နားလည်မှု့နဲ့သာ တည်ဆောက်မိသည့်
အချစ်ခရီးလမ်းမှာ
ချစ်လို့ ကြည်စားလိုက်မိတဲ့အရာက
အနားအကပ်မခံလောက်အောင်ထိ
ဖြစ်ဖို့မသင့်ဘူးလို့ မာန်သမိုင်းထင်မိသည်။
ဒါက ကိုယ့်ဘက်ကအတွေး
အသက်ကလေးရဲ့အနေနဲ့ကြ
သူလက်မခံနိုင်တဲ့ ကိစ္စဖြစ်နေခဲ့တာလား
မတွေးတတ်ပေ။
ကိုယ့်အပေါ် ချစ်လို့ဆိုးတာ
လက်ခံပေးလို့ရတယ်
မကျေနပ်ရင် ပြန်လုပ်ခွင့်ပေးထားလျှက်နဲ့
တစိမ်းဆန်ဆန်ပြုမူလာသည့်
အပေါ် စိတ်တိုမိသည့်။
"!သားမာန် အောက်ဆင်းခဲ့ဦး"
"ဘာလဲဗျာ"
"နင့်ကောင်လေး သတိလစ်လို့ဟဲ့
မြန်မြန်လာ"
အသက်ကလေး သတိလစ်နေတယ်
ကြားမှ လက်ထဲကိုင်ထားသည့်
ဂစ်တာကိုပစ်ချကာ
အခန်းထဲကနေ ဝုန်းဒိုင်းကြဲ
ပြေးထွက်ခဲ့လိုက်သည်။
ဇောနဲ့ပြေးမိတာ အသက်ကလေးရဲ့အနား
ဘယ်လိုရောက်ရမှန်းမသိ
ဖြစ်မိရသည်။
အောက်ထပ်ရောက်တော့
အသက်ကလေးက
အုတ်မံတလင်းပေါ်မှာလဲနေပြီး
ဒေါ်လေးက ပွေ့ပေးထားသည်။
"!အသက်ကလေး"
"!နင်ဟယ် သူများသားသမီးကို
သတိလစ်အောင်ထိ ပြောရသလား"
အော်ဟစ်တာကို ကြားပုံရသည့်
ဒေါ်လေးက ကိုယ့်ကျောပြင်ကို
လက်နဲ့ရိုက်ကာပြောဆိုနေသည်။
ဒေါ်လေးကို ဂရုမစိုက်အား
အသက်ကလေး သတိပြန်လည်လာဖို့သာကြိုးစားနေမိသည်။
"!ကမ္ဘာဗိုလ် အသက်ကလေး"
အသက်ကလေးကို ဒေါ်လေးလက်ထဲကနေ
လက်ပြောင်းယူလိုက်ပြီး လှုပ်ကာနှိုးပေမယ့်
သတိလည်လာခြင်း မရှိပေ။
"!သတိရလာပါကွာ
ကိုကိုတောင်းပန်တယ် "
"လုပ်ပါဦးဟယ် မာန်သမိုင်းရဲ့"
"!အသက်ကလေး သတိရလာပါကွာ"
"သူ့အိမ်ကိုအကြောင်းကြား
ဆေးရုံကားခေါ်မလား"
"မသိဘူးဒေါ်လေး "
"အကျိုးနည်းကုန်တော့မှာပဲ
သူ့အိမ်ကိုဖုန်းဆက်ပါဟဲ့ မာန်ရဲ့"
"သားဖုန်းယူပေး ဒေါ်လေး"
ဒေါ်လေးက အားသွင်းထားသည့်
ဖုန်းကို ဖြုတ်ပြီးပေးလာသည်။
*ဟယ်လို သားမာန် ကမ္ဘာဗိုလ်
သားဆီရောက်လား
ထွက်သွားတာ ကြာနေလို့*
"ပါပါး အိမ်ခဏလာခဲ့ပါဗျာ
အသက်ကလေး သတိလစ်သွားလို့"
*!ဘာ.... သားမာန်
ကမ္ဘာဗိုလ့်ကို လှုပ်နှိုးထားပေး
ပါပါး ခုထွက်လာပြီ*
ပါပါးဆီကဖုန်းချမှ အသက်ကလေးရဲ့
မေရိုးကိုလက်နဲ့ပင့်ယူလိုက်ပြီး
နှုတ်ခမ်းခြင်းတေ့ကာ
လေမှုတ်ပေးလိုက်သည်။
"!အင့်"
အသက်ကလေးဆီက ညည်းသံ
