R I S H

Lovely_Knot tarafından

27.8K 613 44

Daha Fazla

2
3
4
5
6
7
8
Paid

1

13.5K 175 16
Lovely_Knot tarafından

Zayneသည် X Cityတွင်နေထိုင်သည့် တတိယနှစ်ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပေသည်။ အဝေးကနေကျောင်းလာတက်သူမို့ ကျောင်းရှိအဆောင်တွင်သာ နေထိုင်၏။

Zayne X Cityတွင် သုံးနှစ်ကြာနေထိုင်ခဲ့သော်လည်း ငြီးငွေ့နေခြင်းမျိုးတော့မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ဘဝသည် အရမ်းကို သက်တောင့်သက်သာရှိသည်ပင်။ သူသည် ဖြစ်နိုင်သရွေ့ ဘဝကိုအေးဆေးသက်သာဖြတ်သန်းချင်သူဖြစ်၏။

ထိုစိတ်ကူးစိတ်သန်းများ တစ်ယောက်သောသူနှင့် မဆုံတွေ့မိချိန်အထိသာ....။

တစ်နေ့ အဆောင်လမ်းဘေးတစ်နေရာရှိ လမ်းမီးတိုင်အောက်တွင် လမ်းဘေးကြောင်ကို အစာကျွေးနေတုန်း Zayne၏အနားသို့ အရိပ်တစ်ခုလာမိုး၏။ သူမော့ကြည့်လိုက်တော့ ဖုန်းပြောရင်း မျက်ခုံးတွန့်ထားပါသော သူနဲ့ရွယ်တူကျောင်းသားတစ်ယောက်။

Zayneမတတ်နိုင်သည့် စျေးကြီးသောBrandများကို တစ်ကိုယ်လုံးပေါ်ခြုံငုံထားပြီး သူ့ကိုယ်ပေါ်မှထွက်နေသောအရှိန်အဝါကလည်း အများနှင့်မတူ တမူကွဲနေ၏။ ညနေခင်းလေအဝေ့၌ သင်းပျံ့လာသည့်ခပ်ဖျော့ဖျော့ရေမွှေးနံ့က မကြာသေးခင်ကမှထုတ်လုပ်ရောင်းချလာသည့် နာမည်ကြီးတံဆိပ်တစ်ခု၏ အကန့်အသတ်ထုတ်ရေမွှေး၏ရနံ့။

Zayneဘယ်လိုသိသလဲဆိုရင်တော့ သူတို့အတန်းထဲရှိ လူချမ်းသာဒုတိယမျိုးဆက် ကျောင်းသားတစ်ဦး၏ အကြွားသန်ချက်ကြောင့်ပင်။ ထိုကျောင်းသားက သူထိုရေမွှေးကိုဝယ်သုံးနိုင်မှန်း ကြွားရန်အလို့ငှာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလောက်သည်အထိ မွှေးပျံ့စွာ ဆွတ်လာတတ်၏။

သူ့ဘေးကလူ၏ရနံ့ကတော့ ခပ်ဖျော့ဖျော့လေးသာ။

Zayneကြည့်နေမိသည့် စက္ကန့်ပိုင်းအတွင်းမှာပဲ တစ်စုံတစ်ခုကိုခံစားမိ၍ထင်သည်....၊ ဖုန်းပြောနေရင်းဖြင့် ပြန်လည်ငုံ့ကြည့်လာခဲ့၏။

Zayne၏ ဖော်ရွေတတ်သည့်ဝသီအတိုင်း တစ်ဖက်လူအား ပြုံးပြတော့ ခဏမျှကြောင်အမ်းသွားပုံရပြီး ခပ်ဖျော့ဖျော့ပြန်လည်ပြုံးပြလာခဲ့သည်။ ထိုသူကို အရမ်းချောသည်ဟုမဆိုနိုင်သော်ငြား ပြုံးလိုက်သောအခါတွင်မူ ဆန့်ကျင်ဘက်အနေဖြင့် နွေဦးရောင်ခြည်၏ လေထုနွေးနွေးအဖျားခတ် တိုက်ဖြတ်သွားခဲ့သလိုပင်။

Zayne အကြည့်ကိုအသာပြန်လွှဲ၍ လမ်းဘေးကြောင်၏နှာခေါင်းကို အသာကုပ်ခြစ်လိုက်သည်။
ထိုလူထွက်မသွားခင်အချိန်ထိ သူတို့၏တွေ့ဆုံမှုဟာ မိနစ်အနည်းငယ်လောက်သာ ရှည်ကြာခဲ့သည်။

ထိုသူ ဖုန်းပြောပြီးနောက်မထွက်သွားခင်အချိန်တွင် သူ့ကိုတစ်ချက်လှည့်ကြည့်သွားခဲ့၏။

Zayneသည် ထိုအချိန်မှစ၍သူ့ဘဝ၏ကံမကောင်းမှုတို့ စတင်လာတော့မည်မှန်း လုံးလုံးမရိပ်မိလိုက်ပါချေ။

-
-

တစ်လခန့်အကြာ.....

ကောလိပ်ဝန်းရှေ့ရှိ ဆိုင်ငယ်လေးရှေ့ရပ်၍ Zayneတစ်ယောက် ဖုန်းကိုထုတ်လိုက်ပြီး....

"ကျွန်တော့်ကို ပေါင်မုန့်တစ်လုံးပေးပါဗျ... ကျေးဇူးပါ"

အရောင်းဝန်ထမ်းလေးက ပေါင်မုန့်ကိုထုပ်ပိုးပေးပြီးနောက် Zayne QR codeဖြင့် Skanဖတ်ပေးလိုက်၏။

ကံမကောင်းစွာဘဲ Payment Appမှာ Errorတက်နေ၍ ခဏကြာသည်အထိ Skanမဖတ်နိုင်ခဲ့။ အိတ်ကပ်တွေထဲ စမ်းနှိုက်ကြည့်သည့်တိုင် အကြွေအနည်းငယ်သာ ထွက်လာခဲ့လေ၏။

Zayneမျက်နှာပူပူဖြင့် တောင်းပန်စကားဆိုကာ ပေါင်မုန့်အားချလိုက်စဥ်.....

"ကလစ်"ခနဲအသံနှင့်အတူ တစ်စုံတစ်ယောက်က Skanဖတ်သွားခဲ့သည်။

"ကျွန်တော့်ထဲကပေါင်းရှင်းလိုက်"

Zayneမတုံ့ပြန်နိုင်လိုက်ခင်မှာဘဲ တစ်ဖက်လူက သူနဲ့အမျိုးအစားတူပေါင်မုန့်တစ်လုံးကိုယူ၍ ငွေနှစ်ဆချေကာ ထွက်သွားခဲ့လေ၏။

Zayneပေါင်မုန့်ကိုငုံ့ကြည့်လိုက်ပြီးနောက် တစ်ကိုက်ကိုက်လိုက်ပေသည်။

တစ်ဖက်လူက ရှင်းသွားပြီးပြီဆိုမှတော့ မဖြုန်းတီးတန်ရာ....။

နွားနို့များများသုံးထားသောကြောင့် ပေါင်မုန့်ပူပူက ဆိမ့်နေသည်။ အချိုကြိုက်သည့် Zayneအတွက်ကတော့ကွက်တိ။

ပေါင်မုန့်အားကိုက်ဝါးရင်း သူ၏ဖုန်းကိုဖွင့်ကာ ကျောင်းဖိုရမ်ထဲလျှောက်ကြည့်လိုက်သည်။ ဖိုရမ်ထဲတွင် နောက်ဆုံးစာမေးပွဲနှင့် လာမည့်ကျောင်းပိတ်ရက်ရှည်အတွက် ပွက်လောထနေလျက်....။

တစ်ခါတလေ ဖုန်းကိုနှိပ်၍ ကောမန့်တွေပေးနေရင်း သူ၏လည်ပင်းကိုဖုံးထားရန် ကုတ်ကိုဆွဲတင်ရင်းဖြင့် မာဖလာပတ်မလာခဲ့မိသည့်အပေါ် နောင်တရနေမိတော့သည်။

တစ်ဖက်ရှိRishသည်တော့ ပါးစပ်ထဲစိမ့်ဝင်လာသည့် အရသာကြောင့် မျက်နှာကိုအလိုလိုကြုံ့လိုက်မိလျက်သား....။

ချိုရဲလွန်းတယ်!

