ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမာ...

By Swae_Nyoe

252K 31.5K 1.2K

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစား... More

Descripton
Spoil မယ်
Part 1
မေးစရာရှိလို့ပါ ဖြေပေးကြနော်
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
တောင်းဆိုချက်..
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
သတင်းအချက်အလက်..
Part 24
Part 25
Part 26
တယ်လီဂရုကြေညာချက်..
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
🥰တယ်လီဂရုလေးပြီးဆုံးသွားပါကြောင်း🥰
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 81
Part 82
Part 84
Part 85
BL Completed Package Promotion
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
Completed in Telegram
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 115
Part 116
Part 117
Part 118
Part 119
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
💥 September လလယ် Promotion💥
Part 131
"စွဲညို့Team ဇာတ်လမ်းများ ဖတ်ဖွယ်ဖတ်ရာ စုံစုံလင်လင်"
Part 132
Part 133

Part 83

1.6K 214 15
By Swae_Nyoe

အပိုင်း (83)

ပွဲစဥ်က အဆုံးသတ်သွားသည်။ ဖန်သားပြင်တိုင်းကလည်း ဂိမ်းအကြိုအင်တာဗျူးဘက်သို့ ပြောင်းသွားသည်။

သာမန်seasonတောအတွင်း ထိုရက်၏ mvpများထဲမှ တစ်ယောက်ကို ထိုအင်တာဗျူးအတွက် ခေါ်လေ့ရှိကြသည်။ တစ်ခါတစ်ရံတွင် နည်းပြများကို ဖိတ်ခေါ်ကြသည်။ ဒီတစ်ကြိမ်တွင်မူ မျှော်လင့်ထားစွာပင် အင်တာဗျူးက ယဲ့ရှောင်းယန် ဖြစ်နေသည်။

အင်တာဗျူးအခန်းမှ အလင်းများက အ လွန်အမင်း ထိန်လင်းနေသည်။ သူတို့က ယဲ့ရှောင်းယန်အပေါ် ဖြာကျနေပြီး သူ၏အသားအရည်၏ တောက်ပမှုကို ပို၍ပင် ဖြူဖျော့သွားအောင် မွမ်းမံပေးလိုက်သလို ဖြစ်သွားသည်။ esportကစားသမားများတွင် အမည်းစက်များနှင့် ဝက်ခြံအမာရွတ်များက ရှိတတ်သည်။ သို့သော် ယဲ့ရှောင်းယန်၏ ဖျော့တော့လွန်းသော အသားအရေပေါ်တွင်မူ မည်သည့်အမည်းစက် အမာရွတ်မှ ရှိမနေခဲ့ချေ။ သူက ပြုံးလိုက်သောအခါ သူ၏ promotional ဓာတ်ပုံများထက်ပင် ပို၍ ဆွဲဆောင်မှု ပြင်းသွားသေးသည်။

အရည်အသွေးမြင့် ကင်မရာကြီးဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြနေသောကြောင့် ဖန်သားပြင်​ကြီး​များတွင်လည်း ထိုပုံက ထင်ရှားစွာ ပေါ်လာသည်။ ထိုအခါ streamingအခန်းထဲတွင်လည်း စိတ်လှုပ်ရှားသော အော်ဟစ်သံများက ထွက်ပေါ်လာပြန်သည်။

[ကြေညာချက် ကြေညာချက် အခုကစပြီး ငါက ဒီရှောင်အိုမီဂါကောကောလေးရဲ့ ဦးနှောက်သေပရိသတ်ပဲ]

[ယန်ယန် လောင်ကုန်းမလိုဘူးလား၊ ငါလည်း အိုမီဂါပါပဲ ဒါပေမဲ့ မင်းအတွက်ဆိုရင် အယ်ဖာဖြစ်ပေးနိုင်တယ်]

[ဒီ streaming အခန်းထဲကနေ ဒီလိုညစ်ညမ်းတဲ့အတွေးတွေနဲ့ ပရိသတ်တွေ ထွက်သွားပေးနိုင်မလား၊ ဘယ်သူက esportကစားသမား တစ်​ယောက်ရဲ့ မျက်မှာကို ဂရုစိုက်နေလို့လဲ၊ သူတို့ရဲ့ skillကိုပဲ ဂရုစိုက်လိုက်]

[မင်းအထင် အသူရာအရှင်သခင်နဲ့ penta kill ယူသွားတဲ့သူက လုံလောက်တဲ့ skillမရှိဘူးပေါ့ ]

[ငါတို့က သူ့skillရဲ့ ပရိတ်သတ်လို့ ပြောချင်တာ]

အင်တာဗျူးသူက ယဲ့ရှောင်းယန်ရောက်လာသောအခါ စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးသည်။

"ကြိုဆိုပါတယ် ထျန်းဟွမ်လဲ့ယန်"

ယဲ့ရှောင်းယန်က ကင်မရာကို ယဥ်ကျေးစွာ ပြုံးပြသည်။

အင်တာဗျူးသူက ဆက်ပြောသည်။

"အဓိက အဖွဲ့ချုပ်ကြီးတစ်ခုလုံးရဲ့ ပထမဦးဆုံးသော အိုမီဂါ midlanerတစ်ယောက်အနေနဲ့ အွန်လိုင်းပေါ်မှာ မင်းရဲ့ စွမ်းရည်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ကြတဲ့သူတွေ အများကြီး ရှိခဲ့တယ်၊ မင်းဒီလိုပြင်းထန်တဲ့ ဖိအားကို ဘယ်လို ခံစားရလဲ"

ယဲ့ရှောင်းယန်က မိုက်ခရိုဖုန်းကို လှမ်းယူပြီးနောက် ဖြေသည်။

"ဒါက ငါ့အပေါ်အများကြီး မသက်ရောက်ခဲ့ပါဘူး၊ ဖိအားများတယ်လို့တောင် ပြောလို့မရပါဘူး"

အင်တာဗျူးသူက မျက်တောင်တစ်ချက်ခတ်ပြီး စိတ်ရှုပ်သွားသည်။

ယဲ့ရှောင်းယန်က ပြုံးကာ ဆက်ပြောသည်။

"ဘာလို့လဲဆိုတော့ သာမန် seasonမစတင်ခင်မှာ ငါတို့ တစ်သင်းလုံးက အချိန်အကြာကြီး သီးသန့်ခွဲလို့ လေ့ကျင့်ခဲ့ရတာလေ၊ နည်းပြကလည်း ငါတို့ကို weiboကို မဆင်းခိုင်းဘူး၊ ဒီတော့ ပြည်သူတွေက ငါ့ကို နာကျင်အောင် ပြောဆိုဆဲရေးနေကြတာကို မမြင်ခဲ့ဘူးလို့ ပြောရမှာပဲ"

