေချင်သလို ခံစားချက်ကိုခံစားရစေ၏။

လူဝင်ခေါင်းလောင်းလေးမြည်လာတော့ BaekHyun အားတင်းပြုံးရင်း တတ်တတ်ကြွကြွကြိုဆိုလိုက်သည်။ ယနေ့အတွက် ပထမဆုံး ဧည့်သည်ဖြစ်တာမို့ သူပိုတတ်ကြွနေမိသည်ထင်၏။

"ကြိုဆိုပါတယ်"

အချင်းချင်းအပြုံးတို့ဖြင့်သာမိတ်ဆက်လိုက်ပြီး ပန်းတွေရွေးနေသည့် ဧည့်သည်နောက်သွားရပ်နေလိုက်သည်။အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းဖြင့် ထိုသူကို မြင်ဘူးသလိုလို ရှိနေသည်မို့ BaekHyun အနောက်မှ ခြေဖျားထောက်ကာ ခိုးကြည့်လိုက်မိသည်။

ရုတ်တရက် ပန်းအချို့ကိုကိုင်ကာ အနောက်သို့လှည့်လာသော သူကြောင့် ဟန်ချက်ပျက်ပြီး BaekHyun အရှေ့ကို ယိုင်ကျလာ၏။ ကြောက်ကြောက်လန့်လန့်ဖြင့် မျက်လုံးကို ပိတ်ထားလိုက်မိရာ နာကျင်မှုကိုမခံစားလိုက်ရမှ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

ChanYeol ကလွဲ၍မည်သူနှင့်မျှ ထိုမျှလောက်နီးကပ်သော အထိအတွေ့ကို မကြုံဘူးခဲ့ပေ။ BaekHyun တစ်ကိုယ်လုံး ထိုသူ၏ ရင်ခွင်ထဲ လုံးလုံးလျားလျားကိုဝင်ရောက်နေလေသည်။ ခါးတစ်ဝိုက်မှ တင်းကြပ်စွာဖက်တွယ်ထားသည့် လက်တစ်စုံကြောင့် အခြေအနေမှအမြန်လွတ်မြောက်ရန် BaekHyun ရုန်းလိုက်၏။

ပူရှိန်းရှိန်းဖြစ်နေသည့်မျက်နှာကို မမြင်စေလို၍ ကောင်တာ၌သာ သွားရပ်နေလိုက်တော့သည်။

ဒီအခြေအနေကဘယ်လိုကြီးလဲ?
တခြားသူတစ်ယောက်ကို ရင်ခုန်နေမိတာလား။

BaekHyun ခေါင်းကိုခါကာ အသိစိတ်ဝင်ရန် အမြန်ထိန်းချုပ်လိုက်ရသည်။ မဟုတ်ရင်.. ချစ်ရသူအပေါ် သစ္စာဖောက်မိနိုင်သည်လေ။

"ဒါတောင်မင်း
ကိုယ့်ကိုမမှတ်မိသေးဘူးလား?"

"ဗျာ?"

အယောင်အအဖြင့် သူထိုးပေးသည့်ပန်းကိုယူကာ ဘာမှမမေးပဲ ထုတ်ပိုးပေးနေမိသည်။ ကောင်တာရှေ့ရပ်နေသော ထိုသူထံ အကြည့်မပို့မိအောင် မနည်းကိုထိန်းချုပ်ထားရ၏။

ဂရုမစိုက်မှုတွေနဲ့ကျင့်သားရနေတာမို့
စကားလုံးတိုင်းမှာ နွေးထွေးမှုကိုခံစားနေ
မိတာ မှားမယ်လို့တော့မထင်ပါ။
BaekHyun လိုအပ်တာ အချစ်သစ်မဟုတ်ပဲ
နွေးထွေးတဲ့မေတ္တာတစ်ခုသာ..။

"တောင်းပန်ပါတယ်။
ကျနော်ဆိုင်မဖွင့်တာကြာနေပြီ
ဆိုတော့ ဝယ်နေကျသူတွေကို
သိပ်မမှတ်မိတော့လို့ပါ"

