แ€…แ€€แ€นแ€แ€ฏแ€แ€แ€ฎแ€•แ€ผแ€Šแ€บแ€žแ€ญแ€ฏแ€ท แ€…แ€„แ€บแ€žแ€ฎแ€šแ€ฌ แ€›แ€ฑแ€ฌแ€€...

By morA_nyein

48.9K 4.7K 222

โ€ผ๏ธFantasy Fictionโ€ผ๏ธ AgeGap morA_nyein 2.4.2023 2.6.2024 More

๐˜š๐˜ช๐˜ฏ ๐˜›๐˜ฉ๐˜ช ๐˜ ๐˜ข๐˜ณ
แ€กแ€แ€”แ€บแ€ธ แ
แ€กแ€แ€”แ€บแ€ธ แ‚
แ€กแ€แ€”แ€บแ€ธ แƒ
แ€กแ€แ€”แ€บแ€ธ แ„
แ€กแ€แ€”แ€บแ€ธ แ…
แ€กแ€แ€”แ€บแ€ธ แ†
แ€กแ€แ€”แ€บแ€ธ แ‡
แ€กแ€แ€”แ€บแ€ธ แˆ
แ€กแ€แ€”แ€บแ€ธ แ‰
แ€กแ€แ€”แ€บแ€ธ แแ€
แ€กแ€แ€”แ€บแ€ธ แแ
แ€กแ€แ€”แ€บแ€ธ แแ‚
แ€กแ€แ€”แ€บแ€ธ แแƒ
แ€กแ€แ€”แ€บแ€ธ แแ„
แ€กแ€แ€”แ€บแ€ธ แแ…
แ€กแ€แ€”แ€บแ€ธ แแ†
แ€กแ€แ€”แ€บแ€ธ แแ‡
แ€กแ€แ€”แ€บแ€ธ แแˆ
แ€กแ€แ€”แ€บแ€ธ แแ‰
แ€กแ€แ€”แ€บแ€ธ แ‚แ
แ€กแ€แ€”แ€บแ€ธ แ‚แ‚
แ€กแ€แ€”แ€บแ€ธ แ‚แƒ
แ€กแ€แ€”แ€บแ€ธ แ‚แ„
แ€กแ€แ€”แ€บแ€ธ แ‚แ…
แ€กแ€แ€”แ€บแ€ธ แ‚แ†
แ€กแ€แ€”แ€บแ€ธ แ‚แ‡
แ€กแ€แ€”แ€บแ€ธ แ‚แˆ
แ€กแ€แ€”แ€บแ€ธ แ‚แ‰
แ€กแ€แ€”แ€บแ€ธ แƒแ€
แ€กแ€แ€”แ€บแ€ธ แƒแ
แ€กแ€แ€”แ€บแ€ธ แƒแ‚
แ€กแ€แ€”แ€บแ€ธ แƒแƒ ( แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธแ€แ€”แ€บแ€ธ )

แ€กแ€แ€”แ€บแ€ธ แ‚แ€

1.4K 125 5
By morA_nyein

စက္ခုဝတီတိုင်းပြည်ရဲ့ တောင်ဘက်တောအုပ်က စင်သီယာရဲ့ အိမ်တော်ဟာ စောယွန်းထွက်သွားသည်နှင့် အမဲရောင်အခိုးအငွေ့များ ချက်ချင်းကိုပဲ ဖုံးလွှမ်းခဲ့သည် ။ စုန်းမတစ်ကောင်ရဲ့ အငွေ့အသက်များ ချက်ချင်းကိုပဲ ပြည့်နှက်လာပြီး စူးရှသောရယ်သံများပါ ဖုံးလွှမ်းနေပေသည် ။

" အဟားဟားဟား .. အတော် သနားစရာကောင်းပြီး ကံဆိုးတဲ့ လူသားတွေက ငါ့ကို နတ်ဘုရားလိုကိုးကွယ်ကြတယ် .. ငါ စင်သီယာက မန္တန်လေးတစ်ခေါက် ရွတ်လိုက်တာနဲ့ နတ်ဘုရားဖြစ်နေတာ ဒီလူသားတွေ ကိုးကွယ်နေလို့ပဲ ။ အို .. ကံဆိုးတဲ့လူတွေ များများရှိစေချင်လိုက်တာ .. အဟားဟားဟား .. "

ရယ်သံစူးစူးတွေဟာ ကြက်သီးထစရာ ။ နူးညံ့စွာနဲ့ ကုတင်ပေါ်လှဲလိုက်ပြီး လက်ကိုခေါင်းပေါ်တင်ကာ မဲ့ပြုံးပြုံးသည် ။ စောယွန်းဟာ သူ့လက်ခုပ်ထဲက လမင်းလေး ဖြစ်လာသည်ကို အတော်လေးမှ ကျေနပ်နေပုံရသည် ။ ဒီအချိန်မှာ စောယွန်းအပေါ် ဖြစ်တည်လာခဲ့တဲ့ သူ့ရဲ့ခံစားချက်ကို သူဟာ မေ့လျော့နေသည် ။

ဘာလို့လဲ ။ ဘာလို့ဆို စုန်းမတစ်ကောင်ဟာ စောယွန်းထက် ပိုပြီးမက်မောစရာတွေ့သွားလို့ပါပဲ ။ တလောကလုံးက ​စင်သီယာဆိုတဲ့ စုန်းမကို မြင်တာနဲ့ မြေကြီးနဲ့ခေါင်း ထိမတတ် ဦးညွှတ်ရမယ့် လူသားတို့ရဲ့ တိုင်းပြည် စက္ခုဝတီပြည် ။

ကြီးတော်ပေးမယ့် စုန်းတိုင်းပြည်ကိုကျတော့ ခေါင်းတစ်ခါခါလုပ်ပြီး ဒီတိုင်းပြည်ကိုတော့ မျက်စိကျနေသည် ။ အကြောင်းကတော့ သီရိမဟာဒေဝီကြောင့်ပါ ။ သီရိမဟာဒေဝီဟာ သူ့ကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ ကိစ္စကြောင့် တန်ကြေးထက် ကြီးမားသည့်အရာကို ပိုင်ဆိုင်လိုခြင်းပဲ ဖြစ်သည် ။

စောယွန်းကိုသာ လက်ထပ်လိုက်ရင် ဒီတိုင်းပြည်ဟာ သူ့အပိုင် ဖြစ်လာတော့မည်ဟု တစ်ထစ်ချယုံကြည်ထား၏ ။

" သနားစရာလူသားတွေ ... "

