Deja Vu

Autorstwa KimKristelK

449 74 30

"ဒီထဲကနေ ကယ်ထုတ်ပေးပါ" (Yeonjun) "ကျွန်တော် ဒီထဲကနေလွတ်အောင်ကူညီပေးမယ်" (Beomgyu) "ဟျောင်း ကျွန်တော့်ရဲ့လက်ကိ... Więcej

Intro
Deja Vu(1)
Deja Vu(2)
Deja Vu(4)
Deja Vu(5)
Deja Vu(6)
Deja Vu(7)

Deja Vu(3)

56 12 2
Autorstwa KimKristelK

ဆူဘင်းထိုအသံကို ထက်ကြားလိုက်ရတာကြောင့် ဘယ်ကလာတာလဲဆိုတာရှာဖွေနေမိတယ်။

-

-

-

-

ရုတ်တရက် သူရှိနေတဲ့နေရာကနေတစ်ခြားတစ်နေရာကိုရောက်သွားခဲ့တယ်။

လမ်းမရှည်ကြီးတစ်ခု အဆုံးရှိပုံမပေါ်ဘူး..

ထိုလမ်းမပေါ်မှာ ပြေးနေတဲ့ကျောပြင်လေးတစ်ခု-

"ယောန်ဂျွန်းဟျောင်း.."

ထိုအနောက်ကိုပြေးလိုက်ဖို့လုပ်တဲ့အချိန်မှာထပ်ပြီးနေရာတစ်ခုကိုရောက်ရှိသွားခဲ့တယ်။

မှောင်မဲနေတဲ့အခန်း-

ထိုထဲမှာ လျှောက်ပတ်ကြည့်ရင်း လူတစ်ယောက်နဲ့ဝင်တိုက်မိတော့တယ်။

အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာ-

"ထယ်ဟျွန်းရှီ.."

"ဆူဘင်းဟျောင်း"

-

-

-

Kang Taehyun

ထယ်ဟျွန်းဟာ ပင်ပန်းလွန်းလို့ အိပ်ယာပေါ်ကိုလှဲချကာအနားယူလိုက်တော့တယ်။

ဒါပေမဲ့သူနိုးထလာတဲ့အချိန်မှာ

အခန်းကျဉ်းတစ်ခုထဲကိုရောက်ရှိနေခဲ့တယ်။

ဟိုကြည့်ဒီကြည့်ရင်း ဖယောင်းတိုင်လေးတစ်တိုင်ကိုတွေ့လိုက်တာကြောင့် အလင်းရောင်ရအောင် မီးထွန်းလိုက်တယ်။

ပြီးတာနဲ့ ထိုဖယောင်းတိုင်ကိုကိုင်ကာ လျှောက်ပတ်ကြည့်နေခဲ့တယ်။

ထိုအချိန်မှာရင်းနှီးလွန်းတဲ့အသံတစ်ခု-

"ကျေးဇူးပြုပြီး ဒီထဲကနေ ကယ်ထုတ်ပေးကြပါ.."

ထိုအသံကို သူရင်းရင်းနှီးနှီးသိတာပေါ့

ယောန်ဂျွန်းဟျောင်းရဲ့အသံဘဲကို-

သူ့ရဲ့အသက်သခင်ဘဲ..

-

-

-

ထယ်ဟျွန်းအသက် ၈နှစ်တုန်းက ပန်းခြံတစ်ခုမှာပျော်ပျော်ရွှင်ရွှင်ကစားနေရင်း သူ့ရဲ့ဘောလုံးလေးဟာရေထဲကိုကျသွားတော့တယ်။

ထယ်ဟျွန်းဟာအနားမှာရှိတဲ့တုတ်နဲ့လှမ်းယူဖို့လုပ်ပေမဲ့တုတ်ကတိုနေခဲ့တယ်။အဲ့တာနဲ့ အရှေ့ကိုအနည်းငယ်တိုးလိုက်တဲ့အချိန်မှာ ထိုရေကန်ထဲကိုပြုတ်ကျသွားခဲ့တယ်။

အမေဖြစ်သူဟာချက်ချင်းပြေးလာခဲ့ပေမဲ့ ရေမကူးတတ်တော့တစ်ခြားသူကိုအကူညီလှမ်းတောင်းနေခဲ့တယ်။

လူတွေဟာကူညီဖော်မရှိဘဲဘေးကနေ ကြောင်ကြည့်နေခဲ့ကြတယ်။

ထယ်ဟျွန်းဟာ တစ်ဖြေးဖြေးမျှော်လင့်ချက်မဲ့လာခဲ့တယ်။

သူ့ဘဝကဒီတိုင်းဘဲအဆုံးသတ်သွားတော့မှာလား..

ထိုချိန်မှာ ရေထဲကိုလူတစ်ယောက်ဒိုက်ပင်ထိုးလိုက်တဲ့အသံကြားလိုက်ရတယ်။သူမျက်လုံးမမှိတ်ခင်နောက်ဆုံးမြင်းလိုက်ရတဲ့ အရာက ထိုသူကအလယ်တန်းကျောင်းသားတစ်ယောက်ဆိုတာဘဲ။

ထိုသူဟာ သူ့ကိုကယ်တင်သွားခဲ့တယ်။

ထိုသူကျေးဇူးကြောင့် သူသေမဲ့ဘေးကလွတ်လာခဲ့တယ်။

မကြာပါဘူး လူနာတင်ယာဉ်တွေရောက်လာခဲ့တယ်။သူမသ်လိုက်ခင်မှာဘဲထိုသူရဲ့ရင်ဘက်က ရင်ထိုးတံဆိပ်လေးကို ထယ်ဟျွန်းဆွဲထားခဲ့တယ်။

