CHANDLER { Ongoing }

By Xylo_19

221K 8.3K 371

Chandler Hayden โ™ก Yein Yai Mhaine Warning//Fantasy// More

Intro
Part 1 U
Part 1 Z
Part 2 U
Part 2 Z
Part 3 U
Part 3 Z
Part 4 U
Part 4 Z
Part 5 Z
part 6 U
Part 6 Z
Chibi Art
Part 7 U
Part 7 Z
Part 8 U
Part 8 Z
Part 9 U
Part 9 Z
Part 10 U
part10 Z
Part 11 U
Part 11 Z
Part 12 U
Part 12 Z
Part 13 U
Part 13 Z
Do or Die
Part 14 U
Part 14 Z
Part 15 U
Part 15 Z
Part 16 U
Part 16 Z
Part 17 U
Part 17 Z
Part 18 U
Part 18 Z
Part 19 U
Part 19 Z
Part 20 U
Part 20 Z
Part 21 U
Part 21 Z
Part 22 U
Chandler 's POV!
Part 22 Z
Part 23 U
Part 23 Z
Attention !
Part 24 U
Part 24 Z

Part 5 U

6.6K 318 1
By Xylo_19

အချိန်အားဖြင့် မနက် 8 နာရီခန့်

အိပ်ခန်းတစ်ခုလုံးငြိမ်သက်နေကာ လိုက်ကာစအဖြူရောင်တွေဟာလည်း တစ်လွင့်လွင့် ..

မြို့ပြင်အိမ်ကနေ ချန်ဒလာ ခုထိ အိမ်မပြန်ရသေး ။
သွေးစွန်းနေသော လက်တွေဖြင့် ယိမ်းယိုင်းကိုသူမထိချင်။  မသတီသလိုခံစားနေရ၏ ။ ပြန်ဖို့လည်းစိတ်ကူးမရှိ ။ သူမရှိတော့ အိမ်မှာရှိနေမယ့် ယိမ်းယိုင်အတွက် အကြိုက်ပဲနေလိမ့်မယ် ။ သူ့ကိုမမြင်ရလေ ကောင်းလေလေ။ 

အဘစံကတော့ သူ့ကိုစိတ်ပူနေသည်ထင်၏ ။
ညကတည်းက ဖုန်းတွေတောက်လျှောက်ဆက်နေတာ တဂွမ် ဂွမ်။  သူလည်း လူကြီးသူမကို အပူမပေးချင်လှ အလုပ်ကိစ္စမို့လို့ ညအိပ်မယ်လို့သာ ညာထားလိုက်၏ ။ အပြောနှင့်ဆန့်ကျင်စွာ သူအခုထိ တစ်ရေးမှ မအိပ်ရသေး ။ အဖေဝသုန်ဟေဒန်၏ ဖုန်းခေါ်ဆိုမှုကြောင့်လည်းပါပေလိမ့်မယ်။ 

ထို့နောက် လိုက်ကာစတွေကို ဖယ်ချလိုက်တော့ ဟိုက်ဝေးလမ်းမကြီးဟာ အဆုံးမရှိသလိုမြင်နေရ၏ ။
ကားတွေဟာလည်း တစ်စီးမှ မရှိ လူဆိုဝေးစွ ။
လမ်းမကြီးကို စိုက်ကြည့်နေရင်းမှ ဘောင်းဘီအိတ်ကပ်ထဲ အမြဲဆောင်ထားတတ်သည့် ဆေးလိပ်ကို မီးညှိကာ သောက်လိုက်မိ၏ ။ အငွေ့ခပ်များများတွေဟာလည်း လေထဲမှာလွင့်ပြန်နေသည်။  တစ်လိပ်ပြီးတစ်လိပ် သောက်နေလိုက်တာများ ဘေးမှာ ဆေးလိပ်တိုစလေးတွေဟာ သက်သေ နှစ်ဘူးစာ‌
လောက်‌တော့ရှိလှ၏ ။ အဲ့လောက်တောင်သောက်နိုင်ရက်သည်လား ..

မနေ့ညက အဖေဝသုန်ဟေဒန်ပြောခဲ့သည့် ...

' မင်းလုပ်ရပ်တွေရပ်လိုက်၊ ဘီဘီနဲ့ လက်ထပ်ဖို့ပြင် '
ဆိုတဲ့စကားသံဟာ သူ့နားထဲ တစ်ဝဲလည်လည် 

အဖေဝသုန်ဟေဒန်ဟာ သူ့ကို အမျိုးသမီးတစ်ယောက်ဖြင့် အိမ်ထောင်ချထားချင်‌နေ၏ ။ ထိုအမျိုးသမီးဟာလည်းတစ်ခြားသူမဟုတ် ဆဲလ်ဖာရဲ့ တစ်ဦးတည်းသောအမပင် ။ သူ့အမနဲ့ပတ်သတ်လျှင် ဖြစ်နေသည့် ဆဲလ်ဖာရဲ့ ပုံစံကို သူသိပ်သိချင်လှ၏ ။
ဝသုန်ဟေဒန်ဟာလည်း ခေသူမဟုတ်သလို ချန်ဒလာဟေဒန်ဟာလည်း တုံးအနေသူမဟုတ် ။ အကြောင်းတစ်ခုခုကတော့ ကိန်းဝပ်နေသည်ပင် ။ ထိုအကြောင်းကို ဘယ်လောက်ဖုံးဖုံး ချန်ဒလာဟေဒန်ရှာဖို့အတွက် အလွယ်တကူသာ ။

ဒေါက် ! ဒေါက် !

တံခါးဖွင့်သံနှင့်အတူ ဟယ်ရီရဲ့ အသံဟာ တစ်ဆက်ထဲ ထွက်ပေါ်လာ၏ ။

"" သခင်လေး အိမ်ပြန်တော့မလား ။ ""

ချန်ဒလာ ခေါင်းတစ်ချက်ခါပြလိုက်၏ ။

"" အစ်ကိုလေးယိမ်းယိုင်ကို ဒီတိုင်းကြီးပဲ ထားတော့မှာလား ""

ဟယ်ရီ သိပ်စပ်စုချင်မိ၏ ။ ယူချင်လှပါသည်ဟူ၍
မှိုင်း Company ရဲ့ အကြွေး တွေကို တစ်ဖက်လှည့်‌နှင့် ချေပခဲ့ကာ သူ့လက်အောက်ထဲ သွင်းထားခဲ့၏ ။ ခုကျတော့လည်း တုတ်တုတ်မျှပင်မလှုပ် ရှိမြဲအတိုင်း ရှိဆဲပင်။ 

