ချစ်ခြင်းမေတ္တာတို့ရှိရာ (Com...

By firstperson302

24.4K 431 1

မင်းမဟာ + ချစ်တေးချို More

part (1)
part (2)
part (3)
part (4)
part (5)
part (6)
part (8)
part (9)
part (10)
part (11)
part (12)
part (13) end

part (7)

1.4K 33 0
By firstperson302

မဟာဆိုင်ရှေ့ရောက်တော့မီးကတော်တော်ပင်ကြီးနေပီးတိုက်တခုလုံးကိုပင်ဝါးမြိုနေလေပြီ

မီးသတ်ပိုက်များဖြင့်ထိုးဖြန်းနေသော်လဲမီးကမငြိမ်း မဟာတကိုယ်လုံးပူထူလာ၍ဘာမှစဥ်းစားမနေတော့ဘဲမီးတောထဲသို့တိုးဝေ့ကာပြေးဝင်သွားလိုက်သည်

"ဟဟဘယ်သူဝင်သွားတာတုံးဒီလောက်မီးပြင်းနေတာကိုဒုခတော့ရောက်တော့မှာဘဲ"

အပြင်ကလူတေတယောက်တပေါက်ပြော၍သာကျန်နေခဲ့သည်

အထဲရောက်တော့မဟာမျက်စိတဆုံးလိုက်၍ရှာကြည့်လိုက်သည်မတွေ့သဖြင့်အပေါ်ထပ်သီု့အမြန်ပြေးတက်ပြီးလှည့်ပတ်ရှာနေရင်းမဟာရင်တေခုန်လာသည်

စိတ်တေပူပြီးတေးကိုဆိုးရိမ်လာမိသည်
ဘယ်မှာမှမတွေ့အသဲသန်ရှာနေရင်းနောက်ဆုံးဆိုင်တန်းနှစ်ခုကြားမှာခွေခွေလေးလဲနေသောသူမကိုမဟာမြင်လိုက်ရသည်

မဟာအမြန်ပြေးသွားပြီးတေးကိုပွေ့ချီ၍

"တေး.. တေး.မင်းအဆင်ပြေရဲ့လား"

မဟာပြောလိုက်တော့တေးမျက်ဝန်းလေးတဖြည်းဖြည်းပွင့်လာသည်

မဟာကို့မြင်တော့အားတက်သွားသည့်ဟန်မျက်ရည်စွတ်နေသောမျက်ဝန်းလေးနဲ့ကြည့်ကာမဟာကိုယ်ကိုတင်းနေအောင်ဖက်ထားရင်းခေါင်းလေးကိုရင်ခွင်ထဲမှီထားလိုက်သည်

မှီလာတဲ့တေးခေါင်းလေးကိုမဟာလက်လေးနဲ့အသာပွတ်ရင်း

"ဘာမှမဖြစ်တော့ဘူးနော် ကိုယ်အနားမှာရှိတယ် မင်းကိုကိုယ့်တို့အခန်းလေးထဲပြန်ခေါ်သွားပေးမယ်နော် "

မဟာပြောလိုက်တော့တေးခေါင်းလေးညိမ့်ပြ၏

❤❤❤❤

မနက်ခင်းရောင်ခြည်နွေးနွေးလေး၏အထိအတွေ့နှင့်အတူတေးတယောက်လန်းဆန်းနေ၍ဖြည်းဖြည်းချင်းအားယူပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်သည်

"သမီးလေးနိုးလာပြီလား "

တေးကြည့်လိုက်တော့အရင်တခေါက်ကဆရာမဖြစ်နေ၍တေးပြုံးကာပြန်နုတ်ဆက်လိုက်သည်

"ဟုတ်ဆရာမ"

" အေးအေး သမီးလေးနိုးလာတာကောင်းပါတယ်ကွယ်နှမို့ဆိုသမီးလေးစိတ်နဲ့ဟိုကောင်လေးရူးတော့မှာ"

" သူအခုဘယ်မှာလဲဟင်ဆရာမ"

