Rebirth As Khattar (ခတ္တာအဖြစ...

By KeeLowie

990K 61K 1.7K

နေညိုသွေးဆိုတဲ့ကောင်လေးတစ်​ယောက်ဟာအောင်မြင်တဲ့အဆိုတော်ဘဝကနေမထင်မှတ်ပဲဝေဖန်တိုက်ခိုက်မှုတွေကိုခံခဲ့ရတာကြောင့်... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
note*
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
🚨
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
ကျေးဇူးတင်လွှာ

အပိုင်း ၃၅

12.1K 774 7
By KeeLowie

ရင်တွေနာလွန်းလှပါသည်။ပြန်လည်ကူးပြောင်းမွေးဖွားလာခဲ့သည့်ဘဝဟာ တကယ့်ကိုအဖြစ်ဆိုးနှင့်ယောကျာ်းတစ်ယောက်ကြောင့်အဆုံးစီရင်လိုက်သည့်ခန္ဓာကိုယ်ဖြစ်နေသည်။ဒါကြောင့်ပဲ အမေ မိန်းမပေးစားရုံနှင့်ဘာကြောင့် သတ်သေခဲ့တာလဲဟုစဉ်းစားနေခဲ့ရတာ တကယ်တော့...။

'ဖြစ်တည်မှု'ဆိုတဲ့စကားကို ဒီခန္ဓာကိုယ်ထဲရောက်လာကတည်းက အကြိမ်ပေါင်းတစ်ရာမကကြားနေခဲ့ရတာ။တကယ်ပဲ ခတ္တာဟာ ယောကျာ်းတွေကိုစိတ်ဝင်စားတဲ့သူတစ်ယောက်ဆိုတာ လုံးဝမရိပ်မိခဲ့။

ရွာမှာတုန်းက အ​​မေက အိမ်ထဲကအိမ်ပြင်ပေးမလွှတ်တဲ့အကြောင်းရင်း ဘာအလုပ်မှမလုပ်စေပဲအိမ်ထဲမှာပဲထားသည့်အကြောင်းအရင်း ရွာထဲကိုမလည်ပါနဲ့လို့ပြောသည့်အကြောင်းအရင်းအခုမှခတ္တာခေါင်းထဲတစ်စီတစ်တန်း။

ဘထွေးဟာလည်း 'သူဌေးကြီးနဲ့ ဘယ်လောက်ထိရင်းနှီးနေကြပြီလဲ'တို့ 'သူဌေးကြီးနားသိပ်မကပ်နဲ့ သူဌေးကြီးကစိတ်ရှုပ်တတ်တယ်'လို့သတိပေးပြောခဲ့တာတွေက တကယ်တော့ သာမာန်မဟုတ်ပါပဲ ခတ္တာဟာ Gayတစ်ယောက်ဆိုတာသိနေကြလို့ပင်။ရှက်လဲရှက်မိသလို ဘထွေးကိုတောင်မျက်နှာမပြဝံ့တော့ပါ။

ငိုထားရသည့်အရှိန်နှင့်တရိပ်ရိပ်တက်လာနေသည့်မှတ်ဉာဏ်တို့အလယ်ခတ္တာတအားပင်ပန်းနေပြီဖြစ်သည်။ နေညိုသွေးဆိုတဲ့ကောင်ဟာ Gay တစ်ယောက်မဟုတ် ကိုယ့်ကိုယ်ကိုယ်ပျော့ညံ့တဲ့သူလို့ဘယ်တော့မှမတွေးခဲ့ ယောကျာ်းတစ်ယောက်ကိုကြိုက်ဖို့နေနေသာသာ မိန်းမတစ်ယောက်ကိုတောင်စံချိန်နှင့်လက်ခံခဲ့သည်ကောင်ကခတ္တာဆိုတဲ့ကောင်ရဲ့ ခန္ဓာကိုယ်ထဲရောက်မှအလဲအလဲအပြိုပြို။

ဒီအတိုင်းဆိုပါလျှင် နာကျင်နေရသည့်အရာမှန်သမျှ မိန်းမတစ်ယောက်လိုပျော့ညံ့ပြီးကလေးတစ်ယောက်လိုဖြစ်နေတဲ့အရာမှန်သမျှ ခတ္တာဆိုတဲ့ကောင်ကြောင့်ပင်။နေညိုသွေးဆိုတာ ဘယ်တော့မှသူများစီးတဲ့ဖိနပ်ကိုတယုတယမတိုက်ချွတ်ပေးတဲ့အပြင် ယောကျာ်းသားတစ်ယောက်ရဲ့အင်္ကျီတွေကို အမြတ်တနိုးမနမ်းရှုံ့ခဲ့ဖူး။ထို့အတူအရမ်းအသန့်ကြိုက်တဲ့ထိုသူတွက် သူအိပ်ယာမနိုးခင်တအိမ်လုံးကို ခြေချသည့်ကြမ်းပြင်ကစလို့ချောင်ကျိုချောင်ကြားထဲ ဖုန်တစ်စက်တောင်မကျန်အောင်တိုက်ချွတ်ပေးမယ့်ကောင်လည်းမဟုတ်။

ကိုယ်တိုင်ဘာမှမစားရသေးခင် သူ့အတွက်မနက်စာကို ကိုယ်တိုင်ကိုယ်ကျဝင်ပြင်ပေးမယ့်ကောင်မဟုတ်။ခန္ဓာကိုယ်ပေါ်ချော်ရည်ပူလောင်းချရင်တောင်မပျော့ညံ့သည့်ကောင်က ထိုသူရဲ့ပန်းတွေကိုတယုတယပြုစုပေးခဲ့တာတွေ။ကိုယ်လက်နဲ့ကိုယ်ထမင်းဟင်းမချက်ချင်ခဲ့တဲ့ကောင်ဟာ သူထမင်းစားမကောင်းတဲ့အချိန် တစ်မျိုးမဟုတ် တစ်မျိုး စားလို့မြိန်အောင်လုပ်ပေးပြီး အရီးစုံချက်ပါတယ်လို့လိမ်ညာခိုင်းခဲ့တာတွေ ဦးမျိုးဆက်ထင်ရဲ့အသေးစိတ်လှုပ်ရှားမှုတွေကအစမှတ်စုနှင့်သေချာရေးပြီးသိမ်းခဲ့တာတွေ ဒါတွေအားလုံးဟာခတ္တာဆိုတဲ့ကောင်ရဲ့ဖြစ်တည်မှုကြောင့်ပင်။ထပ်​ပြီးဘာမှစဉ်းစားမရတော့အောင် ဘယ်ဘက်ရင်အုံနေရာက အတော်လေးကိုအောင့်မျက် နာကျင်နေရ၏။

တစ်ချက်ချက်ရှိုက်ငိုရင်းအသက်များပင်ပါသွားလောက်မလားဟုထင်နေရသည်။ ဒီလောက်ပျော့ညံရလား ကြိမ်းဝါး၍ ရေရွတ်ချင်ပါသော်လည်း အသိစိတ်ပင်မနည်းပြေးကပ်ထားရ၏။

ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်နေပြီး လက်သီးကိုတင်းကြပ်နေအောင်ဆုပ်ကိုင်ထားမိသည်။ မျက်ရည်စလားချွေးစလားမခွဲခြားတတ်ပေမယ့် ထိုအရည်ကြည်တို့ဟာ တပေါက်ပေါက်နှင့်ခတ္တာနားထဲပဲ့တင်သံလိုပင်။

အနားရောက်လာသည့် ယဉ်ယဉ်နှင့်အေးမြဟာဘေးကနေဝိုင်း၍စိုးရိမ်တကြီးနှင့်ယပ်တွေခပ်ပေးကာအကျိုးအကြောင်းမေးနေကြသည်။အမြင်အာရုံတွေဟာတဖြည်းဖြည်းဝေဝါးလာ၏။ထွက်သွားချင်မိသည် ဆက်ပြီးဒီယောင်ယောင်ဝါးဝါးခန္ဓာကိုယ်ထဲမနေချင်တော့ပါ ဝေဖန်သံတွေကြားကနေညိုသွေးဆိုတဲ့ဘဝထဲကိုပြန်ဝင်ချင်ပြီ။တကယ်ပဲ နေရာမှန်လို့သတ်မှတ်ထားခဲ့သည့်ထင်ထားခဲ့သည့်ဒီဘဝဟာ ပို၍နာကျင်ရသည်။