ချန်ဒလာ အပြုံးလေးတစ်ခုဆင်မြန်းလိုက်ကာ ခပ်မြန်မြန်ပင်ပြောလိုက်၏ ။ ထိုအပြုံး၏နောက်ကွယ်မှာ ဘာတွေပါဝင်လာမလည်းဆိုတာ ချန်ဒလာတစ်ဦးထဲသာ သိလိမ့်မည် ။

"" မနက်ဖြန် !! မနက်ဖြန်ပဲ ငါလက်ထပ်မယ် ""

"" ဗျာ !! ""

လက်ထပ်တယ်ဆိုတဲ့ အရာဟာလွယ်လွယ်ကူကူ လုပ်နိုင်သည်တဲ့လား ။ သခင်လေးစိတ်ကို သူနားမလည် ။ အမြဲ ခံစားချက်တွေကို သိုသိုသိပ်သိပ်နေတတ်သူသာ။ ခံစားနေရင်တောင် ထုတ်ပြမည်မဟုတ်။
သူ့ဘဝတွင် ဝသုန်ဟေဒန်နှင့် Gun များသာအရေးပါ၏ ။

ဝသုန်ဟေဒန်၏ စကားကိုတော့ အမြဲမြေဝယ်မကျနားထောက်တတ်၏ ။ သခင်ကြီးအက်စတွန်တောင်အဲ့လောက်မဟုတ် ၊ ဝသုန်ဟေဒန်၏စကားသည်သာ အရာရာ ။ ဘယ် လောက်ပဲရက်စက်ကြမ်းကြုတ်နေပါစေ ဝသုန်‌ဟေဒန်အရှေ့၌ချန်ဒလာဟေဒန်ဟာ မိဘကြောက်သောကလေးငယ်သာ ဖြစ်နေတတ်၏ ။ ဝသုန်ဟေဒန်ရှေ့ ရောက်မှသာ ချန်ဒလာဟေဒန်၏ ပင်ကိုအမူအကျင့်တွေဟာ တစ်ဟုန်ချင်းပေါ်လာတတ်သည်သာ ။

မှတ်မိပါသေး၏ ။ သခင်ကြီးဝသုန်ဟေဒန်ပြန်ပေးဆွဲခံရတုန်းက အပြစ်ရှိသူတွေကို လွယ်လွယ်မလွှတ်ပေးကာ သူ့လက်နဲ့ သူကိုယ်တိုင်ပဲ ရင်ဘတ်ကို အစိမ်းလိုက်ခွဲလိုက်ခြင်းတွေကို ။ သခင်ကြီးဝသုန်ဟေဒန် နာကျင်ခဲ့သည့် သေးသေးလေးတွေက အစ တေးမှတ်ထားကာ ပြန်လုပ်တတ်သေး၏ ။ အဲ့အချိန်ကတည်းက ဟယ်ရီမှတ်သားထားခြင်း
သခင်လေးချန်ဒလာဟာ သခင်ကြီးဝသုန်ဟေဒန်ကို နည်းနည်းလေးတောင်ထိ‌လို့မရ။ 

•~•~•~•~•~•~•~•~•~•~•~•~•~•~

"" ဖေဖေ ဒီတိုင်းပဲ ငြိမ်နေတော့မှာလား ""

တိတ်ဆိတ်နေသော ဧည့်ခန်းအတွင်း၌
ဒါလီယာဝမ်၏ အသံကားခပ်ဆောင့်ဆောင့် ။

"" ဖေဖေ ဘာလို့ငြိမ်နေတာလည်း
ချန်ဒလာကိုသတ်ပစ်ရမှာလေ ""

သူမပိုင်တဲ့အရာ ယိမ်းယိုင်လည်း ပိုင်စရာမလို

"" ချန်ဒလာက လွယ်လွယ်လေး သတ်ပစ်လို့ရတဲ့ငချွတ်မဟုတ်တော့ဘူး ။ အရင်က ၁၆ နှစ်လေးမဟုတ်တော့ဘူးဆိုတာ နင့်ဦးနှောက်သေးသေးလေးက မစဉ်းစားမိဘူးလား !! ""

"" ... ""

"" အစကတည်းက သတ်ပစ်ဖို့အကြိမ်ကြိမ်လုပ်နေတာကို နင်ကိုယ်တိုင်ပဲ လင်ဒရူးပြီး တားနေခဲ့တာလေ ။ ""

"" အဲ့တုန်းက သူက ယိမ်းယိုင်ဘက်ကို ... ""

"" ငါ့ကိုဆင်ခြင်မပေးနဲ့ !! အခု ငါ့မြေးက အဲ့ကောင်လက်ထဲမှာ ။ အချိန်မရွေးငါ့မြေးကို သတ်ပစ်လို့ရတဲ့ အနေအထား !! မင်းနားလည်လား ""

ဦးရိုးရာမင်း ဒါလီယာဝမ်ရဲ့ခေါင်းကို လက်ညှိုးနှင့် တစ်ချက်တွန်းလိုက်သည်နှင့် ဒါလီယာဝမ်၏ ခေါင်းဟာလည်း ယိုင်ခနဲ ။

သူအရင်ကတည်းက သတ်ပစ်ခဲ့ရမှာ  ၊ ၁၆ နှစ်သားတုန်းအခါ သတ်ဖို့အခွင့်အရေးရခဲ့တာတောင် သူ့မှာ မစွမ်းသာ ။ ခုတော့ ချန်ဒလာဟာ
ခြင်္သေ့တစ်ကောင်လို သန်မာလာပေပြီ ။ သူ့ကိုထိရင် အလွှတ်ပေးမည်မဟုတ်ဆိုတာ ဦးရိုးရာမင်း အဝေးကနေ လှမ်းမြင်ခဲ့ရုံနဲ့တင်သိနိုင်၏ ။

"" ဖေဖေ့ရဲ့မြေးက ယိမ်းယိုင်မှိုင်းတစ်ယောက်ထဲ မဟုတ်ဘူး ။ မျိုးပင်မှိုင်းလည်းရှိသေးတယ် ""

ဦးရိုးရာမင်း ရှေ့ရှိအရက်ခွက်ကို လက်ဖြင့်တစ်ချက်ဝေ့ကာ တစ်ချိုင့်ထဲမော့သောက်လိုက်၏ ။

ရေမရော ရေခဲမထည့်ထားသည့်အတွက် လည်ချောင်းအတွင်း ပူစပ်စပ်နှင့် အတူ ခါးသက်သက်အရသာပါ ရောယှက်ဝင်လာ၏ ။

"" သူ့ပစ်မှတ်က ဘာလို့မျိုးပင်မှိုင်းမဟုတ်ပဲ ယိမ်းယိုင်မှိုင်းဖြစ်နေလည်းဆိုတာ မင်းကို ပြန်ပြောရမှာလား ""

