ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြ...
By phyopyae139810
32.4K 3K 334
လူကြိုက်များတဲ့ကြက်ကြော်ကလေးကျန်းရှီးမင်အား စားသောက်ခြင်း BL Harem 44 part + 1extra = 45 part 1 by 6 Author... More
intro
ကြက်ကြော်လေး(1)
သန်းခေါင်ယံခေါ်ဆိုမှု(2)
ရှောင်ရန်ဆွေ့(3)
ဒုတိယမြောက်လူ( 4)
ကံတရား၏အလို(5)
အပိုင်း(7)ရန်သူနှစ်ယောက်ကြား
အပိုင်း(8.1)ပထမသားက အလှလေး
အပိုင်း(8.2)ပထမသားကအလှလေး
အပိုင်း(9)စာအုပ်
အပိုင်း(10)အမှတ်မထင်တွေ့ဆုံတဲ့သူ
အပိုင်း(11)စိတ်ခွဲ
အပိုင်း(12)မူလပိုင်ရှင်အမှိုက်ထုပ်
အပိုင်း(13) ဧည်ခံပွဲထဲက လျှိုဝှက်ချက်
အပိုင်း(14) ပြိုင်ပွဲ
အပိုင်း(15)သုံကြိမ်မြောက်ကန်တော့ခြင်း
အပိုင်း(16) အိမ်မက်ဆိုးထဲနှစ်ဝင်
အပိုင်း(17)နာကျင်စွာ ငိုကျွေးခြင်း
အပိုင်း(18) ကြောက်ရွံ့မှု
အပိုင်း(19)သာယာသောဘဝရဲ့ အစ
အပိုင်း(20)ထူးဆန်းမှုတွေနဲ့ ပျော်ရွှင်ရ
အပိုင်း(21)အာရုံစိုက်ခံရတဲ့လူသား
အပိုင်း(22)ငါးဆားနူးအဖြစ်နေထိုင်လို
အပိုင်း(23) အာရုံစိုက်မခံချင်ဘူး
အပိုင်း(24)တောကြောင် က ဘာသဘောလဲ
အပိုင်း(25)လူတိုင်းက မကောင်းပြောရတာကြိုက်တယ်
သူငယ်ချင်း(6)
1.1K 139 5
By phyopyae139810
♡♡♡
အေးစက်လှသော ဆောင်းရာသီမနတ်ခင်းတစ်ခုတွင် လူတစ်ယောက်သည် ရေချိုးခန်းထဲမှ အလုပ်ရှုပ်နေ၏။ ထိုလူက ကျန်းရှီးမင်သာဖြစ်သည်။သူ့ဘေးနားတွင်လည်း အဝတ်အစားများထည့်ထားသော ဇလုံတစ်လုံးလည်းရှိသေးသည်။
ကျန်းရှီးမင်သည် တောင်လိုပုံနေသော အဝတ်အစားများကို ကြည့်ပြီ ဒေါသများထွက်လာသည်။အကျီပိုင်ရှင်ကိုထုထောင်းချင်ပေမယ့်ထို့သို့ လုပ်မရတာကြောင့် လူအစား အကျီကိုသာ ထုထောင်းနေရ၏။
ဒီရက်ပိုင်း အတွင်း ကျန်းရှီးမင်သည် ဝမ်းအန်း၏အစေခံကြီး လုံးလုံးဖြစ်သွားရသည်။အဝတ်လျော်ရင်လည်း ကျန်းရှီးမင်။ သန့်ရှင်းရေးလုပ်လည်း ကျန်းရှီးမင်။အမှိုက်ပြစ်လည်း ကျန်းရှီးမင် မနတ်စာသွားဝယ်ပေးရတာလည်း ကျန်းရှီးမင်။
နောက်ဆုံး ဝမ်းအန်း ရေချိုးဖို့ကအစရေပြင်ပေးရတာကလည်း ကျန်းရှီးမင်ပင်ဖြစ်သည်။ကျန်းရှီးမင် မလုပ်ရတာဆိုလို့ ဝမ်းအန်း အိမ်သာတက်လျှင် အညစ်အကြေးသုတ်ပေးရတာနှင့် အကျီဝတ်ပေးရတာသာရှိတော့သည်။
ကျန်းရှီးမင် ပြောခဲ့သည်က အဝတ်လျော်ပေးဖို့ကိုပင်။အစေခံလုပ်ဖို့မဟုတ်ပေ။အခုတော့ သူက ပိုက်ဆံလည်းမရပါပဲ သူတစ်ပါးဝေယျာဝိစများလုပ်ပေးနေရသည်။ဝမ်းအန်းက ကျန်းရှီးမင်၏မိန်းမလည်းမဟုတ်ပေ။