-

နောက်ထပ်စာသင်ရက်များတွင် Zayne သတိထား၍ တစ်ဖက်လူကိုလိုက်ရှာမိ၏။

သူတို့က တစ်ယောက်နဲ့တစ်ယောက် မသိတာကြောင့် ပေါင်မုန့်တစ်လုံးဖိုးဆိုလျှင်ပင် ပြန်ဆပ်ရပေလိမ့်မည်။

သူသိလိုက်ရသည်က တစ်ဖက်လူသည် သူနှင့်ကပ်လျက် ဘေးစာသင်ခန်းတွင်သာ အတန်းတက်နေသူဖြစ်သည်။ သူအရင်ကသတိမထားခဲ့မိ၍သာ။

Zayneကဖော်ရွေတတ်ပေမယ့် သူ၏ကမ္ဘာသည်ကျဥ်းကျဥ်းလေးသာမို့ လုံးဝမသိသူများကိုလိုက်လံကြည့်နေတတ်သည်တော့မဟုတ်။

Zayneက အခွင့်အရေးကိုရှာပြီး အနားသွားရပ်လိုက်စဥ် ထောင့်ကျသည့်ခုံတွင် ငြိမ်ငြိမ်လေးစာထိုင်ဖတ်သူက မော့ကြည့်လာခဲ့သည်။ Zayneမျက်ဝန်းတို့မှေးပိတ်သွားသည်အထိ ပြုံးပြလိုက်ပြီး.....

"ဟိုနေ့ကအတွက် ကျေးဇူးတင်ပါတယ်.... မင်းရဲ့ Payment. IDပြောလေ ငါမင်းကိုပြန်ပေးမယ်"

တစ်ဖက်ကျောင်းသားက အကြာကြီးနေတော့မှ အပြုံးဖျော့ဖျော့ဖြင့် ပြန်ပြောလာ၏။

"ရပါတယ်"

"မဟုတ်တာ"

ပြောရင်းဆိုရင်း ဖုန်းကိုထုတ်ယူလိုက်ချိန် အတန်းထဲဝင်လာသည့်အသိကျောင်းသားတစ်ယောက်က သူ့ကိုသတိထားမိသွားခဲ့သည်။

ထိုကျောင်းသားသည် သူ့ပခုံးကိုရင်းရင်းနှီးနှီးလာဖက်၍.....

"ဟေး....ငါတို့အတန်းဆီလာတယ်ပေါ့ ဘယ်သူ့ဆီလဲ"

ပြောရင်းနဲ့မှ သူ၏လက်ကို အေးစက်စွာစိုက်ကြည့်နေသည့်မျက်ဝန်းဖြင့် ဆုံသွားခဲ့သည်။ ထိုကျောင်းသားသည် ရုတ်တရက်တောင့်တင်းသွားပြီးနောက် အိုးတမ်းအမ်းတမ်းဖြင့်ရယ်ကာ....

"အာ... မင်း မင်းတို့ဆက်ပြောနေကြလေ နောက်မှတွေ့မယ် Bye"

Zayneမှာ ကျားလိုက်သလိုထွက်ပြေးသွားသည့် သူ့မိတ်ဆွေကြောင့် စိတ်ရှုပ်ထွေးသွားခဲ့လေသည်။

ဘာဖြစ်သွားတာလဲ?

-

ချမ်းအေးလှသောဆောင်းရာသီက အလျင်အမြန်ပဲ ရောက်ရှိလို့လာသည်။ လူတိုင်းက လုံလုံခြုံခြုံဝတ်၍ အေးခဲနေသောနှင်းမြူများဒဏ်ကို လျစ်လျူရှုကာ ဖြတ်သွားခဲ့ကြသည်။

Zayneကတော့ နှင်းထူထူကြားရပ်နေပြီး လက်ကမ်းစာစောင်များကို ဝေမျှနေသည်။ စာမေးပွဲနီးကပ်လာပြီဖြစ်၍ နောက်ပိတ်ဆုံးအလုပ်ရက်၌ အချိန်ပိုဆင်းနေခြင်းဖြစ်ပေသည်။

အနက်ရောင်BMW ကားတစ်စီးပေါ်တွင်မူ.....

အနက်ရောင်အနွေးထည်နှင့် Maskတပ်ထားသည့်လူငယ်တစ်ယောက်က နှင်းတွေကြားရပ်နေသည့် ကျောင်းသားတစ်ယောက်ကို အသာငေးနေ၏။ ရှေ့တွင်ထိုင်နေသော Driverက ရှိမနေသည့်အလား သူ့သခင်မလှုပ်မချင်း ကျောက်ရုပ်တစ်ရုပ်လို ထိုင်နေသည်။

နောက်ဆုံးမှာတော့ လူငယ်လေးဟာလှုပ်ရှားလာခဲ့ပြီး ကားပေါ်ကဆင်းသွားခဲ့သည်။

နှင်းထဲရပ်နေတာကြာ၍ နှာစေးချင်လာသည့်Zayneက ကျောကိုမတ်ပြီး ခေါင်းမော့ကာနှာချေလိုက်သည်။ ထိုအခါမှ သူ့ဘေးတွင် လူတစ်ယောက်ရပ်နေမှန်း သတိထားမိသွားပြီး လက်ကမ်းစာစောင်ကို​မြှောက်၍.....

"မိတ်ဆွေ Christmasနဲ့နှစ်သစ်ကူးအတွင်း ရရှိနိုင်မယ့်အထူးလျှော့စျေးတွေပါ ဟပ်ချိုး! အာ.... စိတ်မရှိ..."

တစ်ဖက်လူက ရုတ်တရက်ကြီးနှာထချေသည့် Zayneကိုကြည့်လာပြီးနောက် Maskကို အသာဆွဲချလိုက်သည်။

Zayneအံ့ဩသွားလေသည်။

"မင်း....."

