လောင်းရိပ်မိသောအချစ်

By Ella714205

8.5K 1.4K 521

ဟင့်အင်း... ကျွန်တော်က ကိုကို့ အနားဘဲနေမှာ More

{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
Final

{1}

915 81 17
By Ella714205

"သားလေး မြောင်ဟို အစ်ကိုလေး ခေါ်ခိုင်းလိုက်လို့"

တံခါးခေါက်သံမှန်မှန်နှင့်အတူ အဒေါ်ကြီး အသံကပ်ပါလာတာကြောင့်မြောင်ဟိုက စာရေးနေရာမှ ထလိုက်သည်။
သူရောက်တော့ စားပွဲပေါ် လက်ထောက်က
မျက်ရိုးတွေက နိုပ်နယ် နေတဲ့ သူ့ကိုတွေ့ရသည်။ ဒီအတိုင်းဆို စိတ်အဆင်ပြေပုံမရ

" ကျွန်တော် ရောက်ပြီ "

"အင်း ထိုင်ဦး "

"ဟုတ်"

"မင်း ဒီနေ့ ကျူရှင်ပြေးတာလား"

မြောင်ဟို အလန့်တကြားမော့ကြည့်တော့ သူ့ကို စူးစိုက်စွာကြည့်နေသည့် မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်လိုက် ရသည်။

"ငါမေးနေတာဖြေလေ"

ပေကပ်ကပ် နဲ့ ပြန်မဖြေတဲ့ ကလေးကို ကြည့်ပြီး  မွန်းဂျွန်က ဒေါသတနုံ့နုံ့ထွက်ရသည်။

"ငါစိတ်မတိုချင်ဘူး ဆောမြောင်ဟို"

"ဟုတ် တယ်ကိုကို ကျွန်တော် သူငယ်ချင်းတွေ နဲ့ အပြင်သွားတာ"

"ငါက စာသင်ဖို့ လွှတ်လိုက်တာ လေ ဆောမြောင်ဟို ငါအလုပ်တွေ ရှုပ်ရတဲ့ကြားတဲ့ မင်းပြဿနာတွေကိုပါ  လိုက်ရှင်းပေးနေရမှာလား"

သူ့မှာတော့ ကိုကို အလုပ်နဲ့အပြင်သွားတုန်း လွမ်းနေလိုက်ရတာ ကိုကိုက တော့ ပြန် လာလာ ချင်း သူ့ကို ဆူငေါက်လို့။

"ကိုကို့ ကို လွမ်းနေခဲ့တာ "

မဆီမဆိုင်ထပြောတော့  မွန်းဂျွန်က ကြောင်အ, သွားသည်။

"မဆိုင်တာတွေ ပြောမနေစမ်း နဲ့ မြောင်ဟို ငါတကယ် မင်းကိုထိန်းသိမ်းရတာ ပင်ပန်းနေ
ပြီ  "

" ဘယ်သူက ပင်ပန်းခံပါလို့ ပြောနေလို့လဲ "

"ဘာပြောလိုက်တယ်"

"ကြားတဲ့အတိုင်းဘဲလေ ကိုကို"

" သွားတော့ မင်းအခန်းထဲကိုသွားပြီး စာသွားလုပ်တော့ "

