ဂျောင်ဂုလည်း J Group ရဲ့ CEO ဖြစ်သွားသည့်အတွက် ကတိကဝတ် အတိုင်း Mr.Lee ရဲ့ သမီး လီယူနာ နဲ့ လက်ထပ်ဖို့ ဖြစ်လာခဲ့သည် ။ ဒီနေ့ လူချင်း လာတွေ့တာ ဖြစ်သည် ။
သူ့လို ဘယ်သူမှ မချစ်တတ်ပါဘူးဆိုတဲ့ လူကို ဘာလို့ လက်ထပ်ချင်ရတာလဲ ဆိုတာ ဂျောင်ဂုလည်း မသိပေ ။ ပုံမှန် အတိုင်းပဲ ဝတ်ဆင်ကာ သူမ ချိန်းဆိုသော နေရာကို သွားဖို့ ကားပေါ် တက်လိုက်သည် ။ သူအခု လုပ်နေတာတွေက မှန်လား ၊ မှားလား သူကိုယ်တိုင်ပင် မဝေခွဲ တတ်ပေ ။
ဘာပဲဖြစ်ဖြစ် သူ J Group ကို ကယ်တင်နိုင်ပြီမလား ဒါသာ အရေးကြီးတာ ကျန်တာကတော့ ဖြစ်သမျှ အကြောင်း အကောင်းပဲ မှတ်ရမှာပေါ့ ။ သူအတွေးလွန်နေတုန်း ကားလေးပင် သူမ ချိန်းဆိုသောနေရာကို ရောက်ရှိသွားခဲ့ပြီ ။ ကားတံခါး ဖွင့်ကာ ဟိုရောက်ရင် ဘယ်ကစ ဘယ်လို လမ်းကြောင်းသင့်အောင် စကား ပြောရမလဲ ဆိုတာသာ သူစဉ်းစားနေသည် ။
'ကျွီ....အာ့ '
သူအတွေးလွန်စွာဖြင့် ဆိုင် တံခါးအား တွန်းလိုက်ရာ သူက အဝင် ဟိုက အထွက် တိုက်မိလေ၏ ။ အဲ့တော့မှ ဂျောင်ဂုလည်း သတိဝင်ကာ ရှေ့က ကောင်လေးကို သွားထူလိုက်၏ ။
"ကောင်လေး ၊ ဘာဖြစ်သွားသေးလဲ ? "
"အာ့...လက်က ထောက်မိသွားတယ် ထင်တယ် "
"ဟင် ...ဘယ်မှာလဲ ၊ ပြကြည့် ...ကိုယ့်ကို "
ထယ်ယောင်း မိမိရှေ့က လူကို မကြည့်ပဲ မိမိလက်ကိုသာ ကြည့်ရင်း ရှေ့က လူကို တစ်ချက် မော့ကြည့်လိုက်တော့
"ဟင်....ဂျွန်လူကြီး "
"ကိုယ့်ကို သိတာလား "
ထယ်ယောင်းလည်း ယောင်ယောင်နန ခေါင်းလေး တစ်ဆက်ဆက် ညိမ့် ပြလိုက်သည် ။
"ကဲ...ထ ၊ ကိုယ် ဆေးခန်း လိုက်ပို့မယ် "
"ဗျာ... ရပါတယ် ၊ ကျွန်တော့်ဘာသာ သွားလို့ရပါတယ် "
ပြောလည်း ပြော ထယ်ယောင်းအား ဆွဲထူတဲ့ ထိုလူကြီးကြောင့် ထယ်ယောင်းမှာ ငြင်းမဲ့ စကားတွေတောင် ပျောက်ရှ ကုန်သည်။
"ကိုယ့်ကြောင့် ဖြစ်သွားတာ ကိုယ် တာဝန်ယူရမှာပေါ့ "
"ဒါပင်မဲ့ ၊ ဂျွန်လူကြီးက ချိန်းထားတာတွေ မရှိဘူးလား "
"ရပါတယ် ၊ အဓိက ကိုယ့်ကြောင့် ဖြစ်သွားတဲ့ မင်းလေးကိုပဲ အရင် ဆေးခန်းလိုက်ပြပေးမယ် ၊ ဟုတ်ပြီလား "
"ဟုတ်"
ထယ်ယောင်း ပြောလည်း ပြော ထိုလူကြီး တွဲခေါ်ရာနောက် အသာ လိုက်သွားလိုက်သည် ။ ကားပေါ်ရောက်မှ ကျန် လက်တစ်ဖက်နဲ့ ကိုကြီး အား သူအရင်ပြန်သွားကြောင်း မက့်ခ်ျဆေ့ ပို့လိုက်သည် ။
"လူနာက လဲကျတဲ့ အရှိန်နဲ့ လက်ထောက်မိတော့ အရိုးအက်သွားတာပါ ၊ ကျောက်ပတ်တီးစည်းပေးလိုက်မှာမို့ ရေမထိစေပါနဲ့နော် ။ နောက်တစ်ပတ်လောက်ဆို ကျောက်ပတ်တီး ဖြုတ်လို့ ရပါပြီ ၊ အခုတော့ တစ်ပတ်လောက် လက်ကို စည်း ထားရပါမယ် "
"ဟုတ်ကဲ့ ၊ ထွေထွေထူးထူး စိုးရိမ်စရာတော့ မရှိဘူးမလား ခင်ဗျ "
"မရှိပါဘူး ၊ ပြေစာလေး တစ်ချက်ယူပြီး ကောင်တာ မှာ ဆေးထုတ်လိုက်ပါ လက်က ညဘက် ယောင်ပြီး ကိုက်လာမှာ ဆိုးလို့ပါ "
"ဟုတ်ပါပြီ ၊ ကျေးဇူးပါ ဒေါက်တာ "
"ရပါတယ် "
ထယ်ယောင်း မိမိရှေ့က လူကြီးကို သေချာ အကျအန ငေးကြည့်မိသည် ။ ဂျွန်လူကြီးက ပုံထဲမှာထက် အပြင်မှာ ပိုခန့် ၊ ပိုချောပဲ ။ ဒီလိုမျိုး သဘောကောင်းပြီး ကြင်နာ နွေးထွေးတဲ့ လူကြီးကို ထယ်ယောင်း သဘောကျမိသွားတာ မဆန်းဘူး ထင်ပါတယ် ။ တစ်ခါတခါ ပြုံးရယ်လိုက်တိုင်း ပေါ်
ပေါ် လာတဲ့ ပါးချိုင့် ရေး ရေးက လူကို သိပ်ဆွဲဆောင်တာပဲ ။
သေသေသပ်သပ် ဖီးလိမ်းထားတဲ့ ဆံကေသာ နက်နက်နဲ့အတူ ၊ လူကြီးအရှိန်အဝါ ပိုပြီး ထင်းစေတဲ့ လူကြီးရဲ့ suit နက်နက်က ထယ်ေယာင်းကို အကြည့်မလွှဲအောင် ညှို့ယူနေသလိုပင် ။ တစ်ချိန်တည်းမှာပင် ကြည့်လင်ခန့်ညားပြီး မိမိုက်နေတဲ့ ဂျွန်လူကြီးက ထယ်ယောင်းလို ဆယ်ကျော်သက် အရွယ်လေးရဲ့ စိတ်ကူးယဉ်စရာကောင်းတဲ့ လူတစ်ယောက် ဖြစ်ခဲ့သည်။ ထို့အပြင် လူငယ်ဆန်ဆန် piercing တွေ ၊ တက်တူးတွေကြောင့် ဒီလူဟာ ခေတ်ရှေ့ပြေးတဲ့ လူကြီးတစ်ယောက်ဆိုတာ မမှားပေ ။
"ကိုယ် မင်းကို ပြန်လိုက် ပို့ပေးချင်ပင်မဲ့...ကိုယ့် မှာ ချိန်းထားတာလေး ရှိနေလို့..."