"" မသိချင်ဘူး ""

ပေါင်ပေါ်တင်ထားသည့် လက်တွေကို ခပ်တင်းတင်းတစ်ချက်ဆုတ်လိုက်၏ ။

ဖေဖေ့ပါးစပ်မှ ထွက်လာသည့် စကားတိုင်းကို သူမကြားလို ။ သူလျှောက်နေသည့်လမ်းကသာမှန်၏ ။ တစ်ခြားဘယ်သူပြောပြော နားဝင်မည်မဟုတ် ။
အို .. နားလည်းမဝင်ချင်ပါ။  ထပ်ပြီး သူဟာ အသုံးချခံသက်သက်ဆိုတာ ဖေဖေဟာ မလှိမ့်တပတ်
နဲ့ပြောပြနေအုန်းမှာ ။

"" မင်းမသိချင်ရင် ငါက‌ပိုပြောချင်တယ် ။ ""

"" ဟင့်အင်း ... မသိချင်ဘူး !! ""

ဖေဖေ့ကို သူအော်လိုက်မိပြီ ။

"" မင်းမသိချင်လည်း နားထောင် !!
ချန်ဒလာက မင်းကို ချစ်ခဲ့တယ်ထင်နေတာလား ။
မင်းရဲ့ ဟန်ဆောင်ဂရုစိုက်မှုတွေအောင် သူခဏပဲ နစ်မြောနေခဲ့တာ ။ နင်က သူ့စည်းစိမ်ကြားထဲ အဲ့တာကို တစ်ပျော်ကြီးပျော်ဝင်နေခဲ့တာ ။
နင့်ကိုယ်နင်မာန်တွေ ဇွတ်တတ်နေခဲ့တာလေ !!  ""

"" ... ""

"" သူမင်းအနားရှိနေခဲ့ရင်တောင် အဲ့ကောင် ယိမ်းယိုင်မှိုင်းကိုခနခနမေးနေတတ်တာ မင်းကောင်းကောင်းသ်ိမှာပါ """

ချန်ဒလာရဲ့စိတ်ဟာ ခန့်မှန်းရခက်လှ၏ ဒီလူကိုချစ်နေပါတယ်ဆိုရင်တောင် တစ်ခြားလူနား ကပ်နေတာမျိုးပင် ။ ဥပမာ ယိမ်းယိုင်နှင့် ဒါလီယာဝမ်လိုမျိုး ။

•~•~•~•~•~•~•~•~•~•~•~

ချန်ဒလာ ကုတင်ပေါ်၌ ကန့်လန့်ပြတ်လှဲနေမိသည် ။
ဘာမှ မလုပ်သည့်အတွက် အတွေးတွေဟာလည်း နှောက်ယှက်နေ၏ ။ မတွေးချင်လို့ ခနခနမေ့ဖျောက်နေသည့်အတွေးတွေဟာလည်း ခေါင်းထဲ တစ်ရိပ်ရိပ်တိုးဝင်လာ၏ ။

နဖူးပေါ်လက်တင်ကာ မျက်လုံးနှစ်လုံးကိုပါ တစ်ပြိုင်ထဲ စုံမှိတ်လိုက်၏ ။  မျက်ဝန်းတွေ ပိတ်လိုက်ခြင်းနှင့်အတူ အတွေးတွေကိုကြီးစိုးလာသည့် အတိတ်ကပုံရိပ်တွေ ....

"" အဘစံ ကျွန်တော်ကျောင်းသွားတော့မယ်ဗျ ""

"" ဟုတ်ကဲ့ သခင်လေး ။ အော်ဒါနဲ့ သခင်လေး အစ်ကိုစိုးသူလွင်က သခင်ငယ်လေးဖို့ဂိုက်ဆရာမ တစ်ယောက်ရှာပေးထားတယ်တဲ့ သူ့အသိတစ်
ယောက်လို့ ပြောထားတယ် ။ ညနေကစ သူဝင်မယ်တဲ့ ""

ချန်ဒလာ မျက်နှာပေါ်မှာရှိနေသည့် မျက်မှန်ဝိုင်းဝိုင်းကြီးကို တစ်ချက်ကောက်တင်လိုက်ကာ ..

"" ဟုတ်ကဲ့ဗျ ။ ကျွန်တော်နားလည်ပါပြီ ""

ချန်ဒလာဟာ ၁၆ နှစ်သား လူယဉ်ကျေး ။ စကားပြောပုံကစ သူ့ထက် လိမ္မာသည့်သူ ဒီကမ္ဘာမှာ မရှိနိုင်တော့ ။ ယဉ်ကျေးလိမ္မာသင်တန်းဆင်း ကလေးလေးပေါ့ ... 

ကျောင်းကော်ရစ်တာ တစ်ခုလုံး လူများဟာ ပြည့်လျှက် ပြေးလွှားနေကြ၏ ။ အခန်းတိုင်းမှာလည်း စနောက်ကျီဆယ်သံတွေနဲ့ ပြည့်နှက်နေကာတစ်ချို့ဆို အတွဲလေးတွေ‌ နောက်နားမှာ ထိုင်နေတာပါရှိ၏ ။

"" ကျောင်းလာတာ စာသင်ဖို့မဟုတ်ဘူးလား ။
ခက်တာပဲ လူတွေ ""

ချန်ဒလာ သူ၏ထုံးစံတိုင်းမျက်မှန်လေးကိုတစ်ချက်ပင့်ကာ ဆိုလိုက်၏ ။

ဘုန်း !!

ချန်ဒလာ အခန်းထဲကို ငေးလျှေက်နေရင်းမှ ရှေ့ရှိပြေးလာသူကို မမြင်လိုက် ။ တစ်ဖက်လူကလည်း ပြေးလာတဲ့ပုံစံ ဖြစ်တာကြောင့် အားပြင်းပြင်း ဝင်တိုက်မိကုန်၏ ။

"" ကျစ် !! မင်းမှာ လူတစ်ယောက်လုံးလာတာတောင် မင်းမှာ မမြင်နိုင်ဘူးလား ""

"" ကျွန်တော် မ မမြင်မိလို့ပါဗျ ""

ခေါင်းကြီးကို အသည်းအသန်ငုံ့ထားသောကြောင့် ထိုကောင်လေးမျက်နှာကို ယိမ်းယိုင်မှိုင်းသေချာမမြင်ရ ။

"" မင်းနာမည်ဘယ်လိုခေါ်လည်း ""

အကောင်သေးသေးလေးနဲ့ ယိမ်းယိုင်မှိုင်းတို့များလူမိုက်စိုက် ။ မသိရင် ထထိုးတော့မယ့်ပုံလိုလိုနဲ့ ...

