Virus of Love [Completed]

By FormemeBunnyIxOnly1

229K 17.5K 1.3K

Jeon Jung Kook Kim Tae Hyung Paring - Taekook Vkook This one may include rated scences[Warning] More

သူ=Virus
အနမ္း Virus
အခ်စ္Virus
ညVirus
မာနVirus
ေနာင္တVirus
အက်ဥ္းစံVirus
သတိတရ Virus
ရင္ခြင္ Virus
အဆိုးခံVirus
မ်က္ႏွာဖံုး Virus
ကုစား Virus
စစ္ခင္း Virus
မ်က္ရည္ Virus
ရင္ခဲြVirus
ပေဠဟိ Virus
ကံျကမၼာ Virus
ေစသူVirus
ခ်ည္ Virus
ဆုလာဒ္ Virus
နတ္ဆိုး​ Virus
သက္​ဆံုးတိုင္​ Virus

အေခ်Virus

7.8K 711 92
By FormemeBunnyIxOnly1

(Unicode)

မြေပြင်ပေါ် ခြေမထိဘဲ အကောင်းတကာ့
အကောင်းဆုံး ပို့ဆောင်ရေးယာဉ်တို့ကို
အားပြု ခဲ့သော နှစ်နှစ်ဆယ်တာ ကာလရဲ့
မူဆိုး တချို့က ပစ္စုန်ပ္ပန်မှာတောင် တစ်ခါတစ်လေ
ကျွန်တော့်အပေါ် သက်ရောက်တတ်သည်ထင်။

သွေးခြေဥနေတဲ့ ခြေဖဝါးနုနုကို
ကျွန်တော် မနှစ်မြို့  ။ နာစရာရယ်လို့
မသတ်မှတ်ပေမဲ့လည်း ကိုက်ခဲတတ်တဲ့
သဘာဝအရ ကျွန်တော့် မျက်နှာ 
တစ်ချက်တစ်ချက်တော့ ပျက်သွားလိမ့်မည်။

အသီးအရွက်အစုံ ရောပြွန်းနေတဲ့ ခေါက်ဆွဲ
ပြုတ်ကို ပါးစပ်ထဲသို့ အတင်းထိုးသွင်းရင်း
ပလုပ်ပလောင်းစားနေတဲ့သူ့ပုံက ဟန်မာယာ
များတဲ့လူသားလို့ကို ထင်ရက်စရာ မရှိဘူး ။

ရွေ့လျားခြင်း ကင်းမဲ့တယ်လို့ ယူဆမိတဲ့
အချိန်ယန္တရားတွေ အလယ်မှာ  ဤလူသားက
ကျွန်တော့် ဒဏ်ရာများကို မေ့စေနိုင်စွမ်းသည်ထင်။

ကျွန်တော့်ရင်ဟာ အေးမြမြ ။

" babe မျက်နှာကြီးကလည်း "

အလုတ်အလွေးသွေးရင်း ပြောလာတာမို့
ကျွန်တော် နောက်ကို နည်းနည်းဆုတ်
မိတယ် ။ ဒါတောင် လေးငါးစက်လောက်
ကတော့ အသာလေး လာစင်တာ ။

" ငါ့ မျက်နှာက ဘာဖြစ်နေလို့လဲ "

" မဲ့နေတာလေ "

ကျွန်တော် ပြုံးနေခဲ့တာပါ ။
ဒါမှ မဟုတ် ....၊ မဲ့ချင်လည်း မဲ့မိမှာပေါ့ ။ 

တွန့်ကုပ်ကာ ဆိုနေတဲ့ သူ့ဟန်က
ကျွန်တော့်အား ဆူပူနေချင်သည့်နှယ် ။

ကျွန်တော့် မျက်နှာ အတင်အကျတိုင်းကို
အထအန လိုက်ကောက်တတ်သည်က
သူ့ အကျင့် ။

နှုတ်ခမ်းထောင့်စွန်း ချိုင့်ဝင်အောင်ကို
ခပ်မာမာညစ်ပြုံးနှင့် ကျွန်တော်
စိုက်ကြည့်တဲ့အခါ ၊

လှိုက်ခနဲ ထွက်လာတဲ့ သူ့ရီသံချို ချို ။

" ကိုယ် ဒါလေးပဲ စားမိတာကိုကွာ ...။
ဖြစ်ပျက်နေတဲ့ ရုပ်ကလေးကလည်း ၊
လူယုတ်မာလေးကျလို့  ...."

" ဘာ !!!! JEON JUNG KOOKK မင်း "

ကျွန်တော့် မျက်ထောင့်နီကို သူကြောက်ပုံမရ။
ခေါက်ဆွဲပြုတ်ပူပူကိုသာ  အာရုံကျကျ
ပြန်စားနေလေရဲ့ ။ ကျွန်တော် မစားရလို့ဆိုပြီး
ဘာ ငြူ စူစရာရှိမလဲ ။ မစားချင်ဘူးဆိုပြီးတောင်
ခေါင်းခါခဲ့တာ သူအသိကို ... ။

ကျွန်တော့် စိတ်ကို ငြိမ်အောင် သူဘယ်တော့မှ
မထား ။ တစ်ခုမဟုတ် ၊ တစ်ခုနဲ့ လာလာဆွ
ပေးနေတဲ့ ပေါက်ချွန်းလေး အတိုင်းပဲ ။

အသက်ရှုသံ မှန်မှန်ထားရင်း အိမ်ခန်းသော့ကို
ခေါင်းအုံးအောက်မှ လှမ်းနှိုက်ရန် ကျွန်တော်
ပြင်လိုက်သည် ။

အိပ်ရာ ခေါင်းရင်းမှာ သူက ကျကျနနထိုင်ပြီး
စားနေတာမို့ ဗိုက်ကို အသာလှပ်ကာ သူ့
နံဘေးမှ တွားသွားသလို မှောက်ပြီးနောက် ...,

ရပြီ.... ။

လွယ်လင့်တကူပါလာသော သော့ကို
ကျွန်တော် တစ်ချက်မျှ ကြည့်ရင်း ၊

" ပြန် ..... "

" ကိုယ် ဗိုက်မပြည့်သေးပါဘူးဆိုမှ
Babe က မြူ စွယ်နေပြန်ပါပြီ "

သူ့အပြောနှင့်အတူ ကျွန်တော့်ဝမ်းဗိုက်ဆီမှ
ခပ်အေးအေး အတွေ့တစ်ခု ။ ညွှတ်ခနဲ
ခွေကျချင်လာတဲ့ ဒူးကိုအသာထိန်းရင်း
ကျွန်တော် မြန်မြန်ထလိုက်မိသည်။

အပြဲတကာ့ထိပ်ခေါင် သူ့ ပေါင်တံနဲ့
အင်္ကျီလွတ်နေသော ကျွန်တော့်ဗိုက်သား
ဖူးစာဆုံသွားသည်ထင်ပါ၏။

" ငါက မြူ စွယ်တာလား ...?
မင်းက အသဲငယ်နေတာလား ....?
ဟမ် ... JEON JUNG KOOK "

" မသိဘူးလေ ၊ ကိုယ်မှ စိတ်မခိုင်တာကို "

" phewwww ... လဲသေလိုက် "

သူ မရီပါ ။ နွေးထွေးသည့် သူ့မျက်ဝန်းများနဲ့
သာ ဆုံလိုက်ရပြီး ကျွန်တော့်ဆီ တရွေ့ရွေ့
တိုးလာတယ် ။ သူ့ အသက်ရှုသံပြင်းပြင်းကို
ကျွန်တော်ရတဲ့အခါ ကြောင်အမ်းစွာဖြင့်
လူက မလှုပ်တော့ ။ မတူစွာပင်  တဒိန်းဒိန်း
ခုန်လာသော ကျွန်တော့်  နှလုံးအိမ်သည်
 နားစည်အား ဖောက်ထွက်မတတ်  ။

" အသဲ ငယ်တာ ဘယ်သူပါလိမ့် ....?
Babe ရင်ခုန်သံတွေတောင် ကြားနေရပြီနော် "

" ..... "

ဆို့ပိတ်နေတဲ့ ကျွန်တော့်နှုတ်ခမ်းလွှာဟာ
စကားဆိုရန် လက်လျော့လိုက်ပုံ ။ ခပ်နွေးနွေး
ပူတက်လာတဲ့ ကျွန်တော့်မျက်နှာကို သူက
မလွတ်တမ်း လိုက်ကြည့်တယ် ။

ခဲညိုရောင် မျက်ဝန်းများနှင့်ဖြင့် ကျွန်တော်
မဆုံချင် ။ ရင်ခုန်ရင် သိသာလွန်းတဲ့ ကျွန်တော့်
အမူအရာကို သူက စဦးမည်မို့  ...၊

" ပြန် ပြန်ရအောင် ... "

သူ ပြုံးကာ ခေါင်းငြိမ့်တော့ ကျွန်တော်
မျက်စောင်းထိုးမိသည်ထင် ။ ဟုတ်၏ ၊
မဟုတ်၏တော့ သေချာမသိ ။

