Crazy's Crazy Love

By Aeri_Pie_Thu

41.2K 3.4K 274

အရူးအချစ်....အချစ်ရူး.... သူသိပ်မှားသွားလား ? လူတယောက်ကို ချစ်မိတာ သူသိပ်မှားသွားလား ? သူလို အရူးတယောက်အတွက်... More

Crazy's Love
It's Hurt
Accepted ???
He forgot it
I am here
What is love ?
Let him be mine
Love is taking
Whom do I love ?

I'm Sorry

3K 303 20
By Aeri_Pie_Thu

ChanSoo ( Yaoi )
Part - 9

" Chan Yeol , သား ရော့ "

ထမင်းစားပွဲကြီး ထိပ်မှာထိုင်နေတဲ့ Kyungsoo အမေက သူမရဲ့ ဝဲဘက်ကထိုင်ခုံမှာထိုင်နေတဲ့ Chan yeol ကို ပစ္စည်း တခု လှမ်းပေးတယ်...
ဖုန်း အသစ် တစ်လုံး.....

ထမင်းစားနေရင်းက ရုတ်တရက်ကြီး ထုတ်ပေးတော့ Chan Yeol လက်ထဲက တူကို ချလိုက်ပြီး ငြင်းမိတယ်....

" မ...မလိုပါဘူး အန်တီ....ပျက်သွားတဲ့ ဖုန်းကို
ပြင်စရိတ်ပေးထားတာပဲ လေ....မကြာခင် ကောင်းသွားမှာပါ..အသစ်တစ်လုံး မလိုပါဘူးဗျာ... "

Chan Yeol ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ထမင်းစားနေတဲ့ Kyungsoo ကတော့ သူနဲ့မဆိုင်သလိုပင် စကားတခွန်းမှ မ ဟ....တိတ်ဆိတ်စွာ ထမင်းကိုသာ စားရင်း
ထိုစကားဝိုင်းထဲ ဝင်မပါခဲ့....

" ဘယ်ဟုတ်ပါ့မလဲသားရယ်..ဖုန်းက တော်တော်လေး ပျက်သွားတာ မလား....အန်တီ အားနာလို့ပါ....ဟိုက ပြင်တာတော့ ပြင်ထားပေမယ့် ဒီအတွင်းမှာ သုံးလို့ရအောင်ပါ...ယူထားပါ "

"ရပါတယ်....မကြာခင် ပြန်ရတော့မှာပါ...
မယူပါရစေနဲ့ "

"အဲ့ ဖုန်း Kyungnie ယူမယ် Ma "

ရုတ်တရက် ဝင်ပြောလာတဲ့ Kyungsoo ကြောင့်
Kyungsoo Omma အပါအဝင် ChanYeol ပါ ထူးဆန်းသလို Kyungsoo ကို လှမ်းကြည့်လိုက်ကြတယ်....

"Kyungnie ~ "

လေသံဖွဖွလေးနဲ့ Kyungsoo နာမယ်ကို သူမ ခေါ်လိုက်သည်....

" Kyungnie လည်း ဖုန်းကိုင်ချင်တယ်...အာ့မှ နောက်ဆို ဖုန်းသံကို လန့်ပြီး မလွှင့်ပစ်မိတော့မှာပေါ့...ဟုတ်တယ်မလား Chan Yeol "

တအံ့တဩ နဲ့ သူ့ကို ငေးကြည့်နေသည့် Chan Yeol ကိုပင် အဖော်စပ်၍ သူ့စကားကို လှမ်းအထောက်ခံ ခိုင်းလိုက်သေးသည်...

Chan Yeol အတွက် Kyungsoo သူ့ဖုန်းကို လွှင့်ပစ်ရခြင်းမှာ ဘာကြောင့်မှန်းမသိရတဲ့ မေးခွန်းတခုမို့ အဲ့အတွက် အဖြေကို ခုမှ ရလိုက်သည်...
လန့်လို့ ပစ်လိုက်တာ တဲ့....