"" ကျွန်တော့် နာ နာမည် ချန် ... ချန် ""

"" ဘာ !! ချန်ချန် ""

"" မဟုတ် ..  မဟုတ် ""

ချန်ဒလာ ကြောက်၍တော့ မဟုတ် ရှေ့ရှိကောင်လေးကြောင့် သူ့ရင်ဘတ်ထဲ သံစုံတီးဝိုင်းမြည်တီးနေလို့သာ ... ဒါဘယ်လိုခံစားချက်ကြီးလည်း ။ အကြိမ်ကြိမ်မျက်မှန်းတန်းမိလာခဲ့ရသည့်ထိုကောင်လေးနှင့် သူထိပ်တိုက်ဆုံမိခြင်းဒါပထမ
အကြိမ် ။

"" နေပါ !! မင်းမျက်နှာ ငါ့ကိုကြည့် ""

စကားလေးတစ်ခါပြောဖို့အရေးထစ်တီးထစ်ငေါ့ ။ပြောတော့လည်း မော့လာတာ သူ့အရပ်နဲ့တစ်တန်းထဲ

ယိမ်းယိုင် လည်ချောင်းရှင်းသလို ချောင်းတစ်ချောင်းဟန့်လိုက်ကာ

"" မင်းကအလှလေးပဲ ။ မင်း  ၂၀ ကျော်ရင် ငါ့မိန်းမလုပ် ။  မင်းကိုစောင့်နေမယ်။ ဟားးဟားးး ""

ယိမ်းယိုင်မှိုင်း ရှေ့မကြည့်နောက်မကြည့်ပြောလိုက်၏ ။ သူ့စကားတစ်ခွန်း၌တော့ ဘာအဓိပ္ပါယ်မှမပါ ပြောင်စေနောက်စေ ပြောလိုက်ခြင်းသာ ။ ပြောတဲ့လူက မသိပေမယ့် ကြားခဲ့တဲ့ လူအတွက်တော့ ထိုစကားကို အသဲစွဲနေအောင်မှတ်သားထားခဲ့၏ ။ တနည်းဆို
ချန်ဒလာဟာ အမှတ်ကြီးသော ကောင်လေးတစ်ယောက် ။

"" ငါ ဟေဒန်စံအိမ်မှာ စာသွားသင်ရမှာ ယိမ်းယိုင်မင်းပါ လိုက်ခဲ့ ""

ဧည့်ခန်းအတွင်း၌ မြေးဖိုးနှစ်ယောက်အပြင် ဒါလီယာဝမ်ပါရှိနေ၏ ။ ခြေထောက်နှစ်ဖက်ကို ရှေ့ရှိ စားပွဲခုံပေါ် ပစ်တင်ထားကာ ဂိမ်းဆော့မပျက် ။ ဟေဒန်အိမ်ကိုပြန်ဝင်နိုင်ဖို့ ဦးရိုးရာမင်းနှင် ဒါလီယာဝမ်၏ အကြံအစည်များ ။ ဝသုန်ဟေဒန်ဟာ မြန်မာနိုင်ငံမှာ မရှိသည့်အတွက် ဒါသူတို့အတွက် မဟာအခွင့်အရေးကြီးပင် ။

"" မလိုက်ချင်ဘူး ""

"" မင်းနဲ့ အသက်တူတူလောက်ပဲ တစ်ချို့စာတွေ မင်းပြန်ရှင်းပြရမှာ ငါ့အတွက် အဆင်မပြေဘူး ""

"" အဲ့တာနဲ့များ ကိုယ်က မသိပဲ တစ်ခြားသူကို စောက်ဆရာကြီးသွားလုပ်နေချင်သေးတယ် ""

"" အို ! မင်းမရှည်ပါနဲ့ ငါပြောသလိုပါ ‌လိုက်ခဲ့ ""

"" မြေးလေး လိုက်သွားလိုက်နော် ""

ဦးရိုးရာမင်းဟိုကောင်လေးနားပြန်ရောက်ဖို့ မြေးဖြစ်သူကို ခနတော့ အစားထိုးရလိမ့်မည်။ 

"" အဖိုးကဗျာ ""

ဦးရိုးရာမင်းကောင်းကောင်းသိ၏ ။ ယိမ်းယိုင်ဟာ သူ့စကားကို ဘယ်တော့မှ လွန်ဆန်ခဲ့ခြင်းမရှိ ။ သူ့အပေါ် သံယောဇဉ်ကြီးသော ကလေးသာသာ ။

Hayden

"" ရောက်ပြီ ဆင်း ""

အိမ်ကြီးဟာ တကယ်ခမ်းနားလှ၏ ။ ဧည့်ခန်းအတွင်းအဆောင်အယောက်တွေက အစ တန်ဖိုးကြီးလှမှန်းသိသာလှ၏ ။ ချိတ်ဆွဲထားသည့် ပန်းချီပုံတွေဟာလည်း အသက်ဝင်လှသည် ။ အခန်းထဲခြေချချခြင်း ယိမ်းယိုင် နှာခေါင်းဝသို့ ပန်းရနံ့တစ်မျိုးက တစ်ဆုန်ချင်းဝင်ရောက်လာ၏ ။

' လီလီပန်း ရနံ့ '

"" ဆရာမလေးတို့ ရောက်လာပြီလား သခင်ငယ်လေးက အပေါ်မှာ စောင့်နေပါတယ် ""

အဘစံ ရှေ့ရှိ ဂိုက်ဆရာမဆိုသည့် အမျိုးသမီးကိုကြည့်ကာ သိပ်ဘဝင်မကျလှ ။ နောက်ကြောင်းတွေစုံစမ်းပေမယ့် ဘာတစ်ခုမှ စုံစမ်းမရ ။ တူလေးတစ် ယောက်နှင့်နေထိုင်သည်ဟုသာ သိရှိရ၏ ။ သခင်ကြီးဝသုန်ဟေဒန်မရှိသည့်အတွက် သူကိုယ်တိုင်တောင် အခက်တွေ့လှ၏ ။ လူတစ်‌ ယောက်နောက်ကြောင်းအတွင်းကျကျစုံစမ်းဖို့အတွက် နောက်ကြောင်းအကုန်ဖုံးဖိခံထားရ၏ သွေးရိုးသားရိုးမှန်းမဖြစ်နိုင်မှန်းအဘစံသိသည် အခြေအနေကိုတော့ စောင့်ကြည့်ရပေအုန်းမည် ။ ဘာပဲဖြစ်ဖြစ်  သခင်ငယ်လေးဘေးကင်းဖို့အတွက်ဆို သူ့အသက်တောင် ပေးဝံ့၏ ။

