Betaယောင်ဆောင်သောမြို့အုပ်ကတော်
Part 43
-------------
မနက်ခင်းအစောပိုင်းကပဲရှောင်ကျန့်ကရှောင်းအိမ်တော်ရဲ့
ဧည့်ခန်းမှာငုတ်တုတ်ကြီးလာထိုင်နေသည် အကျိုးအကြောင်းမေးပြန်တော့လည်း အောက်နူတ်ခမ်းကိုကိုက်ထားသေးတယ်
ကြည့်ရတာရန်ဖြစ်လာပြီထင်ပါတယ်လေ။
"သားကျန့် ဆင်းလာပြီဆိုလဲကွယ် ကလေးမျက်နှာတော့ထောက်ပါဦး"
"ဟာ...မားမားတို့ဘာမှမသိဘူး...အဲ့ဟာလေးက သူ့အဖေလက်ထဲမှာပဲပိုပျော်တာ"
"...."
"အခုစော်အောလေး နို့ဆာနေလောက်ပြီသားရယ်"
"သူတိုက်ပေါ့ သူလုပ်လို့ရတာလေ သူ့ကျတော့နို့မတိုက်ဘူး
ကျန့်ကျန့်ပဲတိုက်နေရတာ"
"...."
မိဘနှစ်ပါးလုံးလက်မြှောက်လို့သူ့နားကနေထွက်သွားလေပြီ။
"မားမား! ဘာချက်လဲ ကျန့်ကျန့်ဗိုက်ဆာတယ်.."
.
.
.
"ရှောင်ကျန့်ရော..."
"ဟို မနက်ထဲကကျင်းရန်ကိုရှောင်းအိမ်တော်စီလိုက်ပို့ခိုင်း
တာတော့တွေ့တယ် မြို့အုပ်မင်း"
"အဟင့်...အူ..ဝါး..ဗြဲ!!"
စော်အောလေးကဗိုက်ဆာလို့ထငိုနေပြီ မြို့အုပ်၀မ်ကချီလို့
ချော့တယ် ။
"အိမ်တော်ထိန်းကြီး ကလေးနို့ဗူးလေးတွေ"
"ဟုတ်ကဲ့ အခုဖျော်လိုက်ပါ့မယ်"
"အဟင့်...အင့်!"
"အေးပါ သားသားရယ် သားပါးပါးလာမှာပါနော်"
.
.
.
.
ရှောင်ကျန့်ကရှောင်အိမ်တော်မှာပဲနေကာ သူ့အခန်းလေး
စီတစ်ဖန်ပြန်သွားမိသည် အခန်းတံခါးလေးကိုဖွင့်လိုက်
တော့ အသစ်အတိုင်းပြန်ဖြစ်နေပြီ ကလေးကုတင်တွေနဲ့
အော်...အခုသူ့အခန်းမှမဟုတ်တော့တာ ဒါပေမဲ့လည်း
ဒီအခန်းလေးကိုတော့သူမမေ့ပါ ။
"ဟေ...ငါ့မြေးရှောင်ကျန့်ကပြန်လာတာလား..."
အောက်ကဖိုးဖိုးရဲ့အသံ ကြည့်ရတာမနက်ခင်းလမ်းလျှောက်ပြီးလို့ပြန်လာတဲ့ပုံပဲ ရှောင်ကျန့်အောက်ပြေးဆင်းကာ
ဖိုးဖိုးကိုသွားဖက်တယ်။
"ဟုတ်တယ်အဖေရေ အဲ့မှာအဖေ့မြေးရှောင်ကျန့်က သူ့ယောကျာ်းနဲ့ရန်ဖြစ်လို့တဲ့လေ"
"ဟေ...အဲ့ကောင်ဘာလုပ်သွားလဲ"
"ဖိုးဖိုးရေ သူကလေ ခေတ်ဆန်ဆန်နဲ့ကိုယ်လုံးကိုယ်ပေါက်
လှလှ ရုံးပတေသီးချွဲသံနဲ့ကောင်မကိုမှကြိုက်တာတဲ့"
"ဒီကောင်...လွန်တာပေါ့"
"အင်း...ပြီးတော့လေ ကျန့်ကျန့်အတွက်မုန့်၀ယ်ထားတယ်ဆိုပြီးတော့ တကယ်လည်းမ၀ယ်ထားဘူးသိလား ဘူးအလွတ်ကြီး"
"အေးအေး...အခု စော်အောကိုသွားခေါ်ချည် ကလေးတော့
ငါ့မြေးဘေးနားမှာရှိမှဖြစ်မယ်"
"အဲ့ဟာလေးက ကျန့်ကျန့်ထက်သူ့အဖေကိုပိုချစ်တာသိလား
ကျန့်ကျန့်စီကနေလည်း မောင့်ရဲ့အချစ်တွေဖဲ့ယူသွားတယ်
မကျေနပ်ဘူး"
"...."
"ဒါပေမဲ့ သားရယ် ကလေးငိုနေလောက်ပြီ ကလေးဆိုတာ
မိဘရင်ခွင်နဲ့ဝေးရင်ငိုတတ်တယ် မားတို့နဲ့လိုက်လာတုန်းက
လည်းငိုတာပဲ မနည်းချော့ထားရတာသားရဲ့ မြို့အုပ်၀မ်
ကြည့်ရတာ ချော့တတ်မဲ့ပုံမပေါ်ဘူးသားရဲ့"
"မားကလည်း သူချော့တတ်တယ် ကျန့်ကျန့်ကိုဆိုအမြဲ
ချော့နေကြ..."
"...."
"ဒီနေ့သူထိန်းပေါ့ ကျန့်ကျန့်ပဲထိန်းနေရတာ တော်ပြီ ကျန့်ကျန့်Tvကြည့်တော့မယ်"
ရှောင်ကျန့်ကဧည့်ခန်းကဆိုဖာခုံပေါ်မှာလှဲရင်းနဲ့ ရီမုဒ်ကို
ကိုင်ကာ လိုင်းတွေပြောင်းနေလိုက်သည် အနောက်ကနေကြည့်နေကြသော မိဘနှစ်ပါးရော အဖိုးကပါလက်မြှောက်
လိုက်ရပါလေတော့တယ်။
"အား!! နေရာတိုင်းအဲ့ရုံးပတေသီးမပဲ!"
မနေ့ကတွေ့ခဲ့ရသော ကောင်မလေးရဲ့ဇာတ်ကားတွေလာ
နေသောကြောင့်ရှောင်ကျန့်မကျေနပ် မလာတဲ့လိုင်းဆိုရင်
သတင်းကြေညာတဲ့လိုင်းနဲ့ တိရစ္ဆာန်တွေကိုပြတဲ့လိုင်းပဲ
ရှိလိမ့်မယ်။
"ရပြီ..."
ဟိုကောင်မမပါတဲ့ဇာတ်ကားတစ်ခုတွေ့တာမလို့ ရှောင်ကျန့်ကြည့်နေလိုက်သည် အချစ်ဇာတ်လမ်းကြီး မျက်လုံးထဲ
ကြည့်လို့မထိချေ ။
"ကျွန်မရှင့်ကိုပဲချစ်တယ် ရှင့်နောက်ပဲလိုက်မှာပါ"
"အခုလိုက်ခဲ့တော့နော်"
"အင်း..."
ခိုးပြေးသောအခန်းဖြစ်မည်ထင်ပါတယ် ညကြီးမှောင်မဲကြီးမှာ ကောင်လေးနဲ့ကောင်မလေးကတစ်ယောက်လက်တစ်ယောက်တွဲလို့ ခြံကြီးထဲကနေထွက်ပြေးသွားကြတယ်။
"အဲ့မှာခိုးပြေး နောက်ပြီးကလေးရရင် အဲ့ကောင်က
နင့်ကိုမကြိုက်တော့ဘူးဘာညာနဲ့ လုပ်လိုက်မယ် "
ရှောင်ကျန့်တစ်ယောက်ထဲပွစိပွစိလုပ်ကာ Tvကိုပိတ်လိုက်သည် ဆိုဖာခုံပေါ်မှာပဲလှိမ့်ကာ စိတ်ထဲကနေမောင့်ကိုသတိရနေမိသည်။
"ဘာလို့ Tvပိတ်လိုက်တာလဲ ငါစောင့်နေတဲ့ဇာတ်ကားလာပြီဆိုမှ"
မားမားက သူ့ရှေ့ကခုံပေါ်မှာထိုင်ကာTvဖွင့်လိုက်တယ်
ရှောင်ကျန့်က လူးလိမ့်ရင်းနဲ့ မားဘက်ကိုကြည့်လိုက်သည်။
"မားမား"
"အင်း..."
