My Adorer ( Completed )
By xiaotiantian433
75.8K 5.4K 223
yizhan.. More
Part-1
Part-2
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10 warning ⚠️
Part-11
part-12 warning ⚠️
Part-13
Part-14 warning
Part-15
Part-16
part-17 warning
final
extra
Part-3
3.6K 322 13
By xiaotiantian433
ရှောင်းကျန့်မျက်နှာမှာအဝတ်မဲတစ်ခုစွပ်ခံလိုက်ရပြီး ဝေါယာဉ်လို့ထင်ရတဲ့လှည်းပေါ်တင်တာခံလိုက်ရတယ်။ ရှောင်းကျန့်က ရုန်းနေပေမယ့်အရာမရောက်ဘူး။ လက်ပြန်ကြိုးပါချည်ထားတာ။ အဲ့အချိန်မှာပဲရုတ်တရက် ဝေါယာဉ်က တစ်ခုခုနဲ့တိုက်မိသွားတယ်။ ရှောင်းကျန့်အထဲမှာအီသွားပေမယ့် သတိတော့လစ်မသွားခဲ့ဘူး။ တိုက်ခိုက်သံအချို့ကို လည်းသူကြားနေရတယ်။ ငမူးဘုရင်က လူနည်းစုပဲခေါ်လာပုံပေါက်တယ်။ အခုသူစိုးရိမ်နေတာက သူ့အဖေနဲ့ အပေါင်းဖေါ်တွေ။ သူတို့တော်လှန်ရေးကြီးပျက်သွားပြီလား။ အဲ့ခါကြရင် သူ့မိသားစုလည်းမလွယ်ဘူး။
"အ့.."
အဲ့အချိန်မှာပဲ သူ့ဝေါယာဉ်ကိုမြင်းနဲ့ အားပြင်းပြင်းဆွဲယူတာခံရပြန်တယ်။
"မင်းဘယ်သူလဲ......"
စကားသံတော့ပြန်မလာပေ။ တစ်နေရာရောက်တော့သူ့ကို ‌ဝေါယာဉ်ထဲကထုတ်ပြီး မြင်းပေါ်တင်ခံကပြန်တယ်။ သူကအခုမြင်းသမားရင်ခွင်ထဲမှာ။ ဘယ်သူများလဲသိလိုစိတ်နဲ့စမ်းကြည့်ပေမယ့် ရင်အုပ်မာမာကျယ်ကျယ်ကြီးကလွဲပြီးကျန်တာ မခန့်မှန်းနိုင်ပေ။
"မင်းဘယ်သူလဲ။ ဘယ်သူလဲလို့ငါမေးနေတယ်။"
အသံပြန်မလာပုံထောက်ရင် နောက်တစ်ခါပြန်ပေးဆွဲခံရတာသေချာပြန်ပြီ။
ရင်ဘက်မာမာကြီးရဲ့နှလုံးခုန်သံတွေကမြန်ဆန်ပြီး အပြင်ကနေပါကြားနေရတယ်။ လက်တစ်ဖက်က မြင်းဇာတ်ကြိုးကိုထိန်းထားတာဖြစ်လိမ့်မယ်။ နောက်လက်တစ်ဖက်ကတော့ သူ့ခါးမှာထိန်းကိုင်ထားတယ်။ မသတီပေမယ့်ပြုတ်ကျမှာစိုးလို့ ငြိမ်နေရတယ်။ သူတို့သွားနေတာက တောနက်တစ်နေရာဖြစ်လိမ့်မယ်။ တဖြည်းဖြည်းအေးလာတယ်။ မကြာခင်တော့ မြင်းကပြေးနေရာမှရပ်တန့်သွားတယ်။ သူ့လက်ကကြိုးကို‌ ဖြေပေးပြီး ခေါင်းမှာစွတ်ထားတဲ့ အဝတ်မဲကိုလည်းချွတ်ပေးလိုက်တော့ မီးတုတ်ကိုင်ထားတဲ့လူကိုတွေ့လိုက်တယ်။ အဲ့လူကိုတွေ့တွေ့ချင်းပဲ
"မင်း ဘာလို့ငါ့အိမ်တော်နားမှာရှိနေသေးတာလဲ။ ငါ့စကားကိုနားမထောင်တာလား။ ဝမ်ရိပေါ်။"
ဝမ်ရိပေါ်သူ့အရှေ့မှာ ဒူးထောက်လိုက်တယ်။
"ကျွန်တော်နောက်ဆုံးတစ်ခေါက်လောက်ပဲ ကြည့်ဖို့...."
