Unlimited Love

By NawMueGayPhaw

2.7K 126 13

💙 ကျောင်းသားဘဝလေး ပထမဆုံးရေးသားခြင်းဖြစ်ပါတယ် စာရေးသူလုံးဝမဟုတ်ပါဘူးနော် ကိုယ်ဖတ်ချင်တဲ့ပုံစံလေး ကောက်ရေးတာပ... More

✿︎ 1 ✿︎
✿︎ 3 ✿︎
✿︎ 4 ✿︎
✿︎ 5 ✿︎
✿︎ 6 ✿︎
✿︎ 7 ✿︎
✿︎ 8 ✿︎
✿︎ 9 ✿︎
အသိပေးချက်ပါနော်
✿︎ 10 ✿︎
✿︎ 11 ✿︎
✿︎ 12 ✿︎
✿︎ 13 ✿︎

✿︎ 2 ✿︎

176 12 2
By NawMueGayPhaw


Part - 2
~~~~~~~~

၇တန်း(A)ခန်း...

ထုံးစံအတိုင်း ဘုရားရှိခိုးနေကြတုန်းပန်ပန်ဝင်လာတာကိုမြင်တဲ့ဆရာမက ထလာ​ပြီး တိုးတိုးပြောလာတော့

"ပန်ပန် နောက်ကျပြန်ပြီ ကျောင်းဖွင့်တာ တစ်ရက်စောလာပါအုန်းဟယ်... အိမ်မှာ ဘာအလုပ်တွေရှုပ်နေလို့ နေ့တိုင်းနောက်ကျနေတာလဲ "

ပန်ပန်မှာမျက်နှာချိုသွေးပြီး

"ချယ်ချယ်ကလည်း ဒီနေ့တော့မရိုက်ပါနဲ့တော့နော် ဒီနေ့နောက်ဆုံးပါဘဲ နော်..နော် နောက်ခါစောစောလာမယ် ချယ် နော်..နော်..နော်ပါ.. "

ဆရာမကလျာကလည်း ပါးဖောင်းဖောင်းလေးဖောင်းတက်လာအောင် ပြုံးပြပြီး ချစ်စဖွယ်ကောင်းလှအောင်ချွဲလာတဲ့တပည့်မလေးကို အသည်းယားလာပြီး ပါးဖောင်းဖောင်းလေး ကိုဆွဲညစ်လိုက်ပြီးတော့

"ဒီခါနောက်ဆုံးဖြစ်ပါစေနော် ပန်ပန် အတန်းမာ ညည်းတစ်ယောက်တည်းဘဲနောက်ကျနေတာ ကဲ သွားသွား ဘုရားသွားရှိခိုးတော့... မယ်နောက်ကျရေ.."

ပန်ပန်လည်းဆရာမကို ချစ်စဖွယ်အပြုံးလေးပြုံးပြပြီးအနောက်တံခါးပေါက်ကနေဝင်ပြီးအတန်းထဲသို့ ဝင်ထိုင်လိုက်ပြီး ဘုရားရှိခိုးလိုက်သည်။ တံခါးပေါက်၂ပေါက်ရှိပြီး မိမိအတန်းကနောက်ဆုံးတန်းဆိုတော့ အနောက်ပေါက်ကနေဘဲလှည့်ဝင်လာလိုက်သည်။

ဘုရားရှိခိုးပြီးတော့ ဖူးဖူးကစာအုပ်ထုတ်ရင်း ပြုံးစိစိနဲ့

"မယ်နောက်ကျ ရေ ဘာလဲ ညက ထုံးစံအတိုင်း ဝတ္ထုဖတ်လို့အိပ်ယာဝင်နောက်ကျတာလား"

"အေးဟယ် အရှိန်ကတက်တော့ "

"နင့်အရှိန်ကလည်း တက်ဘဲတက်နိုင်လွန်းတယ် ဒီညကစပြီး စောစောအိပ်ပါဟယ် ၇တန်းဆိုတော့ ပေါ့ပေါ့နေလို့ရသေးတယ် ခစ်ခစ် "

"အေးပါ နောက်မှစကားပြောမယ် မယ်ဖူးရေ ဆရာမစာရေးပြီ "

---------------

9တန်း(B)

အတန်းထဲရှိ ကျောင်းသားကျောင်းသူများ မျက်စိထဲ၌ ဘလင်းဘလင်း ဖြစ်လို့နေလျက် အကြောင်းမှာဆရာမဘေးက ရှောင်ကောကောလိုအရပ်ရှည်ရှည်နဲ့ချောမောလှပသော ကျောင်းသား၃ယောက်နဲ့ မင်းသမီးလေးလိုမှုန်နေအောင်လှသော ကျောင်းသူတစ်ယောက် ကြောင့်ပင်..

