သိပ်ချစ် အလွန်အမင်းအံ့ဩ သွားသည်။ သူနှင့် အတူလမ်းကြုံ လိုက်မည့်သူက အစ်မဝတ်မှုံ ဖြစ်နေတယ်တဲ့လား။ အစ်မဟာ ငိုထားပုံရသည်၊မျက်နှာတစ်ခုလုံးရဲတက်နေသည်။ အခြေအနေကိုမေးကြည့်ချင်ပေမဲ့ သိပ်ချစ် မမေးရဲ ။ သိပ်ချစ် အလှဆုံး အပြုံးဖြင့် ဝတ်မှုံကို ပြုံးပြရင်း...
"သွားကြရ အောင်နော်"
"အင်း" ဝတ်မှုံသည် ထိုမျှသာပြောပြီး ကားပြတင်းပေါက်ဆီ ရီဝေစွာ ငေးကြည့်နေသည်။
:သေချာပေါက် အဆင်မပြေတာ တစ်ခုခုရှိလို့မလား အစ်မရယ် ၊အစ်မ ရင်ထဲကို ဝင်ကြည့်နိုင်ရင် သိပ်ကောင်းမှာပဲ ဟူးးးး: သိပ်ချစ် စိတ်ထဲ တွေးနေမိသည်။
" အစ်မ ဗိုက်ဆာပြီလားဟင် တစ်ခုခု စားချင်လား ညီမ ဆင်းဝယ် ပေးမယ် လေ"
"ဟင့်အင်း အစ်မ ဗိုက်မဆာဘူး"
သိပ်ချစ်အကျပ်ရိုက်သွားသည်။စကားနည်းသူပီပီ ဘာဆက်ပြောရမှန်းမသိတော့ပေ။
" ဟော ရန်ကုန် နယ်နိမိတ် တောင် ရောက်ပြီ ၊ ဒါနဲ့ အစ်မကို ညီမ မမေးရ သေးလို့၊ အစ်မ ဘယ်နားမှာဆင်းချင်လဲဟင်"
"ညီမ လေး ရပ်ချင်တဲ့ နေရာရပ်လေ၊အစ်မဆင်းပေးမယ်"
"ဟင် မဟုတ် ဘူးလေ..အစ်မ က လမ်းကြုံလို့လိုက်လာတာမဟုတ်ဘူးလား"
"....."
အစ်မဟာ ဘာစကားမှ မဆိုတော့ပေ။သို့သော် သူမ မျက်ဝန်းတွေမှာ တစ်ဖြိုက်ဖြိုက် ကျဆင်းလာတဲ့ မျက်ဝန်းတွေကို ကျွန်မ မမြင်ရက်ပါ။ အစ်မဟာ စကားမပြောနိုင်လောက်အောင် မျက်ရည်များဖြင့် ရှိုက်နေသည်။သို့သော် ကျွန်မ ဘယ်လိုနှစ်သိမ့်ရမလဲ မသိပေ။ အရေးအကြောင်းဆိုရင် နှုတ်ဆိတ်တတ်လွန်းတဲ့ ကျွန်မကို အစ်မကပဲ အရှုံးပေးပြီး စကားစလာသည်။
"အစ်မ အိမ်ကနေ ခိုးထွက်လာတာ"
"ဟင်"
"ဟုတ်တယ် ၊ညီမ လေး အခု အစ်မ ဘယ်ကိုသွားရမလဲ တကယ် မသိဘူး"
သိပ်ချစ် အစ်မကို သနားသွားသည်။ တကယ်ဆို လက်ထပ်ပွဲက နီးနေပြီဖြစ်တဲ့အတွက် သတိုးသမီးလောင်းဟာ အိမ်မှာပဲ ရှိနေသင့်တာမဟုတ်လား။ ဒါမှ မဟုတ် လက်မထပ်ချင်လို့ တမင် ရှောင်ထွက်လာတာများလား။
"အစ်မ"
သိပ်ချစ် အနွေးထွေးဆုံးအပြုံးဖြင့် အနူးညံ့ဆုံးခေါ်လိုက်သည်။
"ဟင်"
"ညီမကို ယုံတယ်မလား"
ထိုအမေးကို ဝတ်မှုံမဖြေပါ၊ဖြေစရာမလိုတော့ဘူးထင်လို့ပါ။ ခေါင်းကို အသာအယာ ညိမ့်ကာ ထိုကောင်မလေးခေါ်ဆောင်ရာ လိုက်ခဲ့တော့သည်။
.................................................