ဒီပတ်ဝန်းကျင်မှာ ကြာကြာမရှိချင်စိတ်က
များနေသောကြောင့်

ကျွန်တော် အပြင်သို့ ခပ်မြန်မြန်
လျှောက်တဲ့အခါ....၊

ပုခုံးပေါ်ကို အုပ်ကျလာတဲ့ တစ်စုံတစ်ခု ။

သားရေဂျာကင်ကို သူက ဆွဲဝတ်ပေးနေခြင်း ။

" မင်း အေးလိမ့်မယ်  "

" ကိုယ်က အသားကျနေပါပြီ ။
Babe မဖျားဖို့ဘဲ အဓိက "

ရင်စို့သည် ဆိုတာက ဒါမျိုးပင် ဖြစ်မည်ထင်။

အသားကျနေပါပြီ ဆိုသော မဆန်းလှသည့်
စကားတစ်ခွန်းက ကျွန်တော့် အသွေးအသား
ထဲ နင့်အောင့်စူးသည် ။

မဆုံခဲ့မိသော ငယ်ဘဝကာလတွေမှာ သူတစ်ယောက် မည်သို့နေခဲ့ပါသနည်း။

အစောင့်ရှောက်ခံ ဘဝတစ်ခု သူ
မရရှိခဲ့ဖူးဘူးလေ။

လမ်းပြကြယ် မရှိပါဘဲ  ဆန်တက်ခဲ့ရသော
လှေငယ်က သမုဒ္ဒရာတစ်ခွင် တိမ်းချင်တိမ်း၊
ယိမ်းချင်ယိမ်းလိမ့်မည် ။ သို့သော် ရေထု
အောက်တော့ ဘယ်သောအခါမှ မနစ်မြုပ် ။

ဘဒ္ဒလောကရဲ့ သင်ခန်းစာများ ကြားမှာ
ကျွန်တော့် အချစ်ရဲ့ပုံက ရဲရဲတောက်လို့  ။

သူ သိပ်ကို ကြံခိုင်လွန်းခဲ့သည်ပဲ ။

#####

ကျွန်တော် မမှီသော သူ့လည်တိုင်ကို
လက်နဲ့လှမ်းဆွဲတော့ အလိုက်သိစွာ
ခါးကိုင်းပေးလာတယ်။

" ငါ့ကို ဘယ်တော့မှ လက်မလွှတ်နဲ့နော်
တန်ဖိုးကြီးတယ် "

" သေချာတာပေါ့ ။ ဒီအဖိုးတန်လေးကို
လုံးဝ လွှတ်မပေးဘူး ။ စိတ်ချ "

ကျောပြင်ပေါ် သိုင်းဖက်လာတဲ့ သူ့လက်ဖဝါး
၏ ညင်သာခြင်း အထိအတွေ့ကို ကျွန်တော်
အလွတ်ကျက်မိတယ် ။

စူးရှရှ သူ့ရနံ့က ကျွန်တော့်  ရင်ကို
အေးစေသည် ။  နွေးအီအီ သူ့စကားက
ကျွန်တော့် ညကို လင်းစေသည် ။
သူ့အရာရာက မြကမ္ဗလာ အဆင်းဖြင့် မတင့်တယ်စေဦးတော့ ၊ ကျွန်တော့်အဖို့မူ
ခမ်းနားထည်ဝါတတ်စမြဲ ။

ဖြစ်နိုင်မည်ဆိုလျှင်  ကျွန်တော် တစ်ဦးတည်း
သာ သိမ်းကြုံးပိုင်ဆိုင်ချင်မိသည်  ။ ပိုတယ်ဟု
ဆိုချင်ဆို ၊အရင်းခံနှလုံးသားတို့အတွက် ကျွန်တော် ဒီမျှတော့ လောဘကြီးသင့်သည်ပေ ။

\\\\\\\\\\ Virus of L♡ ve /////////////

ဆေးစစ်ချက်အောင်မြင်ပြီးသည့်နောက်ပိုင်း
ကျွန်တော် အနေအထိုင်ဆင်ခြင်ရန် ဆုံးဖြတ်
လိုက်သည် ။ အပေါင်းအဖော်များနှင့်လည်း
သိပ်မဆုံဖြစ်တော့သလို ၊ အိမ်ထဲမှာလည်း
အမြဲလိုလိုနေဖြစ်လာသည်။

Hyung ကျန်းမာရေးအခြေအနေကိုလည်း
စောင့်ကြည့်ချင်သေးသည်မို့ အပြင်လောကနှင့်
ခဏ အဆက်ဖြတ်ထားမိတယ် ။

အကူအညီမလိုဘဲနှင့်ပင် hyung က သူ့ဘာသာ
ခါးမတ်နိုင်နေပြီ ။ လမ်းလျှောက်ဖို့အားသန်
နေသော်လည်း အနားပေးခဲ့တာကြာပြီဖြစ်
သော ခြေထောက်ပိုင်းက သူထင်သလောက်
မလှမ်းနိုင်ခဲ့ ။ hyung ကို ကျန်းမာစွာတွေ့ချင် လွန်းသူမှာ ကျွန်တော် ဖြစ်သော်လည်း
မဆုံမိအောင် ရှောင်နေမိသူမှာလည်း
ကျွန်တော်ပင်ဖြစ်နေခဲ့ပြန်သည် ။

Hyung အိပ်မောကျနေချိန်များ အတွင်း၌သာ
သွားကြည့်ဖို့ ရဲသည် ။

မျှော်လင့်တကြီး  မေးမြန်းလာမယ့် hyung
စကားများကို အတွေးနဲ့ပင်  ကျွန်တော် ကြောက်သည် ။ အဖြေရှိသော်လည်း
ဆိုရန်မစွမ်း ။ ဆိုးဆိုးရွားရွား အတိတ်များကို
အနာဟောင်း ပြန် မဆွလို ။ အကောင်း
တစ်ခုမှ မရှိခဲ့ဘူးမို့ Hyung ခဏ မေ့နေပေးပါ
ဟုသာ ကြိတ်ဆုတောင်းမိသည် ။

သူနာပြုများက Hyung အား တစ်ခုခုတိုက်ကျွေး
နေကြပုံ  ။ hyung က ကျောပေးလျက်ရှိ
သောကြောင့် တံခါးဘောင်ကို ကွယ်ရင်း
ကျွန်တော် ရပ်ကြည့်နေမိတယ် ။

Hyung တစ်ခုခုပြောနေပုံရသည် ။ သူနာပြုမ
လေးက ကျွန်တော့်ဆီကို တစ်ချက်လှမ်းကြည့်
တော့ လူက ထိတ်ခနဲ ။

ကျွန်တော် ဒီမှာ နေဖို့မသင့်တော့ ။

သို့သော် ...၊

" လူနာက ရှင့်ကို ခေါ်ပေးပါတဲ့ "

ကျွန်တော် လေးလံစွာ အသိအမှတ်ပြုလိုက်ရင်း၊

" Taehyung !!!!! "

ကျွန်တော် ခေါင်းငုံ့နေမိစဲ ။

" K I M    TAE HY UN G    "

အိပ်ရာထဲလဲနေခဲ့သူလို့ မယုံနိုင်အောင်ကို
hyung အသံက မာတယ် ။

" ပြောလေ ... h...y ...u..n...g... "

" So ... Hee ဘယ်မှာလဲ .... ? "

" မသိဘူး "

ကျွန်တော့်အသံတွေ ပြတ်သားနေခဲ့သည်။
Hyung ကို ပေးမသိချင်ဘူး ။ ကျွန်တော်
ညာမှဖြစ်မည် ။ အချိန်တန်လို့သိကာမှသိ။
အခုတော့ မဖြစ်ဟု နှလုံးသွင်းရင်း ဘူးခံငြင်းမှ
တော်ကာကျမည် ။ hyung သာ လုံးလုံး
နလန်မထူခဲ့ရင်..၊ ဒီလိုတော့ အဖြစ်မခံနိုင်ဘူး။
ကလေးအတွက် hyung ကျန်းမာမှဖြစ်မည်မို့။

" ငါ့ကို မညာနဲ့ ။ မင်းသိတယ် "

" မသိဘူးလို့ ကျွန်တော် ပြောပြီးပြီလေ "

" က လေး ..... "

ကျွန်တော် လက်သီးဆုပ်မိသည် ။

" ရှိ သေး ... လား .... "

Hyung လေသံတွေ တုန်ယင်လာတယ်။

" မသိဘူး ။ ဘာမှ မသိဘူး ။ ကျွန်တော့်ကို
အဲ့တာတွေ လာမမေးနဲ့ ။ Hyung သာ
နေကောင်းအောင်  .... "

ဘုရားရေ ....၊ Hyung ကျွန်တော့် အရှေ့မှာ
မတ်တပ်ရပ်လိုက်သည်လား ။ ဒါမှ မဟုတ်
ကျွန်တော်ကပဲ အမြင်မှားနေမိသလား။

" မြင်လား Taehyung ...  "

" h y u n g ခြေ ထောက် တွေ "

" ကောင်းနေတာ ရက်နည်းနည်းကြာပြီ "

" ဘာလို့ မပြောခဲ့တာလဲ ။ ဘာ . ..လို့ "

" စိတ်မချရသေးလို့ ။ အားလုံးအဆင်သင့်ဖြစ်ပြီ
ဆိုရင် ဒီမြေမှာ မနေဘူး ။ ဖေဖေက So Hee နဲ့
သေရင်တောင် ခွင့်ပြုမှာမဟုတ်လို့  ။ အဲ့တော့
မင်းက ကူညီကွာ .... "

ကျွန်တော့် မျက်လုံးတွေ ပြူးကျယ်ကုန်တယ်။
Hyung မျှော်လင့်ချက်တွေ ၊ Hyung အနာဂတ်
တွေ ၊ Hyung မသိခဲ့တဲ့ ..... .... ကာလတချို့ရဲ့
ပြင်ဆင်ပြောင်းလဲချက်တွေ ....၊

" So Hee ..... "

ပြောလို့မဖြစ်ဘူးဟု ကျွန်တော် တင်းခံပါ
သော်လည်း ၊

" ဘာလဲ .... သူ တခြား ယောကျာ်းတွေ...
ဘာတွေ ..."

