Soul Contract (Volume I, MM T...

由 Now_Dead

211K 14.3K 1.5K

I'm sorry, Jinghua. I couldn't make a proper contract with you before. From now onwards, your suffering, your... 更多

Introduction to a Contract
First Contract
Second Contract
Third Contract
Fourth Contract
Fifth Contract
(Unedited) Sixth Contract
(Unedited) Eighth Contract
(Unedited) Ninth Contract
(Unedited) Tenth Contract
(Unedited) Eleventh Contract
(Unedited) Twelfth Contract
Character Introduction (Zawgyi)
(Unedited) Thirteenth Contract
(Unedited) Fourteenth Contract
(Unedited) Fifteenth Contract - Part 1
(Unedited) Fifteenth Contract - Part 2
(Unedited) The Last Contract
ကျေးဇူးတင်စကား

(Unedited) Seventh Contract

6.1K 662 39
由 Now_Dead

Soul Contract ( The Seventh Contract)

"ဒါနဲ့ ... အဲ့မြေခွေးကြီးက Soul image ဖြစ်ခဲ့ဖူးတယ်ဆို... ဟုတ်လား"

"အင်း ... "

"တကယ်ပေါ့ ..."

ကျင်းဟွာစိတ်ထဲမှာ မတင်မကျဖြစ်သွားရှာသည်။ ဒါဆို သူက တမူရှီရဲ့ ပထမဆုံး Soul Image မဟုတ်ဘူးပေါ့ ...။

"ငါ့ရဲ့ Soul image မဟုတ်ပါဘူး ... ဖေဖေ့ရဲ့Soul image"

ဆိုဖာပေါ်ထိုင်လိုက်ရင်း စီးကရက်တစ်လိပ်ကို ထုတ်ပြီး မီးညှိကာ သူ့စရိုက်အတိုင်း ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။

'ဖူးး ... တော်ပါသေးရဲ့' ဒီတော့မှ ကျင်းဟွာတစ်ယာက် သက်ပြင်းချနိုင်တော့သည်။ ဒါမနာလို ဖြစ်မိတာလားဟု သူ့ကိုယ်သူ သံသယဝင်မိသည်။ ဒါနဲ့ စကားရောဖောရောနဲ့ _

"မြေခွေးမိစ္ဆာကြီးကိုတောင် Soul image လုပ်ခိုင်းတာဆိုတော့ မင်းဖေဖေက တော်တော်စွမ်းမှာပဲ"

စီးကရက်ကို တစ်ချက်ရှိုက်ဖွာကာ နောက်ကိုမှီလိုက်ရင်း _

"ပြောကြတာပဲ ... အစဉ်အဆက်မှာ မြေခွေးမိစ္ဆာကို Soul image လုပ်ခိုင်းတာ သူတစ်ယောက်ပဲရှိတယ်"

"ဒါဆို မင်းနဲ့ မင်းဖေဖေနဲ့ ဘယ်သူပိုစွမ်းလဲ"

"ငါက ဘယ်လိုလုပ်သိမလဲ"

တုံးတိအဖြေတွေကြောင့် ကျင်းဟွာမှာ ခဏခဏဆက်ပြောစရာ ရှာမတွေ့ဖြစ်ရသည်။

"ငင့် !!"

"ငါမမွေးခင်ကတည်းက သူဆုံးသွားတာလို့ ပြောတယ် ... ငါလည်း မမြင်ဖူးလိုက်ဘူး"

"တ ... တမူ ... ဆောရီး ... ငါ မသိပဲမေးလိုက်မိတယ်"

ကျင်းဟွာမေးပြီးကာမှ အရမ်းအားနာသွားသည်။ ဒါပေမယ့် ကာယကံရှင် ရှီ ကတော့ သူ့အကြောင်းပြောပြနေတာပဲ မဟုတ်သလိုလိုပုံစံနှင့် _

"ရတယ် ... ဘာမှမဖြစ်ဘူး"

ခဏလောက် စကားအပြောအဆိုငြိမ်သက်သွားပြီးနောက် ရှီ က သူ့ရဲ့ စီးကရက်ကို ပြာခွက်ထဲထည့်ချေကာ မီးငြိမ်းသတ်လိုက်ပြီး ထိုင်နေရာကထရင်း အင်္ကျီချွတ်လိုက်သည်။

ဒါကို မြင်ပြီးလန့်သွားသူက ယန်ကျင်းဟွာ ...။

"ဘ...ဘာ ... ဘာလုပ်မလို့လဲ!!! မင်း ဘာလို့အဝတ်တွေ ချွတ်နေတာလဲ!!"

