From The Blues- အချစ်သည် ဘဝ တ...

By NAYLA-24

1K 67 0

"ကျွန်မ ရဲ့ ရင် တွေ ဘာကြောင့်ပူနေရတာလဲ ပင်လယ်ပြာ။ ရှင့်ကြောင့်လားဟင်။ အို မဟုတ်နိုင်ပါဘူးပင်လယ်ပြာ။ ကျွန်မ က... More

Prologue(Unicode)
အခန်း ၁
အခန်း ၂
အခန်း ၄
အခန်း ၅ [18+🔴]
အခန်း ၆
အခန်း ၇

အခန်း ၃

71 10 0
By NAYLA-24

"ပင်လယ်ပြာ..... "

"ပြော...."

"အဲ့တာကြီးကိုမသောက်လို့မရဘူးလား......"

ကျွန်မ သူ့ကို အရင်လိုမဟုတ်ပဲ ခပ်အေးအေးမေးလိုက်တော့သူက ဆေးလိပ်ပြာကို လက်ဖြင့် ခြွေချလိုက်ရင်း ကျွန်မကို လှည့်ကြည့်လာပါသည်။
သူ့အကြည့် တွေထဲ တွင်လဲ အရင်လိုကျွန်မကို ရန်လိုခြင်းတွေမပါတော့ဘူးဟုတော့ထင်ရသည်။

အဲ့ဒိအတွက် ကျွန်မတစ်ကယ်ပျော်မိပါသည်။ကျိုက်ထီးရိုးတောင်ပေါ်မှ ကျွန်မတို့နှစ်ဦးသား အတူတူပြန်လာကတည်းက သူနှင့်ကျွန်မအကြားတွင်နားလည်မှုလေးတစ်ခုတော့ရှိလာသည်ဟုထင်မိသည်။ သို့သော် ကျွန်မ မကြိုက်တာတော့ ရှိပါသည်။ အဲ့တာကတော့ သူသည် ပြန်ရောက်ကတည်းက ဆေးလိပ်ကို ဆက်တိုက်သောက် နေခြင်းပါပင်။

ညဥ့်ပင်နက် တော့မည်။ သူအဲ့ဒိလိုတွေတရစပ်သောက် နေရင် ကျန်းမာရေး ကောင်းပါ့မလားဟု တွေးပူစရာပါပင်။

သူက မဲနက်ပြာလွင်ကြည်စင် နေသည့် ကောင်းကင် ပေါ်က ကြယ်ကလေးတွေကိုတစ်ချက် ပြန်မော့ကြည့်လိုက်ရင်းကျွန်မကိုအဖြေပေးသည်။

"ငါအေးလို့ပါ..... "

သူ့အဖြေက လုံလောက်သောအကြောင်းပြချက်ဖြစ်မည် လားမသိသော်လည်းကျွန်မကတော့မကျေနပ်ပါ။
သူ့အနားနားကိုတိုးကပ်ကာသွားလိုက်ရင်း ခန့်ညားနေသောသူ့မျက်နှာ ဘေးတစ်စောင်း
ကို ငေးစိုက်ကြည့်ပြစ်လိုက်သည်။

"တို့မကြိုက်ဘူး..... "

"ဘာလဲ အနံ့မွှန် လို့လား...... "

"အဲ့တာလဲ ပါသလို မင်း ကျန်းမာရေး အဆင်မပြေမှာဆိုးလို့လဲပါတယ်.... တို့ကြည့်နေတာ လေးလိပ်ရှိနေပြီ...... တော်သင့်ပြီထင်တယ်..... "

"ဒါကအမိန့်လားရှန်နီ...... "

"ဟင့်အင်း.... တို့က မင်းကောင်းဖို့ပြောနေတာပါပင်လယ်...... "

သူ့မျက်လုံးတွေအရည်လဲ့ဖြာသွားတာကို ကျွန်မအံ့ဩဖွယ် တွေ့ရပြန်သည်။
သူက ကျွန်မဘက်ကိုတစ်ဖြည်းဖြည်း လှည့်လာရင်းကျွန်မကို ငေးကြည့်နေ၏။

သူ့လက်ထဲမှ ဆေးလိပ်တိုဆီမှ ထွက်လာသော အငွေ့များသည် သူနှင့်ကျွန်မ၏ မျက်နှာအကြားတွင် ပျော်ရွှင်စွာကခုန်နေကြသည်။

"ဘာဖြစ်လို့ အမိန့် မပေးတာလဲ..... မင်းက ငါ့သခင်ဖြစ်ချင်တယ်လို့ပြောတယ် မဟုတ်လားရှန်နီ..... "

"တို့က..... "

"နေဦးရှန်နီ ငါ အရမ်းအံ့ဩ နေမိတယ်..... မင်းငါ့အပေါ် အရမ်းပြောင်းလဲလာတယ်လို့ခံစားရတယ်..... အချိန်ပိုင်းလေးတစ်ခုထည်းနဲ့..... ခုနက အချိန်ပိုင်းလေးတစ်ခုအတွင်းမှာပဲ..... "

"သတိမထားမိလို့နေမှာပါ ပင်လယ်...... တို့ မင်းအပေါ်မှာ အစကတည်းက ပြောင်းလဲခဲ့ပါတယ်..... "

"ဟင်..... "

သူ့မျက်ဝန်းတွေပင့်တက်သွားတော့ ကျွန်မပြုံးလိုက်မိရင်း သူ့လက်ထဲက ဆေးလိပ်တိုကိုဆွဲယူပြစ်လိုက်သည်။ ထို့နောက် ပြတင်းတံခါးဘောင်ပေါ်တွင်ပင် ခြေချ လိုက်တော့၏။ သူက ကျွန်မ၏ အပြုအမူတွေကိုကြည့်နေရင်း မလှုပ်မရှက်ပါပင်။

"အိပ်ကြစို့ပင်လယ်..... မနက်ကြရင် ဖေဖေက တောင်အောက်ဆင်းမှာ မဟုတ်လား...... တို့ဖေဖေ့ကိုလိုက်ပို့ပြီးရင် မုဆိုးတောင်ကိုသွားချင်တယ်.... မင်းတို့ကိုလိုက်ပို့ ရမယ်...."

