Jeon's Angelic Omega

Caterpillar2Nabi द्वारा

83.8K 11.2K 13.2K

Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin] अधिक

𝐈𝐧𝐭𝐫𝐨
Pt.1
Pt.2
Pt.3
Pt.4
Pt.5
Pt.6
Pt.7
Pt.8
Pt.9
Pt.10
Pt.11
Pt.12
Pt.13
Pt.14
Pt.15
Pt.16
Pt.17
Pt.18
Pt.19
Pt.21
Pt.22
Pt.23
Pt.24
Pt.25
Pt.26
Pt.27
Pt.28
Pt.29 🚨
Pt.30
Pt.31
Pt.32
Pt.33
Pt.34 🚨
Pt.35
Pt.36
Pt.37
Pt.38
Pt.39
Pt.40

Pt.20

2.1K 279 348
Caterpillar2Nabi द्वारा

🦋 ဒီတခါလည်း ဇာတ်ကောင်တချို့နဲ့ဆိုင်တာလေး နည်းနည်းအရင်ပြောချင်လို့ ပျင်းတယ်ဆိုရင် ကျော်ဖတ်ကြပါ..

အရင်ပတ်က Chapter မှာ Jungkookတို့တွေ Jeon အိမ်တော်ထဲမှာတင် အသွင်ပြောင်းကြတဲ့အခန်း မှတ်မိတယ်ဟုတ်? အဲ့မှာ အသွင်ပြောင်းကုန်ရဲ့သားနဲ့ လူလိုစကားပြောကြတာ သတိထားမိမယ်ထင်တယ်.. တချို့ကလဲ ၀ံပုလွေလို ဖြစ်ကုန်ရဲ့နဲ့လူစကားပြောတယ်လို့ ထင်ကြသူရှိတယ်.. အဲ့ဒါလေး နည်းနည်းရှင်းပြချင်လို့ပါ...

Omegaverse မှာ အသွင်ပြောင်းတယ်ဆိုတာ အဆင့်ဆင့်ရှိပါတယ်.. လူကနေ ၀ံပုလွေလုံးလုံးမဖြစ်ခင် အသွင်အမျိုးမျိုးဖြတ်သန်းရပါတယ်..

အဲ့ဒီမှာ ကြားအဆင့် Werewolf ဆိုတာရှိပါတယ်.. သူကျတော့ လူလိုမတ်တပ်ရပ်တယ်၊ မျက်နှာကလဲ လူနဲ့ခပ်ဆင်ဆင်ပဲ..

Teen Wolf ကြည့်ဖူးရင် အဲ့ထဲက ဇာတ်လိုက်တွေက Werewolf အဆင့်တွေပါ.. အချင်းချင်းဆက်သွယ်ရင် လူအသံ၊ လူလိုစကားပြောပါတယ်..

အဲ့ညက Jungkook ကလည်း Werewolf အဆင့်မို့ လူလိုပဲ ခြေနှစ်ချောင်းပေါ် မတ်တပ်ရပ်နေတာဖြစ်ပီး ပစ္စည်းတွေကိုပါ လက်နှစ်ဖက်နဲ့ ကိုင်ပေါက်နိုင်တာဖြစ်ပါတယ် (သူတို့မိတ်ကို အမှတ်အသား ပေးတော့မယ်ဆိုရင်လည်း ဒီလိုလူပုံစံကိုမှ အစွယ်တွေထွက်လာပီး အမှတ်အသားပေးမှာပါ.. ဟိုလိုကြီး ၀ံပုလွေတွေလိုခုန်ပီး သူ့မိတ်ကိုကိုက်မှာ မဟုတ်ပါဘူးနော် 😅)

ပီးတော့ Jeon အိမ်မ,ဆောင်ကြီးထဲမှာရှိသမျှ Alphaတွေ (ကိုကိုကြီးနဲ့ Mr Jeonအပါအ၀င်) အသွင်ပြောင်းပီး Jungkook ကို တားဖို့ပြင်နေကြတယ်ဆိုတာ ဒီလို Werewolf ပုံစံတွေနဲ့ပါ.. Jungkook ကိုယ်တိုင်က ၀ံပုလွေပုံစံလုံးလုံးမပြောင်းသေးတာမို့ သူတို့ကလဲ လူတစ်ပိုင်း,၊ ၀ံပုလွေတစ်ပိုင်း အနေအထားနဲ့အသင့်ပြင်ထားတာပါ...

Jungkook ကိုယ်တိုင်လဲ Werewolf အဆင့်မို့ Seokjin ကို သူ့လက်နှစ်ဖက်နဲ့ ဖြစ်ညှစ်ကိုင်လို့ရတာပါ.. တခုရှိတာက သူက ၀ံပုလွေအဆင့်ရောက်ဖို့ အရမ်းကို နီးကပ်နေပီမို့ မျက်နှာအသွင်အပြင်ကတော့ ၀ံပုလွေဖက်ကိုကူးနေပီး ကြောက်စရာ သွားကြီးနဲ့ဖြစ်နေတာပါ.. အသံကအစ လူသံမထွက်တော့ပဲ တဂါးဂါးပဲ ထွက်လာတော့တာ..

