Unicode
လွန်ခဲ့သောနှစ်ပတ်ခန့်က...
''သမီးငယ် အန်တီသီသီရဲ့စကားကိုနားထောင်ပြီးလိမ်လိမ်မာမာနေခဲ့နော်''
ခရီးဆောင်အိတ်ထဲအဝတ်အစားတွေထည့်ရင်းပြောလာသောမေမေ့အားမိုးသားမျက်နှာငယ်လေးနဲ့ကြည့်ကာ
''သမီးလည်းဖိုးဖိုးကိုလိုက်တွေ့ချင်လိုက်တာ စာမေးပွဲရှိနေတာကြောင့်သာ''
သူမအဖိုးနဲ့အဖွားကမန္တလေးမြို့မှာသူမတို့အဒေါ်အပျိုကြီးနဲ့အတူနေကြတာဖြစ်သည်။
အခုဖိုးဖိုးကနေမကောင်းအရမ်းဖြစ်နေတာမို့မေမေနဲ့မမကဖိုးဖိုးကိုသွားတွေ့ကြမလို့ပါတဲ့။
သူမကတော့စာမေးပွဲရှိနေ၍မေမေတို့နဲ့မလိုက်ဖြစ်ပဲကိုကိုတို့အိမ်မှာမေမေတို့ပြန်မလာခင်အချိန်ထိသွားနေရမှာပင်။
မေမေတို့မရှိရင်ဒီအိမ်ကြီးမှာမိုးသားတစ်ယောက်တည်းကြောက်လို့ေ.သလိမ့်မည်။
မိုးသားဖေဖေကတော့မိုးသားငယ်ငယ်လေးကတည်းကဆုံးပါးသွားပါပြီ။
ကိုကိုကလည်းအမေတစ်ခုသားတစ်ခု။
''သမီးငယ် သမီးမမကိုပြင်ဆင်စရာရှိတာပြင်ဆင်ပြီးပြီလားသွားမေးလိုက်ဦးသွား ညရှစ်နာရီတောင်ထိုးနေပြီ မနက်ကျသွားရတော့မှာ အဲ့ကောင်မလေးကအလုပ်တစ်ခုလုပ်ပြီဆိုအချိန်အရမ်းဆွဲတတ်လွန်းလို့ သမီးအစ်မကိုသွားမေးလိုက်ဦး''
''ဟုတ်မေမေ''
မိုးသားမေမေ့အခန်းထဲကထွက်လာခဲ့ပြီးမမအခန်းဘက်ကူးလာတော့မမကအခန်းထဲမှာမရှိ။
မိုးသားအခန်းထဲကပြန်ထွက်ခဲ့ပြီးအောက်ထပ်ဆင်းခဲ့တော့မမကကိုကိုနဲ့ခြံထဲကဒန်းပေါ်မှာစကားပြောနေကြတာတွေ့လိုက်ရသည်။
''ဒါဆိုသမုကကိုယ့်မွေးနေ့မှာအတူရှိမနေပေးနိုင်ဘူးပေါ့''
''မသေချာသေးဘူးကိုရဲ့ အကယ်၍ဖိုးဖိုးသက်သာသွားပြီးပြန်လာလို့ရပြီဆိုရင်တော့သမုပြန်လာခဲ့ပါမယ် ကို့မွေးနေ့ကိုမမီရင်လည်းစိတ်မဆိုးနဲ့နော်''
''ဟုတ်ပါပြီဗျာ ကိုယ်ကဘယ်တုန်းကသမုကိုစိတ်ဆိုးဖူးလို့လဲ''
''အဲဒါတွေကြောင့်သမုကကို့ကိုချစ်နေရတာပေါ့ ဪဒါနဲ့ မိုးသားလေးကိုသေချာဂရုစိုက်ပေးဦးနော် သူကကလေးဆန်ပြီးဂျစ်ကတိုက်တတ်သေးတာ အမှားတွေဘာတွေလုပ်မိရင်လည်းအရမ်းမဆူနဲ့ဦး သူကစိတ်ကလည်းနုသေးတာ''
''ကိုယ်သိပါတယ် စိတ်သာချ အဲ့ကောင်မလေးစကားနားမထောင်လို့ကတော့ခြေသလုံးကိုကြိမ်လုံးနဲ့နာနာလေးရို.က်ပစ်မယ်''
''ရို.က်ရဲရို.က်ကြည့်ပါလား''
အသံလာကိုသူတို့နှစ်ယောက်ပြိုင်တူလှည့်ကြည့်လိုက်တော့မိုးသားကနှုတ်ခမ်းကိုစူချိတ်ကာသူတို့နားလျှောက်လာပြီး
''ခဲအိုမတော်ပဲနေလိုက်မှာ''
''တောင်းပန်ပါတယ်ဗျာ မှားတာရှိရင်ခွင့်လွှတ်ပါ ခဲအိုမတော်ပဲတော့မနေပါနဲ့''
ထိုအခါမှမိုးသားကမျက်နှာလေးအနည်းငယ်အရောင်ပြောင်းသွားပြီး
''ရှိစေတော့ မမ မေမေကပြင်ဆင်စရာရှိတာပြင်ဆင်ပြီးပြီလားတဲ့''
သမုကတိမ်ယံ့ဘက်လှည့်ကာ
''ကိုပြန်တော့နော် သမုအဝတ်အစားတွေထည့်လို့မပြီးသေးဘူး''
''ဟုတ်ပြီလေ အဲဒါဆိုကိုယ်ပြန်တော့မယ်နော်''
တိမ်ယံပြန်သွားတာနဲ့မိုးသားနဲ့သမုလည်းအိမ်ထဲဝင်ခဲ့လိုက်ကြ၏။
မိုးသားအခန်းထဲရောက်တော့စာကြည့်စားပွဲအံဆွဲထဲကသော့လေးကိုယူပြီးသူမဗီရိုရဲ့သော့ခတ်ထားတဲ့တံခါးလေးအားဖွင့်ကာအထဲကပန်းရောင်အဖုံးနဲ့စာအုပ်လေးကိုထုတ်ပြီးစာကြည့်စားပွဲမှာဝင်ထိုင်ကာစာမျက်နှာထက်သို့လက်ရေးဝိုင်းလေးတွေဖြင့်စတင်စာစီလိုက်သည်။
ဒီစာအုပ်လေးကသူမရဲ့ဒိုင်ယာရီစာအုပ်ဆိုပေမယ့်လည်းကိုကိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေချည်းရေးထားခဲ့တာပါ။
ဒါကသူမအတွက်ဖြေသိမ့်ရာလေးလေ။