"ကဲ ရောက်ပြီ ဒါ ညီမတို့အိမ်ပါပဲ၊ ညီမမိဘတွေနဲ့ မိတ်ဆက်ပေးမယ် ၊ အစ်မ ကိုယ့်အိမ်လိုပဲ သဘောထားပြီးနေနိုင်တယ်နော်"
ဝတ်မှုံဟာ လက်ထပ်ရမှာကြောက်လို့မဟုတ်ပါဘူး၊ ထိုကောင်မလေးနဲ့ တစ်သက်လုံးဝေးရမှာကို ပိုကြောက်လို့ ဒီလမ်းကိုရွေးခဲ့တာပါ။ ဒီကိုမလာခင်ကတည်းက အကြိမ်ကြိမ် စဉ်းစားခဲ့ပြီးသားပါ။
အိမ်ကလေးဟာ သပ်ရပ်လွန်းပါတယ်၊ ခေတ်ဆန်ဆန်လေး ဆောက်ထားသည်။ ဟော.. အိမ်ထဲ ဝင်ဝင်ချင်း တွေ့ပါပြီ၊ ထိုကောင်မလေး၏ လူတစ်ရပ်ကျော် လောက်ရှိတဲ့ ပုံတူပန်းချီကား။ ခန်းညားလိုက်တာဆိုသည်မှာလေ၊ ဝတ်မှုံကြည့်ရင်းနဲ့ ကြည့်လို့မဝပေ။
"လာ ညီမ အခန်းထဲလိုက်ပို့ပေးမယ်"
"အင်း"
အဖြူရောင်ဆေးသုပ်ထားတဲ့ အခန်းလေးထဲမှာ ခဲရောင် ခန်းဆီးလိုက်ကာလေးတွေဟာ လေယူရာ လွှင့်နေကြတာ ကြည့်ရတာ ကောင်းလိုက်တာ။ အခန်းလေးထဲက စံပယ်ပန်းအဆီကို သုံးထားတဲ့မွှေးရနံ့ဟာလည်း သင်းပျံ့နေတယ်။ အဖြူရောင် စာရေးစားပွဲပေါ်မှာ၊ စာအုပ်ထပ်ကလေးရယ်၊ ခဲရောင် လေးထောင့် ပန်းအိုးထဲမှာ အစိမ်းနုရောင် ရွက်လှပင်လေးကို အလှစိုက်ထားသည်။ ပစ္စည်းရယ်လို့ များများမရှိတာကို ကြည့်ရင် သိပ်ချစ်ဆိုသော ကောင်မလေးဟာ အလွန်သပ်ရပ်တာ ကြိုက်သည်ဟု ဆိုရမည်။
ကလင် !ကလင်!🔊🔊🔊
"အစ်မ ခဏနော် ညီမဖုန်းလာနေလို့"
"Hello ပါး"
"....."
" ဟုတ်လား..သမီးအိမ်ပြန် ရောက်နေပြီ"
"........"
"ဒီည ပြန်မရောက် ဘူးပေါ့"
"....."
"Ok ok ဒီမှာ ဧည့်သည်လဲ ပါလို့လေ ဟုတ်"
"....."