"WeChat Addကြမလား အရင်တစ်ခါကမAddခဲ့ရဘူး"

ထိုလူငယ်က လက်ကမ်းစာစောင်ကိုယူရင်း တည်တည်ငြိမ်ငြိမ်ပင် ဖုန်းကိုထောင်ပြ၍ သူ့ကိုမေးလာခဲ့သည်။

Zayneအတွက်တော့ ကောလိပ်တစ်ခုတည်းနေအခြားကျောင်းသားတစ်ယောက်ဖြင့် WeChat Addသည်က ထမင်းစားရေသောက်ကိစ္စရပ်ထက်ပင် ပိုအဖြစ်များသေးသည်။

သူအမြန်ပဲ တစ်ဖက်လူကို Skanဖတ်ပေးလိုက်၏။

"ထပ်တွေ့ကြမယ်"

ထိုလူငယ်၏နှုတ်ခမ်းထက် အပြုံးသေးသေးလေးက ဖျတ်ခနဲပေါ်ပေါက်သွားကာ သေချာသတိမထားမိလျှင် မမြင်နိုင်ပေ။ Zayneက တစ်ဖက်သူ၏EQက တစ်မူထူးကာ တစ်မျိုးတစ်ဖုံကွဲပြားနေသည်ဟု ခံစားမိသော်လည်း ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သေးသည်။

"Okay"

ဤသို့နှင့် တစ်ပတ်ခန့် ထပ်မံကြာသွားခဲ့သည်။ Zayneဘက်က မေ့မေ့လျော့လျော့ဖြစ်သွားပြီး ပုံမှန်လုပ်ရိုးလုပ်စဥ်အတိုင်း ညဘက် Onlineသုံးနေချိန်၌ စာဝင်လာသည့်အသံကြားလိုက်ရပေသည်။

သူ့ဆီဝင်လာသည့်စာများက နေ့စဥ်မပြတ်မို့ Zayneချက်ချင်းမကြည့်မိဘဲ ကော်ဖီကိုတစ်ငုံသောက်ကာ ​ပြီးခါနီးနေသောဟာသဗီဒိုတိုကို အပြီးထိကြည့်လိုက်သေးသည်။ ထို့နောက်တွင်မှ မက်ဆေ့ကိုဝင်ကြည့်လိုက်သည်။

[ R: . ]

Zayanမှာ အူတူတူအတတဖြင့် မက်ဆေ့ကိုနှစ်ခါပြန်ကြည့်ပြီးနောက် Profileထဲ ဝင်ကြည့်မိလိုက်ပြန်သည်။

သူတို့ကြားမှာ စကားပြော (Chat)မရှိ။ Accountထဲမှာလည်း ဘာမှမရှိ။ ဒါဆို ဒီတစ်ယောက်က ဘယ်တစ်ယောက်လဲ?

Zayneယဥ်ကျေးသမှုအနည်းငယ်ဖြင့် စာပြန်လိုက်လေသည်။

[Zyn: Oh! Hello]

[ မင်းက.... ]

တစ်ဖက်accပိုင်ရှင်က ချက်ချင်းဆိုသလို သူ့စာကိုSeenပြလာ၏။ Zayneစောင့်နေလိုက်သော်လည်း စာထပ်မရောက်တာ လုံးဝသေချာတော့မှ ပြန်ထွက်လိုက်ပြီး တခြားသူများဖြင့် Chatနေလိုက်တော့၏။

-

"Zayneဖြေနိုင်ရဲ့လား"

ယနေ့သည် စာမေးပွဲဖြေရသည့်နောက်ဆုံးရက်ဖြစ်ပေသည်။ ကျောင်းသားအားလုံး ပေါ့ပါးနေကြပြီး သူတို့၏ရလဒ်များကို ဂရုစိုက်ဖို့တောင် ပျင်းနေလျက်ရှိ၏။

Zayneသည်လည်း တစ်ယောက်အပါအဝင်ပါပေ။

"အင်း မဆိုးပါဘူး"

"စာမေးပွဲပြီးလို့ ပိတ်ရက်ရှည်ရောက်တဲ့အနေနဲ့ ဒီညအပြတ်ကဲကြမယ် ဘယ်လိုလဲ... လိုက်မလား"

သူ့အတန်းဖော်မိန်းကလေးကို ပြန်ဖြေရန်ပြင်စဥ် မျက်ဝန်းထောင့်ကနေပုံရိပ်တစ်ခုဖြတ်သွားတော့ Zayneအလိုအလျောက်လှမ်းကြည့်မိသွားခဲ့သည်။

မရင်းနှီးသလို စိမ်းသက်မနေသောပုံရိပ်က ဘေးဘီဝဲယာမကြည့်ဘဲ သူ့ဘေးကနေဖြတ်၍ မလှမ်းမကမ်းရှိ တံခါးအသင့်ဖွင့်ထားသော BMWကားပေါ် တက်သွားခဲ့သည်။ ပြီးသည်နှင့် ကားက အနည်းငယ်ရှေ့တိုးနောက်ဆုတ်ဖြင့် ကောလိပ်ဝင်းမှထွက်ခွာသွားခဲ့သည်။

"သွားမကြည့်နဲ့...."

အတန်းဖော်မိန်းကလေးသည် သူ့လက်မောင်းကိုဆွဲ၍ သတိပေးလိုက်သော်လည်း နောက်ကျသွားပြီဖြစ်ပေသည်။ Zayneက နားမလည်ဟန်အပြည့်ဖြင့်....

"ဘာဖြစ်လို့လဲ"

ထိုအတန်းဖော်လေးမှာ ဘေးကိုမသိမသာကြည့်ပြီးနောက် သူ့ကိုလူရှင်းရာဘက်ဆွဲခေါ်လာခဲ့ရင်း....

"သူကအရမ်းကိုတသီးတသန့်ဆန်ပြီး အေးစက်လွန်းတယ်လို့ နင်မထင်ဘူးလား"

"ဟင့်အင်း"

သူ ရိုးသားစွာ ခေါင်းခါပြလိုက်သည်။

"TKဆိုတဲ့အဖွဲ့အစည်းကို နင်ကြားဖူးလား"

"အာ ဟိုနိုင်ငံတော်သတင်းမှာ ပါလာတတ်တဲ့အဖွဲ့လား"

"အေး.... ပြီးတော့ အဲ့အဖွဲ့ရဲ့ကောလဟာလ"

"အာ တြိဂံပုံစံ သ ----"

"ရှူး... နံရံတွေမှာနားရှိသလို လေထုထဲမှာလည်းနားရှိတယ် ငါတို့ပါးစပ်ကနေ အဲ့နာမည်တွေထုတ်မပြောတာအကောင်းဆုံးပဲ"

TKဟူသည်မှာ ထိုအဖွဲ့အစည်း၏အတိုကောက်ဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုရသော တြိဂံဖွဲ့စည်းသတ်ဖြတ်ခြင်းပင်။ ပေါ်ပေါ်ထင်ထင်မရှိသော်ငြား ၎င်းသည် ဒုစရိုက်လူသတ်ဂိုဏ်းတစ်ခုဖြစ်ကာ မကောင်းမှုများလုပ်ဆောင်သည်။ ၎င်းတို့၏ သင်္ကေတမှာ သုံးမြှောင့်တြိဂံပုံဖြစ်ပြီး ၎င်းတို့၏လူသတ်လက်နက်ဟုဆိုလျှင်လည်းမမှား။ ထို့ပြင် TKသည် လူတစ်ခါသတ်တိုင်း အနည်းဆုံးသုံးယောက်သတ်လေ့ရှိပြီး တစ်လအတွင်း သုံးခါဆက်တိုက်သတ်တတ်သည်ဟူ၍....။ သို့သော်လည်း ၎င်းတို့သည် ကောလဟာလများသာ။

တကယ့်လက်တွေ့တွင်မူ TKအဖွဲ့ကလျှို့ဝှက်ပြီးသီးသန့်ဆန်ငြား နိုင်ငံတော်၏စီးပွားရေးကဏ္ဍ၌ အဓိကကျသည့်နေရာကိုချုပ်ကိုင်ပြီး စီးပွားရေးသတင်း၌လည်း မကြာခဏပါလာတတ်ပေသည်။

Zayne၏ဦးနှောက်သည် ဒလက်နှင့်အမွှေခံရသလို ရှုပ်ထွေးသွားလေသည်။

"အဲ့တာ သူနဲ့ဘာဆိုင်လို့တုန်း"

တုံးအရန်ကောဟူသည့်မျက်နှာပေးဖြင့် အတန်းဖော်လေးမှာ Zayneကိုကြည့်၍....