"အခုဆိုရင်လေ...မောင်ဘာလုပ်နေမလဲဟင်"
"သိဘူးဟေ့...ငါ့လင်မှမဟုတ်တာ"
"လွမ်းလာပြီ...ဒီနေ့ရုံးပိတ်ရက်ဆိုတော့သူအိမ်မှာရှိလောက်တယ် "
"ဒီလောက်လွမ်းနေရင်လည်း ပြန်သွားချည်"
"မောင်ကရော...ကျန့်ကျန့်ကိုလွမ်းပါ့မလားမသိဘူး...
ဘာပဲဖြစ်ဖြစ်သူချစ်ရင် သူလာခေါ်မှာပေါ့"
"...."
"ဖုန်းလေးဆက်လိုက်ရင်ကောင်းမလား...အင့်..ဟင့်!
မားမားရေ...မောင့်ကိုတအားလွမ်းတယ်...လွမ်းတယ်...
လွမ်းတယ်...လွမ်းတယ်လို့..."
"လွမ်းရင်လည်းနင်ပြန်သွားလိုက်တော့ သွား! နားငြီးလာပြီအဟုတ်ပဲ"
"...."
တစ်ခါမှလည်းမောင့်ကိုဒီလောက်အကြာကြီး စိတ်မဆိုး
ဖူးဘူး နေစမ်းပါဦး ဒီနေ့ကရုံးပိတ်ရက်ဖြစ်နေတော့
မောင်ကစော်အောကိုတစ်နေကုန်ထိန်းနေမှာ...။
"မားမား ဒီနေ့ကရုံးပိတ်ရက်ဆိုတော့ မောင်ကစော်အောလေး
ကိုထိန်းနေမှာပဲ"
"အင်းလေ သူ့ကလေးသူထိန်းတာပဲကို ဆန်းသလား"
"အင်း...မောင်က ကျန့်ကျန့်ကိုပြန်လာခေါ်မလို့လုပ်နေတုန်း
မှာပဲ စော်အောလေးက ဂျီကျတာကြောင့် မောင်ကကျန့်ကျန့်ကိုလာမခေါ်တာဖြစ်နိုင်တယ်နော်"
"...."
"အား! ဒီဟာလေး...အခုထဲက ကျန့်ကျန့်ရဲ့အချစ်ဆုံးကို
လာလုနေပြီ မဖြစ်တော့ဘူး....မဖြစ်တော့ဘူး"
"အေး...မဖြစ်ရင်လည်း သွားတော့ ...နားငြီးတယ်အေ ဇာတ်ကားကြည့်ရတာလည်း"
"...."
*တီ...တီ*
ကားဟွန်းတီးသံကြောင့်ရှောင်ကျန့်ခေါင်းထောင်လာသည်
မောင်များလား ။
"အချစ်ရေ...အချစ်.."
"ဟာ...မောင်လာပြီ!..."
ရှောင်ကျန့်ထလိုက်ပေမဲ့ ငြိမ်ကျသွားတယ် ဟုတ်သားပဲသူ
စိတ်ဆိုးနေတာပဲကို တစ်ဖက်ကိုလှည့်လို့လက်ပိုက်ကာ
မသိချင်ယောင်ဆောင်နေလိုက်သည်။
"အချစ်...အချစ်...ဘာလို့အိမ်ပေါ်ကနေဆင်းသွားတာလဲကွာ..."
"...."
"ကိုယ်လာခေါ်တာနောက်ကျလို့လား တောင်းပန်ပါတယ်
စော်အောကတအားဂျီကျနေလို့ပါ"
"မသိဘူး...သိချင်ဘူး..လာလည်းမခေါ်နဲ့..."
"ကဲ...နင်တို့နှစ်ယောက် စကားပြောချင်ရင်ခြံထဲသွားပြော
ကြချည် သွား!"
"ကြားတယ်နော် မားကသွားတဲ့ သွား!"
"ဒါပေမဲ့ အချစ်ရယ်...ကိုယ့်ကိုမချစ်တော့ဘူးလား"
"မသိချင်ဘူး သွား..."
"နင်တို့နှစ်ယောက်! သွားမှာလားမသွားဘူးလား! သွားကြ!"
ရှောင်မားကနှင်ထုတ်တာကြောင့် သူတို့နှစ်ယောက်မှာ
ခြံထဲကခုံပေါ်မှာထိုင်လို့ မြို့အုပ်၀မ်မှာချော့နေရသည်။
"အချစ်ရေ...ကိုယ့်ကိုကြည့်ပါဦး..."
"မကြည့်ချင်ဘူး..."
"ကိုယ့်ကိုတကယ်မခေါ်တော့ဘူးလား"
"ဟုတ်တယ် မခေါ်တော့ဘူး..."
"အချစ်ကလည်း...."
မြို့အုပ်၀မ်ကရှောင်ကျန့်ကိုအသာလေးမလို့ သူ့ပေါင်ပေါ်တင်
ကာဖက်ထားတယ် ။
"ကိုယ်တောင်းပန်ပါတယ်နော်..."
"...."
"နောက်တစ်ခါလည်းမစတော့ပါဘူး ကိုယ်ကျိန်ရဲပါတယ်"
"...."
ရှောင်ကျန့်ကတစ်ဖက်သို့လှည့်နေမြဲသာ မြို့အုပ်၀မ်ခန
လောက်တော့ငြိမ်နေလိုက်သည် နောက်မှရှောင်ကျန့်ကိုဘေး
ချလို့ထကာ အောက်မှာပဲဒူးထောက်ထိုင်ချလိုက်သည်။
"ကိုယ်တောင်းပန်ပါတယ်နော်...ခွင့်လွှတ်ပေးပါ..."
"...."
"အချစ်ပဲ ခွင့်လွှတ်နေရတယ်ဆိုတာကိုယ်သိပါတယ်
အဲ့အတွက်လည်းကိုယ်အားနာရပါတယ် ဒါပေမဲ့ကိုယ်ကတိပေးပါတယ် ဒီဟာကတော့ နောက်ဆုံးခွင့်လွှတ်ခြင်းကို
တောင်းခံတာပါ နောက်တစ်ခါကိုယ်မစတော့ပါဘူး..."
ဒူးထောက်ပြီးတောင်းပန်နေတော့လည်း သနားသား
ရှောင်ကျန့်စဉ်းစားနေလိုက်သည် အိမ်ထောင်ရေးတစ်ခု
မှာညီတူမျှတူရှိရတယ် မောင်ကသူဆိုးရင်လည်းအမြဲချော့တယ် သူမွှေတဲ့အမွှေတွေကိုလည်းလိုက်ဖြေရှင်းပေးတယ်
ခွင့်လွှတ်ပေးတယ် သူလိုချင်တာအကုန်၀ယ်ပေးတယ်
အပြင်သွားချင်ရင်လည်း ကောင်းလားဆိုးလားသေချာစဉ်းစားပြီးမှလွှတ်တယ် မောင်ကလိမ်တာကိုတအားမုန်းတယ်
သူ့အတွက်နဲ့၀မ်မျိုးရိုးအရှေ့မှာ သူကOmegaဆိုတာ
သိနှင့်နေပြီးသားဆိုတဲ့ စကားကိုလိမ်တယ် သူလိမ်တာ
တွေကိုလည်းခဝါချပြီးတော့ ခွင့်လွှတ်ပေးတယ်။
"အဟမ်း...ဒီတစ်ခါနောက်ဆုံးအကြိမ်ပဲနော် "
"အင်း...ကိုယ်ကတိပေးတယ် ယနေ့မှစလို့သေဆုံးသည်
အထိကျွန်ုပ်၀မ်ရိပေါ်မှ အမျိုးသားရှောင်ကျန့်အား မကြိုက်တာမလုပ်ပဲ မစနောက်တော့ပါဘူး မိုးနဲ့မြေကိုသက်သေပြုလျက်ကျိန်ဆိုပါတယ် ။
မြို့အုပ်၀မ်ကလက်သုံးချောင်းထောင်လို့ သူ့ရှေ့မှာဒူးထောက်
ပြီးကျိန်ဆိုပြတယ် ရှောင်ကျန့်ခေါင်းငြိမ့်လိုက်သည် ။
ဒူးထောက်နေရင်းနဲ့မှပဲ ရှောင်ကျန့်ခြေထောက်စီကိုမြို့အုပ်၀မ်အကြည့်ပို့မိသည် သူပေးထားသောမဂ်လာဦး
လက်ဆောင်ခြေချင်းလေးကသူပတ်ပေးထားတဲ့ပုံအတိုင်း
မပျက်ရှိနေလေပြီ စဉ်းစားကြည့်မှပဲ ရှောင်ကျန့်ကိုဒီနှစ်
အတွက်မဂ်လာလက်ဆောင်မပေးရသေးဘူး ။
"ဟျောင့်!"
