အချစ်တွေကအပြစ်ဖြစ်ခဲ့လေသလား[c...

By Juno804

61.2K 1.1K 21

(completed) ကိုယ့်ဖက်ကအချစ်တွေကစစ်မှန်ပေမယ့် တစ်ဖက်ကမလိုချင်တဲ့အခါ More

Part.1
Part.2
Part.3
Part.4
Part.5
Part.6
Part.7
Part.8
Part.9
Part.11
Part.12
Part.13
Part.14
Part.15
Part.16
Final Part

Part.10

3K 65 1
By Juno804

Unicode

တိမ်ယံအိမ်ပြန်ရောက်ချိန်မှာမိုးသားနဲ့သတိုးရာဇာတို့ကခြံရှေ့မှာရယ်မောပြုံးရွှင်ကာစကားပြောနေတာအားသူခပ်လှမ်းလှမ်းကနေကားကိုရပ်ကာလှမ်းကြည့်နေလိုက်သည်။

သူကြည့်နေတုန်းသတိုးရာဇာကမိုးသားခေါင်းကိုကိုင်ကာဆံပင်တွေကိုဖွလိုက်တာကြောင့်တိမ်ယံ့စိတ်ထဲဘာကိုအလိုမကျမှန်းမသိ။

သူ့ကားကိုတောင်မမြင်ရလောက်တဲ့ထိမွှန်နေကြတာပဲ။

''ငါသွားတော့မယ် မနက်ဖြန်ကျရင်လည်းအရန်သင့်လုပ်ထား ငါလာခေါ်မယ်''

''အင်းပါ ဘိုင့်ဘိုင်''

မိုးသားလည်းသတိုးကိုနှုတ်ဆက်ပြီးခြံထဲဝင်ခဲ့လိုက်၏။
​ပြီးတော့သူမကိုကို့ကားကိုမြင်ပါတယ်။တမင်မမြင်ချင်ယောင်ဆောင်လိုက်တာ။

သူမအိမ်ထဲရောက်တော့မီးဖိုခန်းထဲဝင်ခဲ့ပြီးရေခဲသေတ္တာထဲကရေ​ဗူးအားယူကာရေသောက်နေတုန်း နောက်ပါးဆီမှ

''မင်းဘယ်ကပြန်လာတာလဲ''

သူမကရေကိုသာဆက်သောက်နေပြီးသူ့အားဂရုမစိုက်တာကြောင့်တိမ်ယံစိတ်မရှည်စွာနဲ့သူမလက်ထဲကရေ​ဗူးကိုဆွဲယူလိုက်ရာရေတွေကသူမကိုယ်ပေါ်ဖိတ်ကျကုန်ပြီးရေပါသီးသွားရလေသည်။

''အဟွတ် ဟွတ်''

''မိုးသား''

တိမ်ယံသူ့ကိုယ်သူပင်မသိလိုက်ပဲသူမပုခုံးအားကိုင်ကာစိုးရိမ်တကြီးခေါ်လိုက်မိ၏။

မိုးသားကသူ့လက်ထဲကိုဖယ်ချပစ်ပြီးသူ့ကိုပါတွန်းလွှတ်ကာ

''သွား လာမထိနဲ့''

''မိုးသားချို''

''ဘာလဲ မိုးသားကိစ္စတွေကိုဘယ်တုန်းကစိတ်ဝင်စားသွားတာလဲ''

''မေးချင်လွန်းလို့မေးနေတာမဟုတ်ဘူး ငါတို့ကပတ်ဝန်းကျင်နဲ့နေတာ မင်းအဲလိုသူစိမ်းယောကျ်ားနဲ့အမြဲသွားလာနေ ကြာလာရင်ပတ်ဝန်းကျင်မှာပြောစရာ​ဖြစ်မယ် မင်းနားလည်လား''

''ဂရုမစိုက်ဘူး အပြောခံရမှာမိုးသားလေ ကိုကိုမှမဟုတ်တာ အဲလိုဖြစ်ခဲ့ရင်တစ်လောကလုံးမှာကိုကိုကအပျော်ဆုံးဖြစ်နေမှာပဲမဟုတ်ဘူးလား ပြီးတော့သတိုးကသူစိမ်းမဟုတ်ဘူး သူနဲ့မိုးသားရဲ့ဆက်ဆံရေးကကိုကို့ထက်တောင်ပိုပြီးရင်းနှီးလေးနက်သေးတယ်''

''ဘာကွ!''

မိုးသားကသူ့ကိုစိတ်တိုခွင့်ပင်မပေးတော့ပဲသူ့ရှေ့ကထွက်သွားတာကြောင့်သူမိုးသားနောက်ကနေလိုက်သွားကာ

''မိုးသားချို မင်းရပ်စမ်း''

''......''

''ငါခေါ်နေတာမကြားဘူးလား''

''......''

''မိုးသားချို!''

တိမ်ယံသူမကိုအမီလိုက်ပြီးသူမရှေ့ကျော်တက်ကာ

''မင်းနားလေး​နေလား''

မိုးသားသူမရှေ့ပိတ်ရပ်နေသောကိုကို့အားမကျေမနပ်ကြည့်ကာ

''ဖယ်နော်''

''အောင်မာ လေသံကိုက မင်းကဘာလဲ အားကိုးရှိလို့ငါ့ကိုခုလိုကလန်ကဆန်ပြန်လုပ်နေတာလား''

''ဘာတွေလာပြောနေတာလဲ ဖယ်စမ်းပါ''

မိုးသားကိုကို့အားတွန်းဖယ်လိုက်ပေမယ့်ကိုကိုကနေရာကနေရွေ့မသွားပဲနှစ်ယောက်သားလှေကားထိပ်မှာပဲတစ်နေကြလေ၏။

''မင်းကိုငါကြည့်နေတာကြာပြီနော်မိုးသားချို မင်းတစ်နေ့တစ်ခြားအချိုးတွေပြောင်းပြောင်းလာတာ''

''အဲဒါကိုကိုလုပ်တာပဲလေ မိုးသားခုလိုဖြစ်သွားရတာကိုကို့ကြောင့်ပဲ ကိုကိုမြဲမြဲမှတ်ထားလိုက် ခုရှေ့ကဖယ်''

တိမ်ယံသူ့ရင်ဘတ်ကိုလာတွန်းတဲ့မိုးသားလက်အားဆွဲဖယ်ပြီးပုတ်လိုက်ရာမိုးသားရဲ့ခန္ဓာကိုယ်ကပါနောက်သို့အနည်းငယ်လန်သွားပြီး​ခြေထောက်ကပါချော်ထွက်သွားရလေ၏။

''ဟင်...''

''အားးး''

မိုးသားနောက်ကိုပြုတ်ကျပြီလို့ထင်သွားပေမယ့်ကိုကိုကသူမလက်ကောက်ဝတ်အားဆွဲထားပြီးသူမကိုယ်လေးအားဆွဲဖက်လိုက်လေသည်။

ထိုသို့လုပ်လိုက်မှအခြေအနေကပိုဆိုးသွားရကာနှစ်ယောက်သားဖက်လျက်ဖြင့်လှေကားပေါ်မှဒလိမ့်ကောက်ကွေးပြုတ်ကျတော့သည်။

မိုးသားခန္ဓာကိုယ်ကသူ့တစ်ပွေ့စာပဲရှိတာမို့သူမိုးသားသားခပ်တင်းတင်းဖက်ကာသူမခေါင်းကိုပါထိခိုက်မသွား​အောင်သူ့လက်နဲ့ကာထားပေးလိုက်ပေမယ့်လည်းသူကိုယ်တိုင်ကတော့အတော်လေးအီသွားရလေ၏။

''ဒုတ်''

''အ့!''

