Beta ယောင်ဆောင်သောမြို့အုပ်ကတော်
Part 18
-------------
ပွဲကမနက် ၉နာရီမို့လို့ ရှောင်ကျန့်မှာအစောကြီးထပြီး မှန်ရှေ့မှာ
ပြင်နေတာ တော်တော်ကြာနေပါပြီ ။
"ရပြီ..."
လည်ပင်းနားမှာတစ်ခုခုကလိုအပ်နေသလိုပါပဲ သေချာတယ် နက်ခ်
တိုင်ပဲပေါ့ ရှောင်ကျန့်စိတ်ပျက်သွားသည် နက်ခ်တိုင်မှ မရှိတာကို
မြို့အုပ်၀မ်အခန်းထဲကမထွက်ခင်က ကုတင်ပေါ်အထုတ်လေးတင်
ပေးသွားတာတောတွေ့တယ် အခုထိဖွင့်မကြည့်ရသေးဘူး ။
ဖွင့်ကြည့်လိုက်တော့မှ ဘူးလေး၃ဘူးရှောင်ကျန့်ပထမဆုံးဘူးကို
ဖွင့်လိုက်တော့ နှာခေါင်းရူံ့သွားသည် ဒီအဖိုးကြီးအဆင်ကိုပဲ ၀ယ်
လာတာပဲ ကျန်တဲ့နှစ်ဘူးကိုဖွင့်ကြည့်လိုက်တော့သူရွေးထားတဲ့
ဟာလေးနှစ်ခုကြောင့်ပြုံးပျော်သွားပြီး မှန်ရှေ့မှာတပ်ကြည့်လိုက်သည်။
"မပေါ်ဘူး..."
"မလိုက်ဘူး...."
ရှောင်ကျန့်ရွေးထားတဲ့နှစ်ခုလုံးက သူ၀တ်ထားတာနဲ့မလိုက်ဖက်ပါ
သက်ပြင်းချလိုက်သည် ဟိုတစ်ခုနဲ့ဆိုရင်ရော...သူလုံး၀ငြင်းထား
သော နက်ခ်တိုင်ကိုတက်ကြည့်တော့မှ သူ၀တ်ထားတာနဲ့အံကိုက်
ပေါ်လွင်ပြီး လိုက်ဖက်သည် မှန်ရှေ့မှာရပ်ပြီး ဟိုလှည့်ဒီလှည့်
လုပ်နေလိုက်သေးသည်။
"မှန်ကြီးရေ...ကမ္ဘာပေါ်မှာဘယ်သူက အချောဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးလဲ....ငါပဲပေါ့.."
နာရီကိုကြည့်တော့ အချိန်နီးနေလေပြီမို့ ကုတ်အရှည်ကိုဆွဲကာ
ပြေးထွက်တော့သည် အောက်ရောက်တော့ မြို့အုပ်၀မ်ကအဆင်သင့် လက်ထဲမှာဖိတ်စာကိုပါကိုင်ထားသေးတယ် သူလာတော့မော့ကြည့်
သည်။
"ဟိုဟာ...မြို့အုပ်၀မ်စကားကိုနားထောင်တာမို့ ဒါလေးတပ်ထားတာ"
"...."
"ကျန့်ကျန့်အခု ဘယ်လိုနေလဲ"
"ကောင်းပါတယ်"
"ဒါပဲလား....ချစ်ဖို့ရောမကောင်းဘူးလား"
"အင်း...ကောင်းပါတယ်"
"ဟီး....မြို့အုပ်၀မ်လည်းခန့်ပါတယ်ဗျ"
"သွားကြရအောင်"
"အင်း!"
ရှောင်ကျန့်က မြို့အုပ်၀မ်ရဲ့လက်ကိုတွဲလို့ကားပေါ်တက်လိုက်သည်
မြို့လယ်မှာရှိတဲ့ လော့ယန်မြို့ရဲ့ ကောလိပ်စီသို့ ။
"မြို့အုပ်၀မ် အဲ့ရောက်ရင်လေ...ကျန့်ကျန့်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်သိလား"
"အင်း..."
"မြို့အုပ်၀မ်....အဲ့ရောက်ရင်လေ...."
"...."
"ကျန့်ကျန့်တို့တွေ...တစ်ကယ်...တစ်ကယ်ချစ်ပြီးလက်ထပ်ထား
တဲ့သူတွေလိုမျိုး ခဏဟန်ဆောင်ကြရအောင်နော်..."
"...."