" အော်...အင်း..အင်း...နောက်ဆို ငါ Silent လုပ်ထားပါ့မယ်...မင်း လန့်သွားမယ် မထင်မိလို့ "

/ အဲ့ထဲက ပုံပါ တခါတည်း မင်းဖျောက်ပစ်လိုက်သင့်တာ
Chan Yeol /

Kyungsoo အတွေးတခုကို ပုံဖော်လိုက်ပေမယ့် ထိုအတွေးနဲ့ ဆန့်ကျင်ဘက် စကားလုံးတို့သာ သူ့နှုတ်က ထွက်ကျလာခဲ့သည်.....

" Chan Yeol... ငါ့ကို ဖုန်းကိုင်နည်း သင်ပေးနော် "

Kyungsoo Omma ကတော့ ခုမှ စကားဝိုင်းထဲ တစ်ကိုယ်တော် နေရာယူလာပြီး အပြုံးတခုနဲ့ တောက်လျှောက်ကို စကား ပြောနေသည့် Kyungsoo ကိုသာ စေ့စေ့ကြည့်လျက်.....

" အင်းပါ...သင်ပေးပါမယ်..."

သူမ သူတို့ စကားဝိုင်းထဲ လုံးဝ ဝင်မပါလာခဲ့တော့.....အမှန်တရား တခုကို သိနေခဲ့ပြီး...အယောင်အဆောင် တခုကို နားလည်နေခဲ့လို့များလား....

" ဟို...ညစာ ကောင်းကောင်းစား ခဲ့ရပါတယ် အန်တီ...ကျနော့်ကို သွားခွင့်ပြုပါဦးနော် "

Chan Yeol ဒီအိမ်ကို ဆက်လာဖို့ ဆုံးဖြတ်ခဲ့ပြီးတည်းက Kyungsoo တို့ သားအမိနဲ့ ပြန်ခါနီးတိုင်း ညစာ အတူ စားဖို့ပါ ဖြစ်လာခဲ့သည်... သူစားမှ Kyungsoo ပါ စားသည်မို့ ငြင်း၍မရ....

" အေး သား...ကောင်းကောင်းပြန်နော် "

" Ma...Kyungnie , Chan Yeol ကို သွားပို့ပေးလိုက်ဦးမယ်နော် "

သူမ ပြုံးပြီး ညင်ညင်သာသာ ခေါင်းကိုသာ တချက်ငြိမ့်ပြလိုက်သည်....

Kyungsoo ရော Chan Yeol ပါ ထမင်းစားခန်းက ထွက်သွားတော့ သူမ တင်းထားသည့်ကြားက မျက်ရည်စ တို့က တားမရဆီးမရ ထွက်လာခဲ့သည်....
ထမင်းစား ခန်းထဲက လှမ်းမြင်နေရသည့် KyungSooရဲ့ အနောက်ဘက် ကျောပြင်လေးကို သူမ မျက်ရည်များနဲ့အတူ ကြည့်နေမိသည်...

ခု Kyungsoo ဟိုရက်ပိုင်းတွေကလို Chan Yeol ကို သူ့အနားက ထွက်သွားမှာဆိုးလို့ တားဆီးခြင်းတွေ မပြုတော့.....
Chan Yeol ဖုန်းကို ပစ်လိုက်သည့် အချိန်က စ ပြီး ခုလို Chan Yeol ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလာတော့သည်...

Chan Yeol ထွက်သွားသည့်တဆုံးကို မျက်ခြေ မပျက် ကြည့်နေခဲ့ပြီး မှ Kyungsoo သူမ ဘက် ပြန်လှည့်လာသည်.....

သူမ မျက်ရည်များကို သုတ်လိုက်ရင်း Kyungsoo အနားကို ထသွားလိုက်သည်.....

