အပိုင်း 45 (Final)
ကောင်းမွန်မြတ် အိမ်ကိုရောက်ရောက်ချင်း ကားပေါ်ကနေ သမီးလေးကိုပွေ့ချီလိုက်သည်။
"နန်းမွန်မြတ်.....ဖေဖေ သမီးကိုမေးစရာရှိတယ်...အမှန်တိုင်းဖြေရင် သမီးသွားချင်တဲ့ဆီလိုက်ပို့မယ်"
ကောင်းမွန်မြတ် သမီးဖြစ်သူကို ချော့၍မေးဖို့ဆုံးဖြတ်လိုက်သည်။
"သမီးလေး....သမီးလေးက ဘာလို့ဖေဖေလာကြိုတာမကြိုက်ရတာလဲ ပြောပါဦး"
သူကသာမေးနေပေမယ့် သမီးလေးကမဖြေ။ပါးစပ်ကို လက်နှစ်ဖက်နဲ့အုပ်ထားသည်။လုပ်နေတဲ့ပုံစံလေးက ချစ်ဖို့ကောင်းပေမယ့် သူ ရအောင် မေးရမည်။မကောင်းတဲ့အပြုအမူတွေ သမီးလေးမှာ သူမရှိစေချင်။
"သမီးလေး....သမီးလေး မူကြိုမှာ ကဗျာတွေသင်ရလား"
"ဟုတ် သင်ရတယ်ဖေဖေ..."
"သမီးလေး....ဒီကဗျာသိလား....ရွှေခဲကလေး ဖိုးကြက်တော မှန်တာရဲရဲပြော....လိမ်မပြောနဲ့ မောင်လေးရယ် ရွှေခဲလှောင်လိမ့်မယ်...အဲ့တာပြီးတော့ ဘာပါလိမ့် ဖေဖေမေ့သွားလို့"
"လိမ်တယ်ဆိုတာ သတ္တိနည်း လူညံ့လူကြောက်ပဲ"
ကောင်းမွန် သမီးလေးကို ဖက်လိုက်သည်။
"သမီးလေး....လိမ်တယ်ဆိုတာ ကောင်းလား"
"မကောင်းဘူးဖေဖေ"
"အင်း ဟုတ်ပြီ...မကောင်းတဲ့အပြုအမူလုပ်တာက လူဆိုးလား လူကောင်းလား"
"လူဆိုး"
"ဟုတ်ပြီ...အဲ့တာဆို သမီးလေးက အခု ဖေဖေမေးတာကိုအမှန်တိုင်းဖြေ....မဟုတ်ရင် သမီးလေးက လူဆိုးဆိုပြီး ရွှေခဲကလေးက လှောင်လိမ့်မယ်"
နန်းမွန်မြတ် ဖေဖေ့ကို ရယ်ပြပြီး အာဘွားပေးလိုက်သည်။
"မွ....မီး အမှန်တိုင်းဖြေမယ်ဖေဖေ....ရွှေခဲလေး မီးကို လှောင်မာ မီးကြောက်တယ်"
"သမီးလေး....ဖေဖေလာကြိုတာ ဘာလို့မကြိုက်တာလဲ ပြော"
နန်းမွန်မြတ် ဖေဖေ့က်ိုစိုက်ကြည့်ကာ....
"ဖေဖေက မီး စားချင်တာတွေ မကျွေးဘူး....ဟိုဟာမစားနဲ့ ဒီဟာမစားနဲ့လို့ပြောတာ"
"ဖေဖေက သမီးလေးမတည့်တာတွေစားမိရင် နေမကောင်းဖြစ်မာကို စိုးရိမ်လို့မကျွေးတာပါ မီးရ...တည့်တာဆိုရင်ဖေဖေကျွေးတယ်လေ"
"မေမေဆို မီးကိုကျွေးတယ်....မူကြိုကအပြန်မေမေနဲ့ မီးနဲ့ စားချင်တာတွေဝယ်စားကြတာ ပျော်စရာကြီး...မေမေက ဖေဖေလာကြိုရင် ငိုချင်ယောင်ဆောင်လို့မှာထားတယ်....အဲ့တာမှ မီးတို့တွေ ဟီးဟီး"
ကောင်းမွန် သဘောပေါက်သွားပြီဖြစ်သည်။နန်းနန်းနဲ့ညကျ ရှင်းရဦးမည်။ကလေးကိုမဟုတ်တာတွေမသင်နဲ့ပြောတာတောင်သင်ဖြစ်အောင်သင်လိုက်သေးသည်။
"သမီးလေး...ဒီနေ့ကစ စားချင်တာကို ဖေဖေ့ကိုပြော....တည့်တာဆိုရင်ကျွေးမယ်....မတည့်တာကိုမစားရဘူးနော်ကြားလား....မတည့်တာစားရင် ဖေဖေဆူမာနော်....ကြားလား သမီးလေး"
"ဟုတ်...ဖေဖေ မီးအမှန်တိုင်းပြောထားတာနော်...မီးသွားချင်တဲ့ဆီလိုက်ပို့ရမာနော်"
ကောင်းမွန် သမီးလေးရဲ့ခေါင်းကိုဖွဖွလေးကိုင်ပြီးဘယ်သွားချင်လဲဟုမေးလိုက်တော့ သူ့အဘိုးနဲ့အဘွားဆီသွားချင်သည်ဟုပြောသဖြင့်ဒီတစ်ပတ်ပိတ်ရက် လိုက်ပို့ရဦးမည်။
.............................