"အာ...ရပါတယ် ၊ ဂျွန်လူကြီး ..... ကျွန်တော့်ဘာသာ ပြန်လို့ ရပါတယ် ဆေးခန်းလိုက်ပို့ ပေးတာနဲ့တင် တကယ် ကျေးဇူးတင်နေပါပြီ "
ထယ်ယောင်း ပြောလည်းပြော ဂျွန်လူကြီးအား အရိုအသေ ပေးကာ နှုတ်ဆက်လိုက်၏ ။
"ဟုတ်ပါပြီ ၊ ဒါဆို ကိုယ် သွားပြီ "
"ဟုတ်ကဲ့ "
ထယ်ယောင်း ထွက်သွားတဲ့ ထိုလူကြီးရဲ့ ကား ကို ကြည့်ရင်း လူက စိတ်မထိန်းနိုင်တော့ပေ ။ ဒါကြောင့် သူ ဂျွန်လူကြီးနောက်ကိုသာ ထပ်လိုက်ဖို့ ကား ငှားလိုက်သည် ။ သူလည်း တက္ကစီ သမားအား ဂျွန်လူကြီးရဲ့ ကားနောက် ထပ်ကြပ်မကွာ လိုက်ဖို့ ပြောလိုက်တော့သည်။
ထယ်ယောင်းလည်း ဂျွန်လူကြီးရဲ့ ကားနောက်က လိုက်ကြည့်တော့ ခုနက ထယ်ယောင်းနဲ့ တိုက်မိတဲ့ cafe ကို ပြန်သွားတာဖြစ်သည် ။ ဂျွန်လူကြီးက ကားပါကင်ထိုးပြီး ဆင်းသွားတာကြောင့် ထယ်ယောင်းလည်း ကားပေါ်က ဆင်းကာ ဂျွန်လူကြီးနောက် လိုက် လိုက်၏ ။
Cafe ထဲ ဝင်သွားတဲ့ ဂျွန်လူကြီးကို ရှာဖို့ ထယ်ယောင်းလည်း cafe ထဲ လိုက်ဝင်လိုက်၏ ။ လက်တစ်ဖက်က ကျောက်ပတ်တီး စည်းထားတာကြောင့် နောက်တစ်ဖက်နဲ့ပဲ တွန်းကာ ဖွင့်လိုက်သည် ။ ဖွင့်ဖွင့်ချင်း မြင်လိုက်တဲ့ ဂျွန်လူကြီးရဲ့ ကျောပြင်နဲ့အတူ ဂျွန်လူကြီး၏ မျက်နှာချင်းမှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကြောင့် ထယ်ယောင်း ခြေလှမ်းတွေ ရပ်တန့်သွား၏ ။
နောက်ဆုံး သူ့မျှော်လင့်ချက်တွေလည်း ရေစုန်မျောပြီ ။ သူ့ရဲ့ အချစ်ခရီးလေးက စ တောင် မစရသေးဘူး ပြီးသွားပြီ ။ ဒီလို cafe မှာ မိန်းကလေးတစ်ယောက်နဲ့ တွေ့နေတဲ့ ဂျွန်လူကြီးက Date လုပ်နေတယ်ဆိုတာ လူတိုင်းသိတယ် ဒါပင်မဲ့ ထယ်ယောင်းကတော့ လက်မခံချင်ဘူး ဖြစ်နေတယ် ။ ဘာလို့ ထိုလူကြီးနဲ့ နောက်ကျမှ ဆုံခဲ့ရတာလည်း ဆိုတဲ့ အပေါ်မှာသာ မကျေမနပ် မေးခွန်းထုတ်နေခဲ့၏ ။ စိတ်ပျက်လက်ပျက်နဲ့ အမှန်တရားကို လက်မခံချင်လည်း လက်ခံရတော့မည် ။ သူစိတ်ကို သူဖြေကာ အိမ်ကိုသာ ပြန်ဖို့ ပြင်လိုက်တော့သည် ။
****
ဂျောင်ဂုလည်း ကောင်လေးအား အိမ်လိုက်ပို့ချင်ပင်မဲ့ ချိန်းထားတဲ့ အချိန်က နီးကပ်နေပြီမို့ ဒီတိုင်း ပြန်ဖို့သာ ပြောလိုက်ရ၏ ။ သူပြောတော့ ရပါတယ်လို့ပြောပြီး ဆေးခန်းလိုက်ပို့ေပးလို့ ကျေးဇူးတင်ကြောင်းနှင့် အခု သူ့လက်ထဲမှာ ကိုင်ထားတဲ့ Candy လေးကို ကျေးဇူးတင်တဲ့ အနေနဲ့ ကောင်လေးက ပေးလိုက်ခြင်း ဖြစ်တယ် ။ ဘယ်လိုတောင် ကလေးဆန်လောက်သလဲ...လူကြီးကို သကြားလုံးပေးပြီး ကျေးဇူးတင်တာတဲ့ ။ ထိုကောင်လေးဆီ ရောက်သွားတဲ့ အတွေးတွေ နဲ့အတူ နှုတ်ခမ်းပါးထက်မှာ မသိမသာ အပြုံးလေးတစ်ခု ဖြတ်ပြေးသွားသည် ။
"ဂျောင်ဂုရှီး "
မိမိနာမည်အား ခေါ်သံကြားသည်မို့ လည် ပြန်ကြည့်တော့ Mr.Lee Min Joon ရဲ့ သမီး လီယူနာ ပင် ဖြစ်သည် ။
"ဟုတ်ကဲ့ ၊ လီယူနာ လား ခင်ဗျ "
"ဟုတ်ပါတယ် "
ပြောလည်းပြော ဂျောင်ဂုရဲ့ ရှေ့မှာ ဝင်ထိုင်ပြီး စကား စ လေ ၏ ။
"ကျွန်မခေါ်တာ တော်တော်ကြာနေပြီ ၊ ဂျောင်ဂုရှီး က ဘာတွေ တွေးပြီး ပြုံးနေတာလဲ မသိ "
"အာ...ဘာမှ မဟုတ်ပါဘူး ဒီတိုင်းပဲ "