" Kyungnie...အိပ်တော့မှာလား "
/ Kyungnie ဘာလို့ ညာပြောတာလဲ /

ညာပြောတယ်....ဟုတ်တယ် ...ဒီစကားကို သူမအတွင်းစိတ်ထဲက မေးမိတယ်....Kyungsoo ညာခဲ့သည်....
Electronic ပစ္စည်းတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ Kyungsoo က ဖုန်းအသံကို လန့်လို့ လွှင့်ပစ်မယ့် သူမဟုတ်သလို....Kyungsoo ဟာ ဖုန်း မကိုင်တတ်သည့် လူတယောက်လည်း မဟုတ်ခဲ့ပါ... သို့ပေမယ့် သူ ညာခဲ့သည်လေ....

Kyungsoo ပြုံးလျက်ပင် သူမကို ပြန်ကြည့်သည်...
Kyungsoo မျက်နှာက အပြုံးတခု...
ထို အပြုံးတို့က ရင်ထဲက မပါ...
ဟန်ဆောင် အပြုံးသက်သက်...
ရင်ဘတ်ထဲတွင်တော့ ခံစားနေရသည့်ဒဏ်ရာတခုကြောင့် နာကျင်နေတဲ့ မျက်ဝန်းတွေက စိုစွတ်နေသလို....
သို့သော် Kyungsoo မျက်ရည်တို့ စီးဆင်းဖို့ကိုတော့ ခွင့်မပေးပါ....

"အင်း Ma...Kyungnie အိပ်တော့မယ် "

သူမရင်ထဲ စို့နစ်မှုတို့ကြောင့် သေမတတ်နာကျင်နေပေမယ့်လည်း....ဘယ်သောအခါမှ သူမ နာကျင်မှုကို Kyungsoo ရှေ့ မပေါ်လွင်စေရပါဘူး.....တကြိမ်တခါတုန်းကတော့ ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိခဲ့လို့....နောင်တခါတော့ ဘယ်တော့မှ မဖြစ်စေရပါ....Kyungsoo ခံစားသိသည် ဖြစ်စေ မသိသည်ဖြစ်စေ...Kyungsoo ကိုတော့ သူမရဲ့ ပျော့ညံ့မှု ပုံရိပ်ကို ဘယ်အချိန်မှာမှ ထုတ်မပြဖို့ သူမဆုံးဖြတ်ပြီးသား မဟုတ်လားလေ...

" အိပ်ပြီးလို့ ပြန်နိုးလာရင်.... ထမင်းနှစ်ခါ ဆင်းစားပြီးရင်....ဆေးသုံးကြိမ် သောက်ပြီးရင်.....Arrr လေးနာရီထိုးရင် အိမ်ရှေ့က တီးလုံးသံလေး ကြားရလိမ့်မယ်...သူ ဝင်လာလိမ့်မယ်...Kyungnie ကအခန်းထဲက စောင့်နေမယ်...သူပြုံးပြလိမ့်မယ်...သူ့အပြုံးကို မြင်ရင်Kyungnie ပျော်မယ်....အာ့တေ မြန်မြန် ဖြစ်လာဖို့ Kyugnie ခု အိပ်ရမယ်..."

နှုတ်ခမ်း ထူထူလေးတွေ ကွေးညွတ်နေလျက်
လှေကားထစ် တခုစီ လှမ်းတက်ရင်း Kyungsooနှုတ်က ထပ်မံ
ထွက်ကျလာတဲ့ စကားသံတွေ.....