" မဟုတ် ဘူးးး "

" ဒါဆို ဘာလဲ မြန်မြန်ပြော !!! တခြားလူတွေ
ဝင်မလာခင် "

" မရှိတော့ဘူး ...So Hee.... သူ  မရှိတော့ဘူး "

မျက်လုံးစုံမှိတ်ပြီး ကျွန်တော်ပြောချလိုက်သည်။
ရင်တွေ ပူလောင်လွန်းလှသည် ။ Hyung ဆို
မည်သို့နေမည်မသိ ။

" မ ရှိေ တာ့  ဘူး တဲ့  လားးး "

ထိုစကားကိုပဲ အထပ်ထပ်အခါခါရွတ်ကာ
ခုတင်ပေါ်သို့ ဖြေးညင်းစွာ ထိုင်ပြီး Hyung
ခေါင်းငိုက်စိုက်နေတယ် ။

" ငါ တော် တော် အဖြစ်မရှိတဲ့ကောင်
ငါက သေသင့်တဲ့ကောင် ...ငါက ကိုယ့်
မိန်းကလေးကိုတောင်...မကာကွယ်ပေးနိုင်တဲ့"

" Hyung အပြစ်မရှိဘူး ။ အားလုံး သူဌေးကြီး
ကြောင့်... အားလုံးသူ့ကြောင့် "

" တောက် !!! "

Hyung က မျက်ရည်ပင်မဝဲ ။ ခံရခက်ခက်ပုံဖြင့်
အံကိုသာ တင်းနေအောင် ကြိတ်ထားသည်။

မာသော စိတ်ထားမှာ ကျဉ်းစူးသော
မျက်စံအိမ်များတွင် အရောင်တလဲ့လဲ့ ။
ပြီးတော့.... မမြင်ခဲ့ဖူးပါသော Hyung
နောင်တတွေကို ကျွန်တော် အခုမြင်နေရသလို။

" ကလေး အသက်ရှင်နေသေးတယ်Hyung"

ချက်ချင်းဆိုသလို ပွင့်ဟလာသော Hyung
နှုတ်ခမ်းများ ။  Hyung က  ကျွန်တော့်
ပုခုံးနှစ်ဖက်ကို တင်းကျပ်စွာ  ဆုပ်ကိုင်ရင်း
ခေါင်းငြိမ့်ပြလိုက်တဲ့ အချိန်မှာ အရာအားလုံးကို ပြောပြဖို့   ကျွန်တော်  အသင့်ဖြစ်နေခဲ့သည်။

\\\\\\\\\\\\Virus of L♡ ve////////////

ငြိမ်နေပြီထင်သော ရာသီဥတုက
ချက်ချင်းဆိုသလို ထဖောက်သည် ။

ကျွန်တော့် ငြင်းဆိုသံကျယ်ကျယ်က
ဧည့်ခန်းထဲမှာ  ပေါ်တစ်လှည့်
ပျောက်တစ်လှည့် ။

" ကျွန်တော် မတွေ့ချင်ဘူးလို့ ပြောပြီးပြီနော် "

" ငါကလည်း စကားကို နှစ်ခါမပြင်ဘူး
မင်းတွေ့ကို တွေ့ရမယ်  "

" ကျစ် .... ဒါဆို အပေးအယူလုပ်မယ် "

ကျွန်တော့်စကားကြောင့် သူဌေးကြီး
မျက်ခုံး ပင့်သွားတယ် ။

" မြို့တော်ဝန်သမီးနဲ့ တွေ့မယ်
ပြီးတာနဲ့ ကျွန်တော်ခရီးထွက်မယ် "

" ဘယ်ကိုလဲ "

" ဂျပန်  "

" ကြာချိန်က "

" အနည်းဆုံး တစ်လ ၊ အများဆုံးနှစ်လ "

"ကြာလှချည်လား ...။ အဲ့လောက်အချိန်
အများကြီးကို ..."

" အဲ့လောက်ကတော့ ကြာမှာပဲ  "

" ကောင်းပြီလေ ။ ကောင်မလေးကိုသာ
ကောင်းကောင်းမွန်မွန်ဆက်ဆံ "

" သေချာတာပေါ့ ကျွန်တော့်ကို မတွေ့ရ
မနေနိုင်တောင် ဖြစ်ရင်ဖြစ်သွားဦးမှာ"

ကျွန်တော် အရွဲ့စကားကို သူဌေးကြီးက
တဟင်းဟင်းရယ်တယ် ။

" ဒါပေမဲ့ တစ်ခုတော့ရှိတယ် ငါ့လူ
တစ်ယောက် ထည့်ဖို့ မင်းလက်ခံရမယ် "

" နေစမ်းပါဦး ... ။ သူဌေးကြီးက ကျွန်တော့်ကို
ဘာကြောင့်အရိပ်တကြည့်ကြည့်ဖြစ်နေတာလဲ
မချစ်ဘူးမလား ၊ သားတစ်ယောက်လို
ဘယ်တုန်းကမှ မချစ်ခဲ့ဘူးမလား ။
ဘာမှ အသုံးမဝင်တဲ့ကောင်လေ ၊ ကျွန်တော့်
ကို လွှတ်ထားပေးပါလား ဟင်.. ..ကျေးဇူးပြု၍ "

" ငါသာ မရှိရင် မင်းဒီအချိန်အထိ အသက်
ရှင်မနေဘူး...၊ ငါ့အရိပ်အောက်မှာမို့လို့ မင်းကို
ဘယ်သူမှ လွန်လွန်ကျူးကျူးမလုပ်ရဲတာ
အဲ့တာရော နားလည်ရဲ့လား "

"  မလိုပါဘူး ။ သေလည်း အေးတာပဲ ။ 
သူများအလိုတော်ကျ နေရတဲ့
ဘဝထက်တော့ သာတယ် "

" လက်တွေ့မှာ မနေသမျှ ကာလပတ်လုံးတော့
မင်း ...သူများလက်အောက်မှာပဲ "

သူဌေးကြီးက လက်ညိုးထိုးကာ ဆိုတယ်။
ကျွန်တော့် နာကျည်းစက်ဆုပ်စိတ်တွေသည်
လည်း တမဟုတ်ချင်း ဆင့်၍ ၊ ဆင့်၍ ။

" လက်တွေ့ ဟုတ်လား ?  ဘာက
လက်တွေ့လဲ ?  ဘယ်လိုပေတံတွေနဲ့
တိုင်းတာလဲ? ကျွန်တော်က အများကြီး
မတွေးဘူး သူဌေးကြီး ။ ကျွန်တော်
ပျော်တဲ့ဘဝက လက်တွေ့ဆန်တာ
ပဲဖြစ်ဖြစ် ၊ မဆန်တာပဲဖြစ်ဖြစ် ၊ ကျွန်တော်
တန်ဖိုးထားတယ် ။ ကျွန်တော် ကျေနပ်တယ် "

" အဲ့ ခံယူချက်တွေ ကျိုးမယ့်အချိန်
ရှိလာမှာပါ ... ။ ဘာပဲဖြစ်ဖြစ် လူထည့်
ပေးမဲ့ ကိစ္စကိုတော့  မပြင်နိုင်ဘူး "

အရံသင့်ဖွင့်ပေးလာတဲ့ ကားပေါ်ကို
သူဌေးကြီး တက်သွားခဲ့သည်။ အသက်မဲ့စွာ
ကျွန်တော် မတ်တပ်ရပ်နေမိတုန်းပဲ ။