မကြာခင်ခဲအိုတော်ရတော့မယ့်ကိုကို့ကိုမိုးသားမပိုင်ဆိုင်ရပေမယ့်လည်းပျော်ပါသည်။
____________
သမုမိုးသားအခန်းထဲဝင်ခဲ့တော့ညီမဖြစ်သူကအိပ်ပျော်နေပြီဖြစ်၍သမု မိုးသားအားစောင်သေချာခြုံပေးခဲ့ပြီးအခန်းထဲကပြန်ထွက်လာမလို့လုပ်တုန်း ညီမလေးတစ်ချိန်လုံးသော့ခတ်ထားတဲ့ဗီရိုကအကန့်လေးတစ်ကန့်ကအခုသော့တန်းလန်းနဲ့ဖြစ်နေ၍သမုသိချင်စိတ်နဲ့ဗီရိုတံခါးအားအသာဖွင့်လိုက်၏။
တံခါးဖွင့်ဖွင့်ချင်းတွေ့လိုက်ရတာကစာအုပ်လေးတစ်အုပ်။
သမုစာအုပ်ကိုယူကြည့်ကာဖတ်လိုက်တော့ပထမဆုံးစာမျက်နှာနဲ့တင်ညီမလေးရဲ့စိတ်အားသိခဲ့ရလေသည်။
ညီမလေးကကို့ကိုသူမထက်အရင်သဘောကျခဲ့တာပဲ။
စာထဲမှာရေးထားတာကရင်ထဲမှာတိတ်တိတ်လေးချစ်နေရရင်ရပါပြီတဲ့လေ။
ကိုကိုချစ်တာမမသမုဖြစ်နေတော့မိုးသားဝမ်းနည်းမိပေမယ့်လည်းပျော်ပါတယ်တဲ့။
သမု ညီမလေးကိုစိတ်မကောင်းခြင်းများစွာနဲ့လှည့်ကြည့်ပြီးမှနောက်ဆုံးစာမျက်နှာကိုသွားဖတ်ကြည့်တော့
''ကိုကိုနဲ့မမလက်ထပ်တဲ့နေ့ကစပြီးမိုးသားကိုကို့ကိုအစ်ကိုတစ်ယောက်လိုပဲချစ်တော့မှာပါ အဲ့ထက်လုံးဝမပိုတော့ပါ''
သမုသက်ပြင်းခပ်သဲ့သဲ့ချပြီးမှစာအုပ်လေးကိုဗီရိုထဲပြန်ထည့်လိုက်၏။
ပြီးတာနဲ့ညီမဖြစ်သူနားလာကာလက်ကလေးကိုကိုင်ပြီး
''မမတောင်းပန်ပါတယ်မိုးသားလေးရယ် ညီမလေးရဲ့နုနယ်စဥ်ကစတင်ခဲ့တဲ့အချစ်ကိုမမကိုယ့်ကိုယ်ကိုမသိလိုက်ပဲလုယူခဲ့သလိုဖြစ်သွားတယ် မမအစကတည်းကသိခဲ့ရင် ကို့ကိုပြန်ချစ်မှာမဟုတ်ပါဘူးကွယ် အခုတော့အချိန်လွန်ကုန်ပြီ''
သမု မိုးသားနဖူးလေးကိုနမ်းကာအခန်းထဲမှပြန်ထွက်ခဲ့လိုက်တော့သည်။
မိုးသားကတော့တစ်လောကလုံးကိုမေ့ကာကောင်းကောင်းကြီးအိပ်မောကျနေပြီပင်။
💙💙
နောက်နေ့မိုးသားမေမေနဲ့မမတို့ခရီးထွက်သွားတာနဲ့မိုးသားလည်းကိုကိုတို့အိမ်ဘက်ပြောင်းလာခဲ့ရ၏။
ကိုကို့မေမေအန်တီသီသီကလည်းသူမကိုအရမ်းချစ်သည်။
မမသမုကိုတော့ချွေးမလောင်းလေးမို့ပိုချစ်၏။
''သမီး သမီးနေဖို့အခန်းကိုအန်တီသမီးကိုကိုရဲ့အခန်းဘေးမှာပြင်ပေးထားတယ်''
''အန်တီသီသီကတော့လုပ်ပြီ သမီးကဒီမှာခဏလေးပဲနေမယ့်ဟာကို အဲလောက်ထိအလုပ်ရှုပ်ခံဖို့မလိုပါဘူး သမီးအန်တီသီသီနဲ့လာအိပ်တောင်ရတယ်''
''အန်တီကသမီးမလွတ်လပ်မှာစိုးလို့ပါ ဘာပဲဖြစ်ဖြစ်သမီးအဲ့အခန်းမှာပဲအိပ်လိုက် နော်''
''ဟုတ်ကဲ့အန်တီသီသီ ကျေးဇူးပါနော်''
''ရပါ့ရှင် ဒါဆိုအန်တီသီသီဈေးသွားလိုက်ဦးမယ် သမီးအိမ်မှာခဏနေခဲ့ဦးနော်''
''ဟုတ်ကဲ့''
အန်တီသီသီအိမ်ကထွက်သွားတာနဲ့မိုးသားလည်းအိမ်ပေါ်ထပ်သို့တက်လာခဲ့လိုက်၏။
သူမလှေကားထိပ်ရောက်တော့ကိုကိုကလည်းလှေကားဘက်ကွေ့လာ၍သူမနဖူးနဲ့ကိုကို့ရင်ဘတ်ကသွားတိုက်မိတော့သည်။
''အာ့''
''ဟာ''
''ကိုကို့!''
''အံမာ သူကများလေသံမာနေရသေး လူတစ်ယောက်လုံးလာနေတာကိုမမြင်ဘူးလား''
''သူကျဘာထူးတာကျလို့ ဒါနဲ့ကိုကိုဘယ်သွားမလို့လဲ''
''ဘယ်သွားသွားပေါ့''
''ရတယ်လေ မပြောနဲ့ပေါ့ ခနနေကျမမကိုဖုန်းဆက်ပြီးမမတောင်ရန်ကုန်မြို့ထဲကမထွက်ရလောက်သေးပေမယ့်ကိုကိုကတော့အပြင်ထွက်သွားပြီလို့တိုင်ပြောမယ်''
''ဟေ့ဟေ့ ချွန်တွန်းလုပ်မယ်မကြံနဲ့ နောက်သုံးရက်ဆိုကျွန်တော်မျိုးမွေးနေ့ရောက်ပြီမို့လို့ဖိတ်စာသွားဖိတ်မလို့ ဟုတ်ပြီလား''
''မိုးသားလည်းလိုက်မယ်''
''မလိုက်ရပါဘူး ချီးထုပ်မလုပ်နဲ့''
''ရတယ်လေ အာ့ဆိုမမနဲ့တိုင်....''