"ဖြန်း...."
"အမိန့်ကို လွန်ဆန်ရဲတယ်။"
ရိပေါ်ပါးတစ်ခြမ်းပူထူသွားတယ်။ အဲ့အချိန်မြင်းခွာသံတွေကြားတော့ သူတို့စကားမများနိုင်တော့ဘူး။ မြက်တွေအုပ်နေတဲ့မြေကြီးထဲက တံခါးတစ်ချက်ကိုရိပေါ်ဆွဲဖွင့်လိုက်တယ်။
"ဒါ ဒါဘာလဲ။"
"ကျွန်တော်တူးထားတာပါ။ မြေအောက်ခန်းပါ။ မကြောက်ပါနဲ့။"
လှေကားနဲ့ဆင်းရမှာဖြစ်ပြီးမှောင်မဲနေတော့ရှောင်းကျန့်နောက်ဆုတ်သွားတယ်။
"ကျွန်တော့်ကိုယုံပါ။ သခင်လေးကိုကျွန်တော်ထိခိုက်အောင်မလုပ်ပါဘူး။ "
ရိပေါ်က ရှေ့ကနေ မီးတုတ်ကိုင်ပြီးဆင်းသွားတယ်။  သခင်လေးကိုဖွက်ထားချင်တဲ့စိတ်ကူးနဲ့ ငါးနှစ်နီးပါး တူးထားခဲ့တဲ့ မြေအောက် အိမ်ကလေးဆီ တစ်ကယ်ပဲသခင်လေးကိုခေါ်လာခွင့်ရမယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး။ သူတို့ အိမ်အောက်ထဲရောက်တော့ ငြိမ်ငြိမ်လေးနေပြီးမြင်းခွာသံတွေကိုနားစွင့်တယ်။ ပြီးတော့ရှောင်းကျန့်က ဟိုကြည့်ဒီကြည့်နဲ့ပြောလာတယ်။
"ငါဘယ်အချိန်ထိ ဒီအမှောင်ထဲနေရမှာလဲ။"
"ကျွန်တော်အမြဲမပြတ် မီးထွန်းနိုင်အောင်လုပ်ပါမယ်။ ပြီးတော့ ဒီ‌နေရာကို ဘယ်သူမှ ထပ်လာမှာမဟုတ်ဘူး။"
"ငါ့ကိုပြန်ပို့ပေး။"
"နန်းတော်မှာအခြေနေတွေ မတည်ငြိမ်ဘူး။ သခင်လေးကိုဖမ်းတဲ့လူတွေက နန်းတော်ထဲကလို့ကျွန်တော်ထင်တယ်။"
ထိုအခါရှောင်းကျန့်က စိတ်လှုပ်ရှားကာ ထလာပြီး
"မင်းကြီး အသစ် ၊ မင်းကြီးအသစ်ဘာဖြစ်သွားလဲ။"
"မင်းကြီးအသစ်???"