"အင်းပါ Babe...အာ့ဆို Good night နော် "
/ Ma တောင်းပန်ပါတယ်...Ma လုပ်မိတာ...Kyungnie ခုလို ညာတတ်လာအောင်....ဟငိ့အင်း...ဟန်ဆောင် တတ်လာအောင် Ma လုပ်ခဲ့မိတာ...နှင်းဖြူပွင့်လေးတပွင့်လို အပြစ်ကင်းစင်တဲ့ Babe ကို Ma ခုလို ဖြစ်အောင်...အခြေအနေတွေ ပိုရှပ်ထွေးလာအောင် Ma ဖန်တီးမိခဲ့တာ...Ma တောင်းပန်ပါတယ် Babe..Ma တောင်းပန်ပါတယ် /

ပျော်ရွှင်ရမယ့် အခိုက်အတန့်လေးတခုစီရောက်ဖို့
ပုံသေကျနေတဲ့ လုပ်ရိုးဖြစ်စဉ်တွေကို အားကြိုးမာန်တက် ဖြတ်သန်းနေခဲ့တဲ့ သူမသားလေး...
သူရူးမတတ်ဆွဲထားချင်မိတဲ့ သူကို အမြဲအပြုံးတခုနဲ့ပဲ ညင်ညင်သာသာ လွှတ်ပေးခဲ့တယ်...
ရင်ထဲကပါမှာ မဟုတ်တဲ့ အဲ့ဒီ အပြုံးတွေကို Kyungsoo ရဲ့ ဟန်ဆောင်အပြုံးလို့ သူမ ခေါင်းစဉ်မှားတပ်ခဲ့မိတာ....
အမှန်က...
အချိန်ကျရင်သူ့ဆီ ပြန်လာဦးမှာ ပဲဆိုတဲ့ အတွေးတခုလေးကို ရင်ထဲထွေးပွေ့ထားနေခဲ့တဲ့ သူလေးရဲ့ အားတင်းအပြုံးတွေ ဖြစ်နေခဲ့တာ....

" Kyungnie....yarrrr Kyungnie yarrr...Kyungnie...."

****Crazy' crazy love ****

" စိတ်ချလို့ ရမယ်မလား သား... Chan Yeol "

" ရပါတယ် အန်တီ...စိတ်ချသွားပါ...ခုဆို Kyungsoo လည်း အရင်လို မှ မဟုတ်တော့တာလေ...ကျနော်တို့ အဆင်ပြေမှာပါ "

ပြုံးပြကာ သူမ ကို စိတ်ချဖို့ ပြောနေသည့်
Chan Yeolဘေးမှာ Kyungsoo က သူမ ကို မတ်တပ်ရပ် ကြည့်နေခဲ့သည်....
ခရီးတခု.... မသွားမဖြစ်သည့်
တစ်ညအိပ်တာ ခရီးတခုထွက်ဖို့ အကြောင်းက ဖြစ်လာခဲ့တော့ သူမ မလွဲမရှောင်သာ သွားရတော့မည်...Kyungsoo ကိုပါ ခေါ်သွားချင်ပေမယ့် Kyungsoo က Chan Yeol မပါသည့် ခရီးစဉ်ကို လိုက်ပါဖို့ရာ ဆိုတာ မဖြစ်နိုင်သည့် စိတ်ကူးတခုပင်.....
သူမထက် တစိမ်းယောကျာ်းလေး တယောက်က ပို အဖိုးထိုက်သည် ဟု ယူဆထားသည့် သူမသားလေးကိုလည်း သူမ အပြစ်မတင်ရက်ပါ....
ဩော် အချစ်ဆိုတာ သိပ်ဆန်းကျယ်တဲ့ အရာပါလားလေ....

" အင်း....ကျေးဇူးပါ သားရယ်...
Kyungnie ...Ma မြန်မြန်ပြန်လာမယ်နော် Kyungnie လေး Chan Yeol နဲ့ကောင်းကောင်းနေနော် ကြားလား "

" Nae...Ma ! "

" အာ့တာဆို သွားပြီ ....ရတယ် လိုက်ထွက်မပို့နဲ့တော့..အပြင်မှာ ဒရိုင်ဘာ ရှိတယ် သွားပြီနော် "

"အာတာဆို ကောင်းကောင်း သွားပါ အန်တီ "

Kyungsoo ကို စိတ်မချနိုင်သေးသည့် ပုံအထင်းသားနှင့် ထွက်သွားသော
Kyungsoo ommaကို Chanyeol ဦးညွတ်ကာ နှုတ်ဆက်လိုက်သည်....
Chan yeol ဘေးနားကို လှည့်ကြည့်လိုက်တော့ သူ့ကို ပြုံးကာ ကြည့်နေသည့် Kyungsoo....

