ဘက်စုံတော်တဲ့ အလယ်လမ်းကစားသမာ...

By Swae_Nyoe

253K 31.5K 1.2K

ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစား... More

Descripton
Spoil မယ်
Part 1
မေးစရာရှိလို့ပါ ဖြေပေးကြနော်
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
တောင်းဆိုချက်..
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
သတင်းအချက်အလက်..
Part 24
Part 25
Part 26
တယ်လီဂရုကြေညာချက်..
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68
Part 69
Part 70
Part 71
🥰တယ်လီဂရုလေးပြီးဆုံးသွားပါကြောင်း🥰
Part 72
Part 73
Part 74
Part 75
Part 76
Part 77
Part 78
Part 79
Part 80
Part 82
Part 83
Part 84
Part 85
BL Completed Package Promotion
Part 86
Part 87
Part 88
Part 89
Part 90
Part 91
Part 92
Part 93
Part 94
Part 95
Part 96
Part 97
Part 98
Part 99
Part 100
Part 101
Part 102
Part 103
Part 104
Telegram ကို လာခဲ့နော်
Part 105
Part 106
Completed in Telegram
Part 107
Part 108
Part 109
Part 110
Part 111
Part 112
Part 113
Part 114
Part 115
Part 116
Part 117
Part 118
Part 119
Part 120
Part 121
Part 122
Part 123
Part 124
Part 125
Part 126
Part 127
Part 128
Part 129
Part 130
💥 September လလယ် Promotion💥
Part 131
"စွဲညို့Team ဇာတ်လမ်းများ ဖတ်ဖွယ်ဖတ်ရာ စုံစုံလင်လင်"
Part 132
Part 133

Part 81

1.7K 244 3
By Swae_Nyoe

အပိုင်း (81)

ဂိမ်းပွဲက စတင်သည်။

NTG၏ ခေါင်းဆောင်က အသင်း၏ အသံchat roomမှတစ်ဆင့် လှမ်းပြောလိုက်သည်။

"ငါတို့ ထျန်းဟွမ်ရဲ့တောကို တိုက်ခိုက်တဲ့ အကြံနဲ့ပဲ ဆက်သွားဦးမယ်၊ ခေါင်းဆောင်ချီကို အားမပြည့်သွားစေနဲ့"

ဒီတစ်လှည့်တွင် ချီရှို့၏ hero လူရမ်းကားက ဂိမ်းအစောပိုင်းတွင် အတော်လေး အားနည်းသည်။ သို့သော် သူက ဂီယာအပြည့် ရလိုက်သည်နှင့် ထိန်းချုပ်နိုင်သည့် စွမ်းရည်၊ ရွေ့လျားနိုင်သည့် စွမ်းရည်အပြင် ပေါက်ကွဲထွက်နိုင်သော damageစကေးပေါင်း များစွာကို ပိုင်ဆိုင်လာမည်ဖြစ်သည်။ ထို့ကြောင့်သူက ရန်သူ များကို မျှော်စင်ထဲမှ မထွက်ရဲစေသည်အထိ အလွန်အမင်း ဖိအားပေးစွမ်းရည် ရှိသည်။

ထို့ကြောင့် NTGက တောထဲသို့ ဝင်ကာ အကြံအစည်ကို အကောင်အထည်ဖော်လျက် သူတို့၏ ထိန်းချုပ်မှာအောက်သို့ ရောက်စေမည်ဖြစ်သည်။ သူတို့က အကြံကိုပြောင်း၍ မရသေးချေ။ ထိုနားလည်သဘောပေါက်မှုကို အဖွဲ့ချုပ်ထဲရှိ အကွင်းတိုင်းက မျှဝေထားနိုင်ပြီးသား ဖြစ်သည်။

ဂိမ်း၏ interfaceက loading upလာသည်။ ဂိမ်းမှ ဗားရှင်းအသစ်က အစပိုင်းတွင် စက္ကန့်၉၀ အားလပ်ချိန်ရထားသဖြင့် NTG၏ ကစားသမား ၅ယောက်လုံးဟာ ထန်းထျင်းဟွမ်၏ တောထဲသို့ ကျူးကျော်ရန် ဆုံးဖြတ်ထားကြသည်။ သူတို့သည် မြစ်တောက်လျှောက် မြေပုံထဲတွင် မြင်နိုင်စွမ်းရည်ရအောင် အတူတကွ ကြိုးစားကြမည်ဖြစ်ပြီး ချီရှို့၏ အပြာရောင် buffကိုခိုးရန် ပန်းတိုင်ထားလိုက်ကြသည်။

ချွီကျန်းက ပထမဦးဆုံး သွားရောက်ခုခံသူ ဖြစ်သည်။ သူသည် ရန်သူအသင်း၏ ရွေ့လျားလှုပ်ရှားမှုကို မြင်လိုက်၏။ ယဲ့ရှောင်းယန်နှင့် ချီရှို့တို့က ပိုင်နက်နယ်မြေ၏ ညာဘက်ခြမ်းမှ ပတ်ကာလာပြီး ရန်သူ၏ အပြာရောင် buffကို သွားခိုးရန် မြေပုံထဲကို ချောင်းကာ ကျော်ဖြတ်သည်။ နှစ်ဖက်လုံးက တစ်ခဏခန့်ကြာအောင် တွန်းလိုက်ဆွဲလိုက် ဖြစ်နေကြသည်။ အဆုံးတွင် NTGက အောင်မြင်စွာဖြင့် ချီရှို့၏ အပြာရောင် buffကို ဆွဲချလိုက်သည်။

ချီရှို့ကလည်း ရန်သူ၏ အပြာရောင် buffကို hellနိမ့်သွားအောင် ချောမွေ့စွာ လုပ်လိုက်သည်။ ထို့နောက် သူက ချက်ချင်းလိုလို နောက်ဆုတ်လိုက်ချိန်တွင် ယဲ့ရှောင်းယန်က အပြာရောင် buffကို လှမ်းယူလိုက်သည်။

ထိုသို့ဖြင့် live streamထဲတွင် comment များက ရေလှိုင်းများလို ပေါ်ထွက်လာပြန်သည်။

[ခေါင်းဆောင်ချီက သနားစရာကောင်းတဲ့ အထောက်အပံ့ junglerနေရာက ကစားနေရပြန်ပြီ၊ သူက သူ့ရဲ့ ပထမဦးဆုံး အပြာရောင် buffကို midlanerကို ပေးလိုက်တာပဲ ]

[သူတို့က midlanerအသစ်ကို တော်တော်လေး ကောင်းကောင်း ဆက်ဆံကြတယ်]

[ငါလည်း ဒီmidlaner ရှောင်ကောကော အိုမီဂါလေးက အပြာရောင် buffရပြီးတာနဲ့ kill မပေးလိုက်ဖို့ မျှော်လင့်ပါတယ်]

[ချီရှို့ရဲ့ အဓိပ္ပါယ်က... ငါအပြာရောင် buffရသွားရင် သူတို့ငါ့ကို ပစ်မှတ်ထားလိမ့်မယ်၊ ဒီတော့ အသင်းဖော်ကို ပေးလိုက်တာ ပိုကောင်းမယ်၊ မင်းတို့ကောင်တွေငါ့ကို ပြောမနေကြနဲ့]

ထျန်းဟွမ်က အပြာရောင် buffကို midlanerကို ပေးလိုက်ပြီး ပထမဦးဆုံး အနီရောင် buffကို maskmanကို ပေးလိုက်သည်။

အထောက်အပံ့ပေးနေရင်း ချီရှို့က ကွင်းထဲတွင် သနားစရာအကောင်းဆုံး ကစားသမားလေး ဖြစ်သွားသည်။ သူက အထောက်အပံ့ junglerဖြစ်နေသည်။

သို့သော် ဒါကလည်း အဆင်ပြေသည်။ လူရမ်းကား၏ ထိန်းချုပ်နိုင်သော စကေးက qစကေး ဖြစ်သည်။ သူက အဆင့်၆ မရောက်သေးသည့် တိုင်အောင် ထိုheroက သူ၏ ရည်ရွယ်ချက်ကို လုပ်ဆောင်နိုင်သည်။

အနီရောင် buffကို ရပြီးနောက် ချန်းရှင်းက ရန်သူ bottom lanerများကို ရင်ဆိုင်ရာတွင် ပို၍ လွယ်ကူသော အချိန်ကောင်းများကို ပိုင်ဆိုင်လာသည်။ သူသည် ချွီကျန်းနှင့် ပေါင်းလိုက်သော် ကာကွယ်မှုအပိုထပ်ဆောင်း ရလိုက်သလို ဖြစ်သွားသည်။

အောက်ခြေလမ်းကျဥ်းတွင် 2 v 2ဆုံလာသည့်အခါ ချန်းရှင်းက ရန်သူ maskmanကို အိမ်သို့ ပြန်ရောက်အောင် ချောမွေ့စွာ မလုပ်နိုင်သေးသော်လည်း အကောင်ပေါက်များကို farmingလုပ်ရာတွင်မူ အားနည်းချက် အနည်းငယ် ရလိုက်နိုင်သည်။

အလယ်လမ်းကျဥ်းတွင်....