ကျန်းရှီးမင် စိတ်အဆင်ပြေမနေပင့်မယ့် သေချာပေါက် ဒီအကြောင်းတွေကို ဝမ်းအန်းအားသွားမပြောရဲပေ။သူမသေချင်သေးပါ။သို့သော် မကြာခင် သူခဲပြီသေလောက်သည်။
အကြောင်းအရင်းကတော့ ချစ်လှစွာသောအစ်ကိုကြီးဝမ်းသည် မနက်ဖြန် အပြင်သွားစရာရှိသောကြောင့် မနတ်ဖြန်ဝတ်မည် အဝတ်အစားများအား ဒီနေ့မနတ်ထ၍ စောစောလျော်ထားပေးရန်ပြောလာသောကြောင့်ပင်။
ကျန်းရှီးမင်က မကျေမနပ်ဖြစ်သွားပေမယ့် သူသွားမပြောရဲပေ။
"ကောင်းတယ် ကောင်းတယ် သူက အိပ်နေတယ် ငါကျတော့ သူ့အဝတ်တွေလျော်နေရတယ် ဘာလဲ သူက ငါ့မိန်းမမို့လို့လား တကယ်စိတ်ညစ်တာပဲ ကဲကွာ အဝတ်စုတ်တွေ ... "
" ဖြည်းဖြည်းလျော် အဲ့ဒါတွေကစျေးကြီးတယ် "
ကျန်းရှီးမင်သည် ကျောကော့သွားသည်။အဲ့တာကြောင့် ရှေးလူကြီးတွေကပြောတာ အတင်းပြောရင် နောက်ကြည့်တဲ့ ကောင်းရော။ဝမ်းအန်း ဘယ်အထိကြားသွားသလဲဆိုတာ ကျန်းရှီးမင် ပေ။
ကျန်းရှီးမင် လန့်သွားပင့်မယ့် သူက ရေညှိပင်။ကျန်းရှီးမင်က ချက်ချင်း ဝမ်းအန်းကိုလှည့်ကြည့်လိုက်ပြီ ရယ်ပြလိုက်သည်။
" ဟဲဟဲ အစ်ကိုကြီးဝမ်း နှိုးပြီးလားဗျ ကျွန်တော် မနတ်စာဝယ်ပေးထားတယ် ပူတုန်းစားလိုက်နော် "
"အင်း "
ဝမ်းအန်းသည် အခန်းထဲမှထွက်သွားတဲ့ အခါ ကျန်းရှီးမင်က တိုးတိုးလေးဆဲရေးပြန်သည်။
"ငါ ိုးကို အင်းပါလား အေးတိအေးစက်ကောင် မင်းဒီအကျီဝတ်ရင် ယားပါစေလို့ ငါဆုတောင်းတယ်"
"ပြီးတော့လေ "
" ငါ ိုး !!! "
ဝမ်းအန်း၏ ရုတ်တရပ်ပြောလာသော စကားသံကြောင့် ကျန်းရှီးမင် လန့်သွားပြီး ထခုန်မိကာ သူ့လက်ထဲတွင်ကိုင်ထားသော ရေခွက်ကိုပြစ်ပေါက်လိုက်မိသည်။အားအနည်းငယ်ပြင်းသွားသောကြောင့် ကော်ရေခွက်ကလေးက ရေချ်ိုးခန်းနံရံနှင့်တိုက်မိကာ ကွဲသွားတော့သည်။
" တကယ်တော့လေ မင်းကိုကြည့်ရတာ ငါ့အမေက ငါ့အဖေအတွက်အဝတ်လျော်ပေးနေတဲ့ပုံစံနဲ့တူတယ် မင်းကမှပိုပြီး ငါ့မိန်းမဖြစ်သင့်တာ "
ကျန်းရှီးမင်သည် ဝမ်းအန်းရဲ့ စကားကြောင့် ခဏတာအချိန်တွေရပ်သွားသလိုခံစားလိုက်ရသည်။ကျန်းရှီးမင်သည် ဝမ်းအန်းကို အရူးကြီးတစ်ကောင်လိုလှည့်ကြည့်လိုက်ပင့်မယ့် ဝမ်းအန်းက ဝိဉာဥ်လိုပျောက်သွားပြန်သည်။
ကျန်းရှီးမင်သည် နောက်ထပ်တဗျစ်ဗျစ်တတောက်တောက်လုပ်မနေတော့ပဲ ကွဲသွားသည့် ခွက်ကလေးကို စိုက်ကြည့်နေကာ ခဏကြာမှစကားသံထွက်လာသည်။
" ငါ ိုးကို မင်းမိန်းမဖြစ်ရမှာလား ကြက်သီးတောင်ထတယ်ကွာ ဖီး ဖီး "
.........
