Faith..

Od Eriko_Hyunny

465 27 0

a story abt a boy #one shot Více

Final

465 27 0
Od Eriko_Hyunny

တက်ကြွတဲ.ခြေလှမ်းတွေနဲ.  ..
ကျတော်အိမ် ပြန်လာခဲ.တယ်..

မနက်ခင်းဆိုတဲ.အချိန်လေးမှာ
ဌက်ကလေးတွေရဲ. တေးသီသံလေးတွေကချိုမြိန်သလို..
စိမ်းမြတဲ. သစ်ရွက်ကလေးတွေကလဲကြည်နူးစရာ..
တိုက်ခတ်လိုက်တဲ. လေပြည်နုအေးလေးကို
တဝကြီးရူရိုက်ရင်းနဲ.
ပြာလဲ.နေတဲ.ကောင်းကင်ကြီးပေါ်မှာ
ဆော.ကစားနေတဲ.တိမ်တွေကိုပြုံးကြည်.ရင်း...
ကျတော်Oh sehun တယောက် နေမင်းကြီးကိုတောင် တာ.တာပြလိုက်သေး ..

မျက်လုံးပေါ်ကျလာတဲ. နေရောင်ခြည်လေးကိုခံစားရင်း
လေအဝှေ.မှာ ကျတော. ဆံပင် အဖြူလေးကလဲလွင်.တင်.တင်.
အော်..လောကကြီးမှာနေရတာ
နေပျော်လိုက်တာဗျာ

ဝတ္ထားတဲ. အေပၚအက်ီၤအနီကြက္ကို
မိုးပေါ်ပစ်တင်ပီး ခုန်ဖမ်းရင်း..ပြေးလိုက်..
လက်နှစ်ဖက်ဆန်.တန်းပီး တိမ်တွေကိုပြုံးကြည်.လိုက်နဲ.

ဘေးကလူတွေအမြင်လား..
ဂရုမစိုက်ပေါင်
ဒီလိုအပျော်မျိုးခံစားရဖို.ကိုအိမ်မက်မက်ခဲ.တာကြာပေါ.

အခုမှ လွတ်လာတဲ.အကျဉ်းသားလို..
၁၀ ရက်ငတ်ပြတ်နေတဲ. သူတယောက်..
ထမင်းစားရသလို.

ကျနော် ဒီအပျော်တွေခံစားရတာ မဝနိုင်သေးဘူးဗျာ..

ဒီနေ.လား..
April 12

ကျတော.မွေးနေ.
တနည်း..
ကျတော်ကြိုးစားခဲ.တဲ. အားထုတ်မှုတွေရဲ.ရလဒ်ကြေညာတဲ.နေ.လေ..

မနေ.ညကထဲက တော်တော်နဲ. အိပ်မပျော်နိုင်ဘဲ နာရီဘဲထိုင်ကြည်.ပီးတော.
ဒေါင် ဆိုတဲ. ဧည်.ခန်းက၆ နာရီထိုးသံ ကြားတာနဲ.
ပြိုင်ပွဲဝင် မာရသွန်အပြေးသမားတစ်ယောက်လို
ကျတော်ပြေးခဲ .တာလေ..

ကျတော.ရဲ.ကြိုးစားမှုနဲ. ထပ်တူကျခဲ.တဲ.
ရလဒ်ကိုမြင်ပီး ကျတော် အပျော်လွန်နေတာ မဆန်းပါဘူးနော်

အိမ်ထဲကို အမြန်ပြေးဝင်ပီး..
ရလဒ်ပြောပြပီးတဲ.နောက်မှာ..

ကျတော.အထင်နဲ. ကျတော.စိတ်ကူးတွေတက်တက်စင်အောင်
မှားခဲ.မှန်းသိလိုက်ရတယ်..