" လာ...အခန်းထဲ သွားကြမယ် "

Kyungsoo ပခုံးတဖက်ပေါ်ကို လက်လှမ်းတင်လိုက်ရင်း အခန်းထဲသွားဖို့ကို ခေါ်တော့ Kyungsoo က သူ့မျက်လုံးပြူးပြူးလေးတွေ ပျောက်သွားသည်အထိကို သဘောတကျ ရယ်ပြန်သည်...

အဲ့လို အပြုံးတွေကို မြင်တိုင်း Chan Yeol ရင်ထဲမှာ မွန်းကြပ်မှု လို့ သူခေါင်းစဉ်တပ်ထားတဲ့ ခံစားမှုအပြင် နောက်ထပ်သော ခံစားချက်တမျိုးကိုပါ တွဲပြီး
ခံစားနေမိသည်...... အဲ့ခံစားချက် နာမယ်က
ပျော်ရွှင်မှု ....

/ စောင့်ရှောက်ပေးပါ့မယ်...မင်းကို ငါ စောင့်ရှောက်ပေးပါ့မယ် Kyungsoo /

****Crazy' crazy love ****

" ဖုန်းလာရင် ဒီအစိမ်းလေးကို ဒီဘက်တွန်းလိုက် ဟုတ်ပီနော် "

Kyungsoo တယောက် အခန်းထဲတွင် Chan Yeol ရဲ့ ဖုန်းကိုင်နည်း လက်ချာကို လိုက်နေရသည်....ထုံးစံ အတိုင်းပင်...သူ့အတွက် လက်ချာထက် လက်ချာပြနေသည့် ဆရာက ပို စိတ်ဝင်စားဖို့ကောင်းသည်....

" Kyungsoo ! ကြားလား...မင်း ဖုန်းလာလို့ မကိုင်ချင်ရင် ဒီ အနီလေးကို တွန်းလိုက်...Do Kyungsoo ! ကြားလား ! "

"အင်...အင်း အင်း... "

"မင်း...ငါ မင်းကို ဒါသင်ပေးနေတာ ကြာပြီ...ခုထိ မရသေးဘူးလား...နေပါဦး မင်းက တီဗီတော့ ဖွင့်တတ်တယ် "

"ရ...ရပါပြီ...ဒီနေ့ နောက်တခု ဆက်သင်ပေး "

သူ ဟန်ဆောင်နေတာ တမနက်လုံး...ဘယ်လောက်သင်သင် မတတ်သည့် ငတုံးတယောက်လို....ဒါပေမယ့် Chan Yeol ရိပ်စားမိသွားမှာ ဆိုးလို့ ဆက်ပြီး ဒါကိုပဲ ဆက်သင်ခိုင်းလို့ မဖြစ်တော့...အသစ် သင်ခိုင်းရမည်..

" ငါ့ကိုလေ ဟို ဓာတ်ပုံ ရိုက်တာ သင်ပေး ! "

"မင်း ဖုန်းကိုင်တတ်တာ သေချာပြီလား "

"အင်း ! "

ခေါင်းတချက်နှစ်ချက် ခပ်သွက်သွကိငြိမ့်ပြရင်း Kyungsoo ပြန်ဖြေလိုက်သည်...