"ထားပါ..
မင်းမမှတ်မိတော့လဲကိုယ်ကပြော
ရတာပေါ့။
အထက်တန်းကျောင်းက
စီနီယာ Lee Hyuk လေ"

BaekHyun ဦးနှောက်ကိုအမြန် အလုပ်ပေးလိုက်သည်။ အထက်တန်းကျောင်းပြီးခဲ့တာ တစ်နှစ်အတွင်း သူမေ့ပြစ်ခဲ့မိတာတွေ အတော်ကိုများလွန်းနေပြီထင်ပါ၏။

တဖြေးဖြေးကျောင်းမှာ အနှိပ်ဆက်ခံနေရသည့် ကိုယ့်ပုံကိုမြင်ယောင်ရင်း ထိုအချိန်တိုင်း ရောက်လာကာ ကူညီပေးတတ်သည့် လူတစ်ယောက်ကိုပါ အတွေးထဲပြန်ပေါ်လာသည်။

"hyung?
Lee Hyuk hyung လား?"

အပြုံးတို့ဖြင့် မှန်ကြောင်းထောက်ခံနေသည့်သူ..

တစ်ချိန်က BaekHyun ဘဝရဲ့
ပထမဆုံးအားကိုးရာဖြစ်ခဲ့ဘူး၏။

"hyung ကအရမ်းကို
ပြောင်းလဲသွားတော့
မမှတ်မိဘူးဖြစ်သွားတယ်"

အခုမှဖျော်လာသော ကော်ဖီခွက်ပူပူလေးအား လှမ်းလိုက်ပြီး မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ Lee Hyuk သည် အဟုတ်ကိုပြောင်းလဲသွားခဲ့သည်ပဲ။ အရင်က ဂုတ်လောက်ထိရှည်သည့်ဆံပင်တွေ.. ခန္ဓာကိုယ်အနှံ့ tattoo တွေဖြင့် ခပ်မိုက်မိုက်နေခဲ့သလောက် ယခုမျက်စိရှေ့မှ Lee Hyuk ကတော့ ဆံပင်တိုဖြင့် လူကြီးလူကောင်းတစ်ယောက်လို ဝတ်စားဆင်ယင်ထားလေ၏။

"ရပါတယ်။
hyung မင်းဆိုင်ကိုတွေ့တာကြာပီ။
တကယ်လာမယ်လဲဆိုရော
ဆိုင်ကပိတ်ထားတယ်။
နေ့တိုင်းလာကြည့်သေးတယ်..
ဒါပေမယ့် ပိတ်ထားတုံးပဲ။
အခုမှပဲပြန်ဖွင့်တော့တယ်
တစ်နှစ်နီးပါးဘယ်တွေရောက်နေတာလဲ?"

"ဆိုင်ခန်းကသူများကို
ငှားထားတာ။ အခုမှပြန်ဖွင့်ခွင့်
ရလို့"

လက်ထဲမှကော်ဖီကိုသောက်ကာ ဟိုးအရင်တုံးက အကြောင်းတွေပြန်ပြောရင်း အချိန်ကုန်ဆုံးစေခဲ့သည်။ အခုလိုလွတ်လွတ်လပ်လပ် စကားပြောရမည့်သူ မရှိတာအတော်ကြာပြီမို့ BaekHyun စိတ်လွတ်ကိုယ်လွတ်ဖြင့်ကို စကားတွေအများကြီးပြောဖြစ်လိုက်၏။

ChanYeol နဲ့လဲ အမြဲအခုလို အတူတူထိုင်ပြီး အခ်ျန်အကြာကြီး စကားပြောခွင့်ရမယ်ဆို ဒီထက်တောက်ပတဲ့ အပြုံးတွေကို BaekHyun အသက်ဝင်စေလိမ့်မည်ထင်သည်။