''ကဲကဲ လိုက်ခဲ့ပါမယ်မင်းကြီးမရယ်''
''ဒီလိုမှပေါ့ သွားမယ်လေ''
''ရှေ့ကကြွ''
''yes sir''
ထိုအချိန်ထိပါပဲ။မိုးသားရဲ့မျက်နှာမှာအပြုံးတွေတည်ရှိခဲ့တာ။
_____________
ကိုကို့မွေးနေ့ရောက်တဲ့နေ့ထိမေမေနဲ့မမကရန်ကုန်ကိုပြန်မလာဖြစ်ပေ။
ကိုကို့မွေးနေ့ပွဲကလူအများအပြားနဲ့အတော်လေးစည်ကား၏။
ခြံထဲမှာပဲကျင်းပတာပေမယ့်တော်တော်လေးကိုပြည့်စုံသည်။
မိုးသားကတော့စားပွဲတစ်ဝိုင်းမှာထိုင်ရာကမထပဲဟိုကြည့်ဒီကြည့်ဖြင့်မုန့်သာတရစပ်စားနေလိုက်၏။
အန်တီသီသီကတော့အစောကြီးကတည်းကသွားအိပ်နေပြီဖြစ်သည်။
ပြီးတော့ဝိုင်သုံးခွက်ကိုလည်းဘယ်သူမှမမြင်အောင်ခိုးသောက်လိုက်သေးသည်။
တစ်လနေလို့တစ်ခါမသောက်ဖူးသူမို့မိုးသားရီဝေဝေပင်ဖြစ်နေပြီ။
သူမစားပွဲမှာခေါင်းကြီးငုံ့ကာငြိမ်နေတုန်းတစ်စုံတစ်ယောက်ကသူမပုခုံးအားလာကိုင်၍မိုးသားဆတ်ခနဲခေါင်းထောင်ကြည့်လိုက်တော့ကိုကိုကမျက်လုံးပြူးမျက်စံပြူးနှင့်
''မိုးသား နင်သောက်ထားတာလား''
''a little''
''အာ နင်ကတော့ပြဿနာပဲ သွားသွား သွားအိပ်ချေတော့''
''မအိပ်ချင်သေးဘူး''
''သွားဆိုသွားနော်မိုးသား ကဲပါဟာ ငါလိုက်ပို့မယ်''
တိမ်ယံသူမဆီလက်လှမ်းတော့သူမကလက်ကာပြပြီး
''stop stop ဒီမှာမိုးသားချိုကိုအထင်မသေးစမ်းပါနဲ့ ကိုယ့်ဘာသာလျှောက်နိုင်တယ် ကိုယ့်ဘာသာသွားမယ်''
သူမကယိုင်တိုင်တိုင်နဲ့ပဲထိုင်ရာကထလာပြီးအိမ်ထဲသို့ဒယီးဒယိုင်နဲ့ဝင်သွားလေ၏။
တိမ်ယံသူမကိုစိတ်မချပေမယ့်အသိတစ်ချို့ကစကားလာပြောနေ၍မိုးသားကိုခဏမေ့ထားလိုက်သည်။
မိုးသားတစ်ယောက်ကတော့လှေကားလက်ရန်းတွေကိုအားပြုပြီးအိမ်ပေါ်သို့အောင်အောင်မြင်မြင်ရောက်လာကာအခန်းထဲသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေ၏။
အခန်းထဲရောက်တာနဲ့ဒူးလောက်ရှိသောကြိုးတစ်လုံးဂါဝန်မဝဲတဝဲလေးအားဆွဲချွတ်ပြီးအိပ်ရာပေါ်တက်ကာစောင်ခေါင်းမြီးခြုံ၍အိပ်လိုက်တော့သည်။
💙💙
''တိမ်ယံခ!!''
နားထဲခပ်ဆောင့်ဆောင့်ဝင်လာတဲ့အသံကြောင့်တိမ်ယံမျက်လုံးကိုအားယူကာဖွင့်လိုက်တော့သမုကသူ့အားမျက်ရည်တွေဝဲကာနှုတ်ခမ်းလေးကိုဖိကိုက်၍စူးစူးဝါးဝါးကြည့်နေတာမို့သူအိပ်ရာမှထဖို့ပြင်လိုက်စဥ်သူ့လက်မောင်းပေါ်ကအရာကြောင့်သူဘေးကိုလှည့်ကြည့်လိုက်တော့မိုးသားကအပေါ်ပိုင်းဗလာနဲ့သူ့ဘေးမှာလာအိပ်နေတာမို့သူခေါင်းမီးတောက်သွားရလေတော့သည်။
ပြီးတော့သူကိုယ်လည်းအင်္ကျီချွတ်ကြီးနဲ့။
ထိုစဥ်အခန်းထဲသို့သူ့အမေရောသမုတို့အမေအန်တီထားပါဝင်လာပြီးသူတို့အခြေအနေကိုအမြင်မှာအားလုံးရင်ဘတ်ဖိ၍မျက်လုံးပြူးသွားရတော့သည်။
တိမ်ယံကတော့ခုထိဆွံ့အသူနှယ်ဘာမှမပြောနိုင်သေးပဲညကအဖြစ်အပျက်ကိုပြန်စဥ်းစားနေမိ၏။
ညကသူသောက်တာများသွားပြီးတော်တော်လေးမူးသွားခဲ့တာမို့မိန်းကလေးတစ်ယောက်ကိုတော့sexမလုပ်နိုင်။
အခန်းကလည်းသူ့အခန်းပဲမို့ညကမိုးသားအခန်းမှားဝင်လာတာဖြစ်ရမည်။
ဒေါ်ထားသစ္စာသမီးဖြစ်သူအားစောင်ဆွဲခြုံပေးပြီး
''ဟဲ့ မိုးသားချို ခုထစမ်း''
''အင်....''
''ထဆို''
ဒေါ်ထားသစ္စာအတင်းလှုပ်နှိုးလိုက်မှမိုးသားတစ်ယောက်လန့်နိုးလာပြီး
''မေမေ မေမေပြန်လာပြီ''
သူမဘေးဘီကိုဝေ့ဝဲကြည့်တော့ကိုကို့ကိုတွေ့လိုက်ရတာကြောင့်မျက်ကလူးစံပြာနဲ့အိပ်ရာမှထကာ
''ကိုကိုဘယ်လိုလုပ်မိုးသားအခန်းထဲရောက်နေတာလဲ''
''ဒါငါ့အခန်း''
''ဟင်!''