ချက်ချင်းထထွက်သွားတဲ့ကောင်လေးဟာ စိတ်ဆိုးသွားပုံရသည်။
တကယ်ဆို သူလည်းလွမ်းနေတာ မှန်ပေမယ့် အပြင်မှာတော့ မတူညီစွာ ဆက်ဆံ ခဲ့သည်။
ပြန်ရောက်ရောက်ချင်း ကျောင်းကလှမ်းတိုင်တာ ကို ကြား လို့ စိတ်တိုသွားသည်ထင်ပါရဲ့။

~~~~~~~~~

"မင်း ဒီရက်ပိုင်း ထမင်းမစားဘူးဆို "

တိတ်ဆိတ်နေတဲ့ မနက်စာ စားပွဲ ကို ဂျွန်ရဲ့ အသံက ဖြိုခွင်းလိုက်သည်။

" ဘယ်သူပြောလဲ"

"  မေးခွန်း ပြန်မမေးနဲ့ ငါမေးတာဖြေ ဘာလို့မစားတာလဲ "

"စာတအားများတာ နဲ့ စိတ်ရှုပ်ပြီး မစားဖြစ်တာ "

" ဘာစားချင်လည်း"

"ရပါတယ်.... ဒါနဲ့  Driver ဦးလေးကြီးရော"

"နေမကောင်းလို့ ခွင့်ယူထားတယ်"

" ကျောင်းက ဘယ်သူလိုက်ပို့မှာလဲ"

"ကိုကို လိုက်ပို့မယ်လေ"

"ဟုတ်"

ကားပြတင်းပေါက်ကိုငေးနေတဲ့ကလေးက ဘာစိတ်ညစ်စရာများရှိနေတာလဲ

" စာလိုက်နိုင်ရဲ့လား"

" လိုက်နိုင်ပါတယ်"

" အထက်တန်းပြီးရင် နိုင်ငံခြားမှာ ကျောင်းသွားတတ်ချင်လား "

" မသွားဘူး ကိုကို ကျွန်တော် ဒီမှာဘဲ နေမှာ"

" မင်း သဘောလေ "

" ညနေ ကိုကို လာကြို ဦးမှာလား"

"မပြောတတ်ဘူးဘဲ"

" ဟုတ် "

မြောင်ဟို ကားပေါ်က ဆင်းဆင်းချင်း နှုတ်ဆက်ခြင်း အလျင်းမရှိတဲ့ ထွက်သွားတဲ့ ကိုကို က  ဘာလို့ သူ့ကို အဝေးပို့ချင်နေရတာ လဲ

~~~~~~~~

" ဒီနေ့ရော လိုက်မယ်မလား မြောင်ဟို"

"  မရဘူးမင်ဂယူ   ကိုကိုလာကြိုမလားမသိဘူး"

"မင်း ကလည်း ဒါကြီး ဘဲ "

" မနေ့တုန်းက ငါတို့အပြင်သွားတာ ကိုကို သိသွားတယ်"

" မင်း အဲ့လူရဲ့အရိပ်အောက်က ရုန်းမထွက်တော့ဘူးလား"

" ဘယ်ထွက်လို့မရလဲကွာ ကိုကို က ငါရုန်းမထွက်နိုင်တဲ့ နွံအိုင်လေး"

"တော်လိုက် မင်းရဲ့ အချစ်အကြောင်းတွေ နားမထောင်ချင်ဘူး မင်းမလိုက်လည်း ငါသွားမယ် "

"အေး မင်းအဲ့လို ကျောင်း ပြေးနေတာ ရှေ့နေ အစ်ကိုကြီး ဝန်းနူ နဲ့တိုင်မှာ "

"ကိုကိုက ငါဘာလုပ်လုပ်ခွင့်လွှတ်တယ်"