NTG၏ ခေါင်းဆောင်က အတော်လေး မသက်မသာဖြစ်နေသော အနေအထားမျိုးသို့ ရောက်နေသည်။

ရန်သူmidlaner၏ အနိုင်ကျင့်ခံရသောကြောင့် မသက်မသာ ခံစားရသော ခံစားချက်မျိုး မဟုတ်ဘဲ သေးငယ်သော အသေးစိတ်အချက်အလက်လေးများမှ တဖြည်းဖြည်းချင်း ထွက်လာသည့် မသက်မသာဖြစ်စေသည့် ခံစားချက်မျိုး ဖြစ်သည်။

ရန်သူ အိုမီဂါက ထိုမျှ မကြမ်းတမ်းသင့်ချေ။ အသူရာအရှင်သခင်က သူ၏ မျှော်စင်အောက်တွင်သာ အားနည်းစွာ နေ​နေသည်။ သူက ထိုအမှောင်ထဲမှသာ minionများကိုသာ ခိုးရှင်းနေသည်။ သို့သော် သူက အရိပ်တစ်ခု လွှတ်လိုက်ချိန်တိုင်း minionအချို့က ချက်ချင်း အသတ်ခံရသည်။ ထို့အပြင် အခြားmidlaner၏ လှုပ်ရှားမှုများကိုလည်း နှောင့်ယှက်တတ်သေးသည်။ ထိုအခြေအနေက NTG၏ midlanerကို ရန်သူ minionများကို လွဲသွားစေပြီး သူ့ကိုပင် ချော်ကာ ထွက်သွားအောင် ခွင့်ပြုပေးလိုက်သလို ဖြစ်သွားသည်။ ရလဒ်အနေဖြင့် NTG၏ midlaner အပြင်ဘက်မျှော်စင်က hpအများပြီး ဆုံးရှုံးလိုက်ရသည်။

ထိုသို့ အသေးစိတ်ကျကျ ကစားနိုင်သော ပုံစံက သူတို့ လမ်းကျဥ်းတွင် ရှိသည့် midlanerကို တောက်ပစေသည်။

အသူရာအရှင်သခင်၏ အရိပ်များက damageအများကြီး မယူသော်လည်း ထပ်ခါတလဲလဲ ရန်သူမျှော်စင်ကို တိုက်ခိုက်နေခြင်းက NTG midlaner၏ မျှော်စင်ကို hp ၆၀%သို့ တောက်လျှောက် ထိုးကျသွားစေသည်။ ထိုအချိန်တွင် အသူရာအရှင်သခင်ကမူ သူ၏ မျှော်စင်အောက်တွင် ပုန်းနေပြီး hellအပြည့် ရှိနေသည်။

NTG၏ junglerက မေးသည်။

"ခေါင်းဆောင် midlaneက အကူအညီလိုလား"

NTG၏ midlanerက ပေါ့ပါးစွာ ပြန်ဖြေပြန်သည်။

"မလိုဘူး၊ ဒီအိုမီဂါက တော်တော်လေးကို သတိထားပြီး ကစားတတ်တဲ့ ပုံစံမျိုးပဲ၊ သူက သူ့ရဲ့ မျှော်စင်အောက်မှာပဲ တစ်ချိန်လုံး ပုန်းနေပြီး ထွက်လာဖို့တောင် ကြောက်နေတာ၊ ငါကလည်း junglerကနေ ရောက်လာမဲ့ ထောက်ပံ့မှုကို စောင့်နေတာလို့ ထင်တယ်၊ ငါအဆင့်၆ကို ရောက်သွားတာနဲ့ သူ့ကို solo killလိုက်လို့ရတယ်၊ မင်းကတော့ အောက်ခြေလမ်းကျဥ်းကို သွားပြီး ကူညီလိုက်"

ထိုစကားလုံးများ ပြောလိုက်သည်နှင့် ဂိမ်း၏ အစပိုင်းတွင် အပြာရောင် buffကို ရထားသော အသူရာအရှင်သခင်က အဆင့်၆သို့ ရောက်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို ရုတ်တရက် NTG midlaner၏ မျက်စိရှေ့တင် အရိပ်၃ရိပ်က ချက်ချင်းထွက်ပေါ်လာသည်။ ပုံရိပ်ယောင်ပညာရှင်၏ ခေါင်းထက်တွင်လည်း အနက်ရောင်အမှတ်အသားများက ချောမွေ့စွာဖြင့် ပေါ်ထွက်လာသည်။ NTG midlanerက တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ သို့သော် သူက ချက်ချင်းဆိုသလို flash စကေးကို သုံးပြီး နောက်ဆုတ်သည်။

သို့ရာတွင် အသူရာအရှင်သခင်က သူ၏ မျှော်စင်အောက်မှ ချက်ချင်းဆိုသလို flashကို သုံးကာ ခုန်ထွက်လာပြန်သည်။ သူ၏ ultကို သုံးပြီး အသူရာအမှတ်အသားတိုင်းကို အသက်သွင်းလိုက်ကာ ရန်သူ midlanerကို ချက်ချင်းဆိုသလို သတ်ဖြတ်လိုက်သည်။

First blood။

ကြည့်ရှုသူများက အသိပြန်ဝင်သွားသည့်အချိန်တွင် အသူရာအရှင်သခင်က ချောမွေ့စွာဖြင့် အရိပ်နှင့်သူနှင့် နေရာလဲကာ ကိုယ်ပိုင်မျှော်စင်ထဲသို့ ပြန်ရောက်သွားပြီဖြစ်သည်။

ထိုမျှ ချောမွေ့မြန်ဆန်မှု၊ လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် first kill ယူလိုက်နိုင်မှုက လူအများကို ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်မိစေသည်။ သူတို့က ထင်ယောင်ထင်မှား မြင်လိုက်မိသည်ဟုပင် ခံစားလိုက်ရသည်။ တစ်ချိန်လုံး မျှော်စင်အောက်တွင် ရှိနေသော သူတို့က အသူရာအရှင်သခင်ကို ပြန်ကြည့်လိုက်ကြသည်။

အသူရာအရှင်သခင်က မျှော်စင်အောက်မှာပဲ တစ်ချိန်လုံး ရှိနေတာ မဟုတ်ဘူးလား။

ရန်သူ midlanerက ဘယ်လိုမျိုး ရုတ်တရက် သေသွားတာလဲ။

စောင့်ကြည့်နေရာမှ တစ်ချိန်လုံး ထိုင်ကြည့်နေသော ရှဲ့ရှောင်းထျန်းက သဘောတကျ အော်ရယ်သည်။

"ဟဟဟ ငါ့ရဲ့ ယန်ကော အသူရာအရှင်သခင်က မျှော်စင်က မထွက်တာအကောင်းဆုံးပဲ၊ ဒါပေမဲ့ သူထွက်လိုက်တာနဲ့ ရန်သူရဲ့ သနားစရာကောင်းတဲ့ အသက်လေးကို ယူလိမ့်မယ်"

