My Hidden Crush

Doyiexbunny

253 25 1

ငါ့ကိုကြိုက်တာလား မင်း Yunseo ဟင့်အင်း ငါမင်းကို မကြိုက်တော့ဘူး ငါမင်းကိုချစ်တာ Junghyun Еще

Ep1
Pt2
Ep3
Ep4
Ep5
Ep6
Ep7
Ep8
Ep9
Ep10
Ep11
Ep12
Ep13
Ep14
Ep15
Ep16
Ep17
Ep 18
Ep19
Ep 20
Ep21
Ep22
Ep 24
Ep 25
Ep 26
Ep 27
Ep 28 [end]

Ep23

11 2 0
Doyiexbunny

ကျောင်းရောက်တာနဲ့ ယွန်းဆော စားပွဲပေါ်မှာ ချောကလက်နို့ဘူးလေးနဲ့ ထမင်ဘူးလေး အမြဲရှိနေတာ ဒီနေ့နဲ့ဆို လေးရက်ရှိပြီ ဒါတင်မကဘူး မနက်မိုးလင်းလာရင်လည်း "မောနင်းနော် ငါ့ရဲ့ ခိုအာလာလေး" မိုးချုပ်ရင်လဲ "goodnight ပါ ခိုအာလာလေးရေ" ဆိုတဲ့စာလေး‌တွေလဲအမြဲလက်ခံရနေတာ နေ့တိုင်းလိုလိုပဲ မွန်းဂျောင်ဟျွန်းရဲ့ ရည်းစားလိုက်တဲ့ နည်းလမ်းကတော့ လူအတိုင်းပဲ တစ်ကယ်ကိုချစ်စရာလေးပါ

ဟျောင်းဝန်း - "ဒီနေ့လဲ ရှိနေတာလား"

ဆွန်းအွန်း-"နေ့တိုင်းပဲနော် ယွန်းဆောကို အားကျလိုက်တာ"

ဟျောင်းဝန်း -"ထမင်းဘူးကတော့ထားပါ နို့ဘူးလေးမင်း‌မသောက်ချင်ဘူးဆို"

ယွန်းဆော-"ပါးစပ်ပိတ်ထား"

ဟျောင်းဝန်းတစ်ယောက် ပါးစပ်ပိတ်လိုက်ပြီဆိုတဲ့ပုံစံလေးကို လက်နဲ့သရုပ်ဖော်ပြလိုက်တယ်

ယွန်းဆောအမှန်‌ေတာ့ ထမင်းဘူးကို လက်မခံချင်ပါ ဒါပေမယ့် ဂျောင်ဟျွန်းက သူ့အမေက စေတနာနဲ့လုပ်ပေးတာဆိုပြီး ပြောလို့ ယူထားရတဲ့အဖြစ််

ယွန်းဆောထမင်းဘူးနဲ့ နို့ဘူးကို စာရေးခုံရဲ့ အောက်က အံထဲထည့်ထားလိုက်ကာ ဖုန်းကိုဖွင့်လိုက်တော့ စာတစ်စောင်ကရောက်နေပြီ

"ယွန်းဆော ဒီနေ့ရဲ့ မီနူးက ဝက်နံရိုးကင်နော် အရသာရှိရှိစား ငါ့ရဲ့ခိုအာလာလေး"

ယွန်းဆော ဂျောင်ဟျွန်းကို တရားဝင်လိုက်ခွင့်ပေးပြီးလိုက်ကတည်းက ဂျောင်ဟျွန်းတစ်ယောက် ရဲတင်းလာတယ် စာပို့တိုင်း ငါ့ရဲ့ခိုအာလာလေး ဆိုတာကမပါမဖြစ်

ယွန်းဆော "ကျေးဇူးနော်" လို့သာပြန်ပို့လိုက်တယ် ယွန်းဆောစာကို ချက်ချင်းဖတ်လိုက်တဲ့ပုံပေါ်တဲ့ဂျောင်ဟျွန်းက ရှေ့ခုံကနေ ယွန်းဆောအတန်းကို လှည့်ကြည့်ပြီးပြုံးပြတယ်

"ငါအတန်းပြောင်းချင်တယ် ဒီမှာမထိုင်ချင်တော့ဘူး"

ဘေးနားကနေပြီး စိတ်ညစ်တဲ့ အသံနဲ့ပြောနေတဲ့ ဆွန်းအွန်းကို ယွန်းဆော သကြားလုံးတစ်လုံးပေးပြီးသာ ပါးစပ်ပိတ်ခိုင်းလိုက်တော့တယ်

"ကဲ မင်းတို့တွေ စာမေးပွဲက တစ်ပတ်ပဲလိုတော့တာ စာတွေအတော်ရနေပြီလို့ထင်တယ် ငါက မင်းတို့အခန်းကိုအများကြီး မျှော်လင့်ချက်ထားထားတာနော် သေချာလုပ်ကြ အခုသမိုင်းထုတ်"