"မြို့အုပ်၀မ် နဲ့ယူရတာ ဘယ်လောက်ထိ ကံကောင်းပြီး ကျန့်ကျန့်
ပျော်ရွှင်ရကြောင်းကို ကောလိပ်တစ်ခုလုံးရှေ့မှာပြချင်လို့ပါ...."
"....."
"မြို့အုပ်၀မ် နေရခက်နေရင်တောင်မှ....ဘာမှမပြောဘဲနဲ့ ဒီအတိုင်း
နေပေးပါ.... အထဲရောက်ရင် ပြောမဲ့စကားတွေ အပြုအမူတွေ
အတွက် ကြိုပြီးတောင်းပန်ထားမယ်နော်"
"....."
ရှောင်ကျန့်လေသံတွေက အရင်လိုတက်တက်ကြွကြွနဲ့မဟုတ်ဘဲနဲ့
သူ့ကိုတစ်ကယ်အလေးအနက်တောင်းဆိုနေသလိုမျိုးလေသံလေး
ကခပ်အေးအေးနဲ့ပြောနေသည်မို့ မြို့အုပ်၀မ်ကြောင်သွားရပေ
မဲ့ဘာမှမဖြစ်သလိုသာနေလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
အတော်ကြာသွားလိုက်ရပြီးတဲ့နောက်မှာတော့ ပွဲကျင်းပရာ
ဘွဲ့နှင်းသဘင်ရဲ့ခပ်လှမ်းလှမ်းမှာကားရပ်လိုက်သည် အရှေ့မှာ
လဲကားတွေရပ်ထားတာမို့ရှေ့ဆက်မဖြစ်တော့ပါ ။
"သွားရအောင်..."
"အင်း"
ဘွဲ့နှင်းသဘင်ထဲကိုမ၀င်မှီမှာ အရှေ့မှာနာမည်တွေကိုအော်ရွတ်
ပြရသူကရပ်စောင့်နေသည် ပုံမှန်ဆိုဒီလိုမရှိပေမဲ့လည်း ဘာလို့
ထားမယ်မှန်းမသိပါ ကြည့်ရတာ ဆရာကြီးလက်ချက်ထင်ပါတယ် ကိုယ့်တပည့်လေးတွေဘွဲ့ရပြီး
ဘယ်အမတ်ရာထူးမှာရနေတဲ့အကြောင်း၊ဘယ်လုပ်ငန်းရှင်ဖြစ်နေ
ပြီဆိုကြောင်း၊ ဘယ်ဌာနမှာ ရာထူးရနေပြီဆိုတဲ့အကြောင်း
တွေကို အော်ပြောဖို့အတွက်
နာမည်ဖတ်သူကို ထားတာဖြစ်ပါလိမ့်မည်။
"ဟော...အမွှေစိန် ရှောင်ကျန့်ကို..."
နာမည်ဖတ်သူကြီးကအခြားတော့မဟုတ်ဘူး ကျောင်းစောင့်ဦးလေးကြီးပဲ ရှောင်ကျန့်ပြုံးပြလိုက်သည်။
"အကုန်ရောက်နေပြီလား"
"အေး...မင်းတစ်ယောက်ထဲကျန်နေလို့ စောင့်နေတာကွ လေးလေးတော်တယ်ဟုတ်"
"ဟုတ်ကဲ့...တော်ပါတယ်ဗျ"
"မင်းကရော...ဘယ်မှာအလုပ်ရနေပြီလဲ"
"ကျန့်ကျန့်က တာ၀န်အကြီးကြီးထမ်းဆောင်နေရတဲ့နေရာကို
ရောက်နေတာပါ တကယ့်အကြီးကြီး လေးလေးကြားရင်အံ့ဩသွားမှာ"
"ဘာလဲ မင်းကရဲလုပ်နေလို့လား...ဟား! ထောင်သားတွေရော
လွတ်သွားမှာပဲ..."
"လေးလေးနော်..."
"ကဲပါ...အော်ပေးမယ်...အဟမ်း.. အမွှေစိန်ရှောင်ကျန့်...အဲမဟုတ်ပါဘူး.....ရှောင်ကျန့်မင်းဘာရာထူး
ရတာလဲ"
ရှောင်ကျန့်က မြို့အုပ်၀မ်လက်ထဲကနေ ဖိတ်စာကိုဆွဲယူလို့ ကျောင်းစောင့်စီပေးလိုက်သည် ဟန်ပါပါနဲ့ စကားတစ်ခွန်းကို
ပြောလိုက်သေးတယ်။
"မြို့အုပ်မင်း နဲ့ သူ့ရဲ့ မင်းကတော် ရှောင်ကျန့်..."