ဟုတ်တာပဲ။ ဒါလျို့ဝှက်ကိစ္စဆိုတာရှောင်းကျန့်မေ့သွားတယ်။
"ထားလိုက်တော့။"
ရှောင်းကျန့် ထလာပြီး အိပ်ယာကိုကြည့်လိုက်တယ်။
"ဒီဖက်ရွက်တွေခင်းထားတဲ့အိပ်ယာ ငါဘယ်လိုအိပ်ရမှာလဲ။ ဒီလောက်အေးတာ။"
"ရုတ်တရက်မို့ မစီစဉ်ရသေးတာပါ။ ကျွန်တော့်အင်္ကျီခင်းလိုက်မယ်လေ။"
"ရွံတယ်။"
"ခု ခုနမှ ဝတ်လာတာပါ။"
"မလိုဘူး။ ငါ့ကိုမီးဖို ဖိုပေး"
ရိပေါ်ချက်ချင်းပဲ မီးဖိုပေးတယ်။ မီးဖိုပြီးတော့ တစ်ခန်းလုံးရှင်းရှင်းလင်းလင်း ရှောင်းကျန့်မြင်လိုက်ရတယ်။နှစ်ယောက်ကောင်းကောင်းအိပ်လို့ရတဲ့ ကွပ်ပျစ်တစ်ခုရှိပြီး နံရံမှာကပ်ပြီးစုထားတဲ့ ထင်းပုံကြီးတစ်ပုံရှိတယ်။ အခန်းကတော့ ၁၅ ပေပတ်လည်လောက်တော့ကျယ်တယ်။
"မကြာခင် မိုးကျတော့မှာမို့ကျွန်တော် ထင်းတွေစုထားတာ။"
"ခုတောင်ဒီလောက်အေးရင် မိုးရွာတော့ပိုဆိုးမယ်ထင်တယ်။"
ရှောင်းကျန့်သူ့ဘာသာရေရွတ်နေပေမယ့် ရိပေါ်ကပြာပြာသလဲပဲ
"သခင်လေးကိုတစ်ညလုံးမီးဖိုပေးမယ်။ ခြုံထည်ဝယ်နိုင်ပေးနိုင်အောင်ကြိုးစားမယ်။"
ရှောင်းကျန့်အပေါ်နှုတ်ခမ်းတစ်ဖက်ကိုအပေါ်တွန့်ကာ ရိပေါ်ကိုခေါင်းစခြေဆုံး အထက်အောက်လှန်ကြည့်ပြီး
"ရွံစရာကောင်းတဲ့မင်းပုံစံကိုပဲ အရင်ပြုပြင်ပါဦး။"
ရိပေါ် သူ့ဘာသာသိမ်ငယ်ပြီးနောက်ဆုတ်သွားတယ်။
"ဒီလိုနေရာမျိုးဖန်တီးထားတာ မဟုတ်မှ မင်းပုန်ကန်ဖို့စီစဉ်နေတာလား။"
"မဟုတ်ပါဘူး။ ကျွန်တော် ဝါသနာပါလို့ပါ။"
ရှောင်းကျန့်စကားပြောတာရပ်ပြီး သူ့ကိုယ်သူနွေးဖို့ကြိုးစားရင်း မီးလှုံနေတယ်။
*အစေခံနဲ့ ခုလိုအနီးကပ်နေရမယ်လို့တစ်ခါမှ မတွေးဖူးဘူး။*
ရိပေါ်က အပြင်ထွက်ဖို့ပြင်တော့ ရှောင်းကျန့်က အသံပြတ်ပြတ်ဖြင့်
"ဘယ်သွားမလို့လဲ။"
သူအပြင် စကားပြောစရာလူမရှိတာကိုတွေးရင်း ရိပေါ်ကျေနပ်ပျော်ရွှင်ရတယ်။ သခင်လေးက သူ့ကိုစကားပြောနေတယ်။ ပြီးတော့ ဒီအခန်းထဲမှာသူနဲ့သခင်လေးနှစ်ယောက်တည်းအတူရှိနေတယ်။ ရုတ်တရက်မြန်မြန်လေးလှုပ်ခက်သွားတဲ့ ရင်ဘက်ကိုရိပေါ် ဖိထားမိလိုက်တယ်။
"သခင်လေးဗိုက်ဆာရင် စားဖို့ သွားရှာလိုက်ဦးမယ်။"
"ညဘက်ကြီးကိုလား။"
"ခနလေးပဲကြာမှာ။"
"မြန်မြန်သွား"
ရှောင်းကျန့် မျက်စောင်းထိုးပြီးတစ်ဖက်လှည့်သွားတာကိုကြည့်ပြီး ရိပေါ်ရယ်ကျဲကျဲလုပ်မိတယ်။ သူ့အပေါ်အားကိုးချင်စိတ်လေး သန်းနေတာမြင်တော့ ချက်ချင်း ရန်သူတစ်ရာနဲ့စစ်ခင်းပစ်ချင်စိတ်တောင်ပေါက်တယ်။
မကြာခင်တော့ရိပေါ်က အမွှေးနှုတ်ပြီးသားငှက်နှစ်ကောင်နဲ့ ကန်စွန်းဥ ကြီးကြီးနှစ်လုံးပါလာတယ်။  ငှက်ကိုကင်ကာ ကန်စွန်းဥကိုဖုတ်ပြီးချိန်မှာတော့ ရိပေါ်ကရှောင်းကျန့်ကို ငှက်ကင်တစ်ကောင်ပေးတယ်။ ရှောင်းကျန့်က ရိ‌ပေါ်လက်ထဲကငှက်ကင်ကိုပါကြည့်ပြီး