" ကဲသားတို့သမီးတို့ရေ မင်းတို့သူငယ်ချင်းအသစ်တွေရောက်လာတယ် ခုမှကျောင်းပြောင်းလာတာမို့ ကူညီပေးလိုက်ကြပါအုန်း "

"ဟုတ် ဆရာမ "(All)

ဆရာမက sky တို့ဘက် လှည့်ပြီး

" ကဲ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်ပါအုန်းကွယ် "

ခပ်သွက်သွက် အာကာပိုင်က

"ဟဲလို... ငါ့နာမည်က အာကာပိုင် ခုမှအသစ်ရောက်လာတာဆိုတော့ ငါတို့၄ယောက် အကူအညီလိုရင် ကူပေးပါအုန်းဗျ အားလုံးနဲ့သူငယ်ချင်းဖြစ်ချင်ပါတယ် ကူညီ​ပေးရင် မုန့်ဝယ်ကျွေးပါ့မယ်ဗျ ဟဲ..ဟဲ.. "

" ငါ့နာမည် ဖြိုးဉာဏ်လင်း ကိုဖြိုးလို့ခေါ်လို့ရတယ် အာကာပြောတဲ့အတိုင်းပါဘဲ အကုန်လုံးနဲ့ခင်ချင်ပါတယ် "

" ငါ့နာမည် ရွှန်းလဲ့သခင် ဒီက သူငယ်ချင်းတွေက ရွှန်းလဲ့လို့ခေါ်လို့ရပါတယ်နော် "

sky တစ်ယောက် နှုတ်ပိတ်ဆဲ

ရွှန်းလဲ့ကပဲ

"ဟဲ့ ဇိုင်းယံ မိတ်ဆက်အုန်းလေ"

ရွှန်းလဲ့အပြောကြောင့် ကျောင်းပေါက်ဝက တွေ့ခဲ့တဲ့ခလေးအကြောင်းပြန်တွေးနေတဲ့ sky တစ်ယောက် အတွေးကမ္ဘာကနေပြန်နှိုးထလာခဲ့သည်။အတန်းထဲသို့ဝေ့ကြည့်ရင်း..

"ဇိုင်းကောင်းကင်မာန် skyလို့ခေါ်လို့ရတယ် "

sky ရဲ့ ဘုနဲ့ဘောက်အပြောကြောင့် အာကာပိုင်တို့မာ သက်ပြင်းချလျက်

" စိတ်ထဲထားမနေနဲ့ ဒီကောင်က အရင်ထဲက ဒီလိုဘဲ "

ကဲ..ကဲ..

"သမီးရွှန်းလဲ့ သမီးသီရိဘေးမာ သွားထိုင်နော် "

"သားတို့၃ယောက်က အရပ်ရှည်တော့ အနောက်ဆုံးတန်းမာ သွားထိုင် ခုံချပေးထားတယ်နော် "

" သားတို့သမီးတို့ က ကျောင်းပြောင်းနောက်ကျတော့ (A)ခန်းမှာထားပေးပေမဲ့ သားတို့မိဘက မလိုဘူးပြောလို့ bio ယူထားပေမဲ့လည်း (B)ခန်းမှာဘဲ ထားလိုက်တယ်နော် သားတို့အဆင့်ကောင်းရင် (A)ခန်းမာ ပြန်ထားပေးမယ် ဟုတ်ပြီလာ "

" စာအုပ်ထုတ်ကြတော့ "

------------
နေ့ခင်း၁၂နာရီ....

ဒေါင်... ဒေါင် ... ဒေါင်...

" မဂ်လာပါဆရာမ "

" မဂ်လာပါကွယ် နောက်နေ့မှဆက်ကြတာပေါ့ "

ဆရာမအပြင်ထွက်သွားတော့

ပန်ပန်တို့ ထမင်းချိုင့်သွားယူပြီး စားဖို့ပြင်လိုက်သည်။

" ဟဲ့ ဖူးမ ဘာဟင်းတုန်း "

" နင်ကြိုက်တဲ့ ပုဇွန်ချက် နဲ့ ငါကြိုက်တဲ့ ပြင်ကြီးငါး ချက်ပေးလိုက်တယ် အိမ်က အခွံပါတစ်ခါတည်းချွတ်ပေးလိုက်တယ်နော် ပန်ပန်မ "

"ဟာ.. ရှယ်ဘဲ အာ့မို့ မေသွယ့်ကို ချစ်နေရတာ လာ.. ငါ့မားမားကလည်း နင့်ဖို့ ထောပတ်သီးဖျော်ရည်ပေးလိုက်တယ် ထမင်းစားပြီးရင်သောက်ကြမယ် "

တစ်ဖက် 9တန်း (B)တွင်လည်း...