"ဟမ် အန်ကယ်က မနက်ဖြန်ပြန်ဆင်းမှာလား..... "

"ဟုတ်တယ်လေ..... "

သူက ဖေဖေပြန်ဆင်းမည့် အကြောင်းအရာကိုဘာမှမသိသလိုဖြစ်နေသည်မို့ကျွန်မ ထူးဆန်းစွာခေါင်းညိမ့်ပြလိုက်ပါသည်။
တစ်ကယ်ဆိုရင် ပင်လယ်ပြာသည် ဖေဖေ့ရဲ့ အနီးကပ် အစောင့်အကြပ် တစ်ဦးအနေဖြင့် ဒီကိစ္စကိုသိကိုသိထားသင့်သည်။ဖေဖေကလဲ အရင်ကဆိုလျှင် သူ့ကို အရင်ပြောနေကြပင်။
အခုက ဘာဖြစ်လို့မသိရခြင်းပေလဲ။
ကျွန်မ ထူးဆန်းစွာပင်မေးမိရ၏။

"မသိဘူးလား...... "

သူက ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ရင်း ကျွန်မကိုဖြေပေး၏။

"ဟုတ်တယ်..... မင်း အဖေပြန်မှာကိုငါလုံးဝ မသိဘူးရှန်နီ..... ဒါပေမဲ့သေချာတာတစ်ခုကတော့ သူပြန်ရင် ငါလဲ မင်းကိုမုဆိုးတောင်လိုက်ပို့လို့ မရတော့ဘူးဆိုတာပဲ..... "

"ဟမ် ! ဘာဖြစ်လို့လဲ..... "

ဒီတစ်ခါတော့အံ့ဩသွားရသူမှာကျွန်မသာပင်။ သူကကျွန်မပုံစံကိုကြည့်ရင်း ဂနာမငြိမ်ဖြစ်လာပုံပေါ်လေသည်။

"ဟုတ်တယ်လေ.... ငါ သူနဲ့ ပြန်လိုက်ရမှာ ပေါ့ရှန်နီ...... သူ သွားတဲ့ နေရာတိုင်းမှာငါ ရှိမှရမှာလေ..... သူ့အလုပ်၊ အင်း ၊ အလုပ် တွေကိုငါ မလုပ်ပေးလို့မရဘူး..... မင်းအဖေက ဘာလို့ငါ့ကိုဘာမှ မပြောရတာလဲ.... "

"ဘာ! ပင်လယ်ပါ ပြန်လိုက်သွားမှာ ဟုတ်လား...... "

"ဟုတ်တယ်လေ ရှန်နီ..... ငါမင်းအဖေ နဲ့ ဘယ်တုန်းက အတူတူ မလိုက်ရတာရှိလို့လဲ...... မင်းလဲသိသားပဲ..... ဒီပုံအတိုင်းဆိုရင် တော့ မင်း အဖေက မင်းကို ပဲ ဒီတောင်ပေါ်က ဟိုတယ် မှာထားခဲ့မဲ့သဘောပဲ....."

"အို! မဖြစ်ပါဘူး...... တို့တစ်ယောက်ထည်း နေလို့ဘယ်ဖြစ်မလဲ..... တို့ဘေးမှာမင်းရှိမှဖြစ်မှာပေါ့...... "

"ဟမ်!! "

"ဟုတ်တယ်...... ဖေဖေက အဲ့တာ ဘာသဘောလဲ...... မင်းကို ဘာမှ တော့မပြောပေမဲ့သေချာပေါက် မင်းကို ပြန်ခေါ်သွားမဲ့ပုံပဲ...... မဖြစ်ဘူး..... တို့ဒီလိုကြီးတော့မနေခဲ့နိုင်ဘူး..... ဖေဖေ့ကိုမေးမှဖြစ်မယ်..... "

"ဟိတ် ဒါက ဘယ်လဲ..... "

ပြောပြောဆိုဆိုကျွန်မအခန်းအပြင်ကိုနောက်တစ်ခေါက်ထွက်ရန်ပြင်တော့သူကကျွန်မကိုစိုးရိမ်တကြီးလှမ်းဆွဲထားပါသည်။
ကျွန်မ သူ့လက်ကိုလွှတ်ချလိုက်၏။

"စောင့်နေပင်လယ်..... တို့ မင်းကို ပြန်မထည့်ပေးလိုက်နိုင်ဘူးပဲ.....
တို့ကို ဒီနေရာမှာတစ်ယောက်ထည်း ထားခဲ့လို့တော့ မရဘူးပဲ...... ဖေဖေ့ကိုအခုသွားပြောမယ်.... "

"ဟာ ဟိတ် နေဦးလေ.... "

ပင်လယ်ပြာ ကျွန်မကိုလိုက်ဆွဲရန်ပြင်သည်။ သို့သော်ကျွန်မကတော့ ပြတ်သားစွာ အမိန့်ပေးခဲ့၏။ ဟုတ်ပါသည်။ အခုမှအမိန့်ပေးခြင်းပါပင်။

တစ်ကယ့်အစစ်အမှန်အမိန့်ပါပင်။

"ပင်လယ့်ရဲ့ သခင်က တို့ပဲ ...... မင်းကို ဖေဖေ့ ဆီက တို့တောင်းမလို့..... မင်းနေခဲ့ပါ..... "

"ရှန်နီ!! ရှန်နီ!!! "

ခေါ်သံတွင်နောက်မှာကျန်ရစ်ခဲ့သည်။ ကျွန်မ ဖေဖေ့ အခန်းရှိရာကိုသာပြေးထွက်လာခဲ့လိုက်ပါသည်။ ဖေဖေနားနေမလား ဘယ်အချိန်ရှိပြီလဲဆိုတာကို ကျွန်မ ထည့်မတွက်နိုင်တော့။ အကုန်လုံးကကျွန်မရဲ့ခေါင်းထဲမှာမရှိတော့ပါ။

************************************

"သမီးနင် ဘာဖြစ်နေတာလဲ!!"

ဖေဖေက မအော်စဖူး ကျွန်မကိုအော်ပါတော့သည်။ မိုးလင်း၍ ဂျူတီချိန်းရန် ရောက်လာကြသော ဟိုတယ်ဝန်ထမ်းတွေမှာ လည်းကျွန်မနှင့်ဖေဖေ့ကိုကြည့်ရင်းပြူးတူးပြာတာ ဖြစ်နေကြသည်။

ပင်လယ်ပြာနှင့်အနီသွေးကလဲ ကျွန်မကို ကြောင်အစွာငေးကြည့်နေကြလျှက်။

ပင်လယ်ပြာကတော့ဖေဖေ့ဘေးမှာကျွန်မကိုတစ်ခုခုဖြတ်ပြောရန်ပြင်နေသည်။

ကျွန်မမျက်လုံးအကြည့်များဖြင့် သူ့ကိုတားလိုက်ပါသည်။ ဖေဖေက ညကကတည်းက ကျွန်မ နှောက်ယှက်ထား၍ အိပ်ရေးမဝဟန်နှင့် စိတ်တိုဒေါသထွက်နေပုံပေါ်၏။
ကျွန်မ ဖေဖေ့ကို ညကတည်းက ပြောခဲ့သောစကားလုံးတွေကို နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။

"ပင်လယ့်ကိုသမီးနားမှာထားခဲ့ပေးပါဖေဖေ..... "

"ပင်လယ်ပြာမှာအလုပ်တွေရှိသေးတယ်....နင်မသိလို့လားသမီး.... ငါသွားတဲ့နေရာတိုင်းမှာပင်လယ်ပြာ လိုက်လုပ်ပေးစရာတွေရှိတယ်..... အရင်ကလဲ ဒီလိုပဲ လုပ်နေကြလေ.... အခုကြမှဘာထဖြစ်နေရတာလဲ..... "

"ဖေဖေ.... အရင်ကဆိုတာက သမီးတို့ကတူတူနေနေကြတာလေ..... ဖေဖေသွားလဲခဏပဲ..... "

"အေးလေ..... "

"အခုက သမီးကဒီဟိုတယ်မှာနေခဲ့ရမှာလေ.... ဖေဖေ တို့နဲ့ခွဲနေပြီလေ..... "

"အဲ့တာဘာဖြစ်လို့လဲ...."