" အပြင်ခနသွားတယ် သမီးလေးအတွက်လိုတာလေးတွေသွားဝယ်နေတယ်လေသူကိုတော့ဆရာမတကယ်အံသြမိတယ်ကွယ်သမီးလေးကိုကယ်ဖို့အတွက်သူ့အသက်တောင်မငဲ့ဘဲမီးတောထဲကိုတိုးဝင်သွားတာ
အဲတုန်းကဆိုအနားကလူတေကမောင်မဟာကိုရူးနေတယ်လို့တောင်ထင်သွားတာဘယ်သူတားတားမရဘူးမီးတောထဲကိုအတင်းကိုဝင်သွားတာ
နောက်မှသမီးလေးကိုကယ်မှန်းသိကြတာ တခြားလူဆိုအဲ့နေရာမှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိတွေ့ဝေနေအုံးမှာဒါပေမဲ့မဟာကတော့သမီးကလွဲရင်ကျန်တာသူဂရုမစိုက်ဘူးသူ့အသက်ဆိုရင်တောင်ပေါ့
အဲ့နေကိစစကိုကြည့်ရင်သူသမီးလေးကိုဘယ်လောက်ဂရုစိုက်ကြောင်း ဘယ်လောက်ချစ်​ကြောင်း
သိသာနေတာ"

တေးဘာမှပြန်မပြောဆရာမပြောနေတာကိုနားထောင်းကာထိုနေ့ကသူမကိုလာကယ်သောအခိုက်အတန့်လေးကိုပြန်စဥ်စားမီပြီးတေးပြုံးလိုက်မိသည်

"တေးနိုး​နေပီလား "

အပြင်ကပြန်လာသောမဟာကအခန်းထဲဝင်ဝင်ချင်းမေးလိုက်သည်

" ဟုတ်တေးနိုးနေပါပြီ "

" အဲ့ဆိုဆရာမပြန်လိုက်အုံးမယ်နော်သမီးလေး ပြီးတော့ဆရာမပြောတာတေးကိုမ​ေမ့နဲ့သမီးလေး "

"ဟုတ်ကဲ့ဆရာမ"

" အေးအေးဒါဆိုဆရာမသွားပြီနော်"

အခြေနေကိုသဘောပေါက်သောဆရာမက နုတ်ဆက်၍အခန်းထဲမှာထွက်သွားလေသည်

ဆရာမထွက်သွားသည်နှင့်မဟာကကုတင်လေးနားကပ်၍ထိုင်လိုက်ရင်း

"မင်းနေလို့ရောကောင်းရဲ့လား နာနေတဲ့နေရာတေဘာတေရောရှိလာ"

စိတ်ပူစွာဖြင့်အဆက်မပျတ်မေးနေသောမဟာအမူအရာကိုကြည်၍တေးသဘောကြစွာပြုံးလိုက်မိသည်

"မင်းကပြုံးနိုင်သေးတယ်နော်ငါ့မှာတော့ကြာရင်ရူးတော့မယ်မင်းကြောင့်နဲ့ "

"တေးတောင်းပန်ပါတယ်တေးလဲအဲလို့ဖြစ်မယ်လို့မထင်မိလိုက်ဘူး နောက်ပီးကိုမဟာကိုလဲကျေးဇူးတင်ပါတယ်နော် တေးကိုအကြိမ်ကြိမ်ကယ်ပေးလို့"

" ရပါတယ်ဘာမှမဖြစ်ဘူး
နောက်တခါမဖြစ်အောင်သာဂရုစိုက် "

"ဟုတ်တေးဂရုစိုက်ပါ့မယ်"

   "အင်း ဒါနဲ့မင်းဗိုက်ဆာနေမှာပေါ့ တခုခုစားမလား ဆေးလဲသောက်ရမှာဆိုတော့အစာရှိမှဖြစ်မှာ လောလောဆယ်ကြက်သားဆန်ပြုတ်ပြုတ်ထားတယ်
ငါသွားယူပေးမယ်"

" နေပါစေ တေးကိုယ်ဖာသာသွားယူလိုက်ပါ့မယ်"

တေးထမယ်အလုပ်မဟာကပုခုံးလေးကိုဖိ၍ပြန်ထိုင်ခိုင်းလိူက်ရင်း

"မင်းကမကောင်းသေးဘူးလေထိုင်နေ
ငါပဲသွားယူပေးမယ်"

ပြောပြီးမဟာအခန်းထဲကထွက်သွားသည်ခနကြာတော့ပန်းကန်လေးကိုကိုင်ကာပြန်ဝင်လာပြီးတေးအနားမှာထိုင်လိုက်ကာ

"အင့် "

မဟာကဇွန်းကိုတေးနုတ်ခမ်းနားကိုတိုးပေးလိုက်၍တေး​ကြောင်တောင်တောင်လေးဖြစ်သွားသည်

"ဟလေသောက်ဘူးလား"

" ဟိုလေကိုမဟာတေးဖာသာသောက်လိုက်ပါ့မယ်"