မရှင်းတာရှိရင် မန့်မှာ မေးသွားလို့ရတယ်နော်.. နာဘီက ရေးတုန်းကတော့ ကိုယ့်ဖာသာယုတ္တိရှိတယ် ထင်လိုက်ပေမဲ့ တခါတလေ ကိုယ့်အရေးအသားမှာ လိုအပ်တာရှိရင် တဖက်က ဖတ်နေရင်း မျက်လုံးထဲ ပုံမပေါ်တာမျိုးရှိနိုင်တာမို့ မေးတဲ့သူရှိရင်ကိုပဲ ကျေးဇူးတင်ပါတယ်..

နောက်တခုက Jeon အိမ်တော်ရဲ့အိမ်မ,ဆောင်ကြီးအနေအထား၊ အကျယ်အ၀န်း..

သူတို့လိုလူအုပ်ကြီး တိုက်ခိုက်နိုင်ရလောက်အောင် ဆန့်ပါ့မလားထင်နေကြသူတွေအတွက်..

နာဘီ့ JAO fic ထဲက Jeon အိမ်တော်က X-Mansion လို ကြီးပါတယ်..



အဲ့ဒါမို့ Jeon အိမ်တော်ရဲ့ ဧည့်ခန်း အိမ်မ,ဆောင်ကြီးကလဲ တိုက်ခိုက်ဖို့အတွက် ကျယ်ပါတယ်... နောက်လဲ တိုက်ပွဲဖြစ်ဦးမှာမို့ Jeon အိမ်တော်ရဲ့ ဧည့်ခန်းအနေအထားကိုတချက်ပြတာပါ (ဒါက Spoiler) 🦋

"အာ့.."

စပ်သွားသောကြောင့် Seokjin ထံမှ ညည်းသံအနည်းငယ် ထွက်လာသည်..

"မင်းမို့လို့ မိုက်တိမိုက်ကန်း Jungkook အဲ့လိုဖြစ်နေတာကို ရှေ့တိုးသွားသေး"

အရက်ပြန်နှင့် Seokjin ၏ လက်မောင်းမှဒဏ်ရာကို သန့်စင်ပေးနေရင်း အိမ်တော်ထိန်းမင် ပြောနေသည်...

Seokjin ကတော့ ဘာမှပြန်မပြောပဲ အံကြိတ်ပီးသာ နေ,နေသည်...

ခုက သူ ခဏနေရှုတင်ရှိတာမို့ အိမ်ကနေ ဒဏ်ရာကိုဆေးထည့်နေတာ...

"ဒါပေမဲ့ တော်ပါသေးတယ်.. Jungkook ကိုထိန်းချုပ်လို့ ရနိုင်တာပဲ... ငါတို့တွေ တခါမှသူ ဒီလိုဖြစ်တာ မမြင်ဖူးဘူး...ကြောက်စရာကောင်းလိုက်တာ"

Seokjin ခပ်မဆိတ်သာ နေလိုက်သည်... သူ Jungkookရဲ့ဒီလိုပုံစံကို မြင်ဖူးတာ ခု ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ...

ဒီလောက်ကြီး ပိုပို,ကြောက်စရာကောင်းလာတာက လွဲရင်ပေါ့လေ...

"ဒါနဲ့ အဲ့နေ့က ဘယ်လိုဖြစ်တာလဲ"

Seokjin ၏လက်မောင်း၂ဖက်ကို ပတ်တီးဖြင့် သေချာစည်းပေးနေရင်း အိမ်တော်ထိန်းမင်က မေးလိုက်ရာ...

"အဲ့နေ့ညနေက ကုမ္မဏီကားကြီးက ချောက်ထဲထိုးကျသွားတော့ သူများတွေလိုပဲ ကျွန်တော်ရော Jiminရော ထွက်ကျသွားတယ်... တခြားသူတွေကို ဆေးရုံကားတွေက အသီးသီး လာခေါ်သွားတဲ့အချိန်မှာကျွန်တော်တို့က ခြုံတွေကြားထဲမှာ မေ့နေတာ"

"အင်း"

"သတိရလာတော့ အနားမှာ ဘယ်သူမှမရှိတော့ဘူး...ကျွန်တော်တို့လဲ အားတင်းပီး အပေါ်ပြန်တက်၊ ပီးမှ တွေ့တဲ့ကား တားစီးပီး အနီးဆုံးဆေးရုံကို သွားလိုက်တာ"

"သြော်.. အဲ့ဒါမို့ ကိုယ်တို့ နောက်တခေါက်ပြန်သွားရှာတော့ မတွေ့တော့တာကိုး"

"ကျွန်တော်တို့က ဖုန်းလဲ ဘယ်ရောက်မှန်းမသိ၊ ဆေးလဲ သွင်းထားရတာမို့ ဘယ်သူ့မှတောင် မဆက်သွယ်နိုင်ပဲ ဆေးရုံပေါ်မှာတင် အဲ့ညက အိပ်ပျော်သွားကြတာ"

"အင်း... ဆိုးဆိုး၀ါး၀ါးမဖြစ်တာပဲကျေးဇူးတင်ရမယ်.. ရှုတင်မှာ ရိုက်လို့ရော အဆင်ပြေပါ့မလား"

"ပြေပါတယ်.. ဆေးလည်းသောက်လိုက်မယ်"

ထိုစဉ် Jungkook ၏ အခန်းထဲ၌...