မိုးသား မမကိုကြည့်လိုက်တော့မမကသူမအားနာနာကျည်းကျည်းကြည့်ပြီးမှကိုကို့အား''
''အဟင်း ကျွန်မကsurpriseလုပ်ဖို့လာတာ တစ်ကယ်surpriseအလုပ်ခံလိုက်ရတာကကျွန်မဖြစ်နေတာပဲ''
''မဟုတ်ဘူးသမု သမုထင်သလိုမဟုတ်ဘူး ကိုယ်နဲ့မိုးသားဘာမှမဖြစ်ခဲ့ဘူး မိုးသား နင်ပြောလိုက်လေ''
''ဟုတ် ဟုတ်ပါတယ်မမရယ် မိုးသားနဲ့ကိုကိုတို့ဘာမှမဖြစ်ခဲ့ပါဘူး မေမေ အန်တီသီသီ သမီးပြောတာယုံပါနော်''
ချက်ချင်းဆိုသလိုပဲညကတိမ်ယံတို့အိမ်မှာပဲမူးကွဲပြီးဖြစ်သလိုအိပ်ခဲ့ကြတဲ့သူ့သူငယ်ချင်းအုပ်စုပါရောက်ချလာပြီးသူနဲ့မိုးသားကိုလွန်ကျူးခဲ့တယ်ထင်သွားကြလေ၏။
''ခယ်မဆိုတာပေါင်တစ်ဖက်ပိုင်တယ်တဲ့ အခုခယ်မတောင်မတော်ရသေးဘူး တစ်ကိုယ်လုံးပိုင်သွားပြီ''
သူ့သူငယ်ချင်းအချင်းချင်းတီးတိုးပြောတာကိုကြားပြီးဒေါ်သီသီလည်းမျက်နှာပျက်သွားရလေသည်။
သမုက
''ခုလိုဖြစ်သွားပြီဆိုမှတော့နောက်လကျင်းပမယ့်မင်္ဂလာပွဲမှာသတို့သမီးနာမည်ကိုမိုးသားချိုလို့ပြောင်းလိုက်ကြတာပေါ့''
''ဟင်''
သူမစကားကြောင့်တိမ်ယံအထိတ်တလန့်ဖြစ်သွားရကာသမုပုခုံးနှစ်ဖက်အားဆုပ်ကိုင်၍
''မဟုတ်ဘူးသမု ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး ကိုယ်တို့ဘာမှမဖြစ်ခဲ့ပါဘူးကွာ ကိုယ့်ကိုယုံပါ''
''ဆောရီးပါပဲ''
သမုကသူ့လက်တွေကိုဖြုတ်ချပြီးအခန်းထဲကထွက်သွားလေတော့သည်။
သူမိုးသားကိုလှည့်ကြည့်တော့လည်းတရှုံ့ရှုံ့နဲ့ငိုနေပြီမို့ပိုပြီးစိတ်ရှုပ်သွားရ၏။
သူပဲဂြိုဟ်မွှေပြီးသူကအရင်ဦးအောင်ငိုတာမို့တိမ်ယံစိတ်တိုကာသူမလက်မောင်းတစ်ဖက်အားခပ်ကြမ်းကြမ်းဆုပ်ကိုင်၍
''နင်ငိုမနေနဲ့ နင်ငိုနေလို့မပြီးဘူး ငါနဲ့သမုဝေးလို့ကတော့နင်ငါနဲ့တွေ့မယ်''
''အဟင့် ဟင့် အီးဟီး''
မိုးသားရှက်လိုက်တာ။လူတွေအများကြီးကသူမတို့အားအထင်လွဲသွားကြပြီ။
မိုးသားတို့ဘာမှမဖြစ်ခဲ့မှန်းကိုယ်ကိုယ်တိုင်သိပေမယ့်ဘေးလူတွေကမယုံကြည်ကြပေ။
မမကပါအထင်လွဲသွားပြီမို့မိုးသားတစ်ကယ်ပဲေ.သချင်သွားရသည်။
မမယုံအောင်တော့မိုးသားရှင်းပြရမည်။
______________
''ဘာမှလာမပြောနဲ့! ငါဘာမှမကြားချင်ဘူး''
မမကိုရှင်းပြဖို့ကြိုးစားနေတဲ့မိုးသားရဲ့စကားလုံးတွေကတစ်ကယ်ပဲပျောက်ရှသွားရ၏။
''နင့်ရဲ့ဒိုင်ယာရီကိုငါဖတ်ပြီးပြီ''
''ရှင်''
''နင်ဒါတမင်လုပ်တာမလား''
''ဟင့်အင်း မဟုတ်ဘူးမမ မမထင်သလိုမဟုတ်ပါဘူး''
''အဟင်း နင်ကအပြောနဲ့အလုပ်မညီဘူးပဲမိုးသား နင်ပြောတော့သူ့ကိုမပိုင်ဆိုင်ရလည်းရတယ်ဆို အခုတော့အပိုင်ပါကြံပစ်လိုက်တယ် နင်အရမ်းတော်တာပဲ ငါ့အလစ်မှာငါ့ချစ်သူကိုနင့်ယောကျ်ားဖြစ်အောင်လုပ်ပစ်လိုက်နိုင်တယ်''
''အဟင့် ဟင့်''
မိုးသားဘာပြောလို့ပြောရမှန်းမသိပဲငိုနေရုံပဲတတ်နိုင်ခဲ့သည်။
''နင်သူ့ကိုချစ်နေတယ်မလား ငါးနှစ်လောက်crushခဲ့ရတာမလား နင်သူ့ကိုလိုချင်တယ်မလား ယူ ယူလိုက် ငါပေးတယ်''
ထိုစဥ်
''ဒါကဘာစကားလဲ''
''ဟင်''
အသံလာရာကိုလှည့်ကြည့်မိတော့ကိုကိုကသူမတို့နဲ့မလှမ်းမကမ်းမှာရပ်နေ၍မိုးသာအကြောအချဥ်တွေတောင့်တင်းသွားရတော့သည်။
''ကို ကိုကို''
''ဒါမတော်တဆပါလို့ငါ့ကိုမပြောနဲ့နော်မိုးသားချို နင်တမင်လုပ်ခဲ့တာမို့လား''
''မဟုတ်ဘူး ကိုကိုနဲ့မမထင်သလိုလုံးဝမဟုတ်ပါဘူး မိုးသားကိုယုံကြည်ပေးကြပါ မိုးသားမှာအဲလိုစိတ်မရှိပါဘူး''
ကိုကိုကဘာမှမပြောပဲသူမကိုသာစူးစူးဝါးဝါးကြည့်လာ၏။
ကိုကို့မျက်လုံးတွေကတော့ပြောပြရှာပါတယ်။
''မင်းကိုအရမ်းမုန်းတယ်''
တဲ့။
💙💙
4.3.2024
Zawgyi
လြန္ခဲ့ေသာႏွစ္ပတ္ခန္႔က...