သူက ပြောနေရင်းမှ ကင်မရာကို လှည့်ကြည့်ကာ ယဥ်ကျေးစွာ ပြုံးပြသည်။

သူ၏ မျက်နှာထားက အပြစ်ကင်းစင်မှု အပြည့်ရှိနေသည်။ သို့သော် ထိုမျက်နှာထားကတင် တစ်စုံတစ်ရာကို မေးနေသလို ထင်ရသည်။

"အိုး တစ်ယောက်ယောက်က ငါ့ကို မကောင်းပြောခဲ့သေးတာလား"ဆိုသော အဓိပ္ပါယ်ရောက်နေ၏။

အွန်လိုင်းပေါ်တွင် သောင်းပေါင်းများစွာသော မကောင်းပြောထားသည့် commentများကို ပို့ခဲ့သူ antifanများကမူ ဆွံ့အကုန်ကြသည်။

ဒီကောင်က သတိတောင်မထားမိဘူးလား။

ဘယ်လောက် မုန်းဖို့ ကောင်းလိုက်လဲ။

လုပ်ကြံဖျက်ဆီးတတ်သော antifanအစုအဝေးက ထျန်းဟွမ်ကို အချိန်ကြာရှည်စွာ မကောင်းပြောကာ ရှုတ်ချလာခဲ့ပြီး ထျန်းဟွမ်ကို နှစ်ကြိမ်ဆက်တိုက် trendingဝင်စေသည်အထိ ဖြစ်စေခဲ့သည်။ သို့သော် ယဲ့ရှောင်းယန်ကမူ ထိုစကားလုံးများကို မမြင်ခဲ့ဟု ဆိုလာသည်။

ဒါဆို သူတို့ ခံစားပြထားတာတွေက ဘယ်လောက်တောင် ဖြုန်းတီးလွန်းကာ ကျသွားလိုက်မလဲ။

အင်တာဗျူးသူက ချောင်းအသာဟန့်ပြီး ဆက်မေးသည်။

"ထျန်းဟွမ်က ဒီနှစ်ရဲ့ pre season ပွဲမှာ ၃ပွဲနိုင်ပြီး ၅ပွဲရှုံးသွားလို့ group bကို ကျသွားတယ်၊ မင်းတို့တွေ group bကို ရည်ရွယ်ချက်ရှိရှိနဲ့ ဝင်စေခဲ့တာလား"

ထိုမေးခွန်းက အတော်လေး အထိမခံ ဖြစ်သည်။

ယဲ့ရှောင်းယန်က တစ်ခဏခန့် တွေးတောပြီးနောက် ရိုးသားစွာပြောသည်။

"ငါတို့တွေ ရည်ရွယ်ချက်ရှိရှိနဲ့ အဆင့်ကို ကျစေခဲ့တာ မဟုတ်ပါဘူး၊ ထျန်းဟွမ်က ဘယ်ဂိမ်းကိုမှ လက်လွှတ်စပယ် မလုပ်ဘူး၊ ငါတို့က pre season ဂိမ်းပွဲတွေကိုလည်း အရမ်းကို အ​လေးအနက်ထားပြီး ငါတို့ရဲ အင်အားတွေကို စိုက်ထုတ်ပြီး ကြိုတင်ပြင်ဆင်ခဲ့တာပါ၊ ဥပမာအနေနဲ့ ငါတို့က ကျင်းကျယ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အချိန်မှာ ငါတို့ဘက်ကနေ အရမ်းကို highlyမိုဘိုင်းဖြစ်တဲ့ formationတစ်ခုကို သုံးနိုင်ခဲ့လို့ အသင်းတိုက်ပွဲတွေ အများကြီးကို ရှောင်နိုင်စေခဲ့တာပဲ၊ ငါတို့ဘက်က သူတို့ကို ထိပ်တိုက်ရင်ဆိုင်လိုက်တာနဲ့ ချက်ချင်း ခေါင်းထိုးပေးပြီး အရှုံးခံလိုက်တာမှ မဟုတ်ဘဲလေ၊ ငါတို့ အဆုံးသတ်မှာ ရှုံးသွားခဲ့ရတဲ့ အကြောင်းပြချက်ကတော့ ​ခေါင်းဆောင်ဖန်းက ငါတို့ရဲ့ maskmanကို insta kill ယူလိုက်ပြီး အသင်းတိုက်ပွဲကို လဲပြိုကျသွားစေခဲ့လို့ပါပဲ၊ ပင်းဟွန်းနဲ့ ယှဥ်ခဲ့တဲ့ ဂိမ်းပွဲမှာတော့ ငါတို့ဘက်က ............"

အင်တာဗျူးသမားက သူ့ကို စိုက်ကြည့်နေပြီး ကြောင်တောင်တောင်ဖြစ်သွားသည်။

Live streamမှ ကြည့်ရှုသူများ၏ ခေါင်းပေါ်တွင်လည်း ကော်ရှင်မှတ်များ ပြည့်လာသည်။

ဒီလူက သူတို့ကို pre season ဂိမ်းပွဲကို တိုက်ရိုက် review လုပ်ပေးနေတာလား။

ယဲ့ရှောင်းယန်၏ ဗလာဗလာဗလာ များက မဆုံးနိုင်အောင် ဆက်ပြောနေသည်။ သူကလည်း ထျန်းဟွမ်က မည်သို့ ရှုံးသွားကြောင်း ပြီးပြည့်စုံစွာ အတည်ပြု သက်သေပြနေခြင်း ဖြစ်သည်။

အင်တာဗျူးသူကမူ တောက်လျှောက်ပြောနေသော စကားလုံးများကြောင့် ကြောင်တောင်တောင်ဖြစ်ကာ ဆွံ့အကုန်သည်။ ယဲ့ရှောင်းယန်က နောက် ဆယ်မိနစ်ကြာသည်အထိ ဆက်ပြောနိုင်ကြောင်း မြင်သောအခါ အင်တာဗျူးသူက ချက်ချင်းလိုလို ချောင်းအသာဟန့်လိုက်ပြီး နှောင့်ယှက်ကာ ဖြတ်ပြောလိုက်ရသည်။