"ဟာ ညကတည်းက သမီးပြောပါတယ်..... အဲ့တာဆိုရင် သမီးက ပင်လယ်နဲ့ဘယ်လိုလုပ်တွေ့ရတော့မှာလဲ..... ပြီးတော့ သမီးတစ်ယောက်ထည်းဒီဟိုတယ်ကြီးမှာ..... တစ်ယောက်လောက်တော့သမီးနဲ့ ထားခဲ့ရမှာပေါ့..... "

"အေး အနီ နေခဲ့မယ်လို့ နင့်ကိုပြောပြီးသားလေ သမီး..... "

"အနီ့ကိုဖေဖေခေါ်သွားလိုက်ပါ...... သမီး အတွက်ပင်လယ့်ကိုပဲထားခဲ့ပေးရင်ရပြီ..... "

ဖေဖေက စိတ်ရှုပ်လာဟန် ဖြင့် ခေါင်းကဆံပင်တွေကိုဆွဲဖွလိုက်သည်။ အနီကတော့ စိတ်တိုနေဟန်ဖြင့်ကျွန်မကိုကြည့်နေ၏။
သို့သော် သူမအကြည့် ထဲ တွင် ဝမ်းသာနေဟန် ကိုတော့ မြင်နေရပါသည်။
ကျွန်မ ဘာလဲ ဆိုတာကိုမစဥ်းစားနိုင်ပါ။ မနားပဲ ဖေဖေ့ကိုဆက်ပြောနေမိ၏။

"ဖေဖေ..... သမီးကို ဒါတောင်မလုပ်ပေးနိုင်ဘူးလား...... "

"နင်မသိလို့ပြောနေတာလား!!ပင်လယ်ပြာကိုငါလိုအပ်တယ်ငါ့အလုပ်တွေအတွက်ငါလိုအပ်တယ်!!! "

"သမီးလဲလိုအပ်တာပဲလေ ဖေဖေ!!! ဖေဖေလဲ သိတာပဲ!! ငယ်ငယ်ကတည်းက ပင်လယ်ပြာ့ကို သမီးပိုင်တယ်လို့ဖေဖေ့ကိုပြောခဲ့တယ်မဟုတ်လား!!!"

ကျွန်မတို့သားအဖနှစ်ယောက်၏ စကားပြောခန်းကတစ်ဖြည်းဖြည်းနှင့် မုန်တိုင်းထန်သောပင်လယ်ပြင်တစ်ခုလိုဖြစ်မှန်းမသိဖြစ်လာခဲ့သည်။ ဖေဖေကလည်းကျွန်မကိုအလျှော့ပေးချင်ဟန် မပေါ်သလို ကျွန်မကလဲဒီတစ်ခါတော့လုံးဝကိုအလျှော့ပေးဖို့စိတ်ကူးမရှိပါ။

"ရှန်နီ!! ဘာဖြစ်နေတာလဲနင်!!! "

"ဒီလိုလုပ်လိုက်ပါလား..... "

အနီသွေးကကျွန်မ နှင့် ဖေဖေ့ကြားထဲ တွင် ဝင်ရပ်ပြီး ပြတ်သားစွာဝင်ဆိုသည်။ ကျွန်မ ကတော့ဖေဖေ့ကို မျက်တောင်မခတ်ပဲ ကြည့်နေမိဆဲပင်။

"ဖေဖေ ဒီမှာပဲ နေလိုက်လို့မရဘူးလား....
အကြာကြီးမဟုတ်ရင်တောင် တစ်လ လောက်ပေါ့ နောက်မှဖေဖေ ကြိုက်သလိုဆုံးဖြတ်လေ.... အခုအချိန်မှာ မမက သူတစ်ယောက်ထည်း ဖြစ်ကျန်ခဲ့တာကို နေသားမကျဘူးထင်ပါတယ်..... ဖေဖေ လဲ တောင်အောက် ကိုဆင်းလိုက်တောင်ပေါ်ကိုပြန်တက်လိုက် နဲ့အဆင်ပြေမှာမဟုတ်ဘူးလေ..... "

'မမတဲ့လား..... '

ကျွန်မက အနီသွေးရဲ့လိုတာထက်ပို နူးညံ့‌ နေသော အခေါ်အဝေါ်ကြောင့်မျက်ခုံးပင့်မိသော်လည်း စိတ်ထဲတွင်တော့ထိုအစီအစဥ်ထက်ကောင်းတာ ဘာမှ မရှိတော့ဘူးဟု တွေးနေမိသည်။ တစ်လလောက်ပဲဖြစ်စေဦး အချိန်ဆွဲပြီး ဖေဖေ့စိတ်ကိုပြောင်းလို့ရကောင်းရနိုင်ပါသည်။

ဖေဖေ ထိုစကားကိုသာ လက်ခံပါစေဟု ဆုတောင်းနေမိ၏။
ဖေဖေကလည်း အနီသွေး၏ စကားကို အစပိုင်းတွင်လက်ခံ ချင်ပုံမရသည့်တိုင်အောင် နောက်ပိုင်းတွင် တော့ ကျွန်မရဲ့ ပုံကိုကြည့်ကာတက်ခေါက်၍ ခေါင်းညိမ့်ထွက်ခွာသွားလေတော့သည်။ ပင်လယ်ပြာ့ကိုလဲ အမိန့်တစ်ခုကိုပြောသွားသေး၏။

"မနက်ဖြန်ကျရင် မင်းတောင်အောက်ဆင်းပြီးလိုတာတွေယူလာခဲ့စမ်း ပင်လယ်ပြာ.... ပြီးတော့အခုငါ့အခန်းထဲခဏလိုက်ခဲ့...... "

"ကောင်းပါပြီအန်ကယ်လ် ...... "