''သမီးငယ္ အန္တီသီသီရဲ႕စကားကိုနားေထာင္ၿပီးလိမ္လိမ္မာမာေနခဲ့ေနာ္''
ခရီးေဆာင္အိတ္ထဲအဝတ္အစားေတြထည့္ရင္းေျပာလာေသာေမေမ့အားမိုးသားမ်က္ႏွာငယ္ေလးနဲ႔ၾကည့္ကာ
''သမီးလည္းဖိုးဖိုးကိုလိုက္ေတြ႕ခ်င္လိုက္တာ စာေမးပြဲရွိေနတာေၾကာင့္သာ''
သူမအဖိုးနဲ႔အဖြားကမႏၲေလးၿမိဳ႕မွာသူမတို႔အေဒၚအပ်ိဳႀကီးနဲ႔အတူေနၾကတာျဖစ္သည္။
အခုဖိုးဖိုးကေနမေကာင္းအရမ္းျဖစ္ေနတာမို႔ေမေမနဲ႔မမကဖိုးဖိုးကိုသြားေတြ႕ၾကမလို႔ပါတဲ့။
သူမကေတာ့စာေမးပြဲရွိေန၍ေမေမတို႔နဲ႔မလိုက္ျဖစ္ပဲကိုကိုတို႔အိမ္မွာေမေမတို႔ျပန္မလာခင္အခ်ိန္ထိသြားေနရမွာပင္။
ေမေမတို႔မရွိရင္ဒီအိမ္ႀကီးမွာမိုးသားတစ္ေယာက္တည္းေၾကာက္လို႔ေ.သလိမ့္မည္။
မိုးသားေဖေဖကေတာ့မိုးသားငယ္ငယ္ေလးကတည္းကဆုံးပါးသြားပါၿပီ။
ကိုကိုကလည္းအေမတစ္ခုသားတစ္ခု။
''သမီးငယ္ သမီးမမကိုျပင္ဆင္စရာရွိတာျပင္ဆင္ၿပီးၿပီလားသြားေမးလိုက္ဦးသြား ညရွစ္နာရီေတာင္ထိုးေနၿပီ မနက္က်သြားရေတာ့မွာ အဲ့ေကာင္မေလးကအလုပ္တစ္ခုလုပ္ၿပီဆိုအခ်ိန္အရမ္းဆြဲတတ္လြန္းလို႔ သမီးအစ္မကိုသြားေမးလိုက္ဦး''
''ဟုတ္ေမေမ''
မိုးသားေမေမ့အခန္းထဲကထြက္လာခဲ့ၿပီးမမအခန္းဘက္ကူးလာေတာ့မမကအခန္းထဲမွာမရွိ။
မိုးသားအခန္းထဲကျပန္ထြက္ခဲ့ၿပီးေအာက္ထပ္ဆင္းခဲ့ေတာ့မမကကိုကိုနဲ႔ၿခံထဲကဒန္းေပၚမွာစကားေျပာေနၾကတာေတြ႕လိုက္ရသည္။
''ဒါဆိုသမုကကိုယ့္ေမြးေန႔မွာအတူရွိမေနေပးႏိုင္ဘူးေပါ့''
''မေသခ်ာေသးဘူးကိုရဲ႕ အကယ္၍ဖိုးဖိုးသက္သာသြားၿပီးျပန္လာလို႔ရၿပီဆိုရင္ေတာ့သမုျပန္လာခဲ့ပါမယ္ ကို႔ေမြးေန႔ကိုမမီရင္လည္းစိတ္မဆိုးနဲ႔ေနာ္''
''ဟုတ္ပါၿပီဗ်ာ ကိုယ္ကဘယ္တုန္းကသမုကိုစိတ္ဆိုးဖူးလို႔လဲ''
''အဲဒါေတြေၾကာင့္သမုကကို႔ကိုခ်စ္ေနရတာေပါ့ ဪဒါနဲ႔ မိုးသားေလးကိုေသခ်ာဂ႐ုစိုက္ေပးဦးေနာ္ သူကကေလးဆန္ၿပီးဂ်စ္ကတိုက္တတ္ေသးတာ အမွားေတြဘာေတြလုပ္မိရင္လည္းအရမ္းမဆူနဲ႔ဦး သူကစိတ္ကလည္းႏုေသးတာ''
''ကိုယ္သိပါတယ္ စိတ္သာခ် အဲ့ေကာင္မေလးစကားနားမေထာင္လို႔ကေတာ့ေျခသလုံးကိုႀကိမ္လုံးနဲ႔နာနာေလး႐ို.က္ပစ္မယ္''
''႐ို.က္ရဲ႐ို.က္ၾကည့္ပါလား''
အသံလာကိုသူတို႔ႏွစ္ေယာက္ၿပိဳင္တူလွည့္ၾကည့္လိုက္ေတာ့မိုးသားကႏႈတ္ခမ္းကိုစူခ်ိတ္ကာသူတို႔နားေလွ်ာက္လာၿပီး
''ခဲအိုမေတာ္ပဲေနလိုက္မွာ''
''ေတာင္းပန္ပါတယ္ဗ်ာ မွားတာရွိရင္ခြင့္လႊတ္ပါ ခဲအိုမေတာ္ပဲေတာ့မေနပါနဲ႔''
ထိုအခါမွမိုးသားကမ်က္ႏွာေလးအနည္းငယ္အေရာင္ေျပာင္းသြားၿပီး
''ရွိေစေတာ့ မမ ေမေမကျပင္ဆင္စရာရွိတာျပင္ဆင္ၿပီးၿပီလားတဲ့''
သမုကတိမ္ယံ့ဘက္လွည့္ကာ
''ကိုျပန္ေတာ့ေနာ္ သမုအဝတ္အစားေတြထည့္လို႔မၿပီးေသးဘူး''
''ဟုတ္ၿပီေလ အဲဒါဆိုကိုယ္ျပန္ေတာ့မယ္ေနာ္''
တိမ္ယံျပန္သြားတာနဲ႔မိုးသားနဲ႔သမုလည္းအိမ္ထဲဝင္ခဲ့လိုက္ၾက၏။
မိုးသားအခန္းထဲေရာက္ေတာ့စာၾကည့္စားပြဲအံဆြဲထဲကေသာ့ေလးကိုယူၿပီးသူမဗီ႐ိုရဲ႕ေသာ့ခတ္ထားတဲ့တံခါးေလးအားဖြင့္ကာအထဲကပန္းေရာင္အဖုံးနဲ႔စာအုပ္ေလးကိုထုတ္ၿပီးစာၾကည့္စားပြဲမွာဝင္ထိုင္ကာစာမ်က္ႏွာထက္သို႔လက္ေရးဝိုင္းေလးေတြျဖင့္စတင္စာစီလိုက္သည္။
ဒီစာအုပ္ေလးကသူမရဲ႕ဒိုင္ယာရီစာအုပ္ဆိုေပမယ့္လည္းကိုကိုနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြခ်ည္းေရးထားခဲ့တာပါ။
ဒါကသူမအတြက္ေျဖသိမ့္ရာေလးေလ။