" ကဲ ဒီမှာ ကြည့်....ဒါတွေ့လား နှိပ် ပြီးရင် ဟော..ဒီလိုချိန် တွေ့လား မင်းဆိုဖာကြီး....ရိုက်ပြီနော် "

* ချပ် *

" အင်း... "

"နောက် ဒီဟာက selfie ...ကိုယ့်ကို ရိုက်လို့ရတယ်...ဒီကို ကြည့် ဒီမှာ မင်းနဲ့ငါ တွေ့လား ချိန်ပြီနော် ရိုက်ပြီ "

*ချပ် *

"ဟ ....Kyungsoo မင်း ကင်မရာကို ကြည့်လေကွာ ဘယ်ကို ကြည့်နေတာလဲ "

ဓာတ်ပုံထဲက မျက်နှာ တဖက်လှည့်နေတဲ့ သူ့ပုံကို ကြည့်ပြီး Chan Yeol မကျေမနပ် ရေရွတ်နေသည်...
သူတွေးနေတာ...တွေးမိနေခဲ့တာ....မကြာသေးခင် တွေ့လိုက်မိတဲ့ ဓာတ်ပုံ တစ်ပုံအကြောင်း....

" Chan Yeol...နောက်တပုံ ထပ်ရိုက်ရအောင် "

"မင်း ကင်မရာကို သေချာကြည့်နော်..ငါ timer ထားထားမယ်...ကဲ အဲ့မှာ အာ့လေးက timer...အင်း နောက်မှ သင်ပေးမယ်...ခု ဓာတ်ပုံ အရင်ရိုက်မယ် ...ကြည့်နေ 3 , 2 ...."

* ဖျပ် *

Chan Yeol မျက်လုံးအပြူးသားနှင့် သူ့ဘေးက Kyungsoo ကို လှည့်ကြည့်လိုက်မိသည်..ကင်မရာရဲ့ ဖျပ် ဆိုတဲ့ အသံနဲ့အတူ သူ့ပါးပေါ်မှာ ခံစားလိုက်ရသည့် နူးညံ့သော အထိအတွေ့တခုကြောင့် သူ အနဲငယ် လန့်သွားမိသည်.....

" Kyungsoo မင်း ...ဘာလုပ်တာလဲ "

အလန့်တကြားနဲ့ သူမေးတဲ့ မေးခွန်းကို Kyungsoo ပြုံးလျက်နှင့်သာ နားထောင်နေခဲ့သည်....

" နောက်ဆို ဒါမျိုး မလုပ်နဲ့ကွာ...ငါ မကြိုက်ဖူး "

ChanYeol က အနဲငယ် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ပြောသည်...

" မကြိုက်ဖူးလား Chan Yeol "

တိုးတိုးလေး ထွက်လာသည့် Kyungsooအမေးစကားကို ChanYeol ချက်ချင်း အဖြေပြန်မပေးနိုင်ခဲ့....ထိုစကားသံထဲ
သူ့ ရင်ကို မွန်းကြပ်စေသော Kyungsoo ရဲ့နာကျင်မှုတွေ ပါဝင်နေခဲ့သည်လေ...
သူ လှည့်မကြည့်လည်း သိနိုင်သည် ...Kyungsoo မျက်ဝန်းတွေထဲ မျက်ရည်တို့နဲ့ ပြည့်လျှံနေဦးမည် ဆိုတာ....

Ring ~~~

ရုတ်တရက် တိတ်ဆိတ်သွားသည့် အခြေအနေကြား ဖုန်းသံတခုက ကျယ်လောင်စွာ ထွက်လာခဲ့သည်...

" Hello "

" ဗျာ ! "

တဖက်က ဖုန်းကို ပြန်ထူးသည့် ဟဲလို ဆိုသည့် စကားသံနှင့် ဗျာ ဆိုသည့် အထိတ်တလန့် စကားလုံး နှစ်လုံး နဲ့ အတူ Chan Yeol ကတစုံတရာကို အလျင်အမြန် လုပ်တော့မည့် ပုံ...
အလျင်အမြန် သူ နဲ့ဝေးရာ ဆီသွားဖို့ကို ပြင်ဆင်နေသည့် ပုံ...