💬 သခင်လေး Jungkook .. Accident ဖြစ်တုန်းက လက်သည်တရားခံသိရပြီ... သခင်လေးရဲ့ဖုန်းထဲကို ဗွီဒီယိုဖိုင် ပို့လိုက်မယ်

တောင်ခနဲ ၀င်လာသည့်သံနှင့်အတူ Accident ဖြစ်သည့်ညနေက မှောင်ရီ၀ိုးတ၀ါးအချိန်၌ မြင်လိုက်ရသောလူသဏ္ဍာန်နှင့် ခိုးကြောင်ခိုး၀ှက်လုပ်ရပ်..

တောက်ခ် !! တွေ့ကြပီပေါ့ကွာ..

~~~~~~~~~~~××××××××××~~~~~~~~~~~

ခု Seokjin က Photo Shoot တခုရှိသည်မို့ ကုမ္မဏီက Studio မှာ ညနက်သည့်အထိ ရိုက်ပေးနေတာ..

လက်ကဒဏ်ရာ သိပ်မကျက်သေးတာမို့ လက်ရှည်၀တ်ပီး ရိုက်ရသည့်ပုံများကိုသာရိုက်‌ပေးနေသည်...

ခဏနေတော့ အကုန်လုံးလည်း ပြန်ဖို့ပြင်နေကြပြီမို့ သူလည်း ကုမ္မဏီသန့်စင်ခန်းရှိရာဖက်သို့ လျှောက်လာလိုက်သည်..

အပေါ့အပါးသွားပြီး လက်ဆေးနေစဥ် မှန်ရိပ်ထဲမှာ ဖြတ်ခနဲမြင်လိုက်သည်က Jun.K ...

ရုတ်တရက်မို့ ထိတ်ခနဲ လန့်သွားသော်လည်း သူ ပြန်ထိန်းလိုက်နိုင်သည်..

"Seokjinnie.. လက်မောင်းကအနာသက်သာပြီလား"

Seokjin ခပ်တည်တည်သာ ပြန်ကြည့်ပြီး စကားတခွန်းမှ မပြောချေ...

ထိုစဥ် သန့်စင်ခန်းထဲသို့ ထပ်၀င်လာသော Jun.K ၏ နောက်လိုက်အစေအပါးများ..

Seokjin မျက်မှောင်ကျုံ့လိုက်ပြီး..

"ဘာဖြစ်ချင်တာလဲ Min Jun hyung"

"ဟက်.. သဘောပေါက်လွယ်သားပဲ Kim Seokjin ... ငါ အခု ကိုယ်ပိုင်ကုမ္မဏီထောင်မလို့... မင်း ငါ့ဆီမှာ model လာလုပ်ရမယ်"

သူရှိရာသို့ Jun.Kလျှောက်လာပီး ခြေဆုံးခေါင်းဆုံးကြည့်ကာ အပိုင်ပြောနေတော့..

"ရူးနေလား"

"ဘာ.. ငါ့ကိုများ ဘယ်လိုပြောလိုက်တယ်?"

Seokjin လက်ဆေးပီး အနည်းငယ်တင်ကျန်နေသော ရေစက်များကိုခါနေရင်း မှန်ကြည့်မပျက်ပဲ..

"Hyung က အသက်ကြီးလာလို့လားမသိဘူး.. အကြားအာရုံတွေလဲ မကောင်းတော့ဘူးထင်တယ်"

နဂိုတည်းက ဒေါသထွက်လွယ်သူ Jun.K သည် ဆက်၍ပင် ဟန်မဆောင်နိုင်တော့ပေ...

၀ုန်း !!

အာ့ !!

Seokjin ကို လက်မောင်း၂ဖက်မှ ချုပ်ကိုင်ပီး ဘေးကနံရံနှင့်ကပ်ကာ ဆောင့်တွန်းလိုက်တော့ Seokjin ၏ မျက်နှာလေး မဲ့သွားရသည်...

"မင်းကို တန်ရာတန်ကြေးပေးပီးခေါ်နေတာ.. အမျိုးမို့လို့ အလကား ခိုင်းစားမှာမဟုတ်ဘူး"

"အော ဟော.. ကျေးဇူးတင်ပါတယ်.. ဒါပေမဲ့လည်း ဆောရီးပဲ.. ကျွန်တော်စိတ်မ၀င်စားဘူး"

လက်မောင်းမှဒဏ်ရာက စူးပီး နာလာသော်လည်း မျက်နှာတချက်မပျက် Seokjin ပြန်ပြောလိုက်သည်...

"တောက်ခ်!! ဟိုနေ့က ချောက်ထဲကျသွားတဲ့ကားနဲ့ မင်း တခါတည်းသေသွားရမှာ... $ ကောင်းကျိုး မပေးတဲ့ကောင်လေး"

Seokjin သူ့နား, နားကို ကပ်ကာပြောလိုက်သည့် Jun. K ကြောင့်..

"ကားဘရိတ်ပေါက်တာ Hyung လက်ချက်ကိုး"

"ဟက်... ငါက Jungkook တစ်ယောက် အရူးမီး၀ိုင်းဖြစ်တာကို မြင်ချင်ရုံပါ... သူ့ရည်းစားရယ်၊ မင်းရယ် တခါတည်း ချောက်ထဲကျပီးသေသွားရင် ဘယ်လို ဖြစ်ကျန်ခဲ့မလဲလို့ သိချင်ရုံလေးပဲ"

