In the name of Wisteria

By CATTINLOVE

775 82 12

မြင်မြင်ချင်းအချစ်ဆိုပေမဲ့ ကျွန်တော့အချစ်တွေက Wisteria ပင်တွေလိုပဲ ခိုင်မြဲတယ် ။ Short story မို့ 5ပိုင်းလောက... More

1
3
4

2

150 23 1
By CATTINLOVE

" တောင်းပန်ပါတယ် မနေ့ညက မူးသွားလို့ပါ ဟျောင်းတကယ်တောင်းပန်ပါတယ် ပြီးရင်ကျေးဇူးလဲတင်ပါတယ် အများကြီး အများကြီးကျေးဇူးတင်တာ "

အိပ်ယာနိုးလာထဲက ဆော့မက်သရူးပါးစပ်ကထွက်လာသမျှက တောင်းပန်ပါတယ်နှင့် ကျေးဇူးတင်ပါတယ်ဆိုသည့်စကား၂ခွန်းပင်

" ရပါတယ် တောင်းပန်ဖို့ထ်ိမလိုပါဘူး "
" လိုတာပေါ့ မနေ့ညက ဒီလောက်ဒုက္ခပေးခဲ့မိတာ တကယ်တောင်းပန်ပါတယ် "
" အဲ့ဒါဆို တောင်းပန်မဲ့အစား ကျွန်တော့ကို ကတိတခုပဲပေး "
" ရတယ် ဘာကတိဖြစ်ဖြစ် အကုန်ပေးတယ် "
" အဲ့လောက်လွယ်လွယ်ကတိပေးရလား ကျွန်တော်ဘာကတိတောင်းမလဲမသိပဲနဲ့ ကျွန်တော်ပေါက်ကရကတိတွေတောင်းရင် ဟျောင်းဘယ်လိုလုပ်မလဲ "

ထိုအခါမှ လူကြီးပေါက်စလေးက မျက်လုံးထောင့်ကပ်ပြီး စဥ်းစားသည့်ဟန်နှင့်

" ဒါပေမဲ့ ဂွန်းနုက မကောင်းတဲ့လူမှမဟုတ်တာ "
" ဟျောင်း ဘယ်လိုသိလဲ ကျွန်တော်က မကောင်းတဲ့လူမဟုတ်ဘူးဆိုတာ "
" ဟျောင်း နှလုံးသားနဲ့ ခံစားမိတာလေ "

မျက်လုံးလေးတွေကွေးညွှတ်လို့ ပြုံးပြီးပြောလာသည့်စကားကြောင့် ဂွန်းနုမျက်နှာတွေနှင့်နားရွက်ဖျားတွေပါ နီရဲပြီး ပူထူနေမိသည် ။

" မနက်စာ လာစားဦး အမူးပြေဟင်းရည်လဲလုပ်ထားတယ် "
ဂွန်းနုရှက်ရှက်နှင့် မီးဖိုချောင်ဘက် ထွက်ပြေးလာမိသည်အထိ မက်သရူးကတော့ ဘာမှသိသည့်ပုံမပေါ် သူ့နောက်ကလိုက်လာပြီး ဘာကတိပေးရမှာလဲသာ တွင်တွင်မေးနေတော့သည် ။

" ဂွန်းနု ဘာကတိလဲလို့ ပြောဦးလေ "

" နောက်ဆို ကျွန်တော်မရှိရင်အများကြီးမသောက်ရဘူး အများကြီးသောက်မှာဆိုရင်လဲ ကျွန်တော့်ကိုလှမ်းခေါ်ပါ့မယ်ဆိုတဲ့ကတိ ဘယ်လိုလဲပေးမှာလား "
အခုမှ စသိတဲ့လူတယောက်အနေနဲ့ ပိုင်စိုးပိုင်နင်းဆန်လွန်းတဲ့ကတိဆိုပေမဲ့ မက်သရူးဟျောင်းရဲ့ ချစ်စရာကောင်းသည့်ပုံစံကို တခြားလူတွေကို မမြင်စေချင်တဲ့ သူ့အတ္တကို သူမထိန်းနိုင်တော့ ။

" Oh!!! " ဂွန်းနုတောင်းသည့်ကတိကြောင့် အံ့သြသွားဟန်ဖြင့် မျက်လုံးလေးများဝိုင်းကာလာ သူ့ကိုကြည့်လာပြီး

" အဲ့လိုဆို ဟျောင်းက ဂွန်းနုကို ဒုက္ခပေးသလိုကြီးပဲ ဖြစ်နေမှာပေါ့ "
" ကျွန်တော်က ဒုက္ခလို့မသတ်မှတ်ရင်ရော ဟျောင်းကတိပေးမှာလား "
" ကတိပေးတယ် နောက်ဆိုဂွန်းနုကိုပဲ နှောင့်ယှက်ရတော့မှာပဲ ဟျောင်းသူငယ်ချင်းတွေက ဟျောင်းကိုမသောက်ခိုင်းဘူး ဟျောင်းမူးလာရင် သူတို့အရမ်းဒုက္ခရောက်ရတယ်တဲ့ "

