Chansoo ( Yaoi )
Part-4
"အဲ့..အဲ့တော့ Yeol ဘာ ပြန်ပြောလိုက် လဲဟင် "
ချစ်သူ၏ ဆုံးဖြတ်ချက်တခုကို သိချင်စိတ်ကြောင့် Baekhyun မျက်လုံး အရောင်လေးတွေ တောက်လျက်...
Chanyeolက သူတို့နှစ်ဦးတို့လက်ကလေးတွေကို ပိုမိုတင်းကျပ်အောင် ဆုပ်ကိုင်လိုက်ရင်း...ချစ်ရသူမျက်နှာလေးကို ကြင်ကြင်နာနာ စိုက်ကြည့်လိုက်သည်.....
/ကျနော်...ကြိုးစားကြည့်ပေးပါ့မယ် Arjumunyi /
****crazy' crazy love ****
မမျှော်လင့်ဘဲ တိုက်ခတ်လာတဲ့ လေပြည်ကို အေးချမ်းသော အထိအတွေ့တခုရယ်လို့သာ သတ်မှတ်မိလို့ အပြုံးတို့နှင့် လိုက်ပါစီးမျောမိသလို....
ရုတ်ချည်း ရောက်ချလာတဲ့
ကံကြမ္မာ တခုကို ပါးပါးလေးရယ်လို့သာ သတ်မှတ်ပြီး Chanyeol သူ့ဘဝထဲ အလွယ်တကူ ဝင်ရောက်စေခဲ့သည်...
မမှတ်မထင် ဖြတ်တိုက်တတ်တဲ့ လေပြည်ရဲ့ နောက်မှာ ကြီးမားတဲ့ မုန်တိုင်းတို့ ရှိတတ်သည့်အကြောင်းနှင့်
ကံကြမ္မာဆိုသည့် အရာကြီးက တခါတခါ မာယာများနှင့် မျက်လှည့်ပြတတ်သည့် အကြောင်းတို့ကိုတော့ သူသတိဖို့ မေ့သွားခဲ့မိသည်လေ....
"ဝင်လာ သားလေး "
Chanyeol ထိုနေ့က တွေ့ခဲ့သည့် အမျိုးသမီးက သူ့ကို ယင်းနေ့ကကဲ့သို့ပင် ဖော်ဖော်ရွေရွေ ဆက်ဆံကာ ကြိုဆိုသည်...
ပထမဆုံးအဖြစ် လာရောက်သည့် ထိုအိမ်သည်သူနေ့စဉ်
ကျောင်းသွားနေသည့် လမ်းက အိမ်ကြီးတခုပင်....
"Nae... "
"ခန ထိုင်ဦးနော် သားလေးကမကြာခင်
ဆင်းလာလိမ့်မယ် "
သူ့ကို ဧည့်ခံစကားပြောပြီး သူမကတော့ ထမင်းစားခန်းအတွင်းသို့ ဝင်သွားလေသည်...
ဆိုဖာပေါ်မှာ ထိုင်ရင်း Chanyeol အတွေးများက ပလုံစီလျက်...
ဘယ်က စပြီး ဘယ်လိုနှုတ်ဆက်ရမည်ကိုလည်း တွေးကြည့်နေသည်က အခေါက်ခေါက်အခါအခါ....
စိတ်လှုပ်ရှားနေသည်
မဟုတ်သော်လည်း နှလုံးခုန်သံတို့ ကတော့အနည်းနဲ့အများမြန်နေသည်...သူတွေ့ရမယ့် သူနှင့်သက်တူ ကောင်လေးဆိုသူက သာမန်မဟုတ်ဘူးဆိုသည်ကို သိထားလေတော့
ဘယ်လိုထူးထူးဆန်းဆန်း ပုံရှိနေမည်လည်း မသိနိုင်ဘူးမလား...