''သတိထားစမ်း လူလေး''

''လုပ်ကြပါဦး ကိုအတာ''

''အရီးစုံ...အရီးရေ လုပ်ပါဦး''

ဘထွေးပုခုံးနှင့်ထိန်းထားတာတောင်ခတ္တာဟာမြေပြင်ပေါ်သို့အရုပ်ကြိုးပျက်သဖွယ် လဲကျသွားသည်။အော်သံတွေဟာဆူညံသော်လည်းခတ္တာနားထဲတိုးညှင်းစွာ ။ အ​ဝေးကနေပြေးလာသည့်ဝေဝေဝါးဝါးလူတစ်ယောက်မှာလည်း ခတ္တာဆီသို့ဦးတည်လာသည်။မလာပါနဲ့လား ထပ်ပြီး မနာကျင်ချင်တော့ဘူးကျေးဇူးပြု၍။

အလွတ်ရသည်အထိမှတ်ထားမိသည့်ကိုယ်သင်းရနံ့ နှင့်ထိုလူဟာခတ္တာအားပွေ့ချီလိုက်သည်လို့ခံစားလိုက်ရ​​ပြီးနောက်အရာအားလုံးဟာအမှောင်အတိ။

(ခတ္တာအဖြစ်ပြန်လည်မွေးဖွားခြင်း)

တစ်ကိုယ်လုံးကိုက်ခဲသည့်ဒဏ်နှင့်အတူ လက်မှအပ်ထိုးရာများကြောင့်ခတ္တာ နာကျင်နေမိသည်။ မျက်လုံးခပ်သာသာဖွင့်ကြည့်သည့်အခါ မျက်နှာကြပ်အဖြူရောင်ကိုမြင်နေရ၏။ လှဲလျောင်းနေရသည့်နေရာဟာဘာကြောင့်များနူးညံ့နေ၍ နေလို့ကောင်းနေရပါသလဲ။

သို့ပေမယ့်သက်သောင့်သက်သာမရှိနေ၍ သေချာပေါက်နေနေကျနေရာမဟုတ်သည့်အတွက် ဘေးဘီကိုကြည့်ကြည့်တော့ ဦးမျိုးဆက်ထင်ရဲ့အခန်းတွင်းတွင်ဖြစ်နေသည်။
ပြတင်းပေါက်မှဝင်နေသည့်နေရောင်ဟာ နေခင်းရဲ့နေရောင်ဖြစ်လောက်ပါမည်။ခတ္တာဗိုက်တွေလဲဆာလွန်းပြီးရေလည်းအရမ်းသောက်ချင်နေသည်။တကိုယ်လုံး ဘာအင်အားမှမရှိသည့်အတိုင်း လှုပ်ရှား၍ပင်မရ။ထချင်သော်လည်းတစက်ကလေးမှအားယူလို့မရသည်အထိ။

''နိုးလာပြီဟေ့...'' အခန်းထဲဝင်လာသည့်ရင်းနှီးသည့်မျက်နှာမဟုတ်ပါသော လူတစ်ဦး ဟာ ခတ္တာအနားလျှောက်လာသည်။ထိုလူဟာ ခတ္တာကိုစမ်းသပ်ပြီးနောက် ခေါင်းတငြိမ့်ငြိမ့်နှင့်။

''အပ်ဒဏ်ရာတွေက ရက်သတ္တပတ်ကြာရင်ပျောက်သွားလိမ့်မယ် ဟူး မင်းကြောင့် ငါ့မယ် အိမ်မပြန်ရတာတစ်ရက်နဲ့နေ့တပိုင်းပဲသိသလား''

''ဘယ်..ဘယ်သူလဲ''

အားတင်းပြီးပြောလိုက်ပါသော်လည်း လည်ချောင်းတစ်ခုလုံးအက်ကွဲသံကြီးဖြစ်သည်။ခတ္တာဘာဖြစ်သွားတာလဲ သတိမေ့သွားခဲ့တာလား နာရီလက်တံတချက်ချက်ဟာလည်းနားထဲတွင်ဆူညံလျက်။

''ခတ္တာ...''

လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ကာအခန်းတွင်းဝင်လာသည့်နောက်ထပ်လူတစ်ယောက်ဟာ ဦးမျိုးဆက်ထင်ပင်။ခတ္တာတိုးတိုးသက်သာနှင့်သက်ပြင်းတချက်ချလိုက်မိသည်။ဦးမျိုးဆက်ထင်ဟာခတ္တာ နားသို့ဒုန်းဆိုင်းရောက်လာပြီး ဟိုလူကတောင်လန့်သွားသည့်ပုံနှင့် အနောက်သို့ဆုတ်သွားသည်။

''သက်သာသလား...​ခြေထောက်ရောနာတာသက်သာရဲ့လား ဘယ်နေရာနာနေသေးလဲ ကျုပ်ကိုပြော''

ခတ္တာဘာမှမတုန့်ပြန့်မိပါပဲ မျက်လုံးတွေပြန်မှိတ်ထားလိုက်သည်။အမြဲတစိမ့်စိမ့်ကြည့်ခဲ့ရသည့်ထိုမျက်နှာအား မမြင်ချင်တော့ပါ တကယ်ပဲမြင်ရတာနဲ့တင်ရင်တွေနာလွန်းလှသည်။ ဒါဟာ ခတ္တာဆိုတဲ့ခန္ဓာကိုယ်ကချစ်တဲ့သူဖြစ်ပြီး နေညိုသွေးဆိုတဲ့ သူနှင့်မဆိုင်။

''ဘထွေးကိုခေါ်ပေးပါ''

''ကျုပ်ရှိပါရဲ့နဲ့ဘာလို့များ ဘထွန်းကို တ နေရသလဲ ဘာလိုအပ်သလဲ ဘာဖြစ်ချင်သလဲပြောလိုက်ပါ ကျုပ်လုပ်ပေးပါမယ်''

ခတ္တာ ခေါင်းခါလိုက်သည်။ ထပ်ပြီး ထွန်းနိုင်လိုလူမျိုးနှင့်မဆုံချင်တော့ ဒီဂရုစိုက်မှုတွေဟာဘယ်လောက်များကြာရှည််မှာမလို့ပါလဲ ဒုတိယအကြိမ် ယောကျာ်းတစ်ယောက်တွက် အသက်ပေးရဦးမှာလား။

''ရေသောက်ချင်သလား တစ်ခုခုရောစားချင်သလား ဘာလုပ်ခိုင်းပေးရမလဲ...ဟိတ်ကောင် ကလေးကဘာစားလို့ရပလဲ''

''နားပါဦးလား''

''ဟုတ်ပါရဲ့ခဏထပ်ပြီးမှေးနေလိုက်နော်ခတ္တာ''

''မင်းကိုပြောနေတာပါ မျိုးဆက်ထင် ဘေးကငါဖြင့်မင်းကိုယ်စားမောရဲ့''

ဟိုလူပြောလိုက်သည့်အခါ ​ဦးမျိုးဆက်ထင်ရဲ့အသံဟာငြိမ်သက်သွားပြီး အတော်တန်ကြာသည့်အခါခတ္တာရဲ့လက်ကိုသူ့ရဲ့လက်ခပ်နွေးနွေးနှင့် အသာလေးပုတ်ကာအခန်းထဲမှထွက်သွားသည့်ပုံပင်။ထိုအခါမှခတ္တာ မျက်လုံးများဖွင့်ကြည့်မိသည်။

''ခွန်အားရှိအောင်နေမှရမယ် မောင်ရင် မင်းခန္ဓာကိုယ်ဟာသိပ်ကိုအားနည်းလွန်းတယ်''

''သိပါတယ် ကျွန်တော်လဲ ဒီလောက်အားနည်းပြီးပျော့ညံ့နေတဲ့ကောင်မှန်းသိရင် ဒီထဲဝင်ကိုမဝင်ခဲ့ဘူး''

''ဘာကိုများ...''