"အဟမ်း ကြည့်ရတာ....ထျန်းဟွမ်က pre seasonဂိမ်းပွဲတွေအတွက် တော်တော်လေးကို ရိုးရိုးသားသားနဲ့ ပြင်ဆင်ခဲ့တာပဲ၊ လူတိုင်းကလည်း အခုမှ ထျန်းဟွမ်ရဲ့ team line upက ဘာကြောင့် ပြဇာတ်ဆန်ဆန် ပြောင်းလဲသွားလဲဆိုတာကို နားလည်လိုက်ကြလောက်တယ်၊ မင်းတို့တွေ မင်းကို ချွီကျန်းရဲ့ midlaner နေရာကို အစားထိုးဖို့ ဘယ်လိုများ ဆုံးဖြတ်ချက် ချခဲ့တာလဲ"

ယဲ့ရှောင်းယန်က ပြောသည်။

"ရှောင်ရှင်းက အသစ်လေ၊ maskmanက အလွယ်တကူ gankလုပ်ခံရနိုင်တယ်၊ ချွီကျန်းက တည်တည်ငြိမ်ငြိမ် ကစားနိုင်ပြီး အရမ်းကို တည်ငြိမ်လွန်းတာ မဟုတ်လား၊ နည်းပြအသင်းကလည်း ချွီကျန်းကသာ ရှောင်ရှင်းကို သွားပြီး ကူညီပေးမယ်ဆိုရင် အကောင်းဆုံးလို့ ယုံကြည်ထားကြတာကိုး၊ ဒီလိုဆိုရင် ငါတို့အနေနဲ့ အောက်ခြေလမ်းကျဥ်းကို ဖျက်ဆီးခံရတဲ့ အခြေအနေကနေ အတတ်နိုင်ဆုံး ကင်းလွတ်သွားမယ်မဟုတ်လား၊ ငါလည်း နည်းပြအသင်းရဲ့ ဗျူဟာက တော်တော်လေးကို အဆင်ပြေတယ်လို့ ထင်တယ်၊ ချွီကျန်းကလည်း အောက်ခြေလမ်းကျဥ်းက အသစ်ကလေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကာကွယ်ပေးချင်တယ်လေ၊ ဒီလိုနဲ့ အောက်ပိုင်းက အခြေအနေအားလုံးက တည်ငြိမ်သွားတာပေါ့"

အင်တာဗျူးသူက ဆက်မေးသည်။

"ဒါပေမဲ့ မင်းက အသစ်လေ၊ နည်းပြတွေက မင်းကို ချွီကျန်းရဲ့ midlanerနေရာမှာ အစားထိုးဖို့ တကယ်ပဲ စိတ်အေးနိုင်တာလား"

ယဲ့ရှောင်းယန်က ရယ်သည်။

"သူတို့က စိတ်မအေးပါဘူး၊ ဒီတော့ နည်းပြတွေက ခေါင်းဆောင်ချီကိုပြောပြီး ငါ့ကို ကူညီခိုင်းခဲ့တာ၊ သူတို့ကလည်း ငါအသစ်လေးက ကောင်းကောင်းမလုပ်နိုင်မှာကို စိုးရိမ်ကြတာပေါ့၊ ဒါကြောင့် ဒီ ဂိမ်း၂ပွဲမှာ ခေါင်းဆောင်ချီက အပြာရောင် buffတိုင်းကို ငါ့ကို ပေးခဲ့တာလေ၊ ဒါကြောင့် ခေါင်းဆောင်ချီရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ရမယ်"

ချီရှို့ကလည်း တိတ်တဆိတ်သာ ကြည့်နေသည်။

ကြည့်ရှုသူများ၏ ခေါင်းပေါ်တွေလည်း မေးခွန်း သင်္ကေတများက ပေါ်လာပြန်သည်။

[သူက တကယ်ကို အရမ်းကို စဥ်းစားဆင်ခြင် တွေးတောပေးတတ်တာပဲ၊ ဘာလို့ စကားပြော ကောင်းနေရတာလဲ]

[သူက အင်တာဗျူးတစ်ခုထဲမှာ သူရဲ့ အသင်းဖော်တွေနဲ့ နည်းပြတွေကို ပေါင်းပြီး ချီးကျူးသွားတာလား ]

[ငါတို့ရဲ့ ရှောင်ကောကော အိုမီဂါလေးရဲ့ eqက တအားမြင့်တယ်၊ ဒီရှင်းပြချက်တွေနဲ့ဆိုရင် ချွီကျန်းက အထောက်အပံ့အဖြစ် ပြောင်းသွားတာကို လက်ခံဖို့ လွယ်သွားပြီး မဟုတ်ဘူးလား ]

[ချွီကျန်းက တော်တော်လေးကို တည်ငြိမ်တဲ့ ကစားသမားလေ၊ ချွီကျန်းရဲ့ ကာကွယ်မှုနဲ့ဆိုရင် ရှောင်ရှင်းက အောက်ခြေလမ်းကျဥ်းမှာ မလဲကျနိုင်တော့ဘူး ]

အင်တာဗျူးသူက ချက်ချင်းဆက်မေးသည်။

"လဲ့ယန် ငါတို့တွေ မင်း ပထမဂိမ်းပွဲမှာ penta killယူသွားနိုင်တဲ့အတွက် ဂုဏ်ပြုရမယ်၊ ဒါက season10ရဲ့ ပထမဦးဆုံး penta killပဲ၊ မင်းက ပထမဦးဆုံး ဂိမ်းပွဲမှာတင် 5 killနဲ့ နတ်ဘုရားနယ်မြေကို တက်လှမ်းလိုက်နိုင်ပြီ၊ ချက်ချင်းလိုလို မင်းရဲ့နာမည်ကို တင်ကျန်ရစ်အောင် လုပ်လိုက်နိုင်ပြီ၊ မင်း ငါတို့ ကြည့်ရှုသူတွေကို ပြောချင်တာများ မရှိဘူးလား"

