Laurel...
Seoul မြို့ နဲ့ အလှမ်းကွာဝေးသော တနေရာ..
ထူးခြားသော လူမျိုးစု နေထိုင်ရာ ဗိမာန် တခု...
နေရာကား အကြီးအကဲ နေထိုင်ရာ နန်းတော်တခု ထဲ တွင် ဖြစ်သည်။...
Ji Ji : သခင်လေး.. Byun သခင်လေး!!!!!
ထို ခေါ်သံ သည် ထိုနေရာတွင်တော့ ထူးဆန်းသော အသံ မဟုတ်. နေ့စဉ် ကြားနေကြ အသံ တခုပင်..
နန်းတော် သခင်လေး ၏ အထိန်းတော်လေး ကတော့ နေ့တိုင်း ညနေခင်းတိုင်း ခေါ်နေကြပါလေ...
ဒါဆို သခင်လေး ကကော????
နန်းတော် သခင်လေး ခုထိ တကြော်ကြော် အော်ခေါ်တာတောင် ထွက်မလာရတဲ့ အကြောင်းအရင်း တခု ရှိလေသည်။..
အ့ဒါ ကတော့ သူ မွှေစရာ တနေရာ အသစ် ရှာဖွေ တွေ့ရှိခဲ့လို့ပါ..
အမွှေဇယားတွေ ကုန်မှ သူ့ အဆောင်သူပြန်တတ်သော အမွှေစိန် မင်းသားလေးကား တခြားသူ မဟုတ်...
မင်းကြီးByun Yixing နဲ့ မယ်တော်Kim Suho တို့ရဲ့ တဦးတည်းသော သားလေး Byun Baekhyun ပါလေ...
ခုလဲ နတ်ဆရာလေး Chen အပြင်ခန သွားတုန်း ဟိုးအရင်တည်းက ဝင်ကြည့်ရန် ကြိုးစားထားသော Chen ရဲ့ အခန်းတွင်းသို့ အားပါးတရ ခိုးဝင်လာခဲ့လေတော့သည်။...
Baek : ဟီးဟီး..ငChen အပြင်သွားတုန်း သူ့ အခန်းထဲ လျှောက်ကြည့်ရမယ်...
ဒါ ကြီးက ဘာလား.. မှန် ကြည့်ရတာလား.....
ပြောရင်းဆိုရင်း ကြေးမုံမှန် အဝိုင်းလေးကို သူ့ မျက်နှာရှေ့ ထောင်ကြည့်လိုက်လေသည်။..
Baek : အီး.. ရုပ်ဆိုးလိုက်တာ. ငါ့ ချစ်ဈာ ရုပ်လေးတောင် ပျောက်တယ်....
သွား..သွား.....
နောက်တခု.......
သစ်သားချောင်းတွေပေါ်မှာ ရေးထားသော ရှေးခတ်စာအတွဲလိုက် အစည်းတချို့......
ဂလောက်......
ချောက်....
Baek : အဲ... စည်းထားတာ မှုတ်ဘူးလား.. ဒီတချောင်းက ဘယ်က ထွက်လာတာလဲ။ သိတော့ဖူး. အဟီး....
အို.. ထည့်ချင်တဲ့ နေရာ ထည့်လိုက်မယ်....Chen ပြန်ဖတ်ရင်း ပြန်စီ လိမ့်မယ်.....
နောက်တနေရာ....
ကျောက်တုံး ခပ်လှလှ ကြီးကြီးလေးများ ကို အတန်းလိုက်စီချထားပြီး ကျောက်တုံး တတုံးချင်းဆီ ရှေ့မှာ အဓိဌာန်ပြု စာသားများ ရေးသားထားသည်။..
ထို ထဲမှ.....
"ငါ သည် သန်စွမ်းကြံ့ခိုင်သော ယောင်္ကျား ကောင်း တယောက် ဖြစ်ရမည်"...
Baek : အ့ မ ကြည့်မယ်. လာထား......
အားရ ပါးရ မ လိုက်သော်ငြား....
Baek : အင့်... အု.... ဟုရှ်.....
အာ.... လေးလိုက်တာ.. တော်ပီ. အားကုန်တယ်..
နောက်တနေရာ ရွေ့ပြန်ပိ......ဒီတခါကျ သီးသန့် အခန်းလေးလို အမြင့်မှာ သပ်သပ် ခွဲ ထားသော နေရာတခု ဆီက ရွှေကြုတ်လေးနဲ့ ထည့်ထားသော ဖန်လုံးကြည်ကြည်လေး ဆီသို့...