ခတ္တာမျက်လုံးတွေမှိတ်ထားလိုက်သည်။ ဘေးကလူဟာလဲဘာမှဆက်မပြောလာတော့ ဆေးအရှိန်တွေကြောင့်ခတ္တာတကိုယ်လုံးလေးပင်ပြီးမျက်ခွံတွေပါလေးနေသည်မလို့ နောက်တခါ ပြန်အိပ်စက်လိုက်သောအခါတွင်လည်း အိပ်ပျော်သွားပါသည်။

ည​နေခတ္တာပြန်နိုးလာသည့်အခါ အခန်းထဲတွင်ဦးမျိုးဆက်ထင်ဟာ ခုံတစ်လုံးနှင့်စာဖတ်နေသည်။ တကိုယ်လုံးစီးကပ်နေပြီး ခတ္တာရေချိုးဖို့ တန်းလျားဘက်ဆီသို့သွားရန် အိပ်ယာကနေထလိုက်သည်။

''ဒါကဘယ်တုန်း''

''အခန်းဆီပြန်မလို့ပါ အားနာပါတယ် ကျွန်တော်ရေမိုးချိုး ပြီးရင် အိပ်ယာခင်းပြန်လဲပေးပါမယ်''

ခတ္တာ တစ်လှမ်းချင်းစီအားယူလျှောက်ရင်း ဦးမျိုးဆက်ထင်အားမကြည့်ပဲပြောလိုက်မိသည်။ ထိုအခါဦးမျိုးဆက်ထင်က ထိုင်ရာမှထလာပြီး အခန်းတံခါးကို ဒုန်းခနဲမြည်သည်အထိပိတ်လိုက်သည်။

''ပြန်သွားလှဲနေချေ လိုအပ်တာအကုန်ယူလာခိုင်းပေးမယ်''

''ဒါကျွန်တော်နေသင့်တဲ့နေရာမဟုတ်ပါဘူး ကျေးဇူးပြုပြီးဖယ်ပေးပါ''

''ခတ္တာ... ကျုပ်နှစ်ခါပြောရတာလုံးဝမကြိုက်ဘူး''

ခတ္တာရှေ့ဆက်တိုးလိုက်ကာ အခန်းတံခါးကိုဖွင့်သည့်အခါ ဦးမျိုးဆက်ထင်ဟာသူ့ရဲ့လက်ဖဝါးနှင့်တံခါးကိုကာထားသည်။

''ဘာလို့များဂျစ်နေရသလဲ မောင်ခတ္တာ''

''ကျွန်တော်ကယောကျာ်းတစ်ယောက်ပါ ကလေးတစ်ယောက်မဟုတ်သလိုပျော့ညံ့တဲ့ကောင်မဟုတ်ပါဘူး ကျွန်တော့်ပေါ်ဒီလို ဂရုစိုက်ပေးနေတာ ကျွန်တော့်တွက်နေရခက်ပါတယ် ကိုယ့်အားကိုယ်ကိုးပါရစေ ''

ဦးမျိုးဆက်ထင်ဟာ ဘာမှထပ်မပြောလာပဲငြိမ်သက်သွားသလိုတံခါးပေါ်ကလက်တွေဟာလဲပြုတ်ကျသွားပြီး ခတ္တာအားအံ့သြမင်သက်စွာကြည့်နေခဲ့သည်။ ခတ္တာ လျစ်လျှူရှုလျက် ဦးမျိုးဆက်ထင်နားကနေအမြန်ဆုံးထွက်လာမိ၏။မငိုမိအောင် အားတင်းထားရပြီးနှုတ်ခမ်းတွေကိုခပ်တင်းတင်းစိထားမိသည်။

''ခတ္တာ သက်သာရဲ့လား''

လှေကားပေါ်ကဆင်းလာလိုက်ပြီးနောက် မေရီဟာ ခတ္တာအနားသို့ရောက်လာ၏။

''သက်သာပါတယ်မေရီ''

''ဟင်း...ယောကျာ်းဖြစ်ပြီးဘာလို့များအဲ့သည်လောက်ပျော့ဖက်နေရသလဲ အကိုကလည်းနော် ဘယ်လိုဟာတွေသနားပြီးအိမ်ပေါ်ခေါ်တင်ထားသလဲမသိ ဟင်း...''

ခတ္တာကြားလိုက်ရသည့်အသံကြောင့်လှမ်းကြည့်လိုက်တော့မထားထားခင်ဟာအိမ်ရှေ့ခန်းတွင်ခြေချိတ်ထိုင်နေ၏။ခတ္တာထိုင်နေသည့်မထားထားခင်ဘက်သို့လှမ်းကြည့်လိုက်၏။

''ကျွန်တော်ကြားအောင်ပြောနေမယ့်အစားဦးမျိုးဆက်ထင်ကို ကိုယ်တိုင်ကိုယ်ကျသွားမေးလိုက်ပါလားမထားထားခင်''

''မင်း....''

ဒေါ်ထားထားခင်ဟာဒေါသစိတ်ကြောင့်ထိုင်ရာမှထလိုက်သည်မလို့ ခတ္တာပုခုံးတွန့်ပြကာ အိမ်ထဲမှထွက်လာခဲ့သည်။ တန်းလျားဘက်ဆီ ရောက်တော့ ရေမိုးချိုးပြီးအရီးစုံကထမင်းကျွေး၏။ပြီး​နောက်ခတ္တာကို မေရီကစကားပြောချင်သည်ဟုဆိုကာ လာခေါ်သည်။

ခတ္တာအပေါ်ထပ်လေးဝတ်၍ ခြံထဲဆင်းလာလိုက်သည်။မေရီနှင့် ခပ်လှမ်းလှမ်းတွင်ရပ်နေလိုက်ပြီးနောက် မေရီဟာ ခတ္တာကိုကျောခိုင်းထား၏။

''ခတ္တာနေထိုင်မကောင်းဖြစ်တုန်းပြောရတာအားနာပေမယ့် သတင်းတွေက ဌာနတွေအကြားတော်တော်ပြန့်နေတယ်ဆိုတာ ခတ္တာသိလားဟင်''

ဟုတ်ပါရဲ့ အဲ့ဒီကိစ္စကလဲရှိသေးသည်။ ခတ္တာကျောင်းပင်ဆက်၍တက်ချင်စိတ်မရှိတော့ ဘယ်လိုမျက်နှာနှင့်ကျောင်းထဲဝင်ရပါ့။

''ခတ္တာကိုနေ့တိုင်းလာစောင့်တယ်ဆိုတဲ့အဲ့ဒီကဘယ်သူလဲ ခတ္တာသိသလား''

''ကျွန်တော်မသိပါဘူး နာမည်တော့ပြောပြပါတယ် မြို့ဝန်ဖြစ်မယ့်သူဆိုပြီးပဲသိထားပါတယ်''

''တို့ပြောပြပါမယ်''

မေရီဟာခတ္တာဘက်သို့လှည့်လာသည်။ခတ္တာနှင့်မျက်လုံးချင်းဆုံးအောင်ကြည့်လိုက်ပြီးနောက်တခွန်းချင်းစီပြတ်သားစွာပြောလိုက်၏။

''တို့နဲ့လူကြီးချင်းသဘောတူထားတဲ့ကိုကိုကြီးရဲ့သူငယ်ချင်းကိုစိုင်းသိဒ္ဓိပဲ''

''ဗျာ...''

ခတ္တာအံ့သြလွန်းလို့ တကယ်ပဲ ပြောစရာစကားပင်မရှိတော့။မေရီ့ကိုအားနာလာသလို ခတ္တာမျက်နှာပြင်တစ်ခုလုံးပူလောင်လာသည်။ မေရီဟာခတ္တာနားသို့တိုးလာ၍ ခတ္တာရဲ့ပုခုံးနှစ်ဖက်ကို ကိုင်လိုက်၏။

''အစ်ကိုစိုင်းအပေါ်ခံစားချက်ရှိသလား''

''မရှိပါဘူး ကျွန်​တော့်အသက်နဲ့ကျိန်ပြောရဲပါတယ် အဲ့ဒီလူကို ကျွန်တော့်ဆီမလာခဲ့ဖို့မှာထားပြီးပါပြီ''

''ဟုတ်ပြီလေ ဒါဖြင့် ကိုကိုကြီးအပေါ်ရော...''