ပင်လယ်ပြာနှင့် ဖေဖေကထွက်ခွာသွားတော့ ကျွန်မ နှင့်အနီသွေးသာကျန်ခဲ့တော့သည်။ အနီသွေးက အလွန်ကို မှ ဝမ်းသာအားရဖြစ်နေဟန် နှင့်ကျွန်မကို ကြည့်လာ၏။

ကျွန်မ သူ့မရဲ့အကြည့်တွေကိုမနှစ်မြို့သော်လည်း ဒီနေ့အတွက်ကျေးဇူးတော့တင်မိရပါသည်။

"ကျေးဇူးပါပဲ မမ ..... အဟင်း...... "

"ဘာကိုလဲ..... "

အေးတိအေးစက်ပြန်မေးတော့ သူမက ဖေဖေ့နောက်ကိုလိုက်သွားသောပင်လယ်ပြာ့ကိုမေးဆတ်ပြလေသည်။

"နင်နဲ့ နှစ်ယောက်ထည်း ကျန်ခဲ့ရမယ် ဆိုရင် ငါလဲ စိတ်ညစ်လို့သေမှာပဲ.... အဲ့ဒိထက်ပို တာက ငါလဲ ပင်လယ် နဲ့ မခွဲ ချင်ဘူး သိလား...... "

ထိုစကားအရောက်တွင်တမင်တကာ တစ်ခွန်းချင်းပြောလိုက်သောသူမရဲ့အသံထဲ တွင်ကျွန်မ မနှစ်မြို့ချင်စရာအရိပ်အယောင် တွေအများကြီးပါနေတာကိုသတိထားမိ၏။
မျက်မှောင်ကျုံ့ရင်းသူမကို စိုက်ကြည့်ကာ.....

"နင်ဘာကိုပြောချင်တာလဲအနီသွေး...... "

"နင့်ကိုကျေးဇူးတင်တယ်လို့ပြောနေတာလေ မမ ...... ငါပင်လယ် နဲ့ မခွဲချင်တာနဲ့ နင်အခုလိုပြဿနာ ရှာလိုက်တာနဲ့ အတော်ပဲ..... အဟင်း.... "

"နင်ကဘာလို့ပင်လယ် နဲ့ မခွဲချင်ရတာလဲအနီသွေး..... "
ပူပန် စိတ် တွေနှင့် မာမာထန်ထန်ပဲပြန်မေးတော့ အနီသွေးက မချိုမချဥ်ပြုံးရင်း မျက်ခုံးကိုတွန့်၏။

"အဲ့တာငါ့personal ပါ မမ ...... နင် ဘာမှ စပ်စုစရာမလိုဘူး.....
ပင်လယ်က နင့်ကို အရမ်းမုန်းနေတာ နော် မမ ...... နင် သူ့ကို အနားမှာ ခေါ်ထားလဲ နင့်အတွက် ပြောင်းလဲ လာတာ ဘာမှ ရှိမယ် မထင်ဘူး.... "

" ဘာ!"

" ငါပြောတာမှားနေလို့လား ပင်လယ့်ကို နင်က ဘယ်တုန်းက နွေးထွေးဘူးလို့လဲ..... ငါကသာလျှင် ပင်လယ် ရောက်လာကတည်းက ခင်ခဲ့တာ..... ပင်လယ့်ကိုဖေးမခဲ့တာ....နင်ပဲပင်လယ့်ကို အတင်းလိုက်ရှာပြီးဒုက္ခ တွေတစ်ခုပြီးတစ်ခုပေးခဲ့တာ....
ပြီးတော့ နင်ပြောတဲ့စကားတွေကိုနင်ပြန်သုံးသပ် ဖို့လိုမယ် ထင်တယ်.... ပင်လယ့်ကို နင်အတင်းလိုက်တွယ်ကပ် နေစရာ မလိုဘူး.... သူက နင့်ကျွန် မဟုတ်လား..... "

ကျွန်မ ဒေါသ တွေတစ်ရိပ်ရိပ်ထိုးတက်လာကာ အနီသွေးကိုပါးသာ ဖြတ်ရိုက်ချင်မိတော့သည်။ လှပနုနယ် သော မျက်နှာလေးထက် ကအပြုံးတွေမှာကျွန်မကို ခနဲ့ဟန် အပြည့် နှင့် ပင်လယ်ပြာ အတွက်ကိုလည်း တစ်စုံတစ်ခုကိုခံစားလို့ရနေပါသည်။

ဘာမှ ပြန်မပြောချင်တော့ပါပဲ ကျွန်မ သူ့ရှေ့ကနေ လှည့်ထွက်ခဲ့လိုက်တော့သည်။
သို့သော် ပင်ပန်းနေသော စိတ်က အနားမရနိုင်ပါ။
ဟိုတယ်ဖွင့်ပွဲသို့ လာသော ခန့်ကိုက သူ့အခန်းထဲမှ ထွက်လာပြီး ကျွန်မ အနားမှာလာရပ်တာကြောင့်ပါပင်။ ဘယ်သူနဲ့မှစကားပြောချင်စိတ် မရှိတာကြောင့် ကိုယ့်နေရာကိုယ်ပြန်ရန်သာပြင်လိုက်သော်လည်း ခန့်ကိုကတော့ အကြည်သာဆုံးပြုံးပြရင်း ကျွန်မ အနားကို လျှောက်လာလေသည်။

"Morning ရှန်..... အမြဲတမ်းလှနေတာပဲနော်..... "

ဒီစကားတွေကိုဒီအချိန်မှာတော့ ကျွန်မ မကြားချင် တော့ပါ။စိတ်ကြည် နေရင်တော့ကောင်းသည်။ အခုအချိန် မှာတော့
ကျွန်မ ဆီကလိုချင်တာ ရှိနေ၍ သာတမင်တကာ လုပ်ပြောနေသည့်စကားဟုပဲကျွန်မ ယုံကြည်လာမိသည်။ခန့်ကို အား စိတ်မပါ့တစ်ပါဖြင့် ပြုံးရုံသာပြုံးပြကာ ဆက်လျှောက်သော်လည်း ခြေလှမ်းတွေက နေရာမှမရွေ့ပါပေ။ ခန့်ကိုက ကျွန်မရဲ့လက်ကို ပိုင်ဆိုးပိုင်နင်းဆွဲကိုင်ထား၏။

"ခဏလေးပါရှန်ရယ်.... ကိုယ် ရှန်နဲ့စကား သေချာပြောချင်တယ်..... ကိုယ်တို့ ဒီနေ့ကျိုက်ထီးရိုးတောင်အနှံ့သွားကြရအောင်လေ..... "

"တို့မအားဘူး ခန့်..... "