"မင်းကွာ Jun လောက်မှ အသုံးမကျ..
ဟိုက မင်းထက်၂ ဆင်.တောင်သာသွားတယ်..
သူ.အဖေကို ငါရုံးတာပေါ .
တောက်!
ငါကျွေးမွေးခဲ.တာတွေကိုဒီနည်းနဲ.
ပြန်ဆပ်လိုက်တာပေ.ါဟုတ်လား..
Ji min မင်းသားလုပ်ပုံကကွာ
ဟူး ..မင်း ဒီအမှတ်နဲ. ဆရာဝန် ဘယ်လိုလုပ်ဖြစ်မတုန်း"

ဆရာဝန်..
မျှော်လင်.တာနဲ.ကွဲပြားနေတဲ.
တုန်.ပြန်စကားတွေကို ခေါင်းငိုက်စိုက် နားထောင်ပီးကြောင်နေတဲ.
အချိန်မှာကြားလိုက်ရတဲ. စကားလုံးတစ်လုံး..

ဆရာဝန်..ဟင်.အင်း ကျတော်မဖြစ်ချင်ဘူး..
ဒီအသက်ရွယ်ထိ အဖေတို.စိတ်တိုင်းကိ ကြိုးဆွဲရာကပီးရင်လုံလောက်ပီပေပါ.အဖေ

"ကျတော် အနုပညာကျောင်းသွားမှာ အဖေ"

"ဘာ!! မင်းအခုဘာပြောလိုက်တယ်"

"ကျတော် dancer ဖြစ်အောင်လုပ်မှာလို.
ကျတော် ဒီတစ်ခေါက်တော.အဖေတို.ဖြစ်စေချင်တဲ .အတိုင်းမလုပ်နိုင်တော.ဘူး"

"မင်း မင်း."

"တခါလောက်တော.ကျတော. စိတ်တိုင်းကျ.. "

ခွပ်
ပူနွေးပီး ထုံသွားတဲ. ကျတော.ပါးတစ်ဖက်နဲ.အတူ
ကျတော လဲကျသွားခဲ .တယ်

"ေ*က်သုံးမကျတဲ.သား မွေးရကျိုးမနပ်တဲ.ကောင်"

ဝဲတက်လာတဲ.မျက်ရည်တွေ နဲ.အတူ
ဝေဝါးသွားတဲ.အမြင်နဲ.
ဘေးကိုတချက်လှည် ကြည်.လိုက်တော.

ညီငယ်ရဲ. အထင်သေးမှုမျက်လုံးတွေနဲ .
အမေ.ရဲ. အပြစ်တင်ချင်သလို အကြည်.တွေ

ကျတော်ပြေးထွက်လာခဲ.မိတယ်
ဖိနပ်မပါခြေဗလာနဲ. ဘယ်ကို ဦးတည်မှန်းမသိတဲ.ခြေလှမ်အစုံနဲ .
တင်းကြပ်နေတဲ.နှလုံးသားအစုံထဲက
အသံတိတ်အတွေးတွေနဲ.အတူ

ဂရုစိုက်မှုတဲ.လား...
လမ်းမမှားအောင် ထိန်းကြောင်းမှုတဲ.လား..
ကောင်းစေချင်လို.တဲ.လား..

တော်ကြပါတော.ဗျာ..တော်ကြပါတော.
နားထောင်ကောင်းမယ်.စကားလှလှတွေနဲ. နစ်သတ်မယ်.အစား..
တခွန်းတည်းပြောလိုက်ပါ
မင်းမရှိရင် အကောင်းဆုံးလို. ..

လမ်းပျောက် မှာစိုးလို. ကြိုးနဲ. ဆွဲထားရအောင်
ကျတော် အသိဥာဏ် မမဲ.ဘူး..
လုပ်သမျှ အရာအားလုံး တားဆီးပီး အလိုကျနေရအောင်
ကျတော် သက်မဲ. မဟုတ်ဘူး..
လူ  ဗျ လူ..
အသွေးနဲ.အသားနဲ. တည်ဆောက်ထားတဲ.လူ..