ကျန်းရှီးမင်သည် အချိန်ရှိတုန်းကလေ လွယ်အိတ်လွယ်ကာ ကျောင်းဆီသို့ သုတ်ချေတင်ပြေးခဲ့ရသည်။ဒီရက်ပိုင်းတွေအတွင်း သူက ဝမ်းအန်းရဲ့အစေခံဖြစ်ခဲ့တဲ့အပြင် စာသင်ချိန် တချို့ကိုလည်းပျက်ခဲ့ရ၏။
ဒါကြောင့် ဝမ်းအန်းရဲ့ အကျီတွေကိုလျော်ဖွတ်ပြီးတဲ့အခါ ဝမ်းအန်းနောက်ထပ်တစ်ခုထပ်မခိုင်းခင် အရင်ဦးအောင် ထွက်လာတာ .. မဟုတ်ဘူး... ထွက်ပြေးလာတာဖြစ်သည်။
အဆောင်မှထွက်ပြေးလာသော ကျန်းရှီးမင်သည် ကျောင်းမရောက်ခင် နေရာတစ်ခုတွင် ခြေလှမ်းများရပ်တန့်သွားခဲ့သည်။သူရပ်ကြည့်နေသည့်နေရာကတော့ အကသင်တန်းတစ်ခု၏ ဆိုင်းဘုတ်ရှေ့တွင်ဖြစ်သည်။
ကျန်းရှီးမင်သည် ဆိုင်းဘုတ်၏ နေရာတစ်ခုတည်းကိုသာ စိုက်ကြည့်နေပြီ အရမ်းအံသြသွားရသည်။သူကဆင်းရဲသားမဟုတ်ပေမယ့် ဒီပမာဏကြီးကတော့ သူ့ကိုတုန်လှုတ်စေသည်။ဒါက ကောင်ကင်ပေါ်ကကျလာတဲ့ ပေါင်မုန်ကြီးပဲ။
ကျန်းရှီးမင်သည် အဆောက်အဦးတစ်ခုထဲ ဝင်သွားလိုက်သည်။ထို အဆောက်အဦးထဲကို သူရောက်တဲ့အခါ လူသိပ်မရှိပေ။ကျန်းရှီးမင်သည် ကောင်တာကို အပြေးကလေးပြေးသွားလိုက်သည်။
"ယန်း၁သောင်းလား !!! "
ကျန်းရှီးမင်သည် ထပ်မံအံသြသွားရပြီ ထအော်မိလိုက်သောအခါ ကျန်းရှီးမင်ရှေ့တွင်ရှိနေသော ကောင်မလေးက ကြောင်ကြောင်အအဖြင့် ခေါင်းငြိမ့်ပြလာသည်။
" ဟုတ်ပါတယ် ဒီrole အတွက် အရွေးခံရရင် ယန်း ၁သောင်းရမှာပါ "
ကောင်မလေးသည် ကျန်းရှီးမင် သိကြောင်းသေချာအောင် ထပ်မံပြောကြားလိုက်ပင့်မယ့် ကျန်းရှီးမင်က သိပ်စိတ်မဝင်စားပေ။ ကျန်းရှီးမင်က တစ်ယောက်တည်း အတွေးလွန်နေတာကို ကောင်မလေးတွေ့တဲ့အခါ သူမက ထပ်ရှင်းပြချင်နေသည်။
" နောက်ပြီ ဟွမ်ဝေ____ "
ကောင်တာမှ ကောင်မလေးသည် လူအများစုဒီပြိုင်ပွဲကိုလာပြိုင်တဲ့ ရည်ရွယ်ချက်ကိုသိတာကြောင့် ဆွယ်ချင်နေပင့်မယ့် ကျန်းရှီးမင်၏ စကားဖြတ်ပြောခြင်းကိုသာ ခံလိုက်ရသည်။
" အချိန်ကရော ? "
" အမ် နောက်လ ၂ရက်နေ့ပါ အကယ်လိုပြိုင်ချင်တယ်ဆိုရင် ဒီမှာ နာမည်လေးနဲ့ ဆက်သွယ်ရေး ဖုန်းနံပါတ်ကလေး ရေးပေးခဲ့ပါ "