"ခုနက နင်ကြည့်လိုက်တဲ့တစ်ယောက်"

"အမ်?"

"ကောလဟာလအရဆို သူက TKအဖွဲ့အစည်းကပဲ"

Zayneက ထိတ်လန့်သွားသော်လည်း ၎င်းသည်ကြောက်ရွံ့မှုမဟုတ်သည့် မယုံကြည်နိုင်မှုဖြစ်ပေသည်။ တစ်ဖက်လူက သီးသန့်ဆန်သည်ဆိုသော်လည်း မည်သူ့ကိုမှမနှောင့်ယှက်ဘဲ သူ့ဟာနှင့်သူသာ အေးဆေးနေတတ်သည်မို့ Zayneကတော့ အကောင်းမြင်သည့်ဘက်တွင် ပိုသာပေ၏။

"သေချာလို့လား ကောလဟလပဲမလား"

TKအဖွဲ့အစည်းနဲ့ချိတ်ဆက်နေတဲ့လူတွေက ဘယ်လိုလုပ်သူတို့ကောလိပ်လို အညတရာကျောင်းမှာ ထွက်ပေါ်လာမှာလဲ။ အကယ်၍ဟုတ်ခဲ့ရင်ရော... ၎င်းတို့က ယခုလိုအေးဆေးသက်သာလျှောက်သွားနိုင်ပါမည်လား။

ထိုလူငယ်က ချမ်းသာပုံရ၍ ကားအကြိုအပို့နဲ့လာပေမယ့် အနားမှာတောင် ဘော်ဒီဂတ်တို့ဘာတို့ရှိသည်မဟုတ်။ TKအဖွဲ့ကတစ်ယောက်ယောက်ဖြစ်နိုင်ပါ့မလား။ ဟုတ်ခဲ့ရင် ဒီလောက်လူသတိထားမိစေနိုင်အောင် ပေါ်ပေါ်ထင်ထင်နေပါမည်လား။

"ဒါပေမယ့် ဖြစ်နိုင်ချေက ရာနှုန်းပြည့်နီးပါးပဲ... ပြီးတော့ သူ့နောက်ခံကိုက ရိုးရှင်းမဲ့ပုံမဟုတ်ဘူးလေ"

"ဪ"

ဒါကတော့ သူ့ကိစ္စမဟုတ်တော့ချေ။ တစ်ဖက်လူနဲ့သူသည်လည်း မျက်မှန်းတမ်းမိယုံဆက်ဆံရေးမျှသာ။

တစ်နာရီစာမျှစကားပြောပြီးနောက် Zayne သူ၏တိုက်ခန်းဆီပြန်လာခဲ့လေသည်။ ညဘက်တွင်တော့ ချိန်းထားကြသည့်အတိုင်း ဘာသာရပ်ပေါင်းစုံမှ ကျောင်းသားတော်တော်များများ ကာရာအိုကေတွင်စုမိကြလေ၏။

-

Note/
နားလိုက်တာ အရမ်းကြာသွားတယ် ။
တင်မယ့်ရက်ကြတော့ နာရေးနဲ့ဆုံသွားပြန် ။

ဒီတစ်ပုဒ်ကတော့ ကောလိပ်ကျောင်းသားနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ သခင်ငယ်လေးအကြောင်းပေါ့။ Abuseဆန်တာတွေ ၊ Possessiveဆန်တာတာတွေလည်း ပါလာနိုင်ပါတယ်။
မပါတာလည်းဖြစ်နိုင်ပေမယ့် Roတဲ့အထဲကတော့မဟုတ်ပါဘူး။

Age-gapက လပိုင်းလေးပဲကွာပြီး Zayneက ပိုငယ်ပါတယ်။ Roleကလည်း B, T သီးသန့်မဟုတ်ဘဲ S ဖြစ်နိုင်ပါသေးတယ်။ Roleအထိမခံနိုင်တဲ့သူတွေအတွက်တော့ ><....

အတင်းအကြပ်ရယူတဲ့ချစ်ခြင်းမျိုးမို့ ပြောရရင် ဒီဇာတ်ကောင်နှစ်ယောက် အချင်းချင်းမေတ္တာမျှသွားဖို့ သိပ်တော့မလွယ်ကူလောက်ပါဘူး။

အစက OSလေးရေးမလို့။ တွေးရင်းနဲ့မှ ဒါမျိုးလေးလည်းမရေးဖူးတာနဲ့ အပိုင်းက OSတစ်ပုဒ်ထက်ရှည်သွားတယ်။

Paidက Wave - 500
Bill - 1000 ပါ။
မစသေးပါဘူး။ ကြိုအာချောင်ထားတာ ဟီးဟီး။

စပွိုင်လာပေးရရင်

.
.
.
.
.
.
.
.
.
.
.
.
.
.
.

ထုံးစံအတိုင်း HEဖြစ်နိုင်သလို မတူညီတဲ့ OEလည်းဖြစ်နိုင်ပါသေးတယ်။

----
----
----

Zayneသည္ X Cityတြင္ေနထိုင္သည့္ တတိယႏွစ္ေကာလိပ္ေက်ာင္းသားတစ္ဦးျဖစ္ေပသည္။ အေဝးကေနေက်ာင္းလာတက္သူမို႔ ေက်ာင္းရွိအေဆာင္တြင္သာ ေနထိုင္၏။

Zayne X Cityတြင္ သုံးႏွစ္ၾကာေနထိုင္ခဲ့ေသာ္လည္း ၿငီးေငြ႕ေနျခင္းမ်ိဳးေတာ့မရွိေခ်။ အဘယ္ေၾကာင့္ဆိုေသာ္ သူ၏ဘဝသည္ အရမ္းကို သက္ေတာင့္သက္သာရွိသည္ပင္။ သူသည္ ျဖစ္နိုင္သေ႐ြ႕ ဘဝကိုေအးေဆးသက္သာျဖတ္သန္းခ်င္သူျဖစ္၏။

ထိုစိတ္ကူးစိတ္သန္းမ်ား တစ္ေယာက္ေသာသူႏွင့္ မဆုံေတြ႕မိခ်ိန္အထိသာ....။

တစ္ေန႕ အေဆာင္လမ္းေဘးတစ္ေနရာရွိ လမ္းမီးတိုင္ေအာက္တြင္ လမ္းေဘးေၾကာင္ကို အစာေကြၽးေနတုန္း Zayne၏အနားသို႔ အရိပ္တစ္ခုလာမိုး၏။သူေမာ့ၾကည့္လိုက္ေတာ့ ဖုန္းေျပာရင္း မ်က္ခုံးတြန့္ထားပါေသာ သူနဲ႕႐ြယ္တူေက်ာင္းသားတစ္ေယာက္။