သူဌေးကြီးရဲ့ လူသာ ပါလာခဲ့ရင် ခွဲစိတ်ခံဖို့
ကိစ္စတွေ အားလုံးလွဲချော်ကုန်မှာ ။
သိသွားခဲ့ရင် ကလေးဆိုပြီးလည်း ညှာတာ
နေမှာမဟုတ် ။ အငယ်အနှောင်းထားပြီး
ရလာတဲ့ ရင်သွေးတောင် သွေးအေးအေး
ဖျက်ချခိုင်းခဲ့သူလို့ သတင်းထွက်ခဲ့တာမို့ ၊ 
ကျွန်တော် စိတ်ပူသည် ။

Feng အကူအညီတော့ ကျိန်းသေပေါက်
လိုကိုလိုမှာ ။ အဆင်ပြေရင် ကောင်းမည်
မဟုတ် ၊ ပြေကိုပြေတာတောင် ကောင်းသည်
ဆိုရုံသာသာရှိမှာ ။

\\\\\\\\\\\ Virus of L♡ ve ///////////

ပုံရိပ်ဖော်ကာ သူမကို မှန်းကြည့်ရန် မလို ။
သူဌေးကြီးပေးခဲ့ဖူးသော ဓာတ်ပုံအရတော့
သိမ်သိမ့်မွေ့မွေ့ရှိမှန်း သိသာသည်။

ရုပ်ရည် လှသည်၊မလှသည် ဆိုတာ ကျွန်တော်
စိတ်မဝင်စားတော့ ။ JEON JUNG KOOK ထံအပိုင်စားပေးပြီးသား နှလုံးသားနှင့်မို့
သမာဓိအား ကောင်းလာသည် ဆိုရမည် ။

သူမနှင့် သဟဇာတဖြစ်ဖို့ အရေးကြီးသည်။
သို့ဖြစ်ပါ၍ ... ရှိသမျှ နားကပ်ချွတ်သိမ်းရ
တော့သည် ။

ကျွန်တော့်လိုပင် ဒီကိစ္စကို ကန့်ကွက်သူ
ဖြစ်နေပါက Kim Taehyung တို့
အကွက်လှလှ သုံးစရာမလိုတော့ ။
သမီးလိမ္မာဖြစ်နေရင်တော့ ကျွန်တော်
ကံဆိုးသည်သာ မှတ်ပြီး မီးစင်ကြည့်က
ရပေဦးမည် ။

ဗီဒိုတစ်ခုလုံး တုံးလုံးလဲမတတ် ကောင်းနိုး
ရာရာ ကျွန်တော် ရှာပါသော်လည်း
စိတ်တိုင်းကျစရာ တစ်ထည်တစ်လေမှ မတွေ့။

အများစုမှာ ဂျင်းအတိုအစများသာ ဖြစ်ပြီး
တီရှပ်နဲ့ အင်္ကျီကြောင်ကြောင်ကြားကြားတွေ။

ဘယ်လိုလုပ်ရပါ့မလဲ ?

" Jung Kook.... အားလားဟင် "

" မ အား ဘူး "

တစ်လုံးချင်း ပြောချလိုက်သော ဖုန်းထဲမှ
သူ့စကားကြောင့် ကျွန်တော်နင်သွားရပါသည်။

မနေ့ညက ကျွန်တော်ပြောပြမိသော
မိန်းကလေးအကြောင်းကြောင့် သူစိတ်ဆိုး
သွားပုံရသည် ။ ကျွန်တော်မလန့်မိဘဲ
သူစိတ်ဆိုးရင် ဘယ်လိုပုံရှိလိမ့်မလဲဟု
တွေးတွေးပြီး အူတက်နေရသည်။

" တကယ် စိတ်ပူစရာမရှိပါဘူးဆို
ကောင်မလေးက အေးမဲ့ပုံပါ "

" ...... "

" အချစ် နော် .... နော် စိတ်မဆိုးနဲ့တော့လို့ "

"...... "

ဖုန်းကြီးကိုင်ရင်း ကျွန်တော်အသဲယားလာရသည်။

ပြောဖို့အိမ်မက်တောင် မမက်ဖူးတဲ့ စကားတွေကို ဒင်းစနက်ကြောင့် ။

" ဘာဖြစ်တယ် ခုနက "

" စိတ်မပူနဲ့လို့ "

" အဲ့တာ မဟုတ်ဘူး ။ နောက်တစ်ခွန်းလေ
အချစ် ဆိုလား ဘာလား "

စကားနဲ့ပါ အသားမရရင် အရိုးလှီးယူမယ်
ဆိုတဲ့သူမျိုး ။ Jeon Jung Kook ဆိုတဲ့
ကောင်ကို ပိတ်ပိတ်တီးပစ်ချင်စိတ်တွေမှ
မဟားဒယား ။

ဒါပေမဲ့ ..... ၊

ဖုန်းထဲမှာမို့ မချိတင်ကဲ ကျွန်တော့်ဒေါသတွေ
ပြန်လျောချလိုက်ရသည် ။

" ငါ အင်္ကျီအဆင်မပြေဘူး .... အ.     .. ချ စ် "

တစ်လုံးနှင့်တစ်လုံး တစ်မိုင်လောက်ခြားပြီး
ကျွန်တော်ပြောတော့ ပျော့ပျောင်းလာတဲ့
သူ့လေသံ ။ အီစီကလီဇာတ်လမ်း တစ်ခန်း
ရိုက်လို့ ရကောင်းနိုင်သည် ။ တကယ့်ကို
အနုအယွဆိုတာမျိုးမှ... ဒင်းက ။

" ဘာ ဝတ်သွားမှာလဲ ..babe က? ..... "

" နည်းနည်း လူကြီးဆန်ပြီး တည်ငြိမ်တာမျိုး"

" အရောင်မှိုင်းတာရွေးကြည့်ပါလား "

" ငါပြမယ် ခဏ "

သူပြောသလို ရွေးကြည့်တော့ မဆိုး ။
သုံးလေးစုံရှာကြည့်ပြီးတဲ့ နောက်မှာ
ခုနက သဘောမတွေ့ခဲ့တဲ့ အင်္ကျီတွေကို
မျက်စိပြန်ကျလာတဲ့ ကျွန်တော် ။

သူပြောသမျှ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း
ကျွန်တော် ပြင်ဆင်ကြည့်လိုက်သည် ။

အရမ်းကြီးမဟုတ်ပေမဲ့ အဆင်ပြေ
သည်ဟု ခံစားရသည် ။

" မင်းက ဒါလည်း တော်တာပဲ "

" အချစ်လို့ မခေါ်တော့ဘူးပေါ့ "

" ဆုတောင်းလေ ... မသေမချင်း "

" B A B E E E ..... "

" ဖုန်းချလိုက်ပြီ "

လေးလံနေတဲ့ စိတ်တွေ ခပ်မြူးမြူး
ဖြစ်သွားသလိုမျိုး ။ အဲ့တာ ဝဋ်လည်တယ်
ခေါ်တယ် Jeon Jung Kook ရဲ့ ။

______________TBC

Is it so boring , right ?
Miyanae TT

THX U
LOVE U
SARANGHAE ALL MY READERS


___________________________________

(Zawgyi)

ေျမျပင္ေပၚ ေျခမထိဘဲ အေကာင္းတကာ့
အေကာင္းဆံုး ပို႔ေဆာင္ေရးယာဥ္တို႔ကို
အားျပဳ ခဲ့ေသာ ႏွစ္ႏွစ္ဆယ္တာ ကာလရဲ႕
မူဆိုး တခ်ိဳ႕က ပစၥဳန္ပၸန္မွာေတာင္ တစ္ခါတစ္ေလ
ကြၽန္ေတာ့္အေပၚ သက္ေရာက္တတ္သည္ထင္။

ေသြးေျခဥေနတဲ့ ေျခဖဝါးနုနုကို
ကြၽန္ေတာ္ မႏွစ္ၿမိဳ ႕ ။ နာစရာရယ္လို႔
မသတ္မွတ္ေပမဲ့လည္း ကိုက္ခဲတတ္တဲ့
သဘာဝအရ ကြၽန္ေတာ္ ့မ်က္ႏွာ 
တစ္ခ်က္တစ္ခ်က္ေတာ့ ပ်က္သြားလိမ့္မည္။

အသီးအရြက္အစံု ေရာႁပြန္းေနတဲ့ ေခါက္ဆဲြ
ျပဳတ္ကို ပါးစပ္ထဲသို႔ အတင္းထိုးသြင္းရင္း
ပလုပ္ပေလာင္းစားေနတဲ့သူ႕ပံုက ဟန္မာယာ
မ်ားတဲ့လူသားလို႔ကို ထင္ရက္စရာ မ႐ွိဘူး ။

ေရြ႕လ်ားျခင္း ကင္းမဲ့တယ္လို႔ ယူဆမိတဲ့
အခ်ိန္ယႏၱရားေတြ အလယ္မွာ  ဤလူသားက
ကြၽန္ေတာ့္ ဒဏ္ရာမ်ားကို ေမ့ေစႏိုင္စြမ္းသည္ထင္။

ကြၽန္ေတာ့္ရင္ဟာ ေအးျမျမ ။

" babe မ်က္ႏွာႀကီးကလည္း "