ရှောင်ဖိုးဖိုးနဲ့ပါးပါးက ရောက်လာကာ ရှောင်ကျန့်ကိုသူ့တို့စီ
ဆွဲခေါ်လိုက်သည်။
"မင်းငါ့မြေးကိုအိမ်ပေါ်ကနေဆင်းရလောက်အောင်ထိလုပ်တယ်ပေါ့လေ"
"ဟုတ်ပါတယ်...အဲ့အတွက်ကျွန်တော်အနူးအညွတ်တောင်းပန်ပါတယ်"
"ဘယ်ကဟာမကိုသဘောကျတာလဲဟမ်! ငါတို့မြေးအချောအလှလေးကိုယူထားပြီးတော့များ.."
"ကျွန်တော်ရှောင်ကျန့်ကလွဲပြီးဘယ်သူ့ကိုမှသဘောကျ
တယ်လို့မပြောဖူးပါဘူး"
"ဟုတ်လား ငါ့မြေး"
ရှောင်ကျန့်ပြန်စဉ်းစားလိုက်တယ် မောင်ကသဘောကျတယ်
ဆိုတာတောင်မပါခဲ့ဘူး သူကသာစိတ်ဆိုးလို့ပြောခဲ့တာပဲ။
"တွေ့လား ရှောင်ကျန့်ကဘာမှမပြောတာအမှန်ဖြစ်နေ
လို့ပဲ အဲ့တော့ စော်အောလေးကိုငါတို့စီလာပေး မင်းတို့နှစ်ယောက်ကတော့ ခွဲနေချည် မင်းတို့မျိုးရိုးကလူတွေကအဲ့အတိုင်းပဲ"
"ဖိုးဖိုး"
"တိတ်စမ်း ရှောင်ကျန့် ဒီကောင်ကဒီလိုလုပ်နေရင်နောက်တစ်ခါဆို ဒီထက်ပိုဆိုးဦးမှာ မြို့အုပ်၀မ် ကျုပ်တို့မြေးကို
လာခေါ်ပါ့မယ် လောလောဆယ်တော့ ဒီကနေထွက်သွားပေးပါ"
ရှောင်ပါးကပါ ပါလာလေတော့ ရှောင်ကျန့်စိတ်ညစ်သွားသည်။
"ဒါကျုပ်တို့နှစ်ယောက်ကြားကကိစ္စပါ"
စတော့မည် ယောက္ခထီးနဲ့သားမက်ကြားက တိုက်ပွဲ
ယခင်ထဲက မောင်ကပါးပါးနဲ့ဆိုရင်ဘုကလန့်လိုက်ပြောတတ်တဲ့သူ ။
"ပါးပါး တော်ပါတော့..."
"..."
"မောင့်ကကျန့်ကျန့်ကိုဒူးထောက်တောင်းပန်ပြီးပါပြီ
ကျိန်လဲကျိန်ပြီးသွားပြီ"
"...."
"ကျန့်ကျန့် မောင်နဲ့ပြန်လိုက်သွားတော့မယ်နော်..."
"ဒီဟာလေး အေး နောက်တစ်ခါအိမ်တော်ကနေဆင်းလာရင်
ကန်ချပစ်မှာ"
"နောက်တစ်ခါဆိုတာ မရှိတော့ပါဘူး ကျန့်ကျန့်မဆင်းလာ
လောက်တော့ဘူး မောင်ကကျန့်ကျန့်ကိုပဲချစ်တာကို
စလည်းမစတော့ဘူးတဲ့လေ"
"...."
"သွားတော့မယ်နော် ဖိုးဖိုး သွားပြီနော်"
"...."
မြို့အုပ်၀မ်လက်ကိုတွဲလို့သူတို့နားကနေထွက်သွားတော့
သည် ကိုယ်တွေမှာတော့ကာကွယ်ပေးလိုက်ရတာ။
"နေဦး..."
"ဘာလဲမောင်...အား!"
ရှောင်ကျန့်ကိုပွေ့ချီလို့ ကားနားကိုရောက်အောင်သွားတယ်
ရှောင်ကျန့်ကတော့အကြည့်မလွှဲချေ သူ့ယောကျာ်းကအရမ်းချောတာပဲ။
"အချစ်..."
"ဟင်..."
"ဘာလိုချင်လဲ ဒီနှစ်အတွက် မဂ်လာလက်ဆောင်ကို"
"မောင်ကျန့်ကျန့်ကိုမမေးပဲနဲ့ ပေးနေကြမဟုတ်လား"
"ဟုတ်တာတော့ဟုတ်ပေမဲ့လည်း ကိုယ်ပေးတာတွေကို မကြိုက်မှာကြောက်လို့ မနှစ်ကပေးခဲ့တဲ့ မဂ်လာလက်ဆောင်ကိုရောကြိုက်လား"
"မောင်ပေးထားတာပဲကို ကျန့်ကျန့်ကြိုက်တာပေါ့"
မနှစ်ကမောင်က သူ့အတွက်ကား၀ယ်ပေးတယ် တိုက်ဆိုင်
တာလားတော့မသိပေမဲ့လည်း နောက်၂ရက်လည်းနေရော
အရင်ကားကပျက်သွားတယ်။
မောင်ကကုန်သည်ဈေးကိုတိုက်ရိုက်မောင်းတယ် မောင်တစ်ခုခု၀ယ်မည်ပဲဖြစ်မှာပဲလေ ။
"လာ...ဆင်းခဲ့တော့...လိုချင်တာလိုက်၀ယ်ပေးမယ်"
"အင်း..."
ရှောင်ကျန့်ကားထဲကနေထွက်တာနဲ့မောင်ကသူ့လက်ကိုလာကိုင်သည် စော်အောလေးမရခင်ထဲကလိုမျိုးအခုမှလာပြီး
romantic ဆန်ချင်နေတယ် ။
"ဘာလိုချင်လဲ..."
"ကျန့်ကျန့်ဘာလိုချင်မှန်းလဲမသိဘူး..."
"ဦးထုပ်လား...အိတ်လား...ရေမွှေးလား...အကျီလား"
"မသိတော့ဘူးမောင်ရယ်...ကျန့်ကျန့်ဘာလိုချင်မှန်းလဲတောင်မသိဘူး"
"ယုန်လေးတွေရော..."
"ဟင့်အင်းမလိုချင်သေးဘူး လောလောဆယ်တော့ ကျန့်ကျန့်
ဗိုက်ဆာတယ်"
"အင်း..."
"အဲ့တာကဒီနားမှာမရှိဘူး ကောလိပ်နားမှာပဲရှိတာ ကျန့်ကျန့်
အဲ့နားက စွပ်ပြုတ် ကိုတအားသဘောကျတာ "
"အဲ့ကိုသွားရအောင်"
"နည်းနည်းဝေးပါတယ် မောင်ရယ်...ဒီမှာပဲရှိတဲ့ဆိုင်လေးမှာ
စားရအောင်"
"ဝေးလဲဝေးပါစေ ဘာဖြစ်လဲကိုယ်လိုက်ပို့မှာပဲကို..လာသွားရအောင် ခဏလောက်တော့
ဒီဗိုက်လေးကသည်းခံပေးဦးနော်..."
မြို့အုပ်၀မ်ကရှောင်ကျန့်ဗိုက်လေးကိုအုပ်ကိုင်လို့ပြောသည်
ရှောင်ကျန့်ပြုံးကာ ခေါင်းငြိမ့်ပြလိုက်တယ်။
*********
ကောလိပ်နားကဆိုင်ကိုရောက်တော့ ရှောင်ကျန့်ကအကုန်မှာ
စားသည် ။
"ဒီဆိုင်လေးကကောင်းတယ်သိလား မောင်...ဒီမှာအမှတ်တရတွေတစ်ပုံကြီးပဲ သူငယ်ချင်းတွေနဲ့လည်းခဏခဏလာစား
ဖြစ်တယ်....ကျန့်ကျန့်ဒီဆိုင်ကလုပ်တဲ့မုန့်တွေရော အအေး
တွေရော စွပ်ပြုတ်တွေရော အကုန်ကြိုက်တယ်...ဒီဆိုင်က
အရသာမျိုးဘယ်မှာမှမရှိဘူး..."
"အင်း..."
သူမှာထားတဲ့ဟာလေးတွေရောက်တော့ ရှောင်ကျန့်ကပြောလည်းပြော စားလည်းစားတယ် မြို့အုပ်၀မ်ကတော့မစားချေ
သူ့ရှေ့ကသူကိုပဲထိုင်ကြည့်နေလေတယ် ။
"မောင်မစားဘူးလား...ကျန့်ကျန့်ပဲစားနေရတာ"
"ကျန့်ကျန့်ကစားချင်တာကိုကြည့်ပြီးစားနေတယ် ကိုယ်ကလည်းကိုယ်စားချင်တာကိုကြည့်နေတယ်"
"အဟွတ်...အဟွတ်..."