ဂျောင်ဟျွန်းတစ်ယောက် မလုပ်ချင်ဆုံး သမိုင်းကြီးကို ပထမအချိန်ကတည်းက သင်ရလို့ မျက်နှာကမကြည်တော့ဘူး သမိုင်းတွေဘာလို့သင်နေရလဲ ဂျောင်ဟျွန်းနားမလည်ပါ ဂျောင်ဟျွန်းရဲ့ သမိုင်းဆို လွယ်လွယ်လေး ယွန်းဆောကိုချစ်မယ် ယွန်းဆောအကြောင်းတွေးမယ် ဘယ်လောက်တောင် အေးချမ်းလဲ

......

ဆွန်းအွန်း-"ကျောင်းဆင်းပြီ ဗိုက်ဆာလို့သေတော့မှာပဲ မြန်မြန်ထမင်းသွားစားရအောင်"

ဟျောင်းဝန်း-"အဲ့တာပြောတာလေ ဘာလို့ဒီနေ့ကျမှ အရမ်းနောက်ကျသလိုခံစားနေရတာလဲ"

ယွန်းဆော-"ကန်တင်းသွားမှာလား ငါလဲလိုက်မယ်"

ဟျောင်းဝန်း-"ဟော် မင်းမှာ ထမင်းဘူးရှိတာကိုပဲ ဘာလို့လိုက်မှာလဲ ဟွန့်"

ယွန်းဆော -"သေချင်လို့လား"

ဟျောင်းဝန်း-"ဟီး ငါကစတာပါ"

ယွန်းဆောတို့ သုံးယောက်အခန်းထဲကထွက်သွား‌တာကို အစအဆုံးလိုက်ကြည့်နေတဲ့ ဂျောင်ဟျွန်းကို သူ့သူငယ်ချင်းတွေလဲစိတ်မရှည်ချင်တော့ပါ

"လိုက်သွားချင်လဲ လိုက်သွားလေ"

"တော်ပါပြီ သူစိတ်ကျဉ်းကျပ်နေမှာစိုးတာ"

"အဲ့တာဆိုလဲနေခဲ့ ငါတို့တော့ နေ့လည်စာသွားစားပြီ"

.....

ဆွန်းအွန်း-"ဒီနေ့ နေလည်မှာကာယချိန်ပါတယ်မလား"

ဟျောင်းဝန်း-"ဒါပေါ့ ငါအကြိုက်ဆုံး ဘာသာရပ်ပဲ ဂျီယွန်းဆော မင်းရောလာမှာလား"

ယွန်းဆော-"ရူးနေလို့ လာရမှာလား"

ဟျောင်းဝန်း-"မင်းမလာရင် မွန်းဂျောင်ဟျွန်းနဲ့ နှစ်ယောက်တည်းကျန်ခဲ့ရမှာနော်ဟီး"

ယွန်းဆော အခုမှပဲ တွေးမိတော့တယ် ကာယချိန်တွေတိုင်း ဂျောင်ဟျွန်းက သူ့နားမှာပဲရှိနေတာ အရင်ကဆိုအဆင်ပြေပေမယ့် အခုက ယွန်းဆောအကုန်သိပြီးသားအခြေအနေကြီးမှာ အဆင်ပြေမနေတော့ဘူး

ဆွန်းအွန်း-"မင်း လိုက်မှာမလား ယွန်းဆော"

ယွန်းဆော -"ကာယလုပ်ရတာပင်ပန်းလား"

ဟျောင်းဝန်း-" ခွီး တစ်မိုးတစ်အောက် ဂျီယွန်းဆောလည်း မွန်းဂျောင်ဟျွန်းနဲ့တွေ့မှပဲ ကာယတွေလုပ်နေရတော့တယ်"

ယွန်းဆော-"....."

ကာယချိန်ရောက်တော့ လူတိုင်းအားကစားဝတ်စုံတွေသွားလဲတော့ ယွန်းဆောပါ ပါလာတာကို တွေ့လိုက်တဲ့ ဂျောင်ဟျွန်းအံ့ဩသွားတယ်

"ယွန်းဆော"

"ဟင်"

"မင်းလဲ ကာယလာလုပ်တာလား"

"ဟုတ်တယ် လစဉ်အမှတ်တွေထဲထည့်ပေါင်းမယ်ပြောလို့လေ ကာယချိန်မှာ အိပ်မနေသင့်တော့ဘူး"

"ရော့"

ဂျောင်ဟျွန်းက အနက်ရောင် ခေါင်းစည်းကြိုးလေးတစ်ခုကို ယွန်းဆောကိုပေးလိုက်တယ်

"ဒါက"