ထိုစဉ်...

KIM MIN JUN !!!

Jungkook ၏ အော်သံနက်နက်ကြီးကြောင့် Seokjin ပင် တုန်တက်သွားရသည်..

ဒီတခါတော့ အပေါင်းအဖော်တချို့နှင့်မို့ သိပ်မတုန်လှုပ်သော Jun.K သည် Seokjin ကိုချုပ်ကိုင်ထားရာမှ လွတ်လိုက်သည်...

ထို့နောက် Jungkook ဖက်သို့ ဟန်ပါပါလှည့်ကြည့်ကာ...

"ဒီတစ်ခါတော့ ကျောက်ပတ်တီးကိုင်ခံရမှာက မင်းဖြစ်မယ်ထင်တယ်.. ဟက်"

Jungkook ၏အကြည့်များက Seokjin လက်မောင်းဒဏ်ရာမှ စိမ့်ထွက်လာသော သွေးစအနည်းငယ်ကို မြင်လိုက်ချိန်တွင် လက်သီးကိုတင်းတင်းဆုပ်လိုက်ပီး သူ ဘာမှမထိန်းချုပ်လိုက်နိုင်ခင်တွင် မျက်လုံးအရောင်များ စတင်ပြောင်းလာလေပြီ..

"No no no.. Jungkook !!"

Seokjin ၏ အလန့်တကြားတားမြစ်သံနှင့်အတူ အလျင်အမြန်ကိုပင် အသွင်ပြောင်းသွားသော Jungkook သည် ဘယ်လောက်တောင် ရန်လိုနေပါလိမ့်...

"Jungkook မလုပ်နဲ့.. မလုပ်နဲ့"

Seokjin ကြိုးစား၍ တားလိုက်သော်လည်း မမီတော့ချေ...

အားးး

Jungkook အလင်းထက်မြန်သည့်နှုန်းနှင့် Jun.K နား ကပ်သွားကာ လက်သည်းရှည်ကြီးများဖြင့် တချက်တည်း ဆွဲဖြတ်လိုက်သည်က Jun.K၏ ခန့်ညားလှသည့် မျက်နှာ၊ မေးရိုးတလျှောက်နှင့် လည်ပင်းသွေးကြောရှိရာဆီ...

အသွင်ပြောင်းချိန်တောင် မရလိုက်၊ ဘာမှ မခုခံလိုက်ရပဲ ဒူးထောက်လျက်သား ထိုင်ကျသွားကာ မေးရိုးနှင့်လည်ပင်းရှိရာမှ သွေးငေါက်ခနဲ ပန်းထွက်လာနေသော Jun.K သည် ဆန့်ငင်ဆန့်ငင်ဖြင့်...

"Jungkook မလုပ်နဲ့... တော်ပီ.. တော်တော့"

Jungkook ၏ခါးကို အနောက်မှ အတင်းဖက်ထားကာ တောင်းပန်တိုးလျှိုးနေသော Seokjinသည် သူ့ Pheromone များဖြင့် Jungkook ကို ထိန်းချုပ်ဖို့ကိုတောင် သတိမရတော့ချေ...

ထူပူနေသောစိတ်ကြောင့် Seokjin အသံများပင် မထွက်နိုင်တော့ချေ.. သို့ရာတွင် Jungkook ကိုတော့ တင်းကြပ်နေအောင်ဖက်ထားဆဲ...

နောက်ဆုံးပွဲသိမ်းပေးရန် Jungkook က Jun.Kဆီ ကပ်သွားမည်အလုပ်တွင်..

"Jungkook... ငါ တောင်းပန်ပါတယ်၊ မလုပ်ပါနဲ့တော့"

Seokjin ငိုသံပါ, ပါလာတော့ Jungkook ခဏငြိမ်သွားချိန်တွင်...

"ဘာကြောင်ကြည့်နေကြတာလဲ... သူ့ကို ခေါ်သွားကြလေ"

Jun.K ၏အပေါင်းအဖော်များကို Seokjin ခပ်ငေါက်ငေါက်အော်လိုက်သည်...

အစကတော့ သူအရင်ဖြဲမယ်၊ ကိုယ်အရင်ဖြဲမယ်ရုပ်နှင့် လူမိုက်များကလဲ Jun.K၏ ဆန့်ငင်ဆန့်ငင်ပုံစံကြောင့် သူတို့လူကို သူတို့အမြန်ထမ်းပိုးကာ သန့်စင်ခန်းထဲမှ ထွက်သွားကြလေသည်...

ကျန်ရစ်ခဲ့သော Seokjin တို့နှစ်ယောက်သား ငြိမ်သက်နေစဉ်...

"ခြေသံကြားတယ် Jungkook အိမ်သာထဲ၀င်နေစမ်း"

"ဘာလို့၀င်ရမှာလဲ.. ဘယ်သူမြင်မြင်ပေါ့"