"ကြာဖြူကြာနီကြာညိုနှောလို့ ၊
တို့လယ်တောမှာ ပွင့်ကြတယ်။
ကောက်စိုက်အပြန်ရေကန်ကြီးက
ကြာတစ်စည်းလောက်ချိုးခဲ့ကွယ်။
ကြာပွင့်ကြာငုံ ထုံထုံမွှေးကို မလေးဘယ်သို့ သုံး
ပါ့မယ်။
ကြားရိုးကြားနွယ်ဘယ်ညာဆစ်လို့ရွှေကြာဆစ်ကြိုးဆွဲပါ့မယ်... ဆွဲပါ့မယ်..."
ဆရာကြီးမင်းသုဝဏ်ရဲ့ ကြာဆစ်ချိုးကဗျာလေးကို သီဆိုနေကြသောကလေးတွေကြောင့်မေလေးအတိတ်ကိုပြန်တွေးနေမိသည်။
ဖေဖေရယ် ကိုကိုရယ် သူရယ် လယ်တောထဲကိုလှည်းကလေးနဲ့သွားခဲ့ပုံ၊စစ်ကိုင်းတောင်ရိုးရဲ့အလှကိုခံစားခဲ့ပုံ၊ နန်းနန်းတို့နဲ့အတူ ကြာကန်ဆီသွားတဲ့နေ့ကအဆူခံ အရိုက်ခံရတာတွေ... အရာအားလုံးဟာ လှပသောအမှတ်တရလေးတွေပင်ဖြစ်သည်။
ကိုကိုနဲ့နန်းနန်းလည်း သာယာလှပသောအိမ်ထောင်ရေးကိုပိုင်ဆိုင်ပြီး ပျော်ရွှင်နေကြသည်။တူမလေးကလည်းချစ်ဖို့ကောင်းလွန်းသည်။ရုပ်က နန်းနန်းနဲ့အတော်လေးတူသည်။တူမလေးက သူ့အား တီတီမေလေး အပျိုကြီးလုပ်ဟုပြောသည်။တူမလေးက အပျိုကြီးလုပ်ဟု မပြောလည်း မေလေးအစကတည်းကလုပ်ဖို့ တွေးထားပြီးသားဖြစ်သည်။
မေလေး သူ့အတွေးတွေနဲ့အတူ ပြုံးနေမိသည်။
"ဆရာမ....ဆရာမ ..."
ကလေးတစ်ယောက်ရဲ့ခေါ်သံကြောင့် မေလေးအတွေးတို့ရပ်လို့သွားသည်။
"အာ....ကဲ ....နောက်တစ်ခေါက်လောက်ဆိုကြည့်ပါဦး သားတို့သမီးတို့"
"ဟုတ်ကဲ့ပါ ဆရာမ"
........................