Zayneမတတ္နိုင္သည့္ ေစ်းႀကီးေသာBrandမ်ားကို တစ္ကိုယ္လုံးေပၚၿခဳံငုံထားၿပီး သူ႕ကိုယ္ေပၚမွထြက္ေနေသာအရွိန္အဝါကလည္း အမ်ားႏွင့္မတူ တမူကြဲေန၏။ ညေနခင္းေလအေဝ့၌ သင္းပ်ံ့လာသည့္ခပ္ေဖ်ာ့ေဖ်ာ့ေရေမႊးနံ႕က မၾကာေသးခင္ကမွထုတ္လုပ္ေရာင္းခ်လာသည့္ နာမည္ႀကီးတံဆိပ္တစ္ခု၏ အကန့္အသတ္ထုတ္ေရေမႊး၏ရနံ႕။

Zayneဘယ္လိုသိသလဲဆိုရင္ေတာ့ သူတို႔အတန္းထဲရွိ လူခ်မ္းသာဒုတိယမ်ိဳးဆက္ ေက်ာင္းသားတစ္ဦး၏ အႂကြားသန္ခ်က္ေၾကာင့္ပင္။ ထိုေက်ာင္းသားက သူထိုေရေမႊးကိုဝယ္သုံးနိုင္မွန္း ႂကြားရန္အလို႔ငွာ စိတ္အႏွောင့္အယွက္ျဖစ္စရာေကာင္းေလာက္သည္အထိ ေမႊးပ်ံ့စြာ ဆြတ္လာတတ္၏။

သူ႕ေဘးကလူ၏ရနံ႕ကေတာ့ ခပ္ေဖ်ာ့ေဖ်ာ့ေလးသာ။

Zayneၾကည့္ေနမိသည့္ စကၠန့္ပိုင္းအတြင္းမွာပဲ တစ္စုံတစ္ခုကိုခံစားမိ၍ထင္သည္....၊ ဖုန္းေျပာေနရင္းျဖင့္ ျပန္လည္ငုံ႕ၾကည့္လာခဲ့၏။

Zayne၏ ေဖာ္ေ႐ြတတ္သည့္ဝသီအတိုင္း တစ္ဖက္လူအား ၿပဳံးျပေတာ့ ခဏမွ်ေၾကာင္အမ္းသြားပုံရၿပီး ခပ္ေဖ်ာ့ေဖ်ာ့ျပန္လည္ၿပဳံးျပလာခဲ့သည္။ ထိုသူကို အရမ္းေခ်ာသည္ဟုမဆိုနိုင္ေသာ္ျငား ၿပဳံးလိုက္ေသာအခါတြင္မူ ဆန့္က်င္ဘက္အေနျဖင့္ ႏြေဦးေရာင္ျခည္၏ ေလထုႏြေးႏြေးအဖ်ားခတ္ တိုက္ျဖတ္သြားခဲ့သလိုပင္။

Zayne အၾကည့္ကိုအသာျပန္လႊဲ၍ လမ္းေဘးေၾကာင္၏ႏွာေခါင္းကို အသာကုပ္ျခစ္လိုက္သည္။
ထိုလူထြက္မသြားခင္အခ်ိန္ထိ သူတို႔၏ေတြ႕ဆုံမႈဟာ မိနစ္အနည္းငယ္ေလာက္သာ ရွည္ၾကာခဲ့သည္။

ထိုသူ ဖုန္းေျပာၿပီးေနာက္မထြက္သြားခင္အခ်ိန္တြင္ သူ႕ကိုတစ္ခ်က္လွည့္ၾကည့္သြားခဲ့၏။

Zayneသည္ ထိုအခ်ိန္မွစ၍သူ႕ဘဝ၏ကံမေကာင္းမႈတို႔ စတင္လာေတာ့မည္မွန္း လုံးလုံးမရိပ္မိလိုက္ပါေခ်။

-
-

တစ္လခန့္အၾကာ.....

ေကာလိပ္ဝန္းေရွ႕ရွိ ဆိုင္ငယ္ေလးေရွ႕ရပ္၍ Zayneတစ္ေယာက္ ဖုန္းကိုထုတ္လိုက္ၿပီး....

"ကြၽန္ေတာ့္ကို ေပါင္မုန့္တစ္လုံးေပးပါဗ်... ေက်းဇူးပါ"

အေရာင္းဝန္ထမ္းေလးက ေပါင္မုန့္ကိုထုပ္ပိုးေပးၿပီးေနာက္ Zayne QR codeျဖင့္ Skanဖတ္ေပးလိုက္၏။

ကံမေကာင္းစြာဘဲ Payment Appမွာ Errorတက္ေန၍ ခဏၾကာသည္အထိ Skanမဖတ္နိုင္ခဲ့။ အိတ္ကပ္ေတြထဲ စမ္းႏွိုက္ၾကည့္သည့္တိုင္ အေႂကြအနည္းငယ္သာ ထြက္လာခဲ့ေလ၏။

Zayneမ်က္ႏွာပူပူျဖင့္ ေတာင္းပန္စကားဆိုကာ ေပါင္မုန့္အားခ်လိဳက္စဥ္.....

"ကလစ္"ခနဲအသံႏွင့္အတူ တစ္စုံတစ္ေယာက္က Skanဖတ္သြားခဲ့သည္။

"ကြၽန္ေတာ့္ထဲကေပါင္းရွင္းလိုက္"

Zayneမတုံ႕ျပန္နိုင္လိုက္ခင္မွာဘဲ တစ္ဖက္လူက သူနဲ႕အမ်ိဳးအစားတူေပါင္မုန့္တစ္လုံးကိုယူ၍ ေငြႏွစ္ဆေခ်ကာ ထြက္သြားခဲ့ေလ၏။

Zayneေပါင္မုန့္ကိုငုံ႕ၾကည့္လိုက္ၿပီးေနာက္ တစ္ကိုက္ကိုက္လိုက္ေပသည္။

တစ္ဖက္လူက ရွင္းသြားၿပီးၿပီဆိုမွေတာ့ မျဖဳန္းတီးတန္ရာ....။

ႏြားနို႔မ်ားမ်ားသုံးထားေသာေၾကာင့္ ေပါင္မုန့္ပူပူက ဆိမ့္ေနသည္။ အခ်ိဳႀကိဳက္သည့္ Zayneအတြက္ကေတာ့ကြက္တိ။

ေပါင္မုန့္အားကိုက္ဝါးရင္း သူ၏ဖုန္းကိုဖြင့္ကာ ေက်ာင္းဖိုရမ္ထဲေလွ်ာက္ၾကည့္လိုက္သည္။ ဖိုရမ္ထဲတြင္ ေနာက္ဆုံးစာေမးပြဲႏွင့္ လာမည့္ေက်ာင္းပိတ္ရက္ရွည္အတြက္ ပြက္ေလာထေနလ်က္....။

တစ္ခါတေလ ဖုန္းကိုႏွိပ္၍ ေကာမန့္ေတြေပးေနရင္း သူ၏လည္ပင္းကိုဖုံးထားရန္ ကုတ္ကိုဆြဲတင္ရင္းျဖင့္ မာဖလာပတ္မလာခဲ့မိသည့္အေပၚ ေနာင္တရေနမိေတာ့သည္။

တစ္ဖက္ရွိRishသည္ေတာ့ ပါးစပ္ထဲစိမ့္ဝင္လာသည့္ အရသာေၾကာင့္ မ်က္ႏွာကိုအလိုလိုႀကဳံ႕လိုက္မိလ်က္သား....။

ခ်ိဳရဲလြန္းတယ္!