တစ်ချက်ထွက်လာမှ အသက်ကလေးကို
တင်းနေအောင် ဖက်ထားလိုက်သည်။
"ကိုကို တောင်းပန်တယ်
အသက်ကလေး"
"ခေါင်းကိုက်တယ်"
အခန်းထဲမှာတုန်းက ကိုယ့်လက်ကို
ဆုပ်ကိုင်ထားသည့် အသက်ကလေးရဲ့
လက်ဖဝါးကနေ ထိတွေ့မိသည့်
အပူချိန်ကို ဒေါသကြောင့်
သတိမမူဖြစ်ခဲ့မိသည်။
အသက်ကလေး ဖျားနေတာ
"ကိုကိုတောင်းပန်တယ်ကွာ
နေမကောင်းတာ ဘာလို့မပြောရတာလဲ"
"ပါပါး"
"ပါပါးလာနေပြီ ခဏစောင့်"
"သား ကမ္ဘာဗိုလ်"
"ဒေါ်ကြီး ကိုကိုကလေ
သားကို ! အီး...ဟီး"
"သားမာန်ကို ရိုက်ပြီးပြီ
စိတ်လျှော့နော် ကလေး"
အသက်ကလေးကိုပွေ့ခေါ်ပြီး
ထိုင်ခုံမှာထိုင်ခိုင်းလိုက်သည်။
ကိုယ်က ထိုင်ခုံဘေးမှာ
ငုတ်တုတ်လေးထိုင်ကာ
အသက်ကလေးရဲ့လက်ကို
ဆုပ်ကိုင်ထားမိသည်။
"ကိုကို ညက ဘာလို့ပြန်သွားတာလဲဟင်"
ညကအဖြစ်ပျက်ကိုပြောပြမိတော့
အသက်ကလေးက သူမသိဘူး
မမှတ်မိဘူးပြောပြလာသည်။
"ညက ကိုကိုရေချိုးနေတာစောင့်ရင်း
အိပ်ပျော်သွားတာပဲသိတယ်"
"ကိုကိုမှားတာပါ တောင်းပန်တယ်နော်"
"သား ကမ္ဘာဗိုလ်"
ပါပါးက ချက်ခြင်းရောက်လာကာ
အသက်ကလေးရဲ့အနား ထိုင်ချကာ
စိုးရိမ်သည့်စိတ်ဖြင့် ပွေ့ဖက်သည်။
"ပါပါး"
"အိမ်ပြန်ရအောင်နော်
ဦးဦးရာသက်ပန် လာနေပြီပြောတယ်"
"ကိုကိုလိုက်ခဲ့ ကိုကိုမပါပဲ
အိမ်မပြန်ဘူး"
"လိုက်မှာပေါ့ အသက်ကလေးရ"
အသက်ကလေးတို့ အိမ်ကိုရောက်တော့
ဒေါက်တာက ခဏအကြာမှာ
ရောက်လာသည်။
"စိတ်ပင်ပန်းလို့ အဖျားဝင်တာပါ
ဦးဦး အားဆေးထိုးပေးမယ်
ကလေးလေး"
"ကျေးဇူးတင်ပါတယ် ကိုရာသက်ပန်
ကျွန်တော့်သားရဲ့ကျန်းမာရေးအတွက်
အမြဲဂရုစိုက်နေရတာ"
"ကလေးလေးကို အကို့သားအရင်းလို
သဘောထားတာ ညီလေးရ
အကို့ကို ပြန်ခွင့်ပြုပါဦး "
"ဟုတ်ကဲ့ အကိုရာသက်ပန်"
သူရခန်ဗိုလ်သည် အကိုရာသက်ပန်
ပြန်သွားပြီဆိုမှ သားဖြစ်သူအနား
ဝင်ထိုင်ကာ သားရဲ့ဆံပင်အရှည်ကြီးကို
ပွတ်သပ်ပေးမိသည်။
"သား ကမ္ဘာဗိုလ် စိတ်ချမ်းသာအောင်
နေကွာ"
"သားရဲ့အနားမှာ သားရဲ့ကိုကိုရှိရင်
စိတ်ချမ်းသာမှာ ပါပါး"
"လက်ထပ်ပွဲကျင်းပဖို့
တွေးကြတော့ သားတို့"
"မနက်ဖြန်ကျင်ပပေးလေ ပါပါး"
"ဒီကလေး တော်တော်ဖြစ်နေတယ်"