"ကိုထူးထူး....ရှင် မနေ့ညက ဘာလို့အိမ်ပြန်နောက်ကျတာလဲပြော"
မိန်းမ ဖြစ်သူ ဆောင်းခွာညိုဖူးက သူ့အားပွစိပွစိနဲ့မေးလာသည်။ထူးထူး ခွာညိုနဲ့ လက်ထပ်တာတစ်နှစ်ရှိသွားပြီဖြစ်သည်။သူမဟုတ်တာလုပ်ရင် ခွာညိုက ကိုကို့ဆီအမြဲတိုင်သည်။ကိုကိုကသူ့အားခေါ်ခေါ်ဆူပြီးအခန့်မသင့်ရင်ထူးထူးအရိုက်ပါခံရသည်။
"ခွာညို....မင်းကလည်း ရစ်မယ်ဆိုတာချည်းပဲ....ကိုယ် မနေ့က ကျောက်ပွဲစားတွေနဲ့ တွေ့ရတယ်လေကွာ....အဲ့တာကြောင့်နောက်ကျတာပါမိန်းမရ"
သူ့ရဲ့စကားအဆုံး သူ့အားမျက်စောင်းထိုးပြီး မထိတထိမျက်နှာထားနဲ့လုပ်နေသော ခွာညိုကို ထူးထူးဖက်လိုက်သည်။
"သွား...လာမဖက်နဲ့....ရှင် မှန်မှန်ပြောနော်"
"တကယ်ပါ မိန်းမရ....ကိုယ် မင်းကိုဘယ်တုန်းကလိမ်ဖူးလို့လဲ"
"ပြီးတာပဲ....ဘာသံညာသံကြားကြည့် ရှင့်ကို ကိုကြီးကောင်းမွန်မြတ်နဲ့တိုင်မာ"
ထူးထူး ပြုံးပြီး ခွာညိုရဲ့မျက်နှာပေါ်မှာ ကျနေသောဆံနွယ်တို့ကို နားအနောက်ကိုပို့ပေးလိုက်သည်။
"မိန်းမ....မင်းကလေ ကိုယ့်ကိုဆို ကိုကိုနဲ့ချည်းအမြဲခြိမ်းခြောက်တယ်...မင်းလေးက လူလည်...ကိုယ်မဟုတ်တာဘာမှလုပ်မထားပါဘူးဆိုကွာ"
"မသိဘူး...ရှင်မဟုတ်တာလုပ်ကြည့် ကိုကြီးကောင်းမွန်ကိုတိုင်မာပဲ"
"မွ....မွ"
ထူးထူး ခွာညိုကိုနမ်းလိုက်သည်။
"ကိုကြီးကောင်းမွန်...ထူးထူးက ညီမကို တအားနမ်းနေတာလို့ သွားတိုင်လိုက်လေ"
"မွ"
"ကိုထူးထူး...ရှင်နော် ရှင်..."
"ဟားဟား"
.............................
"အား....ကိုကိုရေ Babeခေါင်းတွေကိုက်တယ်"
နန်းနန်း ကိုကို့ကို ပြေးကာဖက်လိုက်သည်။ကိုကို့ဘေးမာ သမီးလေးက စာထိုင်ရေးနေသည်။
"မေမေ မေမေ....ဖေဖေက မီးကိုမေးလို့ မီးဖြေလိုက်တယ်နော်"
"ဟမ်...အစမရှိအဆုံးမရှိ ဘာတွေပြောနေတာလဲ သမီးလေး"
ထိုစဥ် ကြီးကြီးညိုက လိမ္မော်ဖျော်ရည်လေးကိုင်ပြီး ဧည့်ခန်းထဲကိုရောက်လာသည်။
"ဖွားဖွားညို.... ဖျော်ရည်သောက်နေတာလား...မီးရောသောက်ချင်တယ်"
"လာ...ငါ့မြေးလေး....ဖွားဖွားနဲ့တူတူသောက်မယ်"
"သမီးလေး....သောက်ပြီးရင် စာဆက်ရေးရမယ်နော်"
"ဟုတ်ဖေဖေ"
နန်းနန်း ကိုကို့ဘေးမာထိုင်နေပေမယ့် ကိုကိုက စကားတစ်ခွန်းမှမပြော။သမီးလေးကိုသာစကားတွေပြောနေသည်။
"ကိုကို....Babeကို ကြည့်"
"omm ဘာလဲ"
"အသံကြီးကလည်း ဘယ်လိုကြီးထူးနေတာလဲ"
"Babe....ခဏနေ ကိုကို Babeနဲ့ရှင်းစရာရှိတယ်"
"ဟုတ်"
"အခု....သမီးလေးကို စာပြီးအောင် သေချာလေးရေးခိုင်းဦးBabe...ကိုကို အခန်းထဲခဏသွားမို့"
.
.
"သမီးလေး....starting pointကနေ စရေးရမှာလေကွာ......ဒီမယ် မေမေချပေးထားတဲ့starting pointမြင်လား red lineပေါ်မှာ......Down Down Cross...."