-

ေနာက္ထပ္စာသင္ရက္မ်ားတြင္ Zayne သတိထား၍ တစ္ဖက္လူကိုလိုက္ရွာမိ၏။

သူတို႔က တစ္ေယာက္နဲ႕တစ္ေယာက္ မသိတာေၾကာင့္ ေပါင္မုန့္တစ္လုံးဖိုးဆိုလွ်င္ပင္ ျပန္ဆပ္ရေပလိမ့္မည္။

သူသိလိုက္ရသည္က တစ္ဖက္လူသည္ သူႏွင့္ကပ္လ်က္ ေဘးစာသင္ခန္းတြင္သာ အတန္းတက္ေနသူျဖစ္သည္။ သူအရင္ကသတိမထားခဲ့မိ၍သာ။

Zayneကေဖာ္ေ႐ြတတ္ေပမယ့္ သူ၏ကမၻာသည္က်ဥ္းက်ဥ္းေလးသာမို႔ လုံးဝမသိသူမ်ားကိုလိုက္လံၾကည့္ေနတတ္သည္ေတာ့မဟုတ္။

Zayneက အခြင့္အေရးကိုရွာၿပီး အနားသြားရပ္လိုက္စဥ္ ေထာင့္က်သည့္ခုံတြင္ ၿငိမ္ၿငိမ္ေလးစာထိုင္ဖတ္သူက ေမာ့ၾကည့္လာခဲ့သည္။ Zayneမ်က္ဝန္းတို႔ေမွးပိတ္သြားသည္အထိ ၿပဳံးျပလိုက္ၿပီး.....

"ဟိုေန႕ကအတြက္ ေက်းဇူးတင္ပါတယ္.... မင္းရဲ႕ Payment. IDေျပာေလ ငါမင္းကိုျပန္ေပးမယ္"

တစ္ဖက္ေက်ာင္းသားက အၾကာႀကီးေနေတာ့မွ အၿပဳံးေဖ်ာ့ေဖ်ာ့ျဖင့္ ျပန္ေျပာလာ၏။

"ရပါတယ္"

"မဟုတ္တာ"

ေျပာရင္းဆိုရင္း ဖုန္းကိုထုတ္ယူလိုက္ခ်ိန္ အတန္းထဲဝင္လာသည့္အသိေက်ာင္းသားတစ္ေယာက္က သူ႕ကိုသတိထားမိသြားခဲ့သည္။

ထိုေက်ာင္းသားသည္ သူ႕ပခုံးကိုရင္းရင္းႏွီးႏွီးလာဖက္၍.....

"ေဟး....ငါတို႔အတန္းဆီလာတယ္ေပါ့ ဘယ္သူ႕ဆီလဲ"

ေျပာရင္းနဲ႕မွ သူ၏လက္ကို ေအးစက္စြာစိုက္ၾကည့္ေနသည့္မ်က္ဝန္းျဖင့္ ဆုံသြားခဲ့သည္။ ထိုေက်ာင္းသားသည္ ႐ုတ္တရက္ေတာင့္တင္းသြားၿပီးေနာက္ အိုးတမ္းအမ္းတမ္းျဖင့္ရယ္ကာ....

"အာ... မင္း မင္းတို႔ဆက္ေျပာေနၾကေလ ေနာက္မွေတြ႕မယ္ Bye"

Zayneမွာ က်ားလိုက္သလိုထြက္ေျပးသြားသည့္ သူ႕မိတ္ေဆြေၾကာင့္ စိတ္ရႈပ္ေထြးသြားခဲ့ေလသည္။

ဘာျဖစ္သြားတာလဲ?

-

ခ်မ္းေအးလွေသာေဆာင္းရာသီက အလ်င္အျမန္ပဲ ေရာက္ရွိလို႔လာသည္။ လူတိုင္းက လုံလုံၿခဳံၿခဳံဝတ္၍ ေအးခဲေနေသာႏွင္းျမဴမ်ားဒဏ္ကို လ်စ္လ်ဴရႈကာ ျဖတ္သြားခဲ့ၾကသည္။

Zayneကေတာ့ ႏွင္းထူထူၾကားရပ္ေနၿပီး လက္ကမ္းစာေစာင္မ်ားကို ေဝမွ်ေနသည္။ စာေမးပြဲနီးကပ္လာၿပီျဖစ္၍ ေနာက္ပိတ္ဆုံးအလုပ္ရက္၌ အခ်ိန္ပိုဆင္းေနျခင္းျဖစ္ေပသည္။

အနက္ေရာင္BMW ကားတစ္စီးေပၚတြင္မူ.....

အနက္ေရာင္အႏြေးထည္ႏွင့္ Maskတပ္ထားသည့္လူငယ္တစ္ေယာက္က ႏွင္းေတြၾကားရပ္ေနသည့္ ေက်ာင္းသားတစ္ေယာက္ကို အသာေငးေန၏။ ေရွ႕တြင္ထိုင္ေနေသာ Driverက ရွိမေနသည့္အလား သူ႕သခင္မလႈပ္မခ်င္း ေက်ာက္႐ုပ္တစ္႐ုပ္လို ထိုင္ေနသည္။

ေနာက္ဆုံးမွာေတာ့ လူငယ္ေလးဟာလႈပ္ရွားလာခဲ့ၿပီး ကားေပၚကဆင္းသြားခဲ့သည္။

ႏွင္းထဲရပ္ေနတာၾကာ၍ ႏွာေစးခ်င္လာသည့္Zayneက ေက်ာကိုမတ္ၿပီး ေခါင္းေမာ့ကာႏွာေခ်လိဳက္သည္။ ထိုအခါမွ သူ႕ေဘးတြင္ လူတစ္ေယာက္ရပ္ေနမွန္း သတိထားမိသြားၿပီး လက္ကမ္းစာေစာင္ကိုျမႇောက္၍.....

"မိတ္ေဆြ Christmasနဲ႕ႏွစ္သစ္ကူးအတြင္း ရရွိနိုင္မယ့္အထူးေလွ်ာ့ေစ်းေတြပါ ဟပ္ခ်ိဳး! အာ.... စိတ္မရွိ..."

တစ္ဖက္လူက ႐ုတ္တရက္ႀကီးႏွာထေခ်သည့္ Zayneကိုၾကည့္လာၿပီးေနာက္ Maskကို အသာဆြဲခ်လိဳက္သည္။

Zayneအံ့ဩသြားေလသည္။

"မင္း....."