မၾကာခင္ခဲအိုေတာ္ရေတာ့မယ့္ကိုကို႔ကိုမိုးသားမပိုင္ဆိုင္ရေပမယ့္လည္းေပ်ာ္ပါသည္။
____________
သမုမိုးသားအခန္းထဲဝင္ခဲ့ေတာ့ညီမျဖစ္သူကအိပ္ေပ်ာ္ေနၿပီျဖစ္၍သမု မိုးသားအားေစာင္ေသခ်ာၿခဳံေပးခဲ့ၿပီးအခန္းထဲကျပန္ထြက္လာမလို႔လုပ္တုန္း ညီမေလးတစ္ခ်ိန္လုံးေသာ့ခတ္ထားတဲ့ဗီ႐ိုကအကန္႔ေလးတစ္ကန္႔ကအခုေသာ့တန္းလန္းနဲ႔ျဖစ္ေန၍သမုသိခ်င္စိတ္နဲ႔ဗီ႐ိုတံခါးအားအသာဖြင့္လိုက္၏။
တံခါးဖြင့္ဖြင့္ခ်င္းေတြ႕လိုက္ရတာကစာအုပ္ေလးတစ္အုပ္။
သမုစာအုပ္ကိုယူၾကည့္ကာဖတ္လိုက္ေတာ့ပထမဆုံးစာမ်က္ႏွာနဲ႔တင္ညီမေလးရဲ႕စိတ္အားသိခဲ့ရေလသည္။
ညီမေလးကကို႔ကိုသူမထက္အရင္သေဘာက်ခဲ့တာပဲ။
စာထဲမွာေရးထားတာကရင္ထဲမွာတိတ္တိတ္ေလးခ်စ္ေနရရင္ရပါၿပီတဲ့ေလ။
ကိုကိုခ်စ္တာမမသမုျဖစ္ေနေတာ့မိုးသားဝမ္းနည္းမိေပမယ့္လည္းေပ်ာ္ပါတယ္တဲ့။
သမု ညီမေလးကိုစိတ္မေကာင္းျခင္းမ်ားစြာနဲ႔လွည့္ၾကည့္ၿပီးမွေနာက္ဆုံးစာမ်က္ႏွာကိုသြားဖတ္ၾကည့္ေတာ့
''ကိုကိုနဲ႔မမလက္ထပ္တဲ့ေန႔ကစၿပီးမိုးသားကိုကို႔ကိုအစ္ကိုတစ္ေယာက္လိုပဲခ်စ္ေတာ့မွာပါ အဲ့ထက္လုံးဝမပိုေတာ့ပါ''
သမုသက္ျပင္းခပ္သဲ့သဲ့ခ်ၿပီးမွစာအုပ္ေလးကိုဗီ႐ိုထဲျပန္ထည့္လိုက္၏။
ၿပီးတာနဲ႔ညီမျဖစ္သူနားလာကာလက္ကေလးကိုကိုင္ၿပီး
''မမေတာင္းပန္ပါတယ္မိုးသားေလးရယ္ ညီမေလးရဲ႕ႏုနယ္စဥ္ကစတင္ခဲ့တဲ့အခ်စ္ကိုမမကိုယ့္ကိုယ္ကိုမသိလိုက္ပဲလုယူခဲ့သလိုျဖစ္သြားတယ္ မမအစကတည္းကသိခဲ့ရင္ ကို႔ကိုျပန္ခ်စ္မွာမဟုတ္ပါဘူးကြယ္ အခုေတာ့အခ်ိန္လြန္ကုန္ၿပီ''
သမု မိုးသားနဖူးေလးကိုနမ္းကာအခန္းထဲမွျပန္ထြက္ခဲ့လိုက္ေတာ့သည္။
မိုးသားကေတာ့တစ္ေလာကလုံးကိုေမ့ကာေကာင္းေကာင္းႀကီးအိပ္ေမာက်ေနၿပီပင္။
💙💙
ေနာက္ေန႔မိုးသားေမေမနဲ႔မမတို႔ခရီးထြက္သြားတာနဲ႔မိုးသားလည္းကိုကိုတို႔အိမ္ဘက္ေျပာင္းလာခဲ့ရ၏။
ကိုကို႔ေမေမအန္တီသီသီကလည္းသူမကိုအရမ္းခ်စ္သည္။
မမသမုကိုေတာ့ေခြၽးမေလာင္းေလးမို႔ပိုခ်စ္၏။
''သမီး သမီးေနဖို႔အခန္းကိုအန္တီသမီးကိုကိုရဲ႕အခန္းေဘးမွာျပင္ေပးထားတယ္''
''အန္တီသီသီကေတာ့လုပ္ၿပီ သမီးကဒီမွာခဏေလးပဲေနမယ့္ဟာကို အဲေလာက္ထိအလုပ္ရႈပ္ခံဖို႔မလိုပါဘူး သမီးအန္တီသီသီနဲ႔လာအိပ္ေတာင္ရတယ္''
''အန္တီကသမီးမလြတ္လပ္မွာစိုးလို႔ပါ ဘာပဲျဖစ္ျဖစ္သမီးအဲ့အခန္းမွာပဲအိပ္လိုက္ ေနာ္''
''ဟုတ္ကဲ့အန္တီသီသီ ေက်းဇူးပါေနာ္''
''ရပါ့ရွင္ ဒါဆိုအန္တီသီသီေဈးသြားလိုက္ဦးမယ္ သမီးအိမ္မွာခဏေနခဲ့ဦးေနာ္''
''ဟုတ္ကဲ့''
အန္တီသီသီအိမ္ကထြက္သြားတာနဲ႔မိုးသားလည္းအိမ္ေပၚထပ္သို႔တက္လာခဲ့လိုက္၏။
သူမေလွကားထိပ္ေရာက္ေတာ့ကိုကိုကလည္းေလွကားဘက္ေကြ႕လာ၍သူမနဖူးနဲ႔ကိုကို႔ရင္ဘတ္ကသြားတိုက္မိေတာ့သည္။
''အာ့''
''ဟာ''
''ကိုကို႔!''
''အံမာ သူကမ်ားေလသံမာေနရေသး လူတစ္ေယာက္လုံးလာေနတာကိုမျမင္ဘူးလား''
''သူက်ဘာထူးတာက်လို႔ ဒါနဲ႔ကိုကိုဘယ္သြားမလို႔လဲ''
''ဘယ္သြားသြားေပါ့''
''ရတယ္ေလ မေျပာနဲ႔ေပါ့ ခနေနက်မမကိုဖုန္းဆက္ၿပီးမမေတာင္ရန္ကုန္ၿမိဳ႕ထဲကမထြက္ရေလာက္ေသးေပမယ့္ကိုကိုကေတာ့အျပင္ထြက္သြားၿပီလို႔တိုင္ေျပာမယ္''
''ေဟ့ေဟ့ ခြၽန္တြန္းလုပ္မယ္မႀကံနဲ႔ ေနာက္သုံးရက္ဆိုကြၽန္ေတာ္မ်ိဳးေမြးေန႔ေရာက္ၿပီမို႔လို႔ဖိတ္စာသြားဖိတ္မလို႔ ဟုတ္ၿပီလား''
''မိုးသားလည္းလိုက္မယ္''
''မလိုက္ရပါဘူး ခ်ီးထုပ္မလုပ္နဲ႔''
''ရတယ္ေလ အာ့ဆိုမမနဲ႔တိုင္....''