"ဟမ်...တကယ်ကြီး...မြို့အုပ်မင်းလား...နေပါဦး...မြို့အုပ်အိမ်တော်ရဲ့တံဆိပ်က..."
ကျောင်းစောင့်ကြီးက မယုံသကာ်နဲ့ မြို့အုပ်၀မ်ကိုကြည့်ကာ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားရသည် မြို့အုပ်၀မ်ရင်ဘတ်က
ရင်ထိုးက...မြို့အုပ်အိမ်တော်ရဲ့တံဆပ် တစ်နည်းအားဖြင့် ၀မ်မိသားစုမျိုးရိုးရဲ့ တံဆိပ်ပင် အဲ့တာကိုမည်သူမှအတုလုပ်ခွင့်မရှိ
သလို တော်ရုံသူတွေဆိုမမြင်ဖူးဘူး ။
"အော်လေ..."
မြို့အုပ်၀မ် ရဲ့လေသံကြောင့် ကျောင်းစောင့်ကြီးလဲ ချောင်းတစ်ချက်ဟန့်ကာ နာမည်ကိုအော်ခေါ်လိုက်လေတော့သည်။
"မြို့အုပ်မင်း ၀မ်ရိပေါ် နဲ့ မင်းကတော် ရှောင်းရှောင်ကျန့်တို့
ရောက်ရှိလာကြောင်းပါ....!!!"
တံခါးကပွင့်သွားပြီး တစ်ကျောင်းလုံးရဲ့မျက်စိကသူတို့နှစ်ယောက်
စီမှာပုံလျက်သား ရှောင်ကျန့်တံတွေးတစ်ချက်မျိုချလိုက်သည်
လူတွေကဒီလောက်စိုက်ကြည့်နေစရာလိုလို့လား။
"အဲ့တာမြို့အုပ်မင်းလား"
"ရှောင်ကျန့်က မင်းကတော်လား"
"ဘယ်လိုဖြစ်တာလဲ"
"ဘယ်လိုလုပ်ပြီး ရှောင်ကျန့်လိုအမွှေစိန်က..."
တီးတိုးပြောသတွေက ခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံထား
လေတယ် ရှောင်ကျန့်သက်ပြင်းချကာ မြို့အုပ်၀မ်လက်မောင်းကို
ချိတ်လိုက်ပြီး ခန်းမဆောင်ထဲ၀င်လာလိုက်သည် ။
မြို့အုပ်မင်းလာတယ်ဆိုမှတော့အကုန်လုံးကနေရာအသီးသီးဖယ်ပေးသွားကြတာမှ လူသွားလမ်းစာလောက်ရှိတယ် ကောင်းတာပေါ့
ဟန်ပါပါနဲ့သွားလို့ရသေးတယ်။
"မြို့အုပ်မင်းက ချောလိုက်တာဟယ်"
"အေးဆို...ငါလည်းအခုမှမြင်ဖူးတာ"
"ရှောင်ကျန့်အရင်တွေ့သွားတာ မနာလိုလိုက်တာ"
"စကားသွားပြောကြည့်ချင်လိုက်တာ"
"မြို့အုပ်မင်းလိုအချောလေးကို ရယူချင်လိုက်တာဟာ"
မိန်းကလေးတွေရဲ့ အသံတွေကို ရှောင်ကျန့်ကြားရပါတယ် ရှောင်ကျန့်ခဏရပ်ပြီးသူတို့တစ်သိုက်ကိုကြည့်လိုက်သည် ။
"ရယူချင်ရင်....ငါ့ထက်ပိုပြီးအဖြစ်ရှိအောင်အရင်လုပ်လိုက်"
"...."
ရှောင်ကျန့်ကနူတ်ခမ်းစောင်းအပြုံးပြုံးပြကာ ကော့ပက်ကော့ပက်နဲ့
အရှေ့ကနေထွက်သွားတော့သည် အနောက်ကမိန်းကလေးတွေက
တော့မနာလိုခြင်းတွေနဲ့အတူ ။
"ဆရာကြီးတို့...နေကောင်းပါရဲ့လား..."
"ကောင်းပါတယ်ကွယ်....အမွှေစိန်မင်းမရှိတော့တဲ့နောက်ပိုင်း
ငါတို့မှာပျင်းလို့"
"တကယ်လား...."