"ဘာထဖြစ်ပြန်တာလဲ?? ငါ့ဘာငါ အင်္ကျီချွတ်တာ ဘာထူးဆန်းလို့လဲ "

(A/N ; အေ့လေ ! တို့ကလေးကို မကြည့်နဲ့ မု !! ရှုး!! )

"ဟေ့ကောင် တမူရှီ ! ငါ့ရှေ့မှာ မင်းရဲ့ Six packsတွေ လာမကြွားနဲ့ !! အားကျမယ်များ ထင်နေလား"

"ဘာတွေလျှောက်ပြောနေတာလဲ... ငါ ပွဲတော်အတွက် ပြင်မလို့လုပ်နေတာလေ"

"ပွဲတော် ... ဘာပွဲတော်မို့လို့လဲ ... ပြန်မအိပ်တော့ဘူးလား"

"နေပဲထွက်တော့မယ် ... ဘယ်လိုပြန်အိပ်မလဲ"

ဟုတ်သားပဲ ... နေအလင်းရောင်တောင် သဲ့သဲ့လေးပေါ်လာနေပြီ မဟုတ်လား ...။

"ဒီမှာစောင့်နေ ... ငါခေါ်တာနဲ့ လိုက်လာခဲ့"

ရှီ တခြားအခန်းတစ်ခန်းထဲသို့ ဝင်သွားခဲ့သည်။
နောက် အစေခံအချို့လည်း အခမ်းအနားဝတ်စုံများကို ကိုင်ဆောင်လာပြီး ရှီ နောက်က လိုက်ဝင်သွားကြသည်။

ကျင်းဟွာတို့ သူ့ကိုထားခဲ့သော နေရာမှာ တစ်ယောက်တည်း ယောင်လည်လည်လုပ်နေရာက နည်းနည်းကြာတော့ အစေခံတစ်ဦးက အခန်းထဲက ထွက်လာပြီးနောက် _

"သခင်လေးယန်ကျင်းဟွာ ... သခင်လေးရှီက အခေါ်လွှတ်လိုက်လို့ပါ... ဒီဘက်အခန်းထဲကို ကြွပါရှင်"

ထိုအစေခံမိန်းကလေး ခေါ်ဆောင်ရာနောက်သို့ လိုက်သွား၏။ သူရောက်သွားပြီးတော့ အစေခံမိန်းကလေးများ အသီးသီး အခန်းပြင် ပြန်ထွက်သွားကြသည်။

ရှီ ဘယ်ပျောက်နေလဲတော့ ရှာမတွေ့ ... ။ ဟိုဒီ ကြည့်မိတော့ အခန်းထောင့်ဘက်က မှန်ချပ်အကြီးကြီး ရှေ့မှာရပ်နေသော ရှီ ကို တွေ့လိုက်သည်။

ပိုးကတ္တီပါ အနီရောင်ရင့်ရင့် ရွှေရောင် ရောစပ်ထားသော တရုတ်ရိုးရာ အင်္ကျီနဲ့ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသော ရှီ ကို ငေးကြည့်ရင်း ကျင်းဟွာ လောကကြီးကို ခေတ္တမေ့မြောသွားသည်။

"လှ ... လှလိုက်တာ" လွှတ်ခနဲ ပါးစပ်က အာမေဋိတ်သံထွက်သွားသည်။ ရှီ က တစ်ချက်လှမ်းကြည့်လိုက်ရင်း _

"ဘာကြည့်နေတာလဲ ... ဒီကို လာခဲ့"

"ဒါ ဘာလုပ်မှာလဲ ... မင်း ဝတ်စုံက ဘာလား... ကျင်းရှင်းယောင်နဲ့ မင်္ဂလာဆောင်တော့ မလို့လား"

"ကျင်းရှင်းယောင်နဲ့ မင်းပဲ မင်္ဂလာဆောင်"