ဖြစ်စေချင်သမျှ အကုန် လိုက်လုပ်နိုင်အောင်
ကျတော် မစွမ်းဘူး..
မျှော်လင်. သမျှုအမြဲဖြစ်လာအောင်
ကျတော် မတော်ဘူး..

ကျတော်လဲ ပင်ပန်းတတ်တဲ.သူ..
နားခိုရာလိုချင်တဲ.သူပါ..

ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း..ချောက်ထဲကျလေမလားဆိုတဲ.
အတွေးနဲ.  လျှောက်နေရတဲ. ကျတော.ဘဝမှာလေ..

မှားယွင်းသွားတဲ.ခြေလှမ်းအတွက်
လက်ညိုး ငေါက်ငေါက်ထိုး အပြောခံရမယ်.အစား..
လှမ်းခဲ.ပီးတဲ.ခြေလှန်းတွေအတွကိ
ထိုက်တန်တဲ. ဂုဏ်ပြုမှုနဲ.
မှားယွင်းခဲ.တဲ. ခြေလှမ်းအတွက် အားပေးစကားလေး တောင်.တမိယုံလေးပါ..

လဲကျသွားရင် လက်ညှိးထိုးလှောင်ရယ်ကြမယ်. အသိုင်းဝိုင်းနဲ. အပြင်လူတွေကြားမှာ
ကျတော် လိုအပ်တာ
ကမ်းပေးမယ်. လက်တစုံနဲ.
ကျတော.အပေါ် ယုံကြည်မှုလေးပါ..

ငယ်ငယ်ထဲက
ဆွဲထူရင် မင်း သားအားပျော.မယ်
ပစ်ထားလိုက် ဆိုတဲ.
အဖေ.ရဲ. ကြိမ်းမောင်းသံနဲ.

တွေ.လား အာ.ကြောင်.သေချာလုပ်ပါလား
မင်းအဖေ စိတ်ပျက်သွားပီ အခုတော.
ဆိုတဲ. အမေ.ရဲ. အပြစ်တင်သံကြားမှာ

ကျတောရှာတွေ.တာ တခုထဲပါ..

အော်..မှားယွင်းတဲ. မွေးဖွားမှုပါလား..

စံတဲ.  မင်းညီအတွက်စံ ဖြစ်ရမယ်တဲ.
အဟတ်..မတူညီတဲ. ဘဝနှစ်ခုကိုတူအောင်လုပ်ချင်တဲ.
အဖေ.ရဲ. စေတနာတွေလေ.
စံတင်လောက်ပါရဲ. ..

အ"
ပြေးရင်းနဲ. ခလုတ်တိုက်ပီးချော်လဲမိချိန်..
ထူပေးမဲ.အစား ဂရုမစိုက်တဲ.အပြင်
အထင်သေးသလိုအကြည်.တွေကြားမှာ..
ရုတ်တရက်တွေ.လိုက်မိတဲ. ရင်းနှီးတဲ. မျက်နှာ၂ခု

"Chaerin.. hyun bin..?"
ကျတော.မျက်စိရှေ.က မြင်လိုက်ရတဲ. မြင်ကွင်းကြောင်.ပြောစရာစကားကို မရှိခဲ.အောင် ဆွံ.အသွားခဲ.တာ
ပျော်ရွှင်ပီး စနောက်နေတဲ. အတွဲတတွဲကို ကြောင်ကြည်.နေတဲ  .ကျတော.ကို
ဘေးလူတွေကတော.ထင်ကြပါလိမ် မယ် ရူးသွားပီလို.