နန်းနန်း သမီးလေးကို H ရေးနည်း သင်ပေးနေလေသည်။
"သမီးလေး....မနေ့ကသင်တာမှတ်မိသေးလား...H ဟ hotdog....H ဟ horse....H ဟ house....H ဟ hat"
နန်းနန်း သမီးလေးကို Phonics သင်ထားတာတွေပြန်မေးကြည့်နေသည်။
"မီးမှတ်မိတယ်မေမေ...H ဟ
hotdog....မေမေ....မီး hotdogစားချင်တယ်...အီးဟီး....hotdogဝယ်ကျွေး...မဟုတ်ရရင်စာဆက်မရေးတော့ဘူး....အီးဟီး"
ကောင်းမွန် ကလေးငိုသံကြောင့် အခန်းထဲကနေ ထွက်လာတော့ သမီးဖြစ်သူကို ရင်ခွင်ထဲထည့်ပြီးချော့နေသောနန်းနန်းကိုတွေ့လေသည်။
"စောနာကဘာဖြစ်တာလဲ သမီးလေး"
"ဖေဖေမေးနေတယ်ဖြေလိုက်လေ သမီး"
"သမီး ဟော့ဒေါ့စားချင်တယ်....ဟော့ဒေါ့မစားရရင်စာဆက်မရေးတော့ဘူး....H ဟ ဟော့ဒေါ့...ဟော့ဒေါ့လို့"
"သမီးလေးက စာတွေရနေတာဘဲ...ဖေဖေဝယ်ကျွေးမယ်ဟုတ်ပြီလား...စာကိုပြီးအောင်ရေးထား...ဖေဖေသွားဝယ်ပြီနော်"
"ကိုကို...Babeဖို့ရောနော်"
ကောင်းမွန် နန်းနန်းခေါင်းလေးကို နမ်းလိုက်သည်။
"ဘယ်တုန်းက Babeဖို့မဝယ်ဖူးလို့လဲ...ဟွန်း....ကလေးဖို့တစ်ဗူးဆို Babeကနှစ်ဗူးဟုတ်ပြီလား"
"မွမွ....ကိုကို့ကိုချစ်လိုက်တာ"
.....................
"ယေး....ဖေဖေပြန်လာပြီ....ဖေဖေ မီး စာတွေပြီးသွားပြီ....ဒီမယ် "
"ရော့ သမီးလေး...ဖွားဖွားနဲ့ သွားစားချည်...."
"ဟုတ်"
.
"ကဲ Babe....ရော့ Babeအတွက်"
"ကိုကို အာဘွား....မွ"
ကောင်းမွန် နန်းနန်း မုန့်စားနေတာကို ထိုင်ကြည့်နေသည်။
"ကိုကို....ကိုကိုရောစား"
"Babe ခွံ့ကျွေး"
"ဟီး....ကျွေးမာပေါ့....မွ"
.
.
.
"Babe..... စားလို့သောက်လို့ပြီးပြီဆိုတော့ ကိုကိုနဲ့စာရင်းရှင်းရအောင်"
ကိုကို့စကားကြောင့် နန်းနန်း ချက်ချင်းကိုကို့ကို ဖက်လိုက်သည်။
"ကိုကို....ကိုကို့ သမီးက ကိုကို့ကို ဘာတွေတိုင်ပြန်ပြီလဲ"
"Babe....သမီးလေးကို ဘာလို့ ကိုကို လာကြိုရင်ဟန်ဆောင်ငိုတွေ သင်ပေးထားတာလဲ...Babeလုပ်ပုံဟုတ်လား...ကိုကို့ကွယ်ရာမှာ သမီးလေးကို မတည့်တာတွေဘာလို့ကျွေးနေတာလဲ....ပြီးတော့ Babeရော ဘာလို့ရောစားနေတာလဲ"
ကိုကိုက ပြောလည်းပြော သူ့ ဗိုက်ကိုလည်းဆွဲလိမ်သည်။
"အာ့....ကိုကိုရေ နာတယ်...Babeက သမီးလေးကို စိတ်ကျေနပ်အောင် ပိစိလေးကျွေးတာပါကိုကို....ဟင့်"
"Babe....ကလေးကို အလိုမလိုက်သင့်တာမလိုက်ရဘူးလို့ ကိုကိုပြောထားတယ်လေ...."
"အာ့....နာတယ်လို့ ကိုကိုရ..."