ဖြေရင်းနဲ့ ယန်ကျင်းဟွာကို ဆောင့်ဆွဲကာ မှန်ရှေ့ကခုံမှာ ထိုင်ခိုင်းလိုက်သည်။ ပြီးတော့ ယန်ကျင်းဟွာရဲ့ ဆံပင်စည်းကြိုးကို ဆွဲဖြေလိုက်သည်။ ခါးလည်ထိရှည်သော ယန်ကျင်းဟွာရဲ့ ဆံပင်တွေ ဖြာကျသွားတဲ့အခါ ရှီ က မှန်ရှေ့စားပွဲပေါ်တင်ထားတဲ့ ဘီးကိုယူလိုက်ပြီး ထိုဆံပင်တို့ကို ဂရုတစိုက် ဖြီးသင်ပေးသည်။

နောက် အပြာရောင်နဲ့ အနက်ရောင် ရောကျစ်ထားသော ကျစ်ကြိုးအသစ်နဲ့ ဆံပင်ကို ပြန်လည်စည်းပေးလိုက်၏ ။

"ဒီခေါင်းစည်းကြိုးက ဘာအတွက်လဲ"

"အဲ့ဒီကြိုးက ငါ့ရဲ့ ဆံပင်ကို သုံးပြီးကျစ်ထားတာ... "

မေးခွန်းကို ဖြေရင်း အပြာရောင် ဇာပဝါတစ်ထည်ကို ကျင်းဟွာရဲ့ ပုခုံးထက်ကို လွှမ်းခြုံပေးလိုက်သည်။

"ဒီပဝါ ဒီခေါင်းစည်းကြိုး ဒီလက်စွပ် အားလုံးက အတူတူပဲ ...မင်း မပျောက်စေနဲ့"

"နေပါဦး ... ကျင်းရှင်းယောင်နဲ့ လက်ထပ်မှာမဟုတ်ရင် မင်းက အခုဘာလုပ်မှာလဲ "

"ဒီနေ့က မင်းက ငါ့ရဲ့ Soul image ဖြစ်ကြောင်း လောကကြီးကို ကြေညာမယ့်နေ့"

ကျင်းဟွာရဲ့ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်လုံးအစုံကို စေ့စေ့ကြည့်ရင်း _

"ယန်ကျင်းဟွာဆိုတဲ့ မင်းက ငါ တမူရှီရဲ့ Soul image အစစ်အမှန်ဖြစ်ကြောင်း တစ်လောကလုံးက မငြင်းနိုင်အောင် အသိပေးကြေညာမယ့်ပွဲ"

***************
ပွဲတော်အခမ်းအနားသို့ သွားရာလမ်းတစ်လျှောက်မှာ ကြည်လင်အေးမြသော မေတ္တာပို့ဆုတောင်းသံတွေ တလွင်လွင်ကြားနေရသည်။ ခေါင်းလောင်းငယ်လေးများ လေတိုက်လို့ လှုပ်ခတ်ရင်း တချွင်ချွင်မြည်သံတို့က နားဝင်ချိုလှသည်။ လေကလည်း ကလူတလှည့် မြှူတစ်လှည့် တဖြူးဖြူး တိုက်ခတ်နေလေရဲ့ ...။

ပွဲတက်ရောက်သူ အနယ်နယ်အရပ်ရပ်က ပရိသတ်အပေါင်းကို ငေးကြည့်မိတော့ တော်တော်များများက နယ်ပယ်အသီးသီးက နာမည်ကြီး နာမည်ကျော် ထင်ရှားကျော်ကြားသူ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

အချင်းချင်း တီးတိုးပြောဆိုနေသော စကားတို့ကိုလည်း ယန်ကျင်းဟွာကြားနေရသည်။

"ဒီ YangMing သခင်လေးက အသက်အငယ်ဆုံးဆို ဟုတ်လား"

"အသက် ၁၀ နှစ်ကတည်းက ဖြစ်တာတဲ့ "

"မင်းတို့ မသိဘူးလား ... သူ အိမ်တော်ရဲ့ အကြီးအကဲနေရာကို ယူတော့ ၁၄နှစ်ပဲ ရှိသေးတယ်လေ"

"ပြီးတော့ အစဉ်အဆက်မှာ သူ့အစွမ်းက အကြီးမားဆုံးပဲတဲ့"

"သူ့ရဲ့ Soul image ဆိုရင်တော့ တကယ့် စွမ်းအားကြီးတဲ့သူပဲ သေချာတယ်"

"Soul image လည်း ငယ်ငယ်ပဲ ရှိသေးတယ်ကွ"