တတ်နိုင်သမျှအသံကိုထိန်းပြီးပြောလိုက်ပါသော်လည်း ဒေါသကြောင့်တုန်ယင်နေမှာသေချာလှ၏။ အနီသွေးက ကျွန်မနှင့်ခန့်ကိုအား လှောင်ပြုံးပြုံးကာကြည့်လျှက် ဖေဖေတို့နောက်သို့လိုက်သွားလေသည်။ ကျွန်မ ဒေါသဖြစ်စွာခန့်ကို၏ လက်မှရုန်းထွက်လိုက်၏။ ခန့်ကိုက လန့်သွားပုံရသော်လည်း အရှေ့တွင် အရှက်မရှိလာရပ်ပြန်သည်။

"နေပါဦးရှန် ဘာဖြစ်နေတာလဲ.... နေမကောင်းဘူးလား.....ကိုယ် မင်းနဲ့တစ်ကယ်စကားသေချာပြောချင်နေတာပါ..... ကိုယ့်ကိုယ် သနားပါဦးကွာ..... "

"ခန့်..... တို့ အရမ်းပင်ပန်းနေတယ်လို့ပြောနေတယ် နော်..... ခန့်စကားပြောချင်ရင် ညနေမှပြောပါ..... တို့ အခု နားမှ ဖြစ်တော့မယ်...."

"တစ်ကယ်တစ်ကယ်လားဟင်.... တစ်ကယ် ညနေပြောလို့ရလား ရှန်..... "

ကျွန်မ စိတ်မရှည် တော့စွာခေါင်းကိုသာခပ် ဆတ်ဆတ် ညိမ့်ပြ၍ ခန့်ကို၏ အသက်မပါလှသော အပြုံးတွေရှေ့မှထွက်လာခဲ့လိုက်ပါတော့သည်။ အခုအချိန် တွင် ကျွန်မ ဘယ်သူနှင့်မှစကားမပြောချင်။ ဘယ်သူ့ကိုမှလဲ မတွေ့ချင်ပါ။ ပင်လယ်ပြာမှ လွဲ၍ ပါပင်။ ကျွန်မ သူ့ကို အနားမှာထားချင်မိသည်။သူ့ကိုသာ စကားတွေပြောချင်နေမိသည်။
သူတစ်ယောက်ထည်းကိုသာ။ သူတစ်ယောက်ထည်းကိုသာပါပင်။

************************************

"ဝါး!! လှလိုက်တာ!! "

"ပင်လယ် ဓာတ်ပုံရိုက်ပေး!! "

"ဒီနေရာလေးလဲ လှတာပဲ!! ဓာတ်ပုံရိုက်ပေးဦးပင်လယ်!!! "

"ကိုယ်တစ်ပိုင်းပြတ် ပုံလေးနော်!!! "

"မျက်နှာလေးပဲနော်!!!! "

"အိုလှလိုက်တာ!!! ပင်လယ် ရေ လာကြည့်စမ်း အရမ်းလှတာပဲဓာတ်ပုံရိုက်ပေးဦး!! "

ကျိုက်ထီးရိုး တောင်တန်း တစ်ခွင် တွင် ပင်လယ် ဆိုသည့် စကား လုံးနှစ်လုံးက ကြီးစိုးနေ၏။
တစ်ကယ် ကတော့ အဲ့ဒိလိုကြီးစိုးရသည်မှာလည်း လူအများကြီးရဲ့ပါးစပ်က ထွက်၍တော့မဟုတ်။
ကျွန်မ ရဲ့ပါးစပ် တစ်ခုထည်းကနေထွက်ကြလာသော စကားလုံး နှစ်ခုသာပါပင်။
စိမ်းဖန့်မှိုင်းညို့ လှသော ကျိုက်ထီးရိုးတောင်တန်းကြီးနှင့်အေးစက် သောလေပြေညှင်းလေးကို ခံစား မိပြီး ပင်လယ် နှင့်သာ လျှောက်သွားရသည် ဆိုခြင်းက ကျွန်မကို အသိစိတ်တွေပင်လွတ်ထွက်အောင်လုပ်စေနိုင်၏။
ဘာလို့မှန်းမသိပါသော်လည်း ကျွန်မ ရဲ့ ရင်တွေလှိုက်ခုန်နေသည်။ နွေးထွေးနေသည်။ အသစ်အစမ်း တစ်ခုကို လုပ်ရတော့မည့် ကလေးငယ် တစ်ဦးကဲ့သို့ ပျော်ရွှင်နေမိသည်။

ပင်လယ်က အလွန်အမင်းပျော်ရွှင်ကာ ပြာယာခတ် နေသော ကျွန်မပုံကိုကြည့်ပြီး စိတ်ရှုပ်နေဟန် မျက်မှောင်ကိုကျုံ့ထားသော်လည်း သူလဲပျော် နေမှန်းကိုတော့ ကျွန်မခံစားလို့ရပါသည်။
သူကကျွန်မ တောင်းဆိုသမျှ နေရာ တိုင်းတွင် ဓာတ်ပုံလိုက်ရိုက်ပေးရင်း ဘေးဘီတစ်ဝိုက်ကိုသတိထား၍ ကြည့်ရှုနေ၏။

ကျွန်မပြုတ်ကျမှာဆိုးတာကြောင့် လို့ ထင်မိပါသည်။

ထိုအတွေးနှင့်ပြုံးလိုက်မိရင်း လက်ကို ဆန့်တန်းကာ ကင်မရာရှေ့ တွင် လွတ်လပ်ပေါ့ပါးစွာပြုံးလိုက် မိတော့၏။

ပင်လယ်ပြာက ဓာတ်ပုံ တစ်ချပ်ချပ် ရိုက်ယူရင်း ကျွန်မကို ပြောလာသည်။

"ပြုတ်ကျမယ် ဘယ်လိုဖြစ် နေတာလဲ..... "

သူ့ရဲ့မာဆတ်ဆတ် အသံက ကျွန်မ ရဲ့ စိတ်ကိုဒေါသဖြစ်အောင်မလုပ်နိုင်ပါ။ ကျွန်မကို စိုးရိမ် နေသံ တွေပါတာကြောင့် ပိုလို့ တောင် ပျော်ရွှင်မိပါသေးသည်။
အားရပါးရပြုံးလိုက်မိရင်း ပင်လယ့်အနားကို တိုးကပ်ကာသွားလိုက်၏။
ပြီးနောက် ဓာတ်ပုံတွေကိုပြန်လည် ကြည့်လိုက်သည်။

မိုးပြာရောင် တစ်ပြန့်တစ်ပြောကောင်းကင်ပြာပြာနှင့် ဟတ်စကီး ကွင်းကြီးက အလွန်တစ်ရာကိုမှလွတ်လပ် ပြန့်ပြောလို့လှပနေပါလေသည်။