"ဟာ့... မင်းရဲ့ဒီပုံစံကြီးကို မြင်စေချင်တာလား.. နောက်ရက် သတင်းစာခေါင်းစီးပိုင်းမှာ Jeon Group ရဲ့ Director က Hope Entertainment က သန့်စင်ခန်းထဲမှာ သွေးတွေလူးနေပီး အသွင်ပြောင်းနေတယ်ဆိုတာမျိုး ပါချင်တာလား"

"ငါဂရုမစိုက်ဘူး"

"ဒါပေမဲ့ မင်းအဖေတော့ ဂရုစိုက်မယ်ထင်တာပဲ"

"F**k !!"

"သွေးတွေ ငါရှင်းထားမယ်.. မင်း Toilet Room ထဲ၀င်ပီး လူပုံပြန်ပြောင်းထား.. မင်းအရပ်ကြီးနဲ့ လူတွေသိကုန်မယ်"

Jungkook နီးစပ်ရာ Toilet room ထဲလှစ်ခနဲ၀င်နေပီး လူအသွင်ပြောင်းနေခိုက် Seokjin စောနက Jungkook ဆီမှ ပြဲထွက်လာသော အ၀တ်စများဖြင့် ကြမ်းပြင်နှင့် ဘေးနံရံက Jun.Kဆီမှ ထွက်လာသောသွေးများကို အသည်းအသန် သုတ်နေလေသည်...

တော်သေးသည်.. Jun.Kတယောက်တည်းပစ်မှတ်ဖြစ်သွားလို့... Jun.Kရဲ့နောက်လိုက်တွေကိုပါ လုပ်လိုက်ရင် ဒီတခန်းလုံး သူ မရှင်းနိုင်တော့ပေ...

ခြေသံက သန့်စင်ခန်းကိုကျော်သွားလို့ တော်သေးသည်... သွေးခြင်းခြင်းရဲနေသော အ၀တ်စကို ဘေစင်ထဲတွင်ထည့်ကာ ရေပြင်းပြင်းဖွင့်ချရင်း အမြန်ညှစ်နေရသည်...

ထို့နောက် ရေစို၀တ်နှင့်တခါ ထပ်တိုက်ကာ ခြေရာလက်ရာ အတော်‌ဖျောက်ပီးသွား‌တော့..

"Seokjin"

"ဟမ်"

Toilet Roomထဲမှ သူ့ကိုခေါ်သံကြောင့် အမြန်လျှောက်သွားရာ..

S**t !!

အိမ်သာခွက်ကို အဖုံး,ဖုံးကာ အိမ်သာဖုံးပေါ် ခြေထောက်ချိတ်ထိုင်နေသော Jungkook...

စောနက အမွေးအမျှင်တချို့နဲ့မို့ မမြင်ရတာ၊ ခုက လက်မောင်းတလျှောက်က တက်တူးတွေရယ်၊ ရင်ဘတ်က အမြောင်းမြောင်းထနေတဲ့ ကြွက်သားတွေရယ်၊ အိမ်သာခွက်အဖုံးပေါ်မှာ ခြေနှစ်ချောင်းချိတ်ထိုင်ထားလို့ ဖွားဖက်တော်လုံရုံ ပေါင်တံတင်းတင်းရယ်..

အိမ်သာတံခါး၀မှာ ကြောင်စီစီရပ်ကြည့်နေတဲ့ သူ့ကို Jungkook က ရှုတည်တည်နှင့်ကြည့်နေတာများ မသိရင် သူ့ကိုယ်သူ Nude Model လိုပဲ... ခြေချိတ်မပျက်...

Jungkook တို့ လုပ်ချင်တာလုပ်ပီးရင် အနောက်ကနေ လိုက်ရှင်းရမှာက သူ့တာ၀န်ကျလို့... ခုလဲ Jungkook ကိုယ်ပေါ် အ၀တ်ရောက်ရေးက သူ့အရေးဖြစ်နေပီ..

ဒါပေမဲ့ သူ့မှာလဲ ငယ်ငယ်ကလို ချွတ်ပေးစရာဘာမှမရှိဘူး.. ခု၀တ်ထားတာ ချွတ်ပေးလို့လည်း ဘယ်လိုမှ မတော်နိုင်ဘူး...

ထိုစဥ် သန့်စင်ခန်းဆီ ဦးတည်လျှောက်လာနေသည်ဟု ထင်ရသောခြေသံကြောင့်..

အု !!

Seokjin ၏နှုတ်ခမ်းများကို လက်ဖြင့်အမြန်ဖိပိတ်ပီး သူရှိရာ Toilet Room ထဲ ဆွဲသွင်းလိုက်သော Jungkook..

"ရှူး.. တိုးတိုး"

ဖိနပ်သံ တဖြတ်ဖြတ်နှင့်အတူ သန့်စင်ခန်းထဲ၀င်လာသော ခြေသံကြောင့် နှစ်ယောက်စလုံး ရင်တဒိတ်ဒိတ်ခုန်လာသည်..

Seokjin မှာလည်း အပြင်မှာ သူလက်စလက်နဖျောက်ခဲ့တာ ပြောင်ရဲ့လားဟု အမြန်စဥ်းစားနေရသည်...

အရေးထဲ ဒီလို Toilet Room ကျဥ်းကျဥ်းလေးထဲမှာ Jungkook နဲ့ ဒီလိုကြီး နေ,နေရတာ ဘယ်လိုမှ အဆင်မပြေနေဘူး.. သူကအ၀တ်အပြည့်နဲ့မို့ အသားချင်း ထိမနေတောင် သူ့ကို တင်းတင်းဖက်ထားပီး သူ့နှုတ်ခမ်းကို လက်နဲ့ဖိပိတ်ထားတဲ့ Jungkook ကြောင့် ပူးကပ်နေတာ..