"ဟုတ်ကဲ့ ၊ အဖေက ကျွန်မတို့ နှစ်ယောက်ကို လက်ထပ်စေချင်တဲ့ အကြောင်း အဖေက ပြောတယ် ၊ အဲ့တာ ကျွန်မက ငြင်းလို့မရလို့ ဂျောင်ဂုရှီး ဘက်က ငြင်းပေးပါလား "
"အဲ့ဒါက ကျွန်တော့်ဘက်ကလည်း Mr.Leeကို ငြင်းလို့မရတဲ့ ကတိပေးထားလို့ ငြင်းလို့မရဘူး ဖြစ်နေတယ် "
"ရှင် ၊ ဒါဆို ဘယ်လို လုပ်မလဲ "
"ဒီတိုင်း နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းတယ်လို့ သတ်မှတ်လိုက်ကြတာပေါ့ ၊ ဘယ်လိုလဲ "
"ကောင်းသားပဲ ၊ ဒါဆို ကျွန်မတို့ တစ်နှစ်လောက် ပူးပေါင်းပြီး နောက်မှ ကွာရှင်းကြမယ်လေ "
"ကောင်းပါပြီ "
"ဒါဆို ကျွန်မလည်း ကျွန်မကောင်မလေးကို အကျိုးအကြောင်း သွားပြောလိုက်ဦးမယ် "
"ခင်ဗျာ ၊ အာ...ဟုတ်ကဲ့ ၊ သွားပါ "
"ဒါဆို နောက်မှ တွေ့မယ်နော် "
"ဟုတ်ကဲ့ "
ဂျောင်ဂုလည်း လီယူနာ ထွက်သွားတာကို ကြည့်ပြီး ပြုံးလိုက်မိသည်။ သူ့အဖေ့ကို မလွန်ဆန်နိုင်လို့သာ လက်ထပ်ပွဲကို မငြင်းနိုင်တာ သူ့ကောင်မလေးကိုတော့ ချစ်ရှာသားလို့ တွေးလိုက်မိသည် ။ သူကတော့ အခုထိ အချစ်ကို ရှာမတွေးသေးပေ ။ ဒါနဲ့ ဟိုကောင်လေးရော အိမ်ကို ကောင်းကောင်း ပြန်ရောက်ရဲ့လား မသိ ။ ဟိုကောင်လေး ဆိုမှ လက်ထဲက Candy လေးကို ကြည့်ရင်း ဘယ်လို ကလေးဆန်တဲ့ အပြုအမူ လေးလဲ လို့ တွေးမိကာ ပြုံးမိပြန်၏ ။ ဂျောင်ကု လည်း ထိုကောင်လေးနဲ့ တွေ့မှ ခဏ ၊ ခဏ ပြုံးမိနေ၏ ။
****
ဂျောင်ဂုလည်း ယူနာနဲ့ တိုင်ပင်ထားတဲ့ အတိုင်း အကျိုးတူ နှစ်ဦးနှစ်ဖက် ပူးပေါင်းတဲ့ လက်ထပ်စာချုပ်ကို ပြင်ဆင်ထားလိုက်၏ ။ လက်ထပ်ပွဲ အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး ဖိတ်စာ ကမ်းဖို့ သူတို့နှစ်ယောက် ထွက်လာလိုက်၏ ။ ဖိတ်စာတွေ အသီးသီး လိုက်ကမ်းပြီး နောက်ဆုံးကျန်တဲ့ တစ်ခုကတော့ ကင်မ် အိမ်တော်အတွက် ဖြစ်သည် ။ ကင်မ် အိမ်တော်က အစ်ကို နမ်းဂျွန်းနဲ့ Gym မှာ ကတည်းက ညီအစ်ကိုလို ရင်းနှီးသူမို့ ဒါကြောင့် ဂျောင်ဂုလည်း ကင်မ် အိမ်တော်ကို မောင်းဖို့ ပြင်လိုက်သည် ။
ဟိုရောက်တော့ အစ်ကိုနမ်ဂျွန်းကို တွေ့တာနဲ့ သာကြောင်း မာကြောင်း ပြောဖြစ်ကြသည် ။ မကြာပါဘူး အိမ်ရှေ့မှာ ထိုးရပ်လာတဲ့ ကားသံကြောင့် အစ်ကို နမ်ဂျွန်းက လှမ်းမေးလိုက်၏ ။
"သားကြီး....လာထိုင် ၊ မင်းညီရော "
"ကားပေါ်မှာ ၊ ဆင်းမလာသေးဘူး "
ပြောပြောဆိုဆိုနဲ့ ကားပေါ်က ဆင်းကာ အိမ်ထဲ ဝင်လာတဲ့ ထယ်ယောင်းကြောင့် မြင်မြင်ချင်း ဂျောင်ဂုလည်း အံ့ဩမိသည် ။
'ဟင်...ဟိုကောင်လေး '
ဂျောင်ဂုနည်းတူ ထယ်ယောင်းလည်း မထင်ထားတဲ့ လူကို အိမ်ထဲမှာ တွေ့လိုက်တာကြောင့် လူက ရှော့ရသွားသည် ။ တော်တော်နဲ့ သတိမကပ်တာ ဖေကြီးခေါ်မှ သတိပြန်ဝင်လာသည်။
"သားငယ် ...လာလေ "
"ဟုတ် "
ပြောပြောဆိုဆို ထယ်ယောင်းလည်း အစ်ကိုကြီး ဘေးနား ဝင်ထိုင်ကာ ရှေ့က ထိုလူကြီးနဲ့ သူ့ဘေးက အမျိုးသမီးကိုသာ တစ်ချက်ကြည့်လိုက်သည် ။
"ဒါ J Group ရဲ့ CEO Jeon Jungkook တဲ့ ၊ သူ့ဘေးနားက အမျိုးသမီးကတော့ သူ့ရဲ့ ဇနီးလောင်းလေ ၊ ဖိတ်စာ လာကမ်းတာ အခုက သားတို့နဲ့ ကြုံတုန်း မိတ်ဆက်ပေးတာ ။ ဂျောင်ဂုက အဖေ့အတွက် ညီတစ်ယောက်လိုပဲ ၊ ဦးလေး Jeon အတွက် စိတ်မကောင်းလည်း ဖြစ်မိတယ် "
"....."