" ဇိုင်းယံရေ ငါနင်တို့နဲ့မစားတော့ဘူးနော် သီရိတို့နဲ့ဘဲစားတော့မယ် ရော့နင်ကြိုက်တဲ့ ပုဇွန်ထုပ်တေ ကြီးမေ ထည့်ပေးလိုက်တယ် ငါသွားပြီ "

"ကျေးဇူး "

အာကာပိုင်တို့လည်း ထမင်းချိုင့်ဖွင့်ပြီး

" ဟာ ..sky မင်းဟင်းက ရှယ်ဘဲကွာဘာလဲ မင်း မာမီ ချက်ပေးလိုက်တာလား ဟဲ..ဟဲ.."

" အာကာရာ သွားမစပါနဲ့ ဒီတစ်ရက်လေးတော့ skyကို အေးဆေးပေးနေလိုက်ပါကွာ "

ကိုဖြိုးတစ်ယောက် skyကို ကြည့်လိုက်တော့ ထင်သည့်အတိုင်းပင် မျက်နှာညိုးငယ်စွာနဲ့ ငိုက်စိုက်ကျနေတဲ့ရုပ်ကိုမြင်လိုက်ရလေသည်။sky တို့ရဲ့မိဘတွေက skyကို ပြည့်ပြည့်စုံစုံ လက်ညိုးညွှန်ရာ ရေဖြစ်သလို ထားပေမဲ့ မိဘမေတ္တာ နွေးထွေးမှုတော့ ဒီကောင် မရ။ မြန်မာနိုင်ငံမှာ အချမ်းသာစုံစာရင်း ဝင်နေပေမဲ့ အန်ကယ်လ်ဇိုင်းနဲ့အန်တီနွယ်တို့က အလုပ်ပြီးရင်းအလုပ် လုပ်ပြီး သူတို့ရဲ့တစ်ဦးတည်းသော သားဖြစ်တဲ့skyကိုတော့ မေတ္တာအစား ပိုက်ဆံသာ ပေးလေရဲ့ ။ sky လိုချင်တာ ပိုက်ဆံမဟုတ်ဘဲ မေတ္တာပါ လို့ တစ်ချိန်ချိန်တော့ အန်ကယ်လ်တို့ကို ပြောပြပါအုန်းမည်လေ။

"ကဲပါ skyရာ ဒီကောင့်အကြောင်းသိရက်နဲ့ လာပါကွာ... စားကြမယ် မင်းအကြိုက် ပုဇွန်ထုပ်တွေ ခွာပေးမယ် ရော့ "

" အေးပါကွာ ငါသိပါတယ် ဒါပေမဲ့ တစ်ခါလောက်တော့ မာမီ့ရဲ့လက်ရာ စားဖူးချင်တာပေါ့ ထားပါ ဒီနေ့တော့ အေးဆေးနေချင်တယ် မနက်ကလည်း ဖားသားကြီးနဲ့ညှိလာသေးတယ် ဒီကျောင်းမှာတော့ အေးဆေးတက် ဘာပြသာနာမှမဖြစ်နဲ့တဲ့ အဟက်.."

"အဲ့တော့ မင်းဘာပြန်ပြောလည်း"

"ဘာပြန်ပြောရမာလဲကွာ ကိုယ့်ကိုယ်မထိသရွေ့ အေးဆေးဘဲပေါ့ကွာ ပေါ့ "

"ကဲ.. စား စား ပြီးရင် သန့်စင်ခန်းသွားပြီး မုန့်သွားဝယ်စားရအုန်းမယ် အချိန်ရရင် စကီလေးတွေပါ ပတ်ရှိုးမယ်ကွာ "

အာကာ့ရဲ့အပြောကြောင့် ကိုဖြိုးလည်းနရင်းဖြတ်အုပ်လိုက်ပြီး

" မင်းကတော့ ဒါပဲ "

skyကတော့ ထမင်းစားရင်းပြုံးနေလေရဲ့ စိတ်ထဲမှာတော့ >ခလေးရေ ပြန်တွေ့ချင်ပါသေးတယ် တစ်ကျောင်းတည်းဆိုတော့ တစ်နေ့နေ့တော့တွေ့မာပါ<

------------

"ပန်ပန်ရေ... လာပါဟယ် ငါမုန့်စားချင်ပြီဟ "

"လာပါပြီဟယ် နင့်ချိုင့်လည်း ပြန်ဆင့်ပေးကသေးတယ်လေ "

ပန်ပန်တို့ ကျောင်းမုန့်စျေးတန်းရောက်ဖို့ 9တန်းအဆောင်ကိုဖြတ်ရပါသည်။ 7တန်းအဆောင်နဲ့ 9တန်းအဆောင်က ဘေးချင်းကပ်ရပ်လေးဆောက်ထားပြီး သန့်စင်ခန်းသွားဖို့ဆို ပန်ပန်တို့အဆောင်ဘက်ကို ဖြတ်ပြီး သွားရပါသည်။( G နဲ့ B အိမ်သာကို ခွဲပြီး ဆောက်ထားတာပါနော်)