သကောင့်သားက ဖောင်ပြင်နဲ့မို့ Seokjin မှာ မြေလျှိုး၊ မိုးသာ ပျံသွားလိုက်ချင်...

"သွားပီလားမသိဘူး.. အသံမကြားတော့ဘူး"

Jungkook သူ့နားရွက်ဖျားနား ကပ်ကာ လေသံဖြင့် ပြောလိုက်တော့ Seokjin နားတွေလဲထူပူပီး ကြက်သီးတွေပါ ထသွားရပြန်သည်...

သူ Jungkook ကို တံတောင်ဖြင့် အသာတွတ်ကာ နှုတ်ခမ်းကိုအုပ်ထားသည့်လက်ကို ဖယ်ပေးရန် အမူအယာပြတော့ Jungkook အသာဖယ်ပေးသည်..

"ငါ အခြေအနေထွက်ကြည့်လိုက်မယ်.. အ၀တ်လဲခန်းထဲကနေလည်း အ၀တ်တွေသွားယူလာပေးမယ်.. ဘယ်မှမသွားပဲ ဒီကနေစောင့်နေ"

သူ နှုတ်ခမ်းလှုပ်ရုံလေးသာ လေသံဖြင့်ပြောတော့ တလှုပ်လှုပ်ပြောနေသော သူ့နှုတ်ခမ်းများကို Jungkook က စိုက်ကြည့်နေရင်း..

"ဒီပုံနဲ့ထွက်ရအောင် ငါကအရူးလား"

သူ့ကို ဘုဆတ်ဆတ်ပြန်ပြောလာသည်...

"ရူးနေလို့ အခြေနေ၊ အချိန်ခါမကြည့် အသွင်ပြောင်းတာလေ... အရူးကောင်.. တောက်ခ်"

စိတ်ရှိလက်ရှိတိုင်းသာဆို Jungkook ကို လက်သီးနဲ့ ၅ချက်လောက် ထိုးပစ်လိုက်ချင်သည်.. ဒါပေမဲ့ စိတ်ထိန်း Seokjin စိတ်ထိန်း..

Seokjin အသက်ပြင်းပြင်းရှူကာ တံခါးကိုအသာဖွင့်လိုက်တော့..

S**t !!

ရုတ်တရက် လည်ပတ်နေသည့် သွေးများပင်အေးခဲသွားသလို...

သူနှင့် Jungkook တို့ရှိရာ Toilet Room ရှေ့တည့်တည့်မှာ ဘေစင်ကိုမှီရင်း လက်ပိုက်ကာကြည့်နေသော Park Jimin..

၀ုန်းခနဲထလာသော Jungkook ကြောင့် Seokjin မှာ Toilet တံခါးကို အလျင်အမြန်ပိတ်လိုက်ကာ..

"Ji..Jimin.."

"ဘယ်လိုလဲ Toilet Room ထဲမှာ ခိုးစားရတဲ့အရသာကောင်းရဲ့လား Kim Seokjin"

"မင်းအထင်လွဲနေတာ Jimin"

Seokjin ရှင်းပြရန် အရှေ့သို့တိုးသွားတော့...

"အောက်တန်းစား"

ပြောရင်း သူ့ကိုရိုက်ရန် Jimin က လက်ကိုရွယ်လိုက်သည်...

သို့ရာတွင် သူ့လက်ကို ဖတ်ခနဲ ဖမ်းကိုင်လိုက်သော Seokjin...

"ငါတို့ ဘာအမှားမှ မလုပ်ထားတာမို့ ငါ့ကိုထိဖို့မကြံနဲ့"

၀ုန်း !!

Toilet room တံခါးကို ဆွဲဖွင့်လိုက်သော Jungkook...

"မင်းကိုငါ သတိပေးထားတယ်နော် Park Jimin.. ဘာအကြောင်းနဲ့မှ Seokjin ကို မထိဖို့"

Seokjin ကတော့ သူ့နောက်မှာရပ်နေသည့် Jungkook က အ၀တ်အစားမပါမှာ သိနေတာမို့ စိတ်ပျက်လက်ပျက်သာ မျက်လုံးများမှိတ်ထားလိုက်မိသည်..

တောက်ခ်!!

ဒေါသတကြီးဖြင့် ခြေဆောင့်ကာ ထွက်သွားသော Jimin ကိုကြည့်ကာ..

"မင်းက ပြဿနာကို မီးခွက်ထွန်းရှာတဲ့ကောင်ပဲ Jungkook"

နောက်လှည့်မကြည့်ပဲ Seokjin ရေရွတ်လိုက်ကာ...

"ငါပြန်မလာမချင်း Toilet Roomထဲ ပြန်၀င်နေ"

Jungkook ကိုပြောကာ သူ စိတ်ရှုပ်ထွေးစွာဖြင့် သန့်စင်ခန်းအပြင်ရှိရာ ထွက်လာလိုက်သည်...