လေသံလေးသဲ့သဲ့နဲ့ ရယ်ပြီး အကြီးအကျယ်ကို သဘောကျနေ၏ ။ စင်သီယာဟာ ကံဆိုးတဲ့လူသားတွေရဲ့ နတ်ဘုရား ဖြစ်ပေမယ့်လို့ ဒီကံဆိုးလွန်းသူများရဲ့ သေမင်းလည်း ဖြစ်သည် ။ လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်က ကံဆိုးလွန်းတဲ့ သီရိမဟာဒေဝီရဲ့ နတ်ဘုရားဟာ သူဖြစ်ခဲ့သလို ယခုမူ သီရိမဟာဒေဝီရဲ့ သေမင်းဟာလည်း သူမ ဖြစ်လာပြီ ။

စုန်းမတစ်ကောင်ကို နှစ်ချီပြီး ကောင်းကောင်းလိမ်ညာခဲ့တဲ့ ဒီမိဖုရားဟာ ကံဆိုးရာမှ ကံကောင်းနေတာလား ။

" နင့်ရဲ့ ကံကောင်းမှုတွေကို ဝါးမြိုဖို့ ငါ စင်သီယာ အရောက်လာခဲ့မယ် .. တစ်ခန်းရပ်ဇာတ်တော်ရဲ့ တစ်ထောင့်တစ်နေရာမှာ မျှော်လင့်လှည့်ပေါ့ .. အဟားဟား .. "

နေမကူး ညမကူးတတ်သည့် စင်သီယာ ဆိုပေမယ့် တိုင်းပြည်ရဲ့မိခင် ဖြစ်တာကြောင့် နေ့ရောညပါ ကူးနေရသည်မှာ နှစ်ချီခဲ့ပြီ ။ မကြာခင် မိဖုရားအရှေ့ အရောက်သွားပြီး တိုင်းပြည်ရဲ့မိခင် ပိုင်ဆိုင်သမျှအကုန် ငါ အပိုင် ဖြစ်စေရမယ် ။

ရယ်သံစူးစူးဟာ စက္ခုဝတီတိုင်းပြည်အနှံ့ ပျံ့နှံ့ခဲ့ပါပေလား ။ ရွှေနန်းတော်၏ အိပ်ဆောင်ထဲမှာ စက်တော်ခေါ်နေတဲ့ မိဖုရားဟာ ဒီရယ်သံကြောင့် ထိတ်လန့်စွာ ချွေးပျံလို့ လန့်နိုးလာခဲ့သည် ။

ပါးစပ်ထဲမှ လေခိုးတွေ မှုတ်နေပြီး အသက်ပင် ဝအောင်ရှူနေရသည့် မိဖုရား ။ ရင်းနှီးခဲ့ဖူးတဲ့ ဒီရယ်သံကြောင့် ထိတ်လန့်တုန်လှုပ်နေသည် ။

" စင် သီယာ .. "

နှုတ်ဖျားမှ တိုးတိုးတိတ်တိတ် ရေရွတ်မိတဲ့ နာမည်က စင်သီယာ တဲ့ ။ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားပေမယ့်လို့ စောယွန်း အပြင်လောကကို ခြေချတိုင်း အသက်ပင် ဝအောင်မရှူနိုင်ခဲ့ ။ နန်းတော်ကို စောယွန်း ပြန်လာမှသာ သက်ပြင်းချခဲ့သည်မှာ မနည်းတော့ပါ ။

မမေ့ခဲ့ပေမယ့် ဒီလောက်နှစ်တွေ အကြာကြီးနေမှ စင်သီယာရဲ့ အိပ်မက်ဆိုးကြောင့် ကြောက်ဒူးတုန်မိရပါသည် ။ မျက်စိအရှေ့မှ မြင်နေရတဲ့ ပတ်ဝန်းကျင်ကို ကြည့်တော့လည်း မီးတောက်နေသော ဖယောင်းတိုင်မှလွဲပြီး ဘာမျှမတွေ့ ။

အသင် ဒီကို ရောက်နေတာလား .. ဒါမှမဟုတ် ရောက်မလာနိုင်တာလား စင်သီယာ ။

မိဖုရားလည်း စင်သီယာကြောင့် ပြန်စက်တော်ခေါ်လို့ မရခဲ့ ။ ဒါ့ကြောင့် အိပ်ဆောင်နန်းအတွင်း မီးများထွန်းညှီပြီး ထိုင်နေခဲ့တော့သည် ။ အတွေးနယ်ပယ်တွေဟာ စက္ခုဝတီ တောင်ဘက်တောအုပ်ဆီသို့ ရောက်နေခဲ့ပြီ ။

အသင့်ကို ထိတ်လန့်တုန်လှုပ်မိကြောင်းပါ စင်သီယာ ။

ထိုစကားကို တိတ်တဆိတ် ရေရွတ်သည် ။ မနက်ခင်း လင်းကြက်တွန်လို့ ထွက်လုလုဆဲဆဲ နေရောင်ဖြာလာတာကို မြင်တော့မှ စားပွဲခုံပေါ်ခေါင်းမှောက်လို့ စက်တော်ခေါ်ခဲ့မိသည် ။ စင်သီယာရဲ့ အရှိန်အဝါကြောင့် လူဟာတုန်လှုပ်လို့ အိပ်မပျော်ခဲ့ရ ။ ယခုမူ မိနစ်ပိုင်းမျှ အိပ်ပျော်သော်လည်း နှစ်ခြိုက်လှပါသည် ။

စကြာဝဌာရဲ့ အကြီးဆုံးဂြိုလ် ​​နေဂြိုလ်ရဲ့စူးရှသော အလင်းတန်းများ အိပ်ဆောင်အတွင်း ထိုးဖောက်ဝင်လာတော့မှ မျက်လုံးနှစ်လုံး ပြန်ပွင့်လာခဲ့ရသည် ။

စောယွန်းရဲ့ပထမဆုံ စစ်တိုက်ထွက်မည့် ခရီးအတွက် နှုတ်ဆက်ဖို့လည်း မမေ့ခဲ့ပါဘူး ။ စောယွန်းရဲ့ နန်းဆောင်ကို ဦးဆုံးရောက်သွားသူဟာ သီရိမဟာဒေဝီ ။ စောယွန်းရဲ့ နန်းဝန်းထဲရောက်သည်နှင့် ပထမဦးစွာ နှင်းဆီပန်းခင်းကြီးထဲ ရောက်သွားသလို ရနံ့များ ထုံးသင်းမွှေးပျံ့လှသည် ။

ဒီပန်းရနံ့လေးတွေကို အသည်းနှလုံးထိ ရှူသွင်းလိုက်ရတော့ စင်သီယာကြောင့် အိုစာသွားခဲ့တဲ့ မိမိရဲ့မျက်နှာဟာ ချက်ချင်းကိုပင် နုပျိုသွားသလို ။