ရှောင်ကျန့်သီးသွားကာ ဘေးဘက်ကိုကြည့်လိုက်သည် သူတို့
ကထောင့်အကျဆုံးဝိုင်းမှာပဲဖြစ်နေတယ် ပြီးတော့မြို့အုပ်၀မ်
အနောက်ကခုံမှာလည်းလူမရှိချေ ။
"မောင်နော်...ဘာတွေလျှောက်ပြောနေတာလဲ..ခါးနာနေတာ
မပျောက်သေးဘူး"
"အင်းပါ..."
အတော်လေးကြာတော့မှရှောင်ကျန့်စားလို့ပြီးတယ် ။
"ဟာ...ဗိုက်တင်းသွားတာပဲ..."
"လမ်းလျှောက်ဦးမလား...ပန်းခြံထဲသွားရအောင်"
"နေပါဦးမောင်ရယ်...ဗိုက်တင်းနေလို့ လမ်းတောင်မနည်း
လျှောက်နေရတာကို"
"အင်း..."
"ဒီနေရာလေးကိုဘယ်တော့မှထပ်လာဖြစ်မလဲမသိဘူး
အိမ်တော်နဲ့တအားဝေးတယ် နောက်လမ်းကြုံမှပဲ၀င်စား
ဖြစ်တော့မယ်ထင်ပါရဲ့"
"...."
"သွားရအောင်..."
ရှောင်ကျန့်ကထွက်သွားပြီးတော့ မြို့အုပ်၀မ်ကထိုဆိုင်လေး
ကိုခဏတစ်ဖြုတ်လောက်ငေးကြည့်နေလိုက်တယ် နောက်တော့မှရှောင်ကျန့်နောက်ကိုပြေးလိုက်သွားတော့သည်။
"ပြန်တော့မလား"
"ဟင့်အင်း...လမ်းလျှောက်ဦးမယ်"
ရှောင်ကျန့်ကလမ်းလျှောက်လို့ဘေးဘက်ကိုကြည့်လိုက်
တော့ဘွဲ့နှင်းသဘင်ခန်းမကြီးကိုလှမ်းမြင်နေရတယ် ။
"မောင်"
"အင်း..."
"လမ်းလျှောက်ရင်းနဲ့လေ..."
"ဟာ...မြို့အုပ်၀မ်နဲ့ မြို့စားကတော်ပဲ!"
အသံကြားလို့ကြည့်မိလိုက်တာ မနေ့ကဟိုမင်းသမီးပင်
သူတို့ကိုတွေ့တော့ အနားကိုပြေးလာတယ်။
"ဒီနားမှာရိုက်ကူးရေးရှိတာ ခနနားလို့လမ်းထွက်လျှောက်
တာဒီမှာမြို့အုပ်တို့ကိုတွေ့လို့ လာနူတ်ဆက်တာပါ"
ရှောင်ကျန့်ကတော့ သူမဘက်ကိုသာလှည့်ထားပေမဲ့အကြည့်တွေကတော့အခြားတစ်ဖက်စီမှာ ဒါတွေကိုသူမသတိထားမိ
မှာတောင်မဟုတ်ပါဘူး။
"မြို့အုပ်တို့ကရော...ဒီကိုဘာလာလုပ်တာလဲဟင်...တို့လည်းပြောပြရတယ်နော် မြို့အုပ်လည်းပြောပြရမယ်"
"တစ်ခုလောက်အရင်ပြောပါရစေ"
"ဟုတ်ကဲ့ပါ ပြောပါမြို့အုပ်"
"အသံကိုခဏပြင်ပေးလို့ရမလား...ကျုပ်နားထဲ၀င်လာတာ
ကန့်လန့်တိုက်နေလို့ "
"မနေ့ကလည်းဒီအသံနဲ့ပြောတာပဲကို မြို့အုပ်ကလည်း..."
"ဟုတ်တာတော့ဟုတ်ပါတယ် အဲ့တုန်းကဘာမှမဖြစ်တာ
က မင်းပြောတာကိုသိပ်အာရုံမလာလို့ပဲ...၀န်ခံရရင်
မင်းမနေ့ကငါ့ကိုဘာတွေပြောသွားမှန်းလည်းငါမသိဘူး"
"...."
"ဒီနေ့မှအာရုံစိုက်ပြီးနားထောင်မိလိုက်တာ...တော်တော်လေး
နား၀င်ဆိုးတာပဲ..."
"မြို့အုပ်ကလည်း...တို့ရဲ့ပရိသတ်ဖြစ်နေပြီးတော့ အဲ့တာကို
စတာလို့မှတ်ယူလိုက်မယ်နော်"
"sorry ပါကျုပ်ကမင်းရဲ့ပရိသတ်မဟုတ်ပါဘူး ကျုပ်က
ဇာတ်ကားကြည့်လေ့မရှိဘူးလေ...မနေ့ကပြောတယ်ဆိုတာ
ကလည်း.....ချစ်ဖို့အရမ်းကောင်းတဲ့
ယုန်လေးတစ်ကောင်ကိုစချင်လို့ပါ"
"...."
"အ..မင်းရဲ့ပရိသတ်လို့လိမ်ညာမိခဲ့တဲ့အတွက် sorryပါ"
"ရ..ရပါတယ်..မြို့အုပ်"
"အာ...ပြီးတော့တစ်ခုရှိသေးတယ်...မင်းကမင်းသမီးဖြစ်ပြီး
၀တယ်နော်..."
"...."
"ခွီး...."
ရှောင်ကျန့်ကဘေးနားကနေခိုးရီနေတာလေးပေါ်သွားပြီပင်
မောင့်ရဲ့လက်ကိုခဏဖြုတ်လို့ ခပ်လှမ်းလှမ်းသွားကာ
တဟားဟားနဲ့အော်ရီပစ်လိုက်တယ် ပြီးမှပြန်ရောက်လာ
လို့လက်ကိုပြန်တွဲထားတယ်။
"လမ်းဖယ်ပေးပါဦး...ဒါကျုပ်တို့လျှောက်နေတဲ့လမ်းလေး
မို့လို့ပါ"
"ရ..ရပါတယ် မြို့အုပ်"
"သွားရအောင်နော်...အချစ်..."
"အွန်း..."
ရှောင်ကျန့်ကပြုံးပြုံးရွှင်ရွှင်နဲ့ပဲ မောင့်နားကိုကပ်လို့ လမ်း
ဆက်လျှောက်သွားတယ်။
ဟိုမိန်းမမျက်နှာဘယ်လိုဖြစ်
နေမလဲ မြို့အုပ်၀မ်ဂရုမစိုက်ပါဘူး အဓိကကတော့
ရှောင်ကျန့်မျက်နှာလေးပြုံးနေတာကိုပဲ သူဂရုစိုက်ပါတယ်
____________
(26.2.2024)
#Su🐼
Betaေယာင္ေဆာင္ေသာၿမိဳ႕အုပ္ကေတာ္
Part 43
-------------
မနက္ခင္းအေစာပိုင္းကပဲေရွာင္က်န႔္ကေရွာင္းအိမ္ေတာ္ရဲ႕
ဧည့္ခန္းမွာငုတ္တုတ္ႀကီးလာထိုင္ေနသည္ အက်ိဳးအေၾကာင္းေမးျပန္ေတာ့လည္း ေအာက္ႏူတ္ခမ္းကိုကိုက္ထားေသးတယ္
ၾကည့္ရတာရန္ျဖစ္လာၿပီထင္ပါတယ္ေလ။
"သားက်န႔္ ဆင္းလာၿပီဆိုလဲကြယ္ ကေလးမ်က္ႏွာေတာ့ေထာက္ပါဦး"
"ဟာ...မားမားတို႔ဘာမွမသိဘူး...အဲ့ဟာေလးက သူ႔အေဖလက္ထဲမွာပဲပိုေပ်ာ္တာ"
"...."
"အခုေစာ္ေအာေလး ႏို႔ဆာေနေလာက္ၿပီသားရယ္"
"သူတိုက္ေပါ့ သူလုပ္လို႔ရတာေလ သူ႔က်ေတာ့ႏို႔မတိုက္ဘူး
က်န႔္က်န႔္ပဲတိုက္ေနရတာ"
"...."
မိဘႏွစ္ပါးလုံးလက္ေျမႇာက္လို႔သူ႔နားကေနထြက္သြားေလၿပီ။
"မားမား! ဘာခ်က္လဲ က်န႔္က်န႔္ဗိုက္ဆာတယ္.."
.
.
.
"ေရွာင္က်န႔္ေရာ..."