ကျန်းရှီးမင်သည် နှစ်ခါစဥ်းစားမနေဘဲ နာမည်နှင့် ဖုန်းနံပါတ်ကို စာရွက်တွင် ဖြည့်လိုက်ကာ ကောင်တာမှ မိန်းကလေးကိုပြုံးပြလိုက်သည်။ထိုမိန်းကလေးသည် သူ့မျက်မှန်လေးကို ပင့်တင်ပြီး ကျန်းရှီးမင်ကို ယောင်နနလေး ပြန်ပြုံးပြလာ၏။
ဖြစ်နိုင်လျှင် ကျန်းရှီးမင်သည် ထိုကောင်မလေးဆီကဖုန်းနံပါတ်တောင်းခဲ့ချင်သည်။သူမက ကျန်းရှီးမင် ကြိုက်တဲ့ မိန်းကလေးပုံစံမျိုးပင်။
ကျန်းရှီးမင် သည် ဘယ်လောက်ပင် ဖုန်းနံပါတ် တောင်းချင်နေနေ ဒီေန့မှ ပထမဦးဆုံးတွေ့ပြီး ဖုန်းနံပါတ်ချက်ချင်းတောင်းတာက မိန်းကလေးကသူ့အပေါ်အမြင်ကိုဆိုးရွားစွာထိခိုက်သွားစေနိုင်သည်ဆိုတာကိုသိသဖြင့် ဆန္ဒကို အကြောင်းတရားနှင့် ထိန်းလိုက်ရ၏။။
ကျန်းရှီးမင်သည် ဒီတခါတော့ ငြိမ်နေလိုက်ပြီး နောက်တစ်ခေါက်ထပ်လာမှ ဖုန်းနံပါတ်တောင်းရန်စဥ်းစားထားသည်။အခုတော့ သူက နှင်းတွေကြားထဲ ပျော်ရွင်စွာ ပြေးလွှားနေရ၏။သူ မသွားလို့လည်းမရပေ။ အချိန်ပိုင်း အလုပ်က နောက် ၁၀မိနစ်နေရင်ဖြစ်သည်။
အရင်တုန်းကတော့ ကျန်းရှီးမင်ဟာ သူဌေးသားလေးတစ်ယောက်လို နေလို့ စိတ်ကူးထားသည်။ယခုတော့ သူက တကယ်တက္ကသိုလ်ကျောင်းသားငမွဲလေး ပုံစံဖြစ်နေချေပြီ။ကျန်းရှီးမင်တွင် ဒုက္ခပေးစရာ မိဘတွေလည်းမရှိတာကဆိုးသည်။
မူလပိုင်ရှင်၏ အိမ်အသိမ်းခံလိုက်ရပြီးကတည်းကမူလပိုင်ရှင်၏ အမျိုးတော်ဆက်သူတစ်ဦးတစ်ယောက်ကမှ ကျန်းရှီးမင်ကို ဆက်သွယ်မလာခဲ့ပေ။ကျန်းရှီးမင်ကလည်း သူတို့ကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာလည်း မသိပါ။ ကျန်းရှီးမင်ထင်သည်ကတော့ မူလပိုင်ရှင်က သိုးမည်းတစ်ကောင်ဖြစ်လောက်သည်။
သို့မဟုတ်ပါလျှင် ဘယ်သူက အမျိုးတွေ မိဘတွေကိုမဆက်သွယ်ပဲနေမှာလဲ။တကယ်တော့ ဒါကလည်း ကျန်းရှီးမင်အတွက်ကောင်းသည်။မူလပိုင်ရှင်၏ မှတ်ဉာဏ်တွေကို ကျန်းရှီးမင် မသိသောကြောင့်ပင်။
ဒီရက်ပိုင်းအတွင်းမှာလဲ မှတ်ဉာဏ်အသစ်တွေ ထပ်မံလက်ခံရရှိခြင်းမရှိပေ။ ဖြစ်နိုင်သည်ကတော့ အကယ်လို့ ကျန်းရှီးမင်က မူလပိုင်ရှင် သိခဲ့ဖူးတဲ့ လူတစ်ယောက်နှင့် မကြာခင် တွေ့ရတော့မည်ဆိုလျှင် အိမ်မက်မက်တက်တာဖြစ်သည်။
ထိုအကြောင်းကြောင့် ဒီရက်ပိုင်းအတွင် မူလပိုင်ရှင်ရဲ့အသိအကျွမ်းတွေကို မတွေ့ရလျှင် ကျန်းရှီးမင်ကလည်း မူလပိုင်ရှင်အကြောင်းမသိရပါ။ကျန်းရှီးမင်ကလည်း ထိုလူတွေနှင့် မတွေ့ချင်ပေ။