ထိုအထဲ တွင်ကျွန်မ ရဲ့ပုံ ကို လဲ နစ်မြုပ်သွားစေအောင်၊တစ်ပြိုင်နက်ထည်းမှာပဲ လှပစွာနှင့်ရုန်းကြွထွက် နေအောင်ပင်လယ်ပြာကရိုက်ကူးပေးထား၏။
အလင်းနှင့်အမှောင်ကလဲ ကွက်တိပါပင်။
သူဒီလောက်အထိ ဓာတ်ပုံရိုက်တော်မှန်းအရင်ကမသိခဲ့ရ။

"လှလိုက်တာ..... "

ကျွန်မ က အံ့ဩဝမ်းသာစွာဆိုမိချိန် တွင် ပင်လယ်ပြာက တော့ တောင်တန်းတွေကိုသာ
သွာရောက် ငေးမော နေလေသည်။
ကျွန်မ ပြေးလိုက်ရင်း သူ့ရဲ့လက်မောင်းရင်းကိုဆုပ်ကိုင် တွဲခိုလိုက်ပါသည်။

တီရှပ်လက်တို အညိုရောင်ဖျော့ဖျော့ကိုသာ သူဝတ်ဆင်ထားသောကြောင့် လေတိုးဒဏ်ဖြင့် သူ့အသားတွေအေးစက် နေတာကိုခံစားလို့ရ၏။
ဓာတ်ပုံလိုက်ရိုက်ပေးနေရတာပင်ပန်းနေပြီလားဟုပင် တွေးမိရင်းကျွန်မ သူ့ကိုသနား သွားမိရသည်။
အခုမှသေချာကြည့် မိပါသည်။
ခန့်ညားလှသော သူ့မျက်နှာ တည်တည် တွင် ပင် နှင်းငွေ့တို့လာရောက်ရိုက်ခတ် နေသလို ခံစားရသည်။
သူ့နှုတ်ခမ်းတွေ လေတိုးဒဏ်ကြောင့် ခြောက်ခမ်းနေကြ၏။
လည်ပင်းတစ်ဝိုက်အထိ ဝဲကျ နေသော အညိုရောင်ဆံပင်တိုတိုကို တစ်ဝက်သိမ်းထားတာကြောင့် အေးစက် နေပုံရသော သူ့လည်ပင်း အသား တွေ ကို အတိုင်းသား မြင်နေရသည်။
စတီးနားကွင်းနှစ်ဖက်ကို ဆွဲထားသော နားဖျား နှစ်ဖက်မှာရဲ နေကြ၏။
ခန့်ညား ချော‌မော နေသေးသော်လည်း တော်တော်ကို အေးနေပုံရတာကြောင့် တစ်ကယ်ကိုသနားလာရပါသည်။

"ပင်လယ်..... အေးနေပြီလား.... "

သူကခေါင်းကိုအသာခါပြရင်း မှိုင်းညို့နေသည့် ကျိုက်ထီးရိုးတောင်တန်းကြီးတွေကိုသာ ရီဝေဝေဆက်ငေးနေ၏။ တောင်တန်းများဆီမှ အခိုးအငွေ့တွေက ဖြူဖွေး မာဆတ်သော သူနှင့် လိုက်ဖက်လွန်းသည်ဟုထင်ရသည်။

"ဘာတွေဒီလောက်ငေးနေရတာလဲပင်လယ်..... "

"မှော်ဆန်လို့..... "

"ဟင်.....

"ဟုတ်တယ် မှော်ဆန်ပြီးလွမ်းစရာကောင်းလွန်းလို့...... မင်း ရော မထင်မိဘူးလား ရှန်နီ..... "

ကျွန်မ သူ့အမေးအောက်တွင် တွေတွေလေးဖြစ်သွားရသည်။ အကြောင်းက သူပြောသလို တစ်ခါမှ မတွေးဘူးတာကြောင့်ပါပင်။ ကျွန်မသည် မည်သည့် လှပသည့် နေရာတွင် မဆို ဓာတ်ပုံရိုက်ကာ Social media ပေါ်သို့ တင်ရန်သာ စိတ်ကူးရှိခဲ့သူမို့ သူပြောတာတွေကိုကျွန်မ မခံစားခဲ့ဘူးပါ။
လှရင် တော့ကြည့်လိုက်မည် ပြီးရင် ဓာတ်ပုံရိုက်မည်။ အမှတ်တရ ဟောင်းတွေကိုသတိရမည်။ ဒီလောက်ပဲကျွန်မ လုပ်ခဲ့တာပါပင်။
သူကကျွန်မ ပုံကိုကြည့်ရင်း" ဒီလိုဖြစ်မယ် ဆိုတာ ထင်သားပဲ" ဟူသော အပြုံးတစ်ခုဖြင့် ပြုံး၏။

"သဘာဝ တရား ကို မင်း တစ်ကြိမ်တစ်ခါတောင် ခံစားဘူးရဲ့ လားရှန်နီ..... "

"သဘာဝ တဲ့လား..... တို့ မသိဘူး ပင်လယ်.... တို့ သိတာက ဓာတ်ပုံရိုက်ဖို့လောက်ပဲလေ.... ဒါအမှန်ပြောတာ..... "

"အဟင်း..... အခု မင်းခံစားလို့ရတာပဲ..... မင်းရဲ့ မျက်စိရှေ့တည့်တည့် မှာ သစ်ပင် စိမ်းတွေ အုပ်လွှမ်းနေတဲ့တောင်တန်းပြာကြီးတွေရှိတယ်..... သူတို့တွေဆီက နေထွက်လာတဲ့တောင်ခိုးတောင်ငွေ့တွေက မင်းရဲ့ ခန္တာကိုယ် တစ်ခုလုံးကိုသိမ်းကျုံးထားတယ်..... ပြီးတော့ အနံ့..... သူတို့ရဲ့အနံ့...... သစ်တောအနံ့.... နှင်း တွေရဲ့ လတ်ဆတ် တဲ့အနံ့.... အေးချမ်းတဲ့အနံ့..... ကျိုက်ထီးရိုးတောင်တန်းကြီးတွေရဲ့ရင်နှစ်သည်းချာ သားသမီး တွေက ပြုလုပ်လို့ထွက်လာတဲ့ တောင်ဆိတ်ဆီအနံ့..... တွေ..... ပန်းတွေရဲ့အနံ့တွေ..... "

"အို..... "

ကျွန်မ ရဲ့နှာခေါင်းဝမှာ တစ်ကယ် ပဲအဲ့သည့်အနံ့တွေကိုရလိုက်သလိုပါပဲလား။ ကျွန်မ ချက်ချင်းပဲသဘာဝတရားကြီးထဲကိုနစ်ဝင်သွားသလိုပါပဲလား။