ယဲ့ရှောင်းယန်က ပြုံးနေသော မျက်ဝန်းများဖြင့် ကြည့်လာကာပြောသည်။

"ငါ့ရဲ့ အသင်းဖော်တွေရဲ့ ပြောင်မြောက်တဲ့ အသင်းလိုက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ စွမ်းရည်ကြောင့် ငါက penta killကို ရယူနိုင်ခဲ့တာပါ၊ ရှောင်ရှင်းကလည်း ရန်သူတွေရဲ့ အဓိက သော့ချက် skillတွေကို သူ့အပေါ်မှာ ဖြုန်းစေခဲ့တယ်၊ အဘိုးကြီးချင်နဲ့ ချွီကျန်းတို့ကလည်း အဖွဲ့လိုက် ထိန်းချုပ်နိုင်တဲ့ skillကိုသုံးပြီး ငါဒီတိုက်ပွဲကို ဝင်နိုင်အောင် အခွင့်အရေး ပေးခဲ့တယ်၊ ချီရှို့ကလည်း ထွက်ပြေးသွားတဲ့ ရန်သူတွေကို မလှုပ်နိုင်အောင်လုပ်ပြီး ငါ့ကို killယူစေခဲ့တယ်၊ ငါက အသင်းဖော်တွေကို ကျေးဇူးတင်ချင်ပါတယ်၊ ငါ့ရဲ့နည်းပြတွေကိုလည်း ကျေးဇူးတင်ချင်တယ်၊ ငါက လူတိုင်းကို ကျေးဇူးတင်ရမယ်၊ penta killက ဒီတိုင်း အစပဲ ရှိပါသေးတယ်၊ ငါက အနာဂတ်မှာ ဆက်ပြီး ပြင်းပြင်းထန်ထန် ကြိုးစားသွားဦးမှာပါ"

ကြည့်ရှုသူများက ထပ်ပြီး တိတ်ဆိတ်သွားကြပြန်သည်။

ဒီ ယဲ့ရှောင်းယန်က စကားပြောကောင်းလိုက်တာ။

[ဘာလို့ အင်တာဗျူးသမားက သူ့ကို မေးခွန်းတွေ ကြိုပေးထားတယ်လို့ ငါခံစားမိနေတာလဲ၊ သူက လျို့ဝှက် ပြန်ဖြေမဲ့ စကားတွေကို အကြမ်းချရေးထားတာများလား]

[ဒီအခြေအနေက ချောမွေ့လွန်းလို့ တရားဝင် ရိုက်ဖို့ ကြိုပြင်ဆင်ထားသလိုပဲ ]

[ထျန်းဟွမ်ရဲ့ ပြည်သူ့ဆက်ဆံရေး လဲ့ယန်]

[ဟဟဟ ဒီမေးခွန်းတွေကို တောက်လျှောက်​​ဖြေသွားတဲ့ အိုမီဂါ ရှောင်ကောကောလေးက အရမ်းရိုးသားတယ်၊ သူက တအားချစ်ဖို့ ကောင်းတာပဲ ]

[ဒါက တကယ်ပဲ အသစ်လား၊ သူမေးခွန်းဖြေတာ တအား တည်ငြိမ် တယ်နော် ]

အင်တာဗျူးသူကမူ မူလက တစ်ဖက်လူက အသစ်ဖြစ်သဖြင့် အင်တာဗျူးအတောတွင်း အလွန်အမင်း စင်မြင့်ကို ကြောက်လန့်နေမည်ဟု ထင်ခဲ့သည်။ ဒီနည်းအားဖြင့် မေးခွန်းဖြေရာတွင် ခက်ခဲသော အချိန်ရောက်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ယဲ့ရှောင်းယန်ကမူ မေးခွန်းအားလုံးကို အခမ်းအနားပွဲကြီးတက်ရောက်ကာ မိန့်ခွန်းပြောနေရသလိုမျိုး ကောင်းမွန်စွာ ထိန်းချုပ်ပြီး ဖြေသွားနိုင်နေသည်။ သူက မေးခွန်းဖြေသော ကဏ္ဍနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေသလိုမျိုး အတွေ့အကြုံရှိ အသင်းခေါင်းဆောင်တစ်ယောက်၏ အရှိန်အဝါကိုပင် ပေးနေသေးသည်။

အင်တာဗျူးသူက ပြောသည်။

"ငါတို့နဲ့ လက်ခံတွေ့ဆုံပြီး စကားပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လဲ့ယန်"

ထိုသို့ဖြင့် စင်မြင့်အောက်ဘက်မှ တစ်ဖန်ထပ်ပြီး ကြောက်မက်ဖွယ်ကောင်းအောင် များပြားသည့် လက်ခုပ်တီးသံများက ပေါ်ထွက်လာပြန်သည်။ ယဲ့ရှောင်းယန်က အင်တာဗျူးအပြီးတွင် ဂါရဝပြုပြီးနောက် လှည့်ထွက်ကာ လျှောက်သွားသည်။

သူက နှစ်ပေါင်းများစွာ အသင်းခေါင်းဆောင် ဖြစ်လာခဲ့တာ၊ ဒီလိုမေးခွန်းလောက်က သူ့ကို ကြောင်အအောင် လုပ်နိုင်မှာလား။

လူတိုင်း၏ စိုးရိမ်မှုများကိုမူ သူက တစ်ခုသာ ပြန်ပြောပေးနိုင်သည်။

ကျေးဇူးပါပဲ၊ တအားစိုးရိမ်သွားရပြီ။

ထိုအချိန်တွင် teamပင့်မူ၏ xqတွင်...

အကြိုဂိမ်းပွဲစဥ်၏ အင်တာဗျူးကို ကြည့်နေပြီးနောက် ကျောင်းရှင်းအန်း၏ ခံစားချက်ကများက ပိုပို၍ ရှုပ်ထွေးလာသည်။ သူက ခေါင်းကို ကုတ်ပြီး ရေရွတ်သည်။

"ဒီကောင်ရဲ့ အသံက တော်တော်လေးကို ရင်းနှီးနေတယ်၊ သူစကားပြောတဲ့ဟန်က....ဘာလို့ streamerရှောင်ပိုင်နဲ့ တအားတူတယ်လို့ ခံစားနေရတာလဲ"

ပင့်မူ၏ နည်းပြကလည်း တအံ့တသြ ပြောသည်။

"သူက ရှောင်ပိုင်ကစားသလို အသူရာအရှင်သခင်ကို ကစားပြသွားတာပဲ မဟုတ်ဘူးလား"