-

-

-

ထယ်ဟျွန်းသတိပြန်လည်လာတဲ့အချိန်မှာ ဆေးရုံကိုရောက်နေခဲ့ပြီ။

သူ့အမေပြောတာတော့သူက ထိုသူရဲ့တံဆိပ်ကိုဆွဲထားခဲ့တာကြောင့် ကယ်တင်ရှင်ရဲ့နာမည်ကိုသိလိုက်ရတယ်။

ထိုသူက-

ချွဲယောန်ဂျွန်း

-
ထိုအခန်းထဲမှာပစ္စည်းတွေရှာဖွေကြည့်လိုက်တဲ့အချိန်ထိုရင်ထိုးတံဆိပ်လေးကိုတွေ့လိုက်ရတယ်။

ထိုဟာလေးကိုကိုင်ကာအရှေ့ဆက်သွားဖို့လုပ်လိုက်တယ်။

အဲ့ဒီ့အချိန်မှာ သူဟာ အမှောင်အတိအခန်းတစ်ခုထဲကိုရောက်သွားခဲ့တယ်။

သူဟာနောက်ပြန်လျှောက်ရင်း လူတစ်ယောက်နဲ့ဝင်တိုက်မိခဲ့တယ်။

"ဆူဘင်းဟျောင်း"

သူတို့တွေအချင်းချင်းတွေတွေ့လိုက်ရတော့ အံ့ဩနေခဲ့တယ်။

"ဟျောင်းဘယ်လိုရောက်လာတာလဲဒီကို.."

"ဟျောင်းလဲမသိဘူး ရုတ်တရက်ကြီး အသံတစ်သံကြားလိုက်ရပြီး ရောက်လာခဲ့တာ.."

"ကျွန်တော်ရောဘဲ.."

"ဘယ်လိုအသံကြားလိုက်ရတာလဲ ထယ်ဟျွန်း.."

"ကျေးဇူးပြုပြီး ဒီ_"

"ဒီထဲကနေ ကယ်ထုတ်ပေးကြပါ.."
ထယ်ဟျွန်းရဲ့စကားမဆုံးခင်မှာဘဲ ဆူဘင်ဟာထိုစကားကိုဆက်ပြောခဲ့တယ်။

"ဟုတ်တယ် အဲ့အသံ..အဲ့တာယောန်ဂျွန်းဟျောင်းရဲ့အသံမလား.."

"ဟုတ်တယ်.."

"ကျွန်တော်တို့က ဘာလို့ဒီကိုရောက်လာခဲ့တာလဲ.."

ဆူဘင်းအနည်းငယ်စဉ်းစားလိုက်ပြီး..

"ငါတို့က သူနဲ့ကိစ္စတစ်ခုခုနဲ့ပတ်သက်ဖူးလို့နေမှာ..ထယ်ဟျွန်းက ယောန်ဂျွန်းဟျောင်းနဲ့ဘယ်လူပတ်သက်ဖူးလဲ.."

"ဟျောင်းက ကျွန်တော်ရေနစ်တုန်းကကယ်တင်ဖူးတယ်..ဆူဘင်းဟျောင်းကရော.."

"ငါ အနိုင်ကျင့်ခံရတုန်းက ယောန်ဂျွန်းဟျောင်းကကူညီပေးခဲ့တာ.."

"အဲ့တာကြောင့်များလား.."

"ဖြစ်နိုင်တယ် ထယ်ဟျွန်း.."

-

-

-

Huening Kai

ခါအီဟာ ဆက်လျှောက်နေရင်း ထပ်ပြီး ယောန်ဂျွန်းနဲ့တွေ့လိုက်ရတယ်။

"ဟျောင်း.."

ခါအီရဲ့ခေါ်သံကို ယောန်ဂျွန်းကြားလိုက်ရတာကြောင့် အနောက်ကိုလှည့်ကြည့်လာခဲ့တယ်။

ခါအီထိုအနားကိုသွားဖို့လုပ်လိုက်တဲ့အချိန် ကြားထဲမှာ မှန်တစ်ခုခံထားသလိုခံစားလိုက်ရတယ်။

ခါအီလဲထိုမှန်ကိုထုရိုက်ကာ ယောန်ဂျွန်းဟျောင်းကိုအော်ခေါ်နေခဲ့တယ်။

"ယောန်ဂျွန်းဟျောင်း.."

__________

တစ်ဖက်ကယောန်ဂျွန်းဟာ ခါအီသူ့ကိုအတင်းအော်ခေါ်နေတာကိုမြင်ပေမဲ့ အသံကိုမကြားနိုင်ခဲ့ဘူး။

"ခါအီ.."

ထပ်ပြီးတော့ မြင်လိုက်ရပြန်တယ်ထိုရင်းနှီးတဲ့ပုံရိပ်..

ယောန်ဂျွန်းရော ခါအီရော နှစ်ယောက်သားမြင်လိုက်ရတယ်။

ယောန်ဂျွန်းဟာထိုနားကို သွားကာ လက်နဲ့လှမ်းထိဖို့လုပ်လိုက်တယ်။

ဒါပေမဲ့ထိုပုံရိပ်ဟာထပ်ပြီးပျောက်သွားပြန်ပြီ..

.

.

.

.

                      There will be something

Czytaj Dalej

To Też Polubisz

907 103 4
သူက ကျွန်တော့်ရဲ့ ပထမဆုံးသော အချစ်ဦးမို့ ...
201K 7.9K 30
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
229K 11.1K 57
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...