အလုတ္အေလြးေသြးရင္း ေျပာလာတာမို႔
ကြၽန္ေတာ္ ေနာက္ကို နည္းနည္းဆုတ္
မိတယ္ ။ ဒါေတာင္ ေလးငါးစက္ေလာက္
ကေတာ့ အသာေလး လာစင္တာ ။

" ငါ့ မ်က္ႏွာက ဘာျဖစ္ေနလို႔လဲ "

" မဲ့ေနတာေလ "

ကြၽန္ေတာ္ ျပံဳးေနခဲ့တာပါ ။
ဒါမွ မဟုတ္ ....၊ မဲ့ခ်င္လည္း မဲ့မိမွာေပါ့ ။ 

တြန္႕ကုပ္ကာ ဆိုေနတဲ့ သူ႔ဟန္က
ကြၽန္ေတာ့္အား ဆူပူေနခ်င္သည့္ႏွယ္ ။

ကြၽန္ေတာ့္ မ်က္ႏွာ အတင္အက်တိုင္းကို
အထအန လိုက္ေကာက္တတ္သည္က
သူ႔ အက်င့္ ။

ႏႈတ္ခမ္းေထာင့္စြန္း ခ်ိဳင့္ဝင္ေအာင္ကို
ခပ္မာမာညစ္ျပံဳးႏွင့္ ကြၽန္ေတာ္
စိုက္ၾကည့္တဲ့အခါ ၊

လိႈက္ခနဲ ထြက္လာတဲ့ သူ႔ရီသံခ်ိဳ ခ်ိဳ ။

" ကိုယ္ ဒါေလးပဲ စားမိတာကိုကြာ ...။
ျဖစ္ပ်က္ေနတဲ့ ႐ုပ္ကေလးကလည္း ၊
လူယုတ္မာေလးက်လို႔  ...."

" ဘာ !!!! JEON JUNG KOOKK မင္း "

ကြၽန္ေတာ့္ မ်က္ေထာင့္နီကို သူေၾကာက္ပံုမရ။
ေခါက္ဆဲြျပဳတ္ပူပူကိုသာ  အာရံုက်က်
ျပန္စားေနေလရဲ႕ ။ ကြၽန္ေတာ္ မစားရလို႔ဆိုၿပီး
ဘာ ျငဴ စူစရာ႐ွိမလဲ ။ မစားခ်င္ဘူးဆိုၿပီးေတာင္
ေခါင္းခါခဲ့တာ သူအသိကို ... ။

ကြၽန္ေတာ့္ စိတ္ကို ၿငိမ္ေအာင္ သူဘယ္ေတာ့မွ
မထား ။ တစ္ခုမဟုတ္ ၊ တစ္ခုနဲ႔ လာလာဆြ
ေပးေနတဲ့ ေပါက္ခြၽန္းေလး အတိုင္းပဲ ။

အသက္႐ႈသံ မွန္မွန္ထားရင္း အိမ္ခန္းေသာ့ကို
ေခါင္းအံုးေအာက္မွ လွမ္းႏိႈက္ရန္ ကြၽန္ေတာ္
ျပင္လိုက္သည္ ။

အိပ္ရာ ေခါင္းရင္းမွာ သူက က်က်နနထိုင္ၿပီး
စားေနတာမို႔ ဗိုက္ကို အသာလွပ္ကာ သူ႕
နံေဘးမွ တြားသြားသလို ေမွာက္ၿပီးေနာက္ ...,

ရၿပီ.... ။

လြယ္လင့္တကူပါလာေသာ ေသာ့ကို
ကြၽန္ေတာ္ တစ္ခ်က္မွ် ၾကည့္ရင္း ၊

" ျပန္ ..... "

" ကိုယ္ ဗိုက္မျပည့္ေသးပါဘူးဆိုမွ
Babe က ျမဴ စြယ္ေနျပန္ပါၿပီ "

သူ႔အေျပာႏွင့္အတူ ကြၽန္ေတာ့္ဝမ္းဗိုက္ဆီမွ
ခပ္ေအးေအး အေတြ႕တစ္ခု ။ ၫႊတ္ခနဲ
ေခြက်ခ်င္လာတဲ့ ဒူးကိုအသာထိန္းရင္း
ကြၽန္ေတာ္ ျမန္ျမန္ထလိုက္မိသည္။

အျပဲတကာ့ထိပ္ေခါင္ သူ႔ ေပါင္တံနဲ႔
အက်ႌလြတ္ေနေသာ ကြၽန္ေတာ့္ဗိုက္သား
ဖူးစာဆံုသြားသည္ထင္ပါ၏။

" ငါက ျမဴ စြယ္တာလား ...?
မင္းက အသဲငယ္ေနတာလား ....?
ဟမ္ ... JEON JUNG KOOK "

" မသိဘူးေလ ၊ ကိုယ္မွ စိတ္မခိုင္တာကို "

" phewwww ... လဲေသလိုက္ "

သူ မရီပါ ။ ေႏြးေထြးသည့္ သူ႔မ်က္ဝန္းမ်ားနဲ႔
သာ ဆံုလိုက္ရၿပီး ကြၽန္ေတာ့္ဆီ တေရြ႕ေရြ႕
တိုးလာတယ္ ။ သူ႔ အသက္႐ႈသံျပင္းျပင္းကို
ကြၽန္ေတာ္ရတဲ့အခါ ေၾကာင္အမ္းစြာျဖင့္
လူက မလႈပ္ေတာ့ ။ မတူစြာပင္  တဒိန္းဒိန္း
ခုန္လာေသာ ကြၽန္ေတာ့္  ႏွလံုးအိမ္သည္
 နားစည္အား ေဖာက္ထြက္မတတ္  ။

" အသဲ ငယ္တာ ဘယ္သူပါလိမ့္ ....?
Babe ရင္ခုန္သံေတြေတာင္ ၾကားေနရၿပီေနာ္ "

" ..... "

ဆို႔ပိတ္ေနတဲ့ ကြၽန္ေတာ့္ႏႈတ္ခမ္းလႊာဟာ
စကားဆိုရန္ လက္ေလ်ာ့လိုက္ပံု ။ ခပ္ေႏြးေႏြး
ပူတက္လာတဲ့ ကြၽန္ေတာ့္မ်က္ႏွာကို သူက
မလြတ္တမ္း လိုက္ၾကည့္တယ္ ။

ခဲညိဳေရာင္ မ်က္ဝန္းမ်ားႏွင့္ျဖင့္ ကြၽန္ေတာ္
မဆံုခ်င္ ။ ရင္ခုန္ရင္ သိသာလြန္းတဲ့ ကြၽန္ေတာ့္
အမူအရာကို သူက စဦးမည္မို ႔ ...၊

" ျပန္ ျပန္ရေအာင္ ... "

သူ ျပံဳးကာ ေခါင္းၿငိမ့္ေတာ့ ကြၽန္ေတာ္
မ်က္ေစာင္းထိုးမိသည္ထင္ ။ ဟုတ္၏ ၊
မဟုတ္၏ေတာ့ ေသခ်ာမသိ ။

ဒီပတ္ဝန္းက်င္မွာ ၾကာၾကာမ႐ွိခ်င္စိတ္က
မ်ားေနေသာေၾကာင့္

ကြၽန္ေတာ္ အျပင္သို႔ ခပ္ျမန္ျမန္
ေလွ်ာက္တဲ့အခါ....၊

ပုခံုးေပၚကို အုပ္က်လာတဲ့ တစ္စံုတစ္ခု ။

သားေရဂ်ာကင္ကို သူက ဆဲြဝတ္ေပးေနျခင္း ။

" မင္း ေအးလိမ့္မယ္  "

" ကိုယ္က အသားက်ေနပါၿပီ ။
Babe မဖ်ားဖို႔ဘဲ အဓိက "

ရင္စို႔သည္ ဆိုတာက ဒါမ်ိဳးပင္ ျဖစ္မည္ထင္။

အသားက်ေနပါၿပီ ဆိုေသာ မဆန္းလွသည့္
စကားတစ္ခြန္းက ကြၽန္ေတာ့္ အေသြးအသား
ထဲ နင့္ေအာင့္စူးသည္ ။

မဆံုခဲ့မိေသာ ငယ္ဘဝကာလေတြမွာ သူတစ္ေယာက္ မည္သို႔ေနခဲ့ပါသနည္း။

အေစာင့္ေ႐ွာက္ခံ ဘဝတစ္ခု သူ
မရ႐ွိခဲ့ဖူးဘူးေလ။

လမ္းျပၾကယ္ မ႐ွိပါဘဲ  ဆန္တက္ခဲ့ရေသာ
ေလွငယ္က သမုဒၵရာတစ္ခြင္ တိမ္းခ်င္တိမ္း၊
ယိမ္းခ်င္ယိမ္းလိမ့္မည္ ။ သို႔ေသာ္ ေရထု
ေအာက္ေတာ့ ဘယ္ေသာအခါမွ မနစ္ျမဳပ္ ။