နှစ်ယောက်လုံးက ဆွေးနွေးနေချိန်တွင် ကျောင်းရှင်းဖင်းက လက်တော့ပ်ပေါ်မှ vd clipတစ်ခုကို ထုတ်လိုက်သည်။ သူက အသံကို မြှင့်လိုက်ပြီး ဂိမ်းအဟောင်းကို ပြန်ကြည့်သည်။ ဒါက ရှောင်ပိုင်က အစ်ကိုငါးနှင့် ဘုရင်အဆင့်တက်ပွဲစဥ်ကို ကစားခဲ့သော အချိန်ကဖြစ်သည်။ ထိုအချိန်ကလည်း ရှောင်ပိုင်က အသင်းဖော်များကို voice chat သုံးပြီး အမိန့်ပေးခဲ့ဖူးသည်။

ထိုသို့ဖြင့် လက်တော့ပ်မှ တစ်ဆင့် ကြည်လင်ကာ ပြတ်သားသော အလွန်အမင်း ရင်းနှီးနေသည့် အသံက ထွက်လာသည်။

"အလယ်လမ်းကျဥ်းကို စောင့်ကြပ်"

"maskmanနဲ့ အထောက်အပံ့ အောက်ခြေလမ်းကျဥ်းက minionတွေကို တွန်းသွား၊ သူတို့ကို မြစ်နားအထိ ခေါ်သွား၊ အဲဒီနေရာရောက်မှ flash skillကိုသုံးပြီး အခြေစိုက်စခန်းကို ချက်ချင်းပြန်လာခဲ့"

ကျောင်းရှင်းဖင်းက သူတို့ကို ကြည့်လာသည်။

"အသံက မတူဘူးလား"

ကျောင်းရှင်းအန်းကလည်း ကြောင်တောင်တောင် ဖြစ်သွားသည်။

"မတူတော့ မတူသလိုပဲ ဒါပေမဲ့ သောက်ကျိုးနည်း တစ်သံတည်းပဲလေ"

ပင့်မူ၏ နည်းပြ၏ မျက်နှာပေါ်က မျက်နှာထားကလည်း ပြိုလဲကာ ကွဲအက်သွားသည်။

"သောက်ကျိုးနည်း ယဲ့ရှောင်းယန်က streamer ရှောင်ပိုင်လား၊ သူက အငယ်တန်းအဖွဲ့ချုပ်က အသင်းနဲ့ လက်မှတ်ထိုးခဲ့တာမဟုတ်ဘဲ ထျန်းဟွမ်နဲ့ လက်မှတ် ထိုးခဲ့တယ်၊ နောက်ပြီးသူက starting midlanerတဲ့လား"

ကျောင်းရှင်းအန်းက ဆွံ့အသွားသည်။

Season9 ရှုံးထွက်ပွဲစဥ်တွင် လူတိုင်းကလည်း ချီရှို့က ထိုကစားသမားအသစ် ရှောင်ယဲ့လေး၏ အနားတွင် အမြဲတစေရှိနေခဲ့ကြောင်း မြင်ခဲ့ပြီးသားဖြစ်သည်။ ထိုအချိန်က ယဲ့ရှောင်းယန်က ချီရှို့၏အနားတွင် လိမ္မာနာခံသော ကောင်ငယ်လေးတစ်ယောက်လို ထိုင်နေခဲ့သည်။ သူက အမြဲတစေပင် သူ့ကို ကြည့်လာသူတိုင်းကို ချိုမြန်စွာ ပြံးပြတတ်သေးပြီး စကာသအများကြီးလည်း မပြောခဲ့ချေ။ အများဆုံးမှ ဒီတိုင်း ခေါင်းဆောင်ကျောင်းဟု နှုတ်ဆက်ရုံလောက်သာ ရှိခဲ့သည်။ ထို့ကြောင့် ကျောင်းရှင်းအန်းကလည်း ရှောင်ပိုင်က သူနှင့်တစ်ယောက်တည်းဖြစ်ကြောင်း သတိမထားမိခဲ့ချေ။

သို့သော် ဒီနေ့ အင်တာဗျူးတွင်မှ ယဲ့ရှောင်းယန်က ကျွမ်းကျင်ပညာရှင်တစ်ယောက်လို မီဒီယာများကို ပြောနိုင်ကြောင်း မြင်လိုက်ရသည်။ သူ၏အသံကလည်း ထိုမှတ်တမ်းတင်ထားသော ဂိမ်းပွဲများမှ ရှောက်ပိုင်၏ အသံနှင့် တစ်ထပ်တည်း တူနေသည်။

ပို၍ဆိုးသည်နှာ streamerရှောင်ပိုင်က အသူရာအရှင်သခင်တွင် national#1 ယူထားဖူးသည်။

အသံ၏ ကိုက်ညီမှုနှင့် အသူရာအရှင်သခင်ကို ပုံစံနှင့် ကစားနိုင်သော စွမ်းရည်ကြောင့် ထိုလူက streamerရှောင်ပိုင်ဖြစ်နိုင်ချေ မြင့်သည်။

ကျောင်းရှင်းအန်း၏ မျက်နှာက ပြိုလဲသွားပြီး သူ၏ မျက်နှာကပင် ဖြူပြာဆင်းသွားသည်။

ဘာလို့ သူ့ရဲ့ ဦးနှောက်က damageတွေ ဘယ်လောက်များနေလို့ အဲဒီ vdကို gp chat ထဲကို ပို့လိုက်မိတာလဲ။

ဘာလို့သူက ဒီတိမ်မြုပ်နေတဲ့ ကျောက်ရိုင်းတုံးကို လူတိုင်းကို ပြလိုက်မိတာလဲ။

နောက်ဆုံးရလဒ်ကတော့ ထျန်းဟွမ်က ဖောက်ဝင်သွားပြီး သူတို့အတွက် ရတနာကို ခိုးသွားတယ်။

ကျောင်းရှင်းဖင်းက တည်ငြိမ်စွာပြောသည်။

"ငါတို့ရဲ့ သုံးသပ်မှုက မှားတာလည်း ဖြစ်နိုင်တာပဲ၊ streamer ရှောင်ပိုင်က ဂိမ်းတွေကို ဒီတိုင်း ကစားရုံတင် တော်တာမဟုတ်ဘူးလား၊ တရားဝင် ဂိမ်းပွဲကြီးတွေမှာ သူက ကောင်းကောင်းမလုပ်ဆောင်နိုင်တာလည်း ဖြစ်နိုင်တာပဲ၊ နောက်ပြီး ဒီ အသူရာအရှင်သခင်နဲ့ penta killက အကောင်းဆုံး သက်သေပြချက်ပဲလေ"