ကိုကိုက သူ့ဗိုက်ကိုလွှတ်မပေးသေး။
"Babe...Babeလုပ်ပုံဟုတ်လား"
"ဗိုက်ကိုအရင်လွှတ်ပေး....ဟင့်"
"အင်း....ဖြေ"
နန်းနန်း ကိုကိုမေးတာပြန်မဖြေဘဲ နှုတ်ခမ်းကိုသာစူထားလိုက်သည်။
"အဲ့နှုတ်ခမ်းကဘာပြုတာ....ဒီခါမေလေး လာရင် ဂဏန်းဖမ်းခဲ့ပြောဦးမာ...စူနေတဲ့နှုတ်ခမ်းကို ညှပ်ခိုင်းဦးမယ်"
ကိုကိုက သူ့ငယ်ငယ်တုန်းကလည်း ဒီစကားပြောဖူးသည်။သူရဲဘူတာနားက ညောင်ပင်ကြီးအောက်မှာကိုကို့ကို သူစိတ်ကောက်ခဲ့တာတွေသတိရမိလာသည်။
"ညှပ်ရဲတဲ့ဂဏန်းညှပ်ကြည့် ဂဏန်းမာဆလာ လုပ်စားပစ်မယ်"
"Babe...Babeငယ်ငယ်တုန်းက ကြီးကြီးခင်မြင့်တို့ အိမ်နားမှာ Babeအခုလို ပြောခဲ့တာမှတ်မိလား"
"မှတ်မိတယ် ဟီး...ကိုကို Babeကို အဲ့နေ့ကရိုက်တယ်လေ"
"Babeက ဆိုးတာကိုး"
နန်းနန်း ငယ်ငယ်ကတည်းကနေ အခုထိ ကိုကိုနဲ့အမှတ်တရလေးတွေအကုန်မှတ်မိသည်။ရထားတူတူစီးခဲ့တာတွေ၊ကိုကိုစာသင်ပေးခဲ့တာတွေ၊ကြာကန်သွားလို့ရိုက်ခဲ့တာတွေ၊ကိုကို့ကြက်ဖ သူ့ကြောင့်ပျောက်ခဲ့တာတွေ၊ကိုကို့ရဲ့နွေးထွေးမှုတွေ၊ကိုကို့ရဲ့ ဆုံးမသွန်သင်မှုတွေ...အရာအားလုံးကိုသူမှတ်မိသည်။
နှလုံးသားထဲမှာ ကိုကိုနဲ့ပတ်သက်ပြီးအကုန်မှတ်မိသည်။
"Babe....ကလေးကို မဟုတ်တာတွေမသင်ပေးရဘူးလို့ ကိုကိုပြောထားတယ်မလား...Babeလည်း ပညာရေးစိတ်ပညာသင်ခဲ့ရတယ်မလား...ကလေးကို ဘယ်လိုသွန်သင်ရမယ် ဘယ်လိုဆုံးမရမယ်ဆိုတာတွေBabeသိတယ်ဟုတ်"
"ဟုတ်...Babeက နည်းနည်းလေးအလိုလိုက်မိပြီး နည်းနည်းလေး Babeပါ ရောပြီးဆိုးမိသွားတာ"
ကောင်းမွန် သူ့အားအသည်းယားအောင်လုပ်ပြနေသော မိန်းမဖြစ်သူကြောင့်ပြုံးလိုက်သည်။
"Babe...အပြစ်ရှိလားဖြေ"
"ဟုတ်"
"လာ အခန်းထဲသွားမယ်...."
.
.
.
"ကိုကို့ပေါင်ပေါ်လာမှောက်"
နန်းနန်း ကိုကိုပေါင်ပေါ်မှောက်လိုက်သည်။
ဖြောင်း....
ဖြောင်း...
ကိုကိုက လက်ဝါးနဲ့ သူ့တင်ပါးကိုရိုက်နေသည်။
ဖြောင်း...
"နောက် ကလေးကိုမဟုတ်တာတွေသင်ဦးမာလား"
ဖြောင်း....
"အာ့...ဟင့်အင်း"
ဖြောင်း...
" ကလေးကိုမဟုတ်တာတွေသင်ဦးမာလား ဟမ်"
ဖြောင်း..
"ဟင့်...ကိုကို...မသင်တော့ပါဘူး"
ဖြောင်း
ခုနှစ်ချက်ပြည့်သော် ကိုကိုက ရပ်ပေးသည်။
"Babe..."