Baek : ဒါ ဘာလုံးလေးလဲ။..ဖန်လုံးလေး ပါလား..အ့ ကို ဘယ်လို စမ်းသပ်ရမဲ....
အာ.. သိပြီ. သူများတွေ ပြော ပြောနေတဲ့ အတိတ် အနာဂတ်ကြည့် ဖန်လုံးများလား..
အတိတ် မသိချင်ဘူး. အနာဂတ် ချစ်သူ ကို သိချင်တယ်..
အ့တော့..... လာလေရော့......
Baek ပြောရင်းဆိုရင်း ဖန်လုံးတောက်တောက်လေးကို သူ့ လက်သွယ်သွယ်တွေ နဲ့ ဘယ်ပြန် ညာပြန် ပွတ်ချလိုက်သည်။...နှုတ်မှ လည်း.....
Baek : အနာဂတ်ရဲ့ ဖူးစာရှင် ကို ပြသတော်မူပါ... သိချင်လို့ပါ. ကွက်ကွက် ကွင်းကွင်း ကို ပြသပါ.....ချောချော လေး ဖြစ်ပါစေ.... ဥစ္စာပေါ ရုပ်ချောဆို ပို အဆင်ပြေပါတယ်။...
ပြောပြီး ကြည့်လိုက်တော့ ကြည်လင်နေတဲ့ ဖန်လုံးလေးက အရောင်မှိုင်း လာကာ မီးခိုးငွေ့ တွေလို မျိုး ထလာသည်။. တဖြည်းဖြည်း ပြန်ပါးသွားတော့ ထွက်ပေါ်လာသော ရုပ်လွှာ တခု..
အတော်ပင် ချောမောပြေပြစ်ပီး ကြည့်ကောင်းသူတဦး.. ကားနေသော နားရွက်လေးတွေ ပိုင်ဆိုင်ထားပြီး လုံးဝန်းသော မျက်လုံးများ.. ပြည့်ဖူးဖူး စတော်ဘယ်ရီ ရောင် နှုတ်ခမ်းတစုံ နဲ့...
ခက်တာက......
Baek : ယောင်္ကျားလေးကြီး!!
Chen : Ya! Byun သခင်လေး.. ဒီ ကို ဘယ်လိုရောက်နေတာလဲ။..
Baek : ဟို.. အဟဲ.. လာပွတ်.. အဲလေ...
မရောက်ဖူးလို့ ဝင် ကြည့် ကြည့်တာ. ဒါနဲ့လေ ပွတ်လို့ ကောင်းတယ်နော်.. အ့ အလုံးလေးက.. ဟိဟိ..
Chen : ဘာ!အ့တော့ ပွတ်လိုက် ပီလား. ဘာမေး လိုက်လဲ။...
Baek : သိပ်မများပါဘူး. အနာဂတ် ရဲ့ ဖူးစာရှင်လေးပဲ မေးလိုက်မိတာဘာ....
Chen : တွေ့သွားပီလား...
Baek : အင်း. တွေ့ပီ. အ့ကြောင့် သွားတွေ့မလို့..
Chen : ဘာရယ်!!
Baek : အင့်.. ဖြေးဖြေးအော်ပါ. နားကွဲတော့မယ်..
Chen : ဘာကို သွားတွေ့မှာလဲ.. ဒီ ကနေ ဘယ်မှ မသွားရတာ သိတယ်မလား...
Baek : အပီးသွားတာမှ မဟုတ်တာ... သူ့ ကို အပြင်မှာ မြင်ဖူး ချင်ယုံလေးပါ.....နော်.နော်..
Chen : မရဘူး. မသွားရဘူး....
Baek : အ့ လို ဘူးခံ ကြေးလား.. ရတယ်လေ..
Appa ကို Xiu နဲ့ အကြောင်းတေ ပြောပစ်မယ်.. သူ့ တူမပေါက်စီ လေးကို အ့ဒီ Chen Chen ကျိ ကြိတ်ကြံနေတာပါလို့.. ဟွန့်....
ကော့တော့ ကော့တော့ နဲ့ ပွစိ ပွစိ လုပ်ကာ အပြင်ထွက်ရန် ပြင်နေသော Baek နောက်သို့ Chen ဝရုန်းသုံးကား ပြေးလိုက်ခဲ့ရတော့သည်။..
Chen : နေ..နေပါအုံး.
Baek : ဟွန့်. ဘာလဲ..