လှေကားအောက်ခြေကိုရောက်သွားတော့သူကမိုးသားအောက်ရောက်သွား၍ခေါင်းနဲ့ကြမ်းပြင်ကသွားဆောင့်သည်။

မိုးသားလည်းမျက်လုံးစုံမှိတ်ထားရာမှကပြာကယာဖွင့်ကြည့်တော့ကိုကိုကသူမအောက်မှာရောက်နေပြီးမျက်နှာကိုရှုံ့မဲ့၍သူ့နောက်စေ့ကိုလည်းကိုင်ထားတာမို့ သူမကိုကို့ပေါ်မှကုန်းရုန်းထကာ

''ကိုကို ကိုကိုဘာဖြစ်သွားသေးလဲ''

''ငါ့ခေါင်းနဲ့ငါ့ခါး''

မိုးသား ကိုကို့အားဆွဲထူလိုက်ပြီးကိုကိုခေါင်းကိုကြည့်ကာ

''သွေးတော့မထွက်ဘူး ဘာပဲဖြစ်ဖြစ်ဆေးခန်းသွားကြမလားဟင် အတွင်း​ကြေဖြစ်သွားရင်ဒုက္ခရောက်မယ်''

''မသွားဘူး ဘာမှမဖြစ်ဘူး ငါ့ကိုထူ''

မိုးသားကိုကို့အားဆွဲထူပေးလိုက်ပြီး

''ခါးကရောအရမ်းနာသွားတာလား''

''စကားများမနေပဲငါ့ကိုအခန်းထဲတွဲခေါ်သွား''

''အင်းအင်း''

မိုးသားမှာခုနကစိတ်တိုနေတာတွေကဘယ်ရောက်မှန်းမသိပဲကိုကို့ကိုသာစိုးရိမ်မိတော့သည်။

သူတို့အခန်းထဲရောက်တော့တိမ်ယံကအိပ်ရာပေါ်လှဲချလိုက်ပြီး

''ဆေးသွားယူ ငါ့ကိုဆေးလာလိမ်းပေး''

''ဟမ်''

''ဘယ်နှစ်ခါပြောရမှာလဲပြော''

ကိုကို့ဆီကခုလိုစကားကြားရတော့သူမ အံ့သြမိတာပေါ့လေ။

''အင်း ခုသွားယူလိုက်မယ်''

သူမအခန်းထဲကထွက်သွားပြီးသိပ်မကြာခင်မှာပဲဆေး​ဗူးလေးကိုင်ကာသူ့အခန်းထဲပြန်ရောက်လာလေ၏။

''ရပြီကိုကို ဘယ်နားနာတာလဲ''

သူပက်လက်အနေအထားမှမှောက်ခုံပြောင်းအိပ်လိုက်ပြီးသူ့အင်္ကျီကိုလှန်ပေးကာ

''ဒီနား''

သူမကုတင်ပေါ်မှာဝင်ထိုင်လိုက်ပြီးဆေးဗူးလေးကိုဖွင့်ကာကိုကိုပြတဲ့နေရာအားဆေးလိမ်းပေးလိုက်၏။

''အာ့! အသာလုပ်ဟ နာတယ်''

''ဥုံဖွ ဥုံဖွ မိုးသားဖြေးဖြေးပဲလိမ်းပေးမယ်နော်''

ဆေးအလိမ်းခံနေရင်းမှကိုကိုက

''မင်းရော ဘယ်နားနာသွားသေးလဲ''

''ဟင့်အင်း မိုးသားဘာမှမ​ဖြစ်ပါဘူး''

''အင်း''

သူမစိတ်ထဲမှာတော့ကိုကိုခေါင်းထိပြီးများရူးသွားသလားဟု...။

💙💙

ကိုကိုကခါးနာတာသိပ်မပျောက်သေး၍ဆိုင်ကိုမသွားတာကြောင့်သူမလည်းအလုပ်သွားဖို့အခက်တွေ့နေပြီပင်။

သူမမျက်နှာပူစွာနဲ့ပဲမနွေဦးကိုဖုန်းလှမ်းဆက်ကာခွင့်တိုင်လိုက်၏။

''မမ မိုးသားလေ ဒီနေ့တစ်ရက်ခွင့်ယူလို့ရမလားဟင်''

မနေ့ကမှအလုပ်ဝင်တာကိုဒီနေ့ခွင့်ယူတယ်ဆိုတော့အလုပ်ရှင်အဖို့စိတ်တိုချင်စရာပေမယ့်မနွေဦးက

''ရတယ်မိုးသား ဘာမှမဖြစ်ဘူးနော် ညီမလေးအဆင်ပြေမယ့်ရက်မှလာခဲ့''

''ရှင်..ဟို မမမိုးသားကိုစိတ်မဆိုးဘူးလားဟင်''

''စိတ်ဆိုးစရာဘာရှိလို့လဲကွယ် ဘာမှမဖြစ်ပါဘူး မနက်ဖြန်လည်းလာလို့မရသေးရင်ပြောနော်မိုးသား''

''ဟုတ်မမ ဟုတ်ဟုတ်''

''အေးအေး အဲဒါဆိုဒါပဲနော်''

''ဟုတ်''

သူမဖုန်းချပြီးတာနဲ့လေပူတစ်ချက်မှုတ်ထုတ်ကာဝရန်တာမှထွက်လာခဲ့လိုက်၏။
ကိုကို့အတွက်မနက်စာပြင်ပေးရဦးမည်လေ။

တစ်ချိန်လုံးသူမလက်နဲ့ထိထားတာဆိုမစားချင်ဘူးဆိုပြီးကြွေးကြော်ထားတဲ့သူကအခုသူမအားမုန့်ဟင်းခါးချက်ကျွေးပါဆို၍မိုးသားမှာမနက်အစောကြီးထပြီးလိုအပ်တာတွေကိုဈေးမှာသွားဝယ်ရသေးသည်။

ကိုကို့စိတ်ကသူမလိုက်မမီအောင်ကိုနားလည်ရခက်၏။

______________

သူမအားလုံးချက်ပြုတ်ပြီးတာနဲ့ကိုကို့အတွက်မုန့်ဟင်းခါးထည့်ယူကာအိမ်ပေါ်သို့တက်လာခဲ့လိုက်သည်။

''ကိုကို မနက်စာစားလို့ရပြီ''

သူမလက်ထဲကမုန့်ဟင်းခါးပန်းကန်အားစားပွဲပေါ်တင်ရင်းပြောလိုက်တော့ကိုကိုကအိပ်ရာမှထကာကျောအောက်မှာခေါင်းအုံးခုကာမှီထိုင်ပြီး

''ငါကဒီအတိုင်းစားရမှာလား''

''ဒီတိုင်းမစားလို့ဘယ်လိုစားချင်လို့လဲ''

''ငါဇွန်းမကိုင်နိုင်ဘူး''

''ဟမ်...ကိုကိုနာတာခါးလေ ဒါပေမယ့်ဘာလို့...''