ပြွတ်စ်
ကိုကိုက သူ့နှုတ်ခမ်းကို အနမ်းလေးတစ်ပွင့်ခြွေလိုက်သည်။
"ကိုကို....Babe လုံတောက်ရွာလေးမှာတုန်းက ကိုကိုကBabeကိုအခုလိုရိုက်နေတာကို အိပ်မက်မက်ဖူးတယ်သိလား...အိပ်မက်ထဲမှာကျ ကြိမ်လုံးနဲ့...အခုတော့လက်ဝါးနဲ့...ဟီး...တိုက်ဆိုင်လိုက်တာ"
"Babe...ကိုကိုလေ Babeကိုအများကြီးချစ်တယ်....ကိုကို့ဘဝက Babeလေးကြောင့်ပိုအဓိပ္ပါယ်ရှိနေတာ"
နန်းနန်း ကိုကို့နှုတ်ခမ်းကို နမ်းလိုက်သည်။
ပြွတ်စ်..
"ကိုကို...Babeက ကိုကိုထင်ထားတာထက် ကိုကို့ကိုအများကြီးပိုချစ်တယ်....ကိုကို့ဘေးမှာ Babeအမြဲရှိနေမာ"
......................
နန်းနန်းတို့ သမီးလေးနဲ့အတူတူ ဖေဖေတို့အိမ်ကိုရောက်နေကြသည်။
"မြေးလေး....မြေးလေးရဲ့ မေမေ လိမ္မာလား"
"လိမ္မာတယ် ဖိုးဖိုး...."
"မြေးလေး....မြေလေး ကို ဖိုးဖိုးပြစရာတွေရှိတယ်"
တီ..တီ...
"အာ...တီတီနှင်း ကား ပဲ....ကိုကို Babe တီတီနှင်းနဲ့အပြင်မှာစကားသွားပြောလိုက်ဦးမယ်..."
.
.
.
.
"တီတီနှင်း"
"အယ်...နန်းနန်း...တူမလေး..."
"တီတီနှင်း...နန်းတို့စကားပြောရအောင်...ကိုကိုနဲ့သမီးလေးက အိမ်ထဲမှာဖေဖေတို့နဲ့စကားပြောနေကြတယ်"
"...."
"တီတီနှင်း....အချိန်တွေကြာနေပြီ...တီတီနှင်း မမေ့နိုင်သေးဘူးလား"
"အင်း....တီတီနှင်း move onကြည့်ပါသေးတယ်...စက်ဝိုင်းပုံစံပဲ move onဖြစ်နေတယ် နန်းရေ...သူနဲ့ တီတီနှင်းနဲ့ရဲ့အမှတ်တရတွေကို ဘယ်လိုမှမေ့မရဘူး.."
နန်းနန်း တီတီနှင်းအတွက် စိတ်မကောင်းဖြစ်မိသည်။
"တီတီနှင်း....ကိုယ့်အတွက်မှ သူကဖြစ်နေမပေးရှိနေမပေးတာ...ကြိုးစားmove onကြည့်နော်..."
"omm"
"ဖွားဖွားနှင်း"
သူတို့ဆီကို ပြေးလာသော နန်းမွန်မြတ်လေးကို နှင်းမိုးစက်ပွေ့ချီလိုက်သည်။
"အမလေး...နန်းနန်းပေါက်စလေးရယ်....ဖွားဖွားနှင်းတဲ့လား...."
"ဟားဟား...."
"ဖွားဖွားနှင်း.....မီးကို အာဘွားပေး"
"မွမွ...မွ...."
............................
အိမ်ကိုပြန်ရောက်ရောက်ချင်း ဧည့်ခန်းထဲရှိ စားပွဲပေါ်မှာဖိတ်စာတစ်ခုကို တွေ့လေသည်။
"ဟင်...ဖိတ်စာ"
နန်းနန်း ဖိတ်စာလေးကို ဖွင့်ကြည့်လိုက်တော့ အံ့အားသင့်သွားသည်။
"ကိုကိုရေ...ကိုကို.... Babeပြမယ်...ဒီမှာကြည့်"
"ဟင်"
ကောင်းမွန်ပါ အံသြမိသည်။
အကြောင်းမှာ အိုက်နိုင်နဲ့ ရွှေအိမ်စည်တို့ရဲ့ လက်ထပ်ပွဲဖိတ်စာကြောင့်ပင်ဖြစ်သည်။
ရွှေအိမ်စည် အလုပ်ထွက်ပြီး ပရဟိတဆရာဝန်အနေနဲ့ လုံတောက်ရွာကိုသွားတာတော့သူသိသည်။အခုလိုသူတို့နှစ်ယောက်လက်ထပ်မှာကိုတော့ ကောင်းမွန်မသိ။
"Babe...ကိုကိုလည်း တကယ် စပရိုက်ဖြစ်သွားတာပဲ"
"အယ် သားတို့ရောက်နေကြပြီလား....လူတစ်ယောက်လာပို့သွားတာ စောနာက"
"ဟုတ်ကြီးကြီးညို"
"နောက်ဆုံးတော့ ကိုကို့သူငယ်ချင်းက လုံတောက်ရွာသား မိုင်းအိုက်နိုင်ရဲ့အချစ်ကိုရပြီပဲ"
"ဟုတ်ပ မရွှေအိမ်စည်နောက်ဆုံးတော့ အပျိုကြီးဘဝကနေကျွတ်ပြီ"
"ဟုတ်ပ"
"ကိုကို.....Dateကိုကြည့်... ဘယ်နေ့လဲဟင်"
"December 19ရက်နေ့ Babe...."