" မရဘူးမင်းကနေကောင်းသေးတာမှမဟုတ်တာ
ငါတိုက်တာပဲသောက်"

တေးလဲပြောမရသည့်အဆုံးပါးစပ်လေးအသာဟပေးလိုက်သည်

ပူမှာဆိုး၍တဇွန်းချင်းခပ်ကာမူတ်ပေးနေသောမဟာကိုကြည့်၍တေးပြုံးနေမိသည်

"ဒါနဲ့လေအလုပ်ကိစစကရောဘယ်လိုဖြစ်သွားပြီလဲဟင် အဆင်ရောပြေရဲ့လား တေးကြောင့်ပျက်သွားတာတော့မဟုတ်ပါဘူးနော်"

မင်းစိတ်မပူပါနဲ့အားလုံးအဆင်ပြေပါတယ်
ဒီမှာဖြစ်သွားတာကိုသူတို့လဲနားလည်ပေးတယ်
အဲကြောင့်ရန်ကုန်မှာပဲ
အစည်းဝေးပြန်လုပ်ဖိုစီစဥ်လိုက်တာ
မင်းနေကောင်းသွားတာနဲ့ရန်ကုန်ကိုချက်ချင်းပြန်ရမှာ "

"တော်ပါသေးရဲ့တေးကြောင့်အလုပ်ပျက်သွားမှာကိုစိတ်ပူနေတာ ဒါဆိုတေးတို့ဘယ်တော့လောက်ပြန်ဖြစ်မလဲဟင်"

" နောက်သုံးလေးရက်လောက်ပေါ့"

🍜🍜🍜🍜🍜

"မင်းဘာလုပ်မလို့လဲ"

ရေချိုးခန်းထဲသီု့ဝင်ရန်ခြေလှမ်းပြင်နေသောချစ်တေးကိုမဟာလှမ်းပြောလိုက်သည်

"တေးရေချိူးချင်လို့ပါ မချိုးရတာနှစ်ရက်တောင်ဆိုတော့ကပ်စီးကပ်စီနဲ့တေးမနေတတ်တော့လို့"

" ချိုးလို့အဆင်ပြေပါ့မလားမင်းကနေကောင်းသေးတာလဲမဟုတ်ဘူး"

" ရပါတယ်တေးအမြန်ချိုးပါ့မယ်နော်"

" ဟုတ်ပြီလေဒါဆိုလဲမြန်မြန်ချိုးနော်"

"ဟုတ်ကဲ့ "

မဟာခွင့်ပြုချက်ရသည်နှင့်တေးရေချိုးခန်းထဲဝင်ကာရေချိုးရန်ပြင်နေစဥ်အခန်းထောင့်မှမဲမဲနှင့်ထွက်လာကြွက်ကလေးကိုမြင်သွားကာတေးတယောက်လန့်၍
ထအော်မိလိုက်သည်

"တေးမင်းဘာဖြစ်တာလဲ တေးအဆင်ပြေရဲ့လား"

တေးဆီကဘာမှာမကြားသောကြောင့်မဟာစိတ်ပူလာကာတံခါးကိုဆွဲဖွင့်လိုက်သည်

တေးတယောက်ကြောက်ကြောက်နှင့်ပွင့်လာသောတံခါးဆီသို့ပြေးလာရင်းမဟာကိုမြင်၍ဘာမှာမစဥ်းစားနေတော့ဘဲမဟာရင်ခွင်ထဲကိုပြေးဝင်ကာဖက်ထားလိုက်ပြီးကိုယ်လေးတဆပ်ဆပ်နှင့်တုန်နေတော့သည်

"တေးဘာဖြစ်တာလဲ ဟင် ဘာဖြစ်လို့လဲ"

"ကြွက်...ကြွက် ကြီး တေးကြောက်တယ် "

"ကြွက်..ဟုတ်လားဘယ်မှာလဲ"

"ဟိုမှာလေရေကန်ဘေးမှာ"

မဟာကြည့်လိုက်တော့လက်မသာသာကြွက်လေးကိုမြင်၍သဘောကြစွာရယ်လိုက်လေသည်

" မင်းဟာကကြွက်ကြီးမှမဟုတ်တာကြွက်ပေါက်လေးကို"

" သိဘူးကြောက်တယ်လို့"

" အင်းပါ"

" ကိုမောင်းပေးမယ် ကဲ့မရှိတော့ဘူးနော်"

" မရှိတော့ဘူးလား "

"အင်းထွက်သွားပြီ"