"ဘာပဲ ဖြစ်ဖြစ် အခုလို ဗြုန်းစားကြီး လက်ထပ်သွားတော့ ငါက ပိုအံ့ဩသွားရတဲ့ ဂျောင်ဂုရဲ့ "
"ဟုတ်ကဲ့ ၊ အစ်ကို နမ်ဂျွန်း ကျွန်တော်လည်း ဗြုန်းစားကြီး ထ စီစဉ်ဖြစ်သွားတာမို့လို့ပါ "
"အေးပါ ၊ ဘာပဲဖြစ်ဖြသ် ငါ့ညီအတွက် အစ်ကိုက သိပ်ဝမ်းသာတယ် သိလား "
"ဟုတ်ကဲ့ ၊ ကျေးဇူးပါ နမ်ဂျွန်းဟျောင်း "
သာကြောင်း ၊ မာကြောင်း ပြောပြီး ဖိတ်စာကမ်းကာ ထိုလူကြီးက ပြန်သွားပင်မဲ့ ထယ်ယောင်းမှာတော့ ဝမ်းနည်းလွန်းလို့ အခန်းထဲ ဝင်ကာ တိတ်တဆိတ် ငိုကြွေးနေမိ၏ ။ လူတစ်ယောက်ကို ချစ်နေမိမယ်လည်း မထင်ခဲ့သလို ၊ အဲ့ဒီလူက ကိုယ့်ထက် ၁၀ နှစ်လောက် ကြီးမဲ့ သူ ဖြစ်မယ်လို့လည်း မထင်ခဲ့ပေ အခုတော့ သူအချစ်ဇာတ်လမ်းလေးက စ တောင် မစဘဲ သိမ်းရတော့မယ် မ ဟုတ်ပါလား ။
အခန်းထဲ မဝင်ခင် လက်ထဲလည်း ထိုလူကြီးရဲ့ ဖိတ်စာကို ယူ ဖြစ်အောင် ယူလာခဲ့ေသးသည် ။ ငိုနေရင်း တန်းလန်းနဲ့ ထိုလူ့ဖိတ်စာ အား တစ်ချက် ဖတ်လိုက်သည် ။ ဖတ်ကြည့်တော့ လူက ပိုဆိုးတယ် ၊ မျက်ရည်တွေ တားမရအောင်ပင် ပိုကျလာခဲ့သည် ။
ရင်ေတွ နာလိုက်တာ ၊ ကိုယ်သဘောကျနေတဲ့ လူကြီးက ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်နဲ့ လက်ထပ်တော့မယ့် အဖြစ်ကိုပေါ့ ။ နာကျင်စွာ ဖိတ်စာအား ကြည့်လိုက်ပြီး ထို ဖိတ်စာအား အိတ်ဆောင် ဓားလေးနဲ့ ထိုးဆွ လိုက်သည် ။ ထယ်ယောင်း ထိုးဆွ ထားတဲ့ ဖိတ်စာလေးဟာ အပြင်က ကြည့်ရင် အကောင်းလို့ ထင်ရပင်မဲ့ အတွင်းပိုင်းမှာတော့ ဓားရာ လေးတွေ ထင်း နေသည် ။ ထယ်ယောင်းလည်း ထိုးလို့ ဝ မှ ဖိတ်စာအား သူ့နေရာသူ ပုံမပျက်ဘဲ ပြန်ထားကာ ခပ်တည်တည်နဲ့ အခန်းထဲ ပြန်ဝင်လာလိုက်သည် ။
𝚊𝚞𝚐𝚞𝚜𝚝𝚛𝚊𝚒𝚗
13.12.23 //9:32pm//
*ဒါလေး အရင်က ကြိုရေးထားတာ ရှိလို့ အပ်ပေး နိုင်တာ
*အခုချိန် ဒီလိုစိတ်နဲ့ ဘာမှကို မရေးနိုင်ဘူး ၊ လူက လိုင်းပေါတက်လည်း ငိုချင် ၊ vd တွေ ကြည့်လည်း ငိုချင်၊ သီချင်းတွေ နားထောင်လည်း ငိုချင်နေတာ 😭
Z A W G Y I
ေဂ်ာင္ဂုလည္း J Group ရဲ႕ CEO ျဖစ္သြားသည့္အတြက္ ကတိကဝတ္ အတိုင္း Mr.Lee ရဲ႕ သမီး လီယူနာ နဲ႔ လက္ထပ္ဖို႔ ျဖစ္လာခဲ့သည္ ။ ဒီေန႔ လူခ်င္း လာေတြ႕တာ ျဖစ္သည္ ။
သူ႔လို ဘယ္သူမွ မခ်စ္တတ္ပါဘူးဆိုတဲ့ လူကို ဘာလို႔ လက္ထပ္ခ်င္ရတာလဲ ဆိုတာ ေဂ်ာင္ဂုလည္း မသိေပ ။ ပုံမွန္ အတိုင္းပဲ ဝတ္ဆင္ကာ သူမ ခ်ိန္းဆိုေသာ ေနရာကို သြားဖို႔ ကားေပၚ တက္လိုက္သည္ ။ သူအခု လုပ္ေနတာေတြက မွန္လား ၊ မွားလား သူကိုယ္တိုင္ပင္ မေဝခြဲ တတ္ေပ ။
ဘာပဲျဖစ္ျဖစ္ သူ J Group ကို ကယ္တင္ႏိုင္ၿပီမလား ဒါသာ အေရးႀကီးတာ က်န္တာကေတာ့ ျဖစ္သမွ် အေၾကာင္း အေကာင္းပဲ မွတ္ရမွာေပါ့ ။ သူအေတြးလြန္ေနတုန္း ကားေလးပင္ သူမ ခ်ိန္းဆိုေသာေနရာကို ေရာက္ရွိသြားခဲ့ၿပီ ။ ကားတံခါး ဖြင့္ကာ ဟိုေရာက္ရင္ ဘယ္ကစ ဘယ္လို လမ္းေၾကာင္းသင့္ေအာင္ စကား ေျပာရမလဲ ဆိုတာသာ သူစဥ္းစားေနသည္ ။
'ကြၽီ....အာ့ '