ဘဒၵေလာကရဲ႕ သင္ခန္းစာမ်ား ၾကားမွာ
ကြၽန္ေတာ့္ အခ်စ္ရဲ႕ပံုက ရဲရဲေတာက္လို႔  ။

သူ သိပ္ကို ၾကံခိုင္လြန္းခဲ့သည္ပဲ ။

#####

ကြၽန္ေတာ္ မမွီေသာ သူ႔လည္တိုင္ကို
လက္နဲ႔လွမ္းဆဲြေတာ့ အလိုက္သိစြာ
ခါးကိုင္းေပးလာတယ္။

" ငါ့ကို ဘယ္ေတာ့မွ လက္မလႊတ္နဲ႔ေနာ္
တန္ဖိုးႀကီးတယ္ "

" ေသခ်ာတာေပါ့ ။ ဒီအဖိုးတန္ေလးကို
လံုးဝ လႊတ္မေပးဘူး ။ စိတ္ခ် "

ေက်ာျပင္ေပၚ သိုင္းဖက္လာတဲ့ သူ႔လက္ဖဝါး
၏ ညင္သာျခင္း အထိအေတြ႕ကို ကြၽန္ေတာ္
အလြတ္က်က္မိတယ္ ။

စူး႐ွ႐ွ သူ႔ရနံ႔က ကြၽန္ေတာ့္  ရင္ကို
ေအးေစသည္ ။  ေႏြးအီအီ သူ႔စကားက
ကြၽန္ေတာ့္ ညကို လင္းေစသည္ ။
သူ႔အရာရာက ျမကမၺလာ အဆင္းျဖင့္ မတင့္တယ္ေစဦးေတာ့ ၊ ကြၽန္ေတာ့္အဖို႔မူ
ခမ္းနားထည္ဝါတတ္စျမဲ ။

ျဖစ္ႏိုင္မည္ဆိုလွ်င္  ကြၽန္ေတာ္ တစ္ဦးတည္း
သာ သိမ္းၾကံဳးပိုင္ဆိုင္ခ်င္မိသည္  ။ ပိုတယ္ဟု
ဆိုခ်င္ဆို ၊အရင္းခံႏွလံုးသားတို႔အတြက္ ကြၽန္ေတာ္ ဒီမွ်ေတာ့ ေလာဘႀကီးသင့္သည္ေပ ။

\\\\\\\\\\ Virus of L♡ ve /////////////

ေဆးစစ္ခ်က္ေအာင္ျမင္ၿပီးသည့္ေနာက္ပိုင္း
ကြၽန္ေတာ္ အေနအထိုင္ဆင္ျခင္ရန္ ဆံုးျဖတ္
လိုက္သည္ ။ အေပါင္းအေဖာ္မ်ားႏွင့္လည္း
သိပ္မဆံုျဖစ္ေတာ့သလို ၊ အိမ္ထဲမွာလည္း
အျမဲလိုလိုေနျဖစ္လာသည္။

Hyung က်န္းမာေရးအေျခအေနကိုလည္း
ေစာင့္ၾကည့္ခ်င္ေသးသည္မို႔ အျပင္ေလာကႏွင့္
ခဏ အဆက္ျဖတ္ထားမိတယ္ ။

အကူအညီမလိုဘဲႏွင့္ပင္ hyung က သူ႔ဘာသာ
ခါးမတ္ႏိုင္ေနၿပီ ။ လမ္းေလွ်ာက္ဖို႔အားသန္
ေနေသာ္လည္း အနားေပးခဲ့တာၾကာၿပီျဖစ္
ေသာ ေျခေထာက္ပိုင္းက သူထင္သေလာက္
မလွမ္းႏိုင္ခဲ့ ။ hyung ကို က်န္းမာစြာေတြ႕ခ်င္ လြန္းသူမွာ ကြၽန္ေတာ္ ျဖစ္ေသာ္လည္း
မဆံုမိေအာင္ ေ႐ွာင္ေနမိသူမွာလည္း
ကြၽန္ေတာ္ပင္ျဖစ္ေနခဲ့ျပန္သည္ ။

Hyung အိပ္ေမာက်ေနခ်ိန္မ်ား အတြင္း၌သာ
သြားၾကည့္ဖို႔ ရဲသည္ ။

ေမွ်ာ္လင့္တႀကီး  ေမးျမန္းလာမယ့္ hyung
စကားမ်ားကို အေတြးနဲ႔ပင္  ကြၽန္ေတာ္ ေၾကာက္သည္ ။ အေျဖ႐ွိေသာ္လည္း
ဆိုရန္မစြမ္း ။ ဆိုးဆိုးရြားရြား အတိတ္မ်ားကို
အနာေဟာင္း ျပန္ မဆြလို ။ အေကာင္း
တစ္ခုမွ မ႐ွိခဲ့ဘူးမို႔ Hyung ခဏ ေမ့ေနေပးပါ
ဟုသာ ႀကိတ္ဆုေတာင္းမိသည္ ။

သူနာျပဳမ်ားက Hyung အား တစ္ခုခုတိုက္ေကြၽး
ေနၾကပံု  ။ hyung က ေက်ာေပးလ်က္႐ွိ
ေသာေၾကာင့္ တံခါးေဘာင္ကို ကြယ္ရင္း
ကြၽန္ေတာ္ ရပ္ၾကည့္ေနမိတယ္ ။

Hyung တစ္ခုခုေျပာေနပံုရသည္ ။ သူနာျပဳမ
ေလးက ကြၽန္ေတာ့္ဆီကို တစ္ခ်က္လွမ္းၾကည့္
ေတာ့ လူက ထိတ္ခနဲ ။

ကြၽန္ေတာ္ ဒီမွာ ေနဖို႔မသင့္ေတာ့ ။

သို႔ေသာ္ ...၊

" လူနာက ႐ွင့္ကို ေခၚေပးပါတဲ့ "

ကြၽန္ေတာ္ ေလးလံစြာ အသိအမွတ္ျပဳလိုက္ရင္း၊

" Taehyung !!!!! "

ကြၽန္ေတာ္ ေခါင္းငံု႕ေနမိစဲ ။

" K I M    TAE HY UN G    "

အိပ္ရာထဲလဲေနခဲ့သူလို႔ မယံုႏိုင္ေအာင္ကို
hyung အသံက မာတယ္ ။

" ေျပာေလ ... h...y ...u..n...g... "

" So ... Hee ဘယ္မွာလဲ .... ? "

" မသိဘူး "

ကြၽန္ေတာ့္အသံေတြ ျပတ္သားေနခဲ့သည္။
Hyung ကို ေပးမသိခ်င္ဘူး ။ ကြၽန္ေတာ္
ညာမွျဖစ္မည္ ။ အခ်ိန္တန္လို႔သိကာမွသိ။
အခုေတာ့ မျဖစ္ဟု ႏွလံုးသြင္းရင္း ဘူးခံျငင္းမွ
ေတာ္ကာက်မည္ ။ hyung သာ လံုးလံုး
နလန္မထူခဲ့ရင္..၊ ဒီလိုေတာ့ အျဖစ္မခံႏိုင္ဘူး။
ကေလးအတြက္ hyung က်န္းမာမွျဖစ္မည္မို႔။

" ငါ့ကို မညာနဲ႔ ။ မင္းသိတယ္ "

" မသိဘူးလို႔ ကြၽန္ေတာ္ ေျပာၿပီးၿပီေလ "

" က ေလး ..... "

ကြၽန္ေတာ္ လက္သီးဆုပ္မိသည္ ။

" ႐ွိ ေသး ... လား .... "

Hyung ေလသံေတြ တုန္ယင္လာတယ္။

" မသိဘူး ။ ဘာမွ မသိဘူး ။ ကြၽန္ေတာ့္ကို
အဲ့တာေတြ လာမေမးနဲ႔ ။ Hyung သာ
ေနေကာင္းေအာင္  .... "

ဘုရားေရ ....၊ Hyung ကြၽန္ေတာ့္ အေ႐ွ႕မွာ
မတ္တပ္ရပ္လိုက္သည္လား ။ ဒါမွ မဟုတ္
ကြၽန္ေတာ္ကပဲ အျမင္မွားေနမိသလား။

" ျမင္လား Taehyung ...  "

" h y u n g ေ ျခ ေ ထ ာ က ္ ေ တ ြ "

" ေကာင္းေနတာ ရက္နည္းနည္းၾကာၿပီ "

" ဘာလို႔ မေျပာခဲ့တာလဲ ။ ဘာ . ..လို႔ "

" စိတ္မခ်ရေသးလို႔ ။ အားလံုးအဆင္သင့္ျဖစ္ၿပီ
ဆိုရင္ ဒီေျမမွာ မေနဘူး ။ ေဖေဖက So Hee နဲ႔
ေသရင္ေတာင္ ခြင့္ျပဳမွာမဟုတ္လို႔  ။ အဲ့ေတာ့
မင္းက ကူညီကြာ .... "

ကြၽန္ေတာ့္ မ်က္လံုးေတြ ျပဴ းက်ယ္ကုန္တယ္။
Hyung ေမွ်ာ္လင့္ခ်က္ေတြ ၊ Hyung အနာဂတ္
ေတြ ၊ Hyung မသိခဲ့တဲ့ ..... .... ကာလတခ်ိဳ႕ရဲ႕
ျပင္ဆင္ေျပာင္းလဲခ်က္ေတြ ....၊

" So Hee ..... "

ေျပာလို႔မျဖစ္ဘူးဟု ကြၽန္ေတာ္ တင္းခံပါ
ေသာ္လည္း ၊

" ဘာလဲ .... သူ တျခား ေယာက်ာ္းေတြ...
ဘာေတြ ..."