"ဟို မနက္ထဲကက်င္းရန္ကိုေရွာင္းအိမ္ေတာ္စီလိုက္ပို႔ခိုင္း
တာေတာ့ေတြ႕တယ္ ၿမိဳ႕အုပ္မင္း"
"အဟင့္...အူ..ဝါး..ၿဗဲ!!"
ေစာ္ေအာေလးကဗိုက္ဆာလို႔ထငိုေနၿပီ ၿမိဳ႕အုပ္၀မ္ကခ်ီလို႔
ေခ်ာ့တယ္ ။
"အိမ္ေတာ္ထိန္းႀကီး ကေလးႏို႔ဗူးေလးေတြ"
"ဟုတ္ကဲ့ အခုေဖ်ာ္လိုက္ပါ့မယ္"
"အဟင့္...အင့္!"
"ေအးပါ သားသားရယ္ သားပါးပါးလာမွာပါေနာ္"
.
.
.
.
ေရွာင္က်န႔္ကေရွာင္အိမ္ေတာ္မွာပဲေနကာ သူ႔အခန္းေလး
စီတစ္ဖန္ျပန္သြားမိသည္ အခန္းတံခါးေလးကိုဖြင့္လိုက္
ေတာ့ အသစ္အတိုင္းျပန္ျဖစ္ေနၿပီ ကေလးကုတင္ေတြနဲ႔
ေအာ္...အခုသူ႔အခန္းမွမဟုတ္ေတာ့တာ ဒါေပမဲ့လည္း
ဒီအခန္းေလးကိုေတာ့သူမေမ့ပါ ။
"ေဟ...ငါ့ေျမးေရွာင္က်န႔္ကျပန္လာတာလား..."
ေအာက္ကဖိုးဖိုးရဲ႕အသံ ၾကည့္ရတာမနက္ခင္းလမ္းေလွ်ာက္ၿပီးလို႔ျပန္လာတဲ့ပုံပဲ ေရွာင္က်န႔္ေအာက္ေျပးဆင္းကာ
ဖိုးဖိုးကိုသြားဖက္တယ္။
"ဟုတ္တယ္အေဖေရ အဲ့မွာအေဖ့ေျမးေရွာင္က်န႔္က သူ႔ေယာက်ာ္းနဲ႔ရန္ျဖစ္လို႔တဲ့ေလ"
"ေဟ...အဲ့ေကာင္ဘာလုပ္သြားလဲ"
"ဖိုးဖိုးေရ သူကေလ ေခတ္ဆန္ဆန္နဲ႔ကိုယ္လုံးကိုယ္ေပါက္
လွလွ ႐ုံးပေတသီးခြၽဲသံနဲ႔ေကာင္မကိုမွႀကိဳက္တာတဲ့"
"ဒီေကာင္...လြန္တာေပါ့"
"အင္း...ၿပီးေတာ့ေလ က်န႔္က်န႔္အတြက္မုန႔္၀ယ္ထားတယ္ဆိုၿပီးေတာ့ တကယ္လည္းမ၀ယ္ထားဘူးသိလား ဘူးအလြတ္ႀကီး"
"ေအးေအး...အခု ေစာ္ေအာကိုသြားေခၚခ်ည္ ကေလးေတာ့
ငါ့ေျမးေဘးနားမွာရွိမွျဖစ္မယ္"
"အဲ့ဟာေလးက က်န႔္က်န႔္ထက္သူ႔အေဖကိုပိုခ်စ္တာသိလား
က်န႔္က်န႔္စီကေနလည္း ေမာင့္ရဲ႕အခ်စ္ေတြဖဲ့ယူသြားတယ္
မေက်နပ္ဘူး"
"...."
"ဒါေပမဲ့ သားရယ္ ကေလးငိုေနေလာက္ၿပီ ကေလးဆိုတာ
မိဘရင္ခြင္နဲ႔ေဝးရင္ငိုတတ္တယ္ မားတို႔နဲ႔လိုက္လာတုန္းက
လည္းငိုတာပဲ မနည္းေခ်ာ့ထားရတာသားရဲ႕ ၿမိဳ႕အုပ္၀မ္
ၾကည့္ရတာ ေခ်ာ့တတ္မဲ့ပုံမေပၚဘူးသားရဲ႕"
"မားကလည္း သူေခ်ာ့တတ္တယ္ က်န႔္က်န႔္ကိုဆိုအၿမဲ
ေခ်ာ့ေနၾက..."
"...."
"ဒီေန႔သူထိန္းေပါ့ က်န႔္က်န႔္ပဲထိန္းေနရတာ ေတာ္ၿပီ က်န႔္က်န႔္Tvၾကည့္ေတာ့မယ္"
ေရွာင္က်န႔္ကဧည့္ခန္းကဆိုဖာခုံေပၚမွာလွဲရင္းနဲ႔ ရီမုဒ္ကို
ကိုင္ကာ လိုင္းေတြေျပာင္းေနလိုက္သည္ အေနာက္ကေနၾကည့္ေနၾကေသာ မိဘႏွစ္ပါးေရာ အဖိုးကပါလက္ေျမႇာက္
လိုက္ရပါေလေတာ့တယ္။
"အား!! ေနရာတိုင္းအဲ့႐ုံးပေတသီးမပဲ!"
မေန႔ကေတြ႕ခဲ့ရေသာ ေကာင္မေလးရဲ႕ဇာတ္ကားေတြလာ
ေနေသာေၾကာင့္ေရွာင္က်န႔္မေက်နပ္ မလာတဲ့လိုင္းဆိုရင္
သတင္းေၾကညာတဲ့လိုင္းနဲ႔ တိရစာၦန္ေတြကိုျပတဲ့လိုင္းပဲ
ရွိလိမ့္မယ္။
"ရၿပီ..."
ဟိုေကာင္မမပါတဲ့ဇာတ္ကားတစ္ခုေတြ႕တာမလို႔ ေရွာင္က်န႔္ၾကည့္ေနလိုက္သည္ အခ်စ္ဇာတ္လမ္းႀကီး မ်က္လုံးထဲ
ၾကည့္လို႔မထိေခ် ။
"ကြၽန္မရွင့္ကိုပဲခ်စ္တယ္ ရွင့္ေနာက္ပဲလိုက္မွာပါ"
"အခုလိုက္ခဲ့ေတာ့ေနာ္"
"အင္း..."
ခိုးေျပးေသာအခန္းျဖစ္မည္ထင္ပါတယ္ ညႀကီးေမွာင္မဲႀကီးမွာ ေကာင္ေလးနဲ႔ေကာင္မေလးကတစ္ေယာက္လက္တစ္ေယာက္တြဲလို႔ ၿခံႀကီးထဲကေနထြက္ေျပးသြားၾကတယ္။
"အဲ့မွာခိုးေျပး ေနာက္ၿပီးကေလးရရင္ အဲ့ေကာင္က
နင့္ကိုမႀကိဳက္ေတာ့ဘူးဘာညာနဲ႔ လုပ္လိုက္မယ္ "
ေရွာင္က်န႔္တစ္ေယာက္ထဲပြစိပြစိလုပ္ကာ Tvကိုပိတ္လိုက္သည္ ဆိုဖာခုံေပၚမွာပဲလွိမ့္ကာ စိတ္ထဲကေနေမာင့္ကိုသတိရေနမိသည္။
"ဘာလို႔ Tvပိတ္လိုက္တာလဲ ငါေစာင့္ေနတဲ့ဇာတ္ကားလာၿပီဆိုမွ"
မားမားက သူ႔ေရွ႕ကခုံေပၚမွာထိုင္ကာTvဖြင့္လိုက္တယ္
ေရွာင္က်န႔္က လူးလိမ့္ရင္းနဲ႔ မားဘက္ကိုၾကည့္လိုက္သည္။
"မားမား"
"အင္း..."
"အခုဆိုရင္ေလ...ေမာင္ဘာလုပ္ေနမလဲဟင္"
"သိဘူးေဟ့...ငါ့လင္မွမဟုတ္တာ"
"လြမ္းလာၿပီ...ဒီေန႔႐ုံးပိတ္ရက္ဆိုေတာ့သူအိမ္မွာရွိေလာက္တယ္ "
"ဒီေလာက္လြမ္းေနရင္လည္း ျပန္သြားခ်ည္"
"ေမာင္ကေရာ...က်န႔္က်န႔္ကိုလြမ္းပါ့မလားမသိဘူး...
ဘာပဲျဖစ္ျဖစ္သူခ်စ္ရင္ သူလာေခၚမွာေပါ့"
"...."
"ဖုန္းေလးဆက္လိုက္ရင္ေကာင္းမလား...အင့္..ဟင့္!
မားမားေရ...ေမာင့္ကိုတအားလြမ္းတယ္...လြမ္းတယ္...