Chen : Xiu နဲ့အကြောင်းတွေ လျှောက်မပြောရဘူးလေ.. Baek က လိမ္မာပါတယ်။..
Baek : အ့ဆို လိုက်လျောပေးပါ. တောင်းဆို ချက်ကို....
Chen : ဟူး.. ခန ပဲနော်. ကြည့်ပီး ပြန်လာရမယ်... အကြာကြီး မရဘူး..
ပီးတော့ ဒီလို ပင်ကိုယ် ပုံစံ နဲ့ သွားလို့ မရဘူး..တိရိစ္ဆာန် ပုံလေးတွေ က လူသားတွေ သံသယ အဖြစ်ခံ ရတာ အနည်းဆုံး ဆိုတော့ အ့ဒီ ပုံလေးတေ ပြောင်းသွားချေ...
Baek : ဘာပုံပြောင်းသွားရမလဲ။..
လိပ်ပြာလေး ပြောင်းပေး.. ဟီးဟီး...
Chen : လိပ်ပြာ ပုံ လုပ်လို့ မရဘူး...ခွေးပေါက်လေး ပုံပဲ ရမယ်..
Baek : ပါပီ ကြီး လုပ်ချင်ပါဘူး..
Chen : မကြိုက်ရင် အ့ကို မသွားနဲ့.တော့.
Baek : အမ်.. သွား..သွား..သွားမယ်..
ပြောင်းပေး. ခုပြောင်းပေး...
စိတ်ဆိုးရဘူးနော်.. ဟီး...
Chennie လေးက လိမ်မာ ပါတယ်...
ဘတ်လုံး သွားမယ်နော်...
Chen :ဟွန့်. လိုချင်တာရှိရင် nie တပ်ခေါ်ပီး သူ့ ကိုယ်သူ ဘတ်လုံး လုပ်ပလိုက်တယ်။...ခုနက အကျပ်ကိုင်နေတာ သူမဟုတ်သလို ပဲ။...
Baek : ဟီး.. ပါပီ လှလှလေး ပြောင်းပေး..
Chen : နောက် ၃ရက်နေရင် Xing သခင်ကြီး ပြန်လာလိမ့်မယ်. သူ ပြန်မလာခင် ပြန်လာခဲ့..ပီးတော့ ဒီ ဆွဲကြိုးလေး ဆွဲထား.. အ့ဒါ ဆွဲထားရင် ဘယ်သူ က မြင်မြင် ပါပီလေးပဲ မြင်ရလိမ့်မယ်..
Chen က B.L ဟူသော လော့ကတ်လေး နဲ့ ဆွဲကြိုး တကုံး ထုတ်ပေးသည်။..
Baek : B.L က ဘာကြီးလဲ..
Chen : B ဆိုတာ Baek. L ဆိုတာ Laurel လေ....
မဖြုတ်နဲ့နော်. အမြဲ ဆွဲထား..
Baek :အ့လေး ဖြုတ်လိုက်ရင်ကော..
Chen : ဖြုတ်လိုကိရင် မင့် ဖူးစာရှင် ကတော့ အမှန်ရုပ် ကို မြင်လိမ့်မယ်..
တကယ့် ရုပ်ကို မပြရဘူးနော်..ရှုပ်ကုန်မယ်..
Baek : အင်းပါ.. လုပ်ပေးတော့..
Chen တစုံတခု ကို ရွတ်ဆို လိုက်တော့ Baek က အဖြူနဲ့ အညိုရောင် အမွေးပွ လေး နဲ့ ပါပီ ပေါက်လေး တကောင် ဖြစ်သွားလေတော့သည်။.
Baek : စကားပြောလို့ ရလား. သူ့ ကို.. ဒီ ပုံစံ နဲ့..
Chen : ငါတို့ မျိုးနွယ်စု တွေရယ် နဲ့ မင်း ဖူးစာရှင် တယောက်ကိုတော့ ပါပီ ပုံစံလေးနဲ့ ပြောလို့ရတယ်။..
Baek : ok. ဘတ်လုံးလေး သွားလိုက်ပါအုံးမယ်... bye bye. Chennie...
Chen : ၃ရက်နော်. အမြန်ပြန်လာခဲ့.....
Chen ပြောလိုက်သော စကားများကို ပါပီ လေးက လစ်လျူရှုကာ ဖင်လေး တရမ်းရမ်း နဲ့ ထွက်သွားချေပြီ.....