သူအေတြးလြန္စြာျဖင့္ ဆိုင္ တံခါးအား တြန္းလိုက္ရာ သူက အဝင္ ဟိုက အထြက္ တိုက္မိေလ၏ ။ အဲ့ေတာ့မွ ေဂ်ာင္ဂုလည္း သတိဝင္ကာ ေရွ႕က ေကာင္ေလးကို သြားထူလိုက္၏ ။
"ေကာင္ေလး ၊ ဘာျဖစ္သြားေသးလဲ ? "
"အာ့...လက္က ေထာက္မိသြားတယ္ ထင္တယ္ "
"ဟင္ ...ဘယ္မွာလဲ ၊ ျပၾကည့္ ...ကိုယ့္ကို "
ထယ္ေယာင္း မိမိေရွ႕က လူကို မၾကည့္ပဲ မိမိလက္ကိုသာ ၾကည့္ရင္း ေရွ႕က လူကို တစ္ခ်က္ ေမာ့ၾကည့္လိုက္ေတာ့
"ဟင္....ဂြၽန္လူႀကီး "
"ကိုယ့္ကို သိတာလား "
ထယ္ေယာင္းလည္း ေယာင္ေယာင္နန ေခါင္းေလး တစ္ဆက္ဆက္ ညိမ့္ ျပလိုက္သည္ ။
"ကဲ...ထ ၊ ကိုယ္ ေဆးခန္း လိုက္ပို႔မယ္ "
"ဗ်ာ... ရပါတယ္ ၊ ကြၽန္ေတာ့္ဘာသာ သြားလို႔ရပါတယ္ "
ေျပာလည္း ေျပာ ထယ္ေယာင္းအား ဆြဲထူတဲ့ ထိုလူႀကီးေၾကာင့္ ထယ္ေယာင္းမွာ ျငင္းမဲ့ စကားေတြေတာင္ ေပ်ာက္ရွ ကုန္သည္။
"ကိုယ့္ေၾကာင့္ ျဖစ္သြားတာ ကိုယ္ တာဝန္ယူရမွာေပါ့ "
"ဒါပင္မဲ့ ၊ ဂြၽန္လူႀကီးက ခ်ိန္းထားတာေတြ မရွိဘူးလား "
"ရပါတယ္ ၊ အဓိက ကိုယ့္ေၾကာင့္ ျဖစ္သြားတဲ့ မင္းေလးကိုပဲ အရင္ ေဆးခန္းလိုက္ျပေပးမယ္ ၊ ဟုတ္ၿပီလား "
"ဟုတ္"
ထယ္ေယာင္း ေျပာလည္း ေျပာ ထိုလူႀကီး တြဲေခၚရာေနာက္ အသာ လိုက္သြားလိုက္သည္ ။ ကားေပၚေရာက္မွ က်န္ လက္တစ္ဖက္နဲ႔ ကိုႀကီး အား သူအရင္ျပန္သြားေၾကာင္း မက့္ခ္်ေဆ့ ပို႔လိုက္သည္ ။
"လူနာက လဲက်တဲ့ အရွိန္နဲ႔ လက္ေထာက္မိေတာ့ အ႐ိုးအက္သြားတာပါ ၊ ေက်ာက္ပတ္တီးစည္းေပးလိုက္မွာမို႔ ေရမထိေစပါနဲ႔ေနာ္ ။ ေနာက္တစ္ပတ္ေလာက္ဆို ေက်ာက္ပတ္တီး ျဖဳတ္လို႔ ရပါၿပီ ၊ အခုေတာ့ တစ္ပတ္ေလာက္ လက္ကို စည္း ထားရပါမယ္ "
"ဟုတ္ကဲ့ ၊ ေထြေထြထူးထူး စိုးရိမ္စရာေတာ့ မရွိဘူးမလား ခင္ဗ် "
"မရွိပါဘူး ၊ ေျပစာေလး တစ္ခ်က္ယူၿပီး ေကာင္တာ မွာ ေဆးထုတ္လိုက္ပါ လက္က ညဘက္ ေယာင္ၿပီး ကိုက္လာမွာ ဆိုးလို႔ပါ "
"ဟုတ္ပါၿပီ ၊ ေက်းဇူးပါ ေဒါက္တာ "
"ရပါတယ္ "
ထယ္ေယာင္း မိမိေရွ႕က လူႀကီးကို ေသခ်ာ အက်အန ေငးၾကည့္မိသည္ ။ ဂြၽန္လူႀကီးက ပုံထဲမွာထက္ အျပင္မွာ ပိုခန႔္ ၊ ပိုေခ်ာပဲ ။ ဒီလိုမ်ိဳး သေဘာေကာင္းၿပီး ၾကင္နာ ေႏြးေထြးတဲ့ လူႀကီးကို ထယ္ေယာင္း သေဘာက်မိသြားတာ မဆန္းဘူး ထင္ပါတယ္ ။ တစ္ခါတခါ ၿပဳံးရယ္လိုက္တိုင္း ေပၚ
ေပၚ လာတဲ့ ပါးခ်ိဳင့္ ေရး ေရးက လူကို သိပ္ဆြဲေဆာင္တာပဲ ။
ေသေသသပ္သပ္ ဖီးလိမ္းထားတဲ့ ဆံေကသာ နက္နက္နဲ႔အတူ ၊ လူႀကီးအရွိန္အဝါ ပိုၿပီး ထင္းေစတဲ့ လူႀကီးရဲ႕ suit နက္နက္က ထယ္ေယာင္းကို အၾကည့္မလႊဲေအာင္ ညႇိဳ႕ယူေနသလိုပင္ ။ တစ္ခ်ိန္တည္းမွာပင္ ၾကည့္လင္ခန႔္ညားၿပီး မိမိုက္ေနတဲ့ ဂြၽန္လူႀကီးက ထယ္ေယာင္းလို ဆယ္ေက်ာ္သက္ အ႐ြယ္ေလးရဲ႕ စိတ္ကူးယဥ္စရာေကာင္းတဲ့ လူတစ္ေယာက္ ျဖစ္ခဲ့သည္။ ထို႔အျပင္ လူငယ္ဆန္ဆန္ piercing ေတြ ၊ တက္တူးေတြေၾကာင့္ ဒီလူဟာ ေခတ္ေရွ႕ေျပးတဲ့ လူႀကီးတစ္ေယာက္ဆိုတာ မမွားေပ ။
"ကိုယ္ မင္းကို ျပန္လိုက္ ပို႔ေပးခ်င္ပင္မဲ့...ကိုယ့္ မွာ ခ်ိန္းထားတာေလး ရွိေနလို႔..."