လြမ္းတယ္...လြမ္းတယ္လို႔..."
"လြမ္းရင္လည္းနင္ျပန္သြားလိုက္ေတာ့ သြား! နားၿငီးလာၿပီအဟုတ္ပဲ"
"...."
တစ္ခါမွလည္းေမာင့္ကိုဒီေလာက္အၾကာႀကီး စိတ္မဆိုး
ဖူးဘူး ေနစမ္းပါဦး ဒီေန႔က႐ုံးပိတ္ရက္ျဖစ္ေနေတာ့
ေမာင္ကေစာ္ေအာကိုတစ္ေနကုန္ထိန္းေနမွာ...။
"မားမား ဒီေန႔က႐ုံးပိတ္ရက္ဆိုေတာ့ ေမာင္ကေစာ္ေအာေလး
ကိုထိန္းေနမွာပဲ"
"အင္းေလ သူ႔ကေလးသူထိန္းတာပဲကို ဆန္းသလား"
"အင္း...ေမာင္က က်န႔္က်န႔္ကိုျပန္လာေခၚမလို႔လုပ္ေနတုန္း
မွာပဲ ေစာ္ေအာေလးက ဂ်ီက်တာေၾကာင့္ ေမာင္ကက်န႔္က်န႔္ကိုလာမေခၚတာျဖစ္ႏိုင္တယ္ေနာ္"
"...."
"အား! ဒီဟာေလး...အခုထဲက က်န႔္က်န႔္ရဲ႕အခ်စ္ဆုံးကို
လာလုေနၿပီ မျဖစ္ေတာ့ဘူး....မျဖစ္ေတာ့ဘူး"
"ေအး...မျဖစ္ရင္လည္း သြားေတာ့ ...နားၿငီးတယ္ေအ ဇာတ္ကားၾကည့္ရတာလည္း"
"...."
*တီ...တီ*
ကားဟြန္းတီးသံေၾကာင့္ေရွာင္က်န႔္ေခါင္းေထာင္လာသည္
ေမာင္မ်ားလား ။
"အခ်စ္ေရ...အခ်စ္.."
"ဟာ...ေမာင္လာၿပီ!..."
ေရွာင္က်န႔္ထလိုက္ေပမဲ့ ၿငိမ္က်သြားတယ္ ဟုတ္သားပဲသူ
စိတ္ဆိုးေနတာပဲကို တစ္ဖက္ကိုလွည့္လို႔လက္ပိုက္ကာ
မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။
"အခ်စ္...အခ်စ္...ဘာလို႔အိမ္ေပၚကေနဆင္းသြားတာလဲကြာ..."
"...."
"ကိုယ္လာေခၚတာေနာက္က်လို႔လား ေတာင္းပန္ပါတယ္
ေစာ္ေအာကတအားဂ်ီက်ေနလို႔ပါ"
"မသိဘူး...သိခ်င္ဘူး..လာလည္းမေခၚနဲ႔..."
"ကဲ...နင္တို႔ႏွစ္ေယာက္ စကားေျပာခ်င္ရင္ၿခံထဲသြားေျပာ
ၾကခ်ည္ သြား!"
"ၾကားတယ္ေနာ္ မားကသြားတဲ့ သြား!"
"ဒါေပမဲ့ အခ်စ္ရယ္...ကိုယ့္ကိုမခ်စ္ေတာ့ဘူးလား"
"မသိခ်င္ဘူး သြား..."
"နင္တို႔ႏွစ္ေယာက္! သြားမွာလားမသြားဘူးလား! သြားၾက!"
ေရွာင္မားကႏွင္ထုတ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္မွာ
ၿခံထဲကခုံေပၚမွာထိုင္လို႔ ၿမိဳ႕အုပ္၀မ္မွာေခ်ာ့ေနရသည္။
"အခ်စ္ေရ...ကိုယ့္ကိုၾကည့္ပါဦး..."
"မၾကည့္ခ်င္ဘူး..."
"ကိုယ့္ကိုတကယ္မေခၚေတာ့ဘူးလား"
"ဟုတ္တယ္ မေခၚေတာ့ဘူး..."
"အခ်စ္ကလည္း...."
ၿမိဳ႕အုပ္၀မ္ကေရွာင္က်န႔္ကိုအသာေလးမလို႔ သူ႔ေပါင္ေပၚတင္
ကာဖက္ထားတယ္ ။
"ကိုယ္ေတာင္းပန္ပါတယ္ေနာ္..."
"...."
"ေနာက္တစ္ခါလည္းမစေတာ့ပါဘူး ကိုယ္က်ိန္ရဲပါတယ္"
"...."
ေရွာင္က်န႔္ကတစ္ဖက္သို႔လွည့္ေနၿမဲသာ ၿမိဳ႕အုပ္၀မ္ခန
ေလာက္ေတာ့ၿငိမ္ေနလိုက္သည္ ေနာက္မွေရွာင္က်န႔္ကိုေဘး
ခ်လို႔ထကာ ေအာက္မွာပဲဒူးေထာက္ထိုင္ခ်လိုက္သည္။
"ကိုယ္ေတာင္းပန္ပါတယ္ေနာ္...ခြင့္လႊတ္ေပးပါ..."
"...."
"အခ်စ္ပဲ ခြင့္လႊတ္ေနရတယ္ဆိုတာကိုယ္သိပါတယ္
အဲ့အတြက္လည္းကိုယ္အားနာရပါတယ္ ဒါေပမဲ့ကိုယ္ကတိေပးပါတယ္ ဒီဟာကေတာ့ ေနာက္ဆုံးခြင့္လႊတ္ျခင္းကို
ေတာင္းခံတာပါ ေနာက္တစ္ခါကိုယ္မစေတာ့ပါဘူး..."
ဒူးေထာက္ၿပီးေတာင္းပန္ေနေတာ့လည္း သနားသား
ေရွာင္က်န႔္စဥ္းစားေနလိုက္သည္ အိမ္ေထာင္ေရးတစ္ခု
မွာညီတူမွ်တူရွိရတယ္ ေမာင္ကသူဆိုးရင္လည္းအၿမဲေခ်ာ့တယ္ သူေမႊတဲ့အေမႊေတြကိုလည္းလိုက္ေျဖရွင္းေပးတယ္
ခြင့္လႊတ္ေပးတယ္ သူလိုခ်င္တာအကုန္၀ယ္ေပးတယ္
အျပင္သြားခ်င္ရင္လည္း ေကာင္းလားဆိုးလားေသခ်ာစဥ္းစားၿပီးမွလႊတ္တယ္ ေမာင္ကလိမ္တာကိုတအားမုန္းတယ္
သူ႔အတြက္နဲ႔၀မ္မ်ိဳး႐ိုးအေရွ႕မွာ သူကOmegaဆိုတာ
သိႏွင့္ေနၿပီးသားဆိုတဲ့ စကားကိုလိမ္တယ္ သူလိမ္တာ
ေတြကိုလည္းခဝါခ်ၿပီးေတာ့ ခြင့္လႊတ္ေပးတယ္။
"အဟမ္း...ဒီတစ္ခါေနာက္ဆုံးအႀကိမ္ပဲေနာ္ "
"အင္း...ကိုယ္ကတိေပးတယ္ ယေန႔မွစလို႔ေသဆုံးသည္
အထိကြၽႏ္ုပ္၀မ္ရိေပၚမွ အမ်ိဳးသားေရွာင္က်န႔္အား မႀကိဳက္တာမလုပ္ပဲ မစေနာက္ေတာ့ပါဘူး မိုးနဲ႔ေျမကိုသက္ေသျပဳလ်က္က်ိန္ဆိုပါတယ္ ။
ၿမိဳ႕အုပ္၀မ္ကလက္သုံးေခ်ာင္းေထာင္လို႔ သူ႔ေရွ႕မွာဒူးေထာက္
ၿပီးက်ိန္ဆိုျပတယ္ ေရွာင္က်န႔္ေခါင္းၿငိမ့္လိုက္သည္ ။
ဒူးေထာက္ေနရင္းနဲ႔မွပဲ ေရွာင္က်န႔္ေျခေထာက္စီကိုၿမိဳ႕အုပ္၀မ္အၾကည့္ပို႔မိသည္ သူေပးထားေသာမဂ္လာဦး
လက္ေဆာင္ေျခခ်င္းေလးကသူပတ္ေပးထားတဲ့ပုံအတိုင္း
မပ်က္ရွိေနေလၿပီ စဥ္းစားၾကည့္မွပဲ ေရွာင္က်န႔္ကိုဒီႏွစ္
အတြက္မဂ္လာလက္ေဆာင္မေပးရေသးဘူး ။
"ေဟ်ာင့္!"