သူမစကားမဆုံးခင်သူကရှေ့ကပိတ်ကာ

''စကားမပေါနဲ့''

ပြောပြီးသူမုန့်ဟင်းခါးပန်းကန်ကိုမေးဆတ်ပြလိုက်တော့မိုးသားကကုတင်မှာဝင်ထိုင်၍ပန်းကန်ကိုလှမ်းယူကာမျက်နှာလေးအနည်းငယ်စူပုပ်၍

''ပါးစပ်ဟ''

သူပါးစပ်ဟပေးလိုက်တော့မိုးသားကခွံ့ကျွေးမလို့လုပ်တုန်းခြံရှေ့မှကားဟွန်းတီးသံကိုကြားလိုက်ရ၍မိုးသားကတစ်ခုခုကိုသတိရသွားဟန်နဲ့လက်ထဲကပန်းကန်ကိုချကာအခန်းထဲမှအပြေးတစ်ပိုင်းထွက်သွားတော့သည်။

''မိုးသားချို''

သူလှမ်းခေါ်တာပိုပင်ဂရုမစိုက်သောသူမကြောင့်တိမ်ယံစိတ်တိုသွားရကာအခန်းထဲကထွက်ခဲ့ပြီးဝရန်တာကိုထွက်လာခဲ့လိုက်​တော့ခြံရှေ့မှသတိုးရာဇာကိုတွေ့လိုက်ရ၍သူ့ဒေါသကနှစ်ဆထိုးတက်သွားရ၏။

သူကြည့်နေတုန်းမိုးသားကအိမ်ကထဲပြေးထွက်လာပြီးခြံတံခါးကိုဖွင့်ကာအပြင်ထွက်သွားလေသည်။

မိုးသား သတိုးကိုအကျိုးအကြောင်းဖုန်းဆက်ပြောဖို့တစ်ကယ်ကြီးမေ့သွားခဲ့တာ။မမနွေဦးလည်းသူ့ကိုလှမ်းမပြောဘူးထင်သည်။

''သတိုး ဆောရီးပါဟာ ငါဒီနေ့ဆိုင်မသွားတော့ဘူး မမနွေဦးကိုပြောထားပြီးပြီ နင့်ကိုပြောဖို့တစ်ကယ်မေ့သွားတာ''

''ဘာလို့လဲ နင်နေမကောင်းလို့လား''

''မဟုတ်ဘူး အိမ်မှာကိုကိုရှိနေလို့ မနေ့ကသူလှေကားပေါ်ကပြုတ်ကျလို့ခါးထိသွားတယ်လေ''

''အောက်ပိုင်းတွေဘာတွေသေမသွားဘူးလား ခါးရောကျိုးမသွားဘူးလား''

''ငါရောတူတူပြုတ်ကျတာ''

''ဟင် နင်ရောလား နင်ဘာဖြစ်သွားသေးလဲ ဘယ်နားထိသွားသေးလဲ နင်ဘာလို့ငါ့ကိုဖုန်းမဆက်တာလဲဟ တစ်ခုခုဆိုငါ့ကိုချက်ချင်းပြောပါဆို နင်ဆေးခန်းလည်းမပြရသေးဘူးလား ငါနင့်ကိုအခုချက်ချင်းဆေးခန်းပို့ပေးမယ်လာ''

ပြောရင်းသတိုးကသူမလက်ကိုလာဆွဲ၍မိုးသားမှာသူ့အားပြန်ဆွဲကာ

''ငါဘာမှမဖြစ်လို့နင့်ရှေ့မှာရှိနေတာပေါ့''

ထိုအခါမှသတိုးကသက်ပြင်းချကာရင်ဘတ်ကိုဖိ၍

''တော်ပါသေးရဲ့ ငါကနင့်တစ်ခုခုဖြစ်မှာပဲစိုးရိမ်နေရတာ ဒါဆိုမနက်ဖြန်ကရော''

''မမနွေဦးကတော့မနက်ဖြန်နားချင်လည်းရတယ်တဲ့ ငါအခြေအနေထူးရင်နင့်ကိုဖုန်းဆက်လိုက်မယ်''

''အင်းပါ ဂရုစိုက်ဦး ငါ့ကိုလည်းဖုန်းဆက်ဦး''

''အင်း တာ့တာ''

သတိုးပြန်သွားမှမိုးသားလည်းခြံတံခါးပြန်ပိတ်ကာအိမ်ထဲပြန်ဝင်ခဲ့လိုက်သည်။
သူမအိမ်ထဲဝင်သွားတာမြင်တော့တိမ်ယံလည်းအခန်းထဲပြန်ဝင်ခဲ့လိုက်၏။

မိုးသားကိုကို့အခန်းထဲပြန်ရောက်တော့ ကိုကိုကကုတင်မှာ​ခြေချထိုင်နေရင်းမှသူမအားစူးစူးဝါးဝါးကြည့်ကာ

''တော်တော်တရားလွန်နေပြီနော်''

''ကိုကိုဘာကိုပြောတာလဲ''

ကိုကိုကထိုင်ရာမှထလာပြီးသူမလက်မောင်းနှစ်ဖက်ကိုခပ်ကြမ်းကြမ်းဆုပ်ကိုင်ကာ

''မင်းအကောင်ကမိုးမလင်းသေးဘူးအိမ်ရှေ့ရောက်နေပြီ မင်းနဲ့သူကဘာလဲ ငါ့ကိုခုပြော!''

''ကိုကိုထင်ချင်သလိုထင်ပေါ့ မိုးသားကဘာမှရှင်းပြနေမှာမဟုတ်ဘူး မိုးသားဘာမဟုတ်တာမှလုပ်မထားတဲ့အတွက်လိပ်ပြာလုံတယ်''

''မိုးသားချို! မင်းငါ့ဒေါသကိုလာမဆွနဲ့နော်''

မိုးသားကသူ့လက်တွေကိုပုတ်ထုတ်ပစ်ပြီးမှ

''ကိုကို့စိတ်နဲ့နှိုင်းရင်တော့မဟုတ်တာလုပ်နေတယ်ပဲထင်မှာပေါ့''

''ဘာ! မင်းဘာစကားပြောတာလဲ''

''အဲဒါတော့ကိုကိုအသိဆုံးဖြစ်မှာပေါ့ ကိုကိုပဲမိုးသားကိုမုန်းတယ်​ဆို ဒါဆိုဘာလို့မိုးသားနဲ့ပတ်သက်ပြီးလိုက်စိတ်ဝင်စားနေတာလဲ''

''ငါမင်းကိုမုန်းတယ်ဆိုတာ မင်းအခုလိုယောကျ်ားတကာနဲ့ပလူးပလဲလုပ်ဖို့ခွင့်ပြုတယ်လို့မဆိုလိုဘူးမိုးသားချို''

''ကိုကိုမိုးသားကိုလာပြီးမစော်ကားနဲ့ မိုးသားဘယ်မှာဘယ်သူပလူးပလဲလုပ်နေလို့လဲ''

''ငါမြင်တာကိုဘယ်နှစ်ခါရှိနေပြီလဲမိုးသားချို မင်းပြော''