''ကဲကဲ လိုက္ခဲ့ပါမယ္မင္းႀကီးမရယ္''
''ဒီလိုမွေပါ့ သြားမယ္ေလ''
''ေရွ႕ကႂကြ''
''yes sir''
ထိုအခ်ိန္ထိပါပဲ။မိုးသားရဲ႕မ်က္ႏွာမွာအၿပဳံးေတြတည္ရွိခဲ့တာ။
_____________
ကိုကို႔ေမြးေန႔ေရာက္တဲ့ေန႔ထိေမေမနဲ႔မမကရန္ကုန္ကိုျပန္မလာျဖစ္ေပ။
ကိုကို႔ေမြးေန႔ပြဲကလူအမ်ားအျပားနဲ႔အေတာ္ေလးစည္ကား၏။
ၿခံထဲမွာပဲက်င္းပတာေပမယ့္ေတာ္ေတာ္ေလးကိုျပည့္စုံသည္။
မိုးသားကေတာ့စားပြဲတစ္ဝိုင္းမွာထိုင္ရာကမထပဲဟိုၾကည့္ဒီၾကည့္ျဖင့္မုန္႔သာတရစပ္စားေနလိုက္၏။
အန္တီသီသီကေတာ့အေစာႀကီးကတည္းကသြားအိပ္ေနၿပီျဖစ္သည္။
ၿပီးေတာ့ဝိုင္သုံးခြက္ကိုလည္းဘယ္သူမွမျမင္ေအာင္ခိုးေသာက္လိုက္ေသးသည္။
တစ္လေနလို႔တစ္ခါမေသာက္ဖူးသူမို႔မိုးသားရီေဝေဝပင္ျဖစ္ေနၿပီ။
သူမစားပြဲမွာေခါင္းႀကီးငုံ႔ကာၿငိမ္ေနတုန္းတစ္စုံတစ္ေယာက္ကသူမပုခုံးအားလာကိုင္၍မိုးသားဆတ္ခနဲေခါင္းေထာင္ၾကည့္လိုက္ေတာ့ကိုကိုကမ်က္လုံးျပဴးမ်က္စံျပဴးႏွင့္
''မိုးသား နင္ေသာက္ထားတာလား''
''a little''
''အာ နင္ကေတာ့ျပႆနာပဲ သြားသြား သြားအိပ္ေခ်ေတာ့''
''မအိပ္ခ်င္ေသးဘူး''
''သြားဆိုသြားေနာ္မိုးသား ကဲပါဟာ ငါလိုက္ပို႔မယ္''
တိမ္ယံသူမဆီလက္လွမ္းေတာ့သူမကလက္ကာျပၿပီး
''stop stop ဒီမွာမိုးသားခ်ိဳကိုအထင္မေသးစမ္းပါနဲ႔ ကိုယ့္ဘာသာေလွ်ာက္ႏိုင္တယ္ ကိုယ့္ဘာသာသြားမယ္''
သူမကယိုင္တိုင္တိုင္နဲ႔ပဲထိုင္ရာကထလာၿပီးအိမ္ထဲသို႔ဒယီးဒယိုင္နဲ႔ဝင္သြားေလ၏။
တိမ္ယံသူမကိုစိတ္မခ်ေပမယ့္အသိတစ္ခ်ိဳ႕ကစကားလာေျပာေန၍မိုးသားကိုခဏေမ့ထားလိုက္သည္။
မိုးသားတစ္ေယာက္ကေတာ့ေလွကားလက္ရန္းေတြကိုအားျပဳၿပီးအိမ္ေပၚသို႔ေအာင္ေအာင္ျမင္ျမင္ေရာက္လာကာအခန္းထဲသို႔ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာေလ၏။
အခန္းထဲေရာက္တာနဲ႔ဒူးေလာက္ရွိေသာႀကိဳးတစ္လုံးဂါဝန္မဝဲတဝဲေလးအားဆြဲခြၽတ္ၿပီးအိပ္ရာေပၚတက္ကာေစာင္ေခါင္းၿမီးၿခဳံ၍အိပ္လိုက္ေတာ့သည္။
💙💙
''တိမ္ယံခ!!''
နားထဲခပ္ေဆာင့္ေဆာင့္ဝင္လာတဲ့အသံေၾကာင့္တိမ္ယံမ်က္လုံးကိုအားယူကာဖြင့္လိုက္ေတာ့သမုကသူ႔အားမ်က္ရည္ေတြဝဲကာႏႈတ္ခမ္းေလးကိုဖိကိုက္၍စူးစူးဝါးဝါးၾကည့္ေနတာမို႔သူအိပ္ရာမွထဖို႔ျပင္လိုက္စဥ္သူ႔လက္ေမာင္းေပၚကအရာေၾကာင့္သူေဘးကိုလွည့္ၾကည့္လိုက္ေတာ့မိုးသားကအေပၚပိုင္းဗလာနဲ႔သူ႔ေဘးမွာလာအိပ္ေနတာမို႔သူေခါင္းမီးေတာက္သြားရေလေတာ့သည္။
ၿပီးေတာ့သူကိုယ္လည္းအက်ႌခြၽတ္ႀကီးနဲ႔။
ထိုစဥ္အခန္းထဲသို႔သူ႔အေမေရာသမုတို႔အေမအန္တီထားပါဝင္လာၿပီးသူတို႔အေျခအေနကိုအျမင္မွာအားလုံးရင္ဘတ္ဖိ၍မ်က္လုံးျပဴးသြားရေတာ့သည္။
တိမ္ယံကေတာ့ခုထိဆြံ႕အသူႏွယ္ဘာမွမေျပာႏိုင္ေသးပဲညကအျဖစ္အပ်က္ကိုျပန္စဥ္းစားေနမိ၏။
ညကသူေသာက္တာမ်ားသြားၿပီးေတာ္ေတာ္ေလးမူးသြားခဲ့တာမို႔မိန္းကေလးတစ္ေယာက္ကိုေတာ့sexမလုပ္ႏိုင္။
အခန္းကလည္းသူ႔အခန္းပဲမို႔ညကမိုးသားအခန္းမွားဝင္လာတာျဖစ္ရမည္။
ေဒၚထားသစၥာသမီးျဖစ္သူအားေစာင္ဆြဲၿခဳံေပးၿပီး
''ဟဲ့ မိုးသားခ်ိဳ ခုထစမ္း''
''အင္....''
''ထဆို''
ေဒၚထားသစၥာအတင္းလႈပ္ႏႈိးလိုက္မွမိုးသားတစ္ေယာက္လန္႔ႏိုးလာၿပီး
''ေမေမ ေမေမျပန္လာၿပီ''
သူမေဘးဘီကိုေဝ့ဝဲၾကည့္ေတာ့ကိုကို႔ကိုေတြ႕လိုက္ရတာေၾကာင့္မ်က္ကလူးစံျပာနဲ႔အိပ္ရာမွထကာ
''ကိုကိုဘယ္လိုလုပ္မိုးသားအခန္းထဲေရာက္ေနတာလဲ''
''ဒါငါ့အခန္း''
''ဟင္!''