တစ်ခါမှ မခံစားဘူးတာကြောင့်ဘာပြောရမှန်းမသိအောင်ပင် သူ့လက်မောင်းကိုတွဲခိုရင်း ခံစားနေမိပါသည်။

သူက တစ်ချက်ပြုံးလိုက်ရင်း တောင်တန်းတွေဆီကိုပြန်လည်ငေးမောသွား၏။

"ပြီးတော့ အခုအချိန် တော့ မဟုတ်ပေမဲ့။...တစ်ချိန် မှာ တစ်ချိန် မှာပေါ့လေ..... မင်း ချစ်ရတဲ့သူ သာမင်းရဲ့ဘေးမှာ ရှိနေမယ် ဆိုရင် အဲ့ဒိ သဘာဝတရားကြီးကိုခံစားရတာ ပိုပြီးတော့ ပျော်ရွှင်စရာကောင်းလာလိမ့်မယ်.... ငါပြောတာကိုမမေ့ပါနဲ့ရှန်နီ..... မင်း ဟာအဲ့ဒိအချိန်ကျရင် လဲ အခုလိုပဲရအောင် ခံစားပါ.... မင်းပိုပြီးလူပီသလာလိမ့်မယ်.... "

သူ့စကားတွေကိုနားထောင်ပြီး ကျွန်မရဲ့ရင်ဘတ် တွေနွေး ထွေးလာသလို၊ပျော်ရွှင်လာသလို ခံစားရပါသည်။
ချစ်တဲ့သူရဲ့လက်ကို တွဲပြီးတဲ့လား။အဲ့ဒိအချိန်မှာခံစားရင် ပိုပြီးတော့ပျော်ရွှင်ရမယ် တဲ့လား။
အဲ့ဒိအချိန်ကိုကြိုမတွေးမိပါပဲ အခု ကျွန်မ ဘာနဲ့မှ နှိုင်းယှဥ်လို့ မရတဲ့ ပျော်ရွှင်ခြင်းမျိုးနဲ့ အရမ်းပျော်ရွှင် နေတယ် ဆိုတာကို၊နွေးထွေးနေတယ် ဆိုတာကို သူသိအောင်ဘယ်လိုများပြောပြရပါမလဲ။

"သွားကြမလားရှန်နီ.... မုဆိုးတောင်တက်ဖို့ဆိုရင် ဒီထက်နောက်ကျရင် နေမြင့်သွားလိမ့်မယ်.... "

"ပင်လယ်.... "

"ဟိုလေ အကို..... အဲ အစ်မ .... "

ကျွန်မသူ့ကို စကားပြောရန် ကြိုးစားစဥ်မှာပင် အမျိုးသမီးတစ်ဦးက သူ့ကိုလှမ်းခေါ်လိုက်တာကြောင့် သူရောကျွန်မပါရပ်တန့်သွားရသည်။

ထိုအမျိုးသမီးက ပင်လယ်ပြာ့ကို ယောက်ျား
လေးနှင့်မှား၍အကိုဟုခေါ်လိုက်ပြီးကာမှ သေသေချာချာမြင်လိုက်ရပြီး မိန်းကလေး မှန်းသိသွားသောအခါ ရှက်ကိုးရှက်ကန်းနှင့် ပြုံးပြလာ၏။
လှတပတ ဝတ်တင်ထားပြီး ချောမော လှသည့် ထိုအမျိုးသမီး၏ ပင်လယ်ပြာ့ကို ကြည့် နေသော မျက်ဝန်းတွေကိုကျွန်မ မကြိုက်လှပါ။ စိတ်ထဲတွင်ဘာဖြစ် နေမှန်းမသိပါပဲ အလိုလိုဒေါသထွက် နေသလိုခံစားရ၏။

ပင်လယ်ပြာကတော့ သူမကိုကြည့်ရင်းပြန်လည် ပြုံးပြကာ....

"ပြောပါညီမ .... ကိုယ် ဘာကူညီရမလဲ.... "

ပင်လယ်ပြာ၏ ချိုသာသောအသံကိုကြားတော့သူမသည် ပြုံးဖြီးဖြီးနှင့် သူမ၏ သူငယ်ချင်းတွေအား မေးဆတ်ပြသေး၏။ ထိုသူတို့ကလည်းအငြိမ် မနေပါပဲ
ပင်လယ်ပြာ့ကိုကြည့်ရင်း ထိုမိန်းကလေးနှင့် စချင်နေပုံရလေသည်။
ကျွန်မက တော့ ဒေါသ တွေသာတစ်ရိပ်ရိပ်ထိုးတက်လာရင်း ပင်လယ့် လက်ကိုဆွဲကိုင် ပြစ်လိုက်သည်။

သူတို့ မည်သို့ ထင်မည် မသိသော်လည်း ကျွန်မ ကတော့ အားမနာနိုင်တော့ပါ။

ဒါတောင် ထိုအမျိုးသမီးသည် ပင်လယ့်ကိုအသေအချာကြည့်ရင်းဖုန်းလေးတစ်လုံးကိုထိုးပေးလာ၏။

"ညီမလေးတို့ကို ဓာတ်ပုံရိုက်ပေးလို့ ရမလားဟင်.... "

"အော် ရတာပေါ့... ရပါတယ်.... ပေးပေး..... "

ပင်လယ် က ကျွန်မရဲ့လက်ကို ဖြုတ်ချရင်း ဖုန်းကိုကိုင်ကာ သူမတို့အရှေ့တွင်သွားပြီး ဓာတ်ပုံတစ်ပုံပြီးတစ်ပုံရိုက်ပေးနေ၏။
ထိုအဖွဲ့မှာလဲ လက်တွေကိုထောင်ကာတစ်မျိုး ၊ အသဲပုံ စံလေးတွေလုပ်ကာတစ်ဖုံဖြင့် မျက်စိနောက်အောင် Post ပေးပြီးလေသည်။

ပင်လယ် ကလဲ တစ်ပုံပြီးတစ်ပုံစိတ်ရှည်ရှည်ရိုက်ပေးနေတာကြောင့်ကျွန်မ စိတ်ကို မထိန်းနိုင်တော့စွာ နှုတ်ခမ်းတစ်ဖက်ကို ဖိကိုက်ထားလိုက်မိပါတော့သည်။
ခုနက သူကျွန်မလက်ကိုဖြုတ်ချသွားတာကြောင့်လဲ ခံရခက်လို့နေသည်။

"ကျေးဇူးအများကြီးတင်ပါတယ် ရှင်.... ပုံလေးတွေကလှလိုက်တာ..... အစ်မက တော်လိုက်တာနော်..... "

"ဟုတ်ပ ဟယ်ကြည့်ပါဦး တစ်ကယ် ဓာတ်ပုံရိုက်တတ်တာပဲ..... "