" အမေရိကာနိုတစ်ခွက် "
" ဟုတ်ကဲ့ ဘာလေးထည့်ချင်သေးလဲရှင့် "
"Cream လျော့ထည့်ပေးပါ သိပ်မခါးစေနဲ့ "
" ဟုတ်ကဲ့ ခဏစောင့်ပေးပါနော် "
ကျန်းရှီးမင်သည် တွေးလက်စများကိုရပ်ကား စားပွဲထိုးလင်ဗန်းကလေးအား ကိုင်ကာ ကောင်တာကို လှမ်းကြည့်နေမိသည်။ကောင်တာမှ မိန်းကလေးကို ကျန်းရှီးမင် အလုပ်စလာလုပ်ကတည်းကကြည့်နေတာဖြစ်သည်။သူမကတော်တော်လှသောကြောင့်ပင်။
ဘာမှ မပြောနဲ့ ။ကျန်းရှီးမင်က နှာဘူးတစ်ယောက်မဟုတ်ဘူး။သူက အလှတရားကို ခံစားတက်သူတစ်ယောက်သာသာပါပဲ။ထိုကောင်မလေးအပေါ် ကျန်းရှီးမင် ညစ်ညစ်ညမ်းညမ်းတခါလေးတောင် မတွေးခဲ့ဖူးဘူး။
ဒါပေမယ့် သူက လှတာကိုတော့ တော်တော်သဘောကျသည်။တစ်နေ့လုံး ထိုင်ကြည့်နေပါဆိုလျှင် တကယ်ထိုင်ကြည့်နေနိုင်သည်။ကျန်းရှီးမင်ကဒီလို အလှလေးတွေကို စိတ်ဝင်စားသည်။
ပြောရလျှင် မူလပိုင်ရှင်ကလည်း ရုပ်ရည်က သိပ်အဆိုးကြီးထဲတွင် မပါဝင်ပေ။ကြည့်ပျော်ရှုပျော်ရှိလှသည်။အသားအရေက ဖြူသည်။ခန္ဓာကိုယ်ကတော့ တခြားယောင်္ကျားလေးများကဲ့သို့ ဖွံဖြိုးပင့်မယ့် ခါးကတော့ထိုသူတို့ထက် အနည်းငယ်သေးသည်။ခြေတံလည်းအနေတော်ဖြစ်သည်။
အရပ်သည်လည်း သူများနည်းတူရှည်သည်။ပုတဲ့အထဲမပါပေ။မျက်နှာသည် ပ စောက်ပုံသဏ္ဍာန် လုံးလုံးဝိုင်းဝိုင်းကလေးဖြစ်သည်။နှုတ်ခမ်းလေးကအနည်းငယ်ဖူးသယောင်ယောင် ကြီးသယောင်ယောင်ရှိ၏။
ကျန်းရှီးမင် အမြင်အရပြောရရင် ဒီလိုနှုတ်ခမ်းမျိုးက ယောင်္ကျားလေးတစ်ယောက်နဲ့ မအပ်စပ်ပေ။ကျန်းရှီးမင် အတွက် ကျေးဇူးတင်ဖို့ကောင်းသည်က နှုတ်ခမ်းများက ပန်းနုရောင်သန်းမနေတာပင်။
အကယ်လို မူလပိုင်ရှင်ရဲ့ နှုတ်ခမ်းက ပန်းနုရောင်သာသန်းနေရင် ကျန်းရှီးမင်က သူ့ကိုယ်သူပြစ်မှားနေမိလိမ့်မည်။သူက သိပ်စိတ်ထိန်းနိုင်တဲ့ သူတော့မဟုတ်ဘူး။
ကျန်းရှီးမင်သည် မူလပိုင်ရှင်တွင်ရှိသော အကြိုက်ဆုံးခန္ဓာကိုယ် အစိတ်အပိုင်းကတော့ ဗာဒံစေ့ပုံစံ မျက်လုံးတစ်စုံဖြစ်သည်။ထိုမျက်လုံးနှင့် နှုတ်ခမ်းပေါင်းလိုက်တဲ့အခါ နှာတံချွန်ချွန်လေးမပါတာတောင် ကြည့်ရကောင်းသည်။