"ငါကတော့ ဒီပွဲကို တက်ရကျိုးနပ်တယ်ဟေ့"

ဝေဖန်တီးတိုးပြောသံတွေကို နားစွင့်လိုက်... သူ့ရှေ့ကနေ ပွဲစင်မြင့်ပေါ်သို့ တက်လှမ်းနေသော ရှီ ကို ကြည့်လိုက်နဲ့ အံ့အားသင့်နေမိသည်။

မူလဝတ်ဆင်ထားတဲ့ ဝတ်စုံအပေါ်မှာ ဇာအဖြူဝတ်ရုံကို ထပ်၍ ခြုံထားသော ရှီ ရဲ့ အသွင်က သူ့အတွက် အရမ်းခမ်းနားလွန်းနေသည်။ အရမ်းကို ဝေးကွာနေသလို ခံစားရသည်။

'တမူရှီ ... မင်းက ဒီလောက်ထိတောင်လား ... ငါမသိတဲ့ မင်းအကြောင်းတွေဘယ်လောက်ထိ ကျန်သေးတာလဲ'

သူ့အတွေးနဲ့သူ မင်သက်နေစဉ် ရှီ က စင်မြင့်ပေါ်မှာ ရပ်တန့်လိုက်ပြီး အသင့်ပြင်ဆင်ထားသော ဓားအိမ်မဲ့နေသည့် ဓားကိုယူလိုက်ကာ မျက်လုံးအစုံမှိတ် အာရုံပြုရင်း _

"ဆန့်ကျင်ဘက် လောကနိယာမ တရားအားလုံး အယိုအယွင်းမရှိ ညီမျှတည်တံ့စေ ... ငါ၏ ဆုတောင်းသံကို ကြားနာရသော သတ္တဝါအပေါင်း အေးချမ်းဆိတ်ငြိမ်ခြင်းကို ပိုင်ဆိုင်ရရှိစေ ..."

တမူရှီ၏ ခန္ဓာကိုယ်မှ ဖြာထွက်လာသော ရွှေရောင်အလင်းတန်းများ ... ကြားမှာ လူးလားပြေးလွှားနေသော အပြာရောင် အလင်းတန်းများ ... အဆက်မပြတ် ဆုတောင်းသံများ ...။

အလင်းတို့ဖြာကျပြီးသည့်နောက် ထူးဆန်းစွာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သန့်စင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်အနှံ့ကို ဝေ့ဝိုက်အကဲခတ်လိုက်တော့လည်း အေးချမ်းသာယာ သန့်စင်ခြင်း အငွေ့အသက်ကို ရရှိလိုက်သည်။

"YangMing သခင်တွေက လောကကြီးကို သန့်စင်တာ ဒီလိုမျိုးပါလား ..."

ထိုစဉ် ...

ထိုစဉ် ရုတ်တရက်ကြီး ရှီ က သူကိုင်ထားသော ဓားကို ကျင်းဟွာရဲ့ လည်စေ့တည့်တည့်သို့ ထိုးစိုက်တော့မည့်သကဲ့သို့ ချိန်ရွယ်လိုက်သည်။

"အမလေး!"

ကျင်းဟွာလည်း လန့်ဖြတ်ကာ ထအော်မိလိုက်သည်။

"ဘာခံစားရလဲ"

ထပ်လာပြန်ပြီ ...လူသေကောင်အသံနဲ့ ရေခဲတုံးအကြည့် ...။

"ဘာခံစားရမှာတုန်း! လန့်တာပေါ့ကွ ဓားနဲ့လာရွယ်မှတော့!!လခွမ်းတွေပါ တမူရှီရာ"

"ဒါဆိုလည်း ပြီးတာပဲ"

ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး အင်းကွက်စာရွက်တစ်ရွက်ကို ယူကာ လေပေါ်သို့ ပစ်မြှောက်လိုက်သည်။ ထိုအင်းစာရွက်က လေထဲမှာ လွှင့်နေရင်း လွှင့်နေရင်း တဖြည်းဖြည်းနိမ့်ဆင့်လာကာ ကျင်းဟွာရဲ့ မျက်နှာရှေ့တည့်တည့်အရောက်တွင် ရွှေရောင်အလင်းတန်းတို့ တောက်ပလာရင်း တဖြည်းဖြည်း လောင်ကျွမ်းပျောက်ကွယ်ပြီးနောက် ကြွင်းကျန်ရစ်သော ရွှေရောင်အခိုးအငွေ့တို့က ကျင်းဟွာရဲ့ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေသည်။

အင်းကွက်လောက်ကျွမ်းနေစဉ် ရွှေရောင်ကြားထဲမှ ပေါ်ပေါက်လာသော အနီရောင်စာလုံးတို့ကို ကျင်းဟွာ ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

'ဒါ ... တမူရှီရဲ့ မွေးသက္ကရာဇ်လား ...'