ခတ္တာရင်ထဲပလောင်ဆူနေလျက်ရှိသည်။မေရီဟာတည်ငြိမ်နေသည် ခတ္တာကို စူးစမ်းနေသည့်မျက်လုံးများကလွဲလို့တခြားအဓိပ္ပါယ်များတော့မရှိနေပါ။

''ပြောပါ ခတ္တာဘာလို့များငြိမ်သက်သွားရသလဲ''

''ကျွန်တော်..ကျွန်တော်''

''တို့ မင်းခွင့်ပြုချက်မရှိပဲ မင်းရဲ့မှတ်စုစာအုပ်ကိုယူဖတ်မိလို့ တောင်းပန်ပါရဲ့''

ခတ္တာ ဘာတစ်ခွန်းမှမပြောနိုင်တော့ပါ။လက်သီးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ပြီးငြိမ်သက်နေမိသည်။

''ကိုကိုကြီးဟာ မင်းအပေါ် တကယ်သံယောဇဥ်ရှိပါတယ်တခြားသူအပေါ်ကြည့်တဲ့မျက်ဝန်းတွေနဲ့ မင်းအပေါ်ကြည့်တဲ့မျက်ဝန်းတို့ဟာမတူဘူးခတ္တာ ဂရုဏာတွေပါတယ်နွေးထွေးမှုတွေပါတယ် မေရီထင်ထားတာထပ်ပိုပြီး ခတ္တာကိုသံယောဇဥ်ကြီးရှာတယ် ခတ္တာသာမိန်းကလေးဆို တို့ကိုကိုကြီးနဲ့သဘောတူပါရဲ့ဒါပေမယ့်ကွယ်...''

ခတ္တာ လက်သီးတွေကိုတင်းကြပ်စွာဆုပ်ထားပြီးမငိုမိအောင်အတတ်နိုင်ဆုံးကြိုးစားကာမေရီ့အားမော့ကြည့်လိုက်သည်။

''တတ်နိုင်သမျှဝေးဝေးမှာနေဖို့ကျွန်တော်စဥ်းစားပြီးသားပါ မေရီ ဆယ်ကျော်သက်အရွယ်မှာစိတ်ကစားမှုဖြစ်တဲ့အလျှောက်ကျွန်တော့်မှာဒီ့ထပ်ဘာမျှော်လင့်ချက်မှမရှိဘူးဆိုတာမေရီ့ကိုယုံစေချင်တယ် ကျွန်တော်ဟာယောကျာ်းတစ်ယောက်ပါမေရီ ယောကျာ်းတစ်​ယောက်ဟာယောကျာ်းတစ်ယောက်ကိုမချစ်သင့်ဘူးဆိုတာ ကျွန်တော်သိပါတယ် အထူးသဖြင့်အဲ့ဒီ့ယောကျာ်းဟာ ဦးမျိုးဆက်ထင်ဖြစ်နေရင် ကျွန်တော်ပိုပြီးရှောင်သင့်တာပါ ကျွန်တော့်ဘဝကိုထပ်ပြီးဒီလိုကိစ္စတွေကြောင့်အထိအခိုက်မခံတော့ဘူး''

''ရှေ့ဆက်တိုးရင်ခတ္တာအနာတရဖြစ်မယ်ခံစားရမယ် တို့လိုမဖြစ်စေချင်လို့သတိပေးတဲ့အရာကိုတော့ တမျိုးမထင်စေချင်တယ် ခတ္တာလေး''

ခတ္တာခေါင်းငြိမ့်လိုက်သည်။ဟုတ်ပါသည် ရှေ့ဆက်တိုးနေရင် ခတ္တာပဲနာကျင်ရမည် ခံစားရမည် ခတ္တာကောင်း​ကောင်းကြီးသိထားသည်။

''ကျွန်တော်လူဆိုးပဲနော် ​မေရီ မေရီနဲ့သဘောတူထားတဲ့လူကိုလည်းကျွန်တော်ပတ်သက်လိုက်မိသလို မေရီငယ်ငယ်တည်းကသဘောကျရတဲ့ဦးမျိုးဆက်ထင်ကိုလည်းမရိုးသားတဲ့စိတ်ထားမိတယ်''

မေရီဟာ ခတ္တာပုခုံးကိုတင်းတင်းကြပ်ကြပ်ကိုင်ထားပြီးခေါင်းခါသည်။

''ဒီလိုမတွေးစမ်းပါနဲ့ခတ္တာရယ် ကိုကိုကြီးအပေါ်မေရီမျှော်လင့်ချက်မထားသလို အစ်ကိုကြီးစိုင်းသိဒ္ဓိအပေါ်လည်းချစ်ခင်နှစ်သက်မှုအလျဥ်းမရှိပါဘူးကွယ် ဒါ့ထပ်ခတ္တာကိုထိခိုက်လာမှာမေရီကြောက်မိတယ်''

ပါးပြင်ပေါ်ကျလာသည့်မျက်ရည်အားမေရီဟာဂရုဏာသက်စွာသုတ်ပေးသည်။သေချာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ခတ္တာချသင့်နေပြီဖြစ်၏။ခတ္တာ ဦးမျိုးဆက်ထင်ဘေးတွင်မနေသင့်တော့ပါ စာမေးပွဲပြီးတာနှင့်ရွာပြန်တော့မည်ဖြစ်ပြီး တက္ကသိုလ်ဆက်တက်ချင်စိတ်လဲမရှိ ဆက်တက်ဖြစ်ရင်တောင်ဘထွေးစီစဥ်ပေးမယ်လို့ပြောတဲ့အဆောင်တွင်ပဲနေဖို့တွေးလိုက်သည်။တတ်နိုင်သလောက်ဒီအိမ်နဲ့ခပ်ဝေးဝေးတွင်နေရဖို့ ခတ္တာ
ရောက်လာတော့မည့်စာမေးပွဲကိုသာမျှော်နေရတော့သည်။

Zaw Gyi

ရင္ေတြနာလြန္းလွပါသည္။ျပန္လည္ကူးေျပာင္းေမြးဖြားလာခဲ့သည့္ဘဝဟာရင္ေတြနာလြန္းလွပါသည္။ျပန္လည္ကူးေျပာင္းေမြးဖြားလာခဲ့သည့္ဘဝဟာရင္ေတြနာလြန္းလွပါသည္။ျပန္လည္ကူးေျပာင္းေမြးဖြားလာခဲ့သည့္ဘဝဟာ တကယ့္ကိုအျဖစ္ဆိုးႏွင့္ေယာက်ာ္းတစ္ေယာက္ေၾကာင့္အဆုံးစီရင္လိုက္သည့္ခႏၶာကိုယ္ျဖစ္ေနသည္။ဒါေၾကာင့္ပဲ အေမ မိန္းမေပးစား႐ုံႏွင့္ဘာေၾကာင့္ သတ္ေသခဲ့တာလဲဟုစဥ္းစားေနခဲ့ရတာ တကယ္ေတာ့...။

'ျဖစ္တည္မႈ'ဆိုတဲ့စကားကို ဒီခႏၶာကိုယ္ထဲေရာက္လာကတည္းက အႀကိမ္ေပါင္းတစ္ရာမကၾကားေနခဲ့ရတာ။တကယ္ပဲ ခတၱာဟာ ေယာက်ာ္းေတြကိုစိတ္ဝင္စားတဲ့သူတစ္ေယာက္ဆိုတာ လုံးဝမရိပ္မိခဲ့။