ပြုံးပြီးပြောနေတဲ့မျက်နှာလေးကကြည်လင်လို့ ဒီကောင်က ဟျောင်းပေးမဲ့ ဒုက္ခဆိုတဲ့အရာတွေကိုပျော်ပျော်ကြီးလိုချင်နေတာ ဟျောင်းရောသိပါ့မလား ။
အဲ့အချိန်ကစပြီး မက်သရူးနဲ့သူ ပိုပြီး ရင်းနှီးလာခဲ့တယ် ။ ဟျောင်းက စာအရမ်းတော်ပြီးဂိုက်သင်ပေးနေတဲ့သူဆိုတော့ အမြဲတမ်း သူမသိတဲ့စာတွေဆို ရှင်းပြပေးတတ်တယ် ။ ဟျောင်းရဲ့ အချိန်ပိုင်းအလုပ်အားတဲ့ရက်တွေဆိုရင် ဂွန်းနုအိမ်မှာ ညစာတူတူလာချက်ပြီး စားတတ်တယ် ။

တနေ့တခြားနီးစပ်လာလေ တိတ်တခိုးချစ်ရတာနဲ့ပဲ သူမတင်းတိမ်နိုင်လေပါပဲ ။ ကျွန်တော်ဟျောင်းနဲ့ပတ်သက်ပြီး လောဘတွေကြီးလာမိနေတာ ဘယ်လိုချုပ်ထိန်းရမလဲမသိတော့ဘူး ။

" ဂွန်းနု ကြည့်ပါဦး ဒီဝက်ဝံရုပ်က မင်းနဲ့မတူဘူးလား "
ရုပ်ရှင်သွားကြည့်ချင်သည်ဟုဆိုကာ သူ့အားအတင်းဆွဲခေါ်လာသူဟျောင်းက အခုတော့ အရုပ်ဆိုင်တခုက အလှပြထားသော ဝက်ဝံရုပ်ရှေ့တွင်အကြည့်တွေကိုကျောက်ချထားလေသည် ။

" ကျွန်တော်ကလူလေ ဝက်ဝံရုပ်နဲ့ တူတယ်ဆိုတာဖြစ်နိုင်ပါ့မလား ဟျောင်းရဲ့ "
" ဖြစ်နိုင်တာပေါ့ ဝက်ဝံရုပ်က အရမ်းချစ်ဖို့ကောင်းပြီးဖက်လို့ကောင်းတာလေ ဂွန်းနုလိုပဲ "

ပြောချင်တာပြောပြီး ရှေ့ကနေ ဦးဆောင်ထွက်သွားလေသော ဟျောင်းကြောင့် ဂွန်းနုအမှီပြေးလိုက်ရတော့သည် ။ ဘာပဲဖြစ်ဖြစ် ဟျောင်းရဲ့စကားတွေကြောင့် သူကြည်နူးမိတာတော့အမှန်ပင် ။

ရုပ်ရှင်လက်မှတ်ဝယ် pop-corn နှင့် cola ဝယ်ပြီးချိန်တွင်တော့ ရုပ်ရှင်စရန် အချိန်က နာရီဝက်ခန့် လိုနေသေးသည်။

" ဟျောင်း ကျွန်တော် အောက်ထပ်မှာ ဝယ်စရာလေးရှိလို့ ဟျောင်း ဒီမှာ ခဏစောင့်နေဦးနော် "
" ကြာမှာလား တူတူလိုက်ခဲ့မယ်လေ "
" မကြာဘူး အမြန်ပြန်လာခဲ့မယ် "
ဟု ပြောကာ ခုနက အရုပ်ဆိုင်ဆီသို့ ဂွန်းနု အမြန်ပြေးရတော့သည် ။

" ရှေ့မှာပြထားတဲ့ teddy bear လေးလိုချင်လို့ဗျ ကုတ်အနီ necktie အမဲလေးနဲ့ teddy bear လေး "
သူဝက်ဝံရုပ်လေးဝယ်ပြီး လှည့်ထွက်တော့
" ကောင်လေးကချောချောလေးနော် ဒီလိုရုပ်ရည်မျိုးလေးနဲ့အရုပ်သာပေးရင်လေ ရတဲ့လူကတော့ အရမ်းပျော်နေမှာပဲ "
" သူ့ရည်းစားက ကံကောင်းတာပေါ့ " ဆိုင်က ဝန်ထမ်းတွေရဲ့ စကားတွေသူကြားရတော့ အနည်းငယ်ပင်ပြုံးမိသွားသည် ။ ဟျောင်းရေ ဟျောင်းဘယ်လောက်ကံကောင်းလဲ သိသင့်တယ် ။