ပင့်မူ၏ နည်းပြကမူ သက်ပြင်းသာ ချနေသည်။

နောင်တရတယ်၊ တအားနောင်တရတယ်။

ဘာလို့ သူတို့က အရင်မလှုပ်ရှားခဲ့မိတာလဲ။ ဘာလို့ ရှောင်ပိုင်ကို အသင်းထဲ ဆွဲမခေါ်မိခဲ့တာလဲ။

အခုထျန်းဟွမ်က ခိုးသွားပြီ။

ထျန်းဟွမ်က group bသို့ ကျသွားသော်လည်း သူတို့ တစ်သင်းလုံး၏ အခြေအနေက ယခင်seasonကနှင့် အလွန်အမင်း ကွာခြားလွန်းနေသည်။

ချီရှို့က junglereeerအမြုတေ အဓိကထား မကစားရသေးချေ။ သူတို့က midlanerကိုသုံးပြီး ဟန်ချက်ချနိုင်နေသည်။ ထိုအခြေအနေနှင့် team NTGကို ဖြိုခွဲရန် လုံလောက်ခဲ့သည်။

နောက်ပိုင်းတွင် ထျန်းဟွမ်က mid/jungleအတွဲကို စတင်ကစားလာသောအခါ group aမှ အသင်းများနှင့် group sမှ အသင်းများကပင် ဒုက္ခရောက်နိုင်လေသည်။ ထျန်းဟွမ်က group sမှ အသင်းများနှင့် ယှဥ်နိုင်လောက်သည်။

ကျောင်းရှင်းအန်းက သုန်မှုန်စွာ ပြောသည်။

"ဖာ့ခ် ငါ ချီရှို့ကို သွားရိုက်ချင်တာ"

ကျောင်းရှင်းဖင်းကလည်း ပြောသည်။

"နင်က team ထျန်းဟွမ်က ငါတို့ရဲ့ လမ်းကို လာရှုပ်လို့ဆိုပြီး အပြစ်တင်နေတာ၊ ရှောင်ပိုင်က ငါတို့ ကမ်းလှမ်းခဲ့တဲ့အချိန်က ပြောခဲ့တဲ့ အခြေအနေကိုလည်း မမေ့နဲ့ဦး၊ သူက midlanerအဖြစ် ချက်ချင်း ပွဲဦးထွက်ချင်တာ၊ ထျန်းဟွမ်က သူ့ရဲ့ ဒီအခြေအနေကို ဖြည့်စည်းပေးနိုင်ခဲ့တယ်၊ ဒါပေမဲ့ ငါတို့ မဖြည့်စည်းပေးနိုင်ဘူးလေ၊ ဒီတော့ ထျန်းဟွမ်က ရှောင်ပိုင်ကို ငါ့တို့လက်ထဲက ခိုးသွားတာက ဖြစ်သင့်တာပါပဲ၊ နောက်ပြီး ရှောင်ပိုင်ကလည်း သူ့ကို ဘယ်အသင်းက ကောင်းကောင်းဆက်ဆံလဲဆိုတာကို ရွေးချယ်ခဲ့တာ"

အခြေအနေရဆိုလျှင် ထိုအယ်ဖာကျဲကျဲက အမြဲတစေ သူ့ကို တည်​ငြိမ်အောင် လုပ်နိုင်သည်။

ကျောင်းရှင်းအန်းက ငိုချင်သလိုလို ရယ်ချင်သလိုလို ဖြစ်နေသည်။

"ကျဲ ဘာမှမပြောပါနဲ့တော့၊ ငါ ငါပိုပြီး ဒေါသထွက်လာတော့မယ်"

Team ပင့်မူ နည်း​ပြကလည်း သက်ပြင်းချသည်။

"အခုမှတော့ ပြန်ပြောနေလို့ မထူးတော့ဘူး၊ စင်းက ငါတို့ လက်မှတ်ထိုးထားတဲ့ midlanerလေ၊ သူက ဥရောပဘက်က နတ်ဘုရားအဆင့် midlanerတစ်ယောက်ပဲ၊ သူကလည်း ငါတို့အသင်းနဲ့ တော်တော်လေး ဟန်ချက်ညီအောင် ကစားနိုင်ပါတယ်၊ ဒါကြောင့် တိုက်ပွဲ နယ်မြေမှာ တွေ့ကြတဲ့အခါ ငါတို့က ထျန်းဟွမ်ကို ကြောက်စရာ လိုလား"

ကျောင်းရှင်းဖင်းကလည်း ခေါင်းညိတ်သည်။

"ဒါလည်း ဟုတ်တာပဲ၊ ဒီတော့ ဘာတွေပဲ ဖြစ်လာဖြစ်လာ တွေးမနေနဲ့တော့၊ ငါတို့က ဒီအတိုင်း ငါတို့ရဲ့ အင်အားကိုပဲ မြှင့်တင်နိုင်အောင် ကြိုးစားရမှာ"

ကျောင်းရှင်းအန်းက အသက်ပြင်းပြင်းရှူသည်။ သူတို့အားလုံးပြောသော အကြောင်းအရာများက အကျိုးအကြောင်း သင့်နေသော်လည်း သူကမူ ထိုအခြေအနေကို လက်ခံရန် အလွန် ခက်ခဲနေသေးသည်။ ထိုရတနာကို သူက အရင်ဦးဆုံး ရှာတွေ့ခဲ့သော်လည်း အခြားတစ်ယောက်က ခိုးသွားသည်။

ဘယ်သူက ဒီလိုအခြေအနေမှာ ပျော်နိုင်မှာလဲ။

သူက မည်သည့်အကြောင်းအရာကိုမှ မတွေးမိအောင် ကိုယ့်ကိုယ်ကိုယ်သာ ဖိအားပေးလိုက်ရသည်။ သို့မဟုတ်လျှင် သူ၏ အခြေအနေက ဆိုးရွားသထက် ဆိုးရွားလာလောက်ပေမည်။

Team ကျင်းကျယ်၏ xq....