႐ြာမွာတုန္းက အေမက အိမ္ထဲကအိမ္ျပင္ေပးမလႊတ္တဲ့အေၾကာင္းရင္း ဘာအလုပ္မွမလုပ္ေစပဲအိမ္ထဲမွာပဲထားသည့္အေၾကာင္းအရင္း ႐ြာထဲကိုမလည္ပါနဲ႕လို႔ေျပာသည့္အေၾကာင္းအရင္းအခုမွခတၱာေခါင္းထဲတစ္စီတစ္တန္း။

ဘေထြးဟာလည္း 'သူေဌးႀကီးနဲ႕ ဘယ္ေလာက္ထိရင္းႏွီးေနၾကၿပီလဲ'တို႔ 'သူေဌးႀကီးနားသိပ္မကပ္နဲ႕ သူေဌးႀကီးကစိတ္ရႈပ္တတ္တယ္'လို႔သတိေပးေျပာခဲ့တာေတြက တကယ္ေတာ့ သာမာန္မဟုတ္ပါပဲ ခတၱာဟာ Gayတစ္ေယာက္ဆိုတာသိေနၾကလို႔ပင္။ရွက္လဲရွက္မိသလို ဘေထြးကိုေတာင္မ်က္ႏွာမျပဝံ့ေတာ့ပါ။

ငိုထားရသည့္အရွိန္ႏွင့္တရိပ္ရိပ္တက္လာေနသည့္မွတ္ဉာဏ္တို႔အလယ္ခတၱာတအားပင္ပန္းေနၿပီျဖစ္သည္။ ေနညိုေသြးဆိုတဲ့ေကာင္ဟာ Gay တစ္ေယာက္မဟုတ္ ကိုယ့္ကိုယ္ကိုယ္ေပ်ာ့ညံ့တဲ့သူလို႔ဘယ္ေတာ့မွမေတြးခဲ့ ေယာက်ာ္းတစ္ေယာက္ကိုႀကိဳက္ဖို႔ေနေနသာသာ မိန္းမတစ္ေယာက္ကိုေတာင္စံခ်ိန္ႏွင့္လက္ခံခဲ့သည္ေကာင္ကခတၱာဆိုတဲ့ေကာင္ရဲ႕ ခႏၶာကိုယ္ထဲေရာက္မွအလဲအလဲအၿပိဳၿပိဳ။

ဒီအတိုင္းဆိုပါလွ်င္ နာက်င္ေနရသည့္အရာမွန္သမွ် မိန္းမတစ္ေယာက္လိုေပ်ာ့ညံ့ၿပီးကေလးတစ္ေယာက္လိုျဖစ္ေနတဲ့အရာမွန္သမွ် ခတၱာဆိုတဲ့ေကာင္ေၾကာင့္ပင္။ေနညိုေသြးဆိုတာ ဘယ္ေတာ့မွသူမ်ားစီးတဲ့ဖိနပ္ကိုတယုတယမတိုက္ခြၽတ္ေပးတဲ့အျပင္ ေယာက်ာ္းသားတစ္ေယာက္ရဲ႕အကၤ်ီေတြကို အျမတ္တနိုးမနမ္းရႈံ႕ခဲ့ဖူး။ထို႔အတူအရမ္းအသန႔္ႀကိဳက္တဲ့ထိုသူတြက္ သူအိပ္ယာမနိုးခင္တအိမ္လုံးကို ေျခခ်သည့္ၾကမ္းျပင္ကစလို႔ေခ်ာင္က်ိဳေခ်ာင္ၾကားထဲ ဖုန္တစ္စက္ေတာင္မက်န္ေအာင္တိုက္ခြၽတ္ေပးမယ့္ေကာင္လည္းမဟုတ္။

ကိုယ္တိုင္ဘာမွမစားရေသးခင္ သူ႕အတြက္မနက္စာကို ကိုယ္တိုင္ကိုယ္က်ဝင္ျပင္ေပးမယ့္ေကာင္မဟုတ္။ခႏၶာကိုယ္ေပၚေခ်ာ္ရည္ပူေလာင္းခ်ရင္ေတာင္မေပ်ာ့ညံ့သည့္ေကာင္က ထိုသူရဲ႕ပန္းေတြကိုတယုတယျပဳစုေပးခဲ့တာေတြ။ကိုယ္လက္နဲ႕ကိုယ္ထမင္းဟင္းမခ်က္ခ်င္ခဲ့တဲ့ေကာင္ဟာ သူထမင္းစားမေကာင္းတဲ့အခ်ိန္ တစ္မ်ိဳးမဟုတ္ တစ္မ်ိဳး စားလို႔ၿမိန္ေအာင္လုပ္ေပးၿပီး အရီးစုံခ်က္ပါတယ္လို႔လိမ္ညာခိုင္းခဲ့တာေတြ ဦးမ်ိဳးဆက္ထင္ရဲ႕အေသးစိတ္လႈပ္ရွားမႈေတြကအစမွတ္စုႏွင့္ေသခ်ာေရးၿပီးသိမ္းခဲ့တာေတြ ဒါေတြအားလုံးဟာခတၱာဆိုတဲ့ေကာင္ရဲ႕ျဖစ္တည္မႈေၾကာင့္ပင္။ထပ္ၿပီးဘာမွစဥ္းစားမရေတာ့ေအာင္ ဘယ္ဘက္ရင္အုံေနရာက အေတာ္ေလးကိုေအာင့္မ်က္ နာက်င္ေနရ၏။

တစ္ခ်က္ခ်က္ရွိုက္ငိုရင္းအသက္မ်ားပင္ပါသြားေလာက္မလားဟုထင္ေနရသည္။ ဒီေလာက္ေပ်ာ့ညံရလား ႀကိမ္းဝါး၍ ေရ႐ြတ္ခ်င္ပါေသာ္လည္း အသိစိတ္ပင္မနည္းေျပးကပ္ထားရ၏။

ခႏၶာကိုယ္တစ္ခုလုံးတုန္ယင္ေနၿပီး လက္သီးကိုတင္းၾကပ္ေနေအာင္ဆုပ္ကိုင္ထားမိသည္။ မ်က္ရည္စလားေခြၽးစလားမခြဲျခားတတ္ေပမယ့္ ထိုအရည္ၾကည္တို႔ဟာ တေပါက္ေပါက္ႏွင့္ခတၱာနားထဲပဲ့တင္သံလိုပင္။

အနားေရာက္လာသည့္ ယွဥ္ယွဥ္ႏွင့္ေအးျမဟာေဘးကေနဝိုင္း၍စိုးရိမ္တႀကီးႏွင့္ယပ္ေတြခပ္ေပးကာအက်ိဳးအေၾကာင္းေမးေနၾကသည္။အျမင္အာ႐ုံေတြဟာတျဖည္းျဖည္းေဝဝါးလာ၏။ထြက္သြားခ်င္မိသည္ ဆက္ၿပီးဒီေယာင္ေယာင္ဝါးဝါးခႏၶာကိုယ္ထဲမေနခ်င္ေတာ့ပါ ေဝဖန္သံေတြၾကားကေနညိုေသြးဆိုတဲ့ဘဝထဲကိုျပန္ဝင္ခ်င္ၿပီ။တကယ္ပဲ ေနရာမွန္လို႔သတ္မွတ္ထားခဲ့သည့္ထင္ထားခဲ့သည့္ဒီဘဝဟာ ပို၍နာက်င္ရသည္။

''သတိထားစမ္း လူေလး''

''လုပ္ၾကပါဦး ကိုအတာ''

''အရီးစုံ...အရီးေရ လုပ္ပါဦး''

ဘေထြးပုခုံးႏွင့္ထိန္းထားတာေတာင္ခတၱာဟာေျမျပင္ေပၚသို႔အ႐ုပ္ႀကိဳးပ်က္သဖြယ္ လဲက်သြားသည္။ေအာ္သံေတြဟာဆူညံေသာ္လည္းခတၱာနားထဲတိုးညွင္းစြာ ။ အေဝးကေနေျပးလာသည့္ေဝေဝဝါးဝါးလူတစ္ေယာက္မွာလည္း ခတၱာဆီသို႔ဦးတည္လာသည္။မလာပါနဲ႕လား ထပ္ၿပီး မနာက်င္ခ်င္ေတာ့ဘူးေက်းဇူးျပဳ၍။