" Kyungsoo ...ငါ သွားမှ ဖြစ်မယ်...မင်း ဒီမှာ နေခဲ့နော် ငါ ...ငါ ပြန်လာပါ့မယ် "

" ဟင့်အင်း မသွားနဲ့ ! "

သူ့လက် တဖက်ကို ဆွဲကိုင်ထားနေတဲ့ Kyungsoo နဲ့ ပထမဆုံးအကြိမ် သူကြားရသည့် Kyungsoo ဆီက တားမြစ်စကားသံ....

" မ...မသွားပါနဲ့ နော်...မသွားပါနဲ့နော် ငါ့ ကို မထားသွားပါနဲ့ Chan Yeol...င့ါ ကို မထားသွားပါနဲ့ "

ထားသွားမှာကြောက်လို့ ငိုခဲ့ပေမယ့်....
ထွက်သွားမှာစိုးလို့ သူ့ကို
အတင်းဆွဲဖက်ထားဖူးပေမယ့်....
ခုလို သူ့လက်ကိုဆုပ်ကိုင်ပြီး ပြတ်သားစွာ တားမြစ်ခဲ့တာမျိုးတော့ မရှိခဲ့ဖူးလေ...
Kyungsoo မျက်ဝန်းတွေထဲက သူ့အပေါ်ထားတဲ့ တောင့်တမှုတွေ မျှော်လင့်ချက်တွေကို မြင်မိတော့ သူ့ ဝဲဘက်ရင်အုံက နာကျင်လာတယ်....

ဒါပေမယ့် Kyungsoo....ဒီနာကျင်မှုကိုလည်း...
ငါ ထပ်ပြီး လစ်လျူရှူပါရစေ....

Chanyeol သူ့လက်ကို ဆွဲကိုင်ထားတဲ့ Kyungsoo လက်ကလေးကို ဆွဲဖြုတ်လိုက်တယိ...

"ငါ ပြန်လာခဲ့ပါ့မယ် "

/ Miyanae... Kyungsoo yarr... /

To B Continued ,,,,

နောက်တပိုင်းက final ပါ....
Final ကို မြန်မြန် သိချင်ပြီလား....
နဲနဲနောက်ကျပြီးမှ သိချင်လား ပြောပြခဲ့ဦးနော်....
အဆုံးသတ်ကိုတော့ ဒီ fic စရေးတည်းက တွေးပြီးသား အဆုံးသတ်ပဲ လုပ်မှာပါ....
အော် ...ဒါနဲ့ All About ChanSoo ဆိုတာလေး တင်ထားတယ်...ChanSoo facts လေးတွေပေါ့
မဖတ်ရသေးရင် ဝင်ဖတ်ကြည့်သွားဦးနော်...
Gamsahamida~~~

Continue Reading

You'll Also Like

208K 5.7K 10
ကိုယ့်အသွေးအသားကို မင်းစိတ်ကြိုက်သုံးဆောင်ပါ hyunee... (warning:Chanyeol bottom!!) Baekyeol/Chanbaek Yaoi RatedM Sorry for bad writings 90°bow #Yooh...
13K 671 22
အေးဆေးနေတတ်တဲ့ Mew နဲ့ ဒေါသကြီးလွန်းတဲ့ Gulf ဆိုတဲ့ သူငယ်ချင်းညီကို နှစ်ယောက် နီးစပ်ဖို့ရှိပါ့မလား....💙💙💙(Uni+Zawgyi)
2.1M 57.7K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
31K 2K 46
Unicode အနေအေးပြီးအချေဆန်ပေမယ့်ရီးစားအရမ်းရှုပ်တဲ့Bounတယောက်သူ့ညီရဲ့သူငယ်ချင်းPremကိုချစ်မိသွားတဲ့အချိန်ကစပြီးဘယ်သူနဲ့မှမရှုပ်တော့တဲ့သူ့ကိုPremကရောယု...