"ပါပါး"
"ဗျ"
"သားရှိတယ်နော် ပါပါး"
"သားရော ရုန်ရုန်းရော ရှိစေချင်တာ
သားမာန် ပါပါးသားကို ကြည့်ပေးထား
ပါပါး ရုန်ရုန်းဆီသွားမလို့"
"စိတ်ချပါ ပါပါး
အသက်ကလေးရဲ့အနား
နေပေးပါ့မယ်"
"ကိုကိုရုန်းဆီ သားလိုက်မယ်"
"နေမကောင်းပဲ အပြင်ထွက်မလို့လား
သားရ နေခဲ့"
"ဂရုစိုက်နော် ပါပါး
ကိုကိုရုန်းက စိတ်တိုနေတာ"
"ရုန်ရုန်း ဘယ်လိုပဲဥပေက္ခာပြုပါစေ
ပါပါးက ရုန်ရုန်းရဲ့ပါပါးပဲ
သားရဲ့မင်္ဂလာပွဲမှာ ရုန်ရုန်းရှိနေဖို့
သွားခေါ်လိုက်ဦးမယ် သားရေ"
"အားတင်းထားနော် ပါပါး"
"ဟုတ်ပါပြီ"
"ဦးထွဋ် လိုက်ပို့မယ် ဗိုလ်"
"ဟုတ်"
အသက်ကလေးက ကိုယ့်ရဲ့လက်ကို
လုံးဝမလွှတ် အနားမှာဘယ်သူမှမရှိတော့တဲ့အချိန်ထိတောင် ဆုပ်ကိုင်ထားသည်။
"အသက်ကလေးရာ"
"ညက အခြေနေတွေဘာတစ်ခုမှ
မမှတ်မိဘူး ကိုကို"
"ကိုကို့အမှားပါဗျာ ကိုကို့ကို
မှီတွယ်လွန်းတဲ့ ကလေးကိုမှ
ရင့်သီးနေမိတယ်"
"သားရဲ့အနားကနေထွက်သွားဖို့
မကြိုးစားပါနဲ့လား ကိုကို
သားရဲ့အနားမှာ ကိုကိုရှိနေမှ
သားရဲ့ရှင်သန်ခြင်းက ပြီးပြည့်စုံမှာ"
ကမ္ဘာဗိုလ်သည် ကိုကို့ရင်ခွင်ထဲ
တိုးဝင်ကာ ခိုဝင်မိသည်။
ကိုကို့ကိုချစ်တယ်
ကိုကို့ကို အနားမှာရှိစေချင်တယ်
ကိုကိုသာ ကိုယ့်ကို
ဥပေက္ခာပြုသွားခဲ့ရင် ရင်ဆိုင်ဖို့
ခွန်အားတွေကင်းမဲ့နေရမှာသေချာသည်။
*********
"သားဇွဲ ကမ္ဘာပိုင်ရှိလား"
"ရှိတယ် ပါပါး"
ဇွဲအင်အားသည် ပါပါးက
အိမ်ရှေ့ရောက်နေပြီ ဖုန်းဆက်
လာသည်မလို့
အိမ်ရှေ့အမြန်ထွက်ကာ
ဝင်းတံခါးဖွင့်၍ ပါပါးကို
နှုတ်ဆက်လိုက်သည်။
"သားဇွဲရဲ့အိမ်ထဲ ပါပါး ဝင်ခွင့်ရှိလား"
"ရှိပါတယ်ဗျ ငယ့်ရဲ့ပါပါးက
ကျွန်တော့်ရဲ့ပါပါးပါပဲ"
ပြောရမယ်ဆိုရင် ငယ့်ရဲ့ပါပါးနဲ့ကိုယ်က
အသက်အရွယ်အရ သိပ်မကွာပေ။
ရိုသေလေးစားမှု့ကြောင့် ပါပါးလို့ခေါ်ခြင်း
ဖြစ်သည်။
ပါပါးက ကိုယ့်ထက်ပင်
အရွယ်တင်နေသေး၏။
"မင်းကွာ ပါပါးရဲ့သားကို
ပါပါးတို့မပါပဲ လက်ထပ်ပွဲ
ကျင်းပရတယ်လို့"
"ငယ့်ရဲ့ဆန္ဒအရပါ ခင်ဗျာ"
"ဟုတ်ပါတယ်လေ ရုန်ရုန်းက
ပါပါးကို စိတ်နာနေတာ
အခုပါပါးလားတာ ရုန်ရုန်းကိုလာခေါ်တာ"