ထားခဲ့သည့်နေရာမှ တလက်မပင်မရွေ့ပဲစောင့်နေသော ဟျောင်းနားသူရောက်ခါနီးတော့ ဝက်ဝံရုပ်လေးကို သူနောက်ကျောဘက်ပို့ကာဖွက်ထားလိုက်သည်။ အရုပ်လေးက သိပ်မကြီး၍သာ အဆင်ပြေတော့သည်။

" ပြောတော့ ခဏလေးဆို ဝင်လို့ရနေပြီတဲ့ဝင်ရအောင်လေ "
" ဟျောင်းရှေ့ကသွား "

ထိုင်ခုံက အနောက်ဆုံးနားရောက်ပြီး အလည်ဘက်တွင်ဖြစ်သည် ။ မက်သရူးထိုင်ပြီးချိန်တွင်တော့ ရင်ခွင်ထဲပိုက်ထားသည့် ပေါက်ပေါက်ဘူးကို ဂွန်းနုယူလိုက်ပြီး ခုနကဝယ်လာသော teddy bear လေးကို ရင်ခွင်ထဲပြောင်းထည့်ပေးလိုက်သည် ။ ရုတ်တရက်မို့ ကြောင်သွားပြီးမှ အရုပ်လေးကိုမြင်ရသည့်အခါတွင်တော့ ဟျောင်းရဲ့နှူတ်ခမ်းပါးလေးတွေက ကော့ညွတ်ကာ ပြုံးလာတော့သည် ။

" ခုနက ဒါလေး သွားဝယ်နေတာလား "
" ဟုတ်တယ် ဟျောင်းသဘောကျလား "
" အများကြီးသဘောကျတယ် ဒါပေမဲ့ ဝက်ဝံရုပ်ဂွန်းနုထက် လူဂွန်းနုက အများကြီးပိုပြီးသဘောကျဖို့ကောင်းတယ် "

ထိုနေ့က ရုပ်ရှင်တကားလုံး ဘယ်လိုပြီးသွားသည်ကိုပင် ဂွန်းနုမသိလိုက် ။ သူ့မျက်ဝန်းတွေက ဘေးက အရုပ်လေးပိုက်ထားသောကောင်လေးအပေါ်တွင်သာရှိနေခဲ့လေသည် ။

သူတ်ို့ကျောင်းတွင်တော့ မက်သရူးကဆယ်လီပင် ။ ကျောင်းတက်နေသည့်လူတွေကြားထဲတွင်ပဲ နာမည်ကြီးသည်မဟုတ် ကျောင်းပြီးသွားသည့် စီနီယာတွေကပါ ဆော့မက်သရူးဆိုရင် အရမ်းခင်ကြချစ်ကြသည် ။
မျက်နှာချိုပြီး လူတိုင်းအပေါ်ကြင်နာသူမို့ အမြဲတမ်းလိုလို ခင်တဲ့လူတွေပတ်ပတ်လည်ဝိုင်းနေသည့်မက်သရူးကသူ့အချိန်တွေရဲ့အများစုကို ဂွန်းနုနှင့်အတူရှိနေတတ်သည်ကို ဂွန်းနုသိသော်လည်း မတင်းတိမ်နိုင် ။

သူ့အပိုင်လေးအဖြစ်သိမ်းထားချင်သည်။ တဖက်သတ်သဝန်တိုနေရသည့်ဘဝမှာ ဂွန်းနုအရမ်းစိတ်ပင်ပန်းလွန်းလှပြီ ။

" ဟိုမှာ မက်သရူးဟျောင်းမလား ဘေးမှာလဲ ကောင်မလေးတယောက်နဲ့ မက်သရူးဟျောင်းက အရမ်းစွံတာပဲ "
ယူဂျင်းပြသည့်နေရာကိုကြည့်မိတော့ မက်သရူးနှင့်ကျောင်း၏နံမည်ကြီးအလှဘုရင်မကိုပါတွဲပြီးမြင်လိုက်ရသည်။ ဂွန်းနု သူမကိုသဘောမကျ ။ ထိုမိန်းကလေးက အကြောင်းမရှိအကြောင်းရှာ၍ ဟျောင်းဆီ ခဏခဏချဥ်းကပ်ရန်ကြိုးစားနေသည်ကို သူသိသည်လေ ။

သူကြည့်နေတုန်းမှာ ထိုမိန်းကလေးက မက်သရူးဟျောင်း၏လက်ကိုဆွဲကိုင်လာ၏ ။ ဟျောင်းကလဲ ဘာတွေပြုံးရယ်ပြီး ပြောနေသည်ကိုမသိ ။ ဘာလို့ သူသဘောကျရတဲ့အပြုံးတွေကို တခြားလူဆီဖောဖောသီသီပြုံးပြနေရတာလဲ ။ ဂွန်းနုကိုယ့်ကိုကိုယ်ပင် မထိန်းထားနိုင်တော့ ။