ဒီလောက်ထိန်းထားတဲ့ကြားကမျက်ရည်တွေကမုန်းစရာကောင်းလောက်အောင်အလိုက်မသိစွာဖြင့်ပါးပြင်ပေါ်လိမ့်ဆင်းကျလာလေသည်။

''ကိုကိုကကြာလေမုန်းဖို့ကောင်းလေပဲ မိုးသားကြာတော့ကိုကို့ကိုမုန်းချင်လာပြီ''

သူမဆီကထိုစကားကသူ့နှလုံးသားအားဆွဲကိုင်လှုပ်ရမ်းလိုက်သလိုနာကျင်သွားစေတာဘာ​​ကြောင့်များလဲ။

မိုးသားမျက်ရည်တွေကိုလက်ဖမိုးနဲ့ဖိသုတ်ပြီးအခန်းထဲကထွက်သွားဖို့လုပ်တုန်းကိုကိုကသူမအားခါးကနေဆွဲဖက်ပြီးကုတင်ပေါ်ပစ်ကာသူမပေါ်ကအုပ်မိုး၍ပုခုံးတွေကိုဖိထားပြီး

''မင်းကငါ့ကိုမုန်းတယ်ပေါ့လေ''

''ကိုကိုဖယ်နော်''

''ငါမေးတာဖြေ မင်းကငါ့ကိုမုန်းတယ်ပေါ့ဟုတ်လား''

''ဟုတ်တယ် မုန်းတယ် မုန်းတာမှလေအသံလည်းမကြားချင်မျက်နှာလည်းမမြင်ချင်တဲ့ထိမုန်းတာ ကုန်ကုန်ပြောရရင်ခုလိုအသားချင်းထိမနေချင်တဲ့ထိမုန်းတာ အွန့်''

ရုတ်တရက် ကိုကိုလုပ်လိုက်တဲ့အပြုအမူကြောင့်မိုးသားခဏတော့ကြောင်သွားလေ၏။
သတိပြန်ဝင်လာသည့်နှင့်သူ့အားတွန်းဖယ်ပေမယ့်အားချင်းမျှ၍အရာမဝင်ခဲ့ပါ။

မိုးသားသတိထားမိတာတစ်ခုကကိုကို့အနမ်းတွေကအရမ်းနူးညံ့နေခဲ့တယ်ဆိုတာပင်။
တစ်ကယ်ကိုနူးညံ့ညင်သာစွာဖြင့်သူမအားကြင်ကြင်နာနာနမ်းနေခဲ့တာ။

သူမလည်းကို​ကို့အနမ်းတွေအားငြိမ်သက်စွာခံယူနေမိ၏။
ထို့နောက်သူမလည်တိုင်လေးခပ်နွေးနွေးဖြစ်သွားချိန်မှာကိုကိုဘယ်ကိုဦးတည်နေလဲဆိုတာသိလိုက်ရပြီးတစ်ဆက်တည်းဆိုသလိုစကားသံတစ်ချို့ကသူမနားထဲပြန်ကြားယောင်လာရတော့သည်။

''ငါတို့ဖြစ်ခဲ့တဲ့ကိစ္စကိုမရှိခဲ့ဘူးပဲမှတ်လိုက်''

''ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းဘက်ကလည်းဘာမှမျှော်လင့်မနေနဲ့ မင်းဆေးလည်းကြိုသောက်ထား မလိုလားအပ်တဲ့ပြဿနာတွေငါ့ဆီသယ်မလာနဲ့''

''ဟင့်အင်း...မလုပ်နဲ့''

မိုးသားနှုတ်ကလည်းပြောရင်းကိုကိုဆီမှအတင်းရုန်းထွက်ကာသူ့ရင်ဘတ်အားဆောင့်တွန်းပစ်ပြီးအခန်းထဲက​ပြေးထွက်လာခဲ့လိုက်တော့သည်။

''မိုးသား...မိုးသား''

တိမ်ယံသူမနောက်ကလိုက်မသွားမိပါ။

သူမရဲ့ပထမဆုံးအကြိမ်မှာနင့်နင့်သီးသီးအပြောခံခဲ့ရတာကြောင့်သူမကအခုလက်မခံနိုင်တော့တာဖြစ်မည်။

သူဘာလို့ခုလိုမျိုးသူမရဲ့ခံစားချက်ကိုထည့်တွေးပေးနေမိတာလဲဆိုတာကိုယ့်ကိုယ်ကိုပြန်မေးကြည့်တော့လည်းအဖြေကထွက်မလာ။

''ဟူးးးး''

သူလေပူတွေကိုမှုတ်ထုတ်ပြီးအိပ်ရာပေါ်လှဲချကာမျက်လုံးတွေကိုမှိတ်လိုက်တော့ပထမဆုံးအကြိမ်အဖြစ်မျက်ရည်တွေပြည့်နေသောမိုးသားမျက်လုံးတွေကသူ့အာရုံထဲပေါ်လာလေ၏။

သူမျက်လုံးကိုပြန်ဖွင့်လိုက်တာတောင်ထိုပုံရိပ်တွေကပျောက်မသွားပေ။

တစ်ဖက်မှာလည်းမိုးသားတစ်​ယောက်သူမနှုတ်ခမ်းတွေအားလက်ဖမိုးနဲ့ဖိပွတ်ပြီးသူနမ်းလိုက်သောလည်ပင်း​ကိုလည်းလက်နဲ့ကုတ်ဖဲ့နေမိသည်။

မျက်ရည်တွေကလည်းအခုထိမတိတ်နိုင်။

မိုးသားခုလိုအမြဲမျက်ရည်တွေနဲ့ဖြတ်သန်းနေရတဲ့ဘဝကြီးကိုတစ်ကယ်စိတ်ကုန်နေပါပြီ။

သူမနောက်ကိုဘယ်သူမှလိုက်မမီနိုင်တဲ့နေရာကိုတစ်ကယ်ပဲထွက်ပြေးသွားချင်နေပါပြီ။

💙💙

Zawgyi

တိမ္ယံအိမ္ျပန္ေရာက္ခ်ိန္မွာမိုးသားနဲ႔သတိုးရာဇာတို႔ကၿခံေရွ႕မွာရယ္ေမာၿပဳံး႐ႊင္ကာစကားေျပာေနတာအားသူခပ္လွမ္းလွမ္းကေနကားကိုရပ္ကာလွမ္းၾကည့္ေနလိုက္သည္။

သူၾကည့္ေနတုန္းသတိုးရာဇာကမိုးသားေခါင္းကိုကိုင္ကာဆံပင္ေတြကိုဖြလိုက္တာေၾကာင့္တိမ္ယံ့စိတ္ထဲဘာကိုအလိုမက်မွန္းမသိ။

သူ႔ကားကိုေတာင္မျမင္ရေလာက္တဲ့ထိမႊန္ေနၾကတာပဲ။

''ငါသြားေတာ့မယ္ မနက္ျဖန္က်ရင္လည္းအရန္သင့္လုပ္ထား ငါလာေခၚမယ္''

''အင္းပါ ဘိုင့္ဘိုင္''

မိုးသားလည္းသတိုးကိုႏႈတ္ဆက္ၿပီးၿခံထဲဝင္ခဲ့လိုက္၏။
​ၿပီးေတာ့သူမကိုကို႔ကားကိုျမင္ပါတယ္။တမင္မျမင္ခ်င္ေယာင္ေဆာင္လိုက္တာ။