(A/N ; Lel ~~ ယန်ကျင်းဟွာတို့ ဒီတစ်ခါ သိပ်သွက်နေ)

တစ်ချိန်တည်းမှာပဲ _

"ယနေ့ ကျွန်ုပ်နှင့်အတူ
တည်ရှိသော
ဤဝိညာဉ်တော်သည်
ယခုမှ စ၍
ရာသက်ပန်အထိ
ကျွန်ုပ်၏
အရိပ်ကိုယ်ပွားအသွင်
တည်ရှိရမည်။
ခံစားချက်တစ်ခုကို
အတူမျှဝေလျှက်
ကောင်းခြင်းဆိုးခြင်း
ခွဲခြားပိုင်းခြားခြင်းငှာ
မရှိစေရ ..."

ရှီ ၏ စကား အဆုံးသတ်သွားသော အခါ ... အစေခံမိန်းကလေး တစ်ဦးက _

"သခင်လေးယန်ကျင်းဟွာ ...ဒီမှာရေးထားတာကို အသံထွက်ဖတ်ပေးပါ "

ကျွန်ုပ်ယန်ကျင်းဟွာသည်
၆၃ဆက်မြောက်
Yangming သခင်လေး၏
ဝိညာဉ်ပုံရိပ်အဖြစ်
ဆက်လက်ရှင်သန်ပါမည်။
ဝိညာဉ်ချင်း ချည်နှောင်သော
ဤလက်စွပ်ကို
သက်သေတည်၍
အေးအတူ ပူအမျှ
အရာအားလုံးကို
အတူတကွ မျှဝေခံစားမည် ...
သေသည်အထိ မခွဲမခွာပဲ
တစ်ဦးကိုတစ်ဦး အပြန်အလှန်
ကာကွယ်ပေးမည်ဟု
ကတိသစ္စာပြုပါသည်။

ဒီ ကတိကဝတ်ဟာ ... ဒါဟာ ...

'ယန်ကျင်းဟွာဆိုတဲ့ မင်းက ငါ တမူရှီရဲ့ Soul image အစစ်အမှန်ဖြစ်ကြောင်း တစ်လောကလုံးက မငြင်းနိုင်အောင် အသိပေးကြေညာမယ့်ပွဲ '

ရှီ ရဲ့ စကားသံကို ကျင်းဟွာပြန်လည် ကြားယောင်လာသည်။

ဒါဆို ... သူ ဒီကတိစာသားကို ရွတ်ဆိုလိုက်တာနဲ့ ...

သူနဲ့ တမူရှီ ...

ယန်ကျင်းဟွာနဲ့ တမူရှီတို့ နှစ်ဦးဟာ ...

To be continued ...

That part is a real pressure ! So difficult !! I don't know what are they doing and talking T__T

Feedback please !!
Next time, there'll be

DOUBLE UPDATE !!

Character ကို ပုံဖော်တာ အညံ့ချည်းပဲ တစ်လိုင်းမို့ သည်းခံပေးပါ ... နောက်ပိုင်း ကြိုးစားပုံဖော်ပါ့မယ် ...။

繼續閱讀

You'll Also Like

211K 14.3K 20
I'm sorry, Jinghua. I couldn't make a proper contract with you before. From now onwards, your suffering, your happiness and everything, I'll accept t...
6.7K 199 14
Shinryu Shouken has come back to life after his brother Shinryu Sekijin discovered a way to revive him without realizing that many fates will be twis...
Boot Camp 由 Gina

青少年小說

27.3M 1M 34
[BOOT CAMP is now available as a paperback and e-book from Wattpad Books! Purchase wherever books are sold.] After running away from her problems fo...
62.5M 2.5K 6
Brielle Newman A 21-year-old girl who was struggling to make life comfortable for herself and her niece, Delilah. Her sister left the baby the minute...