ဂွန်းနု ထိုမိန်းကလေးလက်ထဲမှ မက်သရူးလက်ကို ဆွဲယူကာ မက်သရူးကို သူမနဲ့ဝေးရာဆွဲခေါ်လာမိတော့သည် ။

" ဂွန်းနု ပတ်ဂွန်းနု ငါ့လက်ကိုလွှတ် "
" ပတ်ဂွန်းနု ငါ့လက်ကိုလွှတ်လို့ငါပြောနေတယ်လေ "
ဟျောင်းရဲ့ဒေါသနဲ့အော်သည့်အသံကိုကြားမှ သူအသိစိတ်ပြန်ဝင်လာတော့သည် ။ ဟျောင်းများ သူ့ကိုမုန်းသွားပြီလားဆိုသည့် ကြောက်စိတ်နဲ့ ကိုယ့်ကိုကိုယ်ဆောက်တည်မရတော့ ။

" ပတ်ဂွန်းနု မင်းဘာဖြစ်နေတာလဲ ရူးနေလား "
" ဟုတ်တယ် ရူးနေပြီ ဟျောင်းကို အကုန်လုံးဆီကဖွက်ထားချင်လွန်းလို့ ကျွန်တော်ရူးနေပြီ "
" မင်း ငိုနေတာလား "
ခုနက ဒေါသတကြီးနဲ့အော်ခဲ့သူသည့်မဟုတ်သလိုပင် လေသံကချက်ချင်း နူးညံ့ကာ စိတ်ပူနေပြန်သူ။

" ကျွန်တော် ဟျောင်းကိုချစ်တယ် ဟျောင်းမသိဘူး ကျွန်တော်ဘယ်လောက်ထိ ဟျောင်းကိုသဘောကျရတယ်ဆိုတာကို ဟျောင်းကိုတယောက်ယောက်ကလုသွားမှာကို ကျွန်တော်ကြောက်တယ် ကျွန်တော့ခံစားချက်တွေကိုသိရင် ဟျောင်းမုန်းသွားမှာစိုးလို့ ကျွန်တော် ဖုံးကွယ်ဖို့ကြိုးစားပေမဲ့ ကျွန်တော်မလုပ်နိုင်တော့ဘူး တနေ့ထက်တနေ့ ပိုသဘောကျလာမိလို့ တောင်းပန်ပါတယ် ဟျောင်း ကျွန်တော့ကိုပြန်မချစ်လဲရတာမို့ ကျွန်တော့ကိုမုန်းတော့ မမုန်းပါနဲ့ "

" အရူးလေး " ဟုဆိုလာပြီး သူ့ပါးပြင်၂ခုကို လက်နှင့်အုပ်မိုးလာပြီး သူ့နှူတ်ခမ်းပေါ်ဖွဖွလေးခြွေသွားသည့် အနမ်းတခုကြောင့် ဂွန်းနု စိတ်လွတ်သွားသည့်လူတယောက်လိုပင်ကြောင်ကာရပ်နေမိသည် ။  ဟျောင်းက အခု သူ့ကို အနမ်းပေးလိုက်တာလား သူ့ဦးနှောက်ကို ပုံမှန်အတိုင်းလည်ပတ်နိုင်ဖို့ အချိန်ခဏပေးပြီးမှ

" ဟျောင်း ကျွန်တော့ကို မမုန်းဘူးလား "
သူ၏ အမေးကို မဖြေပဲ ပြုံး၍သာကြည့်နေသောဟျောင်းကို ရင်ခွင်ထဲထည့်၍ ဖက်ထားမိတော့ အလိုက်သင့်လေးပြန်ဖက်ကာ တိုးတိုးလေးစကားဆိုလာသည် ။

" အရူးလေးက ​ဟျောင်း စိတ်ကိုမှမြင်အောင်မကြည့်ခဲ့တာ " တဲ့ ။

Continue Reading

You'll Also Like

592K 32K 77
A tale of love, war and Spirituality.
432K 10.8K 62
🔞ប្រភេទរឿងខ្លឺ 🔞 មានពាក្យមិនសមរម្យមិនល្អសម្រាប់ក្មេងមិនទាន់គ្រប់អាយុ បើមិនចង់អាអូសចោល #teakook #bg #teahyung girl #jungkook boy
99.7K 1.3K 23
មើលអោយការទទួលខុសត្រូវ។ 🔞
23.3K 30 4
Sandhya Aditya Singh (18 years old) From a small town village. Studied till 12th standard Married to a businessman Shy, introvert and submissive pe...