NTG၏ midlanerကလည်း အတော်လေး ကြောင်တောင်တောင် ဖြစ်နေသည်။

Live streamမှ ကြည့်ရှုသူများကလည်း ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။ ဖြစ်ပျက်သွားသည့် အရာအားလုံးက မြန်လွန်းသည်။ သူတို့က ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်ရချေ။

ထင်မြင်ချက်ပေးသူနှစ်ယောက်က လျှင်မြန်စွာ တုံ့ပြန်မလာနိုင်ကြချေ။ သူတို့က ချက်ချင်းလိုလို ဆွေးနွေးကြသည်။

"ဒါရိုက်တာ အဲဒီတစ်ခဏကို အနှေးပြကွက်နဲ့ ပြန်ပြပေးလို့ ရမလား၊ ငါတို့တွေလည်း အသူရာအရှင်သခင်က ရုတ်တရက် soloတိုက်ကွက်မစခင် သူ့ရဲ့ အရိပ်ကို ဘယ်လို လွှတ်လိုက်လဲဆိုတာကို ကြည့်နိုင်လိမ့်မယ်လေ၊ သူက အရင်ဆုံး အဲဒီအရိပ်တွေကို ရန်သူပေါ်မှာ အသူရာအမှတ်အသား ထင်ကျန်ရစ်အောင် လုပ်လိုက်တာ၊ လုံလောက်အောင်အမှတ်အသား ပြုပြီးတာနဲ့ ရန်သူက flash စကေးကို သုံးပြီး ထွက်ပြေးတဲ့အခါ အသူရာအရှင်သခင်က ချက်ချင်း flash စကေး ထပ်သုံးပြီး သူ့ရဲ့ ultကို သုံးလို့ ရန်သူကို ချက်ချင်း သတ်လိုက်တာပဲ၊ အဲဒီလိုနဲ့ သူ​က ချက်ချင်းလိုလို သူ့ရဲ့ မျှော်စင်ထဲကို ပြန်ဝင်သွားတယ်"

"ဟုတ်တယ် လဲ့ယန်ရဲ့ ဒီတိုက်ကွက်မှာ လှုပ်ရှားသွားတဲ့ ပုံစံက တအားကို ချောမွေ့လွန်းနေတယ်၊ သူ့ရဲ့ အရိပ်က လေလိုပဲ၊ လန်းလိုက်တာ"

Live streamမှ ကြည့်ရှုသူများကလည်း ထိုအနှေးပြကွက်ကို ပြန်ကြည့်လိုက်ကြပြီးနောက် နောက်ဆုံးတွင် အသိပြန်ဝင်သွားကြသည်။

[Midlane solo killပဲ 6666]

[ဖာ့ခ် ငါတို့ရဲ့ရှောင်အိုမီဂါ ကောကောလေးက ဒီလောက် ကြောက်စရာ ကောင်းတာလား ]

[ဒီ midlanerက ဒီလောက်အဆင့်အထိ ခပ်ကြမ်းကြမ်း လှုပ်ရှားနိုင်တယ်၊ သူ့ရဲ့ flash စကေးက တစ်ခါတည်း killယူသွားတာပဲ ]

[သူက killယူပြီးတာနဲ့ မျှော်စင်ထဲကို ချက်ချင်း ပြန်ဝင်သွားတာ၊ ဘယ်လောက်တောင် လန်းလိုက်သလဲ၊ ငါ ယဲ့ရှောင်းယန်ရဲ့ ပရိသတ်ဖြစ်သွားပြီ ]

ယဲ့ရှောင်းယန်က လျင်မြန်စွာဖြင့် ရန်သူminionများကို ရှင်းလိုက်သည်။ ထို့နောက် သူက အောက်ခြေလမ်းကျဥ်းသို့ ဆင်းပြန်သည်။

NTG၏ midlanerက ချက်ချင်းလိုလို သတိပေးသည်။

"midlanerပျောက်သွားပြီ၊ မင်းတို့တွေ အောက်ခြေလမ်းကျဥ်းမှာ တိုက်ခိုက်နေတာ အခုချက်ချင်းရပ်ပြီး မြန်မြန် ပြန်ဆုတ်လာကြစမ်း"

NTG၏ junglerက အောက်ခြေလမ်းကျဥ်းတွင် ထောက်ပံ့ပေးရင်း ရောက်နေချိန်ဖြစ်သည်။ သူက ခေါင်းဆောင်၏ စကားကို ကြားသောအခါ ချက်ချင်းလိုလို ခုန်လိုက်ပြီး စကေး setတစ်ခုကို ထုတ်လွှင့်လိုက်ခြင်းအားဖြင့် အေးခဲနတ်ဘုရားမကို ဒုက္ခိတ ဖြစ်သွားစေသည်။ ထျန်းဟွမ်၏ maskmanက ဝေးလွန်းနေသည်။ သို့သော် NTG၏ junglerကမူ အထောက်အပံ့ကို သတ်နိုင်မည်ဖြစ်သည်။

Junglerကလည်း ထျန်းဟွမ်၏ အထောက်အပံ့က w စကေးကို သုံးထားမည်ဟု မမျှော်လင့်မိချေ။ သူ၏ နောက်ဆုံးအသက်ကို ခြိမ်းခြောက်နိုင်သော အခြေအနေမျိုးတွင် ထိုသို့ ကြန့်ကြာနေချိန်တွင် နှင်းဘောလုံးများက မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး NTG၏ junglerနှင့် maskmanတို့က တစ်ချိန်တည်းတွင် မလှုပ်ရှားနိုင်တော့ချေ။

ချန်းရှင်းက ထျန်းဟွမ်၏ မျှော်စင်အောက်တွင် ရပ်နေသည်။ သူက သာမန်တိုက်ကွက်များကိုသာ ဆက်တိုက် ထုတ်သုံးနေသည်။ သူက ရန်သူ ကစားသမား နှစ်ယောက်လုံးကို hellနိမ့်ကျသွားစေသည်။ အေးခဲနတ်ဘုရားမ၏ တောင့်ခဲအောင် လုပ်ထားသော သက်ရောက်မှုက ပြယ်တော့မည့် အချိန်ကာလတွင် တစ်ချိန်လုံး တောထဲတွင် ပုန်းကာ စောင့်နေခဲ့သော လူရမ်းကားက ရုတ်တရက် ထွက်လာပြီး လှုပ်ရှားမှု စကေးနှစ်ခုကို ထုတ်သုံးလိုက်ပြီး သူ၏ ကြီးမားသော ဓားကြီးကိုသုံးကာ ထိုနှစ်ယောက်လုံးကို မှင်တက်ကြောင်အသွားစေပြန်သည်။

ချီရှို့နှင့် ချွီကျန်းတို့က အတူပေါင်းကာ အဖွဲ့လိုက် ထိန်းချုပ်သည့် သက်ရောက်မှုများ ရှိအောင် စကေးများ ဆက်တိုက် ထုတ်သုံးနေခဲ့သည့်အချိန်တွင် ယဲ့ရှောင်းယန်က ပြီးပြည့်စုံစွာဖြင့် အခွင့်အရေး အရယူကာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။

Killတစ်ခု ရပြီးခါစ အသူရာအရှင်သခင်က သူ၏ စကေးများအားလုံး cooldownဖြစ်နေပေလိမ့်မည်။ ထို့ကြောင့်သူက ကလဲ့စားချေသော modeအတွင်း ရောက်ရှိနေပြီး သူ့ကို မှော် damageအများကြီး ရနိုင်စေသည်။ ယဲ့ရှောင်းယန်၏ ဘယ်လက်က ချောမွေ့စွာဖြင့် ကီးဘုတ်ကို ဖြတ်သန်းနေချိန်တွင် ညာလက်ကလည်း မောက်စ်မှ ခလုတ်ကို ဆက်တိုက် နှိပ်နေသည်။ လူတိုင်းကလည်း လေပြင်းတိုက်ခတ်လာသလို လျှင်မြန်သော အရှိနှုန်းဖြင့် ထွက်လာသည့် အနက်ရောင်အရိပ်၃ရိပ်ကို မြင်လိုက်ရပေလိမ့်မည်။ သို့သော် ထိုအရိပ်ကို မြင်လိုက်သည်နှင့် ထိုအရိပ်၃ရိပ်လုံးက ရန်သူ ကစားသမား၂ယောက်ကို ဝိုင်းလိုက်ကြောင်း ဆက်မြင်ရပေလိမ့်မည်။