"လိမ်နေတာ..."
"ဆရာကြီးကလည်း ကျန့်ကျန့်ကိုဆို အဲ့လိုပဲ"
"မြို့အုပ်မင်း...မြို့အုပ်မင်းပါမှန်းမထင်မိလိုက်လို့ပါ ဘာများစီစဉ်ပေးရမလဲဗျ..."
"ရပါတယ် ဆရာကြီးတို့...ကျွန်တော်နေသာပါတယ်ခင်ဗျ"
"အိန်း...စကားလေးတွေကတည်ငြိမ်ပြီး ယဉ်ကျေးလွန်းတယ်
ကောင်းလေစွ ကောင်းလေစွ..."
"အဲ့တာကြောင့် ကျန့်ကျန့်ယောက်ျားဖြစ်နေတာပေါ့ဗျ....ဟီး..."
"တိတ်စမ်း...မင်းလိုအမွှေစိန်မျိုးကို မြို့အုပ်မင်း မျက်လုံးမှားပြီး
ယူလိုက်တာနေမယ်"
"ဆရာကြီးကလည်း...."
"ကဲ...ကန်တော့ပွဲမစသေးဘူးကွ...သူငယ်ချင်းတွေနဲ့စကားပြောချင်ပြောဦးလေ "
"ဟုတ်ကဲ့...လာ သွားမယ်...မောင်"
"....."
ရှောင်ကျန့် သူ့ကို မောင် တဲ့လေ မြို့အုပ်၀မ်ရင်ထဲမှာ နွေးထွေး
သွားတယ် ဘာကြောင့်များလဲ...ဘာကြောင့်လဲ... မည်သူမှအဖြေရှာမရပါ။
"သူငယ်ချင်းတို့ ... မိတ်ဆက်ပေးရဦးမယ် ဒါက ငါ့အမျိုးသား
မြို့အုပ်မင်း ၀မ်ရိပေါ်လေ"
""ဟုတ်ကဲ့...""
"ဟွန်း...နင်တို့ကလည်း ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ ကြောက်နေကြပြန်ပြီ"
"နင့်ယောကျာ်းကမကြောက်လို့မှမရတာ ဒီတစ်မြို့လုံးရဲ့မြို့အုပ်ပဲကို"
"လွတ်လွတ်လပ်လပ်ပဲပြော....ငါ့ယောကျာ်းကလည်းနင်တို့သူငယ်ချင်းပဲဟာကို"
"အင်း...."
"မြို့အုပ်၀မ်...ဒါက သိပြီးသား ကျန်းစစ် ...ဒါက ကျန်းလွေ့...
ဒါကတော့...ရှင်းရှင်း...ဒါကဝူကျင့်... ချွင်းရန် နဲ့ ဟျိုက်ရှင်း"
"တွေ့ရတာ၀မ်းသာပါတယ်...မြို့အုပ်မင်း"
"အင်း...၀မ်းသာပါတယ်....ကျွန်တော့်ကိုကြောက်ဖို့မလိုပါဘူး
လွတ်လပ်စွာနဲ့ပြောပါ"
"ဟုတ်ကဲ့"
"တွေ့လား ငါပြောပါတယ် ငါ့ယောကျာ်းကခင်တတ်ပါတယ်ဆို"
"မြို့အုပ်မင်း သိလား...ရှောင်ကျန့်ကလေ တစ်ကျောင်းလုံးမှာ မသိသူမရှိဘူး...နာမည်ကျော်..."
"ဟုတ်လား..."