ရူးတယ်ပြောပြော အထပ်ထပ်အခါခါ
သူရခန့်ဗိုလ်တွေးပြီး လာခဲ့ခြင်းဖြစ်သည်။
မမမေရီဆုံးပါးရတာ
ကိုယ့်ပရောဂမကင်းပေမယ့်
သေချာသတ်ပစ်ခဲ့ခြင်းမဟုတ်ခဲ့ဘူး။
အကျိုးအကြောင်းတိုက်ဆိုင်သွားလို့သာ
မမမေရီဆုံးပါးခဲ့ခြင်းသာ။
သားရုန်ရုန်းကို မိခင်မဲ့သူအဖြစ်
ဖြစ်တည်စေခဲ့တာ
ကိုယ့်ကြောင့်ဆိုပြီး အနှီးထုတ်အရွယ်
နီတာရဲလေးကတည်းက
ကိုယ်မွေးထုတ်ခဲ့သည့်သားလို
မိခင်နှင့်မခြား ဖခင်မေတ္တာ
အပြည့်အဝပေးခဲ့သည်။
ကမ္ဘာပိုင်သည် ဦးဇွဲနဲ့
မင်္ဂလာဦးအဖြစ် အတူနေပြီး
အနားယူနေမိသည်။
ဦးဇွဲက ဧည့်သည်ရောက်နေတယ်ပြောကာ
အခန်းထဲက ထွက်သွားသည်မလို့
လူကမှေးကနဲ အိပ်ပျော်သွားသည်။
"သား ရုန်ရုန်း"
နားထဲမှာ ပါပါးရဲ့ခေါ်သံကြားလိုက်ရပြီး
နွေးထွေးလွန်းသည့် လက်တစ်စုံက
ကိုယ့်ကိုဆုပ်ကိုင်လာသည်။
အထီးကျန်အားငယ်မှု့တွေနဲ့
ထိုလက်တစ်စုံကို
လွှတ်ထွက်သွားမှာဆိုသည့်အလား
ပြန်မလွှတ်မိ။
"သား"
"အိပ်ချင်တယ် ပါပါး
ပင်ပန်းနေလို့ အိပ်ဦးမယ်နော်"
ဖီးနစ်ဂိုဏ်းရဲ့ဒုတိယခေါင်းဆောင်အဖြစ်
ဆက်ခံထားပေမယ့် ရုန်ရုန်းက
ကိုယ့်အမြင်မှာ ကိုယ့်ရဲ့နွေးထွေးမှု့ကို
လိုအပ်နေသည့် သားတစ်ယောက်ဖြစ်သည်။
ရုန်ရုန်း ကိုယ့်လက်ကိုဆုပ်ကိုင်ကာ
သူ့ရင်ခွင်ကိုအပ်ထားရင်း
အိပ်ပျော်နေတာကြည့်ပြီး
မျက်ရည်ကျမိရသည်။
ရုန်ရုန်းကိုမနှိုးတော့ပဲ ဘေးကနေ
အသံမထွက်ပဲ ငြိမ်နေမိသည်။
ဇွဲအင်အားသည် ပါပါးနဲ့ရုန်ရုန်း
ပြဿနာတတ်မည်ဆိုးတာကြောင့်
အခန်းထဲဝင်ခဲ့လိုက်၏။
မြင်လိုက်ရသည့်မြင်ကွင်းက
သားအဖနှစ်ယောက်ကြား၏
နွေးထွေးမှု့ကို အသိုင်းသား
သိရှိမိသည်။
တုန့်ဆိုင်းမနေပဲ လက်ထဲကိုင်ထားသည့်
ဖုန်းဖြင့် ထိုမြင်ကွင်းကို
မှတ်တမ်းယူထားမိလိုက်သည်။
ကမ္ဘာပိုင်သည် အချိန်မည်မျှ
အိပ်ပျော်သွားတယ်မသိ နိုးထလာသည့်အချိန်
မျက်လုံးဖွင့်ကြည့်ရာ
ကိုယ့်ဘေးမှာထိုင်နေသည့်
ပါပါးကို တွေ့လိုက်ရသည်။
"!ခင်ဗျား"
"သား ပါပါးနဲ့ပြန်လိုက်ခဲ့နော်"
ပါပါးလက်ကို ဆုပ်ကိုင်ပြီး
အိပ်ပျော်နေမိတာတဲ့။ဒီလူကြီး
ဘယ်လိုများ အခန်းထဲရောက်နေတယ်
မသိပေ။
"ခင်ဗျားနဲ့ကျုပ်ရဲ့ သားအဖ