" မဟုတ္ ဘူးးး "

" ဒါဆို ဘာလဲ ျမန္ျမန္ေျပာ !!! တျခားလူေတြ
ဝင္မလာခင္ "

" မ႐ွိေတာ့ဘူး ...So Hee.... သူ  မ႐ွိေတာ့ဘူး "

မ်က္လံုးစံုမိွတ္ၿပီး ကြၽန္ေတာ္ေျပာခ်လိုက္သည္။
ရင္ေတြ ပူေလာင္လြန္းလွသည္ ။ Hyung ဆို
မည္သို႔ေနမည္မသိ ။

" မ ႐ွိ ေ တာ ့ ဘူ း တ ဲ ့ လ ာ း း း "

ထိုစကားကုိပဲ အထပ္ထပ္အခါခါရြတ္ကာ
ခုတင္ေပၚသို႔ ေျဖးညင္းစြာ ထိုင္ၿပီး Hyung
ေခါင္းငိုက္စိုက္ေနတယ္ ။

" ငါ ေတာ္ ေတာ္ အျဖစ္မ႐ွိတဲ့ေကာင္
ငါက ေသသင့္တဲ့ေကာင္ ...ငါက ကိုယ့္
မိန္းကေလးကိုေတာင္...မကာကြယ္ေပးႏိုင္တဲ့"

" Hyung အျပစ္မ႐ွိဘူး ။ အားလံုး သူေဌးႀကီး
ေၾကာင့္... အားလံုးသူ႔ေၾကာင့္ "

" ေတာက္ !!! "

Hyung က မ်က္ရည္ပင္မဝဲ ။ ခံရခက္ခက္ပံုျဖင့္
အံကိုသာ တင္းေနေအာင္ ႀကိတ္ထားသည္။

မာေသာ စိတ္ထားမွာ က်ဥ္းစူးေသာ
မ်က္စံအိမ္မ်ားတြင္ အေရာင္တလဲ့လဲ့ ။
ၿပီးေတာ့.... မျမင္ခဲ့ဖူးပါေသာ Hyung
ေနာင္တေတြကုိ ကြၽန္ေတာ္ အခုျမင္ေနရသလို။

" ကေလး အသက္႐ွင္ေနေသးတယ္Hyung"

ခ်က္ခ်င္းဆိုသလို ပြင့္ဟလာေသာ Hyung
ႏႈတ္ခမ္းမ်ား ။  Hyung က  ကြၽန္ေတာ့္
ပုခံုးႏွစ္ဖက္ကို တင္းက်ပ္စြာ  ဆုပ္ကိုင္ရင္း
ေခါင္းၿငိမ့္ျပလိုက္တဲ့ အခ်ိန္မွာ အရာအားလံုးကို ေျပာျပဖို႔   ကြၽန္ေတာ္  အသင့္ျဖစ္ေနခဲ့သည္။

\\\\\\\\\\\\Virus of L♡ ve////////////

ၿငိမ္ေနၿပီထင္ေသာ ရာသီဥတုက
ခ်က္ခ်င္းဆိုသလို ထေဖာက္သည္ ။

ကြၽန္ေတာ့္ ျငင္းဆိုသံက်ယ္က်ယ္က
ဧည့္ခန္းထဲမွာ  ေပၚတစ္လွည့္
ေပ်ာက္တစ္လွည့္ ။

" ကြၽန္ေတာ္ မေတြ႕ခ်င္ဘူးလို႔ ေျပာၿပီးၿပီေနာ္ "

" ငါကလည္း စကားကို ႏွစ္ခါမျပင္ဘူး
မင္းေတြ႕ကို ေတြ႕ရမယ္  "

" က်စ္ .... ဒါဆို အေပးအယူလုပ္မယ္ "

ကြၽန္ေတာ့္စကားေၾကာင့္ သူေဌးႀကီး
မ်က္ခံုး ပင့္သြားတယ္ ။

" ၿမိဳ႕ေတာ္ဝန္သမီးနဲ႔ ေတြ႕မယ္
ၿပီးတာနဲ႔ ကြၽန္ေတာ္ခရီးထြက္မယ္ "

" ဘယ္ကိုလဲ "

" ဂ်ပန္  "

" ၾကာခ်ိန္က "

" အနည္းဆံုး တစ္လ ၊ အမ်ားဆံုးႏွစ္လ "

"ၾကာလွခ်ည္လား ...။ အဲ့ေလာက္အခ်ိန္
အမ်ားႀကီးကို ..."

" အဲ့ေလာက္ကေတာ့ ၾကာမွာပဲ  "

" ေကာင္းၿပီေလ ။ ေကာင္မေလးကိုသာ
ေကာင္းေကာင္းမြန္မြန္ဆက္ဆံ "

" ေသခ်ာတာေပါ့ ကြၽန္ေတာ့္ကို မေတြ႕ရ
မေနႏိုင္ေတာင္ ျဖစ္ရင္ျဖစ္သြားဦးမွာ"

ကြၽန္ေတာ္ အရဲြ႕စကားကို သူေဌးႀကီးက
တဟင္းဟင္းရယ္တယ္ ။

" ဒါေပမဲ့ တစ္ခုေတာ့႐ွိတယ္ ငါ့လူ
တစ္ေယာက္ ထည့္ဖို႔ မင္းလက္ခံရမယ္ "

" ေနစမ္းပါဦး ... ။ သူေဌးႀကီးက ကြၽန္ေတာ့္ကို
ဘာေၾကာင့္အရိပ္တၾကည့္ၾကည့္ျဖစ္ေနတာလဲ
မခ်စ္ဘူးမလား ၊ သားတစ္ေယာက္လို
ဘယ္တုန္းကမွ မခ်စ္ခဲ့ဘူးမလား ။
ဘာမွ အသံုးမဝင္တဲ့ေကာင္ေလ ၊ ကြၽန္ေတာ့္
ကို လႊတ္ထားေပးပါလား ဟင္.. ..ေက်းဇူးျပဳ၍ "

" ငါသာ မ႐ွိရင္ မင္းဒီအခ်ိန္အထိ အသက္
႐ွင္မေနဘူး...၊ ငါ့အရိပ္ေအာက္မွာမို႔လို႔ မင္းကို
ဘယ္သူမွ လြန္လြန္က်ဴ းက်ဴ းမလုပ္ရဲတာ
အဲ့တာေရာ နားလည္ရဲ႕လား "

"  မလိုပါဘူး ။ ေသလည္း ေအးတာပဲ ။ 
သူမ်ားအလိုေတာ္က် ေနရတဲ့
ဘဝထက္ေတာ့ သာတယ္ "

" လက္ေတြ႕မွာ မေနသမွ် ကာလပတ္လံုးေတာ့
မင္း ...သူမ်ားလက္ေအာက္မွာပဲ "

သူေဌးႀကီးက လက္ညိဳးထိုးကာ ဆိုတယ္။
ကြၽန္ေတာ့္ နာက်ည္းစက္ဆုပ္စိတ္ေတြသည္
လည္း တမဟုတ္ခ်င္း ဆင့္၍ ၊ ဆင့္၍ ။

" လက္ေတြ႕ ဟုတ္လား ?  ဘာက
လက္ေတြ႕လဲ ?  ဘယ္လိုေပတံေတြနဲ႔
တိုင္းတာလဲ? ကြၽန္ေတာ္က အမ်ားႀကီး
မေတြးဘူး သူေဌးႀကီး ။ ကြၽန္ေတာ္
ေပ်ာ္တဲ့ဘဝက လက္ေတြ႕ဆန္တာ
ပဲျဖစ္ျဖစ္ ၊ မဆန္တာပဲျဖစ္ျဖစ္ ၊ ကြၽန္ေတာ္
တန္ဖိုးထားတယ္ ။ ကြၽန္ေတာ္ ေက်နပ္တယ္ "

" အဲ့ ခံယူခ်က္ေတြ က်ိဳးမယ့္အခ်ိန္
႐ွိလာမွာပါ ... ။ ဘာပဲျဖစ္ျဖစ္ လူထည့္
ေပးမဲ့ ကိစၥကိုေတာ့  မျပင္ႏိုင္ဘူး "

အရံသင့္ဖြင့္ေပးလာတဲ့ ကားေပၚကုိ
သူေဌးႀကီး တက္သြားခဲ့သည္။ အသက္မဲ့စြာ
ကြၽန္ေတာ္ မတ္တပ္ရပ္ေနမိတုန္းပဲ ။