"" အပေါ်ဘယ်အခန်းမြောက်လည်း ""

စကားပြောပုံကအစ အထက်စီးဆန်လှသည်။ 

စာသင်သည့် ဆရာမနှင့် မတူ ရှိုးထုတ်လာသည်နှယ့် ။ ဝတ်ဆင်ထားတာကလည်း ဂါဝန် ပေါင်လည် ။ ဆရာမ တစ်ယောက်က ဒီလိုဝတ်ထားရသလားဆိုပြီး အဘစံ နှာခေါင်းရှုံ့မိပါ၏ ။

"" ဒုတိယထပ်က အခန်းသုံးခန်းမြောက်ပါ ""

"" ကောင်းပြီ ။ ယိမ်းယိုင်လာ ""

"" တတိယထပ်ကို ဘယ်လိုအကြောင်းကိစ္စကြောင့်နဲ့မှ မတတ်ပါနဲ့ ဆရာမ ""

"" ကျွန်မ နားလည်ပြီ ။ ""

အဘစံ ထိုဆရာမတို့ အိမ်ပေါ်တတ်သွားသည်နှင့် ဖုန်းနံပါတ်တစ်ခုကို အမြန်ခေါ်ဆိုလိုက်မိ၏ ။

"" ဟယ်လို သခင်ကြီး ""

"" အဘစံ ဘာကိစ္စလည်း ""

"" သခင်ငယ်လေးအတွက် ဂိုက်ဆရာမ တစ်ယောက်ခေါ်ပြီးပါပြီ ။ ကိုစိုးသူလွင်အသိပါ သခင်ကြီး
ကိုစိုးသူလွင်နဲ့ကလည်း အရမ်းရင်းနှီးတဲ့ အထဲ မပါတော့ နောက်ကြောင်းစုံစမ်းဖို့ အရမ်းခက်နေလို့ပါ ။ အဲ့ဒီ ဆရာမလေးက တူတစ်ယောက်နဲ့ အတူနေတယ်ဆိုတာပဲ  ကျွန်တော် စုံစမ်းလို့ ရခဲ့လို့ပါ  ""

"" အဘစံပြောတာကို ကျွန်တော်နားလည်ပြီ ""

စကားသံတို့ဆုံးသွားသည်နှင့် ဖုန်းချသံဟာလည်း တိခနဲပေါ်လာ၏ ။

ဒေါက် ! ဒေါက် !

"" သခင်ငယ်လေး ဂိုက်ဆရာမလေးလာပါပြီ ""

"" အင်း ဝင်ခဲ့ ""

ယိမ်းယိုင် အခန်းထဲ ဝင်သွားသည်နှင့် စာကြည့်စားပွဲပေါ်မှာ မျက်မှန်ထူကြီးနှင့် သူတို့ကို တစ်စိုက်မတ်မတ်ကြည့်‌ နေသူကိုတွေ့လိုက်ရ၏ ။ ထို‌ကောင်လေးကတော့ သူ့ကိုတွေ့တော့ အံ့ဩသွားသည့်နှယ် မျက်လုံးတွေတောင် ဝိုင်းစက်နေ၏ ။

"" ချန်ချန် ""

"" အယ် မင်းတို့လေးတွေက သိနေတာလား ""

"" မသိပါဘူး ။
သိတယ် ။ ""

"" ဘာမသိတာလည်း။ မင်းနဲ့ငါ မနက်က တွေ့ဖူးတယ်လေ ""

တစ်ယောက်အနေအေးသလောက် တစ်ယောက်က ‌ဒေါနှင့်မာန်

"' ကဲပါ ဒါဆို‌သခင်ငယ်လေးက ဘယ်စာ အရင်စလုပ်မလည်း ""

"" English ""

"" ငါနဲ့တူတူလုပ် အတန်းလည်း တူနေတာပဲ ။ ""

"" ဗျာ !! ""

ထုံးစံအတိုင်းချန်ဒလာမျက်မှန်ထူထူကြီးကို
တစ်ချက်ပင့်တင်လိုက်၏ ။

လူကြည့်တော့ မထုံတတ်ထေး စကားနည်းလှ၏။ 
သူကိုယ်တွယ်ဖို့ အကောင်းဆုံးပဲပေါ့ ...

ချန်ဒလာနှင့် ယိမ်းယိုင်လည်း တစ်ဖြေးဖြေး ရင်းနှီးလာပြီ ဖြစ်သည် ။ ချန်ဒလာ နားမလည်သည့်စာရှင်းပြလိုက် ယိမ်းယိုင်မသိသည့် စာတွေ ရှင်းပြလိုက်နှင်း နှစ်ယောက်သား ဓါတ်ကြနေ၏ ။

"" ကဲ ဒီနေ့တော့ ဒီလောက်ပဲပေါ့ အမတို့လည်း
ပြန်တော့မယ် ""

"" ဟုတ်ကဲ့ဗျ !! ""

•~•~•~•~•~•~•~•~•~•~•~•~•~

ယိမ်းယိုင် စာသင်ပြရာ အမြဲ  လိုက်မလာတော့ချေ ။
သုံးခါသာ လိုက်လာ၍ ပေါ်မလာတော့။ Bio Eco
အဆောင်ချင်းမတူသည့်အပြင် ဝေးလှသောကြောင့်
တွေ့ဖို့တောင်မလွယ်လှ ။ အဝေးကနေသာ ယိမ်းယိုင်ပုံရိပ်တွေကို ‌ငေးကြည့်ကာ သံမှိုစွဲရိုက်ထားသလို
ချန်ဒလာခေါင်းထဲ၌ ဆွဲကပ်နေခဲ့၏ ။

နောက်ပြီး ယိမ်းယိုင်နှင့် သူနဲ့ မတွေ့ရသည့် အတိုင်းအတာ တစ်ခု၌ ချန်ဒလာနှင့် ဒါလီယာဝမ် ဟာလည်း အခြေအနေတစ်ခုတော့ရောက်ရှိနေပြီ ဖြစ်သည်။  တစ်ခါမှ ဂရုစိုက်မခံရသည့်အတွက် ဒါလီယာဝမ်၏ ဂရုစိုက်မှုတွေအောက်
ချန်ဒလာ မိန်းမိန်းကြီးနစ်မြောလာခဲ့၏ ။
မိန်းမမာယာသဲကိုးဖြာဆိုသည့်အတိုင်း ဒါလီယာဝမ်ဟာလည်း အတတ်နိုင်ဆုံးသူ့ဘက်ပါအောင်ဆွဲဆောင်နေတော့၏ ။ ချန်ဒလာ၏ စည်းစိမ်တွေကို မျက်ဝါးထင်ထင်မြင်ပြီးကတည်းက လိုချင်တပ်မတ်မှုတွေဟာ အတောမတတ်နိုင် ..

