အဲဒီလူ နားမလည်နိုင်တဲ့ ဘာသာစက...

由 shoon_wh

2.6K 392 14

ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ... 更多

00. based on a true story
01. သော့ခတ် မထားတဲ့ လှောင်ချိုင့်
02. အခိုက်အတန့်တိုင်းဟာ အဲဒီလူ ဖြစ်ခဲ့တယ်
03. နှလုံးသားမိုင်ပေါင်း ၂၈၀၀
04. serotonin
05. ဆက်သွယ်မှု ဧရိယာ ပြင်ပ
06. စင်ကြယ်သော ဒုစရိုက်
07. nightmare
08. မပို့ဖြစ်တဲ့ မက်ဆေ့ချ်တွေကို မြင်ရင် မျက်တောင် နှစ်ချက် ခတ်ပါ
09. ထာဝရပြီး နောက်တစ်ရက်
11. အဲဒီလူ နားမလည်နိုင်တဲ့ ဘာသာစကား
12. ရေခဲနည်းနည်း သကြားများများ
13. favorite movie
14. ကမ္ဘာဟာ ညာဘက်မျက်ခုံးစွန်းမှာ မှဲ့နက်လေး တစ်ပွင့်နဲ့
15. အရင်းနှီးဆုံး သူစိမ်း
16. ကယောင်ချောက်ချား
17. ၉၁၃၁ ရက်
18. အဲဒီညက မက်တဲ့ အိပ်မက်ထဲမှာ ငါ့ကို အဲဒီလူက ❛ကျေးဇူးပဲ❜ လို့ ပြောခဲ့တယ်
19. မေပယ်လ်တွေ မကြွေတဲ့ ပန်းချီကား
20. you deserve the world
21. အဲဒီလူ ရပ်မစောင့်ခဲ့တဲ့ ၃ နာရီနဲ့ ၃၇ မိနစ်များ
22. plot twist
23. ပြစ်ဒဏ်
24. content not found
25. ရတနာသိုက်ရဲ့ လျှို့ဝှက်သော့တံ
26. ဘတ်စ်ကားတွေ မရပ်တဲ့ ဘတ်စ်ကားမှတ်တိုင်
27. အလင်းနှစ်ပေါင်း ၃၈၀၀၀
28. အဝေးဆုံး
29. ထောင်ချောက်ဟာ သိပ်လှနေရင် ကျေးဇူးပြုပြီး ထောင်ချောက်လို့ မခေါ်ကြေး
30. အဲဒီလူနဲ့ အဆုံးသတ်ပြီး အဲဒီလူနဲ့ ပြန်အစပျိုးခဲ့တဲ့ ကြိုးမျှင်တွေ
31. အဝါရောင်များနှင့် လမ်းခွဲခြင်း
32. နိဒါန်း
33. အိမ်နဲ့ အဝေးမှာ စောင့်နေခဲ့တဲ့ အိမ်
34. အဲဒီလူ ဘယ်တော့မှ ဖွင့်မဖတ်တော့မဲ့ စာတွေ
35. life = you
THANK YOU

10. စည်သွတ်ဘူးအလွတ်ထဲ ပြည့်နေတဲ့ မျက်ရည်တွေ

52 8 0
由 shoon_wh


ဘဝက လက်သည်းဆိုးဆေးနဲ့ တူရင် သိပ် ကောင်းမှာ သိလား။

တစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် ပြုဖူးတဲ့ စကားတွေ၊ တစ်ယောက်ယောက်က စိတ်ထိခိုက်အောင် ပြုဖူးတဲ့ နေ့တွေအားလုံးကို စက္ကန့် နည်းနည်းလေး ပေးရုံနဲ့ ဖျက်ပစ်လိုက်လို့ ရတာမို့လေ။

ဘဝက မိုးမျှော်တိုက်တစ်ခုရဲ့ ခေါင်မိုးထပ်နဲ့ တူရင်လည်း မဆိုးဘူး ထင်ရတာပဲ။

အပေါ်စီးကနေ မျက်လုံးဖြန့်ကျက်ကြည့်တိုင်း ပုခုံးချင်း ထိတိုက်ဖူးတဲ့ ပြဿနာ ခလုတ်ကန်သင်းတွေက မြင်တောင် မမြင်ရအောင် သေးသေးလေး ဖြစ်နေမှာ။
ပြီးတော့ အပိုဆုအနေနဲ့၊
တိမ်တွေကိုတောင် လှမ်းခိုစီးရင်း နွဲ့ဆိုး ဆိုးလို့ ရဦးမှာမျိုး။

ဒါပေမဲ့ အခုတော့ ဘဝက လမ်းမှာ ရောင်းတဲ့ အာတာပူစီတစ်လုံး ဖြစ်နေတယ်။

လျှာဖျားပေါ်မှာ အချိုဓာတ်လေး ဖျတ်ခနဲ ရလိုက်ပေမဲ့
❛ဘယ်မှာလဲ အချိုဓာတ်❜ လို့ သက်သေပြခိုင်းရင်တော့ သက်သေပြစရာ မကျန်တော့တဲ့ အဲဒီလို ဝေဝါး ပျောက်ရှခြင်းတွေနဲ့ပေါ့။

သဘောထားတွေ ခမ်းခမ်းနားနား ကြီးမပေးနိုင်တဲ့ နှစ်အသစ်မှာ ၁ ကို ၂ ထဲက မရမက နှုတ်ကြည့်လည်း ရလဒ်အဖြေက ၂ ဆိုတာ ပြောင်းမသွားခဲ့။ တအားပဲ စိတ်ထိခိုက်စရာ။

ဒါနဲ့ စကားမစပ်၊

မိုဘိုင်းလ်ဖုန်းဂိမ်းတစ်ခုထဲ အဲဒီလူနဲ့ မတော်တဆ ဆုံဖြစ်ခဲ့ရင်လည်း တိုးတိုးတိတ်တိတ် သတင်းစကားလေး ပါးပေးပါဦး။

အာတာပူစီတွေက နေ့တိုင်း စားရင် ကျန်းမာရေး ထိခိုက်စေတာမို့၊
မတည်နိုင်တော့မဲ့ အဲဒီ ကတိ အထပ်ထပ်ကို ကိုယ်တိုင်ကိုယ်ကျ လာရိုက်ချိုးပေးဖို့။

繼續閱讀

You'll Also Like

281K 29K 26
JEON JUNGKOOK KIM TAEHYUNG KOOKV(Yaio)
2.6K 392 37
ဒါဟာ အဲဒီလူအတွက် သီးသန့် တည်ဆောက်ပေးထားပေမဲ့ အဲဒီလူက ဝင်နေထိုင်ဖို့ ငြင်းဆန်ခဲ့တဲ့ အစွန့်ပစ်ခံ ကမ္ဘာငယ်လေးပေါ့ cover by thsmut studio
2.3K 154 8
Make with Magic,Love and Sunflowers