"ဒါဆို hyung ပြန်တော့မယ်။
နောက်မှထပ်လာခဲ့တော့မယ်..
ပန်းစည်းကတော့ Baek ကိုပေးတဲ့
လက်ဆောင်လို့သဘောထားလိုက်။
အိမ်ယူသွားနော်"

"ဟုတ်ကဲ့ hyung ..
ကျေးဇူးတင်ပါတယ်"

ကျောခိုင်းသွားသည့် သူကိုကြည့်ပြီး လက်ထဲကပန်းစည်းကို BaekHyun နမ်းရှိုက်လိုက်မိသည်။ အနီရောင်နှင်းဆီပန်းတို့၏ ရနံ့သည် နံနက်ခင်းတိုင်း ဦးရဲ့အနားကရတတ်တဲ့ ကိုယ်သင်းနံ့တို့လောက်တောင် မဆွဲဆောင်နိုင်တော့ဘူးထင်ပါရဲ့။

တောင်းပန်တယ်နှင်းဆီ..
မင်းထက်မွှေးတဲ့ရနံ့တစ်ခုကို
အချစ်ကြောင့်ခံစားလိုက်ရလို့...။

--

"ပြန်ရောက်ပါပြီ"

!! ခွမ်း !!

"အ"

အဖြစ်အပျက်တွေကမြန်ဆန်လွန်းလှသည်။ ဘာတွေဘယ်လိုဖြစ်ကုန်သည်လဲဆိုတာ လိုက်လို့မမှီတော့သည်ထိ။ ကြမ်းပြင်ပေါ်ခွေယိုင်လဲနေသည့်ခြေထောက်တွေကို BaekHyun ပထမဆုံးသတိထားမိသည်။ ထို့နောက် နဖူးမှစပ်ဖျင်းဖျင်း ခံစားချက်တစ်ခု..။

မဲမှောင်ကျသွားသည့် စိတ်ကိုပြန်လည်အလုပ်ပေးရင်း ဘေးဘီကို ဝေ့ဝဲကြည့်လိုက်တော့ ပြာမှုန့်နှင့်အတူ အကွဲကွဲအလဲလဲဖြစ်နေပါသော ဆေးလိပ်ခွက်တစ်ခွက်။

တစ်စုံတစ်ယောက်ပစ်ပေါက်လိုက်သည့်ပုံပင်။

အနားရှိသူတွေကိုကြည့်လိုက်တော့ သန့်ရှင်းရေးလုပ်နေသည့်
အိမ်စေနှစ်ယောက်၊ အိမ်တော်ထိန်းနှင့်အတူ အသံကြောင့် အရှေ့သို့အမြန်ရောက်လာတဲ့ အဒေါ်ကြီးသာရှိ၏။ ဒါဆို.. ဒီဆေးလိပ်ခွက်နဲ့ပေါက်တဲ့သူက...။

"ဦး.."

"မင်းပါးစပ်ကိုပိတ်ထား!"

ကျယ်လောင်လှတဲ့အသံကြောင့် BaekHyun တစ်ကိုယ်လုံးတုံယင်သွားရသည်။ ဒါပထမဆုံးပါပဲ... ဒီလောက်ဒေါသတကြီး သူ့ကိုအော်တာ ပထမဆုံးပဲ..။

"ဦး..ကျနော်"

"မင်းပါးစပ်ကိုပိတ်ထားလို့
ငါပြောနေတယ်နော်"

!! ခွမ်း !!

ကြောက်လန့်စွာ မျက်လုံးကိုစုံမှိတ်လိုက်မိသည်။ အနောက်ဘက်ဆီမှကြားလိုက်သည့် ပုလင်းကွဲသံကြောင့် နံရံကိုပစ်ပေါက်လိုက်မှန်းသိလိုက်၏။

"မင်းကရုပ်နဲ့မလိုက်အောင်
တော်တော်အောက်တန်းကျတဲ့
ကောင်ပဲ။ အကြွေးနဲ့မင်းကို
သိမ်းထားလို့ ငါ့ကိုကလဲ့စားချေမယ်
ပေါ့လေဟုတ်လား!"