ဖူးဖူးနဲ့အတူမုန့်သွားဝယ်တုန်း ဖူးဖူးရဲ့ဟာသကြောင့် ရီမောရင်း 9တန်း(B)တံခါးပေါက်ဝကအဖြတ် ထွက်လာတဲ့ အစ်ကိုတစ်ယောက်နဲ့ တိုက်မိလေရဲ့။

sky တစ်ယောက်ထမင်းစားပြီး သန့်စင်ခန်းသွားဖို့ စောင့်နေတုန်း အာကာပိုင်တို့ကို ကြည့်တော့ ထမင်းချိုင့်ပြန်ဆင့်နေသည်။ အလျင်လိုနေတော့ မစောင့်နိုင်တော့ဘဲ အိမ်သာသော့ကိုသွားဖြုတ်ရင်း..

"ဟျောင့်တွေ ငါအရင်သွားပြီ နောက်က လိုက်ခဲ့ "

" အေးပါကွာ"

" ကြွ ကြွ .."

အလျင်လိုနေတော့တံခါးပေါက်ဝကအထွက် ဟီးဟီးဟားဟားလုပ်လာတဲ့ ကျောင်းသူတစ်ယောက်နဲ့ တိုက်မိတော့ စိတ်ကထိန်းမရတော့။ ကိုယ်ကအလျင်လိုနေသည်လေ။ အိမ်သာသော့ ကျသွားတော့ မျက်နှာကိုမော့မကြည့်သေးဘဲ ပြန်ကောက်ရင်း

" တောက်!! ဒီမာ မင်းတို့ဘယ်လို လျှောက်နေလဲ သေချာကြည့်လျှောက် ဘယ်လိုတောင် မိန်းခလေးတန်မဲ့ ဟီးဟီးဟားဟားလုပ်နေရတုန်း ဟမ်.. "

ပန်ပန်လည်း တိုက်မိတဲ့အစ်ကိုက တောက်ခေါက်ပြီးဟောက်နေတော့ လန့်သွားပြီးမျက်ရည်ပါဝဲလာရသည်။ကိုယ့်အမှားလည်းပါတော့ ကြောက်ကြောက်လန့်လန့်နဲ့ဘဲ

" တောင်း.... တောင်း..ပန်ပါတယ် အကိုရယ်... ပန်ပန်တို့အမှားပါ.. ခွင့်လွှတ်ပေးပါ..နော် နော်.."

ပန်ပန်တို့ရဲ့အမူအကျင့်အတိုင်းချွဲသံလေးပါ ပေါက်သွားသည်။

ချွဲသံလေးပါ ဝါဝင်ပြီး
တုန်ယင်တဲ့အသံလေးကskyရဲ့နားထဲဝင်ရောက်သွားပြီး သော့ကောက်ပြီးပြန်မော့ကြည့်တဲ့အခါမှာတော့

" ခ ..ခလေးလေးး"

Continue Reading

You'll Also Like

770K 108K 39
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
242K 14.5K 64
𝐓𝐨 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 𝐰𝐡𝐨 𝐭𝐡𝐢𝐧𝐤𝐬 𝐭𝐡𝐞𝐲 𝐚𝐧𝐝 𝐭𝐡𝐞𝐢𝐫 𝐜𝐫𝐮𝐬𝐡 𝐚𝐫𝐞 𝐧𝐨𝐭 𝐦𝐞𝐚𝐧 𝐭𝐨 𝐛𝐞 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫. ...
237K 16.2K 47
This novel featuring Amie and her childhood friend, Mahir. It's a delightful tale of friendship, lost connections, and the power of rekindling old fl...
149K 2.6K 130
NOT MY STORY, NOR MY TRANSLATION For Offline Reading Purpose Only Author(s) 鹿迟 Summary Sheng MuMu was transmigrated into a novel. While others transm...