Double killl။

အသူရာအရှင်သခင်က double killဆက်ယူသည်။

ချွီကျန်းက တိုက်ပွဲတွင် သေသွားသော်လည်း ရန်သူ junglerနှင့် maskmanကလည်း သူနှင့်အတူ ပါသွားသည်။

ထျန်းဟွမ်က အားသာ​နေသည်။ ထိုနည်းအားဖြင့် ချက်ချင်းဆိုသလို killနှစ်ကြိမ်ဆက်တိုက် ယူလိုက်သည်။

ပွဲကြည့်စင်ဘက်မှ မိုးခြိမ်းမတတ် ကျယ်လောင်သည့် လက်ခုပ်သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ live streamဖန်သားပြင်တွင်လည်း 66666 commentများက ဆက်တိုက် ပြည့်နေပြီး လူတိုင်းက ထိုအိုမီဂါက မည်မျှ ကြောက်စရာကောင်းကြောင်း၊ ထျန်းဟွမ်၏ midlanerအသစ်က အလွန်လန်းကြောင်း ပြောနေကြသည်။

ပင့်မူ၏ xq....

ကျောင်းရှင်းအန်းက အရာအားလုံးကို မြင်လိုက်သည်။ သူ၏ ပါးစပ်က အဟောင်းသားဖြစ်နေပြီး ကြက်ဥပင် ပစ်ထည့်၍ ရသည်။

"သောက်ကျိုးနည်း ဖာ့ခ်"

ကျောင်းရှင်းဖင်းက ပြောသည်။

"ထျန်းဟွမ်ရဲ့ midlanerက လှုပ်ရှားမှု တော်တော်မြန်တယ်"

ယဲ့ရှောင်းယန်က ဂိမ်းအတွက် အလွန်အမင်း မြန်ဆန်သော စည်းချက်ကို ရအောင် ချနိုင်သည်။

ရန်သူmidlanerသတိလက်လွတ် ဖြစ်ချိန်ကို အရဖမ်းပြီး solo killယူသည်။ ယဲ့ရှောင်းယန်က midlane minionများကိုလည်း ကိုင်တွယ်ရသေးသည်။ သူက ultပြည့်သွားသည်နှင့် ချက်ချင်းဆိုသလို ချောမွေ့စွာဖြင့် အောက်ခြေလမ်းကျဥ်းသို့ အနက်ရောင်အရိပ်များ သုံးကာ ဆင်းသွားပြီး အသင်းဖော်များနှင့် ပေါင်းကာ နောက်ထပ် kill၂ခု ဆက်ယူသည်။

ချီရှို့သည် နဂါးသေးတွင်းနားတွင် အမှတ်အသား ပြုထားပြီးသား ဖြစ်သည်။

"နဂါးတိုက်ပွဲအတွက် အဆင်သင့် ပြင်ကြ"

ထိုအချိန်တွင် NTGကစားသမား ၅ယောက်လုံးက အဆင့်၆သို့ ရောက်သွားသည်။ ထျန်းဟွမ်အတွက်ကမူ သူတို့၏ jungler ချီရှို့က အဆင့် ၄တွင်သာ ရှိသေးသည်။ သို့သော် အသူရာအရှင်သခင် က အဆင့်၇သို့ ရောက်နေသည်။ သူက သူ၏ နာမည်အောက်တွင် kill၃ခု ဆက်တိုက် ယူထားနိုင်သေးသည်။ ထို midlaner၏ ဂီယာက အတော်လေး မြင့်လာပြီး ရန်သူ midlanerထက် အများကြီး သာသည်။

ထို့အပြင် NTG၏ junglerက သတ်ခံရပြီးခါစ ဖြစ်သည်။ NTGက နဂါးကို ခိုးချင်သည့်တိုင်အောင် သူတို့ကလည်း သက်ရောက်မှုရှိသည့် တိုက်ကွက်များကို မထုတ်နိုင်ချေ။

NTG၏ ခေါင်းဆောင်က ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောသည်။

"နဂါးကို လွှတ်လိုက် jungler၊ မင်းငါနဲ့အတူ သူတို့ရဲ့ မျှော်စင်ကို သွားဖြိုမယ်"

ထျန်းဟွမ်ကစားသမားလေးယောက်က ထိုနဂါးအသေး၏ တွင်းအပြင်ဘက်တွင် စုစည်းနေကြချိန်တွင် NTGကစားသမား သုံးယောက်က အတူစုပြီး toplaneသို့သွားကာ ထျန်းဟွမ်၏ မျှော်စင်ကို သွားရောက်တိုက်ခိုက်သည်။ ဒါက NTGအတွက် အလွန်အရေးကြီးသော ရတနာများ ဖြစ်သည်။ သူတို့ကသာ ထျန်းဟွမ်၏ toplaneမျှော်စင်ကို ဖြိုချနိုင်မည်ဆိုလျှင် နဂါးအသေးကို ဆုံရှုံးလိုက်ရလျှင်လည်း သူတို့အတွက် ကြီးမားသော အားနည်းချက် မဖြစ်သွားနိုင်ချေ။

ချင်းယီကျူးက NTGကစားသမား၃ယောက်ထံမှ ပူးပေါင်း တိုက်ခိုက်မှုကို ဆုံရသည်။ သူ၏ hpက ဆက်တိုက် ထိုးကျလာသည်။ သို့သော် သူက hellနိမ့်သည်အထိ မရောက်သေးခင် သူ၏ စကေးများကို သုံးပြီး ရန်သူ minionများကို အတုံးလိုက် ရှင်းလိုက်သေးသည်။ NTGက ထျန်းဟွမ်၏ မျှော်စင်ကို ချက်ချင်း မဆွဲချနိုင်ခဲ့ချေ။

ချီရှို့က ပြောသည်။

"အဖိုးကြီးချင်း အခြေစိုက်စခန်းကို ပြန်၊ ရှောင်းယန် မင်း top laneကိုသွားပြီး ထောက်ပံ့ပေးလိုက်"

ယဲ့ရှောင်းယန်က အတည်ပြုပေးသည်။

"နားလည်ပြီ"

ချင်းယီကျူးက နာခံစွာဖြင့် သူ၏ အခြေစိုက်စခန်းသို့ နိမ့်ကျနေသော hellနှင့် ပြန်သွားသည်။ သူက သူ၏ လမ်းကျဥ်းထဲသို့ အပြေးပြန်သွားသည့်အချိန်တွင် နောက်ထပ် ရန်သူ minionတစ်သုတ်က ရောက်လာကြောင်း မြင်လိုက်ရသည်။ ထျန်းဟွမ်၏ toplane မျှော်စင်က hell ၂၀%သာ ကျန်တော့သည်။ NTGကစားသမား ၃ယောက်ကလည်း တောထဲမှ ချီရှို့၏ အပြာရောင် buffကို ခိုး၍ ပြီးသွားသည်။ သူတို့က toplaneကို ဆက်လက်ပြီး လာရောက်တိုက်ခိုက်ကြပြန်သည်။

NTGခေါင်းဆောင်က သတိပေးသည်။

"အောက်ခြေလမ်းကျဥ်းကို သတိထား၊ သူတို့ရဲ့ junglerက အောက်မှာ၊ အသူရာအရှင်သခင်ကလည်း အောက်ကို ဆင်းသွားလောက်တယ်"

ထို bottom lanerနှစ်ယောက်က ချက်ချင်းလိုလို သတိအပြည့် ကပ်လိုက်ကြသည်။

Toplaneတွင် NTGက 3v1တိုက်ခိုက်နေသည်။ ထိုသို့ဖြင့် သူတို့က အသာစီးရထားသည်။ ချင်းယီကျူးက ရှေ့ဆက်သွားပြီး ဆက်တိုက်ခုခံမည့် လက္ခဏာပြသည်။ သူကလည်း သူတို့ကို မခုခံနိုင်တော့ဘဲ တဖြည်းဖြည်းချင်း ရှုံးတော့မည်ကဲ့သို့ ဟန်ဆောင်ပြနေသည်။