Chen : ဟာ. ပြောဖို့ မေ့သွားတယ်။. လူ ပုံစံပြန်ပြောင်းရင် အင်္ကျီ မပါ ပဲ တုံးလုံးလေး ဖြစ်သွားမယ်ဆိုတာ မပြောလိုက်ရဘူး...
သူ ပြောင်းမှာမှ မဟုတ်တာလေ.. ရပါတယ်....
**************************
Baek pov : အစွမ်းနည်းနည်း ထုတ်သုံး လိုက်မယ်။.Chen လို ပုံ မပြောင်းတတ်တာက လွဲ လို့ ကျန်တာ ရတယ်. သူ့ အိမ်ရှေ့ တန်းရောက်စေ.....
ရုတ်တရက် ခြားနားသွားသော ပတ်ဝန်းကျင်ကြောင့် Baek ပြူးတူးတူးလေး ဖြစ်သွားရလေသည်။...
နီယွန်မီးရောင်တွေ နဲ့လှပ နေသော မြို့ပြည...
သူရောက်နေတာ လုံးချင်းအိမ်လေး တအိမ်ရဲ့ အဝင်ဝ...
တံခါးကတော့ သော့ခတ် လျက်သား..
Baek : ပြန်မရောက်သေးဘူး ထင်တယ်.. စောင့်ရမယ်..
Baek လဲ ဖင်လေးထိုင်ချ လိုက်ကာ အမြီးလေး သိမ်း. ကိုယ်လေး ကျုံ့ ကာ အိပ် လိုက်တော့တယ်..
ခန ကြာတော့ အိပ်စက် ခြင်းဆီ သို့.....
Yeol company က ပြန်ရောက်တော့ အနည်းငယ် မှောင်နေလေပြီ။...ခြံတံခါး ဖွင့် လိုက်ရင်း ခပ်သွက်သွက် ခြံ ထဲဝင်ကာ အိမ်တံခါး ဖွင့်ရန် လာတော့ ခြေထောက်နားမှာ ထိတွေ့ မိသော နူးနူးညံ့ညံ့ အရာတခု...
Yeol : ဘာလဲ မသိဘူး..
ကြည့်လိုက်တော့ ပါပီ လေး တကောင် အိပ်နေတာ..
Yeol : ဘယ် အိမ်က လွတ်လာတာ လဲ မသိဘူး... ဒီတိုင်း အပြင်မှာ ထားရင် ည ကျ အန္တရာယ် များတယ်.. အိမ်ထဲ ခေါ်ထားလိုက်ပါ့မယ်. မနက်ကျ မှ ပိုင်ရှင် ရှာပေး လိုက်မယ်....
ကောက်ချီ လိုက်တော့ အင့် ခနဲ တချက် အသံထွက်လာကာ Yeol ရင်ခွင် ဆီ တိုးဝင်လာလေသည်။..
Yeol : နားကြားမှားတာများလား. ပါပီလေး.ဆီ က အင့်ခနဲ အသံ ထွက်လာတယ်...
သူ့ ကုတင်ပေါ် အသာ ချလိုက်တော့ ဟိုဘက် တဖက် လှည့်ကာ ဆက်အိပ်ပျော် သွားလေသည်။..တဘက် လှည့် ထားတာကြောင့်
ဖင်လေးက လုံးလို့...
Yeol လဲ ဖင်လုံးလုံးလေးကို သာသာလေး ပုတ်ပေးရင်း ပါပီ အမွှေးနုနု လေးတွေ ကို ပါ ပွတ်သပ်ပေး လိုက်သည်။..
Yeol : အိမ်မွှေး အလှ ထား ပါပီလေးပဲ. အိ နေတယ်. အမွှေးလေးတွေ ကိုက......
Yeol ရေချိုးခနိး ထဲ ဝင်သွားမှ ကုတင်ပေါ်က ပါပီ Baek က မျက်စိ ပွင့် လာပြီး..
Baek : ဟိဟိ.. ချောလိုက်တာ.. ကြင်နာတတ်လိုက်တာ...
သူ့ လက်လေး နဲ့ ပုတ်သိပ်ပေးသေးတယ်။...ဇိမ်ခံ လို့ ကောင်း လိုက်တာ...
စတွေ့ တည်းက ကြွေနေတာ. ခုတော့ ချစ်ပါ ချစ်သွားပီ.. ကိုကို လောရှည်ကြီး ရဲ့..