"သမီးလေးကိုရောBabeတို့ခေါ်သွားကြမယ်နော်...."
"omm Babe"
...........................
အောင်ကျော်ချမ်းအေး မန္တလေးရွှေမြို့တော်မှ ချယ်ရီတွေရှိရာ လုံတောက်ရွာကလေးသို့ နန်းနန်းတို့မိသားစုလေး စတင်ခရီးနှင်လာလေသည်။
လမ်းတစ်လျှောက်မှာရှိတဲ့ ရှုခင်းတွေကို ကြည့်ကာ ပျော်ရွှင်နေကြသော သမီးနှစ်ယောက်ကိုမြင်ရတာကောင်းမွန် စိတ်နှလုံးဝယ် အေးချမ်းလွန်းလှသည်။
ချစ်ရသောအမျိုးသမီးလေးတွေရဲ့မျက်နှာမှာ အပြုံးပန်းတွေဝေစေချင်သည်။ချစ်ရသောအမျိုးသမီးလေးတွေကို ပျော်ရွှင်ကျန်းမာစေချင်တာ သူ့ရဲ့တစ်ခုတည်းသောဆန္ဒပင်။
.
.
.
.
.
.
ဘာလိုလိုနဲ့ လုံတောက်ရွာကလေးကို ရောက်လို့လာလေပြီ။
"ဟာ....ဆရာမလေး.... ဆရာမလေး"
နန်းနန်းသင်ခဲ့ဖူးတဲ့ကလေးတွေတောင် အတော်လေးကြီးလာကြလေပြီ။တချို့ဆို လူပျိုအပျိုပေါက်စတွေတောင်ဖြစ်ကုန်ကြလေပြီ။
"ဆရာမလေး....သားတို့လွမ်းနေတာ...သမီးတို့ရောလွမ်းနေတာ"
"ဆရာမလည်း သားတို့သမီးတို့ကိုလွမ်းတာပေါ့...ဒီမယ် ဒါဆရာမရဲ့သမီးလေး"
"သိပ်ချစ်ဖို့ကောင်းတာပဲ....ဆရာမလေးရဲ့သမီးက"
နန်းနန်း ဒီဒေသကိုရောက်တိုင်း ခံစားချက်တွေတစ်မျိုးဖြစ်ရသည်။ပျော်ရွင်ကြည်နူးခြင်း၊လွမ်းဆွေးခြင်းစသည့်ခံစားချက်မျိုးစုံပေးစွမ်းသည့်ဒီလုံတောက်ရွာလေးနဲ့ရွာသူရွာသားတွေ
က သူ့နှလုံးသားထဲထာဝရရှိနေပြီးသားဖြစ်သည်။
................
အိမ်စည်က အိုက်နိုင်ရဲ့လက်ကိုတွဲကာ ပြုံးရွှင်နေသည်။
"အိမ်စည်.... အိုက်နိုင်နဲ့အတူတူ သာယာလှပတဲ့ဘဝလေးကို ဖြတ်သန်းနိုင်ပါစေနော်...အိုက်နိုင်...အကို့သူငယ်ချင်းအိမ်စည်ကို သေချာလေးဂရုစိုက်ပေးနော်......ဘာပဲလုပ်လုပ် တိုင်တိုင်ပင်ပင်နဲ့လုပ်ကြ....ပြီးတော့နားလည်မှုနဲ့ ဘဝကိုရှေ့ဆက်ကြနော်"
"မရွှေအိမ်စည်.....အိုက်နိုင်......ပျော်ရွှင်ပါစေနော်...."
.
.
.