" နှလုံးသား အသည်းစိုင်ထဲအထိ နုပျိုသွားသလို လန်းဆန်းမွှေးပျံ့ပါဘိ ။ "

ဆိုကာ တိုးတိုးတိတ်တိတ် ရေရွတ်သည် ။

ပြုံးရိပ်သန်းနေသော မိဖုရားရဲ့ နှုတ်ခမ်းထောင့်စွန်းဖျားလေး ။ မိဖုရားဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ လိုက်ဖက်ညီသော အရွယ်နှင့်မလိုက်အောင် လှပလွန်းသူပါ ။

ထိုအချိန် နန်းဆောင်တံခါးကို ဖွင့်ကာ ထွက်လာသည့် စောယွန်း ။ ချပ်ဝတ်စုံ အပြည့်နှင့် ယောက်ျားတစ်ယောက်လို ချောလွန်းပါသည် ။ ယောက်ျားတစ်ယောက်လို ချောမောဖို့အတွက် ဖြောင့်စင်းသော နှာတံနဲ့ မျက်ခုံးထူထူတွေဟာ ပံ့ပိုးပေးနေသလား ။ စူးရှလွန်းတဲ့ မျက်ဝန်းတစ်စုံကပဲ ပံ့ပိုးပေးနေသလား ။ ဒါမှမဟုတ် နှလုံသား အသည်းစိုင်အထိ နစ်ဝင်စေခဲ့တဲ့ အပြုံးလေးကပဲ ပံ့ပိုးပေးနေပါသလား ။

စောယွန်းရဲ့ တည်ကြည်ခန့်ညားမှုကြောင့် အဘယ်သူများ မိန်းမလို့ ထင်မည်နည်း ။ ဥပရာမင်းသား ဖြစ်လာသင့်သည့် စောယွန်းဟာ ဘုရင်ပလ္လင်ကို မမက်မောဘဲ စစ်သူကြီး ပလ္လင်ကို မက်မောနေသည် ။ သွေးစွန်းမယ့် ဓါး နဲ့ ဒီဓါးကိုကိုင်မယ့် လက်ကို တန်ဖိုးထား၏ ။ ကြိုက်၏ ။

" မယ်တော် .. အဘယ်သို့ ရောက်နေပါလိမ့် .. သားတော် ယခုပဲ အခစားဝင်ရန် လာဖို့ပါ ဖုရား ။ "

ဆိုပြီး မိဖုရားအပါးကို အပြေးဆင်းလာသည် ။ မိဖုရားရဲ့ အပြုံးတွေဟာ အသက်ဝင်နေတာထက် ပို၏ ။ အစကတော့ စောယွန်း စစ်တိုက်ထွက်မှာကို အတော်စိုးရိမ်ခဲ့ပေမယ့် ယခုမူ မစိုးရိမ် ။ အဘယ်ကြောင့်ဆိုသော် စစ်တိုက်ထွက်လို့ အောင်မြင်ခဲ့ရင် စောယွန်းရဲ့ ဂုဏ်သတင်းဟာ ဥပရာ နဲ့ အစ်ကိုတော်တွေကြားမှာ မွှေးပျံ့လာမယ် ။ နောက်ပြီး အမတ်မင်းကြီးတွေကြားမှာ အပြောများလာမယ် ။ တိုင်းသူပြည်သားတွေဆီကို ရောက်သွားမယ် ။ ဒါတွေဟာ မိမိတိုင်းပြည်ကို ကာကွယ်လို့ရတဲ့ ဂုဏ်သတင်းများကြောင့် အမတ်မင်းတွေကိုသာ လာဘ်ထိုးရင် မင်းသားအသင်္ခယာစောယွန်းဟာ စင်စစ်ဧကန် စက္ခုဝတီတိုင်းပြည်ရဲ့ အရှင်သခင် ဖြစ်လာမည် ။

ဒါဟာ သားတော်ကို ဘုရင်ဖြစ်စေချင်တဲ့ မယ်တော့်ရဲ့ ဆန္ဒ ။

" မယ်တော့်သားက စစ်တိုက်ထွက်ရမှာလေ ။ မယ်တော်က နန်းတံခါးဝအထိ လိုက်ပို့ပေးချင်လို့ပါ ။ "

" တစ်ခုခုတော့ လွဲချော်နေသလား မယ်တော် ။ နေမကောင်းလား ။ "

အပြောကနောက်မှ လက်ဖမိုးက မယ်တော့်ရဲ့နဖူးဆီကို ရောက်နေပြီ ။

" နေကောင်းပါတယ် သားတော်ရယ် ။ "

ထိုစကားကို ​အပြုံးလေးနဲ့ ပြောနေတော့ စောယွန်းမှာ နည်းနည်းတော့ အူကြောင်ကြောင် ဖြစ်မိသည် ။ စောယွန်းရဲ့ အပြုံးလေး လှတာဟာ သီရိမဟာဒေဝီနဲ့ တူလို့ပါ ။ အမေတူသားလေးဟာ စောယွန်းမှအစစ် ။

" မယ်တော့်အပြုံးတွေက တကယ်လှတာပဲ ။ ဒီလိုအပြုံးချိုချို​လေးကြောင့် အားတွေပြည့်လာသလိုပဲ ။ "

" အမယ် သားချွဲလေး .. "

မိဖုရားရဲ့ ခန္ဓာကိုယ်အား နူးညံ့စွာ ပွေ့ဖက်လိုက်သည် ။ မယ်တော်ကလည်း တန်ပြန်လို့ ပွေ့ဖက်သည် ။ ၆ ပေ ရှိသော စောယွန်းရဲ့ ရင်ခွင်ထဲမှာ မိဖုရားဟာ မြုပ်နေလို့သာ ။ သားကိုချစ်တဲ့ စိတ်ဟာ ကြည်နူးလိုက်​လေခြင်း ။

သားတော်ကံကောင်းစေဖို့ရာ အဆောင်ထုတ်လေးကို ထည့်ပေးသည် ။ စောယွန်းဟာ မိခင်စကားကို မလွန်ဆန်နိုင်တာကြောင့် ဒီအဆောင်ပစ္စည်းလေးကို ခါးမှာချိတ်ထားလိုက်သည် ။

သီရိမဟာဒေဝီရဲ့ စကားကို နားမထောင်တာက စင်သီယာနဲ့ ပတ်သက်သမျှပါ ။ တောင်ဘက်တောအုပ်ကို မသွားဖို့ ပိတ်ပင်ရင် ရအောင်ကို သွားသည် ။ ချစ်သောပန်းကလေးဆီ သွားမယ့်လုပ်လို့ အရေးကိစ္စကြုံရင်တောင် ဒီအရေးကိစ္စကို အာရုံထားမနေတော့ဘဲ ပန်းကလေးဆီကို ရောက်အောင်သွားသည် ။