အကယ်လို့ မျက်နှာတစ်ခုလုံးကိုပေါင်းပြီ ကြည့်လိုက်ပါက ကျန်းရှီးမင်သာ တခြားလူတစ်ယောက်ဖြစ်လျှင် မူလပိုင်ရှင်ကို တစ်ခုခုလုပ်မိလိမ့်မည်ဖြစ်သည်။သို့ပင့်မယ့် မူလပိုင်ရှင်က ကြည့်ပျော်ရှုပျော်အဆင့်တွင်သာရှိသည်။
ကောင်တာကကောင်မလေးနဲ့ တော့ ဘယ်ယှဥ်နိုင်ပါ့မလဲ။ကျန်းရှီးမင်သည် ကြမ်းတိုက်တံပေါ် မေးတင်ထားရင်းငေးကြည့်နေမိ၏။ ကောင်တာမှ ကောင်မလေးသည် မမောနိုင်မပန်းနိုင်ဝယ်သူတွေကို ပြုံးပြနေတဲ့အချိန် ကျန်းရှီးမင်ကတော့သူမအပြုံးတွင် အရည်ပျော်သွား၏။
" အဲ့ကောင်မလေးကိုကြိုက်လို့လား "
" fuck ! လန့်လိုက်တာ "
ကျန်းရှီးမင်သည် လက်ထဲကဗန်းဖြင့် ထိုအမည်မသိလူကို ရိုက်လိုက်မိသည်။ထိုအသံအကျယ်ကြီးကြောင့် ကျန်းရှီးမင်သည် ဆိုင်ထဲမှ လူများ၏ အာရုံစိုက်စရာဖြစ်လာခဲ့သည်။ကျန်းရှီးမင်သည် ဒီခံစားချက်ကြီးအား ရင်းနှီးသည်။
လူတွေကအာရုံစိုက်လာကြတာကြောင့် ချက်ချင်းပဲ ကျန်းရှီးမင်သည် သူ့နောက်မှလူကို တောင်းပန်လိုက်သည်။
" တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်လန့်သွားလို့ပါ တစ်ခုခုဖြစ်သွားသေးလား ဆေးခန်းရော လိုက်ပို့ရမလား ဆေးရုံးတက်ရတော့မှာလားဟင် "
"ရပါတယ် အဲ့လောက်မလိုပါဘူး ကျွန်တော်ကအဲ့လိုမစလိုက်သင့်တာပါ ကျွန်တော်ကပြန်တောင်းပန်ပါတယ် "
" ကျွန်တော်က တောင်းပန်ရမှာပါ ဘာဖြစ်သွားသေးလဲဟင် ဘာလုပ်ပေးရမလဲ "
ကျန်းရှီးမင်၏ အမောတကော အမေးကြောင့် ထိုလူကရယ်သည်။
" ကျွန်တော်က မင်းနဲ့ သူငယ်ချင်းဖြစ်ချင်တာပါ ကျွန်တော်ခင်များကို ကျောင်းကကန်တင်းထဲမှာတွေ့ဖူးတယ် ခင်များက ရှောင်ရန်ဆွေ့ကိုကယ်လိုက်တာလေ "
"အာ..... "
ထိုနေ့က အဖြစ်အပျက်ကို မှတ်မိနေမည်သူရှိနေမည်ဟု ကျန်းရှီးမင်မထင်မိပေ။မြန်မြန် မေ့သွားတာက ကျန်းရှီးမင်အတွက် ပိုကောင်းပါသည်။ပြသနာတွေ ယူလာမှာကို ကျန်းရှီးမင်စိုးရိမ်သောကြောင့်ဖြစ်သည်။
ကျန်းရှီးမင်သည် ဝတ်ကျေတန်းကျေသာ ပြန်ပြုံးပြလိုက်သည်။ကျန်းရှီးမင် နဲ့ ထိုလူသည် အေးအေးဆေးဆေးစကားပြောနေတော့ ဆိုင်ထဲမှလူများက သူတို့ကို စိတ်မဝင်စားတော့ပေ။