သူမအိမ္ထဲေရာက္ေတာ့မီးဖိုခန္းထဲဝင္ခဲ့ၿပီးေရခဲေသတၱာထဲကေရ​ဗူးအားယူကာေရေသာက္ေနတုန္း ေနာက္ပါးဆီမွ

''မင္းဘယ္ကျပန္လာတာလဲ''

သူမကေရကိုသာဆက္ေသာက္ေနၿပီးသူ႔အားဂ႐ုမစိုက္တာေၾကာင့္တိမ္ယံစိတ္မရွည္စြာနဲ႔သူမလက္ထဲကေရ​ဗူးကိုဆြဲယူလိုက္ရာေရေတြကသူမကိုယ္ေပၚဖိတ္က်ကုန္ၿပီးေရပါသီးသြားရေလသည္။

''အဟြတ္ ဟြတ္''

''မိုးသား''

တိမ္ယံသူ႔ကိုယ္သူပင္မသိလိုက္ပဲသူမပုခုံးအားကိုင္ကာစိုးရိမ္တႀကီးေခၚလိုက္မိ၏။

မိုးသားကသူ႔လက္ထဲကိုဖယ္ခ်ပစ္ၿပီးသူ႔ကိုပါတြန္းလႊတ္ကာ

''သြား လာမထိနဲ႔''

''မိုးသားခ်ိဳ''

''ဘာလဲ မိုးသားကိစၥေတြကိုဘယ္တုန္းကစိတ္ဝင္စားသြားတာလဲ''

''ေမးခ်င္လြန္းလို႔ေမးေနတာမဟုတ္ဘူး ငါတို႔ကပတ္ဝန္းက်င္နဲ႔ေနတာ မင္းအဲလိုသူစိမ္းေယာက်္ားနဲ႔အၿမဲသြားလာေန ၾကာလာရင္ပတ္ဝန္းက်င္မွာေျပာစရာ​ျဖစ္မယ္ မင္းနားလည္လား''

''ဂ႐ုမစိုက္ဘူး အေျပာခံရမွာမိုးသားေလ ကိုကိုမွမဟုတ္တာ အဲလိုျဖစ္ခဲ့ရင္တစ္ေလာကလုံးမွာကိုကိုကအေပ်ာ္ဆုံးျဖစ္ေနမွာပဲမဟုတ္ဘူးလား ၿပီးေတာ့သတိုးကသူစိမ္းမဟုတ္ဘူး သူနဲ႔မိုးသားရဲ႕ဆက္ဆံေရးကကိုကို႔ထက္ေတာင္ပိုၿပီးရင္းႏွီးေလးနက္ေသးတယ္''

''ဘာကြ!''

မိုးသားကသူ႔ကိုစိတ္တိုခြင့္ပင္မေပးေတာ့ပဲသူ႔ေရွ႕ကထြက္သြားတာေၾကာင့္သူမိုးသားေနာက္ကေနလိုက္သြားကာ

''မိုးသားခ်ိဳ မင္းရပ္စမ္း''

''......''

''ငါေခၚေနတာမၾကားဘူးလား''

''......''

''မိုးသားခ်ိဳ!''

တိမ္ယံသူမကိုအမီလိုက္ၿပီးသူမေရွ႕ေက်ာ္တက္ကာ

''မင္းနားေလး​ေနလား''

မိုးသားသူမေရွ႕ပိတ္ရပ္ေနေသာကိုကို႔အားမေက်မနပ္ၾကည့္ကာ

''ဖယ္ေနာ္''

''ေအာင္မာ ေလသံကိုက မင္းကဘာလဲ အားကိုးရွိလို႔ငါ့ကိုခုလိုကလန္ကဆန္ျပန္လုပ္ေနတာလား''

''ဘာေတြလာေျပာေနတာလဲ ဖယ္စမ္းပါ''

မိုးသားကိုကို႔အားတြန္းဖယ္လိုက္ေပမယ့္ကိုကိုကေနရာကေနေ႐ြ႕မသြားပဲႏွစ္ေယာက္သားေလွကားထိပ္မွာပဲတစ္ေနၾကေလ၏။

''မင္းကိုငါၾကည့္ေနတာၾကာၿပီေနာ္မိုးသားခ်ိဳ မင္းတစ္ေန႔တစ္ျခားအခ်ိဳးေတြေျပာင္းေျပာင္းလာတာ''

''အဲဒါကိုကိုလုပ္တာပဲေလ မိုးသားခုလိုျဖစ္သြားရတာကိုကို႔ေၾကာင့္ပဲ ကိုကိုၿမဲၿမဲမွတ္ထားလိုက္ ခုေရွ႕ကဖယ္''

တိမ္ယံသူ႔ရင္ဘတ္ကိုလာတြန္းတဲ့မိုးသားလက္အားဆြဲဖယ္ၿပီးပုတ္လိုက္ရာမိုးသားရဲ႕ခႏၶာကိုယ္ကပါေနာက္သို႔အနည္းငယ္လန္သြားၿပီး​ေျခေထာက္ကပါေခ်ာ္ထြက္သြားရေလ၏။

''ဟင္...''

''အားးး''

မိုးသားေနာက္ကိုျပဳတ္က်ၿပီလို႔ထင္သြားေပမယ့္ကိုကိုကသူမလက္ေကာက္ဝတ္အားဆြဲထားၿပီးသူမကိုယ္ေလးအားဆြဲဖက္လိုက္ေလသည္။

ထိုသို႔လုပ္လိုက္မွအေျခအေနကပိုဆိုးသြားရကာႏွစ္ေယာက္သားဖက္လ်က္ျဖင့္ေလွကားေပၚမွဒလိမ့္ေကာက္ေကြးျပဳတ္က်ေတာ့သည္။

မိုးသားခႏၶာကိုယ္ကသူ႔တစ္ေပြ႕စာပဲရွိတာမို႔သူမိုးသားသားခပ္တင္းတင္းဖက္ကာသူမေခါင္းကိုပါထိခိုက္မသြား​ေအာင္သူ႔လက္နဲ႔ကာထားေပးလိုက္ေပမယ့္လည္းသူကိုယ္တိုင္ကေတာ့အေတာ္ေလးအီသြားရေလ၏။

''ဒုတ္''

''အ့!''