စင်သီယာနဲ့ ပတ်သက်ရင် သူဟာ သူမဟုတ်သလို ။ သူကိုယ်တိုင် ဘာဖြစ်ချင်နေမှန်းလည်း မသိ ။ စင်သီယာကိုသာ ရစ်မူးလို့ ထိန်းချုပ်ရခက်နေသည် ။

စင်သီယာရဲ့ ပြုစားခြင်းများမှာ နစ်မွန်းနေခဲ့သည် ။ ဒီနစ်မွန်းခြင်းတွေကို သူနှစ်သက်၏ ။ ပြုစားကြည့်ဖို့လည်း အကြိမ်ကြိမ်တောင်းဆို၏ ။

သူမသိတာက သူ့ကို လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက ပြုစားခဲ့သည်ဆိုတာပါပင် ။ သူသာသိရင် ပြုစားဖို့ကို ဆက်ပြီးတောင်းဆိုနေဦးမည်လော ။

မင်းသမီးလေးပဒုမ္မာလည်း နှုတ်ဆက်ဖို့ မမေ့ပါ ။ ဒီလို နှုတ်ဆက်ဖြစ်တာဟာလည်း ပဒုမ္မာဟာ ချစ်မိတဲ့သူ ဖြစ်တာကြောင့် ချစ်ရတဲ့သူကို အရင်လာတွေ့တာမျိုးပါ ။ စောယွန်း ချစ်တဲ့လူ မဟုတ်တဲ့အတွက် တကူးတကနှုတ်ဆက်ဖို့ရာ မေ့နေခဲ့တာ အမှန်ပါ ။ သူမှ မချစ်တာ ။ ထိုမချစ်ခြင်းဟာ မင်းသမီးလေးအပေါ်မှာ ရက်စက်ရာကျ၏ ။

သီရိမဟာဒေဝီမိဖုရားဟာ မင်းသမီးပဒုမ္မာ နဲ့ စောယွန်းကို လက်ထပ်စေချင်သူ ဖြစ်၏ ။ သူ့ရဲ့သားတော်စောယွန်းက မိန်းမလိင် ဖြစ်နေသည်ကို သိပါလျက်နှင့် ထိမ်းမြားစေချင်ခဲ့သည်ပါ ။ ဒီလောဘဟာ မင်းသမီးကြောင့် ။ မင်းသမီးလေးဟာ စောယွန်းကို နှလုံးသားထဲ နစ်နေအောင် ချစ်မြတ်နိုးသည်ကြောင့် မိဖုရားကို မိခင်အရင်းကဲ့သို့ ပြုစုစောင့်ရှောက်ပေးသည် ။

ဒီအတွက်ကြောင့်လည်း သူ့ရဲ့ဉာဏ်အမြင်ဟာ စဥ်းစားနိုင်စွမ်းမဲ့ခဲ့ရပြီ ။ စောယွန်းဟာ တခြားတစ်ယောက် ချစ်ကျွမ်းဝင်နေသည် လက်ဆက်ချင်ပါသည် ဆိုသောစကားကို လျှောက်တင်စဥ်က ပထမဆုံး မင်းသမီးလေးကို အားနာမိသည်မှာ မိဖုရားပါပဲ ။

နန်းရင်ပြင်မှာ အစီအတန်းရှိနေကြသော စစ်သည်များနှင့် မင်းညီမင်းသားများ ။ မြင်းဟီသံများဟာလည်း ထိုနေရာမှာ ဆူညံ့ပေလို့ ။ ဒီမြင်းတွေလည်း စစ်တိုက်ထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ ။ စက္ခုဝတီတိုင်းပြည်ရဲ့ နီသွေးဆာနေသော အလံဟာ လေလာရာအရပ်မှာ ရဲဝံ့စွာယိမ်းကနေလို့ပါပဲ ။

" မင်းသားလေးရဲ့ စဥ်းစားဉာဏ်အမြင် ကောင်းမှုကြောင့် ဘေးမသီရန်မခဘဲ ဒီတိုက်ပွဲ အနိုင်ရမယ်ဆိုတာ ပဒုမ္မာသိပေမယ့်လည်း နတ်ဘုရားတွေမှာ တိုင်တည်ပြီး ဆုတောင်းပေးနေပါမယ် ။ "

" ကျေးဇူးအထူးတင်လှပါပြီ မင်းသမီး ။ "

မိဖုရား နဲ့ မင်းသမီးကို နှုတ်ဆက်ပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော သူ့ရဲ့ မြင်းတော်အပေါ်သို့ ငှက်မွှေးလို ပေါ့ပါးစွာ လွှားခနဲ တက်လိုက်သည် ။

ဘေးဘက်ရှိ မင်းညီမင်းသားများက အငယ်ဆုံးမင်းသားလေးစောယွန်းအတွက် ဂုဏ်ယူသောအကြည့် အပြုံးတွေကို ဖန်ဆင်းကြသည် ။ ဒီအပြုအမူတွေကြောင့် စောယွန်းကိုယ်တိုင် ပြုံးမိပြီး စစ်ပွဲမှာ အနိုင်ရဖို့ မာန်ခဲသံကို ကိုယ်တိုင်ကြွေးကြော်သည် ။

နယ်မြေကျူးပြီး ဝင်ရောက်လာတဲ့ တိုင်းတစ်ပါးကလူတွေကို တိုက်ခိုက်အောင်နိုင်ဖို့အတွက် စောယွန်းဟာ အဆင်သင့်ဖြစ်နေပြီ ။ ဒီလို အောင်မြင်မှာလည်း ချစ်တဲ့ ပန်းကလေးကို ပိုင်ဆိုင်ရမည်ပေါ့ ။

• • • • •

morA_nyein
5.12.2023

Coming Soon















စကၡုဝတီတိုင္းျပည္ရဲ့ ေတာင္ဘက္ေတာအုပ္က စင္သီယာရဲ့ အိမ္ေတာ္ဟာ ေစာယြန္းထြက္သြားသည္ႏွင့္ အမဲေရာင္အခိုးအေငြ့မ်ား ခ်က္ခ်င္းကိုပဲ ဖံုးလႊမ္းခဲ့သည္ ။ စုန္းမတစ္ေကာင္ရဲ့ အေငြ့အသက္မ်ား ခ်က္ခ်င္းကိုပဲ ျပည့္ႏွက္လာၿပီး စူးရွေသာရယ္သံမ်ားပါ ဖံုးလႊမ္းေနေပသည္ ။