ဓာတ်ပုံရိုက်ပြီးတော့လဲ သင်းတို့က ပုံတွေကိုကြည့်လိုက်ပင်လယ်ပြာ့ကိုချီးကျူးလိုက် နှင့် မအားမလပ်နိုင်အောင်ရှိပါသေးသည်။ ကျွန်မစိတ်မရှည် တော့ပဲ ပင်လယ်ပြာ၏ လက်မောင်းကိုပြေးတွဲရင်း ပြောချလိုက်တော့၏။

"ပင်လယ် တို့ သွားချင် နေပြီ.... မပြီးသေးဘူးလား.... မင်းပြောတော့အချိန်မရှိတော့
ဘူးဆို..... "

ကျွန်မ မျက်စိမျက်နှာမဲ့ရွဲ့ပြီးဆိုလေတော့ ထိုအဖွဲ့က မိန်းမ တွေမှာ နှုတ်ခမ်းကိုတွန့်၍ မနှစ်မြို့ဟန်ကြည့်ကြလေသည်။ ပင်လယ်ကတော့အားနာသွားဟန် နှင့် သူတို့ကိုနှုတ်ဆတ်၏။

"ဒါဆိုကိုယ့်ကိုခွင့်ပြုဦးနော်.... သွားစရာလေးရှိနေသေးလို့.... ညီမလေးတို့ ကျေနပ်တယ် မလား ဓာတ်ပုံလေးတွေကို.... "

"ကျေနပ်ပါတယ်.... အို နေပါဦး.... ဘယ်မှာတည်းတာလဲဟင်... "

ပင်လယ့်ကိုဓာတ်ပုံ ရိုက်ခိုင်းသော မိန်းမက မပြီးနိုင်မစီးနိုင် သံယောဇဥ် အမျှင်တန်းချင်နေပုံရသောကြောင့်ကျွန်မ သူမအား ပါးဆွဲချပြစ်လိုက်ချင်စိတ်ကို မနည်းထိန်းထားနေရ၏။
သူမ၏ အဖော် တွေကလည်းမျိုးစုံအောင်စကြနောက်ကြပါတော့သည်။

"အဟင်း.... ဟုတ်တယ် အစ်မ ဘယ်မှာတည်းတာလဲ.... "

"အစ်မက အရမ်း ချောတာပဲ.... "

"အရမ်းလဲ မိုက်တယ် ..... "

"Tomboy လားဟင်.....LGBT လားဟင်...."

"ယုယု တို့သူငယ်ချင်းလေးက လာလည် ချင် နေတာ အစ်မဆီကို.... "

"အဟင်း.... "

"ဟီးဟီး.... "

ကျွန်မ ထိုအသံတွေကြောင့် ဒေါသပိုပိုပြီးထွက်လာကာ ပင်လယ့်ကို ဆွဲဆောင့်လိုက်တော့သည်။ သူလဲ ဆွဲလိုက်တဲ့အရှိန်ကြောင့်ကျွန်မဘက်ကိုလိုက်ပါလာ၏။ ကျွန်မ ဘယ်လိုမှသည်းမခံနိုင်သလို အားလဲ မနာနိုင်တော့ပါ။

"ဒီမှာ....မင်းတို့ မပြီးနိုင်သေးဘူးလား.... ပင်လယ် က ဘယ်မှာ မှနေတာ မဟုတ်ဘူး.... သူ့မှာ တာဝန် တွေနဲ့မင်းတို့လာလယ် ချင်တိုင်းလာလယ်လို့မရဘူး.... "

"ရှန်နီ! "

ပင်လယ် က ကျွန်မကိုလှမ်းဟန့်သော်လည်း ကျွန်မကဖြင့်မရတော့ပါပြီ။ စိတ်တွေကိုဘယ်လိုမှမထိန်းနိုင်တော့။
ထိုမိန်းမတွေမှာကျွန်မကိုကြည့်ရင်း မဲ့ရွဲ့ကာ ဒေါသထွက်လာပုံပေါ်ကြပါတော့သည်။

အရှေ့ဆုံးမှ မိန်းမမှာတော့ ကျွန်မ၏အပြုအမူတွေကို မြင်ပြင်းကတ်လာဟန်ဖြင့် ....

"မိတ်ဆွေသူငယ်ချင်းဖြစ်ချင်လို့မေးနေတာ ဘာဖြစ်လို့လဲ.... သူ့ကိစ္စကို အစ်မကဘာလို့လိုက်ပြောနေရတာလဲ.... အားနာလို့ ခုနကတည်းက ကြည့် နေတာကို ....အကြောကြီးနဲ့ .... ဓာတ်ပုံလေးရိုက်ခိုင်းပြီးမိတ်ဆွေဖွဲ့တာပဲဘာဖြစ်လို့လဲ.... ကျွန်မတို့ကလဲ မိကောင်းဖခင် သားသမီးတွေပါအစ်မ.... "

"အေးလေ... ဟုတ်ပ... "

"ရှင်က သူနဲ့ဘာတော်လို့လဲ... "

" ဘာ လဲ ကို မသိဘူး....."

သူတို့ရဲ့စကားလုံးတွေအောက်မှာ ကျွန်မ ရဲ့ နှုတ်ခမ်း တစ်ဖက်က ကိုက်လွန်းမက ကိုက်ထား၍ ပြတ်ထွက်လုမတတ် ဖြစ်နေခဲ့ပြီ။
ပင်လယ်က သူတို့ကို ကြည့်လိုက်ကျွန်မကိုကြည့်လိုက်ဖြင့် ဗျာများနေရှာ၏။
စိတ်တွေကိုဘယ်လို မှ ထိန်းမရတော့။
မခံချင်စိတ်များဖြင့် ပင်လယ့်၏ မျက်လုံးတွေကိုစိုက်ကြည့်ရင်းသာ.....

"သူ့ကိုတို့ပိုင်တယ်!! သူကတို့ရဲ့ ကျွန်ပဲ! သူ့ကိစ္စအရပ်ရပ်ကိုတို့ပဲပိုင်တယ်.... "

"ဟာ! "

"ရှန်နီ!!!!!"

************************************

SunMoon

Continue Reading

You'll Also Like

3K 375 12
မမ ၊ သီချင်းလေးတွေကို ချစ်တတ်သလား ။ မမ ၊ ပန်းကလေးတွေ ပျိုးတတ်သလား ။ မမ မမ ၊ မမ မောင့်ကို ချစ်သလား ။
4.7K 86 7
တောင်ပြာပြာ ပင်လယ်ပြာပြာတွေထက် ရှင်မျက်ဝန်းပြာတွေက ပိုလှနေသလိုဘဲ
4.4K 142 29
This is a gift to my dear best friend rahma, happy birthday! i wish you nothing but joy and happiness. your love for stray kids and their positive im...
567K 19.3K 144
Read and find out...