"အာ...ရပါတယ္ ၊ ဂြၽန္လူႀကီး ..... ကြၽန္ေတာ့္ဘာသာ ျပန္လို႔ ရပါတယ္ ေဆးခန္းလိုက္ပို႔ ေပးတာနဲ႔တင္ တကယ္ ေက်းဇူးတင္ေနပါၿပီ "
ထယ္ေယာင္း ေျပာလည္းေျပာ ဂြၽန္လူႀကီးအား အ႐ိုအေသ ေပးကာ ႏႈတ္ဆက္လိုက္၏ ။
"ဟုတ္ပါၿပီ ၊ ဒါဆို ကိုယ္ သြားၿပီ "
"ဟုတ္ကဲ့ "
ထယ္ေယာင္း ထြက္သြားတဲ့ ထိုလူႀကီးရဲ႕ ကား ကို ၾကည့္ရင္း လူက စိတ္မထိန္းႏိုင္ေတာ့ေပ ။ ဒါေၾကာင့္ သူ ဂြၽန္လူႀကီးေနာက္ကိုသာ ထပ္လိုက္ဖို႔ ကား ငွားလိုက္သည္ ။ သူလည္း တကၠစီ သမားအား ဂြၽန္လူႀကီးရဲ႕ ကားေနာက္ ထပ္ၾကပ္မကြာ လိုက္ဖို႔ ေျပာလိုက္ေတာ့သည္။
ထယ္ေယာင္းလည္း ဂြၽန္လူႀကီးရဲ႕ ကားေနာက္က လိုက္ၾကည့္ေတာ့ ခုနက ထယ္ေယာင္းနဲ႔ တိုက္မိတဲ့ cafe ကို ျပန္သြားတာျဖစ္သည္ ။ ဂြၽန္လူႀကီးက ကားပါကင္ထိုးၿပီး ဆင္းသြားတာေၾကာင့္ ထယ္ေယာင္းလည္း ကားေပၚက ဆင္းကာ ဂြၽန္လူႀကီးေနာက္ လိုက္ လိုက္၏ ။
Cafe ထဲ ဝင္သြားတဲ့ ဂြၽန္လူႀကီးကို ရွာဖို႔ ထယ္ေယာင္းလည္း cafe ထဲ လိုက္ဝင္လိုက္၏ ။ လက္တစ္ဖက္က ေက်ာက္ပတ္တီး စည္းထားတာေၾကာင့္ ေနာက္တစ္ဖက္နဲ႔ပဲ တြန္းကာ ဖြင့္လိုက္သည္ ။ ဖြင့္ဖြင့္ခ်င္း ျမင္လိုက္တဲ့ ဂြၽန္လူႀကီးရဲ႕ ေက်ာျပင္နဲ႔အတူ ဂြၽန္လူႀကီး၏ မ်က္ႏွာခ်င္းမွာ ထိုင္ေနတဲ့ အမ်ိဳးသမီးတစ္ေယာက္ေၾကာင့္ ထယ္ေယာင္း ေျခလွမ္းေတြ ရပ္တန႔္သြား၏ ။
ေနာက္ဆုံး သူ႔ေမွ်ာ္လင့္ခ်က္ေတြလည္း ေရစုန္ေမ်ာၿပီ ။ သူ႔ရဲ႕ အခ်စ္ခရီးေလးက စ ေတာင္ မစရေသးဘူး ၿပီးသြားၿပီ ။ ဒီလို cafe မွာ မိန္းကေလးတစ္ေယာက္နဲ႔ ေတြ႕ေနတဲ့ ဂြၽန္လူႀကီးက Date လုပ္ေနတယ္ဆိုတာ လူတိုင္းသိတယ္ ဒါပင္မဲ့ ထယ္ေယာင္းကေတာ့ လက္မခံခ်င္ဘူး ျဖစ္ေနတယ္ ။ ဘာလို႔ ထိုလူႀကီးနဲ႔ ေနာက္က်မွ ဆုံခဲ့ရတာလည္း ဆိုတဲ့ အေပၚမွာသာ မေက်မနပ္ ေမးခြန္းထုတ္ေနခဲ့၏ ။ စိတ္ပ်က္လက္ပ်က္နဲ႔ အမွန္တရားကို လက္မခံခ်င္လည္း လက္ခံရေတာ့မည္ ။ သူစိတ္ကို သူေျဖကာ အိမ္ကိုသာ ျပန္ဖို႔ ျပင္လိုက္ေတာ့သည္ ။
****
ေဂ်ာင္ဂုလည္း ေကာင္ေလးအား အိမ္လိုက္ပို႔ခ်င္ပင္မဲ့ ခ်ိန္းထားတဲ့ အခ်ိန္က နီးကပ္ေနၿပီမို႔ ဒီတိုင္း ျပန္ဖို႔သာ ေျပာလိုက္ရ၏ ။ သူေျပာေတာ့ ရပါတယ္လို႔ေျပာၿပီး ေဆးခန္းလိုက္ပို႔ေပးလို႔ ေက်းဇူးတင္ေၾကာင္းႏွင့္ အခု သူ႔လက္ထဲမွာ ကိုင္ထားတဲ့ Candy ေလးကို ေက်းဇူးတင္တဲ့ အေနနဲ႔ ေကာင္ေလးက ေပးလိုက္ျခင္း ျဖစ္တယ္ ။ ဘယ္လိုေတာင္ ကေလးဆန္ေလာက္သလဲ...လူႀကီးကို သၾကားလုံးေပးၿပီး ေက်းဇူးတင္တာတဲ့ ။ ထိုေကာင္ေလးဆီ ေရာက္သြားတဲ့ အေတြးေတြ နဲ႔အတူ ႏႈတ္ခမ္းပါးထက္မွာ မသိမသာ အၿပဳံးေလးတစ္ခု ျဖတ္ေျပးသြားသည္ ။
"ေဂ်ာင္ဂုရွီး "
မိမိနာမည္အား ေခၚသံၾကားသည္မို႔ လည္ ျပန္ၾကည့္ေတာ့ Mr.Lee Min Joon ရဲ႕ သမီး လီယူနာ ပင္ ျဖစ္သည္ ။