" အဟားဟားဟား .. အေတာ္ သနားစရာေကာင္းၿပီး ကံဆိုးတဲ့ လူသားေတြက ငါ့ကို နတ္ဘုရားလိုကိုးကြယ္ၾကတယ္ .. ငါ စင္သီယာက မႏၲန္ေလးတစ္ေခါက္ ရြတ္လိုက္တာနဲ႔ နတ္ဘုရားျဖစ္ေနတာ ဒီလူသားေတြ ကိုးကြယ္ေနလို႔ပဲ ။ အို .. ကံဆိုးတဲ့လူေတြ မ်ားမ်ားရိွေစခ်င္လိုက္တာ .. အဟားဟားဟား .. "

ရယ္သံစူးစူးေတြဟာ ၾကက္သီးထစရာ ။ ႏူးညံ့စြာနဲ႔ ကုတင္ေပၚလွဲလိုက္ၿပီး လက္ကိုေခါင္းေပၚတင္ကာ မဲ့ၿပံဳးၿပံဳးသည္ ။ ေစာယြန္းဟာ သူ႔လက္ခုပ္ထဲက လမင္းေလး ျဖစ္လာသည္ကို အေတာ္ေလးမွ ေက်နပ္ေနပံုရသည္ ။ ဒီအခ်ိန္မွာ ေစာယြန္းအေပၚ ျဖစ္တည္လာခဲ့တဲ့ သူ႔ရဲ့ခံစားခ်က္ကို သူဟာ ေမ့ေလ်ာ့ေနသည္ ။

ဘာလို႔လဲ ။ ဘာလို႔ဆို စုန္းမတစ္ေကာင္ဟာ ေစာယြန္းထက္ ပိုၿပီးမက္ေမာစရာေတြ့သြားလို႔ပါပဲ ။ တေလာကလံုးက ​စင္သီယာဆိုတဲ့ စုန္းမကို ျမင္တာနဲ႔ ေျမၾကီးနဲ႔ေခါင္း ထိမတတ္ ၪီးၫႊတ္ရမယ့္ လူသားတို႔ရဲ့ တိုင္းျပည္ စကၡုဝတီျပည္ ။

ႀကီးေတာ္ေပးမယ့္ စုန္းတိုင္းျပည္ကိုက်ေတာ့ ေခါင္းတစ္ခါခါလုပ္ၿပီး ဒီတိုင္းျပည္ကိုေတာ့ မ်က္စိက်ေနသည္ ။ အေၾကာင္းကေတာ့ သီရိမဟာေဒဝီေၾကာင့္ပါ ။ သီရိမဟာေဒဝီဟာ သူ႔ကို ႏွစ္ေပါင္းမ်ားစြာ ဖံုးကြယ္ထားတဲ့ ကိစၥေၾကာင့္ တန္ေၾကးထက္ ႀကီးမားသည့္အရာကို ပိုင္ဆိုင္လိုျခင္းပဲ ျဖစ္သည္ ။

ေစာယြန္းကိုသာ လက္ထပ္လိုက္ရင္ ဒီတိုင္းျပည္ဟာ သူ႔အပိုင္ ျဖစ္လာေတာ့မည္ဟု တစ္ထစ္ခ်ယံုၾကည္ထား၏ ။

" သနားစရာလူသားေတြ ... "

ေလသံေလးသဲ့သဲ့နဲ႔ ရယ္ၿပီး အႀကီးအက်ယ္ကို သေဘာက်ေန၏ ။ စင္သီယာဟာ ကံဆိုးတဲ့လူသားေတြရဲ့ နတ္ဘုရား ျဖစ္ေပမယ့္လို႔ ဒီကံဆိုးလြန္းသူမ်ားရဲ့ ေသမင္းလည္း ျဖစ္သည္ ။ လြန္ခဲ့တဲ့ ၁၈ ႏွစ္ခန္႔က ကံဆိုးလြန္းတဲ့ သီရိမဟာေဒဝီရဲ့ နတ္ဘုရားဟာ သူျဖစ္ခဲ့သလို ယခုမူ သီရိမဟာေဒဝီရဲ့ ေသမင္းဟာလည္း သူမ ျဖစ္လာၿပီ ။

စုန္းမတစ္ေကာင္ကို ႏွစ္ခ်ီၿပီး ေကာင္းေကာင္းလိမ္ညာခဲ့တဲ့ ဒီမိဖုရားဟာ ကံဆိုးရာမွ ကံေကာင္းေနတာလား ။

" နင့္ရဲ့ ကံေကာင္းမႈေတြကို ဝါးၿမိဳဖို႔ ငါ စင္သီယာ အေရာက္လာခဲ့မယ္ .. တစ္ခန္းရပ္ဇာတ္ေတာ္ရဲ့ တစ္ေထာင့္တစ္ေနရာမွာ ေမ်ွာ္လင့္လွည့္ေပါ့ .. အဟားဟား .. "

ေနမကူး ညမကူးတတ္သည့္ စင္သီယာ ဆိုေပမယ့္ တိုင္းျပည္ရဲ့မိခင္ ျဖစ္တာေၾကာင့္ ေန့ေရာညပါ ကူးေနရသည္မွာ ႏွစ္ခ်ီခဲ့ၿပီ ။ မၾကာခင္ မိဖုရားအေရ႔ွ အေရာက္သြားၿပီး တိုင္းျပည္ရဲ့မိခင္ ပိုင္ဆိုင္သမ်ွအကုန္ ငါ အပိုင္ ျဖစ္ေစရမယ္ ။

ရယ္သံစူးစူးဟာ စကၡုဝတီတိုင္းျပည္အႏွံ႔ ပ်ံ့ႏွံ႔ခဲ့ပါေပလား ။ ေရႊနန္းေတာ္၏ အိပ္ေဆာင္ထဲမွာ စက္ေတာ္ေခၚေနတဲ့ မိဖုရားဟာ ဒီရယ္သံေၾကာင့္ ထိတ္လန္႔စြာ ေခြၽးပ်ံလို႔ လန္႔ႏိုးလာခဲ့သည္ ။

ပါးစပ္ထဲမွ ေလခိုးေတြ မႈတ္ေနၿပီး အသက္ပင္ ဝေအာင္ရႉေနရသည့္ မိဖုရား ။ ရင္းႏွီးခဲ့ဖူးတဲ့ ဒီရယ္သံေၾကာင့္ ထိတ္လန္႔တုန္လႈပ္ေနသည္ ။

" စင္ သီယာ .. "