သံယောဇဥ်ပြတ်ပြီ ခင်ဗျားပြန်တော့"
"ပါပါးတောင်းပန်တယ်နော် ရုန်ရုန်း
မမမေရီ ဆုံးပါးရတဲ့အပေါ်မှာ
ပါပါး မရည်ရွယ်ပါဘူး သားရာ"
"ကျုပ်မေမေ လိုအပ်နေတဲ့သွေးကို
ပေးခွင့်မရအောင် ခင်ဗျားလုပ်ခဲ့တာ
ကျုပ်ကိုမိခင်မဲ့စေတာ ခင်ဗျား"
ထွဋ်ပိုင်ဦးသည်
ဧည့်ခန်းထဲထိုင်ပြီး သားအဖနှစ်ယောက်ကို
လွှတ်ထားဖို့ မရသည့်အခြေနေမှန်း
ရိပ်မိကာ ကလေးငယ်ဝင်သွားသည့်
အခန်းထဲ ဝင်ခဲ့လိုက်သည်။
သားအဖနှစ်ယောက်ပြောဆိုနေကြတာ
ရပ်ကြည့်နေဖို့ မဖြစ်သည့်
အခြေနေဖြစ်သည်။
ရုန်ရုန်း ရန်တွေ့နေတာတွေက
နည်းလမ်းမမှန်သလိုဖြစ်နေတဲ့အတွက်
ဝင်ဟန့်ရသည်။
"!ကမ္ဘာပိုင် မင်းကိုလိုလေသေးမရှိ
ပြုစုစောင့်ရှောက်ခဲ့တာ
စော်ကားဖို့မဟုတ်ဘူးကွ
ဗိုလ် ပြန်မယ် ကျေးဇူးမသိတတ်တဲ့
ကောင်ကိုပြောပြနေရတာ
ကျွဲပါးစောင်းတီးတာထက် ဆိုးတယ်"
"ရုန်ရုန်းမမှားဘူး ဦးထွဋ်
ပြောပါစေ ကျွန်တော်ခံနိုင်ရည်ရှိပါတယ်
သားရုန်ရုန်း ပါပါးကိုကြိုက်သလောက်ပြော
ပြီးရင် ပြန်လိုက်ခဲ့"
"ကျုပ်ရဲ့ အမျိုးသားဆီကနေ
ဘယ်မှမသွားဘူးဗျ ကျုပ်တို့
နှစ်ယောက်ကို ခွဲချင်သေးတာလား"
"အဲသဘောနဲ့ပြောတာမဟုတ်ပါဘူး
ပါပါးက ပါပါးသားတွေကို
ပါပါးရဲ့အရိပ်အောက်ကနေ
ခွဲထွက်မသွားစေချင်လို့ပါ
သားဇွဲရော ရုန်ရုန်းရောပြန်ခေါ်တာပါ"
ကမ္ဘာပိုင်သည် စိတ်ပြတ်လွန်းသည်ဖြစ်လို့
ထိုလူကြီးအနားကနေထွက်လာခဲ့သည်။
"ရုန်ရုန်း"
"!မထိနဲ့ ကျုပ်ကို"
အခန်းပေါက်ဝအရောက်
ကိုယ့်လက်ကိုဆွဲကိုက်လာသည့်
လူကြီးရဲ့လက်ကိုပုတ်ထုတ်ကာ
တွန်းထုတ်လိုက်သည်။
!အင့်
သူရခန့်ဗိုလ်သည် ရုန်ရုန်းနဲ့
ပြေလည်ဖို့လာခဲ့တာဆိုတော့
အနားကထွက်သွားသည့်
ရုန်ရုန်းနောက်လိုက်ကာ ဆွဲထားမိသည်။
ရုန်ရုန်းက ကိုယ့်လက်ကိုပုတ်ထုတ်ကာ
တွန်းထည့်လိုက်သည့်မလို့
အားသန်လွန်းသည့် ရုန်ရုန်းကြောင့်
ကြမ်းပြင်ထပ် လဲကျသွားရသည်။
စိတ်ဆတ်သည့်လူဖြစ်လို့
ဒေါသထွက်မိသည်။
ဒီလောက်ကောင်းပေးခဲ့တာကို
စကားလေးတစ်ခွန်းကြောင့်
ကိုယ့်ကိုစိမ်းကားရက်စက်လွန်းသည့်
ရုန်ရုန်းကို ဒေါသထွက်မိရသည်။
"!မင်း....ငါ့မေတ္တာတွေကို
စော်ကားလွန်းတယ် ကမ္ဘာပိုင်