ပထမအကြိမ် ချန်ဒလာသောက်နေကြ အအေးခွက်ထဲ အိမ်ဖော်မလေးကိုစေခိုင်းကာ အဆိပ်ခပ်တိုက်ဖူး၏ ။ နောက်ဆုံး သူကိုယ်တိုင်ပဲ တိုက်ချကာ ထိုအကြံအစည်ကို ရုပ်သိမ်းခဲ့ရပြန်သည်။ 

"" မောင် ""

"" ဗျာ ""

"" တို့ကို ချစ်လား ""

"" မက ကျွန်တော့်အပေါ် ဂရုစိုက်ပေးတာပဲ ။
ကျွန်တော်မကို ချစ်ပါတယ် ""

"" ... ""

"" ယိမ်းယိုင် ကို ခေါ်မလာတော့ဘူးလားမ ""

"" အဲ့ကောင်လေး နဲ့ မင်းတပူးတတွဲ ‌နေမှာကို မ,မကြိုက်ပါဘူး ""

"" ဟုတ်ကဲ့  ကျွန်တော် မ,မကြိုက်တာ
မလုပ်တော့ပါဘူး ""

သူ့အပေါ် အများကြီးကောင်းပေးနေသည့်မကို သူကိုယ်တိုင်လည်း ပျော်ရွှင်စေချင်သည်။  သူ့အပေါ် စိတ်ရင်းတွေနဲ့သာ ဆက်ဆံပေးသည့်မက တကယ့်ကို နတ်သမီးသဖွယ် ။

•~•~•~•~•~•~•~•~•~•~•~•~

"" အက်စတွန် ငါမြန်မာ ပြန်မှ ဖြစ်မယ် ""

"" ကိုယ်တို့ဒီမှာ အလုပ်တွေမပြီးသေးဘူးလေ ""

"" အဲ့အလုပ်တွေထက် ငါ့သားက အရေးကြီးတယ် ""

အက်စတွန်လည်း ဘာမှပြောမနေတော့
ဝသုန်ဟေဒန်၏ဒေါသကိုသူသိသည် ။ စကားတစ်ခွန်းကို ဘယ်တော့မှ ပြန်ပြင်မှာ မဟုတ် ...

စံအိမ်ကို အမောတကြီး ပြန်ရောက်သည့်တိုင်
ဝသုန်ဟေဒန်ဟာ မနားနိုင် ...

"" မင်းနဲ့ အဲ့ကောင်မနဲ့ ဘယ်အခြေအနေမှာလည်း ပြောစမ်း ချန်ဒလာ ""

"" ကျွန်တော် တို့က ချစ်သူတွေပါ ""

"" မင်းရူးနေလား ။ ချန်ဒလာ ဟမ် အဲ့ကောင်မက ဦးရိုးရာမင်းရဲ့သမီး မင်းအပေါ် သူဘာတွေကောင်းနေလို့ မင်းက ဘာလို့ သူမှ သူဖြစ်နေရတာလည်း ""

"" အမကို အဲ့လိုမပြောနဲ့ ""

ဒါလီယာဝမ်ဟာ သူ့အပေါ် အများကြီးကောင်းသည် ။ ဟုတ်သည် သူတို့တောင်မပေးနိုင်တဲ့ မေတ္တာတွေကို အမက ပေါပေါသီသီပေးခဲ့၏ ။ အမတစ်ယောက်လို လေးစားသည်မို့လည်း ဖေဖေတို့ပြောဆိုနေသည့် မမရဲ့ သိက္ခာတွေကို သူအစော်ကားမခံနိုင် ။ သူကာကွယ်ပေးရမည် ။

ခွပ် !!  ခွပ် !! ခွပ် !!

ဝသုန်ဟေဒန် ရှေ့ရှိ စောက်ချိုးမပြေတဲ့ကောင်ကို တ‌ရစပ်ထဲ ထိုးလိုက်၏ ။

အက်စတွန်ဝင်တားကာမှ

"" တော်တော့ !! တော်စမ်းဝသုန်ဟေဒန် ။ သားကိုမင်းဆုံးမတဲ့ ပုံစံလား ""

"" ငါ .. ငါ ""

ခုမှ ဝသုန်ဟေဒန်ဟာလည်း သားကိုထိုးမိသည့် လက်တွေကို ကြည့်ကာ ‌နောင်တရလာ၏ ။

သူသားကို တစ်ခါမှ ကိုယ်ထိလက်ရောက်မလုပ်ဖူး ...

ချန်ဒလာဟေဒန်မှာတော့ မျက်မှန် တစ်ဖက်ပါ အက်ကွဲကာ အကျိုးကျိုးအကြေကြေ ။

ချန်ဒလာ တုန်ယင်နေတဲ့ သူခန္ဓါကိုယ် ကို အားပြုထလိုက်ကာ ...

"" သားငယ် ""

"" ကျုပ်ကို လွှတ်စမ်း !! ခင်ဗျားတို့မပေးနိုင်တဲ့မေတ္တာတွေကို တစ်ခြားသူကို ပေးတော့ခင်ဗျားတို့က ဘာဖြစ်နေတာလည်း ။ ကျုပ်လည်း မေတ္တာလိုချင်တယ် ။သူများတွေလို  အချစ်ခံကြည့်ချင်တယ် ။
ခင်ဗျားတို့စဉ်းစားကြည့်စမ်းပါ ခင်ဗျားတို့ ကျုပ်အပေါ် လှည့်ကြည့်ရဲ့လား ။ ကျုပ်ကို ဖြစ်ချင်ရာဖြစ်ဆိုပြီး တစ်ယောက်ထဲထားခဲ့တာလေ ။ ပြောကြပါအုန်း ကျုပ် အပေါ် ဘယ်သူတွေကောင်းခဲ့လည်း
ကျုပ်ငယ်ငယ်လေးကတည်းက မေတ္တာဓါတ်ဆိုတာ မခံစားခဲ့ရဖူဘူး ။ ခုလိုချိန် ရှားရှားပါးပါးရလာတဲ့ မေတ္တာကိုကျ ခင်ဗျားတို့က ဘာလို့ ပုတ်ချချင်ရတာလည်း။ ကျုပ်ဆန္ဒက အချစ်ခံချင်ရုံလေးပဲဗျ အချစ်ခံချင်ရုံလေးပဲ  အားး !!! """

ချန်ဒလာ ပါးစပ်မှလည်း သွေးစ တွေထွက်ကာ
ပုံစံဟာ အရူးတစ်ယောက်နှယ် ။ ဝသုန်ဟေဒန် ,
ချန်ဒလာဟေဒန်၏ပုံစံကိုကြည့်ပြီး သူပါ ရူးနှမ်းချင်လာ၏ ။ သူတို့ အကြာကြီးပစ်ထားခဲ့မိပြီ ချန်ဒလာရင်ထဲ ဖြစ်ပျက်ခဲ့သမျှကို သဘောပေါက်လာ၏ ။ အနေအေးနေတဲ့ကလေးဟာ ဒီလိုတွေ မတွေးတတ်ဘူးဟု သူထင်နေခဲ့တာလေ ...