ႏႈတ္ဖ်ားမွ တိုးတိုးတိတ္တိတ္ ေရရြတ္မိတဲ့ နာမည္က စင္သီယာ တဲ့ ။ ႏွစ္ေပါင္းမ်ားစြာ ဖံုးကြယ္ထားေပမယ့္လို႔ ေစာယြန္း အျပင္ေလာကကို ေျခခ်တိုင္း အသက္ပင္ ဝေအာင္မရႉႏိုင္ခဲ့ ။ နန္းေတာ္ကို ေစာယြန္း ျပန္လာမွသာ သက္ျပင္းခ်ခဲ့သည္မွာ မနည္းေတာ့ပါ ။

မေမ့ခဲ့ေပမယ့္ ဒီေလာက္ႏွစ္ေတြ အၾကာႀကီးေနမွ စင္သီယာရဲ့ အိပ္မက္ဆိုးေၾကာင့္ ေၾကာက္ဒူးတုန္မိရပါသည္ ။ မ်က္စိအေရ႔ွမွ ျမင္ေနရတဲ့ ပတ္ဝန္းက်င္ကို ၾကည့္ေတာ့လည္း မီးေတာက္ေနေသာ ဖေယာင္းတိုင္မွလြဲၿပီး ဘာမ်ွမေတြ့ ။

အသင္ ဒီကို ေရာက္ေနတာလား .. ဒါမွမဟုတ္ ေရာက္မလာႏိုင္တာလား စင္သီယာ ။

မိဖုရားလည္း စင္သီယာေၾကာင့္ ျပန္စက္ေတာ္ေခၚလို႔ မရခဲ့ ။ ဒါ့ေၾကာင့္ အိပ္ေဆာင္နန္းအတြင္း မီးမ်ားထြန္းၫွီၿပီး ထိုင္ေနခဲ့ေတာ့သည္ ။ အေတြးနယ္ပယ္ေတြဟာ စကၡုဝတီ ေတာင္ဘက္ေတာအုပ္ဆီသို႔ ေရာက္ေနခဲ့ၿပီ ။

အသင့္ကို ထိတ္လန္႔တုန္လႈပ္မိေၾကာင္းပါ စင္သီယာ ။

ထိုစကားကို တိတ္တဆိတ္ ေရရြတ္သည္ ။ မနက္ခင္း လင္းၾကက္တြန္လို႔ ထြက္လုလုဆဲဆဲ ေနေရာင္ျဖာလာတာကို ျမင္ေတာ့မွ စားပြဲခံုေပၚေခါင္းေမွာက္လို႔ စက္ေတာ္ေခၚခဲ့မိသည္ ။ စင္သီယာရဲ့ အရိွန္အဝါေၾကာင့္ လူဟာတုန္လႈပ္လို႔ အိပ္မေပ်ာ္ခဲ့ရ ။ ယခုမူ မိနစ္ပိုင္းမ်ွ အိပ္ေပ်ာ္ေသာ္လည္း ႏွစ္ၿခိဳက္လွပါသည္ ။

စၾကာဝဌာရဲ့ အႀကီးဆံုးၿဂိဳလ္ ​​ေနၿဂိဳလ္ရဲ့စူးရွေသာ အလင္းတန္းမ်ား အိပ္ေဆာင္အတြင္း ထိုးေဖာက္ဝင္လာေတာ့မွ မ်က္လံုးႏွစ္လံုး ျပန္ပြင့္လာခဲ့ရသည္ ။

ေစာယြန္းရဲ့ပထမဆံု စစ္တိုက္ထြက္မည့္ ခရီးအတြက္ ႏႈတ္ဆက္ဖို႔လည္း မေမ့ခဲ့ပါဘူး ။ ေစာယြန္းရဲ့ နန္းေဆာင္ကို ၪီးဆံုးေရာက္သြားသူဟာ သီရိမဟာေဒဝီ ။ ေစာယြန္းရဲ့ နန္းဝန္းထဲေရာက္သည္ႏွင့္ ပထမၪီးစြာ ႏွင္းဆီပန္းခင္းႀကီးထဲ ေရာက္သြားသလို ရနံ႔မ်ား ထံုးသင္းေမႊးပ်ံ့လွသည္ ။

ဒီပန္းရနံ႔ေလးေတြကို အသည္းႏွလံုးထိ ရႉသြင္းလိုက္ရေတာ့ စင္သီယာေၾကာင့္ အိုစာသြားခဲ့တဲ့ မိမိရဲ့မ်က္ႏွာဟာ ခ်က္ခ်င္းကိုပင္ ႏုပ်ိဳသြားသလို ။

" ႏွလံုးသား အသည္းစိုင္ထဲအထိ ႏုပ်ိဳသြားသလို လန္းဆန္းေမႊးပ်ံ့ပါဘိ ။ "

ဆိုကာ တိုးတိုးတိတ္တိတ္ ေရရြတ္သည္ ။

ၿပံဳးရိပ္သန္းေနေသာ မိဖုရားရဲ့ ႏႈတ္ခမ္းေထာင့္စြန္းဖ်ားေလး ။ မိဖုရားဆိုတဲ့ ဂုဏ္ပုဒ္ေတြနဲ႔ လိုက္ဖက္ညီေသာ အရြယ္ႏွင့္မလိုက္ေအာင္ လွပလြန္းသူပါ ။

ထိုအခ်ိန္ နန္းေဆာင္တံခါးကို ဖြင့္ကာ ထြက္လာသည့္ ေစာယြန္း ။ ခ်ပ္ဝတ္စံု အျပည့္ႏွင့္ ေယာက္်ားတစ္ေယာက္လို ေခ်ာလြန္းပါသည္ ။ ေယာက္်ားတစ္ေယာက္လို ေခ်ာေမာဖို႔အတြက္ ေျဖာင့္စင္းေသာ ႏွာတံနဲ႔ မ်က္ခံုးထူထူေတြဟာ ပံ့ပိုးေပးေနသလား ။ စူးရွလြန္းတဲ့ မ်က္ဝန္းတစ္စံုကပဲ ပံ့ပိုးေပးေနသလား ။ ဒါမွမဟုတ္ ႏွလံုသား အသည္းစိုင္အထိ နစ္ဝင္ေစခဲ့တဲ့ အၿပံဳးေလးကပဲ ပံ့ပိုးေပးေနပါသလား ။

ေစာယြန္းရဲ့ တည္ၾကည္ခန္႔ညားမႈေၾကာင့္ အဘယ္သူမ်ား မိန္းမလို႔ ထင္မည္နည္း ။ ဥပရာမင္းသား ျဖစ္လာသင့္သည့္ ေစာယြန္းဟာ ဘုရင္ပလႅင္ကို မမက္ေမာဘဲ စစ္သူႀကီး ပလႅင္ကို မက္ေမာေနသည္ ။ ေသြးစြန္းမယ့္ ဓါး နဲ႔ ဒီဓါးကိုကိုင္မယ့္ လက္ကို တန္ဖိုးထား၏ ။ ႀကိဳက္၏ ။