"မိန်းက လေးပါ ၊ ဟုတ် See youပါး"
ဖုန်းချကာ ဘေးမှာရှိတဲ့ အစ်မကို အားနာစွာဖြင့်
"Sorry အစ်မ၊ နည်းနည်းကြာသွားတယ်"
"ရပါတယ် "
"ဒီ နေ့မှ အိမ်ပြန်ရောက်တာ ဆိုတော့ တစ်ခြားအခန်း တွေမရှင်းရ သေးလို့ ညီမအခန်းမှာပဲ အတူ အိပ်ရအောင်နော်"
"ဟင်!"
"ဟို ညီ ညီမ ပြောတာ ရိုးရိုးသားသား!"
" Ok ok တို့ရေချိုးချင်လို့ တစ်ချက်လောက်"
ခုတ်ရာတစ်ခြား ထိရာတစ်ခြားဖြစ်တာကြောင့် သိပ်ချစ်လဲ အနည်းငယ် ရှက်သွားသည်။ သိပ်ချစ်အကြောင်းကို သိတာကြောင့် ဝတ်မှုံကနေပဲ စကားလွဲလိုက်သည်။
"ဟို ရေချိုးခန်းက ဒီဖက် ပါ ညီမ လိုက်ပို့မယ်"
............................................
အစ်မဝတ်မှုံ ရေချိုးနေတုန်းမို့ သိပ်ချစ်လဲ မီးဖိုချောင်ထဲဝင်ကာ ချက်ပြုတ်နေသည်။ ညနေတောင်စောင်းပြီ မနက်ကတည်းက ဘာမှ မစားလိုက်ရသည့် အစ်မကို အားနာမိသည်။ သိပ်ချစ်ကတော့ ထုံးစံအတိုင်း အစာလွန်ပြီမို့ ဘာမှ ထပ်မစားချင်။ ချက်စရာတွေဟာ ကြာအုံးမည် မို့ ၊ရေခဲသေတ္တာထဲရှိ နွားနို့ အသီး၊ကိတ် တစ်ချို့ကို အနည်းငယ်ပြင်ဆင်ကာ အစ်မ အဆာပြေစားဖို့ လုပ်ထားလိုက်သည်။
"အစ်မ အို့! ဒုက္ခပဲ"
အစ်မ ရေချိုးပြီးပြီအထင်နှင့် အခန်းထဲဝင်ကာ အဆာပြေစားဖို့ ခေါ်ကာမှ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သိပ်ချစ် တံခါးအမြန်ပိတ်ကာ အပြင်ဘက်ကနေ လှမ်းပြောလိုက်သည်။
" Sorry အစ်မ ၊အစ်မ ဗိုက်ဆာရင် စားဖို့ ပြင်ထားတယ် အဲ့ဒါ လာ ပြောတာ"
အဝတ်အစားလဲဖို့ ထင်ပါရဲ့ မီးပိတ်ထားတဲ့ အခန်းလေးထဲမှာ ပြတင်းပေါက်မှတစ်ဆင့် ဖောက်ဝင်လာတဲ့ နေရောင်မှိန်မှိန်လေး ကနေ အဝတ်ဗလာနဲ့ sexy ဆန်လွန်းတဲ့ အစ်မ ရဲ့ကောက်ကြောင်းတွေကိုမြင်လိုက်ရ တော့ သိပ်ချစ်အသက်ရှူရပ်သွားမလိုပင်။
.................................
ညနေစာစားတော့ ခုဏလေးတင်ဖြစ်သွားတဲ့ ကိစ္စကြောင့် ရှက်နေသည့် ဝတ်မှုံကို သိပ်ချစ်အားနာမိသည်။
"အစ်မ ..စားမကောင်းလို့လား"
"မဟုတ်တာ စားကောင်းပါတယ်"
..........