NTGကစားသမား ၃ယောက်လုံးက ဆက်လက်ပြီး ရှေ့တိုးကာ တွန်းတိုက်နေကြသည့် အချိန်တွင် ချင်းယီကျူးက နောက်ဆုံး hellအထိ ကျသွားကြောင်း မြင်လိုက်ပြီး သေခါနီးဖြစ်နေကြောင်း သတိထားလိုက်မိကြသည်။

ရုတ်တရက် နဂါးနက်သူရဲကောင်းက ရှေ့သို့ ဖြတ်ခနဲ ဝင်ရောက်လာသည်။ ရန်သူ၏ နောက်တန်းမှ midlanerနှင့် junglerများကို ချက်ချင်းလိုလို လှုပ်ရှား၍ မရအောင်သူက လုပ်ပေးလိုက်သည်။ ထ်ို့နောက် နတ်ဘုရားမှသာ သိလောက်သော နေရာမျိုးက အရိပ်၃ရိပ် ရုတ်တရက် ပေါ်လာသည်။ ထိုသို့ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရှိသည့် ရန်သူheroများကို ဝိုင်းလိုက်သည်။

အနက်ရောင်အမှတ်အသားများက ပေါ်လာပြီးနောက် ချက်ချင်းဆိုသလို အသက်သွင်းခံရကာ ရန်သူhero၏ hell ဘားတန်းက တစ်ဝက်တိတိ လျော့ကျသွားသည်။

Double kill။

ချင်းယီကျူးက ချက်ချင်းဆိုသလို နောက်မှ လိုက်လာပြီး သူ၏ ကိုယ်ပိုင်း killဖြင့် double kill ယူလိုက်သည်။

သူက စိတ်လှုပ်ရှားစွာ ပြောသည်။

"nice"

တစ်ဖက်အဖွဲ့မှ ကစားသမားတိုင်းက တိတ်ဆိတ်သွားကြသည်။

သောက်ကျိုးနည်း၊ ယဲ့ရှောင်းယန်က အောက်ခြေလမ်းကျဥ်းကို ဆင်းသွားတာ မဟုတ်ဘူးလား။

သူက အပေါ်လမ်းကျဥ်းမှာ ပုန်းနေပြီး သူတို့ရဲ့ toplanerကို ကူညီပေးတာပေါ့လေ။

ယဲ့ရှောင်းယန်က အတော်လေး သတိမထားမိလောက်သော နေရာမျိုးတွင် ပုန်းနေခဲ့ခြင်း ဖြစ်သည်။ ရန်သူ ၃ယောက်က အရှေ့သို့ ဆက်တိုက် တိုးဝင်နေသောကြောင့် ထျန်းဟွမ်မျှော်စင်ကိုသာ ဖြိုချနိုင်ရန် ကြိုးစားနေကြသည်။ ထို့ကြောင့် သူတို့က ယဲ့ရှောင်းယန်က နောက်မှ ပတ်လာပြီး လူအိုကြီးချင်းကို 2 killရအောင် ယူလိုက်ပေးသော အခြေအနေကို သတိမထားမိခဲ့ကြချေ။

အောက်ခြေလမ်းကျဥ်းတွင် ချွီကျန်းနှင့် ချန်းရှင်းတို့က အတူပေါင်းပြီး ရန်သူ lanerများကို NTG မျှော်စင်သို့ ပြန်အောင် တဖြည်းဖြည်းချင်း ဖိအားပေးနေသည်။

ချီရှို့ကလည်း အချိန်မီရောက်လာသည်။ သူက 3v2တိုက်ပွဲကို စတင်စေသည်။ ရန်သူနှစ်ယောက်ကလည်း ထိပ်တိုက် ရင်မဆိုင်ရဲချေ။ ချွီကျန်းက သူ၏ အကွာအဝေးရှည် တိုက်ခိုက်နိုင်သော နှင်းမုန်တိုင်းစကေးကို သုံးပြီး ရန်သူ မျှော်စင်ကို ပစ်မှတ်ထားကာ ရန်သူ heroတိုင်းကို လျင်မြန်စွာ နောက်ဆုတ်စေလေသည်။

ထျန်းဟွမ်း၏ minionများက NTG၏ မျှော်စင်သို့ ရှေ့ဆက်သွားကြသည်။ ချန်းရှင်းကလည်း ချောမွေ့စွာဖြင့် တိုက်ခိုက်ပြီး အပြင်ဘက်မျှော်စင်ကို သယ်ချသည်။

အပြန်အလှန်အနေနှင့် midlanerက toplaneသို့သွားကာ ထောက်ပံ့ကူညီပေးပြီး junglerက bottom laneသို့ ဆင်းသွားခဲ့ခြင်း ဖြစ်သည်။

ထျန်းဟွမ်က အင်အားစုကို ခွဲခြားမှုနှင့်အတူ NTG က ဆုံးရှုံးမှုက ကြီးမားသထက် ကြီးမားရန် ဖိအားပေးခံရသည်။

ထို့အပြင် ထျန်းဟွမ်က နဂါးသေးကိုလည်း ရထားသေးသည်။ ထျန်းဟွမ်၏ ရွှေသားဆိုင်ရာ အားသာချက်က ၃ထောင်ဖြစ်သွားလေပြီ။ သူတို့တွင် အလွန်အမင်း အင်အားကြီးလာသော အသူရာအရှင်သခင် ရှိနေသေးသည်။ အသူရာအရှင်သခင်က ရထားသော အရင်းအနှီးများကတင် အဓိက ဂီယာ ၃စုံ ပိုင်ဆိုင်သွားစေသည်။

NTGကမူ ဒီရေကို ပြောင်းပြန်လှန်နိုင်ရန် နည်းလမ်းတွေးရတော့မည် ဖြစ်သည်။

သို့မဟုတ်လျှင် သူတို့က ထိုကြောက်မက်ဖွယ်ကောင်းသော ထျန်းဟွမ်၏ နှင်းဘောလုံးများ၏ ဝါးမြိုမှုကို ခံရပေလိမ့်မည်။ သူတို့က ချက်ချင်းလိုလို အကျင်းချခံရနိုင်ပြီး ထိုအခြေအနေတွင် ပိတ်မိကာ အ​ခြေစိုက်စခန်းမှ ထွက်နိုင်တော့မည် မဟုတ်ချေ။

NTGခေါင်းဆောင်က ပြောသည်။

"အသူရာအရှင်သခင်မှာ လှုပ်ရှားမှုစကေး ၃မျိုးပဲ ရှိတယ်၊ သူ့ရဲ့ အရှိန်နှုန်းက တအားမြန်တယ်၊ အထောက်အပံ့ မင်းအလယ်လမ်းကျဥ်းကို တတ်နိုင်သမျှ အမြန်ဆုံးသွားပြီး သူ့ကို ပစ်မှတ်ထား၊ jungler ငါနဲ့အတူလိုက်ခဲ့၊ ငါတို့တွေ တောထဲမှာ အပြောင်းအလဲ ဖြစ်အောင် လုပ်ရမယ်"

သို့ရာတွင် ထိုသို့ တောထဲတွင် အပြောင်းအလဲဖြစ်အောင် လုပ်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။

NTG၏ အောက်ခြေလမ်းကျဥ်းက အပြင်ဘက်မျှော်စင်ဟာ ကျသွားပြီဖြစ်သည်။ သူတို့ကသာ အပြောင်းအလဲဖြစ်အောင် လုပ်လိုလျှင် toplaneတွင် အပြောင်းအလဲဖြစ်အောင် လုပ်ရတော့ပေမည်။