ငါလေ ကျန်းမာရေးချူခြာလွန်းတဲ့
ငါမွေးထုတ်ထားတဲ့ ငါ့သားကိုတောင်
မင်းလောက်ဂရုမစိုက်ခဲ့ဘူး
ငါ့သားအရင်းကို လက်နဲ့ရိုက်ဖူးတယ်
မင်းကိုလက်ဖျားလေးနဲ့တောင်
မထိရက်ခဲ့ဘူး"
"ဇာတ်ကြမ်းတွေ လာခင်းပြမနေပါနဲ့ဗျာ
ကျုပ်ရဲ့မေမေ ခင်ဗျားကြောင့်
ဆုံးပါးခဲ့ရလို့ အားနာစိတ်နဲ့
ကျုပ်အပေါ်ကောင်းပေးခဲ့တာများ
အဟုတ်ကြီးလို လာပြောနေတယ်"
"!ကမ္ဘာပိုင် မင်း တော်တော့"
"daddyဝင်ပါစရာမလိုဘူး"
"မင်း ငရဲယူနေတာကွ"
"သားနေရာမှာ ဝင်ခံစားကြည့်
daddy....daddyရဲ့ညီမအရင်းကို
သေစေခဲ့တဲ့ လူကိုစိတ်မနာဘူးလားဗျာ"
"ငါ့အမျိုးသားက သူ့ဘဝတသက်တာ
တစ်ခုလုံး နောင်တရစိတ်တွေနဲ့
ရှင်သန်နေရတာ ငါ့ညီမလေး
ဆုံးပါးမှု့အတွက် ခုချိန်ထိယူကျုံးမရ
ဖြစ်နေရတာ လုံလောက်နေပြီ
ကမ္ဘာပိုင်"
"daddyရဲ့အမေသာဆိုရင်ရော
daddyကိုနားမလည်နိုင်တော့ဘူး
ဘယ်လိုစိတ်နဲ့များ ဒီလူကြီးကို
ခွင့်လွှတ်ပေးနေရတာလဲ
မေမေသာသိရင်"
"ငါ ဘာတွေမှားခဲ့မိလဲ ရုန်ရုန်း
အဲအချိန်တုန်းက ဦးထွဋ်ကို
ဆုံးရှုံးရမှာကြောက်မိလို့ ဆွဲထားခဲ့ရုံလေးပဲ
ဖြစ်ပြတ်သွားတာတွေက ငါ့ဘဝမှာ
အမှားကြီး ကြူးလွန်မိသလိုမျိုး
ခုချိန်ထိ နောက်တရစိတ်နဲ့ရှင်သန်ခဲ့ရတာ
မလုံလောက်ဖူးလား ရုန်ရုန်းရာ"
"မလုံလောက်ဘူး
ကျုပ်ရဲ့မေမေသေသလို
ခင်ဗျားကြီး သေလိုက်
ဒါဆို လုံလောက်ပြီ"
သားရုန်ရုန်းလိုအပ်နေတာ
ကိုယ်ကလူ့လောကမှာမရှိစေဖို့အတွက်လား
ရုန်ရုန်းရဲ့စိတ်ဆန္ဒသိလိုက်ရပြီမလို့
ဦးထွဋ်ရဲ့အနား အမြန်သွားလိုက်သည်။
ဦးထွဋ်ရဲ့ ခါးမှာခါးကိုပတ်ထားသည့်
အိတ်ထဲကနေ အမြဲဆောင်ထားသည့်
သေနတ်ကို လျင်မြန်စွာယူလိုက်သည်။
"!ဗိုလ်"
"ပါပါးသေပေးမယ် ရုန်ရုန််း
သားရင်ထဲကနေ ရန်ငြိုးတွေပြေပါစေ
ပါပါးခုလိုပြောတာ သားကို
ငရဲမရစေချင်လို့ပဲ ပါပါးပြောခဲ့မယ်
သားကိုပြုစုစောင့်ရှောက်ခဲ့တာ
မမမေရီ ပါပါးကြောင့် သေခဲ့ရတဲ့စိတ်
တစ်ခုတည်းမဟုတ်ဘူး သားကို
ပါပါးရဲ့သားအဖြစ်သဘောထားခဲ့လို့ပဲ"
"!ဗိုလ် စိတ်လျှော့ပါကွာ
ရုန်ရုန်းပြန်မလိုက်လဲ ဘာအရေးလဲ
ဦးထွဋ်တို့ ပြန်ကြရအောင်"
"သားက ကျွန်တော့်ကိုသေစေချင်နေတာ"