~~~~~~~~~~~××××××××××~~~~~~~~~~~

💬 Park Jiminကို ရှင်းပြဖို့လိုရင်ပြော၊ ငါလာခဲ့မယ်

Seokjin စာတိုတစ်စောင် Jungkook ဆီသို့ ပို့လိုက်သည်...

💬 မလိုဘူး

Jungkook ဆီမှ သူ့ထက်တောင်တိုတိုတုတ်တုတ်ပြန်လာသည့်စာ...

ထိုစဥ်..

"Seokjin"

သူဖုန်းကိုအသာပိတ်ကာ..

"ကိုကိုကြီး"

"အိမ်ပြန်တော့မှာမလား.. ညစာအပြင်မှာသွားစားကြစို့"

"Umm..ကျွန်တော်.."

"Jiminတို့လဲရောက်နေတာ.. အတူစားပြီး ပြန်ကြစို့.. Jimin က ပြောစရာရှိတယ်တဲ့"

Seokjin ခန္ဓာကိုယ်လေး အနည်းငယ်တောင့်သွားရသည်..

ဘာများပြောမှာပါလိမ့်.. စောနကကိစ္စကအထင်လွဲတာပဲကို...

ငြင်းလို့လဲမကောင်းသည်မို့ သူ Jeon Hoseok နှင့်သာ Booking ယူထားသည့်စားသောက်ဆိုင်သို့ အတူသွားလိုက်သည်...

စားသောက်ဆိုင်၌...

"Seokjin စား"

"ကျေးဇူးပဲ ကိုကိုကြီး"

Jungkook သူ့မျက်စိရှေ့မှ နှစ်ယောက်ကိုကြည့်ရင်း အတော်လေးကို မျက်စိစပါးမွေးစူးနေရလေသည်...

ဘ၀မှာ တခါမှ Seokjin ကို တယောက်ယောက်က ဂရုစိုက်နေတာကို သူ ထိုင်ကြည့်နေရလိမ့်မယ်လို့ မတွေးဖူးပေ...

အနှီ Omega ကလဲ သူ့ကျရင်သာ ဒေါသကုမ္မာရရုပ်နဲ့ ၊ Jeon Hoseokကိုကျတော့ဟုတ်ကဲ့ ကိုကိုကြီး ၊ ကျေးဇူးပဲ ကိုကိုကြီးနဲ့..

ဒီကြားထဲ သူသဘောကျတဲ့ အစားအစာများစားမိရင် သေးသေးလေးပြုံးလိုက်သေးတယ်... မုန်းလိုက်တာ...

Jungkookမှာ စားသာစားနေရတာ ၊ ပါးစပ်ထဲရောက်နေတာ ဘာတွေမှန်းတောင် မသိတော့ပေ...

"Jeon.. Jeon.."

"ဟင်.. ဟင်.."

"ဘာတွေတွေးနေတာလဲ Jeon.. ဒီမှာ မေးနေတာကို"

ဘေးက Jimin ဘာပြောနေသည်ကိုလဲ သူ မကြားပေ...

"Ummm...အလုပ်အကြောင်း အတွေးရောက်နေလို့.. Jimin ဘာမေးလိုက်တာလဲ"

"ဂျီမေးတာမဟုတ်ဘူး.. ကိုကိုကြီးက မေးနေတာ"

သူနှင့် တစောင်းတွင်ထိုင်နေသော Jeon Hoseokကတော့ အိ‌န္ဒြေရလှသည်...