ေလွကားေအာက္ေျခကိုေရာက္သြားေတာ့သူကမိုးသားေအာက္ေရာက္သြား၍ေခါင္းနဲ႔ၾကမ္းျပင္ကသြားေဆာင့္သည္။

မိုးသားလည္းမ်က္လုံးစုံမွိတ္ထားရာမွကျပာကယာဖြင့္ၾကည့္ေတာ့ကိုကိုကသူမေအာက္မွာေရာက္ေနၿပီးမ်က္ႏွာကိုရႈံ႕မဲ့၍သူ႔ေနာက္ေစ့ကိုလည္းကိုင္ထားတာမို႔ သူမကိုကို႔ေပၚမွကုန္း႐ုန္းထကာ

''ကိုကို ကိုကိုဘာျဖစ္သြားေသးလဲ''

''ငါ့ေခါင္းနဲ႔ငါ့ခါး''

မိုးသား ကိုကို႔အားဆြဲထူလိုက္ၿပီးကိုကိုေခါင္းကိုၾကည့္ကာ

''ေသြးေတာ့မထြက္ဘူး ဘာပဲျဖစ္ျဖစ္ေဆးခန္းသြားၾကမလားဟင္ အတြင္း​ေၾကျဖစ္သြားရင္ဒုကၡေရာက္မယ္''

''မသြားဘူး ဘာမွမျဖစ္ဘူး ငါ့ကိုထူ''

မိုးသားကိုကို႔အားဆြဲထူေပးလိုက္ၿပီး

''ခါးကေရာအရမ္းနာသြားတာလား''

''စကားမ်ားမေနပဲငါ့ကိုအခန္းထဲတြဲေခၚသြား''

''အင္းအင္း''

မိုးသားမွာခုနကစိတ္တိုေနတာေတြကဘယ္ေရာက္မွန္းမသိပဲကိုကို႔ကိုသာစိုးရိမ္မိေတာ့သည္။

သူတို႔အခန္းထဲေရာက္ေတာ့တိမ္ယံကအိပ္ရာေပၚလွဲခ်လိုက္ၿပီး

''ေဆးသြားယူ ငါ့ကိုေဆးလာလိမ္းေပး''

''ဟမ္''

''ဘယ္ႏွစ္ခါေျပာရမွာလဲေျပာ''

ကိုကို႔ဆီကခုလိုစကားၾကားရေတာ့သူမ အံ့ၾသမိတာေပါ့ေလ။

''အင္း ခုသြားယူလိုက္မယ္''

သူမအခန္းထဲကထြက္သြားၿပီးသိပ္မၾကာခင္မွာပဲေဆး​ဗူးေလးကိုင္ကာသူ႔အခန္းထဲျပန္ေရာက္လာေလ၏။

''ရၿပီကိုကို ဘယ္နားနာတာလဲ''

သူပက္လက္အေနအထားမွေမွာက္ခုံေျပာင္းအိပ္လိုက္ၿပီးသူ႔အက်ႌကိုလွန္ေပးကာ

''ဒီနား''

သူမကုတင္ေပၚမွာဝင္ထိုင္လိုက္ၿပီးေဆးဗူးေလးကိုဖြင့္ကာကိုကိုျပတဲ့ေနရာအားေဆးလိမ္းေပးလိုက္၏။

''အာ့! အသာလုပ္ဟ နာတယ္''

''ဥဳံဖြ ဥဳံဖြ မိုးသားေျဖးေျဖးပဲလိမ္းေပးမယ္ေနာ္''

ေဆးအလိမ္းခံေနရင္းမွကိုကိုက

''မင္းေရာ ဘယ္နားနာသြားေသးလဲ''

''ဟင့္အင္း မိုးသားဘာမွမ​ျဖစ္ပါဘူး''

''အင္း''

သူမစိတ္ထဲမွာေတာ့ကိုကိုေခါင္းထိၿပီးမ်ား႐ူးသြားသလားဟု...။

💙💙

ကိုကိုကခါးနာတာသိပ္မေပ်ာက္ေသး၍ဆိုင္ကိုမသြားတာေၾကာင့္သူမလည္းအလုပ္သြားဖို႔အခက္ေတြ႕ေနၿပီပင္။

သူမမ်က္ႏွာပူစြာနဲ႔ပဲမေႏြဦးကိုဖုန္းလွမ္းဆက္ကာခြင့္တိုင္လိုက္၏။

''မမ မိုးသားေလ ဒီေန႔တစ္ရက္ခြင့္ယူလို႔ရမလားဟင္''

မေန႔ကမွအလုပ္ဝင္တာကိုဒီေန႔ခြင့္ယူတယ္ဆိုေတာ့အလုပ္ရွင္အဖို႔စိတ္တိုခ်င္စရာေပမယ့္မေႏြဦးက

''ရတယ္မိုးသား ဘာမွမျဖစ္ဘူးေနာ္ ညီမေလးအဆင္ေျပမယ့္ရက္မွလာခဲ့''

''ရွင္..ဟို မမမိုးသားကိုစိတ္မဆိုးဘူးလားဟင္''

''စိတ္ဆိုးစရာဘာရွိလို႔လဲကြယ္ ဘာမွမျဖစ္ပါဘူး မနက္ျဖန္လည္းလာလို႔မရေသးရင္ေျပာေနာ္မိုးသား''

''ဟုတ္မမ ဟုတ္ဟုတ္''

''ေအးေအး အဲဒါဆိုဒါပဲေနာ္''

''ဟုတ္''

သူမဖုန္းခ်ၿပီးတာနဲ႔ေလပူတစ္ခ်က္မႈတ္ထုတ္ကာဝရန္တာမွထြက္လာခဲ့လိုက္၏။
ကိုကို႔အတြက္မနက္စာျပင္ေပးရဦးမည္ေလ။

တစ္ခ်ိန္လုံးသူမလက္နဲ႔ထိထားတာဆိုမစားခ်င္ဘူးဆိုၿပီးေႂကြးေၾကာ္ထားတဲ့သူကအခုသူမအားမုန္႔ဟင္းခါးခ်က္ေကြၽးပါဆို၍မိုးသားမွာမနက္အေစာႀကီးထၿပီးလိုအပ္တာေတြကိုေဈးမွာသြားဝယ္ရေသးသည္။

ကိုကို႔စိတ္ကသူမလိုက္မမီေအာင္ကိုနားလည္ရခက္၏။

______________

သူမအားလုံးခ်က္ျပဳတ္ၿပီးတာနဲ႔ကိုကို႔အတြက္မုန္႔ဟင္းခါးထည့္ယူကာအိမ္ေပၚသို႔တက္လာခဲ့လိုက္သည္။

''ကိုကို မနက္စာစားလို႔ရၿပီ''

သူမလက္ထဲကမုန္႔ဟင္းခါးပန္းကန္အားစားပြဲေပၚတင္ရင္းေျပာလိုက္ေတာ့ကိုကိုကအိပ္ရာမွထကာေက်ာေအာက္မွာေခါင္းအုံးခုကာမွီထိုင္ၿပီး

''ငါကဒီအတိုင္းစားရမွာလား''

''ဒီတိုင္းမစားလို႔ဘယ္လိုစားခ်င္လို႔လဲ''

''ငါဇြန္းမကိုင္ႏိုင္ဘူး''

''ဟမ္...ကိုကိုနာတာခါးေလ ဒါေပမယ့္ဘာလို႔...''