"မဟုတ်တာကွာ ရုန်ရုန်းကို
အချိန်တစ်ခုထိ လွှတ်ပေးထားလိုက်ပါ
အိမ်မှာ ကမ္ဘာဗိုလ်ကျန်ခဲ့တာ
သတိရပါကွာ မဟုတ်တာမတွေးရဘူး
ဗိုလ် စိတ်ကိုလျှော့ပါ"
ကလေးငယ်ရဲ့စိတ်ကိုသိသူဖြစ်လို့
ဆုပ်ကိုင်ထားသည့် သေနတ်ကို
ပြန်ရဖို့အတွက် ထွဋ်ပိုင်ဦး
နားချနေမိသည်။ကလေးငယ်က
လုံးဝလွှတ်မပေးပဲ မြဲမြံနေအောင်
ဆုပ်ကိုင်ထား၏။
"သားရုန်ရုန်း ပြန်တွေးကြည့်ပါ
ပါပါး မင်းအပေါ်မှာထားခဲ့တဲ့
မေတ္တာတရားတွေက အတုအယောင်
တစ်ခုလေးပါခဲ့ရဲ့လား "
ကမ္ဘာပိုင်သည် နှုတ်ကနေ
ဒေါသစိတ်ကြောင့်သာ
လွှတ်ကနဲပြောလိုက်မိတာ
တကယ်လက်တွေ့မှာ
ပါပါးကိုမနာကျင်စေချင်ပါ။
အချိန်တစ်ခုလွှတ်ထားပေးခဲ့ရင်
ပါပါးရဲ့မေတ္တာတရားတွေကို
အောင့်မေ့ကာ
အိမ်ပြန်ဖို့ ဆုံးဖြတ်မိမှာအမှန်ပင်။
ပါပါးရဲ့စိတ်ကို အရွယ်ရောက်ကတည်းက
သိသည်ဖြစ်လို့ သေနတ်ကိုင်ထားသည့်
ပါပါးရဲ့အနားကိုသွားလိုက်သည်။
"ပါပါး သေနတ်ကို daddy
ပြန်ပေးလိုက်နော်"
"ပါပါးသေမှ ကျေနပ်မှာလား"
"ကျွန်တော် ဒီအတိုင်း ပြောမိပြောရာ
ပြောမိတာ သေနတ်ကိုdaddyဆီ
ပြန်ပေးလိုက်နော်"
ပါပါးက မျက်ရည်တွေကျလျှက်
တကိုယ်လုံးတုန်ယင်ကာ
လက်ထဲကသေနတ်ကို
မောင်းတင်လိုက်သည်။daddyရော
ကိုယ်ရောထိတ်လန့်ကာ ပါပါးကိုင်ထားသည့်
သေနတ်ကို လုရတော့သည်။
"!ဗိုလ်"
"!ပါပါး"
daddyနဲ့ကိုယ်က သေနတ်ပြန်ရဖို့အရေး
ပါပါးလက်ထဲကနေ ပြန်ယူနေသည့်
အနေအထားမှာ အခြေနေတွေက
ရုန်းရင်းဆန်ခပ်ဖြစ်သွားရသည်။
!ဒိုင်း
"!အား"
ပါပါးက သေနတ်ခလုပ်ပေါ်
လက်ညှိုးကွေးထားသည်မလို့
daddyနဲ့ကို လုယူနေသည့်ကြားကနေ
ရအောင် ပစ်ထည့်လိုက်သည့်
ကျည်တစ်တောင့်က သုံးယောက်ကို
ဘယ်သူ့ မှန်လို့မှန်မှန်း မသိကြသေးပဲ
ဆွံ့အနေမိကြသည်။
"!ဗိုလ်"
"!ပါပါး"
နာကျင်စွာ တစ်ချက်ညည်းလျှက်
ဗိုက်ကိုလက်နဲ့အုပ်ကိုင်ကာ
ပြိုလဲသွားသည့် ပါပါးကိုမြင်မှ
ပါပါးကို ထိသွားမှန်းသိလိုက်ရသည်။
"!အား...သား ရုန်ရုန်း
သားကိုနာကျင်စေခဲ့ရတဲ့ !အာ့
ပါပါးရဲ့အပြစ်တွေ ကျေပါစေ
ကလေးရယ်"
ပါပါးကနေရာမှာတင်
ထိမှန်သွားသည့် ဗိုက်ကိုလက်နဲ့ဖိကာ
လဲကျသွားသည်။
ပါပါးကို daddyပွေ့ယူပေးပြီး