"လာလေ ရပ်မနေပါနဲ့ ထိုင်ပါလား ကျွန်တော်မှာ ပြောစရာတွေအများကြီးရှိတယ် "
" တောင်းပန်ပါတယ် ကျွန်တော်တို့ဆိုင်က ဧည်သည်တွေနဲ အတူတူထိုင်ခွင့်မပေးထားလို့ပါ "
" အော် "
ထိုလူ၏ တဖျက်ဖျက်လတ်နေသော မျက်လုံး အရောင်မှိန်သွားတဲ့အခါ ကျန်းရှီးမင် စိတ်မကောင်းဖြစ်မိသွားသည်။
" ဟင်း ခဏလောက်ခိုးထိုင်ရင်တော့ရမယ်ထင်တယ်"
" ဟုတ်လား ဒါဆိုမြန်မြန်ထိုင်လေ "
ကျန်းရှီးမင်သည် ကောင်တာတွင် လူရှင်းနေသည်ကို ကြည့်ပြီး ထိုကောင်လေးစားပွဲတွင်ဝင်ထိုင်လိုက်သည်။
"ကျွန်တော်နာမည်က ကျန်းရှီးမင်ပါ "
" အော် ဟုတ်သား မိတ်ဆက်ဖို့မေ့နေတာ ကျွန်တော်နာမည်ကမျိုးရိုးကဝူ နာမည်က ရှန်း ဝူရှန်း တဲ့ "
" ဪ ဝူမျိုးရိုးလား "
" ဟုတ်တယ် ကျွန်တော်ကို အာရှန်းလို့ ခေါ်လို့ရပါတယ် "
" ဟုတ်ပါပြီ အသက်က .. "
" ၂၃ နှစ် "
ကျန်းရှီးမင်သည် သူ့ရှေ့တွင်ရှိသော ဆယ်ကျော်သက်ပုံစံကောင်လေးကို မျက်လုံးပြူး၍ ကြည့်မိသွားသည်။ဝူရှန်းက အသားအရည်ကဖြူ၍ မျက်ရစ်မရှိပေ။မျက်လုံးမှေး၏။လူကောင်ကလည်းသေး သေးသည်။ဘယ်လိုကြည့်ကြည့် ပျော့တိပျော့ဖက် နှင့် ငယ်သေးပုံပေါ်ပြီး ဘယ်လိုမှ ၂၃နှစ်မဖြစ်နိုင်ပေ။
ကျန်းရှီးမင်ရဲ့ အံသြသွားတဲ့ပုံကိုကြည့်ပြီး ဝူရှန်းကရယ်သည်။
" ကျွန်တော်လည်း ထင်ပါတယ် အံသြသွားမယ်ဆိုတာ ဒါနဲ့ ရှီးမင် ကရော "
" ၂၃ပါပဲ "
" ဒါဆို မင်းနဲ့ငါနဲ့ ပြောလို့ရတာပဲ မင်းကိုဒီထပ်ပိုကြီးမယ်ထင်ထားတာ "
ကျန်းရှီးမင်သည် စိတ်ထဲတွင် သူ့ကိုယ်သူအတွက် အမွှေးတိုင်ထွန်းပေးလိုက်သည်။မကြာခင်မှာပဲ ကျန်းရှီးမင်သည် ထပ်ပြီး ရင်ထဲတွင်လည်းခံစားသွားရသည်။သူ့နှင့် အသက်တူတဲ့သူက သူ့ထက်ငယ်ပုံပေါ်ပြီး သူကျမှ ရှိရင်းအသက်ထက်ပိုကြီးပုံပေါ်နေသည်တဲ့။
ကျန်းရှီးမင်ရဲ့ မှောင်မိုက်သွားသော မျက်နှာကြောင့် ဝူရှန်းက သူစကားမှားသွားတာကိုသိလိုက်သည်။ဝူရှန်းက အထစ်ထစ် အငေါ့ငေါ့ ပြန်လည်းရှင်းပြလာ၏။
" ကျွန်.. ကျွန်တော်ပြောချင်တာက မင်းက ပိုပြီး..ဟို ရင့်ကျက်ပုံပေါက်လို့ပါ "
ကျန်းရှီးမင်သည် ဝူရှန်းရဲ့ မနည်းဖျစ်ညစ်ထုတ်နေရသော ချီးကျူး​စကားကြောင့် အားနာပါနာဖြင့်ပြုံးပြလိုက်သည်။သူတို့နှစ်ယောက်လေထုက အေးခဲနေတဲ့အချိန် ဆိုင်ရှင် လူပြန်ကျလာခဲ့သည်။