" မယ္ေတာ္ .. အဘယ္သို႔ ေရာက္ေနပါလိမ့္ .. သားေတာ္ ယခုပဲ အခစားဝင္ရန္ လာဖို႔ပါ ဖုရား ။ "

ဆိုၿပီး မိဖုရားအပါးကို အေျပးဆင္းလာသည္ ။ မိဖုရားရဲ့ အၿပံဳးေတြဟာ အသက္ဝင္ေနတာထက္ ပို၏ ။ အစကေတာ့ ေစာယြန္း စစ္တိုက္ထြက္မွာကို အေတာ္စိုးရိမ္ခဲ့ေပမယ့္ ယခုမူ မစိုးရိမ္ ။ အဘယ္ေၾကာင့္ဆိုေသာ္ စစ္တိုက္ထြက္လို႔ ေအာင္ျမင္ခဲ့ရင္ ေစာယြန္းရဲ့ ဂုဏ္သတင္းဟာ ဥပရာ နဲ႔ အစ္ကိုေတာ္ေတြၾကားမွာ ေမႊးပ်ံ့လာမယ္ ။ ေနာက္ၿပီး အမတ္မင္းႀကီးေတြၾကားမွာ အေျပာမ်ားလာမယ္ ။ တိုင္းသူျပည္သားေတြဆီကို ေရာက္သြားမယ္ ။ ဒါေတြဟာ မိမိတိုင္းျပည္ကို ကာကြယ္လို႔ရတဲ့ ဂုဏ္သတင္းမ်ားေၾကာင့္ အမတ္မင္းေတြကိုသာ လာဘ္ထိုးရင္ မင္းသားအသခၤယာေစာယြန္းဟာ စင္စစ္ဧကန္ စကၡုဝတီတိုင္းျပည္ရဲ့ အရွင္သခင္ ျဖစ္လာမည္ ။

ဒါဟာ သားေတာ္ကို ဘုရင္ျဖစ္ေစခ်င္တဲ့ မယ္ေတာ့္ရဲ့ ဆႏၵ ။

" မယ္ေတာ့္သားက စစ္တိုက္ထြက္ရမွာေလ ။ မယ္ေတာ္က နန္းတံခါးဝအထိ လိုက္ပို႔ေပးခ်င္လို႔ပါ ။ "

" တစ္ခုခုေတာ့ လြဲေခ်ာ္ေနသလား မယ္ေတာ္ ။ ေနမေကာင္းလား ။ "

အေျပာကေနာက္မွ လက္ဖမိုးက မယ္ေတာ့္ရဲ့နဖူးဆီကို ေရာက္ေနၿပီ ။

" ေနေကာင္းပါတယ္ သားေတာ္ရယ္ ။ "

ထိုစကားကို ​အၿပံဳးေလးနဲ႔ ေျပာေနေတာ့ ေစာယြန္းမွာ နည္းနည္းေတာ့ အူေၾကာင္ေၾကာင္ ျဖစ္မိသည္ ။ ေစာယြန္းရဲ့ အၿပံဳးေလး လွတာဟာ သီရိမဟာေဒဝီနဲ႔ တူလို႔ပါ ။ အေမတူသားေလးဟာ ေစာယြန္းမွအစစ္ ။

" မယ္ေတာ့္အၿပံဳးေတြက တကယ္လွတာပဲ ။ ဒီလိုအၿပံဳးခ်ိဳခ်ိဳ​ေလးေၾကာင့္ အားေတျြပည့္လာသလိုပဲ ။ "

" အမယ္ သားခြၽဲေလး .. "

မိဖုရားရဲ့ ခႏၶာကိုယ္အား ႏူးညံ့စြာ ေပြ့ဖက္လိုက္သည္ ။ မယ္ေတာ္ကလည္း တန္ျပန္လို႔ ေပြ့ဖက္သည္ ။ ၆ ေပ ရိွေသာ ေစာယြန္းရဲ့ ရင္ခြင္ထဲမွာ မိဖုရားဟာ ျမဳပ္ေနလို႔သာ ။ သားကိုခ်စ္တဲ့ စိတ္ဟာ ၾကည္ႏူးလိုက္​ေလျခင္း ။

သားေတာ္ကံေကာင္းေစဖို႔ရာ အေဆာင္ထုတ္ေလးကို ထည့္ေပးသည္ ။ ေစာယြန္းဟာ မိခင္စကားကို မလြန္ဆန္ႏိုင္တာေၾကာင့္ ဒီအေဆာင္ပစၥည္းေလးကို ခါးမွာခ်ိတ္ထားလိုက္သည္ ။

သီရိမဟာေဒဝီရဲ့ စကားကို နားမေထာင္တာက စင္သီယာနဲ႔ ပတ္သက္သမ်ွပါ ။ ေတာင္ဘက္ေတာအုပ္ကို မသြားဖို႔ ပိတ္ပင္ရင္ ရေအာင္ကို သြားသည္ ။ ခ်စ္ေသာပန္းကေလးဆီ သြားမယ့္လုပ္လို႔ အေရးကိစၥႀကံဳရင္ေတာင္ ဒီအေရးကိစၥကို အာရံုထားမေနေတာ့ဘဲ ပန္းကေလးဆီကို ေရာက္ေအာင္သြားသည္ ။

စင္သီယာနဲ႔ ပတ္သက္ရင္ သူဟာ သူမဟုတ္သလို ။ သူကိုယ္တိုင္ ဘာျဖစ္ခ်င္ေနမွန္းလည္း မသိ ။ စင္သီယာကိုသာ ရစ္မူးလို႔ ထိန္းခ်ဳပ္ရခက္ေနသည္ ။

စင္သီယာရဲ့ ျပဳစားျခင္းမ်ားမွာ နစ္မြန္းေနခဲ့သည္ ။ ဒီနစ္မြန္းျခင္းေတြကို သူႏွစ္သက္၏ ။ ျပဳစားၾကည့္ဖို႔လည္း အႀကိမ္ႀကိမ္ေတာင္းဆို၏ ။

သူမသိတာက သူ႔ကို လြန္ခဲ့တဲ့ ၈ ႏွစ္ကတည္းက ျပဳစားခဲ့သည္ဆိုတာပါပင္ ။ သူသာသိရင္ ျပဳစားဖို႔ကို ဆက္ၿပီးေတာင္းဆိုေနၪီးမည္ေလာ ။