ေရွာင္ဖိုးဖိုးနဲ႔ပါးပါးက ေရာက္လာကာ ေရွာင္က်န႔္ကိုသူ႔တို႔စီ
ဆြဲေခၚလိုက္သည္။
"မင္းငါ့ေျမးကိုအိမ္ေပၚကေနဆင္းရေလာက္ေအာင္ထိလုပ္တယ္ေပါ့ေလ"
"ဟုတ္ပါတယ္...အဲ့အတြက္ကြၽန္ေတာ္အႏူးအၫြတ္ေတာင္းပန္ပါတယ္"
"ဘယ္ကဟာမကိုသေဘာက်တာလဲဟမ္! ငါတို႔ေျမးအေခ်ာအလွေလးကိုယူထားၿပီးေတာ့မ်ား.."
"ကြၽန္ေတာ္ေရွာင္က်န႔္ကလြဲၿပီးဘယ္သူ႔ကိုမွသေဘာက်
တယ္လို႔မေျပာဖူးပါဘူး"
"ဟုတ္လား ငါ့ေျမး"
ေရွာင္က်န႔္ျပန္စဥ္းစားလိုက္တယ္ ေမာင္ကသေဘာက်တယ္
ဆိုတာေတာင္မပါခဲ့ဘူး သူကသာစိတ္ဆိုးလို႔ေျပာခဲ့တာပဲ။
"ေတြ႕လား ေရွာင္က်န႔္ကဘာမွမေျပာတာအမွန္ျဖစ္ေန
လို႔ပဲ အဲ့ေတာ့ ေစာ္ေအာေလးကိုငါတို႔စီလာေပး မင္းတို႔ႏွစ္ေယာက္ကေတာ့ ခြဲေနခ်ည္ မင္းတို႔မ်ိဳး႐ိုးကလူေတြကအဲ့အတိုင္းပဲ"
"ဖိုးဖိုး"
"တိတ္စမ္း ေရွာင္က်န႔္ ဒီေကာင္ကဒီလိုလုပ္ေနရင္ေနာက္တစ္ခါဆို ဒီထက္ပိုဆိုးဦးမွာ ၿမိဳ႕အုပ္၀မ္ က်ဳပ္တို႔ေျမးကို
လာေခၚပါ့မယ္ ေလာေလာဆယ္ေတာ့ ဒီကေနထြက္သြားေပးပါ"
ေရွာင္ပါးကပါ ပါလာေလေတာ့ ေရွာင္က်န႔္စိတ္ညစ္သြားသည္။
"ဒါက်ဳပ္တို႔ႏွစ္ေယာက္ၾကားကကိစၥပါ"
စေတာ့မည္ ေယာကၡထီးနဲ႔သားမက္ၾကားက တိုက္ပြဲ
ယခင္ထဲက ေမာင္ကပါးပါးနဲ႔ဆိုရင္ဘုကလန႔္လိုက္ေျပာတတ္တဲ့သူ ။
"ပါးပါး ေတာ္ပါေတာ့..."
"..."
"ေမာင့္ကက်န႔္က်န႔္ကိုဒူးေထာက္ေတာင္းပန္ၿပီးပါၿပီ
က်ိန္လဲက်ိန္ၿပီးသြားၿပီ"
"...."
"က်န႔္က်န႔္ ေမာင္နဲ႔ျပန္လိုက္သြားေတာ့မယ္ေနာ္..."
"ဒီဟာေလး ေအး ေနာက္တစ္ခါအိမ္ေတာ္ကေနဆင္းလာရင္
ကန္ခ်ပစ္မွာ"
"ေနာက္တစ္ခါဆိုတာ မရွိေတာ့ပါဘူး က်န႔္က်န႔္မဆင္းလာ
ေလာက္ေတာ့ဘူး ေမာင္ကက်န႔္က်န႔္ကိုပဲခ်စ္တာကို
စလည္းမစေတာ့ဘူးတဲ့ေလ"
"...."
"သြားေတာ့မယ္ေနာ္ ဖိုးဖိုး သြားၿပီေနာ္"
"...."
ၿမိဳ႕အုပ္၀မ္လက္ကိုတြဲလို႔သူတို႔နားကေနထြက္သြားေတာ့
သည္ ကိုယ္ေတြမွာေတာ့ကာကြယ္ေပးလိုက္ရတာ။
"ေနဦး..."
"ဘာလဲေမာင္...အား!"
ေရွာင္က်န႔္ကိုေပြ႕ခ်ီလို႔ ကားနားကိုေရာက္ေအာင္သြားတယ္
ေရွာင္က်န႔္ကေတာ့အၾကည့္မလႊဲေခ် သူ႔ေယာက်ာ္းကအရမ္းေခ်ာတာပဲ။
"အခ်စ္..."
"ဟင္..."
"ဘာလိုခ်င္လဲ ဒီႏွစ္အတြက္ မဂ္လာလက္ေဆာင္ကို"
"ေမာင္က်န႔္က်န႔္ကိုမေမးပဲနဲ႔ ေပးေနၾကမဟုတ္လား"
"ဟုတ္တာေတာ့ဟုတ္ေပမဲ့လည္း ကိုယ္ေပးတာေတြကို မႀကိဳက္မွာေၾကာက္လို႔ မႏွစ္ကေပးခဲ့တဲ့ မဂ္လာလက္ေဆာင္ကိုေရာႀကိဳက္လား"
"ေမာင္ေပးထားတာပဲကို က်န႔္က်န႔္ႀကိဳက္တာေပါ့"
မႏွစ္ကေမာင္က သူ႔အတြက္ကား၀ယ္ေပးတယ္ တိုက္ဆိုင္
တာလားေတာ့မသိေပမဲ့လည္း ေနာက္၂ရက္လည္းေနေရာ
အရင္ကားကပ်က္သြားတယ္။
ေမာင္ကကုန္သည္ေဈးကိုတိုက္႐ိုက္ေမာင္းတယ္ ေမာင္တစ္ခုခု၀ယ္မည္ပဲျဖစ္မွာပဲေလ ။
"လာ...ဆင္းခဲ့ေတာ့...လိုခ်င္တာလိုက္၀ယ္ေပးမယ္"
"အင္း..."
ေရွာင္က်န႔္ကားထဲကေနထြက္တာနဲ႔ေမာင္ကသူ႔လက္ကိုလာကိုင္သည္ ေစာ္ေအာေလးမရခင္ထဲကလိုမ်ိဳးအခုမွလာၿပီး
romantic ဆန္ခ်င္ေနတယ္ ။
"ဘာလိုခ်င္လဲ..."
"က်န႔္က်န႔္ဘာလိုခ်င္မွန္းလဲမသိဘူး..."
"ဦးထုပ္လား...အိတ္လား...ေရေမႊးလား...အက်ီလား"
"မသိေတာ့ဘူးေမာင္ရယ္...က်န႔္က်န႔္ဘာလိုခ်င္မွန္းလဲေတာင္မသိဘူး"
"ယုန္ေလးေတြေရာ..."
"ဟင့္အင္းမလိုခ်င္ေသးဘူး ေလာေလာဆယ္ေတာ့ က်န႔္က်န႔္
ဗိုက္ဆာတယ္"
"အင္း..."
"အဲ့တာကဒီနားမွာမရွိဘူး ေကာလိပ္နားမွာပဲရွိတာ က်န႔္က်န႔္
အဲ့နားက စြပ္ျပဳတ္ ကိုတအားသေဘာက်တာ "
"အဲ့ကိုသြားရေအာင္"
"နည္းနည္းေဝးပါတယ္ ေမာင္ရယ္...ဒီမွာပဲရွိတဲ့ဆိုင္ေလးမွာ
စားရေအာင္"
"ေဝးလဲေဝးပါေစ ဘာျဖစ္လဲကိုယ္လိုက္ပို႔မွာပဲကို..လာသြားရေအာင္ ခဏေလာက္ေတာ့
ဒီဗိုက္ေလးကသည္းခံေပးဦးေနာ္..."
ၿမိဳ႕အုပ္၀မ္ကေရွာင္က်န႔္ဗိုက္ေလးကိုအုပ္ကိုင္လို႔ေျပာသည္
ေရွာင္က်န႔္ၿပဳံးကာ ေခါင္းၿငိမ့္ျပလိုက္တယ္။
*********
ေကာလိပ္နားကဆိုင္ကိုေရာက္ေတာ့ ေရွာင္က်န႔္ကအကုန္မွာ
စားသည္ ။
"ဒီဆိုင္ေလးကေကာင္းတယ္သိလား ေမာင္...ဒီမွာအမွတ္တရေတြတစ္ပုံႀကီးပဲ သူငယ္ခ်င္းေတြနဲ႔လည္းခဏခဏလာစား
ျဖစ္တယ္....က်န႔္က်န႔္ဒီဆိုင္ကလုပ္တဲ့မုန႔္ေတြေရာ အေအး
ေတြေရာ စြပ္ျပဳတ္ေတြေရာ အကုန္ႀကိဳက္တယ္...ဒီဆိုင္က
အရသာမ်ိဳးဘယ္မွာမွမရွိဘူး..."