သို့သော် ချင်းယီကျူးကလည်း အလွယ်တကူ သွားရှုပ်၍ ရသောသူမျိိုး မဟုတ်သေးချေ။ သူက killနှစ်ခု ယူထားပြီး ခုခံစွမ်းအား အလွန်မြင့်သည့် ဂီယာတစ်ခုကို ရထားသည်။ ထို့ကြောင့် NTGမှ ကစားသမား၃ယောက်က တောထဲသို့ ကျူးကျော်သွားသောအခါ လူအိုကြီးချင်းက ချီရှို့နှင့်အတူပေါင်းကာ ခုခံသည်။ ယဲ့ရှောင်းယန်က အချိန်ကိုက်ရောက်သွားပြီး ကူညီပေးပြန်သည်။ သူ၏ အနက်ရောင် အရိပ်များကလည်း NTGကို damageအများကြီး ယူလိုက်ပြီး နောက်ဆုတ်ရန် ဖိအားပေးလိုက်သည်။

ထျန်းဟွမ်ကစားသမား၅ယောက်လုံးက အတူပေါင်းပြီး NTG၏ midlaneမျှော်စင်သို့ ဆက်တိုက် ချီတက်သွားသည်။

NTGမှ ကစားသမား၃ယောက်က တောထဲတွင် ဒုက္ခတနီးပါး ​ဖြစ်သွားကြပြီး အသက်လုကာ ပြေးလိုက်ရသည်။ သူတို့က နောက်ဆုတ်ရုံသာ တတ်နိုင်သည်။ ဒီနည်းအားဖြင့် သူတို့၏ အလယ်လမ်းကျဥ်းမျှော်စင်ကို တိုက်ခိုက်ခံရရန် ချန်ထားရစ်ခဲ့ရသည်။

ဂိမ်းက ၁၅မိနစ်အထိ ရောက်သွားသည်။ အလွန်အမင်း အရေးကြီးသော နဂါးကြီး၏ တိုက်ပွဲက စတင်လာတော့မည်ဖြစ်သည်။

ထိုအချိန်တွင် NTG၏ အပြင်ဘက်မျှော်စင်သုံးခုလုံးက မရှိတော့ချေ။ သူတို့ကသာ နဂါးကြီးကို ဆုံးရှူံးရဦးမည်ဆိုလျှင် ထျန်းဟွမ်က ထိုနဂါးကြီး၏ buffကို ယူသွားပြီး ဆက်လက်ပြီး တွန်းကာ မျှော်စင်များကို ဖြိုလာပေလိမ့်မည်။ ထိုသို့ ဆိုလျှင် NTG၏ ခုခံမှု မျှော်စင်တိုင်းက ပြိုလဲကျသွားမည့် အနေအထားမျိုးသို့ ရောက်သွားမည်။ ထိုသို့ဆိုလျှင် NGTအနေဖြင့် အခြေအနေကို ပြောင်းလဲရန်ပိုခက်သွားပေလိမ့်မည်။

ထို့ကြောင့် NTGက ထိုနဂါးကိုခိုးရန် ကြိုးစားရပေလိမ့်မည်။

NTG၏ ခေါင်းဆောင်က အံကိုကြိတ်ကာ ပြောသည်။

"အထောက်အပံ့ နဂါးဘေးပတ်ဝန်းကျင်ကို ငါတို့ကို မြင်နိုင်အောင်လုပ်ပေး၊ jungler ငါနဲ့အတူ တောအောက်ဘက်ပိုင်းကိုသွားပြီး မျှားကြမယ်၊ ငါတို့တွေ သူတို့ရဲ့ maskmanကို ဆွဲချရမယ်"

အသူရာအရှင်သခင်က ပစ်မှတ်ထားရန် ခက်လွန်းသည်။ သူက သူ၏ အရိပ်များနှင့် နေရာကို ဆက်တိုက်လဲပြီး ဟိုဟိုဒီဒီ လျှောက်သွားနေလေရာ မြန်ဆန်လွန်းသဖြင့် အမီမလိုက်နိုင်ချေ။

သို့သော် ထျန်းဟွမ်၏ maskmanကမူ ဖန်သားအမြှောက်ဖြစ်သည်။ သူ့ကို အလွယ်တကူ သတ်နိုင်သည်။

NTG၏ midlanerက ပုံရိပ်ယောင်ပညာရှင်ဖြစ်ပြီး လုပ်ကြံသတ်ဖြတ်သူ မှော်ဆရာဖြစ်သည်။ သူတို့၏ jungler နင်ဂျာကလည်း ပြင်းထန်သည့် damageအား ဖောက်ထုတ်နိုင်သည့် အလားအလာရှိသူ ဖြစ်သည်။ သူတို့၂ယောက်က တောထဲမှ လှမ်းချောင်းပြီး သူတို့က ခြုံခိုတိုက်ခိုက်ရန်ကြိုးစားသည့် heroကို killတစ်ခု ယူနိုင်လောက်သည်။ ထိုနည်းအားဖြင့် သူတို့က မဟာနဂါးကြီးတွင် 5v4 တိုက်ခိုက်ခြင်း အားဖြင့် အနိုင်ရနိုင်ချေ မြင့်သွားပေလိမ့်မည်။

​ကြည့်ရှုသူများကလည်း ထိုအခြေအနေကို မြင်နိုင်သည်။ သူတို့က ထိုဂိမ်းကို သိမ်းငှက်မျက်လုံးနှင့် ကြည့်နေကြခြင်း ဖြစ်သည်။ NTG၏ mid/jungleက ချော်ထွက်သွားပြီး တော၏ အောက်ခြေပိုင်းသို့ အယောင်ပြကာ သွားမျှားကြောင်း မြင်လိုက်ရသည်။ သူတို့က ချွီကျန်းနှင့် ချန်းရှင်းတို့ သေချာပေါက် ဖြတ်သွားမည့် လမ်းနားတွင် ပုန်းနေကြသည်။

ချွီကျန်းက ထိုနေရာမှ ဖြတ်သွားသောအခါ အလွန်သတိထားပြီး qစကေးကို တောထဲသို့ ပစ်ထည့်လိုက်သည်။

ရန်သူကစားသမား နှစ်ယောက်လုံးကလည်း လျင်မြန်စွာ တုန့်ပြန်ကြသည်။ ပုံရိပ်ယောင်ပညာရှင်က ချက်ချင်းလိုလို ထိုwစကေးကို ထျန်းဟွမ်၏ maskmanကို ​ပြောင်းသုံးလိုက်စေသည်။

ပြောရလျှင် ချန်းရှင်းက ယဲ့ရှောင်းယန်နှင့် ချီရှို့တို့၏ နေ့ရောညပါ အနိုင်ကျင့်ခြင်းကို ခံထားရသူဖြစ်သည်။ ထို့ကြောင့် သူက ဒီလိုအခြေအနေမျိုးကို လျင်မြန်စွာ တုန့်ပြန်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်ထားလေပြီ။ ထို့ကြောင့် ရန်သူက ပေါ်လာပြီး သူ့ကို ချိန်လိုက်သည်နှင့် သူက ချက်ချင်းလိုလို flashကို သုံးကာ ရှောင်သည်။

ရလဒ်အနေဖြင့် NTGကစားသမားနှစ်ယောက်က ချန်းရှင်းကို instance killမယူနိုင်ခဲ့ကြချေ။ သူတို့က အနည်းငယ်သာကျန်သာhellများနှင့် ထွက်ပြေးသွားခဲ့ရသည်။

NTGခေါင်းဆောင်က စိတ်လှုပ်ရှားစွာ အော်သည်။

"ရန်သူရဲ့ maskmanက hellဆက်တိုက်ကျသွားပြီ၊ သူက သူတို့ရဲ့ အခြေစိုက်စခန်းကို ပြန်သွားလိမ့်မယ်၊ ငါတို့တွေ 5v4ချပြီး နဂါးကို ယူနိုင်လိမ့်မယ်"

NTGမှ အသင်းဖော်များက စိတ်လှုပ်ရှားစွာဖြင့် တပြိုင်တည်း ပြောကြသည်။

"ညီအစ်ကိုတို့ ချီတက်ကြ၊ အခြေနေကို ပြောင်းပြန်လှန်၊ အခြေနေကို ပြောင်းပြန်လှန်"

ထျန်းဟွမ်၏ maskmanက သွေးအလိမ်းလိမ်းဖြင့် သူတို့၏ အခြေစိုက်စခန်းသို့ ပြန်သွားသည်။ ထျန်းဟွမ်က ဒီတိုက်ပွဲတွင် အင်တိုက်အားတိုက် မတိုက်ခိုက်နိုင်လောက်ချေ။ ထိုအရာက လူတိုင်း၏ အတွေးဖြစ်သည်။

NTGမှ ကစားသမား၅ယောက်လုံးကလည်း နဂါးကြီးရှိရာ တွင်းနားသို့ ချီတက်လာကြသည်။

သို့သော် သူတို့က နဂါးကြီးကို ရအောင် ယူတော့မည်ဟု တွေးလိုက်သည့်အချိန်တွင်.....