"ဟုတ္ကဲ့ ၊ လီယူနာ လား ခင္ဗ် "
"ဟုတ္ပါတယ္ "
ေျပာလည္းေျပာ ေဂ်ာင္ဂုရဲ႕ ေရွ႕မွာ ဝင္ထိုင္ၿပီး စကား စ ေလ ၏ ။
"ကြၽန္မေခၚတာ ေတာ္ေတာ္ၾကာေနၿပီ ၊ ေဂ်ာင္ဂုရွီး က ဘာေတြ ေတြးၿပီး ၿပဳံးေနတာလဲ မသိ "
"အာ...ဘာမွ မဟုတ္ပါဘူး ဒီတိုင္းပဲ "
"ဟုတ္ကဲ့ ၊ အေဖက ကြၽန္မတို႔ ႏွစ္ေယာက္ကို လက္ထပ္ေစခ်င္တဲ့ အေၾကာင္း အေဖက ေျပာတယ္ ၊ အဲ့တာ ကြၽန္မက ျငင္းလို႔မရလို႔ ေဂ်ာင္ဂုရွီး ဘက္က ျငင္းေပးပါလား "
"အဲ့ဒါက ကြၽန္ေတာ့္ဘက္ကလည္း Mr.Leeကို ျငင္းလို႔မရတဲ့ ကတိေပးထားလို႔ ျငင္းလို႔မရဘူး ျဖစ္ေနတယ္ "
"ရွင္ ၊ ဒါဆို ဘယ္လို လုပ္မလဲ "
"ဒီတိုင္း ႏွစ္ဦးႏွစ္ဖက္ အက်ိဳးတူ ပူးေပါင္းတယ္လို႔ သတ္မွတ္လိုက္ၾကတာေပါ့ ၊ ဘယ္လိုလဲ "
"ေကာင္းသားပဲ ၊ ဒါဆို ကြၽန္မတို႔ တစ္ႏွစ္ေလာက္ ပူးေပါင္းၿပီး ေနာက္မွ ကြာရွင္းၾကမယ္ေလ "
"ေကာင္းပါၿပီ "
"ဒါဆို ကြၽန္မလည္း ကြၽန္မေကာင္မေလးကို အက်ိဳးအေၾကာင္း သြားေျပာလိုက္ဦးမယ္ "
"ခင္ဗ်ာ ၊ အာ...ဟုတ္ကဲ့ ၊ သြားပါ "
"ဒါဆို ေနာက္မွ ေတြ႕မယ္ေနာ္ "
"ဟုတ္ကဲ့ "
ေဂ်ာင္ဂုလည္း လီယူနာ ထြက္သြားတာကို ၾကည့္ၿပီး ၿပဳံးလိုက္မိသည္။ သူ႔အေဖ့ကို မလြန္ဆန္ႏိုင္လို႔သာ လက္ထပ္ပြဲကို မျငင္းႏိုင္တာ သူ႔ေကာင္မေလးကိုေတာ့ ခ်စ္ရွာသားလို႔ ေတြးလိုက္မိသည္ ။ သူကေတာ့ အခုထိ အခ်စ္ကို ရွာမေတြးေသးေပ ။ ဒါနဲ႔ ဟိုေကာင္ေလးေရာ အိမ္ကို ေကာင္းေကာင္း ျပန္ေရာက္ရဲ႕လား မသိ ။ ဟိုေကာင္ေလး ဆိုမွ လက္ထဲက Candy ေလးကို ၾကည့္ရင္း ဘယ္လို ကေလးဆန္တဲ့ အျပဳအမူ ေလးလဲ လို႔ ေတြးမိကာ ၿပဳံးမိျပန္၏ ။ ေဂ်ာင္ကု လည္း ထိုေကာင္ေလးနဲ႔ ေတြ႕မွ ခဏ ၊ ခဏ ၿပဳံးမိေန၏ ။
****
ေဂ်ာင္ဂုလည္း ယူနာနဲ႔ တိုင္ပင္ထားတဲ့ အတိုင္း အက်ိဳးတူ ႏွစ္ဦးႏွစ္ဖက္ ပူးေပါင္းတဲ့ လက္ထပ္စာခ်ဳပ္ကို ျပင္ဆင္ထားလိုက္၏ ။ လက္ထပ္ပြဲ အတြက္ ျပင္ဆင္စရာရွိတာ ျပင္ဆင္ၿပီး ဖိတ္စာ ကမ္းဖို႔ သူတို႔ႏွစ္ေယာက္ ထြက္လာလိုက္၏ ။ ဖိတ္စာေတြ အသီးသီး လိုက္ကမ္းၿပီး ေနာက္ဆုံးက်န္တဲ့ တစ္ခုကေတာ့ ကင္မ္ အိမ္ေတာ္အတြက္ ျဖစ္သည္ ။ ကင္မ္ အိမ္ေတာ္က အစ္ကို နမ္းဂြၽန္းနဲ႔ Gym မွာ ကတည္းက ညီအစ္ကိုလို ရင္းႏွီးသူမို႔ ဒါေၾကာင့္ ေဂ်ာင္ဂုလည္း ကင္မ္ အိမ္ေတာ္ကို ေမာင္းဖို႔ ျပင္လိုက္သည္ ။
ဟိုေရာက္ေတာ့ အစ္ကိုနမ္ဂြၽန္းကို ေတြ႕တာနဲ႔ သာေၾကာင္း မာေၾကာင္း ေျပာျဖစ္ၾကသည္ ။ မၾကာပါဘူး အိမ္ေရွ႕မွာ ထိုးရပ္လာတဲ့ ကားသံေၾကာင့္ အစ္ကို နမ္ဂြၽန္းက လွမ္းေမးလိုက္၏ ။
"သားႀကီး....လာထိုင္ ၊ မင္းညီေရာ "
"ကားေပၚမွာ ၊ ဆင္းမလာေသးဘူး "
ေျပာေျပာဆိုဆိုနဲ႔ ကားေပၚက ဆင္းကာ အိမ္ထဲ ဝင္လာတဲ့ ထယ္ေယာင္းေၾကာင့္ ျမင္ျမင္ခ်င္း ေဂ်ာင္ဂုလည္း အံ့ဩမိသည္ ။