မရွှေအိမ်စည်နဲ့ အိုက်နိုင်ရဲ့မင်္ဂလာပွဲပြီးနောက် နန်းနန်းတို့ လုံတောက်ရွာအဝင်နားက တောင်ကမ်းပါးဘက်ဆီကို သမီးလေးကိုခေါ်ကာ လမ်းလျှောက်ထွက်ကြသည်။
တောင်စောင်းနားက ချယ်ရီပင်အောက်မှာ နန်းနန်းတို့ရပ်လိုက်သည်။
"ကိုကို.....ဒီနေရာလေးကိုမှတ်မိသေးလား"
"မှတ်မိတာပေါ့ Babeရ...ချယ်ရီပန်းတွေ Babeအပေါ် ကိုကို ခြွေချခဲ့သေးတယ်လေ"
"ဟီး"
ကောင်းမွန် ချစ်ရသူရဲ့မျက်နှာလေးကိုကြည့်လိုက်သည်။လေအဝှေ့မှာလွင့်နေသော ဆံနွယ်လေးတွေကအစ သူချစ်ရသည်။
"မေမေ...မီးကို ချီ"
"ဖေဖေ ချီမယ်လေ သမီးလေး...လာ"
ကောင်းမွန် သမီးလေးရဲ့ပါးဖောင်းဖောင်းလေးကိုနမ်းလိုက်သည်။
"ကိုကို....Babeကိုရောနမ်း"
"မွ"
"ကိုကို.......Babeလေ ကိုကိုနဲ့စပြီးတွေ့ဆုံခဲ့တဲ့အချိန်တွေကို ပြန်တွေးမိတယ်....ငယ်စဥ်ကတည်းက တစ်ဖက်သတ်ဆန်မှုတွေနဲ့ ကိုကို့အပေါ်Babeဆိုးခဲ့တယ်....Babe တကယ်ကိုဆိုးသွမ်းခဲ့တာ.....အဲ့တာတောင်အပြစ်မမြင်ဘဲ ကိုကိုချစ်ပေးခဲ့တယ်...ဂရုစိုက်ပေးတယ်...ဆုံးမပေးတယ်....ကိုကိုမေတ္တာတွေက Babeအတွက် တကယ်ကို စစ်မှန်ခဲ့တာ....Babeလေ ကိုကို့ကိုအများကြီးချစ်တယ်သိလား...."
"Babe....ကိုကို Babeကို အရင်ကရောချစ်တယ်...အခုရောချစ်တယ်....နောင်လည်းချစ်နေမာ...Babe ဘယ်လိုမျိုးဖြစ်နေပါစေ ကိုကိုကBabeကို ထာဝရချစ်နေမာ"
"ကိုကို.... ကိုကို့အပေါ် ဆိုးခဲ့တာတွေကိုလေ Babeရဲ့နှလုံးသွေးနဲ့ဆေးပါရစေ ကိုကို....Babeရဲ့နှလုံးသွေးထဲမှာ ကိုကို့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေပါတယ်....နောက်ပြီး ကိုကို့ကို ပျော်ရွှင်စေလိုတဲ့စိတ်...ကိုကို့ကိုကျန်းမာစေလိုတဲ့စိတ်တွေက Babeရဲ့နှလုံးသွေးထဲမှာ အမြဲစီးဆင်းနေတာ...."
ကောင်းမွန် နန်းနန်းကိုဖက်ကာ နဖူးလေးကိုနမ်းလိုက်သည်။
"Babe...ကိုကို မင်းကို အများကြီးချစ်တယ်"
မွ...မွ
"ဖေဖေနဲ့မေမေ..... မီးကိုရောနမ်းပါဦး"
"ဟား....ဟား"
"မွ....မွ"
#ပြီးပါပြီ
#နှင်း
#1.12.2023
#ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို အများကြီးချစ်ပါတယ်ရှင့်...ကျေးဇူးလည်းတင်ပါတယ်ရှင့်❤
"လိမျတယျဆိုတာ သတ်တိနညျး လူညံ့လူကွောကျပဲ"
.............................
........................
.............................
.
.
.....................
.
.
.
.
.
.
.
"Babe..."
"Babe...ကိုကိုလေ Babeကိုအမြားကွီးခစြျတယျ....ကိုကို့ဘဝက Babeလေးကွောငျ့ပိုအဓိပ်ပါယျရှိနတော"
......................
"မွေးလေး....မွေးလေးရဲ့ မမေေ လိမ်မာလား"
"လိမ်မာတယျ ဖိုးဖိုး...."
"မွေးလေး....မွလေေး ကို ဖိုးဖိုးပွစရာတှရှေိတယျ"
တီ..တီ...
.
.
.
.
"...."
"omm"
............................
"omm Babe"
...........................
.
.
.
.
.
.
................
.
.
.
#1.12.2023