သူ့ပန်းကန်ထဲမှ လှီးဖြတ်ထားသောအသားများကို Seokjin၏ ပန်းကန်ထဲ ပြောင်းထည့်ပေးနေရင်း စကားကိုလဲ အလျင်မပြတ်စေရ...

"ဘာမေးလိုက်တာလဲ Jeon Hoseok shi"

Jungkook ၏အမေးကို Jeon Hoseok က...

"မင်းကုမ္မဏီအတွက် အပ်ထားတဲ့ကြော်ငြာက ခုထိ စိတ်ကျေနပ်မှုရှိလားလို့မေးတာ"

အားလုံးထဲမှာ အကြီးဆုံးပီပီ Jeon Hoseokက အေးအေးဆေးဆေးသာ မေးလိုက်သည်...

"ပြေပါတယ်"

သူ့လောက်ကတော့ Jungkookကလဲတည်ငြိမ်သူကြီး ပြန်လုပ်နိုင်ပါသည်...

စကား၀ိုင်းက ထိုလောက်နဲ့သာ ပြန်တိတ်ဆိတ်သွားသည်...

"Seokjin က တကယ်နာမည်ကြီးလာတာပဲနော်...ခုဆို မော်ဒယ်ရှိုးပွဲလျှောက်ဖို့တွေပါ နိုင်ငံခြားက ငှားထားတယ်ဆို"

Jimin ၏အမေးကို Seokjinကတော့ မကြားသလိုပင် ခပ်မဆိတ်နေ,နေသည်...

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော Jungkookကလဲ ထိုအရယ်အပြုံးမရှိသော Seokjinကိုသာ စိုက်ကြည့်နေသည်...

နဲနဲလေး အသံထွက်တော့ သေသွားမှာမို့လား...လေတောင် ချွေတာနေလိုက်တာများ...

"Seokjinက တကယ်နာမည်ကြီးတာ... အရင်က ကိုယ့်ကုမ္မဏီရှယ်ယာ ဒီလောက်မတက်လာသေးဘူး... ခုသူက ကိုယ်တို့ကုမ္မဏီက Star ဆိုတာနဲ့ စာချုပ်တွေ ထပ်လာချုပ်တာမနဲဘူး... ပွဲတွေဆို နောက်နှစ်အထိ ကြိုလက်ခံထားရတယ်"

Jeon Hoseok က ကြားထဲမှ စကား၀ိုင်းကို အဆင်ပြေအောင် ၀င်ပြောပေးနေသည်...

မပြောတာက Seokjin နှင့် Jungkookတို့ နှစ်ယောက်သာ...

"Jeon ဒါလေးစား..အာ..."

Jimin က သူ လှီးဖြတ်ပီးသားအသားကို ခက်ရင်းဖြင့်ထိုးကာ Jungkookကို ခွံ့ကျွေးနေတော့ Jungkook လည်း ပါးစပ်ဟပေးလိုက်ရပြန်သည်...

ဒါနဲ့ Seokjin မဲ့ပြုံး ပြုံးလိုက်တာများ သူဖြတ်ခနဲ မြင်လိုက်သလိုလားလို့...

"Seokjin ဘာထပ်စားချင်သေးလဲ.. ၀ရဲ့လား"

သူ့ကို ဂရုတစိုက်မေးလာသော Jeon Hoseok ကို ခေါင်းခါပြလိုက်ကာ..

"ဟင့်အင်း.. တော်ပီ"

အရိပ်တကြည့်ကြည့်ဖြင့် Jeon Hoseok သည် တကယ့်ကို Husband material ...

"ကိုကိုကြီးနဲ့ Seokjin က တကယ်လိုက်တယ်သိလား"

အသားကိုဖြတ်နေသော ဓါးကိုင်ထားသည့် Jungkook၏လက် တင်းကြပ်သွားရသည်...

"ဟုတ်လား"

ခပ်ဟဟပြုံးရင်း ပြန်ဖြေသော Jeon Hoseokသည် ဤအခြေအနေကို သာမန်လိုပင်...

ဘာမှမငြင်းသော Seokjin ၏ပုံစံကလဲ ဟုတ်သည်လဲမဟုတ်၊ မဟုတ်ဘူးလဲ မပြော...

"ဒါပေမဲ့ ဘယ်လိုလုပ်မလဲ... နောက်ကားကတော့ ကျော်တက်တော့မယ်ထင်တယ်"

နောက်ဆက်တွဲပြောလာသော Jimin ၏စကားကြောင့် အကုန် ခဏကြောင်သွားစဥ် ထပ်ပြောလာသည်က..

"ဂျီ့မှာ Jeonနဲ့ရတဲ့ ကိုယ်၀န်ရှိနေပီ"

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

25.7K 4K 30
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
NERVEUX WINE Euphoria द्वारा

फैनफिक्शन

174K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
1.4K 123 10
#namjin #owncreation cover photoလုပ်ပေးတဲ့အမကိုကျေးဇူးအရမ်းတင်ပါတယ်
Queen khinyaticho द्वारा

फैनफिक्शन

73.1K 4K 60
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။