ချန်ဒလာရှေ့ရှိလူနှစ်ယောက်ကို မေးလိုက်ချင်၏

' သူက အချစ်ခံရဖို့ မထိုက်တန်လို့ ဘဝတစ်လျှောက်လုံး ပစ်ထားခဲ့ရက်တာလားလို့ '

"" ကျုပ် သွားမယ် !! ကျုပ် ဒီအိမ်ပေါ်ကနေ ထွက်ပြေးပစ်မယ် ""

အက်စတွန်တုန်ယင်‌ နေတဲ့ဝသုန်ဟေဒန်ကိုထားခဲ့ကာ အိမ်ပြင်သို့ ပြေးထွက်သွားသူနောက်ထားခဲ့ကာ အပြေးလေးလိုက်ရ ၏ ။

"" သားငယ် မသွားနဲ့ !! သားငယ် ဒီပုံစံကြီးနဲ့
မသွားနဲ့ !!""

ချန်ဒလာဟာ အပြေးမြန်လှ၏ ။ အက်စတွန်နောက်ကနေ အသားကုန်လိုက်နေတာတောင် သားငယ်ကိုမမှီ ။

လမ်းဆုံထိပ်သို့ရောက်သည်နှင့် ဘယ်ကနေပေါ်လာမှန်းမသိတဲ့ ကားတစ်စီးကို အက်စတွန်မျက်ဝန်းဒေါင့်မှ အသေအချာ မြင်လိုက်ရ၏ ။

"" သားငယ် !! ရှေ့ဆက် မတိုးနဲ့ !! ""

အက်စတွန်ရဲ့ စကားသံတို့ဟာ နောက်ကျသွားခဲ့ပြီပင် ။ တီရှပ်အဖြူလေးဝတ်ထားသည့် ခန္ဓါကိုယ်လေးဟာ လေပေါ်မြောက်ခနဲ ။ ချင်းချင်းနီနေသည့် သွေးအိုင်ကြားထဲ အသက်ရှုသံခပ်ဖျင်းဖျင်း ။ မိုးနတ်မင်းကြီးဟာလည်း အလိုက်သိစွာ သူငိုဖို့ လုံလောက်သည့် မိုးရေပမာဏကိုလည်း ရွာသွန်းပေးနေ၏ ။

သူ့ထံ အပြေးလာနေသူ အက်စတွန်ကို သူ့မှာ မျက်နှာလွှဲလိုက်ကာ မိုးရေစက်တွေကိုသာ အပြည့်အဝခံယူကာ မျက်ဝန်းတို့ကို ပိတ်ထားလိုက်၏ ။ မျက်ဝန်းတစ်စုံ ပ်ိတ်လိုက်သည်နှင့် သူ့ကို ချန်ချန် လို့အမြဲခေါ်နေတတ်သည့် ဆံပင်ကောက်ကောက်လေးနဲ့ ကောင်လေး ။

"" လူနာတင်ယာဉ်လေး ခေါ်ပေးကြ ။ အားးး!! ကျုပ်သားကိုကယ်ပေးကြစမ်းပါ ""

တစ်ခါမှ မစိုးထိတ်ဖူးသည့် အက်စတွန်ဟာလည်း
ခုတစ်ချိန်မှာတော့ အရူးမီးဝိုင်း ။

ခွဲစိတ်ခန်းကြီးရှေ့၌ အက်စတွန် ၊ ဝသုန်ဟေဒန် ၊ အဘစံတို့သာ မတ်တပ်ရပ်နေကြ၏ ။ တစ်ယောက်ချင်းစီ မျက်နှာပေါ်၌လည်း စိုးရိမ်မှုတွေဟာ အထင်းသား

"" ငါ့ကြောင့် .. ငါ့ကြောင့် သားလေး ဒီလို ဖြစ်တာ ""

ကိုယ့်ဆံပင်တွေကို ပြန်စုတ်ဆွဲကာ ဝသုန်ဟေဒန် ရူးကြောင်ကြောင် ပြောနေမိ၏ ။ စကားတိုင်းဟာလည်း ရောက်တတ်ရာရာ သားလေးဆိုတာကိုသာ ပါးစပ်ကမချ ။

အက်စတွန်၊ ဝသုန်ဟေဒန်နားအမြန်သွားကာ
ဆံပင်တွေကို ဆွဲထားသည့်လက်တွေကို
ဖြေချလိုက်၏ ...

"" တော်ပါတော့ကွာ တော်ပါတော့ ။ မင်းကော
သားငယ်ကော ဒီလိုဖြစ်နေရင် ကိုယ်လည်းသေဖို့ပဲကွာ တော်ပါတော့ !! ""

"" လူနာရှင် !! ""

ခွဲခန်းတံခါးမကြီးမှပြေးထွက်လာသူဆရာဝန်မလေးကြောင့် အကုန်လုံးရင်တစ်ထိတ်ထိတ် ..

"" လူနာက သွေးထွက်လွန်နေတော့
အရေးကြီး သွေးလိုအပ်နေပါတယ် ။
15 Min အတွင်းမရဘူးဆို လူနာကို စွန့်လွှတ်ရလိမ့်မယ် ""

အက်စတွန်စိုးထိတ်သွားရ၏ ။
အက်စတွန် ရော အဘစံကော ချန်ဒလာနဲ့ သွေးမတူကြပေ ။

"" ကျွန်တော့်သွေးကိုယူပါ ။ သားသာ အသက်ရှင်မယ်ဆို ကျွန်တော့်သွေးတွေ ကုန်ခမ်းသွားလည်းရတယ် ""

"" ဝသုန် !! ""

"" ဒါဆို လိုက်ခဲ့ပေးပါရှင် ။ လူနာ က အရမ်းအရေးကြီးနေပါတယ် ။""

ဝသုန် ခေါင်းတစ်ချက်ညိမ့်ပြလိုက်၏ ။ သူအဆင်ပြေပါသည်ပေါ့ ..