"အင္း..."
သူမွာထားတဲ့ဟာေလးေတြေရာက္ေတာ့ ေရွာင္က်န႔္ကေျပာလည္းေျပာ စားလည္းစားတယ္ ၿမိဳ႕အုပ္၀မ္ကေတာ့မစားေခ်
သူ႔ေရွ႕ကသူကိုပဲထိုင္ၾကည့္ေနေလတယ္ ။
"ေမာင္မစားဘူးလား...က်န႔္က်န႔္ပဲစားေနရတာ"
"က်န႔္က်န႔္ကစားခ်င္တာကိုၾကည့္ၿပီးစားေနတယ္ ကိုယ္ကလည္းကိုယ္စားခ်င္တာကိုၾကည့္ေနတယ္"
"အဟြတ္...အဟြတ္..."
ေရွာင္က်န႔္သီးသြားကာ ေဘးဘက္ကိုၾကည့္လိုက္သည္ သူတို႔
ကေထာင့္အက်ဆုံးဝိုင္းမွာပဲျဖစ္ေနတယ္ ၿပီးေတာ့ၿမိဳ႕အုပ္၀မ္
အေနာက္ကခုံမွာလည္းလူမရွိေခ် ။
"ေမာင္ေနာ္...ဘာေတြေလွ်ာက္ေျပာေနတာလဲ..ခါးနာေနတာ
မေပ်ာက္ေသးဘူး"
"အင္းပါ..."
အေတာ္ေလးၾကာေတာ့မွေရွာင္က်န႔္စားလို႔ၿပီးတယ္ ။
"ဟာ...ဗိုက္တင္းသြားတာပဲ..."
"လမ္းေလွ်ာက္ဦးမလား...ပန္းၿခံထဲသြားရေအာင္"
"ေနပါဦးေမာင္ရယ္...ဗိုက္တင္းေနလို႔ လမ္းေတာင္မနည္း
ေလွ်ာက္ေနရတာကို"
"အင္း..."
"ဒီေနရာေလးကိုဘယ္ေတာ့မွထပ္လာျဖစ္မလဲမသိဘူး
အိမ္ေတာ္နဲ႔တအားေဝးတယ္ ေနာက္လမ္းႀကဳံမွပဲ၀င္စား
ျဖစ္ေတာ့မယ္ထင္ပါရဲ႕"
"...."
"သြားရေအာင္..."
ေရွာင္က်န႔္ကထြက္သြားၿပီးေတာ့ ၿမိဳ႕အုပ္၀မ္ကထိုဆိုင္ေလး
ကိုခဏတစ္ျဖဳတ္ေလာက္ေငးၾကည့္ေနလိုက္တယ္ ေနာက္ေတာ့မွေရွာင္က်န႔္ေနာက္ကိုေျပးလိုက္သြားေတာ့သည္။
"ျပန္ေတာ့မလား"
"ဟင့္အင္း...လမ္းေလွ်ာက္ဦးမယ္"
ေရွာင္က်န႔္ကလမ္းေလွ်ာက္လို႔ေဘးဘက္ကိုၾကည့္လိုက္
ေတာ့ဘြဲ႕ႏွင္းသဘင္ခန္းမႀကီးကိုလွမ္းျမင္ေနရတယ္ ။
"ေမာင္"
"အင္း..."
"လမ္းေလွ်ာက္ရင္းနဲ႔ေလ..."
"ဟာ...ၿမိဳ႕အုပ္၀မ္နဲ႔ ၿမိဳ႕စားကေတာ္ပဲ!"
အသံၾကားလို႔ၾကည့္မိလိုက္တာ မေန႔ကဟိုမင္းသမီးပင္
သူတို႔ကိုေတြ႕ေတာ့ အနားကိုေျပးလာတယ္။
"ဒီနားမွာ႐ိုက္ကူးေရးရွိတာ ခနနားလို႔လမ္းထြက္ေလွ်ာက္
တာဒီမွာၿမိဳ႕အုပ္တို႔ကိုေတြ႕လို႔ လာႏူတ္ဆက္တာပါ"
ေရွာင္က်န႔္ကေတာ့ သူမဘက္ကိုသာလွည့္ထားေပမဲ့အၾကည့္ေတြကေတာ့အျခားတစ္ဖက္စီမွာ ဒါေတြကိုသူမသတိထားမိ
မွာေတာင္မဟုတ္ပါဘူး။
"ၿမိဳ႕အုပ္တို႔ကေရာ...ဒီကိုဘာလာလုပ္တာလဲဟင္...တို႔လည္းေျပာျပရတယ္ေနာ္ ၿမိဳ႕အုပ္လည္းေျပာျပရမယ္"
"တစ္ခုေလာက္အရင္ေျပာပါရေစ"
"ဟုတ္ကဲ့ပါ ေျပာပါၿမိဳ႕အုပ္"
"အသံကိုခဏျပင္ေပးလို႔ရမလား...က်ဳပ္နားထဲ၀င္လာတာ
ကန႔္လန႔္တိုက္ေနလို႔ "
"မေန႔ကလည္းဒီအသံနဲ႔ေျပာတာပဲကို ၿမိဳ႕အုပ္ကလည္း..."
"ဟုတ္တာေတာ့ဟုတ္ပါတယ္ အဲ့တုန္းကဘာမွမျဖစ္တာ
က မင္းေျပာတာကိုသိပ္အာ႐ုံမလာလို႔ပဲ...၀န္ခံရရင္
မင္းမေန႔ကငါ့ကိုဘာေတြေျပာသြားမွန္းလည္းငါမသိဘူး"
"...."
"ဒီေန႔မွအာ႐ုံစိုက္ၿပီးနားေထာင္မိလိုက္တာ...ေတာ္ေတာ္ေလး
နား၀င္ဆိုးတာပဲ..."
"ၿမိဳ႕အုပ္ကလည္း...တို႔ရဲ႕ပရိသတ္ျဖစ္ေနၿပီးေတာ့ အဲ့တာကို
စတာလို႔မွတ္ယူလိုက္မယ္ေနာ္"
"sorry ပါက်ဳပ္ကမင္းရဲ႕ပရိသတ္မဟုတ္ပါဘူး က်ဳပ္က
ဇာတ္ကားၾကည့္ေလ့မရွိဘူးေလ...မေန႔ကေျပာတယ္ဆိုတာ
ကလည္း......ခ်စ္ဖို႔အရမ္းေကာင္းတဲ့
ယုန္ေလးတစ္ေကာင္ကိုစခ်င္လို႔ပါ"
"...."
"အ..မင္းရဲ႕ပရိသတ္လို႔လိမ္ညာမိခဲ့တဲ့အတြက္ sorryပါ"
"ရ..ရပါတယ္..ၿမိဳ႕အုပ္"
"အာ...ၿပီးေတာ့တစ္ခုရွိေသးတယ္...မင္းကမင္းသမီးျဖစ္ၿပီး
၀တယ္ေနာ္..."
"...."
"ခြီး...."
ေရွာင္က်န႔္ကေဘးနားကေနခိုးရီေနတာေလးေပၚသြားၿပီပင္
ေမာင့္ရဲ႕လက္ကိုခဏျဖဳတ္လို႔ ခပ္လွမ္းလွမ္းသြားကာ
တဟားဟားနဲ႔ေအာ္ရီပစ္လိုက္တယ္ ၿပီးမွျပန္ေရာက္လာ
လို႔လက္ကိုျပန္တြဲထားတယ္။
"လမ္းဖယ္ေပးပါဦး...ဒါက်ဳပ္တို႔ေလွ်ာက္ေနတဲ့လမ္းေလး
မို႔လို႔ပါ"
"ရ..ရပါတယ္ ၿမိဳ႕အုပ္"
"သြားရေအာင္ေနာ္...အခ်စ္..."
"အြန္း..."
ေရွာင္က်န႔္ကၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ပဲ ေမာင့္နားကိုကပ္လို႔ လမ္း
ဆက္ေလွ်ာက္သြားတယ္။
ဟိုမိန္းမမ်က္ႏွာဘယ္လိုျဖစ္
ေနမလဲ ၿမိဳ႕အုပ္၀မ္ဂ႐ုမစိုက္ပါဘူး အဓိကကေတာ့
ေရွာင္က်န႔္မ်က္ႏွာေလးၿပဳံးေနတာကိုပဲ သူဂ႐ုစိုက္ပါတယ္
____________
(26.2.2024)
#Su🐼