မင္းသမီးေလးပဒုမၼာလည္း ႏႈတ္ဆက္ဖို႔ မေမ့ပါ ။ ဒီလို ႏႈတ္ဆက္ျဖစ္တာဟာလည္း ပဒုမၼာဟာ ခ်စ္မိတဲ့သူ ျဖစ္တာေၾကာင့္ ခ်စ္ရတဲ့သူကို အရင္လာေတြ့တာမ်ိဳးပါ ။ ေစာယြန္း ခ်စ္တဲ့လူ မဟုတ္တဲ့အတြက္ တကူးတကႏႈတ္ဆက္ဖို႔ရာ ေမ့ေနခဲ့တာ အမွန္ပါ ။ သူမွ မခ်စ္တာ ။ ထိုမခ်စ္ျခင္းဟာ မင္းသမီးေလးအေပၚမွာ ရက္စက္ရာက်၏ ။

သီရိမဟာေဒဝီမိဖုရားဟာ မင္းသမီးပဒုမၼာ နဲ႔ ေစာယြန္းကို လက္ထပ္ေစခ်င္သူ ျဖစ္၏ ။ သူ႔ရဲ့သားေတာ္ေစာယြန္းက မိန္းမလိင္ ျဖစ္ေနသည္ကို သိပါလ်က္ႏွင့္ ထိမ္းျမားေစခ်င္ခဲ့သည္ပါ ။ ဒီေလာဘဟာ မင္းသမီးေၾကာင့္ ။ မင္းသမီးေလးဟာ ေစာယြန္းကို ႏွလံုးသားထဲ နစ္ေနေအာင္ ခ်စ္ျမတ္ႏိုးသည္ေၾကာင့္ မိဖုရားကို မိခင္အရင္းကဲ့သို႔ ျပဳစုေစာင့္ေရွာက္ေပးသည္ ။

ဒီအတြက္ေၾကာင့္လည္း သူ႔ရဲ့ဉာဏ္အျမင္ဟာ စဥ္းစားႏိုင္စြမ္းမဲ့ခဲ့ရၿပီ ။ ေစာယြန္းဟာ တျခားတစ္ေယာက္ ခ်စ္ကြၽမ္းဝင္ေနသည္ လက္ဆက္ခ်င္ပါသည္ ဆိုေသာစကားကို ေလ်ွာက္တင္စဥ္က ပထမဆံုး မင္းသမီးေလးကို အားနာမိသည္မွာ မိဖုရားပါပဲ ။

နန္းရင္ျပင္မွာ အစီအတန္းရိွေနၾကေသာ စစ္သည္မ်ားႏွင့္ မင္းညီမင္းသားမ်ား ။ ျမင္းဟီသံမ်ားဟာလည္း ထိုေနရာမွာ ဆူညံ့ေပလို႔ ။ ဒီျမင္းေတြလည္း စစ္တိုက္ထြက္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ ။ စကၡုဝတီတိုင္းျပည္ရဲ့ နီေသြးဆာေနေသာ အလံဟာ ေလလာရာအရပ္မွာ ရဲဝံ့စြာယိမ္းကေနလို႔ပါပဲ ။

" မင္းသားေလးရဲ့ စဥ္းစားဉာဏ္အျမင္ ေကာင္းမႈေၾကာင့္ ေဘးမသီရန္မခဘဲ ဒီတိုက္ပြဲ အႏိုင္ရမယ္ဆိုတာ ပဒုမၼာသိေပမယ့္လည္း နတ္ဘုရားေတြမွာ တိုင္တည္ၿပီး ဆုေတာင္းေပးေနပါမယ္ ။ "

" ေက်းဇူးအထူးတင္လွပါၿပီ မင္းသမီး ။ "

မိဖုရား နဲ႔ မင္းသမီးကို ႏႈတ္ဆက္ၿပီး တိုက္ခိုက္ရန္ အဆင္သင့္ျဖစ္ေနေသာ သူ႔ရဲ့ ျမင္းေတာ္အေပၚသို႔ ငွက္ေမႊးလို ေပါ့ပါးစြာ လႊားခနဲ တက္လိုက္သည္ ။

ေဘးဘက္ရိွ မင္းညီမင္းသားမ်ားက အငယ္ဆံုးမင္းသားေလးေစာယြန္းအတြက္ ဂုဏ္ယူေသာအၾကည့္ အၿပံဳးေတြကို ဖန္ဆင္းၾကသည္ ။ ဒီအျပဳအမူေတြေၾကာင့္ ေစာယြန္းကိုယ္တိုင္ ၿပံဳးမိၿပီး စစ္ပြဲမွာ အႏိုင္ရဖို႔ မာန္ခဲသံကို ကိုယ္တိုင္ေႂကြးေၾကာ္သည္ ။

နယ္ေျမက်ူးၿပီး ဝင္ေရာက္လာတဲ့ တိုင္းတစ္ပါးကလူေတြကို တိုက္ခိုက္ေအာင္ႏိုင္ဖို႔အတြက္ ေစာယြန္းဟာ အဆင္သင့္ျဖစ္ေနၿပီ ။ ဒီလို ေအာင္ျမင္မွာလည္း ခ်စ္တဲ့ ပန္းကေလးကို ပိုင္ဆိုင္ရမည္ေပါ့ ။

• • • • •

morA_nyein
5.12.2023

Coming Soon

Continue Reading

You'll Also Like

233K 24.6K 31
ุงู„ุฑูˆุงูŠุฉ ุจู‚ู„ู…ูŠ ุฃู†ุง ุฅู†ุชุตุงุฑ ู„ุฎุถุงุฑูŠ (ุบูŠู…ุฉ) ุณุฃู‚ุงุถูŠ ูƒู„ ู…ู† ูŠู†ู‚ู„ู‡ุง ุจุฏูˆู† ุฅุฐู†ูŠ . ๐Ÿ‚ุชู†ุชู‚ู„ ูุชุงุฉ ุงู„ู…ุฏูŠู†ุฉ ู„ู„ุนูŠุด ููŠ ุจูŠุช ุฌุฏุชู‡ุง ููŠ ุงู„ุฑูŠู ุจุนุฏ ุฐู„ูƒ ุงู„ุญุงุฏุซ ุงู„ุฐูŠ ุชุณุจุจ ููŠ ู…...
220K 6.7K 102
A villainess known by all as a wicked woman who has done all sorts of evil deeds-Ducal Lady Violet. She regained her memories of her previous life af...
10.2K 821 41
What Happen When Two extremely opposite people met each other & Fall in a Magical Bond . what will Future Holds For Them ? Character Intro: Sakthi...
27K 1.9K 37
"Say it. Say you hate me. Say you want to leave. But remember-no one will ever touch you like I do. No one will ever love you the way I do" "I hate y...