Baek ထပီး Yeol အခန်း ကို လေ့လာ ဖို့ လုပ်လိုက်သည်။. ကုတင် က အနည်းငယ် မြင့်နေတော့ ပါပီ လို မျိုးနဲ့ ဆင်းပါက ခုန်ချရမှာမို့ ဘယ်သူမှ မရှိတုန်း လည်ပင်းက B.L ဟူသော ဆွဲကြိုးလေးကို ဖြုတ်လိုက်ကာ လက်က ကိုင် ထားပြီး နဂို သူ့ ပုံစံ ကို ပြန်ပြောင်း လိုက်လေသည်။..
Baek : အိ... ဘာလို့ ဗလာ ဖြစ်သွားတာလဲ။.. အင်္ကျီတွေ ပျောက်ကုန်ပါလား... လုပ်ကြပါအုံး....
Chen ကို မမေး လိုက်မိဘူး... အင်္ကျီ ပါ တခါတည်း ပြန်ပြောင်းရင် ပါမှ ဖြစ်မာ....
တယောက်တည်း တုံးလုံးလေးနဲ့ ဟိုပြော ဒီပြော လုပ်နေတုန်း ဖျပ်ခနဲ ရေချိုးခန်း တံခါး ပွင့်လာကာ ထွက်လာသူက Yeol...
Baek pov : အောင်မလေး.. လုပ်ကြပါအုံး. သူ ထွက်လာပီ.. အီး..... Chennie ရေ.. ဘတ်လုံး ကို ကယ်ပါအုံး....
တဖက်က Yeol မှာလည်း သူ့ အခန်းထဲ စောန က ဘယ်သူမှ မရှိပဲ ခုမှ တုံးလုံးလေး ဖြစ်နေသော ကောင်လေး တယောက် ရောက်လာတော့....
Yeol : အင်.. ဘာလား..... ငါ ဒီနေ့ computer အကြည့်များလို့ မျက်စိကြည့်ရတာ မကောင်းတော့ဘူး. ဘာတွေ မြင်နေပါလိမ့်.
သူ့ဘာသာ ပြောပြီး ရေချိုးခန်းဆီ ပြန်ဝင်ကာ မျက်နှာ ထပ်သစ်လိုက်သည်။...
ထိုအခါ မှ ပိုးတုံးလုံး ကိုယ်တော်Byun သခင်လေး တယောက် ကုတင်ပေါ် အပြေးအလွှား တက်ကာ ဆွဲကြိုး ပြန်စွပ် လိုက်ရသည်။..
Yeol ပြန်ထွက်လာတော့ အရာ အားလုံး ပုံမှန်အခြေအနေ ပင်....
ပင်ပန်းလာသော စိတ်ကို လျော့ကာ ကုတင်ထက် လှဲလျောင်း လိုက်တော့ ပါပီလေးက တလှုပ်လှုပ်နဲ့ သူ့ဘေးနား လာတိုးအိပ်သည်။...
ပါပီ့ အမွှေးနုနုအား ပွတ်သပ်ပေးလိုက်ရင်း ရင်ခွင်ထဲ ဆွဲသွင်း အိပ်လိုက်တော့သည်။...
Yeol အိပ်ပျော်သွားတော့မှ ရင်ခွင်ထဲက ပါပီလေးက ခေါင်းမော့ လာရင်း... Yeol ပါးကို တချက်နမ်းကာ......
Baek : ဘတ်လုံးလေး လောရှည် ကြီးကို ချစ်မိနေပိ.. ဟိဟိ..
ပါးလေးက နမ်းလို့ ကောင်းလိုက်တာ. စတော်ဘယ်ရီ နံ့ သင်းနေကောပဲ။..အိမ်မပြန်တော့ဘူး... လောရှည် ကြီးနဲ့ တူတူပဲ နေတော့မယ်.....
Laurel မှာ ကျန်ခဲ့သော Chen ကတော့ ခေါင်းကျိန်း လျက် ရှိနေလေသည်။.....
Chen : Byun သခင်လေး!!!!
●Let Me Be Your Puppy ●
Ep 1. End..
အမွှေစိန် ပါပီ လာပြီ. ^^
Drama တွေ များလို့ ပေါ့ပေါ့ပါးပါး fancy လေး တပုဒ် ခံစားကြရအောင်ပါ. ဟာသ အမြင်နဲ့ ပဲ ရှု့မြင်ပေးကြပါ....
ဖတ်ပေးတာ. Thzပါ. အသစ်လေးဆိုတော့ cmt လေး မျှော်မိပါတယ်. ဆက်ရေးဖို့ ရာ အားလိုတယ်လေ.. နော.