မိုးသား မမကိုၾကည့္လိုက္ေတာ့မမကသူမအားနာနာက်ည္းက်ည္းၾကည့္ၿပီးမွကိုကို႔အား''
''အဟင္း ကြၽန္မကsurpriseလုပ္ဖို႔လာတာ တစ္ကယ္surpriseအလုပ္ခံလိုက္ရတာကကြၽန္မျဖစ္ေနတာပဲ''
''မဟုတ္ဘူးသမု သမုထင္သလိုမဟုတ္ဘူး ကိုယ္နဲ႔မိုးသားဘာမွမျဖစ္ခဲ့ဘူး မိုးသား နင္ေျပာလိုက္ေလ''
''ဟုတ္ ဟုတ္ပါတယ္မမရယ္ မိုးသားနဲ႔ကိုကိုတို႔ဘာမွမျဖစ္ခဲ့ပါဘူး ေမေမ အန္တီသီသီ သမီးေျပာတာယုံပါေနာ္''
ခ်က္ခ်င္းဆိုသလိုပဲညကတိမ္ယံတို႔အိမ္မွာပဲမူးကြဲၿပီးျဖစ္သလိုအိပ္ခဲ့ၾကတဲ့သူ႔သူငယ္ခ်င္းအုပ္စုပါေရာက္ခ်လာၿပီးသူနဲ႔မိုးသားကိုလြန္က်ဴးခဲ့တယ္ထင္သြားၾကေလ၏။
''ခယ္မဆိုတာေပါင္တစ္ဖက္ပိုင္တယ္တဲ့ အခုခယ္မေတာင္မေတာ္ရေသးဘူး တစ္ကိုယ္လုံးပိုင္သြားၿပီ''
သူ႔သူငယ္ခ်င္းအခ်င္းခ်င္းတီးတိုးေျပာတာကိုၾကားၿပီးေဒၚသီသီလည္းမ်က္ႏွာပ်က္သြားရေလသည္။
သမုက
''ခုလိုျဖစ္သြားၿပီဆိုမွေတာ့ေနာက္လက်င္းပမယ့္မဂၤလာပြဲမွာသတို႔သမီးနာမည္ကိုမိုးသားခ်ိဳလို႔ေျပာင္းလိုက္ၾကတာေပါ့''
''ဟင္''
သူမစကားေၾကာင့္တိမ္ယံအထိတ္တလန္႔ျဖစ္သြားရကာသမုပုခုံးႏွစ္ဖက္အားဆုပ္ကိုင္၍
''မဟုတ္ဘူးသမု ကိုယ္မင္းကိုအဆုံးရႈံးမခံႏိုင္ဘူး ကိုယ္တို႔ဘာမွမျဖစ္ခဲ့ပါဘူးကြာ ကိုယ့္ကိုယုံပါ''
''ေဆာရီးပါပဲ''
သမုကသူ႔လက္ေတြကိုျဖဳတ္ခ်ၿပီးအခန္းထဲကထြက္သြားေလေတာ့သည္။
သူမိုးသားကိုလွည့္ၾကည့္ေတာ့လည္းတရႈံ႕ရႈံ႕နဲ႔ငိုေနၿပီမို႔ပိုၿပီးစိတ္ရႈပ္သြားရ၏။
သူပဲၿဂိဳဟ္ေမႊၿပီးသူကအရင္ဦးေအာင္ငိုတာမို႔တိမ္ယံစိတ္တိုကာသူမလက္ေမာင္းတစ္ဖက္အားခပ္ၾကမ္းၾကမ္းဆုပ္ကိုင္၍
''နင္ငိုမေနနဲ႔ နင္ငိုေနလို႔မၿပီးဘူး ငါနဲ႔သမုေဝးလို႔ကေတာ့နင္ငါနဲ႔ေတြ႕မယ္''
''အဟင့္ ဟင့္ အီးဟီး''
မိုးသားရွက္လိုက္တာ။လူေတြအမ်ားႀကီးကသူမတို႔အားအထင္လြဲသြားၾကၿပီ။
မိုးသားတို႔ဘာမွမျဖစ္ခဲ့မွန္းကိုယ္ကိုယ္တိုင္သိေပမယ့္ေဘးလူေတြကမယုံၾကည္ၾကေပ။
မမကပါအထင္လြဲသြားၿပီမို႔မိုးသားတစ္ကယ္ပဲေ.သခ်င္သြားရသည္။
မမယုံေအာင္ေတာ့မိုးသားရွင္းျပရမည္။
______________
''ဘာမွလာမေျပာနဲ႔! ငါဘာမွမၾကားခ်င္ဘူး''
မမကိုရွင္းျပဖို႔ႀကိဳးစားေနတဲ့မိုးသားရဲ႕စကားလုံးေတြကတစ္ကယ္ပဲေပ်ာက္ရွသြားရ၏။
''နင့္ရဲ႕ဒိုင္ယာရီကိုငါဖတ္ၿပီးၿပီ''
''ရွင္''
''နင္ဒါတမင္လုပ္တာမလား''
''ဟင့္အင္း မဟုတ္ဘူးမမ မမထင္သလိုမဟုတ္ပါဘူး''
''အဟင္း နင္ကအေျပာနဲ႔အလုပ္မညီဘူးပဲမိုးသား နင္ေျပာေတာ့သူ႔ကိုမပိုင္ဆိုင္ရလည္းရတယ္ဆို အခုေတာ့အပိုင္ပါႀကံပစ္လိုက္တယ္ နင္အရမ္းေတာ္တာပဲ ငါ့အလစ္မွာငါ့ခ်စ္သူကိုနင့္ေယာက်္ားျဖစ္ေအာင္လုပ္ပစ္လိုက္ႏိုင္တယ္''
''အဟင့္ ဟင့္''
မိုးသားဘာေျပာလို႔ေျပာရမွန္းမသိပဲငိုေန႐ုံပဲတတ္ႏိုင္ခဲ့သည္။
''နင္သူ႔ကိုခ်စ္ေနတယ္မလား ငါးႏွစ္ေလာက္crushခဲ့ရတာမလား နင္သူ႔ကိုလိုခ်င္တယ္မလား ယူ ယူလိုက္ ငါေပးတယ္''
ထိုစဥ္
''ဒါကဘာစကားလဲ''
''ဟင္''
အသံလာရာကိုလွည့္ၾကည့္မိေတာ့ကိုကိုကသူမတို႔နဲ႔မလွမ္းမကမ္းမွာရပ္ေန၍မိုးသာအေၾကာအခ်ဥ္ေတြေတာင့္တင္းသြားရေတာ့သည္။
''ကို ကိုကို''
''ဒါမေတာ္တဆပါလို႔ငါ့ကိုမေျပာနဲ႔ေနာ္မိုးသားခ်ိဳ နင္တမင္လုပ္ခဲ့တာမို႔လား''
''မဟုတ္ဘူး ကိုကိုနဲ႔မမထင္သလိုလုံးဝမဟုတ္ပါဘူး မိုးသားကိုယုံၾကည္ေပးၾကပါ မိုးသားမွာအဲလိုစိတ္မရွိပါဘူး''
ကိုကိုကဘာမွမေျပာပဲသူမကိုသာစူးစူးဝါးဝါးၾကည့္လာ၏။
ကိုကို႔မ်က္လုံးေတြကေတာ့ေျပာျပရွာပါတယ္။
''မင္းကိုအရမ္းမုန္းတယ္''
တဲ့။
💙💙
4.3.2024