"ဦးဘာတွေပြောနေတာလဲ?!
ကျနော်နားလည်အောင်ပြောပါဦး"

"မင်းအသိဆုံးပဲလေ။
မင်းဘာတွေလုပ်ထားလဲ
မင်းအသိဆုံးပဲ!!!
ငါ့ကို လုပ်ဖော်ကိုင်ဖက်တွေ၊
သူငယ်ချင်းတွေကြားမှာ မင်းအရှက်ခွဲ
တာ! မင်းဖောက်ပြန်နေတာကို
သပ်သပ်မဲ့!!"

"ဦး ဘာစကားပြောတာလဲ?
ဖောက်ပြန်တယ်?!
ကျနော်ကလား??
ဦးစကားကျနော့်ကို ဘယ်အခြေအနေထိ
တွန်းချလိုက်လဲသိလား!!
အကြွေးနဲ့သိမ်းခံရတဲ့ဘဝမှာ
လူတစ်ယောက်တန်ဖိုး ဘယ်လောက်ထိ
နိမ့်ပါးသွားလဲ ဦး တွေးကြည့်ခဲ့ဘူးလားး!
ဒါတောင်ကျနော်ဘာတွေများ ဦးအပေါ်
မကောင်းခဲ့လို့လဲ! ဦးလို သွေးအေးပြီး
ကျနော့်ကိုဆို မတူသလိုမတန်သလို
ဆက်ဆံတဲ့ဦးကို ဘယ်နှစ်ခါများ
ကျနော်ဒုက္ခပေးဘူးလဲ?
ဦးအလိုကျ ဦးခိုင်းသလို နေလာခဲ့ရတာပါ။
အသုံးမကျတဲ့ အချစ်ဆိုတဲ့ခံစားချက်တွေကြောင့်
မုန်းချင်တာတောင်မမုန်းနိုင်ပဲ
နေနေရတာကျနော်ပါလို့!!
ဖောက်ပြန်တယ်?!
ပြောရက်တယ်!! ဦးမလို့"

ငိုပြီးအိမ်အပေါ်ထပ်ကိုပြေးတက်သွားသည့် BaekHyun ကိုကြည့်ပြီး ဆိုဖာပေါ်စိတ်လွတ်လက်လွှတ်ထိုင်ချလိုက်မ်သည်။ ဖန်ခွက်ထဲမှ အရက်တို့သည့် လည်ချောင်းထဲပူဆင်းသွား၏။

သို့ပေမယ့်
ChanYeol ရင်ထဲကအပူတွေကို
မှီနိုင်မည်မထင်ပေ။

--

သူဌေး.."

ဆိုဖာပေါ်တွင်အိပ်ပျော်နေသော ChanYeol အား အိမ်တော်ထိန်းနှင့် အဒေါ်ကြီး  အသာလေးအနားတွင်ရပ်ကာ နှိုးလိုက်သည်။ အိပ်နေရင် နှောင့်ယှက်တာမကြိုက်သည်ကိုသိသော်ငှား မနှိုးလို့ မဖြစ်သည့် အခြေအနေတစ်ခုကြောင့် အရဲစွန့်ကာနှိုးလိုက်ခြင်းပင်။

"သူဌေး.."

ကတုံကယင်ဖြင့် ပုခုံးကိုထိကိုင်လိုက်မှ ChanYeol မျက်လုံးတွေပွင့်လာတော့သည်။ အချိန်ကိုကြည့်လိုက်တော့ ည ၂:၀၀ထိုးနေပြီ။ လျောရဲရဲဖြစ်နေသည့် ပုံစံကိုပြန်ပြင်ကာ ဆိုဖာပေါ် မတ်မတ်ထိုင်လိုက်ပြီး အနားမှာရပ်နေသည့် သူနှစ်ယောက်ကို မေးဆပ်ပြလိုက်သည်။

"ဟိုလေ..
ဒါ..ဒါလေးပြချင်လို့ပါ"

အဒေါ်ကြီးမှ ChanYeol လက်ထဲ ပန်းရောင်တုတ်ချောင်းလေးကို ထိုးပေးသည်။ အိပ်ချင်မူးတူးဖြင့် ကြောင်တောင်တောင် ဖြစ်နေသေးသည်မို့ ChanYeol လဲလက်ထဲယူကာ ကြည့်လိုက်မိသည်။

"ဒါကဘာလဲ?"