အင်တာဗျူးကိုကြည့်ပြီးနောက် နည်းပြချန်းကလည်း ပင့်မူအခြေစိုက်စခန်းက အခြေအနေအတိုင်း နည်းတူ တုန့်ပြန်သည်။ သူကလည်း ချောမွေ့စွာဖြင့် ကွန်ပျူတာကို ဖွင့်ပြီး ကျောင်းရှင်းအန်းက top player gp chatထဲသို့ ပို့ထားဖူးသော vd fileကို ပြန်ဖွင့်လိုက်သည်။ ရှောင်ပိုင်က အသံဖြင့် commentပေးသော နေရာအထိ ရောက်ပြီးနောက် သူက နားထောင်ကြည့်သည်။ ထို့နောက်.....

သူ၏ မျက်နှာရှိ အမူအယာတိုင်းကလည်း ပြိုလဲကျသွားသည်။

"သူ ရှောင်ပိုင်လား၊ သူလား၊ သူမဟုတ်လား"

"အသံကတော့ တော်တော်လေး တူတယ်"

ဖန်းကျန်းချင်က ပြောသည်။

"သူကစားတဲ့ ပုံစံကလည်း တော်တော်လေး တူသလိုပဲ"

နည်းပြချန်းကလည်း ပြောသည်။

"ဒီတော့ ရှောင်ပိုင်က အသင်းတစ်သင့်နဲ့ လက်မှတ်ထိုးမယ်လို့ ပြောခဲ့တဲ့အချိန်က သူပြောခဲ့တဲ့အသင်းက ထျန်းဟွမ်ပေါ့"

ဖန်းကျန်းချင်ကလည်း သူ့နားထင်သူ ပွတ်နေသည်။

"ထျန်းဟွမ်ရဲ့ နည်းပြအသင်း တကယ်ကို ဒီလိုလုပ်ရဲတဲ့ သတ္တိရှိနေတာပဲ၊ အသစ်တစ်ယောက်ကို ချွီကျန်းရဲ့ နေရာမှာ midlanerအဖြစ် ကစားခိုင်းတယ်၊ သူက streamer ရှောင်ပိုင်ဆိုရင်တော့ ဒါက ​ဖြစ်နိုင်ချေ ရှိပါတယ်၊ ရှောင်ပိုင်က အတော်လေးတော်တဲ့ midlanerပဲလေ"

သိုမဟုတ်လျှင် ထျန်းဟွမ်က အတွေ့အကြုံမရှိသော အိုမီဂါ ကစားသမား တစ်ယောက်ကို သူတို့၏ midlanerဖြစ်ခွင့် ပြုလိမ့်မည်မဟုတ်ချေ။ streamerရှောင်ပိုင်က မည်သည့်အတွေ့အကြုံမှ မရှိချေ။ သို့သော် သူက national# 1ဖြင့် hero ၈ခုကို ရထားသည်။ ထို့ကြောင့် သူ၏ လုပ်နိုင်စွမ်းအားက အဆင့်ချင်းတူသည်ဟု ဆို၍ ရသေးသည်။

နည်းပြချန်းကလည်း ထျန်းဟွမ်၏ ကစားသမားစာရင်းကို စိုက်ကြည့်နေပြီးနောက် သူတို့၏ အသင်း၏ officialဓာတ်ပုံကို ကြည့်ကာ ပြောသည်။

"ထျန်းဟွမ် ရှို့ယွဲ့၊ ထျန်းဟွမ် လဲ့ယန်၊ မင်းဒါကို သတိထားမိလား၊ နိုင်ငံတကာ ဆာဗာမှာ နေရောင်နဲ့ လရောင်ဆိုပြီး ပေါ်ခဲ့ဖူးသေးတယ်လေ၊ နောက်ပြီး သူတို့က mid/jungle အတွဲ ပုံစံနဲ့ ကစားခဲ့တာ၊ သူတို့နှစ်ယောက် ဖြစ်နိုင်လား"

ဖန်းကျန်းချင်က မျက်ခုံးပင့်သည်။

"ချီရှို့ရဲ့ idက ရှို့ယွဲ့၊ သူက artအကောင့် လုပ်မယ်ဆိုရင် ဘာလို့ အရမ်းကို သိသာတဲ့ လရောင်ဆိုတဲ့ နာမည်ကို ပေးရမှာလဲ၊ သူတို့ရဲ့ အဓိကအကောင့်တွေက ရှို့ယွဲ့နဲ့ လဲ့ယန်လေ၊ သူတို့ရဲ့ artတွေက နေရောင်နဲ့ လရောင်ဆိုရင် မသိသာလွန်းဘူးလား"

နည်းပြချန်းကလည်း အစပိုင်းက သူ၏ သုံးသပ်ချက်ကို မှန်ကန်သည်ဟု ယူဆခဲ့သူဖြစ်သည်။ သို့သော် ဖန်းကျန်းချင်က ထိုသို့ ပြောလိုက်သည့်အခါ သူက သူ့ကိုယ်သူပင် သံသယ ပြန်ဝင်သွားသည်။

"မင်းပြောတာလည်း ဟုတ်တာပဲ၊ ချီရှို့က တော်တော်လေးကို သတိကြီးတဲ့လူပါ၊ သူက ယဲ့ရှောင်းယန်ရဲ့ midlanerဆိုတဲ့ နေရာကိုတောင် အခုချိန်ထိ ဖုံးထားသေးတာ၊ ဒီတော့ ဒီလိုသိသာလွန်းတဲ့ artနာမည်ကို ရွေးမှာမဟုတ်ဘူး"

ဖန်းကျန်းချင်ကလည်း ခေါင်းညိတ်သည်။

"အင်း ဒါ့အပြင် ချီရှို့က အနက်ရောင်ဝံပုလွေကို မကစားတတ်ပါဘူး၊ နောက်ပြီးသူက မနက်တိုင်း ၇နာရီအထိတောင် နိုးသေးတာမဟုတ်ဘူး"

နည်းပြချန်းကလည်း စိတ်အေးသွားသလို သက်ပြင်းချသည်။

"ကြည့်ရတာ နိုင်ငံတကာဆာဗာက mid/jungleအတွဲက အခြားနိုင်ငံက ထင်ပါတယ်"

သူတို့နှစ်ယောက်က ထိုသို့အချင်းချင်း နှစ်သိမ့်ပေးလိုက်ကြပြီး သူတို့၏ စိုးရိမ်ပူပန်မှုများကို ဖယ်ရှားလိုက်ကြသည်။