မှန်သွားသည့်နေရာကို
လက်နဲ့ဖိပေးထားသည်။
daddy ဖိထားသည့်ကြားက
စီးကျလာသည့်သွေးတွေကိုမြင်မှ
ကမ္ဘာပိုင်သည်
နေရာမှာတင် ဒူးထောက်လျှက်
တုန်လှုပ်မိရ၏။
"!သားက ပါပါး သားကိုချစ်မှန်းသိလို့
ဆိုးမိတာပါ သိတတ်တဲ့အရွယ်ကတည်းက
သူများကလေးတွေလို အမေလို့ခေါ်ခွင့်
မရအောင်လုပ်ခဲ့တဲ့ ပါပါးကို
စိတ်နာမိလို့ ဆိုးမိတာပါ
ပါပါးရဲ့အသက်ကိုသေစေလိုတဲ့
ဆန္ဒနဲ့ဘဝ သားမှာမရှိပါဘူး
ဒေါသစိတ်ကြောင့်ပြောမိတာပါ"
ဇွဲအင်အားသည် ဖြစ်ပြတ်သွားရသည့်
အခြေနေတွေကြား ရပ်ကြည့်မိသလို
ဖြစ်သွားမိသည်။
မှားနေမှန်းသိလျှက် ဝင်မတားမိပဲ
ငယ့်ကို လွှတ်ထားလိုက်မိသည်။
ကြမ်းပြင်ထက် ဒူးထောက်ကာ
ယူကျုံးမရပဲ တတွတ်တွတ်
တောင်းပန်စကားဆိုနေသည့်
ငယ့်ကိုပွေ့ဖက်ကာ နှစ်သိမ့်ပေးရသည်။
"ငယ် ပါပါးကိုဆေးရုံပို့မှဖြစ်မယ်
စိတ်လျှော့နော်"
"ကျွန်တော့်ကြောင့်! အား"
"သားဇွဲ ရုန်ရုန်းကိုကြည့်ပေးထား
သူ့ကိုယ်သူ ထိခိုက်အောင်မလုပ်စေနဲ့
daddy ပါပါးကို ဆေးရုံပို့ဖို့
သွားလိုက်မယ်"
"ကျွန်တော်တို့ လိုက်ခဲ့မယ်"
"ရုန်ရုန်း လိုက်လို့ရတဲ့စိတ်အခြေနေ
ဟုတ်ပုံမရဘူး သူ့ကိုကြည့်ထား"
daddyတစ်ယောက်တည်း
ဒဏ်ရာရနေသည့် ပါပါးကိုခေါ်ပြီး
ဆေးရုံသွားဖို့မဖြစ်နိုင်ပေ။
ဆောက်တည်ရာမရ ဖြစ်နေသည့်
ငယ်ကို လှုပ်ခါပစ်လိုက်သည်။
"!ငယ်....စိတ်ကိုထိမ်းစမ်း
ပါပါးကို ဆေးရုံပို့မှဖြစ်မှာ
နားလည်လား"
"!ပါပါး....ဟုတ်တယ်
ပါပါးကို ဆေးရုံပို့ရမယ်"
လှုပ်ခါလိုက်မှ အသိဝင်လာကာ
ပါပါးရှိရာ ဒူးထောက်လျှက်အတိုင်း
သွားပြီး ပါပါးကိုပွေ့ယူလိုက်သည့်
ငယ့်ကြောင့်
ပါပါးကိုဆေးရုံပို့ဖို့ အိမ်ထဲက
ထွက်ခဲ့လိုက်သည်။
ကမ္ဘာပိုင်သည် မိဘကိုသေစေဖို့
ကြိုးစားသူအဖြစ် နောင်တရနေမိသည်။
ပါပါးရဲ့ရင်ဘက်ကနေတဆင့်
စီးကျလာသည့် သွေးတို့က
ကိုယ့်ခန္ဓာကိုယ်မှာ ထင်ကျန်နေသလို
နောက်တရစိတ်တွေက
ကိုယ့်ရင်ထဲမှာ ထင်ကျန်နေတော့မည်။
*ပါပါးရဲ့အပေါ်မှာ မိုက်ရိုင်း
စော်ကားမိတာတွေအတွက်
တောင်းပန်ဖို့မရဲပါဘူး ပါပါး
ဘာမှမဖြစ်ရဘူးနော်*
ဆက်ရန်
*************************