"ဒါကမင်းအတွက်လား။"
ရိပေါ်ခေါင်းညိမ့်တယ်။
"ပေး ငါ့ကို။ ငါမဝဘူး။ "
ရိပေါ်ကတော့ သူဘာလုပ်လုပ်ပြုံးပြုံးကြီးပဲလုပ်နေတယ်။ ဘာလို့ဒီလောက်သဘောကျစရာကောင်းရတာလဲ ဒီလူသားလေးက။
ရှောင်းကျန့်စားသောက်ပြီးချိန်မှာတော့ ကွပ်ပျစ်မှာအိပ်ပျော်သွားတယ်။ ရိပေါ်က ကျန်နေတဲ့ ကန်စွန်းဥတစ်ခြမ်းကိုသာ ကျေကျေနပ်နပ်ကြီးစားလိုက်တယ်။ ပြီးတော့ သူ့အပေါ်အင်္ကျီကို ခြုံပေးလိုက်တယ်။ မနက်မှ အဆူခံလိုက်မယ်။ မဟုတ်ရင်သခင်လေးအေးလိမ့်မယ်။ သခင်လေးကသူဝတ်နေကျတိုင်းပိုးဖဲဝတ်ရုံအပြည့်ရှိတယ်။ ရိပေါ်ကအပေါ်အင်္ကျီချွတ်လိုက်ရင် ဖျင်အင်္ကျီဂျိုင်းပြတ်အစုတ်ပဲရှိတော့တယ်။ ဒါပေမယ့်သခင်လေးက နုနုလေးမို့သူစိုးရိမ်တယ်။
ရိ‌ပေါ်တစ်ညလုံးမီးဖိုပြီး ရှောင်းကျန့်ကို ထိုင်ကြည့်နေတယ်။ သူ့ရင်ဘက်‌ပေါ်သူ လက်တင်ပြီးအိပ်နေတဲ့ သခင်လေးက အရမ်းချစ်ဖို့ကောင်းတယ်။ လက်ဖမိုးလေးကို လက်ညိုး‌လေးနဲ့တို့တော့ သခင်လေးကမနိုးဘူး။ ရိပေါ်တိတ်တိတ်လေးခိုးပြုံးပြီး မကြာခန လက်ဖမိုးလေးကိုခိုးတို့နေရာက မိုးလင်းခါနီးတော့ မခံနိုင်ပဲအိပ်ပျော်သွားတယ်။
______
ဇာတ်လမ်းကထင်သလိုမဟုတ်တော့ မကြိုက်ကြတော့ဘူးထင်တယ်။ plot ထူးထူးခြားခြားမရှိပါဘူး။ ပေါ့ပေါ့ပါးပါးပါပဲနော်။ update က အားပေးတဲ့အပေါ်မူတည်ပါတယ်နော်။ ❤️
Zawgyi
"အ့.."
"မင်းဘယ်သူလဲ......"
"ဖြန်း...."
"ဒါ ဒါဘာလဲ။"
"ကျွန်တော်တူးထားတာပါ။ မြေအောက်ခန်းပါ။ မကြောက်ပါနဲ့။"
"ငါ့ကိုပြန်ပို့ပေး။"
"မင်းကြီးအသစ်???"
"ထားလိုက်တော့။"
"ရွံတယ်။"
"ခု ခုနမှ ဝတ်လာတာပါ။"
"မလိုဘူး။ ငါ့ကိုမီးဖို ဖိုပေး"
"ဘယ်သွားမလို့လဲ။"
"ညဘက်ကြီးကိုလား။"
"ခနလေးပဲကြာမှာ။"
"မြန်မြန်သွား"
"ဒါကမင်းအတွက်လား။"
"ပေး ငါ့ကို။ ငါမဝဘူး။ "
______
Continue Reading
You'll Also Like
299K 14.6K 94
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
798K 48.2K 120
Y/N L/N is an enigma. An outgoing, cheerful, smiley teenage boy. Happy, sociable, excitable. A hidden gem in the rough of Japan's younger soccer pl...
1.5M 26.7K 57
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
437K 15.2K 163
Sevyn and Von hung around the same people but did not like each other. But they were just cordial. Until Von's birthday came up and Sevyn was the onl...