သူေဌးႀကီးရဲ႕ လူသာ ပါလာခဲ့ရင္ ခဲြစိတ္ခံဖို႔
ကိစၥေတြ အားလံုးလဲြေခ်ာ္ကုန္မွာ ။
သိသြားခဲ့ရင္ ကေလးဆိုၿပီးလည္း ညႇာတာ
ေနမွာမဟုတ္ ။ အငယ္အေႏွာင္းထားၿပီး
ရလာတဲ့ ႐င္ေသြးေတာင္ ေသြးေအးေအး
ဖ်က္ခ်ခိုင္းခဲ့သူလို႔ သတင္းထြက္ခဲ့တာမို႔ ၊ 
ကြၽန္ေတာ္ စိတ္ပူသည္ ။

Feng အကူအညီေတာ့ က်ိန္းေသေပါက္
လိုကိုလိုမွာ ။ အဆင္ေျပရင္ ေကာင္းမည္
မဟုတ္ ၊ ေျပကိုေျပတာေတာင္ ေကာင္းသည္
ဆိုရံုသာသာ႐ွိမွာ ။

\\\\\\\\\\\ Virus of L♡ ve ///////////

ပံုရိပ္ေဖာ္ကာ သူမကို မွန္းၾကည့္ရန္ မလို ။
သူေဌးႀကီးေပးခဲ့ဖူးေသာ ဓာတ္ပံုအရေတာ့
သိမ္သိမ့္ေမြ႕ေမြ႕႐ွိမွန္း သိသာသည္။

႐ုပ္ရည္ လွသည္၊မလွသည္ ဆိုတာ ကြၽန္ေတာ္
စိတ္မဝင္စားေတာ့ ။ JEON JUNG KOOK ထံအပိုင္စားေပးၿပီးသား နွလံုးသားႏွင့္မို႔
သမာဓိအား ေကာင္းလာသည္ ဆိုရမည္ ။

သူမႏွင့္ သဟဇာတျဖစ္ဖို႔ အေရးႀကီးသည္။
သို႔ျဖစ္ပါ၍ ... ႐ွိသမွ် နားကပ္ခြၽတ္သိမ္းရ
ေတာ့သည္ ။

ကြၽန္ေတာ့္လိုပင္ ဒီကိစၥကို ကန္႔ကြက္သူ
ျဖစ္ေနပါက Kim Taehyung တို႔
အကြက္လွလွ သံုးစရာမလိုေတာ့ ။
သမီးလိမၼာျဖစ္ေနရင္ေတာ့ ကြၽန္ေတာ္
ကံဆိုးသည္သာ မွတ္ၿပီး မီးစင္ၾကည့္က
ရေပဦးမည္ ။

ဗီဒိုတစ္ခုလံုး တံုးလံုးလဲမတတ္ ေကာင္းႏိုး
ရာရာ ကြၽန္ေတာ္ ႐ွာပါေသာ္လည္း
စိတ္တိုင္းက်စရာ တစ္ထည္တစ္ေလမွ မေတြ႕။

အမ်ားစုမွာ ဂ်င္းအတိုအစမ်ားသာ ျဖစ္ၿပီး
တီ႐ွပ္နဲ႔ အက်ႌေၾကာင္ေၾကာင္ၾကားၾကားေတြ။

ဘယ္လိုလုပ္ရပါ့မလဲ ?

" Jung Kook.... အားလားဟင္ "

" မ အား ဘူး "

တစ္လံုးခ်င္း ေျပာခ်လိုက္ေသာ ဖုန္းထဲမွ
သူ႔စကားေၾကာင့္ ကြၽန္ေတာ္နင္သြားရပါသည္။

မေန႔ညက ကြၽန္ေတာ္ေျပာျပမိေသာ
မိန္းကေလးအေၾကာင္းေၾကာင့္ သူစိတ္ဆိုး
သြားပံုရသည္ ။ ကြၽန္ေတာ္မလန္႔မိဘဲ
သူစိတ္ဆိုးရင္ ဘယ္လိုပံု႐ွိလိမ့္မလဲဟု
ေတြးေတြးၿပီး အူတက္ေနရသည္။

" တကယ္ စိတ္ပူစရာမ႐ွိပါဘူးဆို
ေကာင္မေလးက ေအးမဲ့ပံုပါ "

" ...... "

" အခ်စ္ ေနာ္ .... ေနာ္ စိတ္မဆိုးနဲ႔ေတာ့လို႔ "

"...... "

ဖုန္းႀကီးကိုင္ရင္း ကြၽန္ေတာ္အသဲယားလာရသည္။

ေျပာဖို႔အိမ္မက္ေတာင္ မမက္ဖူးတဲ့ စကားေတြကို ဒင္းစနက္ေၾကာင့္ ။

" ဘာျဖစ္တယ္ ခုနက "

" စိတ္မပူနဲ႔လို႔ "

" အဲ့တာ မဟုတ္ဘူး ။ ေနာက္တစ္ခြန္းေလ
အခ်စ္ ဆိုလား ဘာလား "

စကားနဲ႔ပါ အသားမရရင္ အ႐ိုးလွီးယူမယ္
ဆိုတဲ့သူမ်ိဳး ။ Jeon Jung Kook ဆိုတဲ့
ေကာင္ကို ပိတ္ပိတ္တီးပစ္ခ်င္စိတ္ေတြမွ
မဟားဒယား ။

ဒါေပမဲ့ ..... ၊

ဖုန္းထဲမွာမို႔ မခ်ိတင္ကဲ ကြၽန္ေတာ့္ေဒါသေတြ
ျပန္ေလ်ာခ်လိုက္ရသည္ ။

" ငါ အက်ႌအဆင္မေျပဘူး .... အ.     .. ခ် စ္ "

တစ္လံုးႏွင့္တစ္လံုး တစ္မိုင္ေလာက္ျခားၿပီး
ကြၽန္ေတာ္ေျပာေတာ့ ေပ်ာ့ေပ်ာင္းလာတဲ့
သူ႔ေလသံ ။ အီစီကလီဇာတ္လမ္း တစ္ခန္း
႐ုိက္လို႔ ရေကာင္းႏိုင္သည္ ။ တကယ့္ကို
အႏုအယြဆိုတာမ်ဳိးမွ... ဒင္းက ။

" ဘာ ဝတ္သြားမွာလဲ ..babe က? ..... "

" နည္းနည္း လူႀကီးဆန္ၿပီး တည္ၿငိမ္တာမ်ိဳး"

" အေရာင္မိႈင္းတာေရြးၾကည့္ပါလား "

" ငါျပမယ္ ခဏ "

သူေျပာသလို ေရြးၾကည့္ေတာ့ မဆိုး ။
သံုးေလးစံု႐ွာၾကည့္ၿပီးတဲ့ ေနာက္မွာ
ခုနက သေဘာမေတြ႕ခဲ့တဲ့ အက်ႌေတြကို
မ်က္စိျပန္က်လာတဲ့ ကြၽန္ေတာ္ ။

သူေျပာသမွ် ေခါင္းတၿငိမ့္ၿငိမ့္လုပ္ရင္း
ကြၽန္ေတာ္ ျပင္ဆင္ၾကည့္လိုက္သည္ ။

အရမ္းႀကီးမဟုတ္ေပမဲ့ အဆင္ေျပ
သည္ဟု ခံစားရသည္ ။

" မင္းက ဒါလည္း ေတာ္တာပဲ "

" အခ်စ္လို႔ မေခၚေတာ့ဘူးေပါ့ "

" ဆုေတာင္းေလ ... မေသမခ်င္း "

" B A B E E E ..... "

" ဖုန္းခ်လိုက္ၿပီ "

ေလးလံေနတဲ့ စိတ္ေတြ ခပ္ျမဴ းျမဴ း
ျဖစ္သြားသလိုမ်ိဳး ။ အဲ့တာ ဝဋ္လည္တယ္
ေခၚတယ္ Jeon Jung Kook ရဲ႕ ။

______________TBC

Is it so boring , right ?
Miyanae TT

THX U
LOVE U
SARANGHAE ALL MY READERS

Continue Reading

You'll Also Like

55.2K 3.7K 10
တန္ျပန္သက္ေရာက္မႈတိုင္းကိုမ်က္စိစံုမွိတ္ခံလာခဲ့ရတဲ့က်ေတာ္ ဒီတခါေတာ့လြတ္ေျမာက္ခ်င္မိတယ္ Jeon....။ မေမ့နဲ႔ Tae...ကိုယ္ျပဳတဲ့ကံ ကိုယ့္ထံျပန္လာတဲ့ တစ္ခ်ိ...
133K 10.9K 19
Kim Tae Hyung × Jeon Jung Kook Edit version
2.1M 89.5K 75
" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန္! ! ငါ မင္းကိုေသေလာက္ေအာင္မုန္းတယ္ " "...
715K 85.9K 78
Eternal love ..... . . . . . . . Start - 2022 December 28 End - 2023 April 27 School Lovers.. Siblings ..... 🔞 18 + ⚠️️ Mature Conteint