သူမစကားမဆုံးခင္သူကေရွ႕ကပိတ္ကာ

''စကားမေပါနဲ႔''

ေျပာၿပီးသူမုန္႔ဟင္းခါးပန္းကန္ကိုေမးဆတ္ျပလိုက္ေတာ့မိုးသားကကုတင္မွာဝင္ထိုင္၍ပန္းကန္ကိုလွမ္းယူကာမ်က္ႏွာေလးအနည္းငယ္စူပုပ္၍

''ပါးစပ္ဟ''

သူပါးစပ္ဟေပးလိုက္ေတာ့မိုးသားကခြံ႕ေကြၽးမလို႔လုပ္တုန္းၿခံေရွ႕မွကားဟြန္းတီးသံကိုၾကားလိုက္ရ၍မိုးသားကတစ္ခုခုကိုသတိရသြားဟန္နဲ႔လက္ထဲကပန္းကန္ကိုခ်ကာအခန္းထဲမွအေျပးတစ္ပိုင္းထြက္သြားေတာ့သည္။

''မိုးသားခ်ိဳ''

သူလွမ္းေခၚတာပိုပင္ဂ႐ုမစိုက္ေသာသူမေၾကာင့္တိမ္ယံစိတ္တိုသြားရကာအခန္းထဲကထြက္ခဲ့ၿပီးဝရန္တာကိုထြက္လာခဲ့လိုက္​ေတာ့ၿခံေရွ႕မွသတိုးရာဇာကိုေတြ႕လိုက္ရ၍သူ႔ေဒါသကႏွစ္ဆထိုးတက္သြားရ၏။

သူၾကည့္ေနတုန္းမိုးသားကအိမ္ကထဲေျပးထြက္လာၿပီးၿခံတံခါးကိုဖြင့္ကာအျပင္ထြက္သြားေလသည္။

မိုးသား သတိုးကိုအက်ိဳးအေၾကာင္းဖုန္းဆက္ေျပာဖို႔တစ္ကယ္ႀကီးေမ့သြားခဲ့တာ။မမေႏြဦးလည္းသူ႔ကိုလွမ္းမေျပာဘူးထင္သည္။

''သတိုး ေဆာရီးပါဟာ ငါဒီေန႔ဆိုင္မသြားေတာ့ဘူး မမေႏြဦးကိုေျပာထားၿပီးၿပီ နင့္ကိုေျပာဖို႔တစ္ကယ္ေမ့သြားတာ''

''ဘာလို႔လဲ နင္ေနမေကာင္းလို႔လား''

''မဟုတ္ဘူး အိမ္မွာကိုကိုရွိေနလို႔ မေန႔ကသူေလွကားေပၚကျပဳတ္က်လို႔ခါးထိသြားတယ္ေလ''

''ေအာက္ပိုင္းေတြဘာေတြေသမသြားဘူးလား ခါးေရာက်ိဳးမသြားဘူးလား''

''ငါေရာတူတူျပဳတ္က်တာ''

''ဟင္ နင္ေရာလား နင္ဘာျဖစ္သြားေသးလဲ ဘယ္နားထိသြားေသးလဲ နင္ဘာလို႔ငါ့ကိုဖုန္းမဆက္တာလဲဟ တစ္ခုခုဆိုငါ့ကိုခ်က္ခ်င္းေျပာပါဆို နင္ေဆးခန္းလည္းမျပရေသးဘူးလား ငါနင့္ကိုအခုခ်က္ခ်င္းေဆးခန္းပို႔ေပးမယ္လာ''

ေျပာရင္းသတိုးကသူမလက္ကိုလာဆြဲ၍မိုးသားမွာသူ႔အားျပန္ဆြဲကာ

''ငါဘာမွမျဖစ္လို႔နင့္ေရွ႕မွာရွိေနတာေပါ့''

ထိုအခါမွသတိုးကသက္ျပင္းခ်ကာရင္ဘတ္ကိုဖိ၍

''ေတာ္ပါေသးရဲ႕ ငါကနင့္တစ္ခုခုျဖစ္မွာပဲစိုးရိမ္ေနရတာ ဒါဆိုမနက္ျဖန္ကေရာ''

''မမေႏြဦးကေတာ့မနက္ျဖန္နားခ်င္လည္းရတယ္တဲ့ ငါအေျခအေနထူးရင္နင့္ကိုဖုန္းဆက္လိုက္မယ္''

''အင္းပါ ဂ႐ုစိုက္ဦး ငါ့ကိုလည္းဖုန္းဆက္ဦး''

''အင္း တာ့တာ''

သတိုးျပန္သြားမွမိုးသားလည္းၿခံတံခါးျပန္ပိတ္ကာအိမ္ထဲျပန္ဝင္ခဲ့လိုက္သည္။
သူမအိမ္ထဲဝင္သြားတာျမင္ေတာ့တိမ္ယံလည္းအခန္းထဲျပန္ဝင္ခဲ့လိုက္၏။

မိုးသားကိုကို႔အခန္းထဲျပန္ေရာက္ေတာ့ ကိုကိုကကုတင္မွာ​ေျခခ်ထိုင္ေနရင္းမွသူမအားစူးစူးဝါးဝါးၾကည့္ကာ

''ေတာ္ေတာ္တရားလြန္ေနၿပီေနာ္''

''ကိုကိုဘာကိုေျပာတာလဲ''

ကိုကိုကထိုင္ရာမွထလာၿပီးသူမလက္ေမာင္းႏွစ္ဖက္ကိုခပ္ၾကမ္းၾကမ္းဆုပ္ကိုင္ကာ

''မင္းအေကာင္ကမိုးမလင္းေသးဘူးအိမ္ေရွ႕ေရာက္ေနၿပီ မင္းနဲ႔သူကဘာလဲ ငါ့ကိုခုေျပာ!''

''ကိုကိုထင္ခ်င္သလိုထင္ေပါ့ မိုးသားကဘာမွရွင္းျပေနမွာမဟုတ္ဘူး မိုးသားဘာမဟုတ္တာမွလုပ္မထားတဲ့အတြက္လိပ္ျပာလုံတယ္''

''မိုးသားခ်ိဳ! မင္းငါ့ေဒါသကိုလာမဆြနဲ႔ေနာ္''

မိုးသားကသူ႔လက္ေတြကိုပုတ္ထုတ္ပစ္ၿပီးမွ

''ကိုကို႔စိတ္နဲ႔ႏႈိင္းရင္ေတာ့မဟုတ္တာလုပ္ေနတယ္ပဲထင္မွာေပါ့''

''ဘာ! မင္းဘာစကားေျပာတာလဲ''

''အဲဒါေတာ့ကိုကိုအသိဆုံးျဖစ္မွာေပါ့ ကိုကိုပဲမိုးသားကိုမုန္းတယ္​ဆို ဒါဆိုဘာလို႔မိုးသားနဲ႔ပတ္သက္ၿပီးလိုက္စိတ္ဝင္စားေနတာလဲ''

''ငါမင္းကိုမုန္းတယ္ဆိုတာ မင္းအခုလိုေယာက်္ားတကာနဲ႔ပလူးပလဲလုပ္ဖို႔ခြင့္ျပဳတယ္လို႔မဆိုလိုဘူးမိုးသားခ်ိဳ''

''ကိုကိုမိုးသားကိုလာၿပီးမေစာ္ကားနဲ႔ မိုးသားဘယ္မွာဘယ္သူပလူးပလဲလုပ္ေနလို႔လဲ''

''ငါျမင္တာကိုဘယ္ႏွစ္ခါရွိေနၿပီလဲမိုးသားခ်ိဳ မင္းေျပာ''

ဒီေလာက္ထိန္းထားတဲ့ၾကားကမ်က္ရည္ေတြကမုန္းစရာေကာင္းေလာက္ေအာင္အလိုက္မသိစြာျဖင့္ပါးျပင္ေပၚလိမ့္ဆင္းက်လာေလသည္။