Chanyeol အတွေးများနေစဉ်မှာပင် ထမင်းစားခန်းထဲမှ ကောင်လေးရဲ့အမေက လက်ထဲက စားစရာများနှင့်အတူ ပြန်ထွက်လာလေသည်....ကောင်လေးကတော့ ခုထိ အရိပ်အယောင် မတွေ့ရသေး...
"ကော်ဖီ သောက်ဦးနော် "
" Nae... "
Chanyeol ကော်ဖီခွက်ကို လှမ်းယူကာ သောက်ဖို့ ဟန်ပြင်နေစဉ်မှာပင် သူထိုင်နေသည့် နေရာရှေ့တည့်တည့်က လှေကားပေါ်မှ အရိပ်တခုဆီသို့ အကြည့်တွေ ရောက်သွားခဲ့သည်...
လှေကားရဲ့ ထိပ်ဆုံးနေရာမှဆီးမိုးပြီး လှပတဲ့မျက်ဝန်း တစ်စုံက သူ့ကို စူးစိုက်ကြည့်ခြင်းကို မြင်မိတော့ Chanyeol ရင်ဘတ်ထဲ တုန်လာမိသလို....
ထို မျက်ဝန်းပိုင်ရှင်၏ ခြေလှမ်းများက လှေကားထစ်များမှ တလှမ်းချင်းစီ ရွေ့လျားနေသော်လည်း...သူ့ မျက်ဝန်းများ၏ တည်နေရာကတော့ မပြောင်းလဲ....
တစုံတယောက်ရဲ့ စိုက်ကြည့်ခံရခြင်းဟာ ခံရခက်သည်လေ...Chanyeol ထိုကောင်လေး၏ အကြည့်တွေက ခံရခက်သဖြင့် မျက်နှာလွှဲပစ်လိုက်ကာ ကော်ဖီကို တကြိုက်တည်းမော့သောက်လိုက်သည်
/အား.....ပူလိုက်တာ /
"အော်..သားလေး ဆင်းလာပြီပဲ လာ ထိုင် "
ခြေလှမ်းသံတချက် နှစ်ချက်တို့ကြားမိပြီး
အဆုံးမှာ သူ့ရှေ့က ဆိုဖာပေါ်မှာ ထိုင်နေပြီ ဖြစ်တဲ့ ဖြူဖြူသေးသေး ကောင်လေး တယောက်ကို Chanyeol တွေ့လိုက်ရသည်....
"သားလေ...ဒါ အန်တီသားလေးပဲ...တခြားဘာမှ မပြောတော့ဘူး..သားတို့ ကိုယ့်ပါကိုပဲ မိတိဆက်ကြတော့နော် "
" Nae Arjumunyi "
ပိုင်ဆိုင်ထားတဲ့ နွေးထွေးသောအပြုံးတခုနဲ့ Chanyeol နှုတ်ဆက်ရင်း....သူမသားလေးရဲ့ ခေါင်းကို ခပ်ဖွဖွ ပုတ်ကာ ကောင်လေးရဲ့ အမေက နေရာမှ ရှောင်သွားခဲ့လေသည်...
ကျယ်ဝန်းကြီးမားတဲ့ ဧည့်ခန်းကြီးအတွင်းတွင် အပ်ကျသံမှ မကြားရပဲ တိတ်ဆိတ်လွန်းလျက်...
ဆိုဖာကျယ်ကြီးများ အကြားက မျက်နှာချင်းဆိုင် ထိုင်နေသည့် ကောင်လေးနှစ်ယောက်မှာ တောင့်တင်းနေသော အနေအထားများနှင့်
ရှိနေကြသည်....
Chanyeol..သူစောစောက တွေးခဲ့သည့်အတိုင်းပင် ကောင်လေးကို စကားစပြောဖို့ အစအန ရှာမရပဲ..သူချည်းသာ ထိုကောင်လေးရဲ့ အကြည့်စူးစူးများကြား ရုန်းမထွက်နိုင်ဖြစ်နေခဲ့သည်..
/ဘာလို့ အဲ့လောက် ကြည့်နေတာလဲ မသိဘူး /
" Ann..Anneyong "
/ဟုတ်ပြီ စကားအစ ရှာတွေ့ပြီ /
"Imm Anneyong "
အပြုံးတခုကို နှုတ်ခမ်းဖျားမှာ ချိတ်ဆွဲလျက်...ကောင်လေးက သွက်သွက်လက်လက်ပင်သူ့
နှုတ်ဆက်စကား နောက်မှ
ပြန်နှုတ်ဆက်သည်...
/ဒီလိုဆိုတော့လည်း အပေါက်အလမ်းတည့်မယ့် ပုံလေးပါ../
" ငါ့ နာမည်က Park Chanyeol မင်းကရော? "
သူ့နာမယ်ကို ပြောပြတော့ ကောင်လေး၏မျက်လုံး ဝိုင်းဝိုင်းလေးတွေ ပိုပြူးလာသည်...ပါးစပ်ပေါက်နေရာလေးက O ပုံလေးလို ဆူလာပြီး ကောင်လေးရဲ့ နှုတ်မှလည်း သူ့နာမယ်ကို တိုးတိုးလေးနှင့် ထပ်ခါထပ်ခါ ရွတ်နေသည်ကို ကြားနေရသည်...
" မင်း...မင်းရောလို့ ? "
သူနောက်တကြိမ် ထပ်မေးမှ ကောင်လေး သတိပြန်ဝင်လာပြီ သူ့ကိုပြုံးပြသည်...ပြီးတော့...
"ငါက Do Kyungsoo "
"Arr ...Kyungsoo လို့ ခေါ်ရမှာပေါ့ "
ထုံးစံအတိုင်း Chanyeol ရဲ့မူပိုင်လက်နက်ဖြစ်သည့် သွားများအချောင်းစေ့ ပေါ်အောင် ရယ်ပြီး ပြောလိုက်တော့ ကောင်လေးက မှိန်သက်စွာ သူ့ကိုစိုက်ကြည့်နေပြန်သည်...
/ ငါ...ငါ ဘာမှားသွားပြန်ပြီလဲ မသိ /
"အ...အရမ်း လှတယ် "
"အယ်...ဘာ
ဘာကိုလှတယ်ပြောတာလဲ "
"Chanyeol ရယ်ရင် အရမ်းလှတယ် "
ဒီတခါတော့ ပါးစပ်အဟောင်းသားနဲ့ သူ့ရှေ့ကို သူကိုပြန်ကြည့်နေမိတာ Chanyeol ရယ်ပါ...ရုတ်တရက် Kyungsooရဲ့ ရိုးရှင်းသော
စကားနောက်မှာ သူ့ပြန်တုံ့ပြန်ဖို့ စကားလုံး ရှာမတွေ့ပဲ မှိန်သက်မိသွားသည်လေ...
"Hahahaha မင်းကလည်း...ယောကျာ်းလေး အချင်းချင်း လှတယ်မပြောရဘူး...ခန့်တယ်လို့ ပြောရတာကွ..Hahahaha "
အရူးလိုလို အယောင်လိုလို ဝါးချပြီး ရောယောင်ရယ်ကာ ပြောတော့ ကောင်လေးက သဘောကျစွာလိုက်ရယ်သည်.....
/ သူရယ်တာ လှလိုက်တာ /
/ နေ..နေပါဦး...ငါဘာတွေးလိုက်တာလဲ../
Chanyeol သူ့ရှေ့မှာ ကလေးတယောက်လို ဖြူစင်စွာရယ်နေတဲ့ Kyungsoo ကိုကြည့်ရင်း ရင်ထဲမွန်းကြပ်လာသည်...ဒီလို မွန်းကြပ်သည့် ခံသားချက်က ဘာမှန်းလဲ သူနားမလည်ခဲ့...
နောက်ဆုံးတော့ စကားလမ်းကြောင်း လွှဲပစ်ပြီး သူရဲ့ အမည်မသိ ခံစားချက်အကြောင်းကို မေ့ပစ်ဖို့ရာ ကြိုးစားလိုက်တော့သည်..
"ဒါနဲ့ Kyungsoo မင်းအခန်းက ဘယ်မှာလဲ "
ဘယ်ဘတ်ထောင့်မှာ အသည်းပုံ လေးပါသည့် ခေါင်းစွပ်အကျီင်္ဝတ်ထားပြီး သူနှင့် အဆင်ပြေပြေကို စကားပြောသည့် ထိုကောင်လေးကို အိမ်နေရင်း Leather Boot စီးရင်းနှင့်သာ Chanyeol မမြင်ခဲ့မိရင်...Kyungsoo ကို စိတ်ဝေဒနာရှင် တယောက်လို့တောင် သူသတ်မှတ်မိမှာ မဟုတ်ခဲ့ပါလေ..
****crazy' crazy love****
" Wow "
Kyungsoo အခန်းထဲ ဝင်ဝင်ချင်းမှာပင် Chanyeol တယောက် အံ့ဩသွားသည့် အမူအရာနှင့် လိုက်လံလျှောက်ကြည့်နေသည်...
"Kyungsoo...မင်း အခန်းကြီးက ကောင်းလိုက်တာ.. "
သူ့အခန်းတွင်းမှာ လျှောက်သွားနေရင်း သူ့ပစ္စည်းတွေကို လိုက်ကိုင်ကာ သူ့နဲ့စကားပြောနေသူက သူနေ့စဉ်နေ့တိုင်း အပြေးအလွှား ချောင်းကြည့်နေခဲ့ရသည့် ကောင်လေး...ဩော်...ခုသူ့နာမယ်က Park Chanyeol...Chanyeol ဖြစ်နေသည်ဆိုတဲ့အကြောင်းကို ခုထိ Kyungsoo မယုံကြည်နိုင်သေး.... Kyungsoo သိတတ်သည့်အချိန်ကစ ခုချိန်ထိ Ma နဲ့တောင် ဒီလောက်အချိန်ကြာ မျက်လုံးချင်းစုံပြီး... စကားမပြောဖူးခဲ့ပေမယ့်
ခနတာ အချိန်လေးအတွင်းမှာပဲ Chanyeol နဲ့သူတို့နှစ်ယောက် စကားတွေ
အများကြီးပြောဖြစ်ခဲ့ကြသည်...
Chanyeol က သူနဲ့စကားပြောရင်းက ရုတ်တရက် သူ့ကုတင်ဘေးက ပြတင်းပေါက်နားဆီ သွားရပ်သည်....
"Wow...Kyungsoo မင်းအိမ်က ကြည့်ရင် လမ်းမကို တမ်းမြင်နေရတယ်နော် ..မိုက်တယ် "
ခုံအပုလေးပေါ်မှာ ကျုံ့ကျုံ့လေး ထိုင်ရင်းက Chanyeol
စကားသံကို ကြားတော့ Kyungsoo ထိုပြတင်းနားဆီ ထသွားလိုက်သည်...
"မင်း ဒီကကြည့်ရင် လူတွေ ရော ကားတွေ သွားတာရော အကုန် မြင်နေရတယ်နော် "
Chanyeol ရယ်မောကာပြောရင်း ဘေးကို လှည့်ကြည့်တော့ သူ့ကိုပြန်ကြည့်နေသည့် Kyungsoo မျက်ဝန်းတို့နှင့်ဆုံသည်...
"ငါ မင်းကို ဒီကတွေ့တာ "
"Arrr..."
Chanyeol ခုမှ အဖြေရှင်းသည်...သူကျောင်းသွားတိုင်း Kyungsoo သူ့ကို ဒီကကြည့်နေခဲ့သည်ကို...
"Aww မင်းကငါ့ကို ဒီကနေ ချောင်းကြည့်နေတာကို...hk hk "
Chanyeol က ပေါ့ပေါ့ပါးပါး ရယ်မောပြီးပြောနေပေမယ့် Kyungsoo ဘက်ကတော့ တည်တည်ငြိမ်ငြိမ်နှင့်သာ စကားဆက်သည်
"ငါ နေ့တိုင်းပြုံးပြနေတာ မင်းမမြင်ဘူး ဟုတ် "
/ငါ နေ့တိုင်း မင်းပြန်လှည့်ကြည့်ရင် လှလှလေး ဖြစ်နေအောင် ကြိုးစားပြုံးနေခဲ့တာလေ /
"ဟင်...ဟုတ်လား.....ဟာ...မင်းကလည်း...ငါ ဘယ်လိုမြင်မလဲဟ...ဒီလောက်အဝေးကြီးကို "
" ငါမြင်တယ်လေ "
/ မင်းလည်း မြင်တယ်လေ Chanyeol yarr...ငါ ဒီအကျီင်္လေး ဝတ်ထားတဲ့နေ့က မင်း ငါ့ကို ပြုံးတောင်ပြတယ်လေ /
မျက်လုံးလေး ကလယ်ကလယ်နှင့် သူ့ကို ပြန်ကြည့်နေသည့် Kyungsoo ကို ရှင်းပြလည်း နားလည်မှာ မဟုတ်ဖူးလို့ ယူဆမိလိုက်လို့ Chanyeol သူ့အငြင်းစကားကို သူ့ဘာသူ ပီစလွယ် အဆုံးသတ်လိုက်သည်...
" အေးပါ အေးပါ...ငါ မှားသွားတယ် နောက်ဆို ဒီရှေ့ရောက်တာနဲ့ မင်းကို လှည့်ကြည့်မယ်နော် ဟုတ်ပြီလား "
Chanyeol စကားကြောင့်
Kyungsoo မျက်ဝန်းထဲ ဝမ်းနည်းနာကျင်လွန်းသွားတဲ့ အရိပ်အယောင်လေးက ဖြတ်ပြေးသွားသည်....
သူ့စကားကို ကြားပြီး Kyungsoo မျက်နှာလေး ညိုးသွားသည်ကို မြင်မိတော့ Chanyeol စိတ်ထဲ မကောင်းမိ...သူ့အပေါ် အားနာသလိုလို ခံစားမိပြီး မွန်းကြပ်သည့် ခံစားချက်မျိုးကို ထပ် ခံစားမိပြန်သည်...ဘာလို့ ခနခန Kyungsoo အနားမှာနေရင်း ဒီလို ခံစားမိနေသည် မသိတော့...သို့ပေမယ့် သေချာသည်တခုက Chanyeol ဒီခံစားချက်ကို မနှစ်မြို့မိသည် အမှန်ပင်....
* Ring *
(-Puppy Baekkie)
ဖုန်းscreen ပေါ်က နာမည်လေး မြင်မိတော့ Chanyeol ရင်ထဲ အပျော်လုံးကြီး လှိမ့်ဝင်သွားသလို ခံစားလိုက်ရသည်...
ဘေးနားက လမ်းမကြီးပေါ်ကို မျှော်ကြည့်နေသည့် Kyungsoo ကို ခန လို့ လက်ကာပြရင်း ဖုန်းပြောဖို့ရာ အခန်းတွင်းက ထွက်လာလိုက်သည်...
*ဂျိန်း*
တံခါးချပ် ပိတ်သံအတူ မျက်ရည်တပေါက် ကျဆင်းသံတို့ ထပ်တူကျသွားခဲ့ပြီး
နာကျင်နေသည့် နှလုံးသားတစုံမှ ပွင့်ဟလာသည့် တိုးလျလျ စကားသံလေးတခွန်းကို Chanyeol မကြားမိလိုက်...
/ မင်း မေ့လိုက်ပြီပေါ့ Chanyeol Yarrr/
To B Continued ,,,,