အလြတ္ရသည္အထိမွတ္ထားမိသည့္ကိုယ္သင္းရနံ႕ ႏွင့္ထိုလူဟာခတၱာအားေပြ႕ခ်ီလိုက္သည္လို႔ခံစားလိုက္ရၿပီးေနာက္အရာအားလုံးဟာအေမွာင္အတိ။

(ခတၱာအျဖစ္ျပန္လည္ေမြးဖြားျခင္း)

တစ္ကိုယ္လုံးကိုက္ခဲသည့္ဒဏ္ႏွင့္အတူ လက္မွအပ္ထိုးရာမ်ားေၾကာင့္ခတၱာ နာက်င္ေနမိသည္။ မ်က္လုံးခပ္သာသာဖြင့္ၾကည့္သည့္အခါ မ်က္ႏွာၾကပ္အျဖဴေရာင္ကိုျမင္ေနရ၏။ လွဲေလ်ာင္းေနရသည့္ေနရာဟာဘာေၾကာင့္မ်ားႏူးညံ့ေန၍ ေနလို႔ေကာင္းေနရပါသလဲ။

သို႔ေပမယ့္သက္ေသာင့္သက္သာမရွိေန၍ ေသခ်ာေပါက္ေနေနက်ေနရာမဟုတ္သည့္အတြက္ ေဘးဘီကိုၾကည့္ၾကည့္ေတာ့ ဦးမ်ိဳးဆက္ထင္ရဲ႕အခန္းတြင္းတြင္ျဖစ္ေနသည္။
ျပတင္းေပါက္မွဝင္ေနသည့္ေနေရာင္ဟာ ေနခင္းရဲ႕ေနေရာင္ျဖစ္ေလာက္ပါမည္။ခတၱာဗိုက္ေတြလဲဆာလြန္းၿပီးေရလည္းအရမ္းေသာက္ခ်င္ေနသည္။တကိုယ္လုံး ဘာအင္အားမွမရွိသည့္အတိုင္း လႈပ္ရွား၍ပင္မရ။ထခ်င္ေသာ္လည္းတစက္ကေလးမွအားယူလို႔မရသည္အထိ။

''နိုးလာၿပီေဟ့...'' အခန္းထဲဝင္လာသည့္ရင္းႏွီးသည့္မ်က္ႏွာမဟုတ္ပါေသာ လူတစ္ဦး ဟာ ခတၱာအနားေလွ်ာက္လာသည္။ထိုလူဟာ ခတၱာကိုစမ္းသပ္ၿပီးေနာက္ ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္။

''အပ္ဒဏ္ရာေတြက ရက္သတၱပတ္ၾကာရင္ေပ်ာက္သြားလိမ့္မယ္ ဟူး မင္းေၾကာင့္ ငါ့မယ္ အိမ္မျပန္ရတာတစ္ရက္နဲ႕ေန႕တပိုင္းပဲသိသလား''

''ဘယ္..ဘယ္သူလဲ''

အားတင္းၿပီးေျပာလိုက္ပါေသာ္လည္း လည္ေခ်ာင္းတစ္ခုလုံးအက္ကြဲသံႀကီးျဖစ္သည္။ခတၱာဘာျဖစ္သြားတာလဲ သတိေမ့သြားခဲ့တာလား နာရီလက္တံတခ်က္ခ်က္ဟာလည္းနားထဲတြင္ဆူညံလ်က္။

''ခတၱာ...''

လက္ထဲတြင္ စာအုပ္တစ္အုပ္ကိုင္ကာအခန္းတြင္းဝင္လာသည့္ေနာက္ထပ္လူတစ္ေယာက္ဟာ ဦးမ်ိဳးဆက္ထင္ပင္။ခတၱာတိုးတိုးသက္သာႏွင့္သက္ျပင္းတခ်က္ခ်လိဳက္မိသည္။ဦးမ်ိဳးဆက္ထင္ဟာခတၱာ နားသို႔ဒုန္းဆိုင္းေရာက္လာၿပီး ဟိုလူကေတာင္လန႔္သြားသည့္ပုံႏွင့္ အေနာက္သို႔ဆုတ္သြားသည္။

''သက္သာသလား...ေျခေထာက္ေရာနာတာသက္သာရဲ႕လား ဘယ္ေနရာနာေနေသးလဲ က်ဳပ္ကိုေျပာ''

ခတၱာဘာမွမတုန႔္ျပန႔္မိပါပဲ မ်က္လုံးေတြျပန္မွိတ္ထားလိုက္သည္။အၿမဲတစိမ့္စိမ့္ၾကည့္ခဲ့ရသည့္ထိုမ်က္ႏွာအား မျမင္ခ်င္ေတာ့ပါ တကယ္ပဲျမင္ရတာနဲ႕တင္ရင္ေတြနာလြန္းလွသည္။ ဒါဟာ ခတၱာဆိုတဲ့ခႏၶာကိုယ္ကခ်စ္တဲ့သူျဖစ္ၿပီး ေနညိုေသြးဆိုတဲ့ သူႏွင့္မဆိုင္။

''ဘေထြးကိုေခၚေပးပါ''

''က်ဳပ္ရွိပါရဲ႕နဲ႕ဘာလို႔မ်ား ဘထြန္းကို တ ေနရသလဲ ဘာလိုအပ္သလဲ ဘာျဖစ္ခ်င္သလဲေျပာလိုက္ပါ က်ဳပ္လုပ္ေပးပါမယ္''

ခတၱာ ေခါင္းခါလိုက္သည္။ ထပ္ၿပီး ထြန္းနိုင္လိုလူမ်ိဳးႏွင့္မဆုံခ်င္ေတာ့ ဒီဂ႐ုစိုက္မႈေတြဟာဘယ္ေလာက္မ်ားၾကာရွည္္မွာမလို႔ပါလဲ ဒုတိယအႀကိမ္ ေယာက်ာ္းတစ္ေယာက္တြက္ အသက္ေပးရဦးမွာလား။

''ေရေသာက္ခ်င္သလား တစ္ခုခုေရာစားခ်င္သလား ဘာလုပ္ခိုင္းေပးရမလဲ...ဟိတ္ေကာင္ ကေလးကဘာစားလို႔ရပလဲ''

''နားပါဦးလား''

''ဟုတ္ပါရဲ႕ခဏထပ္ၿပီးေမွးေနလိုက္ေနာ္ခတၱာ''

''မင္းကိုေျပာေနတာပါ မ်ိဳးဆက္ထင္ ေဘးကငါျဖင့္မင္းကိုယ္စားေမာရဲ႕''

ဟိုလူေျပာလိုက္သည့္အခါ ဦးမ်ိဳးဆက္ထင္ရဲ႕အသံဟာၿငိမ္သက္သြားၿပီး အေတာ္တန္ၾကာသည့္အခါခတၱာရဲ႕လက္ကိုသူ႕ရဲ႕လက္ခပ္ႏြေးႏြေးႏွင့္ အသာေလးပုတ္ကာအခန္းထဲမွထြက္သြားသည့္ပုံပင္။ထိုအခါမွခတၱာ မ်က္လုံးမ်ားဖြင့္ၾကည့္မိသည္။

''ခြန္အားရွိေအာင္ေနမွရမယ္ ေမာင္ရင္ မင္းခႏၶာကိုယ္ဟာသိပ္ကိုအားနည္းလြန္းတယ္''

''သိပါတယ္ ကြၽန္ေတာ္လဲ ဒီေလာက္အားနည္းၿပီးေပ်ာ့ညံ့ေနတဲ့ေကာင္မွန္းသိရင္ ဒီထဲဝင္ကိုမဝင္ခဲ့ဘူး''

''ဘာကိုမ်ား...''