အခင်ဆုံး သူငယ်ချင်းနဲ. အချစ်ဆုံး မိန်းကလေးရဲ.
အချစ်ဇာတ်လမ်းကို ကြည် .ပီး

"Haha.. hak "
မျက်ရည်တွေနဲ.ကျတော် ရယ်မိတယ်..
လဲနေရာကထပီး..
ကျတော် တနေရာကိုဦးတည်လိုက်တယ်

"အား!!!! အား~~~~~~"
ရှိသမျှအသံကုန်လောက်တဲ.အထိ
Han မြစ်ကြီးကိုမျက်နှာမူပီး
အသံကုန် အော်လိုက်တယ်
အော်လွန်းလို. လည်ချောင်းတွေ အက်ကွဲမတတ်ဖြစ်လာတဲ.အထိ

တိတ်ဆိတ်တဲ. မြစ်ဘေးတစ်နေရာမို.ကျတော.အသက်ရူသံတွေသာ
ကြားရတဲ.နေရာမှာပေါ.

"ဘာ.ကြောင်.လဲ..wae !!ဘာလို. ငါမှဖြစ်နေရတာလဲwae!!
မိဘတွေဖြစ်စေချင်တဲ.အတိုင်း
အကောင်းဆုံးကြိုးစားပေးရင်
ငါ.အပေါ်လဲ တနေ. နားလည်မှာပါလို.
ယုံကြည်မိတဲ.ငါ.မှ ဘာလို.လဲ
စိတ်ရင်းအမှန် နဲ.ယုံကြည်ပီး
အားလုံးကိုပုံပေးချစ်မိရင်...
ယုံမိရင်..
ငါ.အပေါ်လဲ တန်ပြန်သက်ရောက်မှာလို.
ယုံမိတဲ.ငါ.ကျမှ ဘာလို.လဲ!!! "

ဘာလို.လဲ..တသွင်သွင်စီးနေတဲ. မျက်ရည်တွေကိုမသုတ်အား..
အေးလှတဲ. ဘေးအပူချိန်ကို မမှုအား.
နာကျင်နေတဲ.ခြေအစုံကို ဂရုမစိုက်အားဘဲ
ဆက်တိုက်အော်နေမိတယ်

အဲ.ချိန်
အ "
နောက်ဆုတ်မိတော.
ခြေထောက်အောက်က ချွန်ထက်နေတဲ. ဖန်ကွဲစလေးတခု
ဒါလေးကိုကြည် .ပီး..
စဉ်းစားမိတာတခုထဲသာ..

ငါမရှိတော.ရင်...

အင်း..အရင်ထဲကသိချင်မိခဲ.တယ်..
ငါမရှိတော.ရင်..
ဝမ်းနည်းကြလေမလား..
တန်ဖိုးမထားခဲ.ရလေခြင်း..ဆိုပီးနောင်တရကြလေမလား.

အဟတ် တွေးကြည်.ယုံနဲ.တင်..
စောစောက ခံစားနေရတဲ.နာကျင်မှုတွေ အစားလှိက်ခနဲ  တက်လာတဲ.ပျော်ရွှင်မှုတွေ..
ပြုံးလိုက်ပီးတော.ကိုယ်.ကိုကိုပြောလိုက်တယ်..
အဖြေရှာကြည်.တာပေါ.sehun..

ပူနွေးသွားတဲ.လက်ကောက်ဝတ်က ခံစားမှုနဲ.အတူ
စီးကျလာတဲ.သွေးနီနီတွေကို
ဝိုးတဝါးကြည်.ရင်း ကျတော.အမြင်တခုလုံး
အမှောင်ကမ္ဘာထဲ သို.သာ
END
#Eriko

Thzz for reading..
Looking forwards to your feedback and votes my readers..luv u all.
Ahh and I would be glad if any one of u will help me in making cover photo for this fic..
And i forgot to say..
သေကြောင်းကြံလဲချက်ချင်းတော.
သေလောက်ပါဝူးနော. xP

Pokračovat ve čtení

Mohlo by se ti líbit

90.5M 2.9M 134
He was so close, his breath hit my lips. His eyes darted from my eyes to my lips. I stared intently, awaiting his next move. His lips fell near my ea...
1.3M 56.8K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
191K 4K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
740K 27.3K 102
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...