''ကိုကိုကၾကာေလမုန္းဖို႔ေကာင္းေလပဲ မိုးသားၾကာေတာ့ကိုကို႔ကိုမုန္းခ်င္လာၿပီ''

သူမဆီကထိုစကားကသူ႔ႏွလုံးသားအားဆြဲကိုင္လႈပ္ရမ္းလိုက္သလိုနာက်င္သြားေစတာဘာ​​ေၾကာင့္မ်ားလဲ။

မိုးသားမ်က္ရည္ေတြကိုလက္ဖမိုးနဲ႔ဖိသုတ္ၿပီးအခန္းထဲကထြက္သြားဖို႔လုပ္တုန္းကိုကိုကသူမအားခါးကေနဆြဲဖက္ၿပီးကုတင္ေပၚပစ္ကာသူမေပၚကအုပ္မိုး၍ပုခုံးေတြကိုဖိထားၿပီး

''မင္းကငါ့ကိုမုန္းတယ္ေပါ့ေလ''

''ကိုကိုဖယ္ေနာ္''

''ငါေမးတာေျဖ မင္းကငါ့ကိုမုန္းတယ္ေပါ့ဟုတ္လား''

''ဟုတ္တယ္ မုန္းတယ္ မုန္းတာမွေလအသံလည္းမၾကားခ်င္မ်က္ႏွာလည္းမျမင္ခ်င္တဲ့ထိမုန္းတာ ကုန္ကုန္ေျပာရရင္ခုလိုအသားခ်င္းထိမေနခ်င္တဲ့ထိမုန္းတာ အြန္႔''

႐ုတ္တရက္ ကိုကိုလုပ္လိုက္တဲ့အျပဳအမူေၾကာင့္မိုးသားခဏေတာ့ေၾကာင္သြားေလ၏။
သတိျပန္ဝင္လာသည့္ႏွင့္သူ႔အားတြန္းဖယ္ေပမယ့္အားခ်င္းမွ်၍အရာမဝင္ခဲ့ပါ။

မိုးသားသတိထားမိတာတစ္ခုကကိုကို႔အနမ္းေတြကအရမ္းႏူးညံ့ေနခဲ့တယ္ဆိုတာပင္။
တစ္ကယ္ကိုႏူးညံ့ညင္သာစြာျဖင့္သူမအားၾကင္ၾကင္နာနာနမ္းေနခဲ့တာ။

သူမလည္းကို​ကို႔အနမ္းေတြအားၿငိမ္သက္စြာခံယူေနမိ၏။
ထို႔ေနာက္သူမလည္တိုင္ေလးခပ္ေႏြးေႏြးျဖစ္သြားခ်ိန္မွာကိုကိုဘယ္ကိုဦးတည္ေနလဲဆိုတာသိလိုက္ရၿပီးတစ္ဆက္တည္းဆိုသလိုစကားသံတစ္ခ်ိဳ႕ကသူမနားထဲျပန္ၾကားေယာင္လာရေတာ့သည္။

''ငါတို႔ျဖစ္ခဲ့တဲ့ကိစၥကိုမရွိခဲ့ဘူးပဲမွတ္လိုက္''

''ဒီကိစၥနဲ႔ပတ္သက္ၿပီးမင္းဘက္ကလည္းဘာမွေမွ်ာ္လင့္မေနနဲ႔ မင္းေဆးလည္းႀကိဳေသာက္ထား မလိုလားအပ္တဲ့ျပႆနာေတြငါ့ဆီသယ္မလာနဲ႔''

''ဟင့္အင္း...မလုပ္နဲ႔''

မိုးသားႏႈတ္ကလည္းေျပာရင္းကိုကိုဆီမွအတင္း႐ုန္းထြက္ကာသူ႔ရင္ဘတ္အားေဆာင့္တြန္းပစ္ၿပီးအခန္းထဲက​ေျပးထြက္လာခဲ့လိုက္ေတာ့သည္။

''မိုးသား...မိုးသား''

တိမ္ယံသူမေနာက္ကလိုက္မသြားမိပါ။

သူမရဲ႕ပထမဆုံးအႀကိမ္မွာနင့္နင့္သီးသီးအေျပာခံခဲ့ရတာေၾကာင့္သူမကအခုလက္မခံႏိုင္ေတာ့တာျဖစ္မည္။

သူဘာလို႔ခုလိုမ်ိဳးသူမရဲ႕ခံစားခ်က္ကိုထည့္ေတြးေပးေနမိတာလဲဆိုတာကိုယ့္ကိုယ္ကိုျပန္ေမးၾကည့္ေတာ့လည္းအေျဖကထြက္မလာ။

''ဟူးးးး''

သူေလပူေတြကိုမႈတ္ထုတ္ၿပီးအိပ္ရာေပၚလွဲခ်ကာမ်က္လုံးေတြကိုမွိတ္လိုက္ေတာ့ပထမဆုံးအႀကိမ္အျဖစ္မ်က္ရည္ေတြျပည့္ေနေသာမိုးသားမ်က္လုံးေတြကသူ႔အာ႐ုံထဲေပၚလာေလ၏။

သူမ်က္လုံးကိုျပန္ဖြင့္လိုက္တာေတာင္ထိုပုံရိပ္ေတြကေပ်ာက္မသြားေပ။

တစ္ဖက္မွာလည္းမိုးသားတစ္​ေယာက္သူမႏႈတ္ခမ္းေတြအားလက္ဖမိုးနဲ႔ဖိပြတ္ၿပီးသူနမ္းလိုက္ေသာလည္ပင္း​ကိုလည္းလက္နဲ႔ကုတ္ဖဲ့ေနမိသည္။

မ်က္ရည္ေတြကလည္းအခုထိမတိတ္ႏိုင္။

မိုးသားခုလိုအၿမဲမ်က္ရည္ေတြနဲ႔ျဖတ္သန္းေနရတဲ့ဘဝႀကီးကိုတစ္ကယ္စိတ္ကုန္ေနပါၿပီ။

သူမေနာက္ကိုဘယ္သူမွလိုက္မမီႏိုင္တဲ့ေနရာကိုတစ္ကယ္ပဲထြက္ေျပးသြားခ်င္ေနပါၿပီ။

💙💙

Continue Reading

You'll Also Like

237K 16.2K 47
This novel featuring Amie and her childhood friend, Mahir. It's a delightful tale of friendship, lost connections, and the power of rekindling old fl...
5.6M 230K 68
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
647K 28.6K 41
ဒီဇတ်လမ်းလေးကတော့ ချမ်းသာတဲ့အလွှာကြားက စုံတွဲတစ်တွဲရဲ့အိမ်ထောင်ရေးပဏိပက္ခတွေအကြောင်းကိုရေးဖွဲ့ထားတာပါ။ မိန်းခလေးတိုင်းရဲ့ အိမ်မက်ကချမ်းသာတဲ့အမျိုးသား...
242K 14.5K 64
𝐓𝐨 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 𝐰𝐡𝐨 𝐭𝐡𝐢𝐧𝐤𝐬 𝐭𝐡𝐞𝐲 𝐚𝐧𝐝 𝐭𝐡𝐞𝐢𝐫 𝐜𝐫𝐮𝐬𝐡 𝐚𝐫𝐞 𝐧𝐨𝐭 𝐦𝐞𝐚𝐧 𝐭𝐨 𝐛𝐞 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫. ...