แ€ฅแ€ฎแ€ธแ€แ€™แ€บแ€แ€™แ€บ"๐‘ซ๐’‚๐’…๐’…๐’š๐Ÿ”ž[๐‘ถ๐’๐’ˆ...

By 2001_wang

189K 6.3K 545

"๐‘ช๐’“๐’–๐’”๐’‰ แ€›แ€ฒแ€ท แ€กแ€–แ€ฑ " ๐‘ณ๐’๐’—๐’†"๐‘บ๐’†๐’™๐Ÿ”ž แ€•แ€ปแ€ฑแ€ฌแ€บแ€›แ€ฝแ€„แ€บแ€™แ€พแ€ฏ แ€”แ€ญแ€—แ€นแ€—แ€ฌแ€”แ€บแ€€แ€ญแ€ฏ แ€žแ€ฝแ€ฌแ€ธแ€•แ€ซแ€†แ€ญแ€ฏ แ€™แ€พแ€ฒแ€ทแ€”แ€€แ€บแ€•แ€ญแ€ฏแ€„แ€บแ€›แ€พแ€„แ€บแ€†แ€ฎแ€€แ€ญแ€ฏแ€•แ€ฒ แ€žแ€ฝแ€ฌแ€ธแ€•แ€ซแ€™... More

Ep.1
Ep.2๐Ÿ”ž
Ep.3๐Ÿ”ž
Ep.4
lntro
Ep.5
Ep.6๐Ÿ”ž
Ep.7๐Ÿ”ž
Ep.8
Ep.9๐Ÿ”ž
Ep.10๐Ÿ”ž
Ep.11
Ep.12
Ep.13
Ep.14
Ep.15๐Ÿšฌ
Ep.16๐Ÿ”ž
Ep.17
Ep.18
Ep.19
Ep.20๐Ÿ”ž๐Ÿšฌ
Ep.21๐Ÿšฌ
Ep.22๐Ÿšฌ
Ep.23๐Ÿšฌ
Ep.24๐Ÿ”ž๐Ÿšฌ
Ep.25
Ep.26
Ep.27
Ep.28๐Ÿ”ด๐ŸŸข
Ep.29โŒ
Ep.30
Ep.31
Ep.32
Ep.33
Ep.34
Ep.35 โ›”๐ŸŒš
Ep.36๐Ÿšฌ
Ep.37
Ep.39
Ep.40
Ep.41โ›”๐ŸŒš
Ep.42
Ep.43
Ep.44
Ep.45
Ep.46

Ep.38

1.9K 72 5
By 2001_wang

Unicode

Unicode

"Boss...

"ကျဲ ဒီလ ဧည့်သည် စာရင်းတွေ ပြနိုင်မလား..

"ဟုတ်ကဲ့ Boss..

"ဒါနဲ့ Hotelဘက်မှာ လိုတာတွေ ...

"မပူပါနဲ့ ကျွန်မရှိပါတယ် ...

"အင်း...

အတွင်းရေးမှူး ပေးလာတဲ့ စာရင်းစာအုပ်အထူကြီးကို ကြည့်ရင်း ဒီလအတွက် ဝင်ငွေ ထွက်ငွေ စစ်နေသည်။

စာရင်းကြည့်နေရင်း မနက်က မြင်ကွင်းကြောင့် ညနေအထိ ပေါ်မလာသေးတဲ့ ရိပေါ်ကြောင့် တစ်ခုခု ဖြစ်နေလေမလား အတွေးလွန်လာခဲ့သည်။

ထိုသို့ တွေးမိသာ စိတ်ပူသွားပေမယ့် ရိပေါ်တို့မိသားစုကြားမပါသင့်ဘူးဟု ထင်ကာ ခေါင်းထဲက အတွေးတွေကို ထုတ်ပြစ်ဖို့ ကြိုးစားလိုက်သည်။

______________________

"ချာတိတ် ...

"ဟင် ကိုကို....

Barထဲ အရက်ထိုင်သောက်နေတဲ့ ချန်ယီ ဘယ်အချိန်ထဲက ထိုင်သောက်နေသည်လဲ မသိပေမယ့် လူကတော့ ခေါင်းသိမ့်မထောင်နိုင်လောက်အောင် မူးနေပါသည် ။

"တစ်ယောက်ထဲ ဘာလို့လာသောက်နေတာလဲ...

"ကိုကို မသိပါဘူး...ဒီနားမှာ အရမ်းပူလောင်နေသလို မွန်းကြပ်တယ်..

ချန်ယီဟာ သူ့ရင်ဘက်လေးကို လက်ညိုးလေးနဲ့ ထိုးပြရင်း မွနိးကြပ်နေကြောင်း ပြောလာသည် ။

"ကိုယ်ရှိတာပဲ ကိုယ့်ကို ခေါ်ပေါ့ ...အခုတော့ ...

"ကိုကိုဗျာ ငါ့ကိုမဆူပါနဲ့တော့ ...

"ကိုကိုမဆူပါဘူးချာတိတ်ရယ် ... အခု ချာတိတ်ရင်ထဲဘာတွေဖြစ်နေလဲ ကိုယ့်ကို ပြောပြချင်လား..

"ဟင့်အင်...

တစ်ဖက်လူကို ပြောပြဖို့ အသင့်မဖြစ်သေးသည်မို့ ခေါင်းခါပြလိုက်သည်။

"ဟုတ်ပြီ ဒါဆို ချာတိတ် မွန်းကြပ်တာတွေပျောက်တဲ့အထိ အဝအပြဲသောက် ကိုကိုကအနောက်ကထိန်းပေးမယ် ...

"အင်း ကိုကို မင်းကအကောင်းဆုံးပဲ ...

ချန်ယီ ကိုကိုလို့ ခေါ်သည့်တစ်ယောက်ဟာ သူအရင်က အရမ်းပင် အမြင်မကြည်ခဲ့သည့်တစ်ယောက်ဖြစ်သည် ။

သူကတော့ ကျွင်းရှောင်သာ ဖြစ်သည် ချန်ယီ နိုင်ငံခြားထွက်သွားတော့ ကျွင်းရှောင်နဲ့ တစ်နှစ်လောက်အဆက်အသွယ်မရပါ နောက် အွန်လိုင်းပေါ်ကနေ စာပို့ပြီး ရင်းနှီးလာခဲ့ကျတာဖြစ်သည်

အခုဆိုရင်တော့ တွဲနေကျတာ တစ်နှစ်ကျော်နေပါပြီ ။

  အကိုကျန့်ကို အနိုင်ကျင့်တဲ့သူ ဆိုပြီး ချန်ယီဟာ ကျွင်းရှောင်ကို အဖက်လုပ်ဖို့ မတွေးဖူးပါ သို့သော် လိုအပ်ချိန်တိုင်း သူ့အနား အမြဲရောက်လာတတ်တဲ့ ကျွင်းရှောင်ဘက် စိတ်ယိုင်လာခဲ့သည် အွန်လိုင်းပေါ်က စာတွေပို့ကျရင်း တစ်ဖြေးဖြေး သံယောဇဉ် တွေ ဖြစ်လာခဲ့ကျသည်။

_________________

"သခင်ကြီး..CEO Wang  Companyကို ပြန်ရောက်နေပြီတဲ့ ...

"ဘာ !!!!

"ဟုတ်ပါတယ် သခင်ကြီး ဒီမှာပါ...

စိတ်တိုနေဟန် သခင်ကြီးကို အနီးကပ် အတွင်းရေးမှူးဟာ လက်တော့ တစ်ခုကို ထိုးပြလိုက်သည်

ထိုလက်တော့ ဖန်သားပြင်မှာတော့ မနက်ပိုင်း သတင်း မျက်နှာဖုံးမှာ ထိပ်ဆုံးက တည်ရှိနေတဲ့ Wang Company CEO အကြောင်းသာ ဖြစ်သည် ။

" လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ထဲက ပျောက်နေတဲ့ CEO Wang. .Wang Companyဟာ နှစ်ပေါင်းများစွာ တည်ရှိရပ်တည်နေတဲ့ တစ်ခုထဲသော လုပ်ငန်းခွင်ကြီး တစ်ခု ဖြစ်ပါတယ် ဆက်ခံသူတွေ အဆက်ဆက်ရှိခဲ့ကျပြီး Wang Companyကြီးကလဲ တစ်ဆင့်ဆင့် ပိုမိုတိုးတက်နေခဲ့ပါတယ် ....

  Wang Company အနက် CEO Wang ဆိုကာ တတိယ မျိုးဆက် ဆက်ခံသူ ပေါ်ပေါက်လာခဲ့ပြီးနောက် ကျွန်မတို့အားလုံး မြင်ဖူး သိချင်နေခဲ့တဲ့ CEOဟာ ဘယ်တုန်းကမှ ကင်မရာ ရှေ့မှာမရောက်လာခဲ့သည့်အပြင် Wang Company ကြီးရှေ့မှာလဲ မပေါ်လာခဲ့ပဲ နောက်ကွယ်ကသာ ရပ်တည်နေသည်ဟု သိရပါတယ်...ထူးဆန်းစွာ ချက်ချင်းပဲ Companyကြီးရဲ့ CEOဖြစ်တဲ့ Wangဟာ ဒီမနက်မှာပဲ လူတွေ အားလုံးရှေ့ ပေါ်ပေါက်လာခဲ့ပါတယ် ။

[ပျောက်ကွယ် လုနီးနီး ဖြစ်နေတဲ့ Wang Company CEO ပြန်လည် လူမြင်ကွင်းမှာ ပေါ်ပေါက်လာ]

"သခင်ကြီး... ကျိုး ခြူး လျီ တို့ကို ရှဲယာတွေ ခွဲပေးခဲ့တယ်တဲ့ ...

"သူက ဘာလှည့်ကွက်ကို သုံးနေတာလဲ ... CEO Wang မင်း ဒီတစ်ခါ ငါတို့ကို အနိုင်မယူနိုင်ပါဘူး ....

____________________

"တောက်စ့်...!!

"အကိုလေး ဘာ တွေများ စိတ်တိုင်းမကျ ဖြစ်နေတာပါလဲ ...

"အဟင်း ရိပေါ် မင်းကငါထင်တာထက် ရွံဖို့ကောင်းတယ် ... လူတွေရှေ့မှာ လူကောင်း ဟန်ဆောင် နေတာပဲ ..

"အကိုလေး ....

"....

"အပြင်မှာ သခင်မလေးခြူးဖေးဖေး ရောက်နေပါတယ် ...

"ဖေးဖေး..??

"ဟုတ်ကဲ့ ...

"ဝင်ခဲ့ခိုင်းလိုက်...

ကိုယ်ရံတော် က တံခါးဖွင့်ပေးတော့ ခြူးဖေးဖေးဟာ အခန်းထဲ ဝင်လာသည်။

"ကိုငယ် နင်ဘာဖြစ်နေတာလဲ ...

"ဖေးဖေး ဘာကိစ္စလဲ ...

"ကိုငယ်နဲ့ နှစ်ယောက်ထဲ ပြောချင်လို့...

ခြူးဖေးဖေးက ထိုသို့ပြောတော့ အလိုက်သိတဲ့ ကိုယ်ရံတော် ဟာ အပြင်ထွက်ပေးပြီး တံခါးကို အသာ ပိတ်ပေးသည် ။

"ဖေးဖေး...!?

ခြူးဖေးဖေးဟာ ကျိုးချန် ပေါင်ပေါ်ကို ထိုင်လိုက်ပြီး သူမ လက်သွယ်သွယ်လေးတွေနဲ့ ကျိုးချန် မျက်နှာတစ်ဝိုက် ပွက်သ-တ်နေသည်။

"ကိုငယ် ငါတို့ နှစ်ယောက် ပူးပေါင်းရအောင်...

"ဘာကိုလဲ ခြူးဖေးဖေး ...

"အဟန့် ကိုငယ်သရုပ်ဆောင်မနေနဲ့တော့ ကိုငယ်က ကိုကြီးဘေးက ဟိုကောင်လေးကို လိုချင်နေတာမလား...

"ဒါနဲ့ ဖေးက ဘာဆိုင်လို့လဲ ...

"ဆိုင်တာပေါ့ ကိုငယ်က အဲ့ကောင်လေးကိုလု ဖေးက ကိုကြီး ဘဝကိုဖျက်မယ် ...

"မင်း.....

အကြည့်ခြင်း စကားပြောရင်း နှစ်ယောက်လုံး နှုတ်ခမ်းထက် အပြုံးနုတွေ ထွက်လာသည် ထိုအပြုံးတွေကတော့ သန့်ရှင်းမနေတော့ပါ။

"ဖေးမှာ ဘာအစီအစဥ် ရှိလဲ ...

"လာမဲ့ Diamond auction ကျရင် ဖေးနဲ့ ...

ခြူးဖေးဖေးဟာ နောက်ပိုင်း စကားတွေကို ကျိုးချန် နားအနား ကပ်ပြီး သူတို့ နှစ်ယောက်သာ ကြားလေအောင် ခပ်တိုးတိုး လေ ဆိုသည်။

ခြူးဖေးဖေး စကားကိုကြားရတော့ ကျိုးချနိ မျက်နှာထက် ကျေနပ်နေကာ ထိုနေ့ ဖြစ်လာမယ့် ကိစ္စ တွေကို စိတ်ဝင်စားနေသည်။

"ဒါဆို...

"Diamond auction မှာ ဆုံမယ်...

ခြူးဖေးဖေးဟာ ထိုသို့ပြောပြီး ကျိုးချနိ ပေါင်ပေါ်က ကောက်ထလိုက်သည် ။

_____________________

"သခင်ကြီး လူတွေ ရောက်နေပါပြီ ....

ကိုယ်ရံတော် စကားကြားတော့ ထိုင်နေတဲ့ အသက်ခပ်ကြီးကြီး လူကြီးဟာ သူ့ရှေ့က လူမိုက်တစ်ချို့ကို မော့ကြည့်ပြီး....

"ဒီပုံကိုကြည့်...

ဓာက်ပုံတစ်ပုံကို ပြတော့ လူမိုက်တစ်စုဟာ စားပွဲပေါ်က ဓာက်ပုံကို ကြည့်ကျသည်။

"သူ့ ခေါင်းကို ငါ့ဆီ ယူလာခဲ့ ...

သခင်ကြီး ဖြစ်သူဟာ ထိုသို့ပြောပြီး စားပွဲပေါ်ကို ဒေါ်လာငွေသားပေါင်း များစွာ အထုပ်လိုက် ပြစ်ပေးသည်။

ပိုက်ဆံသာ ရရင် သမ္မတကိုတောင် လုပ်ကြံရဲတဲ့ သူတွေမို့ ငွေအထုပ်ကိုယူ သူတို့သ-တ်ရမဲ့ လူဓာက်ပုံကို ယူကာ ထွက်သွားကျသည် ။

"သူတို့ ကို စောင့်ကြည့်ထား...

"သခင်ကြီး ကျွန်တော် တို့မှာ ကျွမ်းကျင် လူတွေရှိရဲ့နဲ့ ဘယ်က မှန်းမသိတဲ့ လူတွေကို ...

"မင်း ခေါင်းသုံးသင့်တယ် ငါတို့မှန်း ရိပ်မိလို့မဖြစ်ဘူး CEO Wang ဆိုတဲ့ လူက ဘယ်လောက် ညဏ်များလဲ မသိတာလား...

သခင်ကြီး ဖြစ်သူ စကားကြားတော့ ကိုယ်ရံတော် လဲ ခေါင်းလေး တစ်ညိတ်ညိတ် သူ့သခင်ကြီး စကားကို ထောက်ခံနေသည်။
_______________

"Boss boss boss boss...

"ကဲ ကျဲ !! ဘယ်လိုတွေ ဖြစ်လာတာလဲ ...

လက်တော့ကြီး ပိုက်ပြီး ပြေးဝင်လာတဲ့ ကျဲကြောင့် ရှောင်းကျန့် မျက်ခုံးတွေ ကြုံတက်သွားသည်။

"Bossရဲ့ ကြည့်ပါအုံး ဒါ Boss အနားက ဟိုလူမလား...

အတွင်းရေးမှူး ဟာ ထိုသို့ပြောပြီး ပိုက်ထားတဲ့ လက်တော့ကို ပြလာသည်။

ထိုလက်တော့ ဖန်သားပြင်မှာတော့ သတင်းထိပ်ဆုံးမှာ နေရာအပြည့်ယူထားတဲ့ Wang Company ရဲ့ CEO လူရှေ့ပြန်ပေါ်လာတဲ့ အကြောင်းသာ ဖြစ်သည်။

"Wang Company ရဲ့ CEOက အဲ့ အဲ့လူ လား Boss.. ကျွန်မထင်တယ် အဲ့လူပုံစံက လူကောင်းပုံမပေါ်ဘူးပေါ့ တကယ်ပဲ အယုတ်မာဆုံးဖြစ်တဲ့ CEO Wangဆိုတဲ့ လူဖြစ်နေတာပဲ ....

"ဟင် အယုတ်မာဆုံး CEO Wang....??

"ဟုတ်တယ် သူများတွေပြောတာတော့ အဲ့ CEO က အတော်လေး ယုတ်မာတယ်တဲ့ လွန်ခဲ့တဲ့ နှစ်ကလဲ သခင်မကြီးကြောင့် မိခင်နဲ့ဗိုက်ထဲက ကလေးတစ်ယောက် သေရတယ်တဲ့ ....

"ဟင် ဘာတွေလဲ ကျဲရဲ့ ရှင်းအောင်လဲ ပြောပါအုံး...

ရိပေါ်က ဘယ်လိုဖြစ်လို့ CEO ဖြစ်နေသလဲ မတွေးနိုင်ပဲ အတွင်းရေးမှူး ကျဲရဲ့ စကားကို ပိုစိတ်ဝင်စားနေသည်။

"ကျဲလဲ မားမားပြောလို့သိတာ အဲ့တုန်းက အတော်လေးနာမည်ကြီးသွားသေးတယ် CEOမှာ အမတစ်ယောက်ရှိသေးတယ် အဲ့ သခင်မက ကျိုးအိမ်က သခင်လေးကို လက်ထပ်ယူတုန်းက ဖြစ်ကျတာ ...

" ကျိုးသခင်လေးက ချစ်သူ ရှိပြီးသား အဲ့ဒါကို သခင်မက အတင်း လုယူခဲ့တာဆိုလား CEO ကလဲ အလိုတူ သခင်မ သဘော ကျိုးသခင်လေး ချစ်သူကို ကားနဲ့ တိုက်သ-တ်ပြစ်တာတဲ့ အဲ့ အမျိုးသမီး  သေတော့ ဗိုက်ထဲမှာ ကလေးနဲ့တဲ့ ....

"ဟုတ်လို့လားကျဲရယ် ဒါတွေဘယ်လိုသိတာလဲ ....

"အဲ့တုန်းက သတင်းစာ Tv သတင်း စဥ်အနှံ ဒီသတင်းတွေကြီးပဲ အဲ့အချိန်တလောက CEO နာမည်ဆိုးရခဲ့သေးတယ် သိမ့်မကြာပါဘူး ပိုက်ဆံရှိတော့လဲ မိခင်နဲ့ကလေးကို သ-တ်တဲ့ အပြစ်နဲ့ ထောင်နဲ့ ရော်ကြေးမပေးရတဲ့အပြင် တစ်ပတ်နှစ်ပတ်ပဲကြာတယ် သတင်းက CEOနဲ့ ပတ်သ-တ်တဲ့ သတင်းဆိုး အားလုံး ပျောက်သွားတယ် အဲ့အမျိုးသမီးက ဆွေမျိုးပဲမရှိတာလားမသိဘူး ဘယ်သူကမှ တရားစွဲတာမရှိဘူး....

"......

"Boss...ကျွန်မ သတိပေးပါရစေ... boss..အဲ့လူနဲ့ ဝေးဝေးနေသင့်တယ် ...

အတွင်းရေးမှူးကျဲဟာ မဝံ့မရဲ နဲ့ ထိုသို့ သတိပေးသည် ။

"ဟုတ်ပါပြီ ကျဲ...

အတွင်းရေးမှူးကျဲ ထွက်သွားတော့ ရှောင်းကျန့် ခေါင်းထဲ အတွေးတွေဆုံလာသည် ။

"ဦးက တကယ်ပဲ အဲ့လိုလူ ဟုတ်ပါ့မလား  ပြီးတော့ ဦးက Wang Company ရဲ့ CEOလား

ရိပေါ်နဲ့ သူ့ရဲ့ ပတ်သ-တ်မှုအချိန်ကာလတွေက ရှည်နေကျပေမယ့် သူ ရိပေါ်အကြောင်းကို တစ်ခုမှ မသိခဲ့လေပါ သိဖို့လဲ မကြိုးစားခဲ့ဖူးတော့ ရိပေါ်ဟာ သူမသိတဲ့ နောက်ကွယ်မှာ ဘယ်လို လူမျိုးလဲ ဆိုတာ ပြောပြဖို့ခက်သည်။

"ဒူ ဒူ ဒူ "ဖုန်းမြည်သံ

မြည်လာတဲ့ ဖုန်းကို ကောက်ကိုင်ကြည့်တော့ သူ့အတွေးထဲမှာ ပြည့်နေတဲ့ ရိပေါ်သာ ဖြစ်သည် ။

"Hello....

"သက်လည် ကိုယ်အောက်မှာ စောင့်နေမယ်..

"...

"ဆင်းလာခဲ့တော့...

ရှောင်းကျန့် ဘက်က ဘာစကားကိုမှ နားမထောင်ပဲ ပြောချင်တာ ပြောပြီး ဖုန်းချသွားသည်။

ရှောင်းကျန့် လဲ သက်ပြင်းတစ်ချက်ချပြီး သိမ်းစရာရှိတာသိမ်း ပြီး အပေါ်ထည် အင်္ကျီ အောက်ဝတ်ကာ  ရုံးခန်းထဲက ထွက်လာလိုက်သည်။

"ကျဲ ...

"ပြန်တော့မလား Boss...

"အင်း မနက်ဖြန်ဆုံမယ်...

ဝန်ထမ်းတစ်ချို့ကို နှုတ်ဆက်ပြီး အောက်ထပ်ဘက်ကို ဆင်းလာလိုက်သည် ။

အွန်တိုတိုက်အောက်ရောက်တော့ ကားအနက်တစ်စီး အပြင်မလှမ်းမကမ်းမှာ ရှိနေတဲ့ ကားအနက် ....

"သက်လည် ...ကားထဲ ဝင်လေ...

"ဦး အဲ့ ကားက ဘာလုပ်တာလဲ ...

"ဟင်...

ရှောင်းကျန့် ပြတဲ့ဘက်ကို ကြည့်လိုက်တော့ ကားအနက်တစ်စီး ...

"ကိုယ်မသိဘူး ထားလိုက်ပါ ကားထဲဝင်တော့ ...

ဘယ်က ကားမှန်းမသိတာမို့ ထိုကားကို စိတ်ထဲမထားပဲ ရှောင်းကျန့် ကို ကားထဲ ထည့်ကာ ရှောင်းကျန့် ကို အိမ်လိုက်ပို့ပေးဖို့ လုပ်သည်။

"ဦး...ကျွန်တော့်ကို ပြောပြချင်တာမရှိဘူးလား...

ရိပေါ်အကြောင်းဆိုတာနဲ့ သူများ ပြောပြမှသာ သိနေရတာမို့ အနည်းငယ် စိတ်ထဲမကောင်းဖြစ်လာသည် ရိပေါ်အနား နီးကပ်စွာ နေလာရတဲ့ သူဟာ ရိပေါ် အကြောင်း ဘာမှမသိပါ သူများပြောပြမှ ခေါင်းတညိတ်ညိတိ နားထောင်ရတာကြီးက အတော်လေး ခံပြင်းစရာပါ။

"သက်လည်က ကိုယ့်ကို ဘယ်အပိုင်းကို ပြောစေချင်လဲ...

"ဦးရဲ့ ချစ်သူဖြစ်တဲ့ ကျွန်တော့်ကို အသိပေးထားချင်တာမျိုး မရှိဘူးလား...

"အသိပေးရမယ်.... ကိုယ် သက်လည်ကိုသိမ့်ချစ်တာ သက်လည်သိရင် ရပြီ ...

"ဦးဝမ်ဝမ်....!!!

  ရှောင်းကျန့် အတော်လေး စိတ်တိုမိသည် ။





🥹🥹🥹🥹🥹

















Zawgyi

"Boss...


"ဟုတ်ကဲ့ Boss..



"အင်း...




______________________

"ချာတိတ် ...

"ဟင် ကိုကို....








"ဟင့်အင်...








_________________


"ဘာ !!!!









____________________

"တောက်စ့်...!!



"အကိုလေး ....

"....


"ဖေးဖေး..??

"ဟုတ်ကဲ့ ...

"ဝင်ခဲ့ခိုင်းလိုက်...



"ဖေးဖေး ဘာကိစ္စလဲ ...



"ဖေးဖေး...!?



"ဘာကိုလဲ ခြူးဖေးဖေး ...




"မင်း.....






"ဒါဆို...



_____________________



"ဒီပုံကိုကြည့်...








_______________

"Boss boss boss boss...















"......



"ဟုတ်ပါပြီ ကျဲ...




"ဒူ ဒူ ဒူ "ဖုန်းမြည်သံ


"Hello....


"...

"ဆင်းလာခဲ့တော့...



"ကျဲ ...

"ပြန်တော့မလား Boss...

"အင်း မနက်ဖြန်ဆုံမယ်...



"သက်လည် ...ကားထဲ ဝင်လေ...

"ဦး အဲ့ ကားက ဘာလုပ်တာလဲ ...

"ဟင်...









"ဦးဝမ်ဝမ်....!!!






🥹🥹🥹🥹🥹






Continue Reading

You'll Also Like

762K 20.6K 76
แ€™แ€„แ€บแ€ธแ€Ÿแ€ฌ แ€œแ€ฐแ€žแ€ฌแ€ธแ€แ€ฝแ€ฑแ€€แ€ญแ€ฏแ€€แ€šแ€บแ€แ€„แ€บแ€”แ€ฑแ€แ€ฒแ€ทแ€†แ€›แ€ฌแ€แ€”แ€บแ€™แ€œแ€ฑแ€ธแ€•แ€ฑแ€™แ€šแ€ทแ€บแ€€แ€ญแ€ฏแ€šแ€ทแ€บแ€กแ€แ€ฝแ€€แ€บแ€แ€ฑแ€ฌแ€ท แ€กแ€แ€ปแ€…แ€บแ€แ€ฝแ€ฑแ€€แ€ฏแ€žแ€•แ€ฑแ€ธแ€™แ€šแ€ทแ€บ แ€กแ€แ€ปแ€…แ€บแ€’แ€ฑแ€ซแ€€แ€บแ€แ€ฌแ€™แ€œแ€ฑแ€ธแ€•แ€ซ..... #แ€…แ€แ€บแ€...
3.4K 50 84
I love them and just had to.. suggestive themes are present. This is romance (with a bit of humour sprinkled through) XTale Chans as incorrect quotes...
1.7M 63.4K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...
26.1K 659 32
๐€๐ž๐ฅ๐จ๐ซ๐š ๐“๐š๐ซ๐ ๐š๐ซ๐ฒ๐ž๐ง, ๐ฐ๐ก๐จ ๐ข๐ฌ ๐ญ๐ก๐ž ๐Ÿ๐ข๐ซ๐ฌ๐ญ ๐›๐จ๐ซ๐ง ๐๐š๐ฎ๐ ๐ก๐ญ๐ž๐ซ ๐จ๐Ÿ ๐‘๐ก๐š๐ž๐ง๐ฒ๐ซ๐š ๐š๐ง๐ ๐ƒ๐š๐ž๐ฆ๐จ๐ง, ๐Ÿ๐ข๐ง๐๐ฌ ๐ก๐ž๐ซ...