တေးလှည့်ကြည့်လိုက်ကာကြွက်ကိုမမြင်တော့မှသက်ပြင်ချရင်းရုတ်တရက်မဟာကိုဖက်ထားမိသည်ကိုသတိရသွားသည်

"တေးတောင်းပန်းပါတယ်နော်အမှတ်တမဲ့နဲ့မို့ပါ "

ပြောရင်းနောက်ကိုဆုတ်သွားသော တေးကို မဟာလှမ်းဆွဲလိုက်ပြီးနံရံတွင်ကပ်ထားကာလက်တဖက်ကတေးရဲ့လက်နှစ်ဖက်ကိုကိုင်ကာအပေါ်ကိုမြှောက်လိုက်ပြီးနံရံနှင့်ဖိကပ်လိုက်ကာတဖက်ကတေးရဲ့ခါးသွယ်သွယ်
လေးကိုဆွဲဖက်လိုက်သည် ရုတ်တရက်လုပ်လိုက်သောမဟာအပြုအမူကြောင့်တေးလန့်သွားကာ

" ကိုမဟာဘာလုပ်တာလဲ"

" မင်းဆီကကိုယ်ရစရာရှိတာလေးတောင်းမလို့လေ"

ပြောရင်းခပ်ဟ ဟလေးဖြစ်နေသောတေးရဲ့ပန်းရောင်သန်းနေသောနုတ်ခမ်းဖောင်းဖောင်းလေးကိုမဟာငုံ့၍နမ်းလိုက်လေသည်

"ကိုမဟာ ရှင် .ရှင်"

တေးဆက်၍မပြောနိုင်ပါးလေးနီရဲလာကာရင်တေခုန်လာသည်

"ကိုယ်မင်းကိုချစ်တယ်တေးရယ် မင်းကိုshopping centre မှာစတွေ့ထဲက ကိုယ်ရင်ခုန်ခဲ့တာ တခြားဘယ်မိန်ကလေးတွေကိုမှရင်မခုန်ခဲတဲ့ကိုယ်ကမင်းနဲ့ကြမှချစ်တတ်ခဲ့တာပါ "

ပါးလေးနီရဲကာမျက်လုံးအဝိုင်းသာလေးနှင့်ကြည့်နေသောတေးမျက်နှာလေးကိုမဟာစေ့စေ့ကြည်၍

" တေးကိုယ့်ကိုအခွင့်ရေးပေးနိုင်မလား
တေးအနားမှာအမြဲအရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ပေးချင်ပါတယ် ကိုယ်ကိုမင်းရဲ့ကောင်လေးဖြစ်ခွင့်ပြုပါ"

ထပ်ကာထပ်ကာခွင့်တောင်းလာသောမဟာမျက်နှာကိုကြည့်ကာတေးစိတ်ထဲပျော်လာမိသည်

တေးသည်ပင်မင်းမဟာကိုချစ်နေမိသောကြောင့်အချိန်ဆွဲမနေတော့ဘဲ
မျက်လုံးလေးမှိတ်ကာခေါင်းလေးညှိမ့်ပြလိုက်သည်

သူမ၏အဖြေကိုသူသဘောကြစွာပြုံကာနုတ်ခမ်းလေးကိုငုံ့နမ်းလိုက်ရင်းအောက်နုတ်ခမ်းဖူးဖူးလေးကိုဖွဖွလေးဖိကိုက်လိုက်သည်

"လူကြီးနော်အခုမှအဖြေပေးယုံရှိသေးတယ်
အခုချက်ချင်းအနိုင်ကျင့်နေပီ"

" ချစ်လို့ပါကွာကိုယ့်ခလေးလေးကို
ဘယ်အနိုင်ကျင့်ရက်ပါ့မလဲ"

ပြောရင်းတေးကိုယ်လေးကိုဆွဲပွေ့လိုက်လေရာ

"လူကြီးဘာလုပ်မလို့လဲကလေးရေချိုးရအုံးမယ်လေ"

" ရေကနောက်မှချိုးပါလောလောဆယ်ကိုယ့်ကိုအချိန်နာရီဝက်လောက်ပေး "

"လူကြီးနော်ဘာလုပ်မလို့လဲသူများကို
အနိုင်ကျင့်အုံးမလို့လား "

"အခန်းထဲရောက်တော့သိမှာပေါ့ခလေးရယ်..."

>>>>>> ဆက်ရန် >>>>>>>

Author--kawayi

Continue Reading

You'll Also Like

870K 72.5K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
266K 25.8K 62
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...
4.7M 299K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...