"ဟုတ်တယ် မြို့အုပ်မင်းရဲ့...ရှောင်ကျန့်ကလေ နာမည်ကျော်ကြီး
သူ့ကြောင့်ပဲ...ဖွင့်လှစ်မဲ့စာကြည့်တိုက်အသစ်ကြီး မီးလောင်သွားတယ်လေ"
"ဟုတ်ပအဲ့တုန်းကဆို...ရှောင်ကျန့်ရုပ်လေးကိုမှတ်မိသေးလား"
"သနားစရာလေးလေ...ဟား....ဟား"
သူငယ်ချင်းတွေအကုန်လုံးကသူ့အကြောင်းတွေ ပြောပြပြီး
ထရီနေကြတော့ ရှောင်ကျန့်သူ့ဂုတ်လေးကိုသူကိုင်လိုက်သည်
ရှက်စရာကြီးပဲ မြို့အုပ်၀မ်ကိုခိုးကြည့်တော့ ခပ်ပါးပါးအပြုံးပြုံး
နေတယ် ရှောင်ကျန့်ကြောင်သွားသည် သူ့ယောကျာ်းကပြုံးနေ
တယ်။
"မင်းတို့ကလည်း....အဲ့လောက်လဲမဟုတ်ခဲ့ပါဘူး"
"နောက်ပြီးရှိသေးတယ် အတန်းချိန်လစ်ရင်းနဲ့
ကျောင်းအုပ်ကြီး နဲ့ပက်ပင်းတိုးသွားသေးတယ် အဲ့တုန်းကဆို
ရှောင်ကျန့် အတန်းရှေ့မှာ အကြာကြီးရပ်နေရသေးတယ် လွယ်အိတ်လေးမြောက်ပြီး ရုပ်လေးက သနားကမားလေးနဲ့"
"ဟား...ဟား"
ရှောင်ကျန့် ခေါင်းအောက်ငုံ့ကာ လက်ကိုတင်းတင်းဆုပ်လိုက်သည်
ရှက်စရာကြီးတွေ မြို့အုပ်၀မ်ရှေ့မှာတောင်မှ ဒါကိုပြောရလား
ရှောင်ကျန့်စိတ်ဆိုးပါတယ်။
"ကျွန်တော့် အချစ်ကို စနေကြတာတော်လောက်ပါပြီ သူစိတ်ကောက်နေပါဦးမယ်"
မြို့အုပ်၀မ်ပြောလိုက်လို့လားမသိ သူတို့တွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မစတော့ပါဘူး
ရှောင်ကျန့်ခိုးပြုံးလိုက်ကာ ခုနကလိုပြန်နေလိုက်သည်။
"စကားပြောဦးမလား...မောင် ဟိုနားသွားထိုင်နေရမလား"
"ဟမ်...အော်...မောင် ညောင်းနေလို့လား"
"မဟုတ်ပါဘူး...အချစ်က သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်
စကားပြောရအောင်လို့ပါ"
"အင်း....ကျန့်ကျန့်မြင်နေရတဲ့နေရာမှာပဲထိုင်နော် မောင်"
"အင်း..."
မြို့အုပ်၀မ်က ထွက်သွားလေပြီ ရှောင်ကျန့်မျက်စိတစ်ဆုံးလိုက်
ကြည့်နေလိုက်တယ် ဘယ်ဆိုးလို့လဲ သူ့ယောကျာ်းကဟန်ဆောင်
တတ်သား နှလုံးသားလေးတောင် ရပ်တန့်သွားလို့မရအောင်ခုန်သွားသေးတယ် ခင်ဗျားရယ် ဒီခဏလေးအတွင်းမှာပေါ့။
--------------
(10.12.2023)
#Su🐼
Part 18
-------------
"ရပြီ..."
"မပေါ်ဘူး..."
"မလိုက်ဘူး...."
လုပ်နေလိုက်သေးသည်။
သည်။
"...."
"ကောင်းပါတယ်"
"အင်း...ကောင်းပါတယ်"
"သွားကြရအောင်"
"အင်း!"
"အင်း..."
"...."
"...."
"....."
"....."
"သွားရအောင်..."
"အင်း"
"အကုန်ရောက်နေပြီလား"
"ဟုတ်ကဲ့...တော်ပါတယ်ဗျ"
လွတ်သွားမှာပဲ..."
"လေးလေးနော်..."
ရတာလဲ"
ပြောလိုက်သေးတယ်။
ကျောင်းစောင့်ကြီးက မယုံသက်ာနဲ့ မြို့အုပ်ဝမ်ကိုကြည့်ကာ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားရသည် မြို့အုပ်ဝမ်ရင်ဘတ်က
"အော်လေ..."
ရောက်ရှိလာကြောင်းပါ....!!!"
"ဘယ်လိုဖြစ်တာလဲ"
"...."
ငါတို့မှာပျင်းလို့"
"တကယ်လား...."
"လိမ်နေတာ..."
ယူလိုက်တာနေမယ်"
"ဆရာကြီးကလည်း...."
"....."
""ဟုတ်ကဲ့...""
"အင်း...."
လွတ်လပ်စွာနဲ့ပြောပါ"
"ဟုတ်ကဲ့"
"ဟုတ်လား..."
"သနားစရာလေးလေ...ဟား....ဟား"
တယ်။
"ဟား...ဟား"
"အင်း..."
--------------
(10.12.2023)
#Su🐼