" လူကျနေလို့သွားတော့မယ် "
" ခဏလေး ဖုန်းနံပါတ်လဲမယ်လေ "
ကျန်းရှီးမင်သည် အလွယ်တကူပင် ဖုန်းနံပါတ်ကို လက်ခံထားလိုက်သည်။ထိုနောက် ဆိုင်ထဲတွင် ဧည်သည်များဖြင့် မနားရလေအောင် အလုပ်ရှုပ်နေ၏။လူနည်းနည်းကျလို့ ခုနက ဝူရှန်း ထိုင်နေသော နေရာလေးကို လှမ်းကြည့်လိုက်တဲ့အခါ ကော်ဖီခွက်ကလေးကိုသာ အထီးကျန်စွာတွေ့ရသည်။
ဝူရှန်းကြောင့် ကျန်းရှီးမင် ရင်ထဲနာကျင်သွားရပေမယ့် ဒါက ကျန်းရှီးမင်၏ ပထမဦးဆုံးသူငယ်ချင်းဖြစ်တာကြောင့် ကျန်းရှီးမင် ပီတီဖြာမိသည်။
သျှပ်ပန်း
######
♡♡♡
" ဖြည်းဖြည်းလျော် အဲ့ဒါတွေကဈေးကြီးတယ် "
"အင်း "
"ငိါုးကို အင်းပါလား အေးတိအေးစက်ကောင် မင်းဒီအကျီဝတ်ရင် ယားပါစေလို့ ငါဆုတောင်းတယ်"
"ပြီးတော့လေ "
" ငိါုး !!! "
" ငိါုးကို မင်းမိန်းမဖြစ်ရမှာလား ကြက်သီးတောင်ထတယ်ကွာ ဖီး ဖီး "
.........
"ယန်း၁သောင်းလား !!! "
" နောက်ပြီ ဟွမ်ဝေ____ "
" အချိန်ကရော ? "
ကျန်းရှီးမင် သည် ဘယ်လောက်ပင် ဖုန်းနံပါတ် တောင်းချင်နေနေ ဒီနေ့မှ ပထမဦးဆုံးတွေ့ပြီး ဖုန်းနံပါတ်ချက်ချင်းတောင်းတာက မိန်းကလေးကသူ့အပေါ်အမြင်ကိုဆိုးရွားစွာထိခိုက်သွားစေနိုင်သည်ဆိုတာကိုသိသဖြင့် ဆန္ဒကို အကြောင်းတရားနှင့် ထိန်းလိုက်ရ၏။။
" အမေရိကာနိုတစ်ခွက် "
" fuck ! လန့်လိုက်တာ "
"အာ..... "
" အော် "
" ဪ ဝူမျိုးရိုးလား "
" ဟုတ်ပါပြီ အသက်က .. "
" ၂၃ နှစ် "
" ၂၃ပါပဲ "
သျှပ်ပန်း
######
Continue Reading
You'll Also Like
296K 53.6K 69
ဝေ့ဝေ့ Extra ( 68 parts only ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang S...
371K 17.7K 60
NOW PUBLISHED ON AMAZON Matty Grayson is a rap star living his dream and he's secretly three months pregnant. ... Reaching a peak in his career afte...
1.7M 99.7K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1M 33.9K 80
"𝙾𝚑, 𝚕𝚘𝚘𝚔 𝚊𝚝 𝚝𝚑𝚎𝚖! 𝚃𝚠𝚘 𝚕𝚒𝚝𝚝𝚕𝚎 𝚗𝚞𝚖𝚋𝚎𝚛 𝚏𝚒𝚟𝚎𝚜! 𝙸𝚝'𝚜 𝚕𝚒𝚔𝚎 𝚝𝚑𝚎𝚢'𝚛𝚎...𝚍𝚘𝚙𝚙𝚎𝚕𝚐ä𝚗𝚐𝚎𝚛𝚜 𝚘𝚏 𝚎𝚊𝚌𝚑...