ခတၱာမ်က္လုံးေတြမွိတ္ထားလိုက္သည္။ ေဘးကလူဟာလဲဘာမွဆက္မေျပာလာေတာ့ ေဆးအရွိန္ေတြေၾကာင့္ခတၱာတကိုယ္လုံးေလးပင္ၿပီးမ်က္ခြံေတြပါေလးေနသည္မလို႔ ေနာက္တခါ ျပန္အိပ္စက္လိုက္ေသာအခါတြင္လည္း အိပ္ေပ်ာ္သြားပါသည္။

ညေနခတၱာျပန္နိုးလာသည့္အခါ အခန္းထဲတြင္ဦးမ်ိဳးဆက္ထင္ဟာ ခုံတစ္လုံးႏွင့္စာဖတ္ေနသည္။ တကိုယ္လုံးစီးကပ္ေနၿပီး ခတၱာေရခ်ိဳးဖို႔ တန္းလ်ားဘက္ဆီသို႔သြားရန္ အိပ္ယာကေနထလိုက္သည္။

''ဒါကဘယ္တုန္း''

''အခန္းဆီျပန္မလို႔ပါ အားနာပါတယ္ ကြၽန္ေတာ္ေရမိုးခ်ိဳး ၿပီးရင္ အိပ္ယာခင္းျပန္လဲေပးပါမယ္''

ခတၱာ တစ္လွမ္းခ်င္းစီအားယူေလွ်ာက္ရင္း ဦးမ်ိဳးဆက္ထင္အားမၾကည့္ပဲေျပာလိုက္မိသည္။ ထိုအခါဦးမ်ိဳးဆက္ထင္က ထိုင္ရာမွထလာၿပီး အခန္းတံခါးကို ဒုန္းခနဲျမည္သည္အထိပိတ္လိုက္သည္။

''ျပန္သြားလွဲေနေခ် လိုအပ္တာအကုန္ယူလာခိုင္းေပးမယ္''

''ဒါကြၽန္ေတာ္ေနသင့္တဲ့ေနရာမဟုတ္ပါဘူး ေက်းဇူးျပဳၿပီးဖယ္ေပးပါ''

''ခတၱာ... က်ဳပ္ႏွစ္ခါေျပာရတာလုံးဝမႀကိဳက္ဘူး''

ခတၱာေရွ႕ဆက္တိုးလိုက္ကာ အခန္းတံခါးကိုဖြင့္သည့္အခါ ဦးမ်ိဳးဆက္ထင္ဟာသူ႕ရဲ႕လက္ဖဝါးႏွင့္တံခါးကိုကာထားသည္။

''ဘာလို႔မ်ားဂ်စ္ေနရသလဲ ေမာင္ခတၱာ''

''ကြၽန္ေတာ္ကေယာက်ာ္းတစ္ေယာက္ပါ ကေလးတစ္ေယာက္မဟုတ္သလိုေပ်ာ့ညံ့တဲ့ေကာင္မဟုတ္ပါဘူး ကြၽန္ေတာ့္ေပၚဒီလို ဂ႐ုစိုက္ေပးေနတာ ကြၽန္ေတာ့္တြက္ေနရခက္ပါတယ္ ကိုယ့္အားကိုယ္ကိုးပါရေစ ''

ဦးမ်ိဳးဆက္ထင္ဟာ ဘာမွထပ္မေျပာလာပဲၿငိမ္သက္သြားသလိုတံခါးေပၚကလက္ေတြဟာလဲျပဳတ္က်သြားၿပီး ခတၱာအားအံ့ၾသမင္သက္စြာၾကည့္ေနခဲ့သည္။ ခတၱာ လ်စ္လ်ႉရႈလ်က္ ဦးမ်ိဳးဆက္ထင္နားကေနအျမန္ဆုံးထြက္လာမိ၏။မငိုမိေအာင္ အားတင္းထားရၿပီးႏႈတ္ခမ္းေတြကိုခပ္တင္းတင္းစိထားမိသည္။

''ခတၱာ သက္သာရဲ႕လား''

ေလွကားေပၚကဆင္းလာလိုက္ၿပီးေနာက္ ေမရီဟာ ခတၱာအနားသို႔ေရာက္လာ၏။

''သက္သာပါတယ္ေမရီ''

''ဟင္း...ေယာက်ာ္းျဖစ္ၿပီးဘာလို႔မ်ားအဲ့သည္ေလာက္ေပ်ာ့ဖက္ေနရသလဲ အကိုကလည္းေနာ္ ဘယ္လိုဟာေတြသနားၿပီးအိမ္ေပၚေခၚတင္ထားသလဲမသိ ဟင္း...''

ခတၱာၾကားလိုက္ရသည့္အသံေၾကာင့္လွမ္းၾကည့္လိုက္ေတာ့မထားထားခင္ဟာအိမ္ေရွ႕ခန္းတြင္ေျခခ်ိတ္ထိုင္ေန၏။ခတၱာထိုင္ေနသည့္မထားထားခင္ဘက္သို႔လွမ္းၾကည့္လိုက္၏။

''ကြၽန္ေတာ္ၾကားေအာင္ေျပာေနမယ့္အစားဦးမ်ိဳးဆက္ထင္ကို ကိုယ္တိုင္ကိုယ္က်သြားေမးလိုက္ပါလားမထားထားခင္''

''မင္း....''

ေဒၚထားထားခင္ဟာေဒါသစိတ္ေၾကာင့္ထိုင္ရာမွထလိုက္သည္မလို႔ ခတၱာပုခုံးတြန့္ျပကာ အိမ္ထဲမွထြက္လာခဲ့သည္။ တန္းလ်ားဘက္ဆီ ေရာက္ေတာ့ ေရမိုးခ်ိဳးၿပီးအရီးစုံကထမင္းေကြၽး၏။ၿပီးေနာက္ခတၱာကို ေမရီကစကားေျပာခ်င္သည္ဟုဆိုကာ လာေခၚသည္။

ခတၱာအေပၚထပ္ေလးဝတ္၍ ၿခံထဲဆင္းလာလိုက္သည္။ေမရီႏွင့္ ခပ္လွမ္းလွမ္းတြင္ရပ္ေနလိုက္ၿပီးေနာက္ ေမရီဟာ ခတၱာကိုေက်ာခိုင္းထား၏။

''ခတၱာေနထိုင္မေကာင္းျဖစ္တုန္းေျပာရတာအားနာေပမယ့္ သတင္းေတြက ဌာနေတြအၾကားေတာ္ေတာ္ျပန့္ေနတယ္ဆိုတာ ခတၱာသိလားဟင္''

ဟုတ္ပါရဲ႕ အဲ့ဒီကိစၥကလဲရွိေသးသည္။ ခတၱာေက်ာင္းပင္ဆက္၍တက္ခ်င္စိတ္မရွိေတာ့ ဘယ္လိုမ်က္ႏွာႏွင့္ေက်ာင္းထဲဝင္ရပါ့။

''ခတၱာကိုေန႕တိုင္းလာေစာင့္တယ္ဆိုတဲ့အဲ့ဒီကဘယ္သူလဲ ခတၱာသိသလား''

''ကြၽန္ေတာ္မသိပါဘူး နာမည္ေတာ့ေျပာျပပါတယ္ ၿမိဳ႕ဝန္ျဖစ္မယ့္သူဆိုၿပီးပဲသိထားပါတယ္''

''တို႔ေျပာျပပါမယ္''

ေမရီဟာခတၱာဘက္သို႔လွည့္လာသည္။ခတၱာႏွင့္မ်က္လုံးခ်င္းဆုံးေအာင္ၾကည့္လိုက္ၿပီးေနာက္တခြန္းခ်င္းစီျပတ္သားစြာေျပာလိုက္၏။

''တို႔နဲ႕လူႀကီးခ်င္းသေဘာတူထားတဲ့ကိုကိုႀကီးရဲ႕သူငယ္ခ်င္းကိုစိုင္းသိဒၶိပဲ''

''ဗ်ာ...''