ချင်းယီကျူးက ရုတ်တရက် သူတို့အရှေ့သို့ ရောက်လာပြီး နဂါးနင်ဟိန်းသံဖြင့် သုံးကာ သူတို့ကို လှုပ်မရအောင် လုပ်ကာ ရန်သူ၏ hero ၃ခုလုံးကို ရစ်ဖမ်းလိုက်သည်။ တစ်ချိန်တည်းလိုလို ချွီကျန်းက ချင်းယီကျူး၏ ခြေထောက်အောက်ဘက်တွင် အေးခဲသည့် စကေးကို ပစ်မှတ်ထားလိုက်သည်။

ထင်မြင်ချက်ပေးသူ ၂ယောက်က မနေနိုင်ဘဲ တအံ့တသြ ပြောလိုက်ကြရသည်။

"လှလိုက်တာ၊ ဒါက ဟာကွက်မရှိတဲ့ အဖွဲ့လိုက် ထိန်းချုပ်မှု စကေးပဲ"

"အေးခဲစေတဲ့ စကေးကို အသင်းဖော်ရဲ့ ​ခြေထောက်အောက်မှာ ထားလိုက်ရင် သူက ဒီအသင်းဖော်ကို အရမ်းယုံကြည်တယ်လို့ ပြတာပဲ မဟုတ်လား၊ အဖိုးကြီးချင်းက ဒီကစားသမားတွေကို သူ့ရဲ့ tauntနဲ့ relလုပ်လိုက်တယ်၊ ချွီကျန်းရဲ့အေးခဲစေတဲ့စကေးက ဘာကိုမှ ထိသွားမှာ မဟုတ်ဘူး"

"ရလဒ်အနေနဲ့ လူအိုကြီးချင်းက အောင်မြင်စွာနဲ့ ဒီ၃ယောက်လုံးကို tauntလုပ်နိုင်လိမ့်မယ်၊ ချွီကျန်းရဲ့အေးခဲတဲ့ စကေးကတော့ ဒီ၃ယောက်အပေါ်ပဲ ရောက်သွားလိမ့်မယ်"

ချင်းယီကျူးနှင့် ချွီကျန်းတို့က ရန်သူများကို အဖွဲ့လိုက်ထိန်းချုပ်ကာ ကောင်းကောင်း ပူးပေါင်း လုပ်ဆောင်နိုင်ကြသည်။ သူတို့ကလည်း အချိန်တန်ကြာကတည်းက အသင်းဖော်ဖြစ်ခဲ့ကြလေသည်။

ထို့ကြောင့် ချက်ချင်းဆိုသလို ထျန်းဟွမ်၏ midlanerက တောက်ပရမည့် အချိန်ရောက်လာသည်။

ယဲ့ရှောင်းယန်က ပေါက်ကွဲမတတ် မြန်ဆန်သော အရှိန်နှုန်းဖြင့် လက်များကို လှုပ်ရှားလိုက်သည်။ အသူရာအရှင်သခင်၏ အရိပ်သုံးရိပ်က လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် ဖြတ်ခနဲ ပျောက်သွားပြီးနောက် ချက်ချင်းဆိုသလို ထိုအေးခဲ ကြောင်အကာ မလှုပ်ရှားနိုင်သော ရန်သူ hero၃ယောက်လုံးကို ဝိုင်းလိုက်သည်။ အရိပ်များက အဆုံးအစ မဲ့သည်ဟု ထင်ရလောက်အောင် ဆက်တိုက် မူးဝေအောင် လည်ပတ်နေပြီးနောက်တွင် အသူရာအမှတ်အသား ခြောက်ခုက ပေါ်လာသည်။ အသူရာမျက်စောင်းက နောက်ထပ်အမှတ်အသားများကို ထပ်ဖြည့်လိုက်ပြီးသည်နှင့် ယဲ့ရှောင်းယန်က သူ၏ ultကို ထုတ်လိုက်သည်။

Double kill။

Triple kill။

NTGမှ ကစားသမား ၃ယောက်က လူအိုကြီးချင်း၏ tauntအောက်တွင် ဆွဲထားခံရခြင်း ဖြစ်သည်။ သူတို့က မလှုပ်နိုင်ကတည်းက အသူရာအမှတ်အသားများက AoE မှော်damage သက်ရောက်မှုမျိုးကို ဖန်တီးလိုက်နိုင်ပြီး ချက်ချင်းဆိုသလို ဖန်သားအမြှောက်သုံးယောက်လုံးကို သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

NTG၏ toplanerနှင့် အထောက်အပံ့တို့က အတော်လေး tank များသူ ဖြစ်သည်။ သူတို့က ချက်ချင်းဆိုသလို လှည့်ပြေးကြသည်။

ဖာ့ခ် ငါတို့က အခြေအနေကို ပြောင်းပြန်လှန်မယ်လို့ သဘောတူထားတာ မဟုတ်ဘူးလား။

NTG၏ ခေါင်းဆောင်က ညည်းတွားသည်။

"သူတို့က လွန်လွန်းပါတယ်၊ သူတို့ကို အဖွဲ့လိုက် killမယူခိုင်းနဲ့ မြန်မြန်ပြေး"

ယဲ့ရှောင်းယန်က လှမ်းအော်သည်။

"သူတို့နောက်ကိုလိုက် ထွက်မပြေးစေနဲ့"

ချီရှို့၏ လူရမ်းကားက ချက်ချင်းဆိုသလို လှုပ်ရှားမှု skillနှစ်ခုကို ထုတ်သုံးလိုက်သည်။ သူက ရန်သူtoplanerကို လှုပ်မရအောင် လုပ်လိုက်သည်။ ယဲ့ရှောင်းယန်က ချောမွေ့စွာဖြင့် အပြေးရောက်လာပြီး နဂါးကြီးရှိရာ တွင်းနံရံကို ကျော်ဖြတ်ကာ ပျံသန်းလာလျက် အရိပ်၃ခုကို ထုတ်သုံးကာ ရန်သူ toplanerကို ဝိုင်းခိုင်းလိုက်သည်။

Quat kill။

ယဲ့ရှောင်းယန်၏ ultက တစ်ဖန်ထပ်ပြီး သုံး၍ ရသွားသည်။ အရိပ်သုံးရိပ်က အသူရာအရှင်သခင်၏ ခန္ဓာကိုယ်ကို သစ္စာရှိ မိစ္ဆာများလို ဝိုင်းနေကြသည်။ သူ၏ E စကေးနှင့်အတူ ယဲ့ရှောင်းယန်က အရိပ်သုံးရိပ်ကို ထပ်ခါတလဲလဲ နေရာလဲခိုင်းပြီး မျက်စိကျိန်းကာ မူးဝေလောက်သော ပြကွက်မျိုးနှင့် လူတိုင်းကို ခေါင်းကိုက်စေပြန်သည်။

သူသည် NTG၏ အထောက်အပံ့ကို မြေပုံကိုကျော်ပြီး လမ်းတစ်ဝက်နှင့် လိုက်ဖမ်း၍ မီသွားသည်။

လျှင်မြန်ဖျတ်လတ်သော အသူရာအရှင်သခင်က ချောမွေ့စွာဖြင့် တောထဲကို ကျော်ဖြတ်သည်။ အရိပ်၃ရိပ်ကလည်း အဆုံးအစ မရှိသလိုမျိုး ဆက်တိုက်ပင် နေရာရွှေ့ပြောင်းကာ ကြိုတင်ရောက်ရှိနေခဲ့သည်မှာ အနက်ရောင်မုန်တိုင်းကြီးအလား ထင်ရသည်။ ယဲ့ရှောင်းယန်က လျင်မြန်စွာဖြင့် ထွက်ပြေးသွားသော အထောက်အပံ့ကို လိုက်မီသွားသည်။