"ညီမ လေးအဲ့လိုကြည့်နေတော့ အစ်မ ဘယ်လို ထမင်းစားရမှာလဲ"
" အော် အင်း ဟုတ်သားပဲ ဟီး ဆက်စားနော်၊ညီမတော့ဝပြီ"
ဟုတ်ပ သူပြောမှ သတိထားမိတယ်၊သူ့ကိုစိုက်ကြည့်နေမိတာ အကြာကြီးပဲ။
ခဏ ကြာတော့ အစ်မလဲ ထမင်းစားလို့ပြီးသွားသည်။ ပန်းကန်ဆေးဖို့ပြင်တော့...
"ဒါတွေ ညီမသိမ်းလိုက်မယ်၊ ပေး ပေး အစ်မပန်းကန်ပါ ဆေးပေးမယ်"
"ဟာ မလိုပါဘူး ၊အစ်မ ကိုယ်တိုင် ဆေးပါရစေ"
"အို မဟုတ်တာ ပေးပါ၊ အစ်မ အထဲဝင်ပြီး စောင့်နေနော်"
"ဘယ်လို!"
ဟင်းးး ငါကွာ ဘာတွေ လျှောက်ပြောနေတာပါလိမ့်၊ အစ်မကလဲ ဘာတွေတွေးနေမှန်းလဲမသိဘူး၊ တစ်နေကုန်လွှဲနေတော့တာပဲ ဟူးးး
"အစ်မ နားချင်နားလို့၊ ပျင်းရင်တော့ TV ကြည့်လို့ရတယ်နော် အဲ့ဒါ ပြောတာ"
"TV မကြည့်ချင်သလို၊ နားလည်းမနားချင်သေးဘူး၊ မင်းကို အခန်းထဲကနေ စောင့်နေမယ်နော်"
" ဟင် အမ်. အော် ဟုတ်ကဲ့ "
"မကြာနဲ့ နော် တစ်ယောက်တည်းကြောက်လို့"
"ဟုတ် မကြာပါဘူး"
.......................
ကျွိ! တံခါးဖွင့်သံနှင့်အတူ...
" အစ်မ "
"ဟင်"
"အစ်မက သိပ်ချစ်ရဲ့ အမျိုးသမီးလို့ မိဘတွေကို ပြောထားတယ်"
"ဘယ်လို!"
ဝတ်မှုံအတော် အံ့ဩသွားသည်။ ပျော်ရမည်လား၊ဝမ်းနည်းရမည်လား၊ အိမ်က အဘနဲ့ အမေ့ကိုတော့ ဝတ်မှုံဒီကနေပဲကန်တော့လိုက်ပါရစေ။ သမီးမိုက်ကို ခွင့်မလွှတ်ဖို့ပေါ့။ အချစ်ရူးလို့ပြောချင်လဲပြောကြပါစေတော့၊ ဒီကောင်မလေးကလွဲရင် ဘယ်သူ့ကိုမှ ခံစားလို့မရတော့ပြီမို့၊ ဒီကောင်မလေးနဲ့ပတ်သက်လို့ အပူဖြစ်ဖြစ် အအေးဖြစ်ဖြစ် ဝတ်မှုံခံယူဝံ့ပါသည်။
" မိန်းမ ခိုးလာတယ်လို့ အပါးကို ပြောထားတာ"
သိပ်ချစ်ထိုသို့ ပြောလိုက်တော့ ဝတ်မှုံရင်ထဲလှိုက်ကနဲပင်။ သို့သော် စိတ်ပူစရာတွေဟာလဲ ကပ်ပါလာရစမြဲ....
" သိပ်ချစ် ဖေဖေနဲ့မေမေက ဘာပြောလဲ"
"သူတို့က သိပ်ချစ်သဘောတဲ့၊ အဲ့တော့ ဒီညသူတို့ပြန်မလာကြဘူး၊ အခွင့်အရေးတစ်ခု အနေနဲ့ အခုသိပ်ချစ်ရဲ့မိန်းမဖြစ် ပေးနိုင်မလား"
"....."
...........................
Hsan Kyal 🍁☕