ယဲ့ရှောင်းယန်က streamer ရှောင်ပိုင် ဆိုသော အချက်ကို သူ၏ streamingအခန်းထဲ ရောက်ဖူးသော အသင်းတိုင်းက သိသွားကြပြီဖြစ်သည်။ သူ့ရဲ့ အသံကလည်း ရှောင်ပိုင်၏ အသံနှင့် တူနေသည်။ အသူရာအရှင်သခင်ကလည်း ရှောင်ပိုင်၏ နာမည်ကြီး heroများထဲမှ တစ်ခုဖြစ်နေခဲ့သည်။

သို့သော် နေရောင်နှင့် လရောင်ဆိုသော နောက်ခံများကိုမူ မည်သူကမှ တွဲကာ မစဥ်းစားမိကြသေးချေ။

ယဲ့ရှောင်းယန်က အင်တာဗျူးပြီးနောက် ကစားသမားများ၏ နားနေခန်းကို ပြန်လိုက်ပြီး သူ၏ ဂျာကင်ကိုယူသည်။

"ဟော်တယ်ကို မပြန်ကြသေးဘူးလား"

နည်းပြလင်းက ပြောသည်။

"မပြန်သေးဘူး၊ ငါတို့ ဟော့ပေါ့သွားစားကြရအောင်၊ ဒီနည်းပြက ကျွေးမယ်"

နှင်းများကျနေသော ဆောင်းရာသီတစ်ရက်တွင် ဟော့ပေါ့ စားရခြင်းက အလွန်အမင်း ပျော်စရာကောင်းသည့် ကိစ္စဖြစ်သည်။ ယဲ့ရှောင်းယန်ကလည်း ပျော်ရွှင်စွာဖြင့် သူ၏ အသင်းဖော်များ နောက်သို့လိုက်သွားကာ ဟော့ပေါ့ဆိုင်သို့သွားသည်။ ထိုဆိုင်ကို ထန်းခန်းကျဲက ​ကြိုတင်ကာ ဘိုကင်ယူထားပြီးလေပြီ။ ထို့ကြောင့် လူတိုင်းက ပျော်ရွှင်စွာဖြင့် အမဲသားပြားများကို ပွက်ပွက်ဆူနေသော အိုးထဲနှစ်ကာ စားလိုက်ကြသည်။

စားသောက်နေချိန်တွင် ယဲ့ရှောင်းယန်၏ ဆဲလ်ဖုန်းက ရုတ်တရက် စာအနည်းငယ်ရောက်ကာ တုန်ခါလာသည်။

ဖန်းကျန်းချင်..

[ရှောင်ပိုင်=ယဲ့ရှောင်းယန်=ထျန်းဟွမ် လဲ့ယန်]

ကျောင်းရှင်းအန်း..

[ဖာ့ခ် မင်းက ထျန်းဟွမ်နဲ့ လက်မှတမထိုးလိုက်တာပဲ၊ မင်းက အိုမီဂါ]

နည်းပြချန်း...

[ရှောင်ပိုင်ရာ အား၊ ငါတို့ကျင်းကျယ်က မင်းကို တကယ်ကို စိတ်ရင်းနဲ့ ချဥ်းကပ်ခဲ့တာပါ၊ ဒါပေမဲ့ ကြည့်ရတာ ငါတို့က ထျန်းဟွမ်လောက် စိတ်ရင်းကို မပြသနိုင်ခဲ့ဘူးထင်ပါတယ်၊ ငါမင်းကို တကယ်ကို လေးစားတာပါ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့က အသင်းဖော်မဖြစ်နိုင်ရင်တောင်မှ တိုက်ပွဲနယ်မြေမှာ သိပ်မကြာခင် တွေ့ကြရတာပေါ့ ]

ယဲ့ရှောင်းယန်က တစ်ယောက်ချင်းစီတိုင်းကို သူ၏ အမှတ်အသား အပြုံးမျက်နှာကို ပို့လိုက်သည်။

^-^

ကြည့်ရတာ ပေါ်သွားပြီပဲ။

သူက အသူရာအရှင်သခင်ကို ထုတ်လိုက်သည်နှင့် သူ၏ နောက်ခံကို ဖုံးကွယ်ထားမည်ဆိုသော အတွေးတိုင်းကို စွန့်ပစ်သင့်သည်။ ကလပ်ကလည်း ကစားသမားတိုင်း၏ weiboအကောင့်ကို တရားဝင်ကြေညာချက်ထုတ်ကာ တင်ပြတော့မည်ဖြစ်သည်။ ထို့သို့ဆိုလျှင်လည်း ယဲ့ရှောင်းယန်က ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။ ထို့အပြင် ယဲ့ရှောင်းယန်က weiboမရှိသော အခြေအနေလည်း မဖြစ်သင့်သေးချေ။

သူတို့၏ ဝေလငါးstreamingနှင့် စာချုပ်အသစ်ကလည်း သက်ရောက်မှု ရှိလာတော့မည်ဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်းယန်အနေနှင့် သူ၏ နောက်ခံကို အများရှေ့ အနှေးနှင့်အမြန် ထုတ်ပြရတော့မည်ဖြစ်သည်။

နောက်ပိုင်းတွင် သူက ထျန်းဟွမ်၏ official social media teamသို့ပြောပြီး သူ့အကြောင်း မန်းရှင်းခိုင်းရပေမည်။

အခြားသောအသင်းမှ နည်းပြများကလည်း လာမည့် seasonတွင် အတော်လေး ခေါင်းကိုက်ရလောက်သည်။ ရှောင်ပိုင်တွင် national #1 ရထားသော hero ၈ခု ရှိနေလေသည်။ ထို့ကြောင့် သူတို့အနေဖြင့် banရမည့် heroများကို ရွေးချယ်ရ ခက်သွားလောက်သည်။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

3/3/2024 ကနေ 6/3/2024အထိ ပိုရိုမိုးရှင်း ရှိပါတယ်။


Continue Reading

You'll Also Like

1.4M 84.4K 139
မြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ...
563K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
2.2M 79.4K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...
5.1K 465 5
ယာဉ်မတော်တဆဖြစ်မှုမှ နိုးလာပြီးနောက် ပရော်ဖက်ရှင်နယ် esport player တစ်ယောက်ဖြစ်တဲ့ ရဲ့ရှောက်ယန်သည် သူ့ကိုယ်သူ A/B/Oကမ္ဘာလို့ ခေါ်ကြတဲ့ ထူးခြားဆန်းပြာ...