"ကာယလုပ်ရင် ပူတယ် ချွေးလဲအများကြီးထွက်တာ မင်းကဆံပင်ရှည်နေတော့ ပိုပူမှာ ဒါနဲ့စီးထားလိုက် ပြီးတော့ ယွန်းဆော မင်းက အားကစားဝတ်စုံနဲ့လိုက်တယ် ချစ်စရာလေး"

ယွန်းဆောပြုံးပြလိုက်ပြီး ဂျောင်ဟျွန်းပေးတဲ့ ခေါင်းစည်းကြိုးကိုယူလိုက်ကာ

"ကျေးဇူးနော်"

"ရပါတယ် ငါရဲ့ခိုအာလာလေးရဲ့ ငါသွားပြီနော်"

ဆိုပြီး ဘောလုံးကွင်းထဲရောက်သွားတဲ့ ဂျောင်ဟျွန်းကြည့်ရတာ ဘောလုံးကန်မယ့်ပုံပဲ

"ယွန်းဆောမြန်မြန်လာလေ"

ဂျောင်ဟျွန်းကိုငေးကြည့်နေမိတာ ဘယ်လောက်ကြာသွားလဲမသိ ဆွန်းအွန်းခေါ်သံကြားမှ ယွန်းဆော ပုံမှန်စိတ်ပြန်ဝင်လာတယ်

ဟျောင်းဝန်း-"မင်းဆံပင်က စီးလို့ရတဲ့အထိတောင်ရှည်လာပြီလား"

ဆွန်းအွန်း-"ဟုတ်သားပဲ ငါတို့တောင်သတိမထားမိဘူး တော်တော်ရှည်နေတာပဲ"

ယွန်းဆော-"ဟျောင်းဝန်း မင်းတစ်ကယ်သတိမထားမိတာလား ဆွန်းအွန်းကတော့ ရောက်တာမကြာသေးလို့ထားပါ မင်းကတစ်ကယ်မသိတာလား"

ဟျောင်းဝန်း-"အေး တစ်ကယ်မသိတာ စိတ်ဆိုးသွားတာလား ယွန်းဆော ဟီး နောက်ခါ အဲ့လိုမဖြစ်စေရဘူးနော် "

ယွန်းဆော-"ရူးနေလို့ ငါကစိတ်ဆိုးရမှာလား သိချင်တာရှိလို့ ပြီးတော့ ငါ့မှာ ဘာပြောင်းလဲသွားတာလဲဆိုတာကို လိုက်ပြီးကြည့်မနေနဲ့"

ဟျောင်းဝန်းခမျာအူကြောင်ကြားဖြစ်သွားရတယ် ခုနကပဲ သူဆံပင်ရှည်နေတာကို မသိလို့ ဆူနေတဲ့ပုံကြီးနဲ့ အခုကျ သူ့ကိုလိုက်ပြီးကြည့်မနေနဲ့တဲ့ တစ်ကယ်ပါ မွန်းဂျောင်ဟျွန်း တစ်ယောက် ဂျီယွန်းဆောရဲ့ ဘယ်နားကိုကြည့်ပြီးကြိုက်တာလဲ တစ်ကယ်စဉ်းစားမရပါ

"ဘယ်သူမှသတိမထားမိပေမယ့် မင်းကတော့ သတိထားမိနေတာပဲ မွန်းဂျောင်ဟျွန်း မင်းက ငါ့ကိုအသေးစိတ်က အစအကုန်သိတာပဲ တစ်ကယ်ပဲမင်းက ငါမင်းကို သဘောကျချင်လာအောင် လုပ်နေတာပဲ မွန်းဂျောင်ဟျွန်း"

ယွန်းဆော ဘောလုံးကန်နေတဲ့ ဂျောင်ဟျွန်းဘက်ကိုကြည့်လိုက်ပြီး တစ်ယောက်တည်းရေရွတ်နေမိတယ် သူဆံပင်ရှည်နေတယ်ဆိုတာကို ဂျောင်ဟျွန်းက ဟိုးအရင်ကတည်းက သူ့ကိုပြောပြခဲ့တာ အနီးနားကလူတွေတောင်မသိတာကို ဂျောင်ဟျွန်းက သိနေခဲ့တာ

Продолжить чтение

Вам также понравится

712K 43.6K 38
She was going to marry with her love but just right before getting married(very end moment)she had no other choice and had to marry his childhood acq...
Light in Your Eyes anya jayvyn

Любовные романы

543K 25.8K 31
He's a blind mafia man, the heir who lost his eyesight. She's a kindhearted girl whose job is to take care of him. Will the two of them find their wa...
Ishq Ki Kahani authorafrah

Любовные романы

3M 115K 32
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
759K 40K 21
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...