ယဲ့ရှောင်းယန်က သူ၏ စကေး comboကို ထုတ်သုံးလိုက်ပြီး ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် တခြားကစားသမား၏ ခေါင်းကိုယူချသည်။

Penta kill။

NTGကမူ အသင်းလိုက် အရှင်းခံလိုက်ရသည်။

ဂိမ်းပွဲကြည့်နေသော လူတိုင်းကမူ သူတို့၏ မျက်လုံးက မျက်အိမ်ထဲမှ ပြူးထွက်လာတော့မည်ဟုပင် ခံစားနေရသည်။ ထင်မြင်သုံးသပ်ချက်ပေးသူနှစ်ယောက်ကလည်း ကြောင်တောင်တောင် ဖြစ်သွားကြသည်။

ထိုသို့ဖြင့် ထိုပွဲကြည့်စင်အတွင်း ကျောချမ်းဖွယ်ကောင်းသော လေထုက ကြီးစိုးသွားသည်။

နှစ်စက္ကန့်ခန့်ကြာပြီးမှ မိုးခြမ်းသံမတတ် ပြင်းထန်သည့် လက်ခုပ်သံများက ပွက်လောရိုက်သွားသည်။

ထင်မြင်သုံးသပ်ချက်ပေးသူနှစ်ယောက်ကလည်း အသိပြန်ဝင်သွားကြသည်။

"ဒီတိုက်ပွဲက မမျှော်လင့်ထားဘဲ တစ်သင်းလုံးကို ရှင်းပစ်လိုက်နိုင်တာနဲ့ အဆုံးသတ်သွားတာပဲ၊ ထျန်းဟွမ်က 4v5အားနည်းချက်မျိုး ရှိနေတယ်၊ သူတို့ရဲ့ toplanerနဲ့ အထောက်အပံ့ကလည်း ရန်သူကို မလှုပ်ရှားနိုင်အောင်လုပ်ပြီး အသူရာအရှင်သခင်ကို တိုက်ပွဲထဲကို ဝင်နိုင်မဲ့ အကောင်းဆုံးအခွင့်အရေး ထုတ်ပေးနိုင်ခဲ့တယ်၊ အဲဒီနောက် ထျန်းဟွမ်ရဲ့လဲ့ယန်က ဆက်တိုက်လိုက်ပြီး 5 kill ယူလိုက်တယ်"

"ဒါက ပထမဦးဆုံး season10ရဲ့ penta killပဲ၊ ထျန်းဟွမ်ရဲ့ midlanerအသစ် အိုမီဂါကစားသမား ယဲ့ရှောင်းယန်က အသူရာအရှင်သခင်နဲ့ penta killယူလိုက်တာ"

​ထင်မြင်သုံးသပ်ချက် ပေးသူများက စိတ်လှုပ်ရှားမှုဖြင့် တဆတ်ဆတ် တုန်လှုပ်သွားကြသည်။ လက်ခုပ်သံများကလည်း ကျယ်လောင်လာသည်။

Live streamထဲတွင်လည်း 666များက ပြည့်နှက်နေပြန်သည်။

[ဒါက အိုမီဂါလား၊ ငါ့ရဲ့ ဦးခေါင်းခွံတောင် ကြိတ်သတ်တော့မယ်]

[ယဲ့ရှောင်းယန် ဒါက တအား တအား တအားကို များတယ် ]

[ငါက သူ့ကို ချစ်စရာကောင်းတဲ့ အိုမီဂါလေးလို့ ထင်နေတာ၊ မမျှော်လင့်ထားဘဲ သူက ဒီလို ခပ်ကြမ်းကြမ်း ကစားလိုက်တာပဲ]

[သူကစားတဲ့ နည်းလမ်းက ကြမ်းတမ်းလွန်းတယ်၊ သူက ရန်သူကိုတောင် နံရံတွေခုန်ကျော်ပြီး လိုက်ဖမ်းခဲ့တာ ]

[သူက killယူဖို့ နံရံကို flashသုံးပြီး ခုန်ကျော်သွားတဲ့ အချိန်ကို ကြည့်စမ်းပါဦး၊ သူက ရန်သူတစ်ယောက်ကိုမှ မလွှတ်ပေးခဲ့ဘူး၊ ကြောက်စရာကောင်းလိုက်တာ ]

[အား ငါဒီအိုမီဂါရှောင်ကောကောရဲ့ ပရိသတ်အဖြစ် ပြောင်းသွားပြီ၊ သူက တအားလန်းတယ် ]

[အပေါ်က commentပေးတဲ့သူရေ၊ ငါ့ဆီကနေ သူ့ကို ခိုးဖို့ မကြိုးစားနဲ့၊ ငါအခုပဲ ကျိန်ဆိုတယ်၊ ဒီနေ့ကစတင်ပြီး ငါက ယဲ့ရှောင်းယန်ရဲ့ အသေခံပရိသတ်ပဲ]

NTG၏ နဂါးကြီးတိုက်ပွဲတွင် ရုတ်တရက် ထိုသို့ အသင်းလိုက်အဆုံးသတ်မှုကို ခံရပြီးနောက် ထျန်းဟွမ်က သူတို့၏ အဖွဲ့များကို ရှေ့သို့ချီတက်အောင် ဦးဆောင်ခေါ်သွားပြီး NTG၏အခြေစိုက်စခန်းထံသွားသည့် လမ်းကျဥ်း၃ခုလုံးမှ တောက်လျှောက် ဆင်းချသွားသည်။

NTGကလည်း ပြန်လည်တိုက်ခိုက်ရန် အားအင်မဲ့သွားဖြစ်သည်။ ထိုသို့ဖြင့် ဂိမ်းက မိနစ်၂၀တွင် အဆုံးသတ်သွားသည်။

"ပထမဦးဆုံး အနိုင်ရရှိသွားတဲ့အတွက် team ထျန်းဟွမ်ကို ဂုဏ်ယူပါတယ်"

"ဒီတစ်လှည့်ရဲ့ mvpက မေးခွန်းထုတ်ဖို့ မလိုလောက်အောင် ထျန်းဟွမ်ရဲ့ အိုမီဂါကစားသမားအသစ် ထျန်းဟွမ်ရဲ့ လဲ့ယန်ပါပဲ"

"xk0-n2 assist သူက ဒီတိုက်ပွဲရဲ့ damage၄၅%ခန့်ကို ယူသွားခဲ့တာ၊ ဒီ အိုမီဂါ midlanerအသစ်လေးက ငါတို့ကို မယုံနိုင်စရာကောင်းတဲ့ အံ့အားသင့်မှုတွေ ပေးလိုက်တာပဲ၊ ငါတို့အခု မြင်လိုက်ရတာက season10ရဲ့ ပထမဦးဆုံး penta killပဲ၊ ငါတို့တွေ လဲ့ယန်ကို လက်ခုပ်သံတွေနဲ့ ဂုဏ်ပြုလိုက်ကြရအောင်"

အသံလုံခန်းထဲမှ ယဲ့ရှောင်းယန်က ဖျော့တော့သည့် အပြုံးကို ချိတ်ဆွဲထားသည်။ သူက ကီးဘုတ်ပေါ်မှ လက်ကို ရုတ်လိုက်သည်။

သူ၏ ပွဲဦးထွက်သော ဂိမ်းပွဲတွင် သူက အသူရာအရှင်သခင်ဖြင့် penta kill ယူလိုက်သည်။

ဒါက ယဲ့ရှောင်းယန်က အွန်လိုင်းပေါ်မှာ သံသယဝင်နေတဲ့ အသံတိုင်းကို အကောင်းဆုံး ​ဖြေပြလိုက်ခြင်း ဖြစ်သည်။

Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။

Continue Reading

You'll Also Like

655K 113K 102
Original Novel - 论以貌取人的下场 English Title - The Consequence of Judging Others by Appearance Author - Yue Xia Die Ying / 月下蝶影 Status in COO - 164 Chapte...
1.5M 33K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်
563K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
126K 19.6K 93
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...