"အဲ့..အဲ့တာက..
ဟို..အဲ့တာ.."

"ဘာလဲမြန်မြန်ပြောစမ်းပါ!"

"အဲ့..အဲ့တာ..ကိုယ်..
ကိုယ်ဝန်ရှိမရှိစစ်တဲ့ဟာပါ"

ချောက်ကမ်းပါးမှပြုတ်ကြသွားသလို ChanYeol ခံစားလိုက်ရသည်။ လက်ထဲမှ အရာလေးကို ဘာကဘယ်လိုကြည့်ရသည်ဆိုတာလဲ သူနည်းနည်းလေးမှနားမလည်တာမို့..။

"အဖြေကဘာလဲ?"

"ကိုယ်ဝန်ရှိနေတာပါ"

"ဘာ!!!
ဘယ်သူဟာလဲဒါက?!!
ဘယ်အလုပ်သမားလဲ!!!
ငါ့ရှေ့ခေါ်ခဲ့!"

"ကျနော်တို့လဲမသိပါဘူး သူဌေး။
အိပ်နေရင်း အဒေါ်ကြီးက အတင်းလာနှိုးပီး
ပြမှသိရတာပါ"

"အဒေါ်ကြီး ခင်ဗျားဘယ်လိုသိတာလဲ!!"

"နေ့လယ်က ပစ်ရမယ့် အမှိုက်အိတ်
ထဲကပါ။ မေ့ပြီးမပစ်လိုက်မိလို့တစ်ရေးနိုးလို့
ပစ်မယ်လုပ်တုံးတွေ့ရတာပါ"

"တောက်!!!
အလုပ်သမားတွေအကုန်ခေါ်ခဲ့!
ဘယ်သူ့ဟာလဲမေးပြီး
ကျနော်ကိုယ်တိုင်အလုပ်ထုတ်မယ်!!"

"အဲ့တာကျနော့်ဟာပါ"

ကြားလိုက်ရသည့်အသံကြောင့် အနောက်ကိုလှည့်ကြည့် လိုက်မိတော့ လှေကားပေါ်တွင်ရပ်နေတဲ့သူ...။

"BaekHyun.."












To be continue ...

ဆက်ရန်ရှိသေးသည်။

••~••~••~

မကြိုက်ရင်မဖတ်ပါနဲ့။ အစထဲက ကျနော့် fic ကိုဖတ်တဲ့ သူတွေအတွက်ပဲ ရေးနေတာပါ။ မကြိုက်ဘူးလို့ ကုန်းအော်၊ အပိုင်းတိုင်းလိုက်ဖက်ပြီး အပြစ်ပြောနေတာကတော့ တော်တော် အောက်ကျလွန်းပါတယ်ခင်ဗျာ။

မေတ္တာရပ်ခံတာပါ။
မကြိုက်ရင် ဂရုမစိုက်ပဲ မမြင်ချင်ယောင်သာ ဆောင်ပေးကြပါလို့။

ကျေးဇူးတင်ပါတယ် 🙏🏻

המשך קריאה

You'll Also Like

3.1K 150 7
On the run in the year 1987, Bumblebee the Autobot seeks refuge in a junkyard in a small California beach town. Charlie and Y/N, on the brink of turn...
679K 50.9K 46
wang yibo💚 ခင်​ဗျားတို့ သိကြလားကျွန်​​တော်​ကအတ္တကြီးပြီး အချစ်​နဲ့အမုန်းကိုမခွဲခြားတတ်​တဲ့ အချစ်​ရှုံးသမားဆိုတာ..... ခင်ဗျားတို့သိကြလားကျွန်တော်ကအတ္တ...
577K 75.2K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)
95.4K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]