"WeChat Addၾကမလား အရင္တစ္ခါကမAddခဲ့ရဘူး"

ထိုလူငယ္က လက္ကမ္းစာေစာင္ကိုယူရင္း တည္တည္ၿငိမ္ၿငိမ္ပင္ ဖုန္းကိုေထာင္ျပ၍ သူ႕ကိုေမးလာခဲ့သည္။

Zayneအတြက္ေတာ့ ေကာလိပ္တစ္ခုတည္းေနအျခားေက်ာင္းသားတစ္ေယာက္ျဖင့္ WeChat Addသည္က ထမင္းစားေရေသာက္ကိစၥရပ္ထက္ပင္ ပိုအျဖစ္မ်ားေသးသည္။

သူအျမန္ပဲ တစ္ဖက္လူကို Skanဖတ္ေပးလိုက္၏။

"ထပ္ေတြ႕ၾကမယ္"

ထိုလူငယ္၏ႏႈတ္ခမ္းထက္ အၿပဳံးေသးေသးေလးက ဖ်တ္ခနဲေပၚေပါက္သြားကာ ေသခ်ာသတိမထားမိလွ်င္ မျမင္နိုင္ေပ။ Zayneက တစ္ဖက္သူ၏EQက တစ္မူထူးကာ တစ္မ်ိဳးတစ္ဖုံကြဲျပားေနသည္ဟု ခံစားမိေသာ္လည္း ေပါ့ေပါ့ပါးပါးျပန္ေျဖလိုက္ေသးသည္။

"Okay"

ဤသို႔ႏွင့္ တစ္ပတ္ခန့္ ထပ္မံၾကာသြားခဲ့သည္။ Zayneဘက္က ေမ့ေမ့ေလ်ာ့ေလ်ာ့ျဖစ္သြားၿပီး ပုံမွန္လုပ္ရိုးလုပ္စဥ္အတိုင္း ညဘက္ Onlineသုံးေနခ်ိန္၌ စာဝင္လာသည့္အသံၾကားလိုက္ရေပသည္။

သူ႕ဆီဝင္လာသည့္စာမ်ားက ေန႕စဥ္မျပတ္မို႔ Zayneခ်က္ခ်င္းမၾကည့္မိဘဲ ေကာ္ဖီကိုတစ္ငုံေသာက္ကာ ၿပီးခါနီးေနေသာဟာသဗီဒိုတိုကို အၿပီးထိၾကည့္လိုက္ေသးသည္။ ထို႔ေနာက္တြင္မွ မက္ေဆ့ကိုဝင္ၾကည့္လိုက္သည္။

[ R: . ]

Zayanမွာ အူတူတူအတတျဖင့္ မက္ေဆ့ကိုႏွစ္ခါျပန္ၾကည့္ၿပီးေနာက္ Profileထဲ ဝင္ၾကည့္မိလိုက္ျပန္သည္။

သူတို႔ၾကားမွာ စကားေျပာ (Chat)မရွိ။ Accountထဲမွာလည္း ဘာမွမရွိ။ ဒါဆို ဒီတစ္ေယာက္က ဘယ္တစ္ေယာက္လဲ?

Zayneယဥ္ေက်းသမႈအနည္းငယ္ျဖင့္ စာျပန္လိုက္ေလသည္။

[Zyn: Oh! Hello]

[ မင္းက.... ]

တစ္ဖက္accပိုင္ရွင္က ခ်က္ခ်င္းဆိုသလို သူ႕စာကိုSeenျပလာ၏။ Zayneေစာင့္ေနလိုက္ေသာ္လည္း စာထပ္မေရာက္တာ လုံးဝေသခ်ာေတာ့မွ ျပန္ထြက္လိုက္ၿပီး တျခားသူမ်ားျဖင့္ Chatေနလိုက္ေတာ့၏။

-

"Zayneေျဖနိုင္ရဲ႕လား"

ယေန႕သည္ စာေမးပြဲေျဖရသည့္ေနာက္ဆုံးရက္ျဖစ္ေပသည္။ ေက်ာင္းသားအားလုံး ေပါ့ပါးေနၾကၿပီး သူတို႔၏ရလဒ္မ်ားကို ဂ႐ုစိုက္ဖို႔ေတာင္ ပ်င္းေနလ်က္ရွိ၏။

Zayneသည္လည္း တစ္ေယာက္အပါအဝင္ပါေပ။

"အင္း မဆိုးပါဘူး"

"စာေမးပြဲၿပီးလို႔ ပိတ္ရက္ရွည္ေရာက္တဲ့အေနနဲ႕ ဒီညအျပတ္ကဲၾကမယ္ ဘယ္လိုလဲ... လိုက္မလား"

သူ႕အတန္းေဖာ္မိန္းကေလးကို ျပန္ေျဖရန္ျပင္စဥ္ မ်က္ဝန္းေထာင့္ကေနပုံရိပ္တစ္ခုျဖတ္သြားေတာ့ Zayneအလိုအေလ်ာက္လွမ္းၾကည့္မိသြားခဲ့သည္။

မရင္းႏွီးသလို စိမ္းသက္မေနေသာပုံရိပ္က ေဘးဘီဝဲယာမၾကည့္ဘဲ သူ႕ေဘးကေနျဖတ္၍ မလွမ္းမကမ္းရွိ တံခါးအသင့္ဖြင့္ထားေသာ BMWကားေပၚ တက္သြားခဲ့သည္။ ၿပီးသည္ႏွင့္ ကားက အနည္းငယ္ေရွ႕တိုးေနာက္ဆုတ္ျဖင့္ ေကာလိပ္ဝင္းမွထြက္ခြာသြားခဲ့သည္။

"သြားမၾကည့္နဲ႕...."

အတန္းေဖာ္မိန္းကေလးသည္ သူ႕လက္ေမာင္းကိုဆြဲ၍ သတိေပးလိုက္ေသာ္လည္း ေနာက္က်သြားၿပီျဖစ္ေပသည္။ Zayneက နားမလည္ဟန္အျပည့္ျဖင့္....

"ဘာျဖစ္လို႔လဲ"

ထိုအတန္းေဖာ္ေလးမွာ ေဘးကိုမသိမသာၾကည့္ၿပီးေနာက္ သူ႕ကိုလူရွင္းရာဘက္ဆြဲေခၚလာခဲ့ရင္း....

"သူကအရမ္းကိုတသီးတသန့္ဆန္ၿပီး ေအးစက္လြန္းတယ္လို႔ နင္မထင္ဘူးလား"

"ဟင့္အင္း"

သူ ရိုးသားစြာ ေခါင္းခါျပလိုက္သည္။

"TKဆိုတဲ့အဖြဲ႕အစည္းကို နင္ၾကားဖူးလား"

"အာ ဟိုနိုင္ငံေတာ္သတင္းမွာ ပါလာတတ္တဲ့အဖြဲ႕လား"

"ေအး.... ၿပီးေတာ့ အဲ့အဖြဲ႕ရဲ႕ေကာလဟာလ"

"အာ ႀတိဂံပုံစံ သ ----"

"ရႉး... နံရံေတြမွာနားရွိသလို ေလထုထဲမွာလည္းနားရွိတယ္ ငါတို႔ပါးစပ္ကေန အဲ့နာမည္ေတြထုတ္မေျပာတာအေကာင္းဆုံးပဲ"

TKဟူသည္မွာ ထိုအဖြဲ႕အစည္း၏အတိုေကာက္ျဖစ္ေပသည္။ တစ္နည္းအားျဖင့္ဆိုရေသာ ႀတိဂံဖြဲ႕စည္းသတ္ျဖတ္ျခင္းပင္။ ေပၚေပၚထင္ထင္မရွိေသာ္ျငား ၎သည္ ဒုစရိုက္လူသတ္ဂိုဏ္းတစ္ခုျဖစ္ကာ မေကာင္းမႈမ်ားလုပ္ေဆာင္သည္။ ၎တို႔၏ သေကၤတမွာ သုံးျမႇောင့္ႀတိဂံပုံျဖစ္ၿပီး ၎တို႔၏လူသတ္လက္နက္ဟုဆိုလွ်င္လည္းမမွား။ ထို႔ျပင္ TKသည္ လူတစ္ခါသတ္တိုင္း အနည္းဆုံးသုံးေယာက္သတ္ေလ့ရွိၿပီး တစ္လအတြင္း သုံးခါဆက္တိုက္သတ္တတ္သည္ဟူ၍....။ သို႔ေသာ္လည္း ၎တို႔သည္ ေကာလဟာလမ်ားသာ။