'ဟင္...ဟိုေကာင္ေလး '
ေဂ်ာင္ဂုနည္းတူ ထယ္ေယာင္းလည္း မထင္ထားတဲ့ လူကို အိမ္ထဲမွာ ေတြ႕လိုက္တာေၾကာင့္ လူက ေရွာ့ရသြားသည္ ။ ေတာ္ေတာ္နဲ႔ သတိမကပ္တာ ေဖႀကီးေခၚမွ သတိျပန္ဝင္လာသည္။
"သားငယ္ ...လာေလ "
"ဟုတ္ "
ေျပာေျပာဆိုဆို ထယ္ေယာင္းလည္း အစ္ကိုႀကီး ေဘးနား ဝင္ထိုင္ကာ ေရွ႕က ထိုလူႀကီးနဲ႔ သူ႔ေဘးက အမ်ိဳးသမီးကိုသာ တစ္ခ်က္ၾကည့္လိုက္သည္ ။
"ဒါ J Group ရဲ႕ CEO Jeon Jungkook တဲ့ ၊ သူ႔ေဘးနားက အမ်ိဳးသမီးကေတာ့ သူ႔ရဲ႕ ဇနီးေလာင္းေလ ၊ ဖိတ္စာ လာကမ္းတာ အခုက သားတို႔နဲ႔ ႀကဳံတုန္း မိတ္ဆက္ေပးတာ ။ ေဂ်ာင္ဂုက အေဖ့အတြက္ ညီတစ္ေယာက္လိုပဲ ၊ ဦးေလး Jeon အတြက္ စိတ္မေကာင္းလည္း ျဖစ္မိတယ္ "
"....."
"ဘာပဲ ျဖစ္ျဖစ္ အခုလို ျဗဳန္းစားႀကီး လက္ထပ္သြားေတာ့ ငါက ပိုအံ့ဩသြားရတဲ့ ေဂ်ာင္ဂုရဲ႕ "
"ဟုတ္ကဲ့ ၊ အစ္ကို နမ္ဂြၽန္း ကြၽန္ေတာ္လည္း ျဗဳန္းစားႀကီး ထ စီစဥ္ျဖစ္သြားတာမို႔လို႔ပါ "
"ေအးပါ ၊ ဘာပဲျဖစ္ျဖသ္ ငါ့ညီအတြက္ အစ္ကိုက သိပ္ဝမ္းသာတယ္ သိလား "
"ဟုတ္ကဲ့ ၊ ေက်းဇူးပါ နမ္ဂြၽန္းေဟ်ာင္း "
သာေၾကာင္း ၊ မာေၾကာင္း ေျပာၿပီး ဖိတ္စာကမ္းကာ ထိုလူႀကီးက ျပန္သြားပင္မဲ့ ထယ္ေယာင္းမွာေတာ့ ဝမ္းနည္းလြန္းလို႔ အခန္းထဲ ဝင္ကာ တိတ္တဆိတ္ ငိုေႂကြးေနမိ၏ ။ လူတစ္ေယာက္ကို ခ်စ္ေနမိမယ္လည္း မထင္ခဲ့သလို ၊ အဲ့ဒီလူက ကိုယ့္ထက္ ၁၀ ႏွစ္ေလာက္ ႀကီးမဲ့ သူ ျဖစ္မယ္လို႔လည္း မထင္ခဲ့ေပ အခုေတာ့ သူအခ်စ္ဇာတ္လမ္းေလးက စ ေတာင္ မစဘဲ သိမ္းရေတာ့မယ္ မ ဟုတ္ပါလား ။
အခန္းထဲ မဝင္ခင္ လက္ထဲလည္း ထိုလူႀကီးရဲ႕ ဖိတ္စာကို ယူ ျဖစ္ေအာင္ ယူလာခဲ့ေသးသည္ ။ ငိုေနရင္း တန္းလန္းနဲ႔ ထိုလူ႔ဖိတ္စာ အား တစ္ခ်က္ ဖတ္လိုက္သည္ ။ ဖတ္ၾကည့္ေတာ့ လူက ပိုဆိုးတယ္ ၊ မ်က္ရည္ေတြ တားမရေအာင္ပင္ ပိုက်လာခဲ့သည္ ။
ရင္ေတြ နာလိုက္တာ ၊ ကိုယ္သေဘာက်ေနတဲ့ လူႀကီးက ကိုယ္မဟုတ္တဲ့ အျခားတစ္ေယာက္နဲ႔ လက္ထပ္ေတာ့မယ့္ အျဖစ္ကိုေပါ့ ။ နာက်င္စြာ ဖိတ္စာအား ၾကည့္လိုက္ၿပီး ထို ဖိတ္စာအား အိတ္ေဆာင္ ဓားေလးနဲ႔ ထိုးဆြ လိုက္သည္ ။ ထယ္ေယာင္း ထိုးဆြ ထားတဲ့ ဖိတ္စာေလးဟာ အျပင္က ၾကည့္ရင္ အေကာင္းလို႔ ထင္ရပင္မဲ့ အတြင္းပိုင္းမွာေတာ့ ဓားရာ ေလးေတြ ထင္း ေနသည္ ။ ထယ္ေယာင္းလည္း ထိုးလို႔ ဝ မွ ဖိတ္စာအား သူ႔ေနရာသူ ပုံမပ်က္ဘဲ ျပန္ထားကာ ခပ္တည္တည္နဲ႔ အခန္းထဲ ျပန္ဝင္လာလိုက္သည္ ။
𝚊𝚞𝚐𝚞𝚜𝚝𝚛𝚊𝚒𝚗
13.12.23 //9:32pm//
*ဒါေလး အရင္က ႀကိဳေရးထားတာ ရွိလို႔ အပ္ေပး ႏိုင္တာ
*အခုခ်ိန္ ဒီလိုစိတ္နဲ႔ ဘာမွကို မေရးႏိုင္ဘူး ၊ လူက လိုင္းေပါတက္လည္း ငိုခ်င္ ၊ vd ေတြ ၾကည့္လည္း ငိုခ်င္၊ သီခ်င္းေတြ နားေထာင္လည္း ငိုခ်င္ေနတာ 😭