နောက်ဆုံး သုံးနာရီ ထပ်ကြာပြီးသည့်နောက်မှာတော့ ခွဲစိတ်ခန်းတံခါးကြီးဟာ တစ်ဖန်ပြန်ပွင့်လာခဲ့၏ ။

"" ခွဲစိတ်မှုအောင်မြင်ပါတယ်ရှင် ။ လူနာကိုတော့ အရေးကြီးကုသဆောင်မှာ ထားထားပါတယ်ရှင် ""

ခုမှ အက်စတွန်ရင်ထဲဆို့တတ် နေသည့်အလုံးကြီး
ကျလာခဲ့တော့၏ ။

အချိန်ကား တစ်လတိတိရှိလာခဲ့၏ ။

သားငယ်လေး ဆေးရုံဆင်းတာ တစ်ပတ်တိ ရှိပြီဆိုပေမယ့် ခုထိ သူတို့ကို စကားမပြော။ နောက်ပြီး
သားငယ်ကို ကျောင်းထွက်ခိုင်းပြီး
သားငယ်ကိုတော့    ကနေဒါသို့ခေါ်သွားမည်ဖြစ်သည် ။ ဦးရိုးရာမင်းနဲ့ ဒါလီယာဝမ်တို့လုပ်ရပ်ကိုလည်း
ကနေဒါရောက်မှပြောပြမည်ဟု
ဆုံးဖြတ်ထား၏ ။  ဟေဒန်စံအိမ်ကြီးကိုတော့
အဘစံ လက်ထဲ ထားခဲ့ရပေအုန်းမယ် ။

"" သားငယ် ကျောင်းသွားချင်သေးတယ်ဆို ဒီနေ့နောက်ဆုံးဒယ်ဒီလိုက်ပို့မယ် ။ မနက်ဖြန်ကနေဒါသွားရတော့မှာ ""

"" ဖေဖေကော !! ""

"" သားအဖေဝသုန်က အိမ်မှာ ကျန်ခဲ့မှာ ။ ""

ချန်ဒလာ ခေါင်းတစ်ချက်ငြိမ့်ပြ၏ ။ သူ့ရဲ့ မျက်ဝန်းနီတို့ဟာ မှိုင်းဆွေ့ဆွေ့ ။

ကျောင်းရောက်သည့်အခါ၌လည်း မုန့်‌စားဆင်းချိန်နှင့်တိုးလေသည် ။ ကျောက်သားများဟာ ရှုပ်ရှက်ခတ်နေလေ၏ ။ ကျောင်းအုပ်ကြီးရုံးခန်း ဒယ်ဒီက
ခနသွားချင်သည်ဟူ၍ ချန်ဒလာ အပြင်၌ ရပ်စောင့်နေရ၏ ။ ကျောင်းအုပ်ကြီးရုံးခန်းကား Eco
ဆောင်နှင့်အတူ တည်ရှိနေလေသည် ။ သူ့ရဲ့ မျက်ဝန်းတို့ဟာလည်း သခင်‌ စေခိုင်းမှုမပါပဲ တစ်စုံတစ်ယောက်ကို အသည်းအသန်လိုက်ရှာနေမိ၏ ။

ချန်ဒလာ အတွေးလွန်နေခိုက် ...

ဘုန်း !!

' ထပ်ပြီး ထပ်ပြီးယိမ်းပဲလား '

ဟုတ်ပါသည် သူ့အတွက်
နှစ်ယောက်မရှိသည့် ယိမ်းယိုင်မှိုင်းပင် ။
သူ့ကိုတွေ့တော့ ချန်ဒလာ
ဝမ်းသာအားရခဲ့ပေမည့် တစ်ဖက်လူကတော့
မသိကျေးကျွန် အကြည့်တို့ကိုသာ ပြန်ပို့ခဲ့၏ ။
သူ့ကို တွေ့ချင်ခဲ့လို့‌လိုက်လာခဲ့သည်ဆိုကာမှ
တစ်ဖက်လူကတော့ ဘာမှ တုံ့ပြန်ချက်မရှိ
မျက်ကွယ်ပြုကာ ထွက်ခွါသွားခဲ့ပြီ ။

ဒီလိုမျိုးပုံစံနှင့်တွေ့ဆုံခဲ့ကြသလို တွေ့ဆုံခဲ့ကြသည့်ပုံစံနှင့်ပင် ထပ်ပြီးဝေးကွာခဲ့ကြပြီ ..

တစ်ဖြေးဖြေးဝေးကွာသွားခဲ့သည့်တိုင် ထိုကျောပြင်သေးသေးလေးတို့၌ ချန်ဒလာအကြည့်မလွှဲနိုင်ခဲ့ ။

' ‌‌ နောက်ဆုံးတော့ ကျွန်တော်တို့ဟာ 
သူစိမ်းထက်ပိုစိမ်းတဲ့သူစိမ်း‌တွေ ဖြစ်ခဲ့ကြပြန်ပြီ ။ '

            •~•~•~•~•~•~•~•~•~•~•~•~

8 •1  • 2024 •
Xylo
• vote & com •


Continue Reading

You'll Also Like

203K 15.8K 35
๐•๐ˆ๐‡๐€๐€๐ โ™ก ๐‘๐”๐‡๐€๐๐ˆ๐Š๐€ Ruhanika, a quiet introvert with a passion for books and study. She thrives in the world of words, finding solace in...
289K 19.9K 58
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
265K 7.8K 46
แ€…แ€แ€บแ€แ€ฝแ€”แ€บแ€”แ€ฑแ€ฌแ€„แ€บ= แ€™แ€„แ€บแ€ธแ€œแ€ฐแ€žแ€แ€บแ€›แ€„แ€บ แ€€แ€ญแ€ฏแ€šแ€บแ€€แ€กแ€œแ€ฑแ€ฌแ€„แ€บแ€ธแ€–แ€ปแ€ฑแ€ฌแ€€แ€บแ€•แ€ฑแ€ธแ€™แ€šแ€บแ€ทแ€™แ€ฒแ€ทแ€€แ€ฑแ€ฌแ€„แ€บแ€•แ€ซ baby Gumkino =แ€€แ€ปแ€ฝแ€”แ€บแ€™แ€€ แ€•แ€”แ€บแ€ธแ€€แ€ญแ€ฏแ€„แ€บแ€›แ€แ€ฌแ€‘แ€•แ€บ gunแ€€แ€ญแ€ฏแ€„แ€บแ€›แ€แ€ฌแ€•แ€ญแ€ฏแ€žแ€˜แ€ฑแ€ฌแ€€แ€ปแ€แ€ฒแ€ทแ€™แ€ญแ€”แ€บแ€ธแ€€แ€œแ€ฑแ€ธแ€แ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€™แ€ญแ€ฏแ€ท แ€›แ€พ...