တကယ့္လက္ေတြ႕တြင္မူ TKအဖြဲ႕ကလွ်ို႔ဝွက္ၿပီးသီးသန့္ဆန္ျငား နိုင္ငံေတာ္၏စီးပြားေရးက႑၌ အဓိကက်သည့္ေနရာကိုခ်ဳပ္ကိုင္ၿပီး စီးပြားေရးသတင္း၌လည္း မၾကာခဏပါလာတတ္ေပသည္။

Zayne၏ဦးႏွောက္သည္ ဒလက္ႏွင့္အေမႊခံရသလို ရႈပ္ေထြးသြားေလသည္။

"အဲ့တာ သူနဲ႕ဘာဆိုင္လို႔တုန္း"

တုံးအရန္ေကာဟူသည့္မ်က္ႏွာေပးျဖင့္ အတန္းေဖာ္ေလးမွာ Zayneကိုၾကည့္၍....

"ခုနက နင္ၾကည့္လိုက္တဲ့တစ္ေယာက္"

"အမ္?"

"ေကာလဟာလအရဆို သူက TKအဖြဲ႕အစည္းကပဲ"

Zayneက ထိတ္လန့္သြားေသာ္လည္း ၎သည္ေၾကာက္႐ြံ႕မႈမဟုတ္သည့္ မယုံၾကည္နိုင္မႈျဖစ္ေပသည္။ တစ္ဖက္လူက သီးသန့္ဆန္သည္ဆိုေသာ္လည္း မည္သူ႕ကိုမွမႏွောင့္ယွက္ဘဲ သူ႕ဟာႏွင့္သူသာ ေအးေဆးေနတတ္သည္မို႔ Zayneကေတာ့ အေကာင္းျမင္သည့္ဘက္တြင္ ပိုသာေပ၏။

"ေသခ်ာလို႔လား ေကာလဟလပဲမလား"

TKအဖြဲ႕အစည္းနဲ႕ခ်ိတ္ဆက္ေနတဲ့လူေတြက ဘယ္လိုလုပ္သူတို႔ေကာလိပ္လို အညတရာေက်ာင္းမွာ ထြက္ေပၚလာမွာလဲ။ အကယ္၍ဟုတ္ခဲ့ရင္ေရာ... ၎တို႔က ယခုလိုေအးေဆးသက္သာေလွ်ာက္သြားနိုင္ပါမည္လား။

ထိုလူငယ္က ခ်မ္းသာပုံရ၍ ကားအႀကိဳအပို႔နဲ႕လာေပမယ့္ အနားမွာေတာင္ ေဘာ္ဒီဂတ္တို႔ဘာတို႔ရွိသည္မဟုတ္။ TKအဖြဲ႕ကတစ္ေယာက္ေယာက္ျဖစ္နိုင္ပါ့မလား။ ဟုတ္ခဲ့ရင္ ဒီေလာက္လူသတိထားမိေစနိုင္ေအာင္ ေပၚေပၚထင္ထင္ေနပါမည္လား။

"ဒါေပမယ့္ ျဖစ္နိုင္ေခ်က ရာႏႈန္းျပည့္နီးပါးပဲ... ၿပီးေတာ့ သူ႕ေနာက္ခံကိုက ရိုးရွင္းမဲ့ပုံမဟုတ္ဘူးေလ"

"ဪ"

ဒါကေတာ့ သူ႕ကိစၥမဟုတ္ေတာ့ေခ်။ တစ္ဖက္လူနဲ႕သူသည္လည္း မ်က္မွန္းတမ္းမိယုံဆက္ဆံေရးမွ်သာ။

တစ္နာရီစာမွ်စကားေျပာၿပီးေနာက္ Zayne သူ၏တိုက္ခန္းဆီျပန္လာခဲ့ေလသည္။ ညဘက္တြင္ေတာ့ ခ်ိန္းထားၾကသည့္အတိုင္း ဘာသာရပ္ေပါင္းစုံမွ ေက်ာင္းသားေတာ္ေတာ္မ်ားမ်ား ကာရာအိုေကတြင္စုမိၾကေလ၏။

-

Note/
နားလိုက္တာ အရမ္းၾကာသြားတယ္ ။
တင္မယ့္ရက္ၾကေတာ့ နာေရးနဲ႕ဆုံသြားျပန္ ။

ဒီတစ္ပုဒ္ကေတာ့ ေကာလိပ္ေက်ာင္းသားနဲ႕ အဖြဲ႕အစည္းတစ္ခုရဲ႕ သခင္ငယ္ေလးအေၾကာင္းေပါ့။ Abuseဆန္တာေတြ ၊ Possessiveဆန္တာတာေတြလည္း ပါလာနိုင္ပါတယ္။
မပါတာလည္းျဖစ္နိုင္ေပမယ့္ Roတဲ့အထဲကေတာ့မဟုတ္ပါဘူး။

Age-gapက လပိုင္းေလးပဲကြာၿပီး Zayneက ပိုငယ္ပါတယ္။ Roleကလည္း B, T သီးသန့္မဟုတ္ဘဲ S ျဖစ္နိုင္ပါေသးတယ္။ Roleအထိမခံနိုင္တဲ့သူေတြအတြက္ေတာ့ ><....

အတင္းအၾကပ္ရယူတဲ့ခ်စ္ျခင္းမ်ိဳးမို႔ ေျပာရရင္ ဒီဇာတ္ေကာင္ႏွစ္ေယာက္ အခ်င္းခ်င္းေမတၱာမွ်သြားဖို႔ သိပ္ေတာ့မလြယ္ကူေလာက္ပါဘူး။

အစက OSေလးေရးမလို႔။ ေတြးရင္းနဲ႕မွ ဒါမ်ိဳးေလးလည္းမေရးဖူးတာနဲ႕ အပိုင္းက OSတစ္ပုဒ္ထက္ရွည္သြားတယ္။

Paidက Wave - 500
Bill - 1000 ပါ။
မစေသးပါဘူး။ ႀကိဳအာေခ်ာင္ထားတာ ဟီးဟီး။

စပြိုင္လာေပးရရင္

.
.
.
.
.
.
.
.
.
.
.
.
.
.
.

ထုံးစံအတိုင္း HEျဖစ္နိုင္သလို မတူညီတဲ့ OEလည္းျဖစ္နိုင္ပါေသးတယ္။

----
----
----




Okumaya devam et

Bunları da Beğeneceksin

31.7K 2.5K 45
Story of a family - strict father, loving mother and naughty kids.
335K 19.3K 41
You live in a different time zone Think I know what this is It's just the time's wrong
43K 735 7
လူငယ်လေးနှင့် သမန်းဝံပုလွေကြားမှ ပေါက်ဖွားလာသော ရင်ခုန် စိတ်လှုပ်ရှားဖွယ် ပုံပြင်တစ်ပုဒ် "𝗫𝗮𝘃𝗶𝗲𝗿" 𝗧𝗵𝗲 𝗪𝗲𝗿𝗲𝘄𝗼𝗹𝗳
39.5K 1.2K 13
အချစ်ရဲ့မှော်အစွမ်းကြောင့် ငါပြောင်းလဲသွားခဲ့တယ်