လျှာထုတ်ပြောင်ကာ ပြေးသွားတဲ့ သူငယ်ချင်းကိုအားကျလိုက်တာ။
ဘယ်လောက်တောင်မှ လွတ်လပ်သလဲ
သူလည်း အဲ့ဒီလို လွတ်လပ်ချင်လိုက်တာ။

~~~~~~~~

ညနေကျောင်းဆင်းတော့ ​ကျောင်းရှေ့မှာ ကိုကို များ ရောက်နေမလား ဆိုတဲ့မျှော်လင့်ချက် သေးသေးလေး နဲ့ ကျောင်းရှေ့ကိုလာတော့ ကား ကိုမှီကာရပ်နေတဲ့ ကိုကို့ ကို မြင်တော့ဝမ်းသာအားရပြေးဖို့အလုပ် တစ်ယောက်ယောက်လှမ်းဆွဲတာကို ခံလိုက်ရသည်။

"ကျွန်တော် တန်းခွဲ (B) က  အိုထယ်ဆော ပါ
အချိန်ရလားမသိဘူး ခင်ဗျ စကားပြောချင်လို့ "

"ဟို အဲ့တာ ကလေ နောက်မှ "

မြောင်ဟို က လက်ကို အသာရုန်းရင်း နောက်နေ့မှ ပြောဖို့ပြောနေပေမယ့် အိုထယ်ဆော ဆိုတဲ့သူက လက်ကိုလွှတ်မပေး
ဒါကို ကိုကိုလည်း သေချာပေါက်မြင်မှာ
မြောင်ဟို နေရခက်နေတုန်း လက်တစ်ဖက်ဟာ ဖြုတ်ချခံလိုက်ရသည်။

"ပြန်ကျ ရအောင် မြောင်ဟို"

ကိုကို ကဆွဲခေါ်သွားပေမယ့် ကျန်လက်တစ်ဖက်ကို အိုထယ်ဆောက ဆွဲထားသည်။

"ကျွန်တော်တို့ နှစ်ယောက် စကားပြောနေတာခင်ဗျ အဲ့ဘက်က ဘာဆိုင်လို့ လူကို ခေါ်သွားရတာလဲ"

" သူပြောတာ ဟုတ်လား မြောင်ဟို "

" သူကတော့ပြောနေပေမယ့် ကျွန်တော် ဘာမှ ပြန်မပြောရသေးဘူး "

" ပြောတာကြားရတာ တော့ မင်း နဲ့ စကားပြောနေတဲ့ ပုံစံ မဟုတ်တဲ့ပုံဘဲ"

" ဆောမြောင်ဟို ကိုယ် စကား
ပြောစရာရှိလို့"

" ကျွန်တော် အခု ပြန်ရမှာမို့လို့ နောက်မှဘဲ"

"ငါ့လူကတော့ မင်းနဲ့စကားပြောစရာရှိမနေတာမို့  လစ် "

"သွားရအောင်ကိုကို "

" အင်း ကိုကို တို့ ပြန်ကြမယ်"

​ကားနားထိ လက်ကို မလွှတ်ဘဲဆုပ်ကိုင်ထားတဲ့ ကိုကို က ကားပေါ်က ရေတစ်ဘူး ယူပြီး မြောင်ဟို လက်တွေကို ဆေး ချ သည်။

"နောက်တစ်ခါ ငါမဟုတ်ဘဲ  ငါသိတဲ့ မင်း သူငယ်ချင်းမှ မဟုတ်ဘဲ တခြား ယောကျာ်းတစ်ယောက် မင်းလက်ကို ကိုင်ထားတာ မြင်ရင် မင်း ကို သတ်ပစ်မယ် "

ဒေါသထွက်နေတဲ့ ကိုကို က ကားပေါ်ရောက်တော့ သူ့လက်တွေကို တစ်ရှူး အခြောက်နဲ့သုတ်ပေးနေသည်။

"ကြားတယ်နော် အဲ့ကောင်မျက်လုံးထဲ မှာ ဘာအရိပ်အယောင်တွေ ရှိလဲ ငါအကုန်မြင်တာမို့ လုံးဝမပတ်သတ်နဲ့ "

" ဟုတ်ကဲ့"

"လိမ္မာတယ်"

ခေါင်းကို လာဖွတဲ့ ကိုကို ဟာ စောနက ကိုကို မဟုတ်သည့်အတိုင်း

ဘာရယ်မဟုတ်ပေမယ့် မထူးခြားတော့ပေမယ့်
သူကဒီအခြေအနေလေးမှာဘဲ ပျော်ပါတယ်။
ဘာလို့ဆို သူက ကိုကို့ ကိုတအားချစ်တာ မို့လေ။

{2}

   A/N
တစ်ပုဒ်မပြီးသေးဘဲနဲ့ နောက်တစ်ပုဒ်ရေးလိုက်ပါပြီ။
တစ်ပုဒ်ကို တစ်ရက်စီ UPDATE ပေးဖြစ်အောင်ကြိုးစားပါ့မယ်။
  junhao  fic တွေ က ရွှေ ထက်ရှားတာမို့
ကြိုးစားဖန်တီးကြည့်တာပါ။
အတူတူလိုက်ပါပေးကြပါဦး။

Continue Reading

You'll Also Like

1M 34K 80
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...
1.7M 63.5K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...
10.1K 1.3K 9
𝖯𝖺𝗋𝗄 𝖩𝗈𝗇𝗀𝗌𝖾𝗈𝗇𝗀 & 𝖸𝖺𝗇𝗀 𝖩𝗎𝗇𝗀𝗐𝗈𝗇 - | 𝗯𝗲𝘆𝗼𝗻𝗱 𝘁𝗵𝗲 𝘀𝗶𝗺𝗽𝗹𝗲 𝗯𝗹𝘂𝗲, 𝘁𝗵𝗲𝗿𝗲 𝗶𝘀 𝗮 𝘆𝗲𝗹𝗹𝗼𝘄 𝗵𝗼𝗺𝗲. -
192K 8.7K 107
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...