ခတၱာအံ့ၾသလြန္းလို႔ တကယ္ပဲ ေျပာစရာစကားပင္မရွိေတာ့။ေမရီ႕ကိုအားနာလာသလို ခတၱာမ်က္ႏွာျပင္တစ္ခုလုံးပူေလာင္လာသည္။ ေမရီဟာခတၱာနားသို႔တိုးလာ၍ ခတၱာရဲ႕ပုခုံးႏွစ္ဖက္ကို ကိုင္လိုက္၏။

''အစ္ကိုစိုင္းအေပၚခံစားခ်က္ရွိသလား''

''မရွိပါဘူး ကြၽန္ေတာ့္အသက္နဲ႕က်ိန္ေျပာရဲပါတယ္ အဲ့ဒီလူကို ကြၽန္ေတာ့္ဆီမလာခဲ့ဖို႔မွာထားၿပီးပါၿပီ''

''ဟုတ္ၿပီေလ ဒါျဖင့္ ကိုကိုႀကီးအေပၚေရာ...''

ခတၱာရင္ထဲပေလာင္ဆူေနလ်က္ရွိသည္။ေမရီဟာတည္ၿငိမ္ေနသည္ ခတၱာကို စူးစျမးနသေျည့မကြႀလဳံးမြားကလွဲလို႔တခွားအဓိပ်ပါယႁမြားေတာ့မရွိနေပါ။

''ေျပာပါ ခတၱာဘာလို႔မ်ားၿငိမ္သက္သြားရသလဲ''

''ကြၽန္ေတာ္..ကြၽန္ေတာ္''

''တို႔ မင္းခြင့္ျပဳခ်က္မရွိပဲ မင္းရဲ႕မွတ္စုစာအုပ္ကိုယူဖတ္မိလို႔ ေတာင္းပန္ပါရဲ႕''

ခတၱာ ဘာတစ္ခြန္းမွမေျပာနိုင္ေတာ့ပါ။လက္သီးကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားလိုက္ၿပီးၿငိမ္သက္ေနမိသည္။

''ကိုကိုႀကီးဟာ မင္းအေပၚ တကယ္သံေယာဇဥ္ရွိပါတယ္တျခားသူအေပၚၾကည့္တဲ့မ်က္ဝန္းေတြနဲ႕ မင္းအေပၚၾကည့္တဲ့မ်က္ဝန္းတို႔ဟာမတူဘူးခတၱာ ဂ႐ုဏာေတြပါတယ္ႏြေးေထြးမႈေတြပါတယ္ ေမရီထင္ထားတာထပ္ပိုၿပီး ခတၱာကိုသံေယာဇဥ္ႀကီးရွာတယ္ ခတၱာသာမိန္းကေလးဆို တို႔ကိုကိုႀကီးနဲ႕သေဘာတူပါရဲ႕ဒါေပမယ့္ကြယ္...''

ခတၱာ လက္သီးေတြကိုတင္းၾကပ္စြာဆုပ္ထားၿပီးမငိုမိေအာင္အတတ္နိုင္ဆုံးႀကိဳးစားကာေမရီ႕အားေမာ့ၾကည့္လိုက္သည္။

''တတ္နိုင္သမွ်ေဝးေဝးမွာေနဖို႔ကြၽန္ေတာ္စဥ္းစားၿပီးသားပါ ေမရီ ဆယ္ေက်ာ္သက္အ႐ြယ္မွာစိတ္ကစားမႈျဖစ္တဲ့အေလွ်ာက္ကြၽန္ေတာ့္မွာဒီ့ထပ္ဘာေမွ်ာ္လင့္ခ်က္မွမရွိဘူးဆိုတာေမရီ႕ကိုယုံေစခ်င္တယ္ ကြၽန္ေတာ္ဟာေယာက်ာ္းတစ္ေယာက္ပါေမရီ ေယာက်ာ္းတစ္ေယာက္ဟာေယာက်ာ္းတစ္ေယာက္ကိုမခ်စ္သင့္ဘူးဆိုတာ ကြၽန္ေတာ္သိပါတယ္ အထူးသျဖင့္အဲ့ဒီ့ေယာက်ာ္းဟာ ဦးမ်ိဳးဆက္ထင္ျဖစ္ေနရင္ ကြၽန္ေတာ္ပိုၿပီးေရွာင္သင့္တာပါ ကြၽန္ေတာ့္ဘဝကိုထပ္ၿပီးဒီလိုကိစၥေတြေၾကာင့္အထိအခိုက္မခံေတာ့ဘူး''

''ေရွ႕ဆက္တိုးရင္ခတၱာအနာတရျဖစ္မယ္ခံစားရမယ္ တို႔လိုမျဖစ္ေစခ်င္လို႔သတိေပးတဲ့အရာကိုေတာ့ တမ်ိဳးမထင္ေစခ်င္တယ္ ခတၱာေလး''

ခတၱာေခါင္းၿငိမ့္လိုက္သည္။ဟုတ္ပါသည္ ေရွ႕ဆက္တိုးေနရင္ ခတၱာပဲနာက်င္ရမည္ ခံစားရမည္ ခတၱာေကာင္းေကာင္းႀကီးသိထားသည္။

''ကြၽန္ေတာ္လူဆိုးပဲေနာ္ ေမရီ ေမရီနဲ႕သေဘာတူထားတဲ့လူကိုလည္းကြၽန္ေတာ္ပတ္သက္လိုက္မိသလို ေမရီငယ္ငယ္တည္းကသေဘာက်ရတဲ့ဦးမ်ိဳးဆက္ထင္ကိုလည္းမရိုးသားတဲ့စိတ္ထားမိတယ္''

ေမရီဟာ ခတၱာပုခုံးကိုတင္းတင္းၾကပ္ၾကပ္ကိုင္ထားၿပီးေခါင္းခါသည္။

''ဒီလိုမေတြးစမ္းပါနဲ႕ခတၱာရယ္ ကိုကိုႀကီးအေပၚေမရီေမွ်ာ္လင့္ခ်က္မထားသလို အစ္ကိုႀကီးစိုင္းသိဒၶိအေပၚလည္းခ်စ္ခင္ႏွစ္သက္မႈအလ်ဥ္းမရွိပါဘူးကြယ္ ဒါ့ထပ္ခတၱာကိုထိခိုက္လာမွာေမရီေၾကာက္မိတယ္''

ပါးျပင္ေပၚက်လာသည့္မ်က္ရည္အားေမရီဟာဂ႐ုဏာသက္စြာသုတ္ေပးသည္။ေသခ်ာတဲ့ဆုံးျဖတ္ခ်က္တစ္ခုကို ခတၱာခ်သင့္ေနၿပီျဖစ္၏။ခတၱာ ဦးမ်ိဳးဆက္ထင္ေဘးတြင္မေနသင့္ေတာ့ပါ စာေမးပြဲၿပီးတာႏွင့္႐ြာျပန္ေတာ့မည္ျဖစ္ၿပီး တကၠသိုလ္ဆက္တက္ခ်င္စိတ္လဲမရွိ ဆက္တက္ျဖစ္ရင္ေတာင္ဘေထြးစီစဥ္ေပးမယ္လို႔ေျပာတဲ့အေဆာင္တြင္ပဲေနဖို႔ေတြးလိုက္သည္။တတ္နိုင္သေလာက္ဒီအိမ္နဲ႕ခပ္ေဝးေဝးတြင္ေနရဖို႔ ခတၱာ
ေရာက္လာေတာ့မည့္စာေမးပြဲကိုသာေမွ်ာ္ေနရေတာ့သည္။

Continue Reading

You'll Also Like

6.4K 208 14
Kaori a low-paid artist in the 21st century who likes reading novels, and mangas. one day when heading home she got into an accident, and woke up in...
46.5K 1.1K 17
When Dream became shattered. Notice: This is NOT my story. I mean, it was not my ORIGINAL story. Shattered dream is belong to..... Uh... It's owner...
7.1K 477 17
ဝလုံး ဝလုံး ဖိုးဝလုံး ချစ်စရာလေးဖိုးဝလုံး ချိုချိုပြုံးတဲ့ဝလုံးရယ် ထန်းရည်တစ်မြူပေးပါကွယ်~~
2.5K 146 3
' မောင့်ကို အဲ့လို မရက်စက်ပါနဲ့ အချစ်ရယ် ' " ခဗျား ပါးစပ်ပေါက်ပိတ်!!!! " ပေါ့ပေါ့ပါးပါးလေးနဲ့ time travel type လေးပါ ✨ ' ေမာင့္ကို အဲ့လို မရက္စက္...